← Chapters

အခန်း (၃၃၅-၃၃၆)

Vol. 17 Ch. 335-336

အခန်း (၃၃၅-၃၃၆)

Vol. 17 Ch. 335-336

အပိုင်း(၃၃၅)ဟန်ဆောင်မှု

ထို့နောက် ချန်ရှင်းကျယ်၏ လိုက်ပါပို့ဆောင်မှုဖြင့် လော်ယွမ်သည် အိမ်ကို လိုက်လံကြည့်ရှုခဲ့သည်။ အိမ်မှာ စတုရန်းမီတာနှစ်ရာနီးပါး ကျယ်ဝန်းပြီး အပြင်အဆင်လည်း အတော်လေး ကောင်းမွန်သည်။ မြေအောက်နက်နဲသောနေရာတွင်ရှိနေ၍ စိတ်ထဲတွင် အလိုအလျောက် မွန်းကျပ်နေသည်မှလွဲ၍ ကျန်အရာများမှာ အပြစ်ပြောစရာမရှိပေ။

ကန္တာရမြို့မှ မျှော်လင့်ချက်မြို့သို့ ရက်ပေါင်းများစွာ ခရီးနှင်လာပြီးနောက် နောက်ဆုံး ဤမြို့တွင် အခြေချနိုင်ခဲ့ပြီဖြစ်သည်။

ညဘက်တွင် လူတိုင်း အိမ်ကိုမြင်သောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်မှာ ပြောစရာပင် မလိုတော့ချေ။ ထို့အပြင် လော်ယွမ်က ယူဆောင်လာသော သစ်သီးများကြောင့် ပျော်ရွှင်မှုသည် ပိုမိုမြင့်မားလာခဲ့သည်။ ငလျင်လှုပ်ပြီးကတည်းက စိတ်ထဲတွင် လေးလံထိုင်းမှိုင်းနေသော ခံစားချက်များသည် ထက်ဝက်ကျော် လျော့ပါးသွားပြီး အပင်အဖြစ်သို့ အသွင်ပြောင်းမှု ပိုမိုဆိုးရွားလာနေသော ချန်ကျားယီပင်လျှင် ရံဖန်ရံခါ ပြုံးရယ်နေသည်။

လူတိုင်း၏ ရယ်မောသံများကို ကြည့်ရင်း လော်ယွမ်သည် ဘေးတွင် တိတ်ဆိတ်စွာ ပြုံးနေမိသည်။ ကမ္ဘာပျက်ကပ်သည် လူ့ယဉ်ကျေးမှုကို ဖျက်ဆီးပစ်ခဲ့ပြီး လူသားဆန်မှုကို နင်းချေခဲ့ရာ ဤကဲ့သို့ ရင်ထဲမှလာသော ရယ်မောသံများက ပို၍တန်ဖိုးရှိလာသည်။

"ကိုကြီးယွမ် အသီးစားဦးလေ... ဒီအသီးက အရမ်းစားလို့ကောင်းတယ်" လော်ယွမ်က ဘေးတွင်ထိုင်နေပြီး သစ်သီးကို လုံးဝမထိသည်ကို တွေ့သောအခါ ဝမ်ရှီရှီက တိုက်တွန်းလိုက်သည်။

"ငါ နေ့လယ်က စားပြီးပြီ... ဒါတွေက နင်တို့အတွက် ချန်ထားတာ" လော်ယွမ်က နူးညံ့စွာ ပြောလိုက်သည်။ "စားချင်ရင် နောက်ဆို ငါ အမြဲယူလာပေးမယ်"

"ကိုကြီးယွမ်က အကောင်းဆုံးပဲ... ဒါပေမဲ့ ဒီအနီရောင်လေးတွေ ပိုယူလာပေးနော်... အဝါရောင်တွေ မလိုချင်ဘူး... အဖတ်တွေများလွန်းလို့ ဝါးရတာ သွားကျိန်းတယ်" လော်ယွမ်က အမြဲယူလာပေးမည်ဟု ကြားသောအခါ ဝမ်ရှီရှီက ချိုမြိန်စွာ ပြောလိုက်သည်။

"စားရတာနဲ့တင် ကံကောင်းနေပြီကို နင်ကဂျီးများနေသေးတယ်ပေါ့လေ" လော်ယွမ်က ရယ်မောရင်း ဆူလိုက်သည်။

"ကောင်းတာရွေးလို့ရမယ်ဆိုရင် ဘာလို့ မကောင်းကို စားရမှာလဲ" ဝမ်ရှီရှီက နှုတ်ခမ်းဆူရင်း ပြောလိုက်သည်။ "ဒါနဲ့ကိုကြီးယွမ် ဓားတရား ဌာနအကြောင်း ပြောပြပါဦး... မမဟွမ်ပြောတာတော့ အထဲမှာ ထိပ်တန်းဆင့်ကဲပြောင်းလဲသူတွေချည်းပဲတဲ့"

လော်ယွမ်က ဟွမ်ကျားဟွေကို တစ်ချက်ကြည့်လိုက်ရာ ဟွမ်ကျားဟွေက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ သို့သော် သူ ဂရုမစိုက်လိုက်ပေ။ လျှို့ဝှက်ထားစရာလည်း မရှိသည်မဟုတ်ပါလား။ လူတိုင်း စိတ်ဝင်စားနေသည်ကို တွေ့ရသဖြင့် အကျဉ်းချုံး ပြောပြလိုက်သည်။

လော်ယွမ်၏ လေသံမှာ အေးဆေးတည်ငြိမ်သော်လည်း သူ၏စကားလုံးနည်းနည်းသည် လူတိုင်းကို အံ့ဩအားကျစေခဲ့သည်။

..........................................................................................

ညရှစ်နာရီမထိုးခင်မှာပင် စကားဝိုင်း ပြီးဆုံးသွားပြီး လူတိုင်း မိမိတို့အခန်းသို့ ပြန်ဝင်သွားကြသည်။ လော်ယွမ်သည် နောက်ဆုံးမှ ရေချိုးပြီးစီးပြီး အိပ်ခန်းသို့ဝင်ရန် ပြင်ဆင်နေစဉ် အိပ်ခန်းတံခါး ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ တံခါးခေါက်ရန် လက်မြှောက်လိုက်သော်လည်း လေထဲတွင် ရပ်တန့်သွားသည်။

မထွက်ခွာမီ ကျိုးယလီ၏ အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ကို ပြန်တွေးမိလိုက်သည်။ ယခု ပြန်စဉ်းစားကြည့်လျှင် အဓိပ္ပာယ်များစွာ ပါဝင်နေသကဲ့သို့ပင်။ နှစ်ဦးသား သဘောတူညီမှု ရရှိသွားပြီလော။ ထို့ဆိုလျှင် အားလုံး အတူအိပ်စက်ရန် မဝေးတော့ပြီလော။ ဤသို့တွေးမိသောအခါ သူ၏စိတ်ထဲတွင် လှုပ်ရှားသွားသည်။

