← Chapters

အခန်း ၉၀၈

Vol. 61 Ch. 908

အခန်း ၉၀၈

Vol. 61 Ch. 908

အခန်း (၉၀၈) - ကပ်ဘေး နိမိတ်၊ ခေတ်ကာလတစ်ခု၏ သင်္ကေတ (အပိုင်း- ၂)

စုယွီ၏ မျက်လုံးများမှ လျှပ်စီးတန်းများသဖွယ် အလင်းလက်သွားပြီး အင်မော်တယ်နန်းတော်အတွင်းရှိ ဟင်းလင်းပြင် နေရာလွတ်ကြီးပင်လျှင် တုန်ခါသွားတော့၏။

သူ၏ အကြည့်တစ်ချက်အောက်တွင် တာအိုဆရာမ ချင်းယွီနှင့် ချင်းရွှမ် ဘိုးဘေးကြီးတို့ နှစ်ဦးစလုံး ကြက်သီးမွေးညင်းများပင် ထသွားကြပြီး သေမင်း၏ ဝင်သက်ထွက်သက်ကို ခံစားလိုက်ကြရသည်။

အကြောက်တရား အထွတ်အထိပ်သို့ ရောက်ရှိသွားကြကာ သူတို့နှစ်ဦးသည် အင်မော်တယ်နန်းတော်၏ ကြမ်းပြင်ပေါ်သို့ အလျင်အမြန် ပျပ်ဝပ်လိုက်ကြပြီး တုန်ယင်နေသော အသံများဖြင့် ပြန်လည်ဖြေကြားလိုက်ကြ၏။

"မရှိပါဘူး... ကန့်ကွက်စရာ လုံးဝ မရှိပါဘူး..."

"ချင်းရွှမ် အင်မော်တယ်ဂိုဏ်းက စီနီယာကြီးအတွက်ဆို အသက်ပေးဖို့ ဝန်မလေးပါဘူး... ဒါဟာ ကျွန်တော်တို့ရဲ့ ဂုဏ်ကျေးဇူးပါပဲ..."

ထိုအချိန်တွင် တာအိုဆရာမ ချင်းယွီရော ချင်းရွှမ် ဘိုးဘေးကြီးပါ မကြာမီကမှ ဟွမ်လင်းကျွန်းကို အကဲခတ်ကာ သိမ်းပိုက်လိုသော ရည်မှန်းချက်များ ရှိခဲ့သည်ကို လုံးဝ မမှတ်မိကြတော့ချေ။

စုယွီ၏ အင်မော်တယ် အရှိန်အဝါနှင့် ကောင်းယွမ်ယွမ်၏ စောင့်ကြည့်မှုတို့အောက်တွင် တာအိုဆရာမ ချင်းယွီနှင့် ချင်းရွှမ် ဘိုးဘေးကြီးတို့၏ စိတ်ထဲ၌ အသက်ရှင်သန်ခွင့်ရရန် အသနားခံလိုစိတ် တစ်ခုသာ ရှိနေတော့သည်။

အချိန်သိပ်မကြာလိုက်ပေ။ ချင်းရွှမ် ဘိုးဘေးကြီး၊ တာအိုဆရာမ ချင်းယွီနှင့် ကောင်းယွမ်ယွမ် သုံးဦးတို့သည် လှေပျံကြီးထဲမှ ထွက်လာခဲ့ကြ၏။

သို့သော် တာအိုဆရာမ ချင်းယွီနှင့် ချင်းရွှမ် ဘိုးဘေးကြီးတို့၏ မျက်နှာများမှာ ဖြူရော်နေဆဲဖြစ်ကာ အမူအရာများမှာလည်း သဘာဝမကျဘဲ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများကို ထင်ဟပ်နေဆဲပင်။

သူတို့ဘေးရှိ ကောင်းယွမ်ယွမ်ကမူ ပို၍ပင် လွတ်လပ်ပေါ့ပါးနေပုံရပြီး သူမ၏ အိုမင်းနေသော မျက်နှာသွင်ပြင်ကပင် ထိုအခိုက်အတန့်၌ ပြန်လည်နုပျိုသွားသကဲ့သို့ များစွာ ကြည့်ကောင်းနေတော့၏။

