← Chapters

ကုန်သွယ်မှု ပွဲတော်

Vol. 1 Ch. 3

ကုန်သွယ်မှု ပွဲတော်

Vol. 1 Ch. 3

~"မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်" ကို စတင် လေ့ကျင့်လိုက်သည်နှင့် တစ်ပြိုင်နက်၊ စုယွီသည် သူ့ခန္ဓာကိုယ် အတွင်း၌ အကြီးစား ပြောင်းလဲမှုကြီး တစ်ခု ဖြစ်ပေါ်လာသည်ကို လက်တွေ့ ခံစားလိုက်ရလေသည်။

ဧရာမ စွမ်းအင်လှိုင်းကြီး တစ်ခုသည် ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံး နေရာမှ ပေါက်ကွဲထွက်ပေါ်လာပြီး၊ သူ၏ အရိုးများ၊ အသားများနှင့် အရေပြားများကို ပြင်းထန်စွာ ပြုပြင် ပြောင်းလဲပစ်လိုက်တော့၏။ မိကျောင်းသားရဲ၏ အကြေးခွံများကဲ့သို့ သွေးရောင်လွှမ်းသော အကွက်များသည် သူ့အရေပြား မျက်နှာပြင်ပေါ်တွင် နေရာယူလာကြပြီး၊ သွေးများက ထိုအကွက်များကြားသို့ လှည့်ပတ် စီးဆင်းသွားကြလေ၏။

ထိုအခိုက်အတန့်၌... စုယွီသည် သူ့ကိုယ်သူ လူသား တစ်ယောက် မဟုတ်တော့ဘဲ၊ ဧရာမ မိကျောင်းသားရဲကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ ထိန်းချုပ်၍ မရနိုင်သော ရက်စက်ကြမ်းကြုတ်သည့် စွမ်းအားများကို ပိုင်ဆိုင်လိုက်ရသကဲ့သို့ ရှိချေ၏။

"ဒီ ကိုယ်ခန္ဓာ ကျင့်စဉ်က တကယ် မရိုးရှင်းပါလား"

"ဒါက အစပျိုး အဆင့်ပဲ ရှိသေးတာတောင်မှ... ရုပ်ပိုင်းဆိုင်ရာ စွမ်းအား ပြောင်းလဲမှုက ချီစွမ်းအင် စုစည်းခြင်း ပထမအဆင့်က ဝိဉာဉ် စွမ်းအင်ထက် အများကြီး ပိုသာနေပါကော"

စုယွီ တစ်ယောက် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ သူ့စိတ်ထဲတွင် နှိုင်းယှဉ် တွက်ချက်ကြည့်မိရာ... အကယ်၍ သူ၏ ဝိဉာဉ် စွမ်းအင်နှင့် ကိုယ်ခန္ဓာ စွမ်းအားတို့ ထိပ်တိုက် တွေ့ဆုံခဲ့မည် ဆိုပါက၊ ကိုယ်ခန္ဓာ စွမ်းအား၏ လက်သီးချက် တစ်ချက်တည်းဖြင့် သူ၏ မူလ ခန္ဓာကိုယ်ကို အမှုန့်ကြိတ်ပစ်နိုင်မည်မှာ ယုံမှားဖွယ် မရှိချေ။

ဒါက ရက်စက်ကြမ်းကြုတ်မှု၏ ပြယုဂ် တစ်ခုပင်တည်း။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ရှေးဟောင်းခေတ်၏ နတ်ဘုရားဆန်သော ကိုယ်ခန္ဓာ စွမ်းအားများသည် လုံးဝ အားနည်းသော အရာများ မဟုတ်ကြောင်း ထင်ရှားနေလေပြီ။ အနည်းဆုံးတော့ ကျင့်ကြံသူများ၏ လမ်းစဉ်ထက် နိမ့်ကျမနေတာတော့ သေချာသည်။

အစပျိုး လေ့ကျင့်မှုသည် (၁၀) ရက် ကြာမြင့်ခဲ့လေသည်။

ထိုနောက်ပိုင်းတွင်တော့ ကိုယ်ခန္ဓာ အသွင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသော စုယွီသည် အစားအသောက် ဘက်တွင် သိသိသာသာ ပြောင်းလဲလာတော့၏။ အစားအသောက် ပိုမို စားသောက်လာနိုင်ရုံသာမက၊ ထမင်းစားတိုင်းတွင် အသားဟင်း ပါမှ ဖြစ်တော့မည် ဆိုသည့် အခြေအနေသို့ ရောက်ရှိလာ၏။ အထူးသဖြင့် သားရဲတို့၏ အသားဖြစ်လျှင် ပို၍ ကောင်းမွန်ပေသည်။