လော်ယွမ်နှင့် ကျိုးယလီတို့သည် အမြဲတမ်း ခိုးကြောင်ခိုးဝှက် ဆက်ဆံခဲ့ကြသည်။ လူတိုင်းက သိနေကြသော်လည်း ကျိုးယလီက ရှက်တတ်သဖြင့် အတိအလင်း ဖွင့်ပြောခြင်းမရှိခဲ့ပေ။ ပုံမှန်အချိန်တွင် လူများလျှင် စကားပင် သိပ်မပြောဖြစ်ကြပေ။ သူသည် အနည်းငယ် အဆင်မပြေဟု ခံစားရသော်လည်း ခိုးစားရသော အရသာနှင့် ကျိုးယလီ၏ ငြင်းဆန်သလိုလို လက်ခံသလိုလို အမူအရာများက သူ့ကို ပျော်ရွှင်စေသည်။

ဤသို့တွေးမိသောအခါ သူ၏သွေးများ ဆူပွက်လာပြီး ကျိုးယလီ၏ ဧည့်ခန်းဆီသို့ အသံတိတ် လျှောက်သွားလိုက်သည်။ တံခါးလက်ကိုင်ကို ဖွဖွလှည့်ကြည့်လိုက်ရာ ပွင့်သွားသဖြင့် စိတ်ထဲတွင် ကျိတ်ဝမ်းသာသွားသည်။ "တကယ် တံခါးဖွင့်ပေးထားတာပဲ"

သူ တံခါးဖွင့်ကာ လျင်မြန်စွာ ဝင်ရောက်သွားပြီး တံခါးကို အသံမထွက်စေဘဲ ပြန်ပိတ်လိုက်သည်။ ယခု သူ၏စွမ်းအားဖြင့် အမှောင်ထုသည် နေ့ခင်းကဲ့သို့ပင် ထင်ရှားနေသည်။ ကျိုးယလီသည် အိပ်ဝတ်စုံဝတ်ဆင်ထားပြီး ပါးလွှာသောစောင်တစ်ထည် လွှမ်းခြုံကာ ကျောပေးအိပ်နေသည်ကို တွေ့လိုက်ရသည်။

လော်ယွမ်က ညင်သာစွာ ချောင်းဟန့်လိုက်ရာ ကျိုးယလီ၏ ကိုယ်လုံးလေး တုန်သွားသည်။ သူမ မလှုပ်မယှက် ဟန်ဆောင်နေသည်ကို တွေ့သောအခါ သူက ရယ်မောရင်း ပြောလိုက်သည်။ "အမယလီ... ဒီနေ့ ဘာလို့ ဒီလောက် သတ္တိကောင်းနေတာလဲ"

လော်ယွမ်က ပြောရင်းဆိုရင်း အဝတ်အစားများကို ချွတ်လိုက်ကာ တစ်ကိုယ်တည်း ပြောဆိုနေသည်။ "အမ အခန်းမပြန်ခင်က ငါ့ကိုသာ အဓိပ္ပါယ်တမျိုးနဲ့ကြည့်မသွားရင် ငါသတိထားမိမှာတောင် မဟုတ်ဘူး"

လော်ယွမ်၏ စနောက်မှုကြောင့် သူမ၏အသားအရေသည် လျင်မြန်စွာ နီရဲလာသည်။

ကျိုးယလီက အသေကောင်ကဲ့သို့ ငြိမ်သက်နေသည်ကို လော်ယွမ်က ထူးဆန်းသည်ဟု မထင်ပေ။ ကျိုးယလီ၏ စရိုက်က ဤအတိုင်းပင် ဖြစ်သည်။

သူ အဝတ်အစားများကို လျင်မြန်စွာချွတ်ပြီး စောင်ထဲသို့ တိုးဝင်လိုက်သည်။ တစ်ချိန်တည်းမှာပင် လက်နှစ်ဖက်က ညအိပ်ဝတ်စုံအောက်သို့ ကျွမ်းကျင်စွာ လျှိုဝင်သွားပြီး ရင်သားများဆီသို့ ဦးတည်သွားသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်သည် အံ့အားသင့်ဖွယ် ပူလောင်နေပြီး တဆတ်ဆတ် တုန်ခါနေသည်။ လော်ယွမ် အံ့ဩသွားသည်မှာ သူ ဆုပ်ကိုင်ထားသောနေရာသည် အနည်းငယ် ပိုကြီးနေပြီး ပျော့ပျောင်းမှုလျော့နည်းကာ တင်းရင်းမှု ပိုများနေသကဲ့သို့ ခံစားရခြင်းဖြစ်သည်။

ဤသည်ကို အမှတ်မှားသည်ဟု ဆိုလျှင်ပင် လက်တစ်ဆုပ်စာမျှသာရှိသော ခါးလေးနှင့် တင်းရင်းနုပျိုသော အသားအရေသည် အိမ်ထောင်သည်အမျိုးသမီး ကျိုးယလီ ပိုင်ဆိုင်နိုင်သောအရာများ မဟုတ်တော့ပေ။

လော်ယွမ် တစ်ခုခုမှားနေပြီဟု ခံစားမိလာသည်။ မဟုတ်သေးဘူး၊ ဒါ ကျိုးယလီ မဟုတ်ဘူး။ သူ၏တစ်ကိုယ်လုံး တောင့်တင်းသွားပြီး စိတ်ထဲတွင် ဒုက္ခရောက်ပြီဟု တွေးမိလိုက်သည်။ နောက်ဆုတ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် တစ်ဖက်လူက သူ၏နောက်ဆုတ်လိုစိတ်ကို ရိပ်မိသည့်အလား မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို ရုတ်တရက် ချုပ်နှောင်လိုက်သည်။ လော်ယွမ် ရုန်းထွက်ရန် ကြိုးစားလိုက်စဉ်မှာပင် တစ်ဖက်လူက ရုတ်တရက် လှည့်ကာ လော်ယွမ်ကို တက်ခွပြီး ဖိထားလိုက်တော့သည်။

သူမ၏မျက်နှာကို မြင်လိုက်ရသည်နှင့် လော်ယွမ်၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ "ရှီရှီ... နင်... နင် ဘာလို့ ဒီမှာအိပ်နေတာလဲ... ဒီအခန်းက..."