တာအိုဆရာမ ချင်းယွီနှင့် ချင်းရွှမ် ဘိုးဘေးကြီးတို့၏ စီစဉ်ပေးမှုအောက်တွင် ကောင်းယွမ်ယွမ်နှင့်တကွ ကုန်းယွဲ့ ကုန်သွယ်ရေးအသင်းမှ သစ္စာခံ ကျင့်ကြံသူ တစ်ရာခန့်သည် ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၌ အခြေချ နေထိုင်လိုက်ကြသည်။

ထို့နောက် ချင်းရွှမ် အင်မော်တယ်ဂိုဏ်းအတွင်းရှိ အာဏာများကို တဖြည်းဖြည်း ချုပ်ကိုင်လာကာ ထိုဂိုဏ်းကို ကုန်းယွဲ့ ကုန်သွယ်ရေးအသင်း၏ ခြေတံလက်တံများအဖြစ် ပြောင်းလဲပစ်လိုက်လေ၏။

စုယွီ ကိုယ်တိုင် ထိုင်ကာ ကြီးကြပ်နေသဖြင့် တာအိုဆရာမ ချင်းယွီနှင့် ချင်းရွှမ် ဘိုးဘေးကြီးတို့မှာ မည်သည့် ကောက်ကျစ်သော အတွေးကိုမျှ မတွေးရဲကြဘဲ ကောင်းယွမ်ယွမ် တစ်ယောက် ချင်းရွှမ် အင်မော်တယ်ဂိုဏ်းကို တစ်စတစ်စ သိမ်းပိုက်သွားသည်ကို လက်ပိုက်ကြည့်နေရုံမှလွဲ၍ မတတ်နိုင်ခဲ့ချေ။

သို့သော် တာအိုဆရာမ ချင်းယွီနှင့် ချင်းရွှမ် ဘိုးဘေးကြီးတို့ကို အညံ့ခံစေပြီးနောက် စုယွီက ဖိနှိပ်ထားရုံသက်သက် မဟုတ်ခဲ့ပေ။ ကောင်းယွမ်ယွမ်က ချင်းရွှမ် အင်မော်တယ်ဂိုဏ်းကို စတင်ထိန်းချုပ်လိုက်သည်နှင့် သူက ထိုနှစ်ဦးအား အဆင့်လေး ဆေးလုံးအချို့နှင့် အဆင့်လေး ဝိညာဉ်အရည်များကို ဆုလာဘ်အဖြစ် ပေါ့ပေါ့ပါးပါးပင် ပေးအပ်လိုက်၏။

များပြားလှသော အဆင့်မြင့် အဆင့်လေး ဆေးလုံးများနှင့် နတ်ဘုရား ရတနာများကဲ့သို့ အာနိသင်ရှိလှသော ချီသန့်စင်အိုး ဝိညာဉ်အရည်များက တာအိုဆရာမ ချင်းယွီနှင့် ချင်းရွှမ် ဘိုးဘေးကြီးတို့ကို အကြီးအကျယ် တုန်လှုပ်သွားစေ၏။

'ဒါ... ဒါက ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါးရဲ့ အခြေခံ အုတ်မြစ်များလား...'

ပေါ့ပေါ့ပါးပါး ပေးအပ်လိုက်သော ပစ္စည်းများကပင် သူတို့ ကျင့်ကြံလာခဲ့သည့် တစ်သက်တာအတွင်း အလွန် ရရှိရန် ခက်ခဲလှသော အရင်းအမြစ်များ ဖြစ်နေခဲ့သည်။

စုယွီ၏ အရင်းအမြစ်များဖြင့် တိုက်ခိုက်မှုအောက်တွင် တာအိုဆရာမ ချင်းယွီနှင့် ချင်းရွှမ် ဘိုးဘေးကြီးတို့ ရင်ထဲရှိ နာကြည်းမှုနှင့် အရှက်ရမှုများမှာ တစ်ခဏချင်းပင် ပျောက်ကွယ်သွားရတော့၏။