နှိုင်းယှဉ်ကြည့်မည် ဆိုလျှင်... လိပ်တစ်ကောင် သွားနေသလို နှေးကွေးလှသည့် "ဝူထုံ သင်ကြားမှု" ကျင့်စဉ်နှင့် မတူဘဲ၊ ကိုယ်ခန္ဓာ ကျင့်စဉ်၏ ကျွမ်းကျင်မှု တိုးတက်နှုန်းမှာ အဆပေါင်းများစွာ လျင်မြန်နေချေသည်။

စုယွီ တစ်နေ့လုံး ဗိုက်ကားအောင် စားသောက်ပြီး ကိုယ်ခန္ဓာ ကျင့်စဉ်ကို လေ့ကျင့်လိုက်လျှင်၊ အနည်းဆုံး ကျွမ်းကျင်မှု (၁%) ခန့် တိုးတက်လာလေသည်။

ဤသို့ဖြင့် တစ်လတာ အချိန်သည် လျှပ်တစ်ပြက် အတွင်း ကုန်ဆုံးသွားခဲ့လေ၏။

ယနေ့သည် မိသားစုထံမှ လစဉ် ရိက္ခာ ထုတ်ယူရမည့် နေ့ဖြစ်သလို၊ စုမိသားစု၏ မျိုးဆက်သစ် လူငယ် ကျင့်ကြံသူများက အိမ်တော် အတွင်း၌ ကုန်သွယ်မှု ပွဲတော် ကျင်းပကြသည့် နေ့လည်း ဖြစ်ပေသည်။

"အစ်ကိုယွီ... မြန်မြန်လုပ်ဗျ... ကုန်သွယ်ပွဲက စတော့မှာ"

စုယွီ၏ ခြံဝန်းအပြင်ဘက်မှ စုချင်းယီ၏ အော်ဟစ် နှိုးဆော်သံ ထွက်ပေါ်လာသည်။

ကုန်သွယ်မှု ပွဲတော်ကို စုအိမ်တော်၏ နောက်ဖေးဝင်း အတွင်း၌ ကျင်းပကြခြင်း ဖြစ်ပြီး၊ ဆိုင်ခန်းငယ်ပေါင်း (၁၀) ခုကျော်ခန့် ခင်းကျင်း ပြသထားကြလေသည်။

စုယွီ နှင့် စုချင်းယီ တို့သည် ဆိုင်ခန်းများကြားတွင် လမ်းလျှောက်ရင်း ဟိုကြည့်..သည်ကြည့် လုပ်နေကြသည်။ ဤဆိုင်ခန်းများတွင် ရောင်းချသော ပစ္စည်း အများစုမှာ သာမန် ပစ္စည်းများသာ ဖြစ်ကြပြီး၊ အချို့ဆိုင်များတွင် သာမန် သိုင်းပညာရှင်များ အသုံးပြုသော ဆေးလုံးများနှင့် ဆေးဖက်ဝင် အပင်များကိုပါ တွေ့ရလေသည်။

သို့သော်... ဆိုင်ခန်း တစ်ခု၏ ရှေ့သို့ ရောက်သောအခါ စုယွီ၏ ခြေလှမ်းများ တုံ့ခနဲ ရပ်သွားပြီး ပစ္စည်း တစ်ခုကို မျက်စိကျသွားတော့၏။

ထိုအရာကား အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ဝက် ဈေးပေါက်သော၊ ပထမအဆင့် (အလယ်အလတ်) သားရဲကောင်၏ သွေးအဆီအနှစ် တစ်စက် ဖြစ်လေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီက ထိုသွေးစက်ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ ဘေးနားတွင် ရပ်နေသော စုချင်းယီ ကတော့ နားမလည်နိုင်သော မျက်နှာထားဖြင့် မေးခွန်းထုတ်လာ၏။

"အစ်ကိုက သားရဲသွေးကို ဘာလုပ်ဖို့ ဝယ်တာလဲ... ဆေး ပညာနဲ့ မန္တန်စက္ကူ ရေးဆွဲတာကလွဲရင် ဒါက ဘာမှ သုံးလို့ရတာ မဟုတ်ဘူးလေ"