"သမီးက ဘာလို့ ဒီမှာအိပ်လို့မရရမှာလဲ... ဒါ သမီးရဲ့အခန်းပဲဥစ္စာ" ဝမ်ရှီရှီက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

အမှောင်ထုထဲတွင် မျက်ဝန်းများသည် ရေကဲ့သို့ စိုစွတ်နေပြီး တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေသည်။ လော်ယွမ်က "ဒါ ကျိုးယလီရဲ့ အခန်းလေ" ဟု ပြောရန် ဟန်ပြင်လိုက်သော်လည်း ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။ ဤအချိန်၊ ဤအနေအထားသည် ထိုစကားပြောရန် အချိန်ကောင်းမဟုတ်ပေ။ သူက အလျင်အမြန် ပြောလိုက်သည်။ "အေးပါ ရှီရှီ... အကိုမှားသွားတယ်ဟုတ်ပြီလား... အကို့ပေါ်က ဖယ်ပေးဦးနော်"

"မဖယ်တာ... ကိုကြီးက မမကျိုးကို လာရှာတာမလား... သမီးကိုကျတော့ ဘာလို့ဂရုမစိုက်တာလဲ... သူလုပ်နိုင်တာ သမီးလည်း လုပ်နိုင်တာပဲ" ဝမ်ရှီရှီက သတ္တိမွေးကာ ပြောလိုက်သည်။ သူမ၏ နှလုံးခုန်သံသည် စည်တီးသကဲ့သို့ ကျယ်လောင်နေပြီး ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွမ်းနေသည်။

"ရှီရှီ... နင်က ငယ်ပါသေးတယ်... ဒါတွေနားလည်ဦးမှာမဟုတ်ဘူး... အမှန်အတိုင်းပြောရရင် အကိုက နင့်ကို သမီးတစ်ယောက်လို... ညီမလေးတစ်ယောက်လို သဘောထားတာပါ" လော်ယွမ်က စိတ်ရှည်လက်ရှည် ဖျောင်းဖျလိုက်သည်။

ဝမ်ရှီရှီက နှာခေါင်းရှုံ့လိုက်သည်။ "ဟွန့်... စောစောက ညီမလေးလိုသဘောထားလို့ အဲ့လိုလုပ်တာပေါ့လေ... ကိုကြီးယွမ်... ကိုကြီးက အရမ်းဟန်ဆောင်တော်တာပဲနော်... ပြီးတော့ စောစောက ကိုကြီး သမီးအပေါ် လုပ်ခဲ့တာတွေကို ခုပြန်ထွက်သွားရုံနဲ့ ပြီးသွားမယ်ထင်နေတာလား... အခု သမီးရဲ့ အပျိုစင်ဘဝ ပျက်သွားပြီလေ... တောင်းပန်စကားတစ်ခွန်းနဲ့ ပြီးသွားရောလား... နောက်ဆို သမီးကိုဘယ်သူက စိတ်ဝင်စားတော့မှာလဲ... လူတောထဲ ဘယ်လိုတိုးရတော့မှာလဲ... သူများတွေ သမီးကို ဘယ်လိုမြင်ကြမလဲ"

ဝမ်ရှီရှီသည် လိမ္မာယဉ်ကျေးဟန်ဆောင်မနေတော့ဘဲ စကားများ တရစပ်ပြောလိုက်ရာ လော်ယွမ်မှာ ပါးစပ်အဟောင်းသားဖြစ်ကာ စကားပြန်မပြောနိုင်တော့ပေ။ စိတ်ထဲတွင်မူ "ကိုင်မိရုံနဲ့ အပျိုစင်ဘဝပျက်သွားပြီဆိုတော့ နင်က ၂၀၀၀ ခုနှစ်နောက်ပိုင်းမွေးတဲ့ ကလေးမ မဟုတ်ဘူးလား... ၈၀ ခုနှစ်ဖွား ငါ့ထက်တောင် ရှေးရိုးစွဲနေသေးပါလား" ဟု တွေးနေမိသည်။ သို့သော် သူ အမှားလုပ်မိသည်က အမှန်ဖြစ်ပြီး ရှက်ဖွယ်ကောင်းသောကိစ္စကို လုပ်မိခဲ့သဖြင့် ပြန်လည်ချေပရန် ခက်ခဲနေသည်။

အမှောင်ထုထဲတွင် ဝမ်ရှီရှီ၏ ဆံနွယ်နက်များက ပခုံးပေါ်သို့ ဝဲကျနေသည်။ သူမသည် အတွင်းခံအင်္ကျီကို ဖြည်းညင်းစွာ ချွတ်လိုက်ပြီး ကိုယ်လေးကို ကိုင်းလိုက်ရာ လော်ယွမ်မှာ အာခေါင်များ ခြောက်ကပ်သွားတော့သည်။ ဝိုးတဝါးအသိစိတ်ထဲတွင် ဝမ်ရှီရှီက "ကိုကြီးယွမ် သမီး လှလား" ဟု ချစ်စဖွယ်မေးလိုက်သံကို ကြားလိုက်ရသည်။

...................................................................................................

နောက်တစ်နေ့တွင် လော်ယွမ် စောစောမထခဲ့ပေ။ ဝမ်ရှီရှီ သဘာဝအတိုင်း နိုးလာမှ သူ ထလိုက်သည်။ မနေ့ညက အလွန်ရဲတင်းခဲ့သော ဝမ်ရှီရှီသည် ယခုအခါတွင်မူ ရှက်ရွံ့ပြီး စိုးရိမ်နေပုံရသည်။ မျက်နှာနီရဲနေပြီး သူ့ကို မကြည့်ရဲဘဲ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "သမီး နည်းနည်းကြောက်တယ်"

လော်ယွမ်က သူမ ဘာကိုစိုးရိမ်နေသည်ကို သိသဖြင့် နူးညံ့စွာ ပြောလိုက်သည်။ "မကြောက်ပါနဲ့... အရာအားလုံးအတွက် အကိုတာဝန်ယူပါတယ်"

ဤမျှလောက် တာဝန်ယူစိတ်မရှိလျှင် သူ ယောက်ျားမဟုတ်တော့ပေ။

ဝမ်ရှီရှီက "အင်း" ဟု ညင်သာစွာ ပြန်ဖြေလိုက်သည်။ နှစ်ယောက်သား အဝတ်အစားများဝတ်ဆင်ပြီးနောက် လော်ယွမ်က တံခါးဖွင့်ကာ ဝမ်ရှီရှီနှင့်အတူ ထွက်လာကြသည်။ အိပ်ရာထကာစ အိပ်ချင်မူးတူးဖြစ်နေသော ချန်ကျားယီသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး လန့်ဖျပ်ကာ အခန်းထဲသို့ ပြန်ပြေးဝင်သွားတော့သည်။

နှစ်ယောက်သား ဧည့်ခန်းထဲသို့ ဝင်လာကြသောအခါ မူလက စကားပြောနေကြသော လူအုပ်ကြီးသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဟွမ်ကျားဟွေက သက်ပြင်းချလိုက်ပြီး မျက်နှာညှိုးငယ်သွားသည်။ ကျိုးယလီမှာမူ ရှေ့မှ မနက်စာကိုသာ အာရုံစိုက်နေပြီး ဘာကိုမျှ သတိမထားမိသကဲ့သို့ မျက်နှာသေဖြင့် ရှိနေသည်။

"မနက်စာတောင် စားနေကြပြီပဲ" လော်ယွမ်က ခြောက်ကပ်ကပ် ရယ်မောရင်း ပြောလိုက်ပြီး စိုးရိမ်နေသော ဝမ်ရှီရှီကို ထမင်းစားပွဲဆီသို့ ဆွဲခေါ်သွားလိုက်သည်။ ဤအဓိပ္ပာယ်မှာ ပြောစရာမလိုအောင် ရှင်းလင်းနေပြီဖြစ်သည်။