ထို့အပြင် ယခင်က တစ်ကြိမ်မျှ မကြုံဖူးသော စိတ်လှုပ်ရှားမှုနှင့် တက်ကြွမှုများပင် ဖြစ်ပေါ်လာခဲ့သည်။

'စီနီယာကြီး သဘောကျအောင် နေနိုင်ရင်... ဒါမှမဟုတ် နောင်တစ်ချိန်မှာ စီနီယာကြီးရဲ့ နောက်ကို လိုက်ပြီး ကျင့်ကြံခွင့် ရခဲ့ရင်... ဒါဟာ ရှားပါးလှတဲ့ အင်မော်တယ် ကံကြမ္မာတစ်ခု ဖြစ်လာနိုင်တာပဲ...'

တာအိုဆရာမ ချင်းယွီနှင့် ချင်းရွှမ် ဘိုးဘေးကြီးတို့၏ တွေးခေါ်ပုံများ ချက်ချင်း ပြောင်းလဲသွားကြ၏။

သူတို့၏ စိတ်နေသဘောထားများ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ချင်းရွှမ် အင်မော်တယ်ဂိုဏ်းအတွင်း ကောင်းယွမ်ယွမ် ရင်ဆိုင်နေရသော အတားအဆီးဟူသမျှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

တာအိုဆရာမ ချင်းယွီနှင့် ချင်းရွှမ် ဘိုးဘေးကြီးတို့ ကိုယ်တိုင်ကပင် ကောင်းယွမ်ယွမ် ထင်မှတ်ထား

သည်ထက် ပိုမို တက်ကြွစွာ ကူညီဆောင်ရွက်လာကြသည်။

စုယွီကမူ ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ရတနာတိုက်ကို သွားရောက် ကြည့်ရှုလိုက်၏။

ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ရတနာတိုက်မှာ သိပ်မကြွယ်ဝလှချေ။ ဟင်းလင်းပြင် ကျောက်တုံးများ ရှိသော်လည်း စုယွီ၏ အခင်းအကျင်း တည်ဆောက်ရန် လိုအပ်နေသော ပစ္စည်းများအတွက်မူ လုံလောက်မှု မရှိသေးပေ။

ဤအခြေအနေကို သိရှိသွားသောအခါ ချင်းရွှမ် ဘိုးဘေးကြီးက ချက်ချင်းပင် အသိပေးလိုက်၏။

"ကျွန်တော်.. ရွှမ်ထျန်း အင်မော်တယ်ကျွန်းကို သွားပြီး စီနီယာကြီးအတွက် စုဆောင်းပေးပါ့မယ်..."

ချင်းရွှမ် ဘိုးဘေးကြီးသည် ချင်းရွှမ် ကျွန်းစုမှ ထွက်ခွာကာ ရွှမ်ထျန်း အင်မော်တယ်ကျွန်းသို့ ဦးတည်သွားတော့သည်။ လိုအပ်သော ပစ္စည်းများကို စုဆောင်းရင်း တစ်ချိန်တည်းမှာပင် ခွန်းလင် ဝိညာဉ်သိုက်နှင့် ပတ်သက်သော သတင်းများကို စုံစမ်းထောက်လှမ်းရန် တာဝန်ကိုပါ ယူသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် စုယွီက ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၌ ယာယီ အခြေချ နေထိုင်ရန် ဆုံးဖြတ်လိုက်၏။

ချင်းရွှမ် အင်မော်တယ်ဂိုဏ်းကို စောင့်ကြပ်ရန် ထိုက်ရွှီကို ချန်ရစ်ခဲ့ပြီး သူကမူ တိတ်တဆိတ် ထွက်ခွာကာ ပင်လယ် နယ်မြေထဲသို့ ဝင်ရောက်ပြီး နတ်ဘုရားဖြစ်တည်ခြင်း သိုင်းကျမ်းကို စတင် ကျင့်ကြံတော့၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။

နှစ်နှစ်ကြာပြီးနောက်... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ မြေကမ္ဘာအင်မော်တယ်စံအိမ်တွင်...