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ဝက် ဆိုသော ပမာဏသည် ကျင့်ကြံသူ လမ်းစဉ်သို့ ဝင်ရောက်ကာစ ဖြစ်သော သူတို့နှစ်ယောက် အတွက်တော့ မလိုအပ်ဘဲ ဖြုန်းတီးပစ်၍ ရသော ပမာဏ မဟုတ်ပေ။

စုယွီက အသာအယာ ပြုံးလိုက်ပြီး သားရဲသွေး ပါဝင်သော ကျောက်စိမ်း ပုလင်းငယ်ကို သေချာစွာ သိမ်းဆည်းလိုက်ရင်း ပြန်ဖြေလိုက်သည်။

"ငါ့မှာ အသုံးလိုလို့ပါကွာ"

ထိုစကားကို ကြားလိုက်ရသောအခါ စုချင်းယီ ၏ မျက်လုံးများ အရောင်တောက်သွားပြီး ဆက်လက် ကန့်ကွက်ခြင်း မပြုတော့ပေ။

'အသုံးလိုတယ်'

'သူက ဆေး ပညာ ဒါမှမဟုတ် မန္တန်စက္ကူ ရေးဆွဲတာကို သင်ဖို့များ စိတ်ကူးနေတာလား'

သို့သော် ထိုပညာရပ်တွေကို သင်မည် ဆိုလျှင်တောင် အခြေခံကနေ စရမှာ မဟုတ်ပါလော။ မိသားစုထဲက ဆရာ တစ်ယောက်ယောက်ကို ရှာပြီး တပည့်ခံ သင်ကြားရမည်လေ။

နောက်ဆုံး ဆိုင်ခန်းသို့ ရောက်သောအခါ၊ စုယွီ နှင့် စုချင်းယီ တို့သည် ရှေးဟောင်း ကျောက်စိမ်း သေတ္တာငယ်လေးများ စီတန်းထားသည်ကို တွေ့လိုက်ရလေသည်။

ဒါက ကျင့်ကြံခြင်း လောက၏ ထူးဆန်းသော အရာဝတ္ထု တစ်ခုပင်။

"ပိတ်ပင်တားမြစ်ထားသော ကျောက်စိမ်းသေတ္တာ" ဟု ခေါ်ဆိုကြပြီး ရှေးဟောင်းခေတ်မှ ဆင်းသက်လာခဲ့သည် ဖြစ်၏။

အများစုကို ရှေးဟောင်း

အပျက်အစီးများနှင့် လျှို့ဝှက် နယ်မြေများထဲမှ တူးဖော် ရရှိတတ်ကြသည်။

နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း သေတ္တာပေါ်ရှိ တားမြစ်ပိတ်ပင်မှုများ ကြောင့် ထူးခြားသော အရှိန်အဝါများ ကျန်ရှိနေတတ်သည်။ တားမြစ်မှုကို ဖွင့်လိုက်သည်နှင့် ထိုအရှိန်အဝါများ ပျောက်ကွယ်သွားလေ့ ရှိသည်။ ထို့ကြောင့် ရှေးဟောင်း လျှို့ဝှက် နယ်မြေများမှ ရရှိသော ကျောက်စိမ်းသေတ္တာများကို အတုလုပ်၍ မရနိုင်ချေ။

ကျောက်စိမ်းသေတ္တာ အတွင်းရှိ နေရာလွတ်သည် ကြီးချင်ကြီးမည်၊ သေးချင်သေးမည်။ အတွင်းထဲတွင် ရှေးဟောင်းခေတ်မှ အကြွင်းအကျန် ပစ္စည်းများ ပါချင်ပါမည်၊ သို့မဟုတ် ဗလာသက်သက်လည်း ဖြစ်ချင်ဖြစ်နေမည်။

လူအချို့သည် ဤကျောက်စိမ်းသေတ္တာများထဲမှ တုန်လှုပ်ဖွယ်ရာ ကောင်းသော အမွေအနှစ်များကို ရရှိဖူးကြသည်။ သို့သော် လူအများစုမှာမူ ဤသေတ္တာများကြောင့်ပင် မွဲပြာကျကာ ဘဝပျက်ခဲ့ရဖူးလေသည်။ ဤအရာမှတဆင့် ရှေးဟောင်း အခွင့်အရေးကို ရယူချင်ခြင်းသည် ထီပေါက်ရန်ထက်ပင် ဖြစ်နိုင်ခြေ နည်းပါးလှသေး၏။