မည်သူမျှ စကားပြန်မပြောကြဘဲ ဝမ်ရှကွမ်ကသာ နှာခေါင်းရှုံ့လိုက်သည်။

"ကျားဟွေ... နင်ဒီရက်ပိုင်း ပိန်သွားတယ်... များများစားဦး... တစ်နေ့ကို ဒီလောက်နည်းနည်းလေးစားနေလို့ ဘယ်ဖြစ်မလဲ... ဝိတ်ချစရာလည်းမလိုပါဘူး... ပြီးတော့ အမယလီ... ဒီရက်ပိုင်း ရာသီဥတုက နည်းနည်းပြောင်းလဲနေတယ်... အနွေးထည်ဝတ်ဖို့ သတိရဦးနော်"

ကျိုးယလီ၏ စိတ်ထဲတွင် နာကျင်ခံစားလိုက်ရသည်။ မနေ့ညက သူမ တံခါးဖွင့်ပေးထားခဲ့သော်လည်း တစ်စုံတစ်ယောက် ရောက်မလာခဲ့ပေ။ တံခါးဖွင့်ကြည့်လိုက်သောအခါ ဝမ်ရှီရှီ၏ အခန်းမှ မသဲမကွဲအသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ ယခု သူ စကားလမ်းကြောင်းလွှဲနေသည်ကို ကြည့်ရင်း သူမ၏ စိတ်ကသာ ပင်ကိုယ်မပျော့ညံ့ခဲ့လျှင် မျက်နှာကို တူဖြင့် ပစ်ပေါက်လိုက်မိမှာ သေချာသည်။ ဤလူက မျက်နှာပြောင်လွန်းလှသည်။

ဟွမ်ကျားဟွေက ပြုံးစိစိဖြင့် မျက်စောင်းထိုးလိုက်သည်။ "ကျွန်မ ပိန်သွားတာ မကြိုက်လို့လား"

လော်ယွမ်က အလျင်အမြန် ပြန်ပြောလိုက်သည်။ "မဟုတ်တာ ကြိုက်တာပေါ့"

"ဒါဆိုရင်ပြီးတာပဲ... ရှီရှီ ဒီမှာလာထိုင်... ခဏနေရင် မမနဲ့ ဈေးသွားဝယ်ရအောင်... ဒီနားက ဈေးကို မရောက်ဖူးသေးဘူး" ရင့်ကျက်သော အမျိုးသမီးတစ်ဦးအနေဖြင့် ဟွမ်ကျားဟွေသည် စိတ်မသက်မသာဖြစ်ပြီး ခါးသီးနေသော်လည်း အခြေအနေကို ထိန်းသိမ်းရမည်ကို သိသည်။ အနည်းငယ် သတိပေးလိုက်ရုံဖြင့် လုံလောက်ပြီဖြစ်သည်။

နှစ်ယောက်သား အတူနေထိုင်လာသည်မှာ ကြာပြီဖြစ်၍ သူ၏စရိုက်ကို သူမ ကောင်းစွာနားလည်သည်။ ပုံမှန်အချိန်တွင် သဘောထားကြီးပြီး နူးညံ့သိမ်မွေ့စွာ ပြောဆိုတတ်သော်လည်း အတွင်းစိတ်တွင်မူ အလွန်မာနကြီးသူဖြစ်သည်။ သူ့ကို ဤမျှ အောက်ကျို့ခံစေခြင်းသည် အကန့်အသတ်ရောက်နေပြီဖြစ်သည်။

သူတို့နှစ်ဦးသည် ကမ္ဘာပျက်ကပ်တွင် အပြန်အလှန် အမှီပြုရင်း ပေါင်းဖက်ခဲ့ကြခြင်းဖြစ်ပြီး အသက်အရွယ်နှင့် အိမ်ထောင်ရေးအတွေ့အကြုံအရ ပုံမှန်ချစ်သူများ မဟုတ်ကြပေ။ ဤအချက်သည် သူမ၏ ရင်ထဲမှ နာကျင်မှုတစ်ခု ဖြစ်နေခဲ့သည်။ လော်ယွမ်သည် အစပိုင်းတွင် သူမအပေါ် သံယောဇဉ်များစွာမရှိကြောင်း သူမ သိသည်။ သူ၏အခြေအနေအရ မည်သည့်အမျိုးသမီးကိုမဆို ရရှိနိုင်သည်။ တစ်ချိန်က လော်ယွမ် သူမကို စွန့်ပစ်ပြီး အသစ်ရှာသွားမည်ကို စိုးရိမ်၍ ညဘက်တွင် အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရသည်။ အတူနေထိုင်တာ ကြာလာပြီး ဆက်ဆံရေး ပိုမိုခိုင်မာလာကာ မိသားစုသံယောဇဉ်ကဲ့သို့ ဖြစ်လာမှသာ ဤစိုးရိမ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြားလည်း သူမသည် တစ်ဦးတည်းပိုင်ဆိုင်လိုစိတ် မရှိခဲ့ပေ။ လော်ယွမ် ဝမ်ရှီရှီကို လက်ခံလိုက်ခြင်းသည် ရုတ်တရက်ဖြစ်သော်လည်း ကြိုတင်မျှော်လင့်ထားပြီးသား ကိစ္စဖြစ်သည်။ ကမ္ဘာပျက်ကပ်တွင် မနက်ဖြန်ဘာဖြစ်မည်မသိရသော အခြေအနေ၌ သဘောပေါက်သွားလျှင် အဖြေသိစရာမလိုတော့ပေ။

ဝမ်ရှီရှီက ခေါင်းငုံ့ကာ "အင်း" ဟု တိုးတိုးလေး ပြန်ဖြေလိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

"အမယလီလည်း လိုက်သွားပါလား... အိမ်မှာပဲ နေနေရတာ ပျင်းဖို့ကောင်းတယ်... အတူတူ အပြင်ထွက် လေညှင်းခံကြပေါ့" လော်ယွမ်က ကျိုးယလီကို ကြည့်ကာ ပြုံးရင်းပြောလိုက်သည်။

ကျိုးယလီက မော့ကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲမှ အားနာမှုများကို မြင်လိုက်ရသဖြင့် စိတ်ပျော့သွားပြီး အကြောင်းရင်းမသိဘဲ သဘောတူလိုက်မိသည်။

.....................................................................................................................

"နောက်တစ်ခါ အရိပ်အမြွက်ပြတာကို မသုံးတော့ဘူး" လော်ယွမ် စိတ်ထဲတွင် တွေးလိုက်သည်။

.......................................................................................................................