တာအိုသခင်ကြီး ဟုန်ယွဲ့၊ တာအိုဆရာ ထျန်းယွီ၊ စံအိမ်သခင် ဖန်ရှောင်နှင့် အခြားသူများအားလုံးသည် ပင်လယ်မျိုးနွယ်စုမှ ရွှမ်လိပ်မျိုးနွယ်စု အင်အားကြီး ပုဂ္ဂိုလ်များ၏ ဝင်ရောက်တိုက်ခိုက်မှုကို စောင့်ဆိုင်းနေခဲ့ကြသည်။ သို့သော် ဆယ်နှစ်ကြာသည်အထိ ရွှမ်လိပ်မျိုးနွယ်စု သို့မဟုတ် အခြား ပင်လယ်မျိုးနွယ်စုများထံမှ မည်သည့် လှုပ်ရှားမှုမျှ မတွေ့ရသောကြောင့် သူတို့အားလုံး အံ့သြစပြုလာကြ၏။

မူလက သူတို့ ထင်မှတ်ထားသည်မှာ စုယွီကြောင့် ဖြစ်နိုင်သည်ဟုပင်။

စုယွီ၏ မူလရည်ရွယ်ချက်မှာ ပင်လယ် နယ်မြေသို့ သွားရောက်ပြီး ဟင်းလင်းပြင် တာအိုပညာကို ဖော်ထုတ်ကာ ပင်လယ်မျိုးနွယ်စု၏ အဆင့်မြင့် အဖွဲ့ဝင်များကို လိုက်လံ သုတ်သင်ရန် ဖြစ်သည် မဟုတ်ပါလော။

သူတို့ကို အလုပ်ရှုပ်သွားစေရန်နှင့် အစီအစဉ်များ ဖရိုဖရဲ ဖြစ်သွားစေရန် ပြုလုပ်ခြင်းဖြင့် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကို ထပ်မံ ကျူးကျော်နိုင်စွမ်း မရှိစေရန် ရည်ရွယ်သည်။

ယခုမူ ရွှမ်လိပ်မျိုးနွယ်စုနှင့် အခြား ပင်လယ်မျိုးနွယ်စုများသည် သူတို့ ခြိမ်းခြောက်ထားသည့်အတိုင်း ဆယ်နှစ်ပြည့်သည်နှင့် တာ့ချန်ကို တိုက်ခိုက်ရန် မလှုပ်ရှားကြတော့ပေ။

သို့သော် ထိုအချိန်တွင် ပင်လယ် နယ်မြေထံမှ သတင်း တစ်ပုဒ်က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။

ရှေးဟောင်း ပင်လယ်မျိုးနွယ်စုမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီး၏ စံအိမ်၊ ခွန်းလင် ဝိညာဉ်သိုက်။

၎င်းအထဲ၌ အင်မော်တယ် ကံကြမ္မာ အခွင့်အရေးများ ရှိသည်ဟု ကောလဟာလ ထွက်ပေါ်နေသော ခွန်းလင် ဝိညာဉ်သိုက်ကြီး ပြန်လည် ပေါ်ထွက်လာလေပြီ။

ယခုအချိန်တွင် အသီးသီးသော ပင်လယ်မျိုးနွယ်စုများ၊ မိစ္ဆာမျိုးနွယ်စုများနှင့် လူသားမျိုးနွယ်၏ အစွမ်းထက် အင်မော်တယ်ဂိုဏ်းများပင်လျှင် ထိုပင်လယ် နယ်မြေသို့ ဦးတည်သွားနေကြပြီ ဖြစ်သည်။

*

အင်မော်တယ်ဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာ၌...

တာအိုဆရာ ထျန်းယွီသည် အင်မော်တယ်ဂိုဏ်း၏ ရှေးဟောင်း မှတ်တမ်းများကို လှန်လှောရှာဖွေနေခဲ့သည်။ အချိန်ကြာမြင့်စွာ ရှာဖွေပြီးနောက် သူ တစ်ချိန်က ဖတ်ရှုခဲ့ဖူးသော ခွန်းလင် ဝိညာဉ်သိုက်နှင့် ပတ်သက်သည့် ရှေးဟောင်း မှတ်တမ်းအား အဆုံးတွင် တွေ့ရှိသွားတော့၏။

စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် တာအိုဆရာ ထျန်းယွီက အလျင်အမြန် အော်ပြောလိုက်၏။

"တွေ့ပြီဟေး..."