ဆိုင်ခန်းကို ဖွင့်ထားသူမှာ အခြားသူ မဟုတ်၊ ပဉ္စမ အကြီးအကဲ စုပင်း ပင် ဖြစ်လေသည်။ စုယွီ နှင့် စုချင်းယီ တို့ကို မြင်လိုက်သည်နှင့် စုပင်း ၏ မျက်နှာပေါ်တွင် ဉာဏ်များသော အပြုံး တစ်ခု ပေါ်လာပြီး မဲဆွယ်တော့၏။

"ယွီလေး... ချင်းယီ... မင်းတို့ကော ရှေးဟောင်း ကျောက်စိမ်းသေတ္တာ တစ်လုံးလောက် ကံစမ်းကြည့်ချင်ကြသလား... ဒီထဲမှာ ရှေးဟောင်း အခွင့်အရေးကြီး တစ်ခု ဝှက်ထားတာ ဖြစ်နိုင်တယ်နော်"

"ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ဆရာသခင် ပိုင်ယွဲ့ ဆိုရင်... ငယ်ငယ်တုန်းက ဒီလို ရှေးဟောင်း ကျောက်စိမ်းသေတ္တာ တစ်ခုထဲကနေ ရှေးဟောင်း အခွင့်အရေးကို ရရှိခဲ့လို့သာ အခုလို မြို့တော်ကြီး တည်ထောင်နိုင်ပြီး ကြီးပွားသွားတာကွ"

"အခွင့်အရေး ဆိုတာ နှစ်ခါ ပြန်မရဘူးနော်... ဒီ ရှေးဟောင်း အခွင့်အရေး အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ကျသင့်မှာ... တကယ့်ကို တန်မှတန်ပဲ"

စုယွီ သည် ဆိုင်ရှင် လုပ်နေသော အဘိုး (၅) ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။ သူတို့၏ လစဉ် ရိက္ခာကမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးသာ ရရှိသည် မဟုတ်ပါလော။

အခု ဒီလူကြီးက သူတို့ ရှိသမျှ တစ်တုံးလုံးကို လာပြီး ဖြောင်ချင်နေပြန်ပြီပဲ။

'အရှက်မရှိတဲ့ လူကြီး'

မူလက စုချင်းယီ သည်လည်း တွန့်ဆုတ်နေသော်လည်း၊ ဆရာသခင် ပိုင်ယွဲ့ ၏ ဥပမာကို ကြားလိုက်ရသောအခါ သူ၏ မျက်လုံးများ ချက်ချင်းပင် စူးရှတောက်ပလာပြီး ဆိုင်ခုံပေါ်ရှိ ကျောက်စိမ်းသေတ္တာများကို အာရုံစိုက် ကြည့်ရှုလေတော့၏။

ထိုသေတ္တာလေးများ၏ ပုံစံသည် တစ်ခုနှင့်တစ်ခု မတူညီကြပေ။ ရှေးဟောင်း တားမြစ်မှုများ လွှမ်းခြုံထားသဖြင့် အတွင်းထဲတွင် ဘာရှိသည်ကို အပြင်မှနေ၍ မမြင်နိုင်ချေ။ ရှိမှန်းမသိ၊ မရှိမှန်းမသိ။

စုယွီ က စုချင်းယီ ကို တားမြစ်ရန် ပြင်လိုက်စဉ်မှာပင်၊ စုချင်းယီ က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်လိုက်ပြီး သေတ္တာတစ်လုံးကို ရွေးချယ်ကာ အံကိုခဲ၍ ဆုံးဖြတ်ချက် ချလိုက်တော့၏။

"ကျွန်တော် ဒါကို ယူမယ်ဗျာ"

"ဟဲဟဲ... ကောင်းတယ်... ကောင်းတယ်... ရောင်းပြီးသား ပစ္စည်း ပြန်မလဲရဘူးနော်... အဲလေ... အရောင်းအဝယ် တည့်သွားပြီ ဆိုတော့ ပြန်ပေးလို့ မရတော့ဘူးလို့ ပြောတာပါ"

စုပင်း သည် ဝိညာဉ်ကျောက်တုံးကို လှမ်းယူလိုက်ပြီး ပြုံးဖြီးနေသော မျက်နှာဖြင့် စုယွီ ဘက်သို့ လှည့်လာလေသည်။ ထိုအပြုံးက စုယွီကို ကြက်သီးထသွားစေသည်။