နာရီဝက်အကြာတွင် လော်ယွမ်သည် ရွှင်လန်းသောမျက်နှာထားဖြင့် ဓားတရား ရုံးခန်းအဆောက်အအုံသို့ ရောက်ရှိလာသည်။ စွန်းယွီထင်းသည် ရုံးခန်းဝတွင် စောင့်ဆိုင်းနေပြီးဖြစ်သည်။

"ဒုခေါင်းဆောင်" လော်ယွမ် လာသည်ကိုမြင်သောအခါ သူမက ရိုသေစွာ နှုတ်ဆက်လိုက်သည်။

လော်ယွမ်က တံခါးဖွင့်လိုက်ပြီး ပြုံးရင်းပြောလိုက်သည်။ "ဝင်ခဲ့လေ"

လော်ယွမ်က အနှိပ်ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ပြောလိုက်သည်။ "မင်း ရဲ့ပထမဆုံးတာဝန်က... ထုတ်ပြန်ပြီးတဲ့ တာဝန်တွေထဲက ပြီးသွားတဲ့တာဝန်တွေရော မပြီးသေးတာတွေရော အကုန်စုပြီး ငါ့ဆီပို့ပေး"

"ဟုတ်ကဲ့ပါ... တခြားမှာစရာ ရှိပါသေးလားရှင့်"

"မရှိဘူး... အဲ့တာပဲ အရင်ပြီးအောင်လုပ်လိုက်... မင်းသွားလို့ရပြီ... ဪ... နေဦး... လက်ဖက်ရည်တစ်ခွက်လောက် ဖျော်ပေးဦး" လော်ယွမ် ပြောလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့ရှင့်"

ဤလက်ဖက်ရည်သည် ကမ္ဘာမပျက်မီက လက်ဖက်ရည်မဟုတ်ဘဲ မျိုးဗီဇပြောင်းလက်ဖက်ရည်တစ်မျိုးဖြစ်သည်။ မနေ့က တစ်ခွက်သောက်ပြီးနောက် ပါးစပ်ထဲတွင် မွှေးကြိုင်နေရုံသာမက စိတ်ကိုလည်း တည်ငြိမ်စေသဖြင့် ဤလက်ဖက်ရည်ကို သူ နှစ်သက်သွားခဲ့သည်။

လက်ဖက်ရည် အလျင်အမြန် ရောက်လာသည်။ စွန်းယွီထင်း ထွက်သွားပြီးနောက် တံခါးကို ခပ်ဖွဖွပိတ်လိုက်သည်။

လက်ဖက်ရည်ရနံ့သင်းသင်းကို ရှူရှိုက်ရင်း လော်ယွမ်သည် လက်ညှိုးဖြင့် စားပွဲကို ခေါက်ကာ စဉ်းစားခန်းဝင်နေသည်။ ဤလောက်များသည့် တာဝန်တွေထဲ၌ ဉာဏ်ရည်ရှိသည့် မျိုးနွယ်စု၏ ခြေရာလက်ရာများကို ရှာတွေ့နိုင်မည်ဟု သူယုံကြည်သည်။ ဉာဏ်ရည်ရှိသည့် မျိုးနွယ်စုကို ရှာတွေ့လျှင် ဉာဏ်ပညာသစ်ပင်နှင့်လည်း မဝေးတော့ပေ။

ပြန်လည်တည်ဆောက်ရေးဇုန်သည် အစွမ်းထက်သော်လည်း အရာအားလုံးကို သိရှိနိုင်ပြီး ပြီးပြည့်စုံသည်ဟု မဆိုလိုပေ။ ဉာဏ်ပညာသစ်ပင်၏ အသုံးဝင်ပုံကို သိရှိထားလျှင်ပင် လိုအပ်ချက်များ ရှိနိုင်ပေသည်။

ဆက်ရန်...

အပိုင်း(၃၃၆)အချက်အလက်များ

လော်ယွမ်သည် မြေအောက် ၁၅ ထပ်သို့ သွားရောက်ကာ ဓားသိုင်းကို တစ်နာရီခန့် လေ့ကျင့်ခဲ့ပြီး ခန္ဓာကိုယ်ကို သွေးပူစေလိုက်သည်။ ထိုအချိန်အတွင်း၌ ဖန်းဖေ့ပင်ကိုလည်း လမ်းကြုံ ညွှန်ပြပေးခဲ့သည်။ သူပြန်ရောက်သောအခါ အချက်အလက်များ ပြုစုထားပြီး ဖြစ်သည်။

စွန်းယွီထင်းကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးစေပြီးနောက် သူသည် အချက်အလက်များကို စတင်စစ်ဆေးကြည့်ရှုလိုက်သည်။ အီလက်ထရောနစ် စာရွက်စာတမ်းတစ်ခုလုံးသည် ၁၂ ဂစ်ဂါဘိုက်ခန့်ရှိပြီး တာဝန်ပေါင်း သုံးရာကျော် ပါဝင်သည်။ စာသားများနှင့် ပုံများပါဝင်ပြီး အချက်အလက်များ အလွန်များပြားကာ အသေးစိတ်ကျလှသည်။ ၎င်းတို့အနက် အများစုမှာ အနိမ့်ဆုံးအဆင့်ဖြစ်သော စီ အဆင့် တာဝန်များဖြစ်ပြီး အခက်အခဲအရ အဆင့်ငါးအောက်သာ ရှိသည်ဟု ခန့်မှန်းရသည်။ ဤတာဝန်မျိုးသည် စုစုပေါင်းပမာဏ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို လွှမ်းမိုးထားပြီး ပြီးမြောက်မှုနှုန်းသည်လည်း အလွန်မြင့်မားကာ ရာနှုန်းပြည့်နီးပါး ရှိသည်။

ဘီ အဆင့် တာဝန် (အခက်အခဲအဆင့် ၆) မှာမူ နှစ်ဆယ်၊ သုံးဆယ်ခန့်သာ ရှိပြီး ၎င်းတို့အနက် လေးပုံတစ်ပုံသည် မပြီးပြတ်သေးသော အခြေအနေ၌ ရှိနေသည်။ အေ အဆင့် တာဝန် (အခက်အခဲအဆင့် ၇) မှာမူ လက်ချိုးရေတွက်၍ရသည်အထိ နည်းပါးလှပြီး အများစုမှာ မပြီးပြတ်သေးပေ။

လော်ယွမ်သည် ဤမပြီးပြတ်သေးသော အေ နှင့် ဘီ အဆင့် တာဝန်များကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲ၌ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ရာ အားလုံးပြီးမြောက်ပါက မိမိ၏ အဆင့်ကို နှစ်ဆင့်ခန့် တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ အစိုးရအဖွဲ့အစည်း၌ အလုပ်လုပ်ရသည်မှာ ကောင်းသည်ဟူသော စကားသည် မှန်ကန်ကြောင်း သူ တွေးမိလိုက်သည်။ ယခင်က ကံကောင်းထောက်မစွာဖြင့် တာဝန်ကြီးတစ်ခု တိုးမိခြင်း၊ ရက်ပေါင်းများစွာ ကြာသည့်တိုင် တာဝန်တစ်ခုမျှ မရရှိခြင်းတို့နှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

