"မင်းတို့ရဲ့ ပါရမီရှင်ဆိုတဲ့ လူတွေကို ပြောလိုက်... လဲသာသေလိုက်ကြတော့" ကျင့်ကြံခြင်းလောကကြီးထဲကို ရောက်သွားပြီး ဆွေမကြီးမျိုးမကြီး၊ ဘေးပန်းအနွယ်ဝင်လေးတစ်ယောက်အဖြစ် လူပြန်ဝင်စားလာရတဲ့ "စုယွီ" တဲ့။ ပါရမီကို ကြည့်လိုက်တော့လည်း သာမန်ကာလျှံကာ၊ လူပုံအလယ်မှာဆိုရင် ပျောက်သွားမယ့် ရုပ်မျိုး...။ 'ငါ့ဘဝတော့ သွားပါပြီ... ဒီလောကကြီးမှာ အသက်ရှင်ဖို့ မလွယ်ပါလား' လို့ တွေးနေတုန်းမှာပဲ ကံကြမ္မာက မျက်စိတစ်ဖက် ဖွင့်ကြည့်လိုက်သဗျ။ သူ့ခန္ဓာကိုယ်ထဲမှာ "ကျွမ်းကျင်မှု ပြသဘောင်" ဆိုတဲ့ အရာတစ်ခု ကပ်ပါလာတယ်။ ဒီအရာက ဘာလုပ်ပေးသလဲဆိုတော့... ရောင်းရင်းတို့ မြင်ဖူးနေကျ "ဝိညာဉ်အမြစ် မကောင်းလို့ အဆင့်မတက်နိုင်တာတို့၊ ဉာဏ်အလင်းမပွင့်လို့ တစ်နေရာတည်းမှာ ရာစုနှစ်ချီပြီး သောင်တင်နေတာတို့" ဆိုတဲ့ ပြဿနာတွေကို အမှိုက်ပုံးထဲ ဆွဲထည့်ပစ်လိုက်တာပါပဲ။ စုယွီ လုပ်ရမှာက တစ်ခုတည်း။ မနက်ကိုးနာရီ ရုံးတက်၊ ညနေငါးနာရီ ရုံးဆင်းတဲ့ ဝန်ထမ်းတစ်ယောက်လို ပုံမှန်လေးသာ ကျင့်ကြံနေလိုက်...။ အဆင့်တက်ဖို့ ခက်ခဲတဲ့ အဟန့်အတားလား... မရှိဘူး။ ပါရမီ လိုအပ်ချက်လား... ကျော်လွှားပြီးသားပါတဲ့။ သူများတွေ သွေးတစ်လုတ်လုတ် အန်ပြီး အသက်လု ကျင့်ကြံနေရတဲ့အချိန်မှာ သူကတော့ ရေနွေးကြမ်းလေး သောက်လိုက်၊ ကျင့်ကြံလိုက်နဲ့ 'ကျွမ်းကျင်မှု' တွေကို စုဆောင်းနေရုံပါပဲ။ အချိန်တန်ရင် အင်အားက သူ့အလိုလို တိုးလာရော...။ နှစ်တွေ ကြာညောင်းသွားတဲ့အခါ... တချိန်က ပါရမီရှင်ပါဆိုပြီး လေကြီးမိုးကြီး ပြောခဲ့တဲ့ သူတွေ မြေကြီးအောက် ရောက်ကုန်ပြီ။ အင်မော်တယ် အင်ပါယာဘုရင်ကြီးတွေတောင် အရိုးဆွေးကုန်ပြီ။ ဒါပေမယ့် စုယွီကတော့... တည်ငြိမ်စွာနဲ့ ရှိနေတုန်း။ ခေတ်အဆက်ဆက်ကို ကျော်ဖြတ်ပြီး မသေမပျက် တည်ရှိနေမယ့် အနန္တ တာအိုသခင် တစ်ပါး အဖြစ်နဲ့ပေါ့လေ။ "ရောင်းရင်းသာ ဇာတ်လိုက်ဆိုရင်... အပင်ပန်းခံပြီး ကျင့်ကြံမလား၊ ဒါမှမဟုတ် စုယွီလိုပဲ အေးအေးဆေးဆေးနဲ့ လောကကြီးကို အုပ်စိုးမလား..."