စုယွီ က ချက်ချင်းပင် လက်ကာပြလိုက်ပြီး ငြင်းဆန်လိုက်၏။

"ကျွန်တော် အခုလေးတင် ပစ္စည်းတချို့ ဝယ်လိုက်လို့ ဝိညာဉ်ကျောက်တုံး မကျန်တော့ဘူးခင်ဗျ"

ထိုစကားကို ကြားသောအခါ စုပင်း၏ မျက်နှာသည် ချက်ချင်းပင် မဲ့ကျသွားလေသည်။

"ဝိညာဉ်ကျောက်တုံး မရှိတော့ဘူး ဟုတ်လား... မင်းတို့ လူငယ်တွေက ဘာလို့ ပိုက်ဆံအိတ် ဒီလောက် ပါးနေရတာလဲကွာ"

"ဒီလိုတော့ ဘယ်ဖြစ်မလဲ... အချိန်ရရင် ခေါင်းဆောင်ဆီ သွားပြီး မင်းတို့နဲ့ ကိုက်ညီမယ့် တာဝန်တွေ ရှိမရှိ မေးကြည့်ကြဦး... ဒါမှ ဝိညာဉ်ကျောက်တုံးတွေ ပိုရှာနိုင်မှာပေါ့"

"ဒါမှလည်း နောက်လ ကုန်သွယ်ပွဲကျရင် ရှေးဟောင်း အခွင့်အရေးတွေ ဝယ်နိုင်မှာလေ"

'သွားစမ်းပါဗျာ'

တကယ်သာ ရှေးဟောင်း အခွင့်အရေး ဆိုတာ ရှိခဲ့လျှင် ဒီအရာတွေက သူတို့လက်ထဲ ရောက်လာစရာ အကြောင်းကို မရှိပါပေ။

စုယွီ ကတော့ ဒီကျောက်စိမ်းသေတ္တာတွေကို လှည့်ပင် မကြည့်ခဲ့ပေ။

သူ အရင်က ဆော့ခဲ့ဖူးသော ဂိမ်းတွေထဲမှာ ဒီလို အကွက်မျိုးတွေကို ရိုးအီနေအောင် တွေ့ခဲ့ဖူးသည်။

ဒါက "ပိုက်ဆံရှိမှ နိုင်မည့် ကစားပွဲ (Pay-to-win)" နည်းဗျူဟာတွေပင်။ သူဌေးတွေ သီးသန့် ဆော့သည့် ကစားနည်းမျိုးပင်။

သူဌေးတွေ အတွက်တောင်မှ ဒီကစားနည်းက နာကျင်စရာ ကောင်းလှသည်။ သောင်းနှင့် ချီသော လူတွေထဲမှာမှ တစ်ယောက်လောက်ပဲ မြတ်နိုင်သော အရာမျိုးလေ။

ပိုက်ဆံတွေ ပိုနေ၍ အပျော်သဘောနှင့် ကစားမယ် ဆိုလျှင်တော့ ကိစ္စမရှိ။

သို့ရာတွင်၊ ယခုချိန်မှာ သူ့အတွက် ကျင့်ကြံခြင်း အရင်းအမြစ် တိုင်းက တန်ဖိုးရှိလွန်းလှသည်။ အလဟဿ ဖြုန်းတီးပစ်ဖို့ မတတ်နိုင်ချေ။

ကုန်သွယ်ပွဲမှ ပြန်ထွက်လာကြပြီးနောက်၊ စုချင်းယီ သည် ကျောက်စိမ်းသေတ္တာကို ပိုက်ကာ သူ့ခြံဝန်းဆီသို့ ခပ်သုတ်သုတ် ပြန်သွားတော့၏။ စုယွီသည် ထွက်ခွာသွားသော စုချင်းယီ ၏ ကျောပြင်ကို ကြည့်ရင်း ခေါင်းခါလိုက်မိပြီး ကိုယ့်ခြံဝန်းဆီသို့ ပြန်လာခဲ့လေ၏။

ရက်အနည်းငယ် ကြိုးကြိုးစားစား ကျင့်ကြံပြီးနောက်...

စုယွီ သည် ပထမအဆင့် (အလယ်အလတ်) သားရဲသွေး ပုလင်းကို ထုတ်လိုက်သည်။ ၎င်း၏ စွမ်းအားသည် ကျင့်ကြံသူ တစ်ယောက်၏ ချီစွမ်းအင် စုစည်းခြင်း အလယ်အလတ် အဆင့်နှင့် ညီမျှလေသည်။

သူက ထိုသွေးကို သုံးပုံတစ်ပုံစီ ခွဲလိုက်ပြီး ကိုယ်ခန္ဓာ ကျင့်စဉ် လေ့ကျင့်ရန်အတွက် တစ်ခါတည်း မော့သောက် ချလိုက်တော့၏။

ဤနည်းဖြင့် လဝက်ခန့် ကုန်ဆုံးသွားပြန်သည်။

"ဝုန်း..."