သို့သော် အရေးကြီးတာကို ဦးစားပေးပြီး တစ်ဆင့်ချင်း သွားရမည်ဖြစ်သည်။ အနည်းဆုံး ဉာဏ်ပညာသစ်ပင်ကို အရင်ရှာဖွေရမည်။ သူ၏ လက်ရှိစွမ်းအားဖြင့် ဘီ အဆင့် တာဝန်သည် အရေးမကြီးသော်လည်း အေ အဆင့် တာဝန်မှာမူ အလွန်အမင်း အန္တရာယ်များလှသည်။ အနည်းငယ် သတိလစ်ဟင်းလိုက်သည်နှင့် ပြန်လမ်းမရှိ ဖြစ်သွားနိုင်သည့်အတွက် သိပ်ပြီး စိတ်ချရခြင်းမရှိပေ။

ဓားသွေးခြင်းက ထင်းခုတ်ခြင်းကို မနှောင့်နှေးစေပေ။ ဉာဏ်ပညာသစ်ပင်ကို ရှာဖွေတွေ့ရှိပြီး ခန္ဓာကိုယ်နှင့် ဉာဏ်ရည်တို့ ကိုက်ညီသွားပါက သူ၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးတက်လာမည်ဖြစ်သည်။ ထိုအချိန်ကျလျှင် အေ အဆင့် တာဝန်ပင်ဖြစ်ပါစေ၊ သူသည် အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု ရှိနေပေလိမ့်မည်။

လော်ယွမ်သည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး စာရွက်စာတမ်းများကို တစ်ကြိမ်လျှင် ဆယ်ကြောင်းနှုန်းဖြင့် လျင်မြန်စွာ ဖတ်ရှုလိုက်သည်။ နေ့လယ်စာကိုလည်း အလျင်စလို စားသောက်ပြီးနောက် ရုံးစားပွဲ၌ ဆက်လက်ထိုင်ကာ ဆက်လက်ရှာဖွေနေခဲ့သည်။

သဲလွန်စအနည်းငယ် ရှိသည်နှင့် သူက အလေးထား မှတ်သားထားလိုက်ပြီး နာရီအနည်းငယ်အတွင်းမှာပင် သံသယဖြစ်ဖွယ် အချက်အချို့ကို သူ ရှာဖွေတွေ့ရှိခဲ့သည်။

ဥပမာအားဖြင့် ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် လူများ ပျောက်ဆုံးသွားသည်သာမက လက်နက်များပါ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် သန္ဓေပြောင်းသတ္တဝါများနှင့် တွေ့ဆုံပါက အားလုံး သေဆုံးသွားပြီး အလောင်းများ အစားခံရနိုင်သော်လည်း လက်နက်ခဲယမ်းများမှာမူ ကျန်ရစ်ခဲ့လေ့ရှိသည်။ မည်မျှပင် အစားမရွေးသော သန္ဓေပြောင်းသတ္တဝါဖြစ်ပါစေ သေဆုံးပြီးနောက် ကျန်ရစ်ခဲ့သော သေနတ်များကို တမင်တကာ စားသောက်မည်မဟုတ်ပေ။ လက်နက်တစ်ခုမျှ မကျန်ရစ်ခြင်းသည် ဉာဏ်ရည်မြင့် မျိုးနွယ်စုနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်နိုင်ခြေများကြောင်း လော်ယွမ် ခန့်မှန်းမိသည်။

သို့တည်းမဟုတ် အခြားပုံတစ်ပုံ၏ ထောင့်တစ်နေရာ၌ ကျောက်ခေတ်ပုဆိန်ကဲ့သို့သော ယဉ်ကျေးမှု အမှတ်အသားတစ်ခု ပါရှိနေခြင်း ဖြစ်သည်။

ပြန်လည်တည်ဆောက်ရေးဇုန် အနီးတစ်ဝိုက်၌ ဉာဏ်ရည်မြင့် မျိုးနွယ်စုများ မနည်းမနော ရှိနေဟန်တူသည်။ သို့သော် ဤသတ္တဝါများသည် လှုပ်ရှားမှု လျှို့ဝှက်ပြီး သရဲတစ္ဆေကဲ့သို့ ထွက်ပေါ်ပျောက်ကွယ်တတ်ကြသည်။ ပြန်လည်တည်ဆောက်ရေးဇုန်အနေဖြင့် ဤအကြောင်းအရာကို ပိုမိုနက်ရှိုင်းစွာ သိရှိထားခြင်း ရှိ၊ မရှိကို လော်ယွမ် မသိသော်လည်း အနည်းဆုံး အများပြည်သူသိအောင် ထုတ်ပြန်ထားခြင်းတော့ မရှိသေးပေ။

မွန်းလွဲ သုံးနာရီခန့်တွင် ချောပို့ပစ္စည်းနှစ်ခု တစ်ပြိုင်နက် ရောက်ရှိလာခဲ့သည်။ လော်ယွမ်သည် လက်ခံရရှိပြီးနောက် စိတ်မရှည်နိုင်ဖြစ်လာကာ အချက်အလက်များကို ဆက်လက်မကြည့်ရှုလိုတော့ဘဲ ကွန်ပျူတာကို ပိတ်လိုက်သည်။ ချန်ရှင်းကျယ်ကို နှုတ်ဆက်ပြီးနောက် ဓားတရားဌာနမှ စောစောစီးစီး ထွက်ခွာလာခဲ့သည်။

ဓားတရားဌာန၏ ကောင်းကွက်တစ်ခုမှာ လာချင်သည့်အချိန် လာနိုင်ပြီး သွားချင်သည့်အချိန် သွားနိုင်ခြင်းပင်ဖြစ်သည်။ နေ့တိုင်း မလာလျှင်ပင် ကိစ္စမရှိပေ။ လစဉ် အနိမ့်ဆုံးအဆင့် တာဝန် သုံးခုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သရွေ့၊ ပြဿနာမရှာသရွေ့ အဖွဲ့ခေါင်းဆောင်ပင်လျှင် ဂရုစိုက်မည်မဟုတ်ပေ။

သေချာသည်မှာ တာဝန်ပြီးမြောက်မှု နည်းပါးပါက ရမှတ်လည်း နည်းပါးမည်ဖြစ်ပြီး ရှားပါးသော အရင်းအမြစ်များကို ဝယ်ယူနိုင်မည်မဟုတ်ပေ။ ယခုအခါ လော်ယွမ်သည် ဓားတရားဌာန၏ တာဝန်စည်းမျဉ်းများကို အကြမ်းဖျင်း နားလည်ထားပြီဖြစ်သည်။ စီ အဆင့် တာဝန်တစ်ခု ပြီးမြောက်ပါက စီ အဆင့် ဂုဏ်ထူးဆောင်မှတ်တမ်းတစ်ခု ရရှိသည်နှင့် တူညီပြီး ရမှတ် တစ်ရာသာ ရရှိသည်။ တာဝန်အခက်အခဲအဆင့် တစ်ဆင့်မြင့်တက်လာတိုင်း ရမှတ်သည် ဆယ်ဆ တိုးပွားလာသည်။ ထို့ကြောင့် အေ အဆင့် တာဝန်တစ်ခု ပြီးမြောက်ပါက ရမှတ် တစ်သောင်း ရရှိမည်ဖြစ်သည်။

ပြောရလျှင် လော်ယွမ် ယခင်က ပုံသဏ္ဌာန်ပြောင်းလဲနိုင်သော သတ္တဝါကို နှိမ်နင်းခဲ့ခြင်းသည် တန်ဖိုးနှင့် အကျိုးပြုမှုအရ တွက်ချက်ပါက အေ အဆင့် ဂုဏ်ထူးဆောင်မှတ်တမ်း နှစ်ခုထက် များစွာ သာလွန်မည်ဖြစ်သော်လည်း လျှော့တွက်ခံခဲ့ရခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်က ပြန်စဉ်းစားကြည့်လျှင် ထိုအချိန်က သူသည် ဓားတရားအဖွဲ့သို့ တရားဝင် ဝင်ရောက်ခြင်း မရှိသေးပေ။ အတိအကျ ပြောရလျှင် သူသည် အဖွဲ့အစည်းမရှိသေးသော လူတစ်ဦးသာ ဖြစ်သည်။ ထို့အပြင် သွေးထဲမှ သက်ရှိစွမ်းအင် သိပ်သည်းဆ စံနှုန်းအရလည်း ပုံသဏ္ဌာန်ပြောင်းလဲနိုင်သော သတ္တဝါ၏ အတိအကျ အဆင့်ကို ဆုံးဖြတ်၍မရနိုင်ပေ။ အေ အဆင့် ဂုဏ်ထူးဆောင်မှတ်တမ်း နှစ်ခုနှင့် ဒုအဖွဲ့ခေါင်းဆောင် ရာထူးတစ်ခု ရရှိခဲ့ခြင်းက အရှုံးမရှိဟု ဆိုနိုင်ပေသည်။

ဓားတရားဌာန၏ ဓာတ်လှေကားကို စီးနင်း၍ မြေအောက် ၉ ထပ် လူနေရပ်ကွက်သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာသည် မြေအောက်မြို့တော်တစ်ခုနှင့် တူညီနေသည်။ လမ်းမများ ကျယ်ဝန်းပြီး ဘေးနှစ်ဖက်၌ လူနေအိမ်ရာများ ထူထပ်စွာ ရှိနေသည်။ ခေါင်းပေါ်မှ ကျောက်သားများကို မကြည့်မိပါက ဤနေရာသည် မြေအောက်ဖြစ်ကြောင်း ယုံကြည်ရန် ခက်ခဲလှသည်။ နေရာလပ်ကို အများဆုံး အသုံးပြုနိုင်ရန်အတွက် အနီးအနားမှ အဆောက်အအုံများသည် လေးထပ်အမြင့်သာ ရှိကြပြီး အမိုးသည် ကျောက်သားနံရံနှင့် ထိကပ်လုနီးပါး ဖြစ်နေသည်။

ဤနေရာသည် သီးသန့် လူနေရပ်ကွက်ဖြစ်ပြီး အပေါ်ထပ်များကဲ့သို့ ညစ်ညမ်းမှုနည်းသော စက်မှုဇုန်များ မရှိပေ။ သာမန်လူများသည် ဤနေရာ၌ နေထိုင်ခွင့် မရရှိနိုင်ကြချေ။ ယခုအချိန်သည် ရုံးဆင်းချိန် မရောက်သေးသည့်အတွက် လမ်းမကြီးတစ်ခုလုံး လူသူကင်းမဲ့နေပြီး အေးစက်တိတ်ဆိတ်နေသည်။

လော်ယွမ်သည် ပေါင်တစ်ရာခန့် လေးလံသော အထုပ်နှစ်ထုပ်ကို ဆွဲကိုင်ထားသော်လည်း လက်ထဲ၌ ဘာမျှမရှိသကဲ့သို့ ပေါ့ပါးနေသည်။ သူ၏ ခြေလှမ်းများသည် လျင်မြန်နေပြီး ဖြောင့်တန်းကျယ်ဝန်းသော လမ်းမကြီးကို ဖြတ်ကျော်ကာ မိနစ်အနည်းငယ်အတွင်းမှာပင် မိမိ၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။

အခန်းတံခါးကို ဖွင့်လိုက်ရာ အခန်းမီးလင်းနေသည်ကို တွေ့လိုက်ရသည်။ ချန်ကျားယီသည် ဧည့်ခန်း ဆိုဖာပေါ်၌ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမ၏ခေါင်းပေါ်၌ ရေညှိများ အပြည့်ပေါက်ရောက်နေပြီး အချိန်အကြာကြီး မလှုပ်မယှက် နေနေသည့်အတွက် လော်ယွမ် ဝင်လာသည်ကိုပင် သတိမပြုမိချေ။

သူသည် ရယ်ချင်စိတ်ကို ထိန်းရင်း အမွှေးပွနေသော ရေညှိများကို လှမ်းထိလိုက်သည်။ မထိမိသေးမီမှာပင် ရေညှိများသည် ထိတ်လန့်တကြား ကျုံ့ဝင်သွားကြသည်။

"အို... ကိုကြီးယွမ်... ပြန်ရောက်လာပြီလား" ချန်ကျားယီက အံ့ဩတကြီး အော်လိုက်သည်။

"ဘယ်လိုဖြစ်လို့ နင်တစ်ယောက်တည်း ဖြစ်နေတာလဲ... ကျန်တဲ့သူတွေရော" လော်ယွမ်က မေးလိုက်သည်။

"အားလုံး ဈေးဝယ်ထွက်သွားကြတယ်... သမီး မလိုက်ချင်လို့ အိမ်မှာပဲ နေခဲ့တာ" ချန်ကျားယီက ပုံမှန်ကိစ္စတစ်ခုလို ပြောလိုက်သည်။

လော်ယွမ် ကြောင်သွားပြီး ချန်ကျားယီကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူမ၏ အပင်အဖြစ် ပြောင်းလဲခြင်းသည် ပို၍ ဆိုးရွားလာနေပြီဖြစ်သည်။ ထို့အပြင် ကြောင်ငေးနေသော အချိန်သည်လည်း ပို၍ ကြာမြင့်လာခဲ့သည်။ သူမကို ဂရုမစိုက်ဘဲ ထားလိုက်ပါက အချိန်အကြာကြီး ဆက်လက်၍ ကြောင်ငေးနေနိုင်မည်ဖြစ်သည်။ ဤသည်မှာ လုံးဝ ကောင်းသောကိစ္စမဟုတ်ပေ။ အထုပ်များကို ဘေးတစ်ဖက်၌ ချထားလိုက်ပြီး သူမ၏ဘေး၌ ဝင်ထိုင်ကာ စိတ်ရှည်စွာ မေးလိုက်သည်။ "နင်က ဘာလို့ အပြင်မထွက်ချင်တာလဲ"