ထိုနေ့တွင်... စုယွီ၏ ချီစွမ်းအင်များ ရိုင်းစိုင်းစွာ ဆူပွက်လာလေ၏။ အရေပြားပေါ်မှ သွေးရောင် အကွက်များ တစ်ဖန် ပြန်လည် ပေါ်ထွက်လာပြီး ကောင်းကင်ယံသို့ ဟိန်းဟောက်နေသော ဧရာမ မိကျောင်းသားရဲ ပုံရိပ်အဖြစ် ပြောင်းလဲသွားလေ၏။

"ဂျွပ်... ဂျွပ်... ဂျွပ်..."

အရိုးများ ကျိုးအက်ပြီး ပြန်ဆက်သကဲ့သို့သော အသံများ ထွက်ပေါ်လာသည်။ စုယွီ၏ အသား၊ အရိုးနှင့် အရေပြားများတွင် နောက်ထပ် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြန်ပြီ။

ပထမအဆင့် သားရဲသွေး၏ အကူအညီဖြင့် သူ၏ ကိုယ်ခန္ဓာ ကျင့်စဉ် ကျွမ်းကျင်မှုသည် တစ်လ အတွင်းမှာပင် ဒုံးပျံစီးသကဲ့သို့ ထိုးတက်သွားခဲ့ပြီး ဒုတိယ အလွှာသို့ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့လေသည်။

[ ကျင့်စဉ် - ဝူထုံ နှလုံးသားသိုင်းကျမ်း (ပထမအလွှာ၊ ၁၉.၂%)၊ မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ် (ဒုတိယအလွှာ၊ ၀.၃%) ]

ပြောင်းလဲမှု ပြီးဆုံးသွားသောအခါ စုယွီ သည် မျက်စိရှေ့မှ စာတန်းများကို စူးစိုက်ကြည့်ရင်း အတွေးနက်သွားလေသည်။

'ဝူထုံ နှလုံးသားသိုင်းကျမ်းရဲ့ တိုးတက်နှုန်းက ဝိညာဉ်အမြစ် ပါရမီကြောင့် နှောင့်နှေးနေတယ်... ကျွမ်းကျင်မှု တိုးတာ တော်တော်လေး နှေးကွေးလွန်းတယ်... ဒါပေမဲ့ ကိုယ်ခန္ဓာ ကျင့်စဉ်ကျတော့ ဝိညာဉ်အမြစ် ပါရမီနဲ့ မဆိုင်ဘဲ တိုးတက်နှုန်းက ဝူထုံသိုင်းကျမ်း လိုက်မမီနိုင်လောက်အောင် မြန်ဆန်နေပါလား'

ကိုယ်ခန္ဓာ ကျင့်စဉ်၏ စွမ်းအားကို အာရုံခံမိလိုက်သော စုယွီ သည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ အခုချိန်သာ ချီစွမ်းအင် စုစည်းခြင်း တတိယအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်တောင်မှ သူ ယှဉ်ပြိုင် တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေ၏။

ကံဆိုးသည်မှာ သူ့စိတ်ထဲတွင် "ချီစွမ်းအင် ကျင့်ကြံခြင်း" ကိုသာ လမ်းမှန်ဟု စွဲမြဲစွာ မှတ်ယူထားခြင်းပင်။ ဝူထုံ နှလုံးသားသိုင်းကျမ်း တိုးတက်မှု နှေးကွေးနေသော်လည်း လက်ခံနိုင်ပါသေးသည်။

တစ်နှစ်အတွင်း ဒုတိယ အလွှာကို ရောက်ဖို့ဆိုတာ သိပ်တော့ မခက်ခဲလှပါ။

နှစ်ပေါင်း ထောင်ချီ၊ သောင်းချီအောင် ကျင့်ကြံရမယ် ဆိုလျှင်တောင်မှ... တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အင်မော်တယ် အဖြစ် တက်လှမ်းနိုင်ပြီး အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး ဖြစ်လာနိုင်လိမ့်မည်ဟု စုယွီ အခိုင်အမာ

All Chapters