"ဘာမှလျှောက်ကြည့်စရာ ဘာမှမရှိလို့ပါ... သမီး အိမ်မှာပဲ နေချင်တယ်" ချန်ကျားယီသည် အမှားလုပ်မိသူတစ်ဦးကဲ့သို့ ခေါင်းငုံ့ကာ ပြောလိုက်သည်။

"ဒီလိုနေတာ မကောင်းဘူးနော်... အဲ့တာ ကပ်ပါးရေညှိရဲ့ နင့်အပေါ် သက်ရောက်မှုကြောင့်ဆိုတာ ငါသိတယ်... ဒါပေမဲ့ နင်ကလူလေ အပင်မှမဟုတ်တာ... နင်အဲ့လိုဆက်နေနေရင်... တစ်နေ့ကျရင် တကယ့်အပင်တစ်ပင် ဖြစ်သွားလိမ့်မယ်... နင်က အဲ့လို ဖြစ်ချင်လို့လား"

ချန်ကျားယီက စိတ်ထဲ၌ တွေးလိုက်သည်။ ဒီလိုဖြစ်လည်း ဘာမှမဖြစ်ပါဘူး... နေ့တိုင်း နေပူစာလှုံရတာ အပျော်ရွှင်ဆုံး ကိစ္စပဲ။ သူမသည် မော့ကြည့်လိုက်ရာ လော်ယွမ်၏ မျက်နှာထား တည်ကြည်နေသည်ကို တွေ့လိုက်ရသဖြင့် အလျင်အမြန် ခေါင်းငုံ့လိုက်ပြီး စိတ်ထဲ၌ ထိတ်လန့်သွားကာ "မဖြစ်ချင်ပါဘူး" ဟု အလျင်အမြန် ပြောလိုက်သည်။

သူမ၏ စကားနှင့် စိတ်ထား မကိုက်ညီသည်ကို ကြည့်ပြီး လော်ယွမ်သည် ခေါင်းကိုက်သွားသလို သနားလည်း သနားမိသည်။ ယခင်က ချန်ကျားယီ ကန္တာရမြို့၌ ကျောင်းတက်နေစဉ်က အခြေအနေ ကောင်းမွန်သေးသည်။ နေ့တိုင်း သင်ခန်းစာများ များပြားစွာ သင်ယူနေရသည့်အတွက် အနည်းဆုံးတော့ သိပ်မဆိုးရွားလှပေ။ သို့သော် ကျောင်းပိတ်သွားပြီးနောက် မည်သူမျှ မထိန်းချုပ်တော့သည့်အခါ အပင်အဖြစ် ပြောင်းလဲခြင်းက ပို၍ သိသာထင်ရှားလာခဲ့သည်။ အိမ်၌ ဆက်ထား၍ မဖြစ်တော့ပေ။ အမြန်ဆုံး ကျောင်းပို့လိုက်သင့်သည် သို့မဟုတ် အလုပ်တစ်ခုခု ရှာပေးသင့်သည်။ သူ၏ စိတ်ထဲ၌ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "နင် ဒီလို ကျောင်းမတက်ဘဲ နေလို့မဖြစ်ဘူး... စာတွေ အများကြီး လွတ်ကုန်လိမ့်မယ်... ငါ ဒီနားက ကျောင်းကို အမြန်စုံစမ်းလိုက်မယ်... ပညာသင်တာက ကောင်းတဲ့ကိစ္စပဲမလား"

ချန်ကျားယီ၏ မျက်နှာ၌ စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာပြီး ခေါင်းညိတ်လိုက်သည်။

လော်ယွမ်က ရယ်ချင်စိတ်ဖြင့် သူမ၏ ခေါင်းကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ "နင့်ကို နှင်ထုတ်တာ မဟုတ်ပါဘူး... ဒီနေရာက အမြဲတမ်း နင့်အိမ်ပါပဲ... အရင်တုန်းကလိုပဲ တစ်ပတ်တစ်ခါ အိမ်ပြန်လာအိပ်လို့ ရတာပဲ"

လော်ယွမ်သည် စကားအနည်းငယ် ဆက်လက်ပြောဆိုပြီး ချန်ကျားယီ၏ မျက်နှာ အနည်းငယ် ကြည်လင်လာမှသာ အထုပ်များကို ကောက်ယူပြီး အခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ စိတ်ထဲ၌ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ အထုပ်အသေးကို အရင် ဖွင့်လိုက်ရာ အတွင်း၌ ပစ္စည်းသုံးမျိုး ရှိနေသည်။ တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နိုင်သော သလင်းကျောက်တုံး ထည့်ထားသည့် ပါးလွှာသော ဖန်ပုလင်းတစ်လုံး၊ ဟီလီယမ်ဓာတ်ငွေ့ ဘူးငယ်တစ်ဘူးနှင့် ဖယောင်းဆီတစ်ဘူးတို့ ဖြစ်သည်။

ဟီလီယမ်ဓာတ်ငွေ့နှင့် ဖယောင်းဆီသည် ဖွင့်ဖောက်ပြီးနောက် ပြန်လည်ပိတ်ဆို့ရန်အတွက် ဖြစ်ပြီး လေနှင့်ထိတွေ့ကာ ဓာတ်ပြုခြင်း မဖြစ်ပေါ်စေရန် ဖြစ်သည်။

လော်ယွမ်သည် ဖန်ပုလင်းကို ကောက်ယူလိုက်ပြီး စွမ်းအင်သလင်းကျောက်တုံးကို သေသေချာချာ ကြည့်ရှုလိုက်သည်။ လက်တွေ့ပစ္စည်းသည် ဓာတ်ပုံထဲကထက် ပို၍ သေးငယ်ပြီး လက်မအရွယ်ခန့်သာ ရှိသည်။ မျက်နှာပြင်၌ ခြစ်ရာများ ရှိနေပြီး စမ်းသပ်မှု ပြုလုပ်စဉ်က အသုံးပြုခဲ့သည်မှာ ထင်ရှားလှ၏။ သို့သော် သူယခင်က ရရှိခဲ့သော အတုံးထက် များစွာ ပိုကြီးနေသေးသည်။

ဤစွမ်းအင်သလင်းကျောက်တုံးသည် တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေသည်ကို ကြည့်ရင်း သူ၏ စိတ်ထဲ၌ အတွေးတစ်ချက် ဝင်လာပြီး အခန်းမီးကို ရုတ်တရက် ပိတ်လိုက်သည်။ အခန်း မည်းမှောင်သွားသည်နှင့် ဖန်ပုလင်းထဲမှ နူးညံ့ပြီး မှိန်ဖျော့သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဤသည်မှာ ပိုးစုန်းကြူးကျောက်ကဲ့သို့ အလင်းပြန်ခြင်း မဟုတ်ဘဲ စစ်မှန်သော ကိုယ်ပိုင်အလင်းရောင် ဖြစ်သည်။ ဤကျောက်သလင်းတုံးသည် မှိန်ဖျော့သော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေခြင်း ဖြစ်သည်။

ဆက်ရန်...

All Chapters