ထိုအခါ တာအိုသခင်ကြီး ဟုန်ယွဲ့၊ ရွှေဝိညာဉ် မိစ္ဆာ အရှင်သခင်၊ ဖန်ရှောင်နှင့် အခြားသူများ ချက်ချင်း ပေါ်လာကြပြီး တာအိုဆရာ ထျန်းယွီ၏ ဘေးတွင် ဝိုင်းအုံလာကြသည်။

တာအိုဆရာ ထျန်းယွီက ရှေးဟောင်း ကျင့်စဉ်အုပ်ထဲမှ ခွန်းလင် ဝိညာဉ်သိုက် အကြောင်း မှတ်တမ်းများကို ဖတ်ပြလိုက်၏။

"ရှေးခေတ်ကာလက ခွန်း လို့ခေါ်တဲ့ ငါးတစ်ကောင် ရှိခဲ့တယ်... သူ့ရဲ့ အရွယ်အစားက ကြယ်တာရာတွေလောက် ကြီးမားကျယ်ပြန့်တယ်... တစ်ခါက သူဟာ ရေနက်ပိုင်းမှာ အင်မော်တယ်တွေရဲ့ သဲလွန်စတွေကို တွေ့ရှိခဲ့ပြီး ကောင်းကင်ကို ရိုက်ခတ်ကာ ကမ္ဘာမြေကို ဖျက်ဆီးပစ်ခဲ့တယ်... နောက်ဆုံးတော့ အင်မော်တယ်တွေရဲ့ သွေးတွေနဲ့ စွန်းထင်းသွားခဲ့တယ်..."

"နောက်ပိုင်း ရှေးခေတ်ကာလတွေမှာ ခွန်းလင် ဝိညာဉ်သိုက်က တစ်ကြိမ် ပေါ်ထွက်ခဲ့ဖူးတယ်... အဲဒီ ပေါ်ထွက်လာမှုက လူသားမျိုးနွယ်၊ ပင်လယ်မျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စုတွေကြားမှာ ရာစုနှစ်တစ်ခုစာ ကြာမြင့်တဲ့ စစ်ပွဲကြီးတစ်ခုကို ဖြစ်ပွားစေခဲ့တာပေါ့... အစွမ်းထက် ပုဂ္ဂိုလ်တွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြပြီး သူတို့ရဲ့ သွေးတွေက ကောင်းကင်ကြီးကိုတောင် နီရဲသွားစေခဲ့တယ်..."

"လူသားမျိုးနွယ် အင်မော်တယ်ဂိုဏ်းတွေက ပါရမီရှင် ပုဂ္ဂိုလ်များစွာဟာ ခွန်းလင် ဝိညာဉ်သိုက်ထဲ ဝင်ရောက်ခဲ့ကြပြီး အင်မော်တယ် လမ်းစဉ်ရဲ့ ကံကြမ္မာ အခွင့်အရေးအတွက် ပင်လယ်မျိုးနွယ်စု၊ မိစ္ဆာမျိုးနွယ်စုတွေနဲ့ ရင်ဆိုင် တိုက်ခိုက်ခဲ့ကြတယ်..."

"အထဲမှာ သူတို့ ဘာတွေနဲ့ ကြုံတွေ့ခဲ့ရတယ် ဆိုတာကို ဘယ်သူမှ မသိကြသလို ဘယ်လို အခွင့်အရေးမျိုး တကယ် ရရှိခဲ့တယ် ဆိုတာကိုလည်း ဘယ်သူမှ မသိခဲ့ကြဘူး..."

"ဒါပေမယ့် သိရသလောက်ကတော့... ခွန်းလင် ဝိညာဉ်သိုက် ပေါ်ထွက်လာပြီး နှစ်ပေါင်း ထောင်ချီ အကြာမှာ လူသားမျိုးနွယ်၊ ပင်လယ်မျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စုတွေကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ပါရမီရှင်တွေနဲ့ မိစ္ဆာတွေဟာ ကမ္ဘာကြီးရဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေ ဖြစ်လာခဲ့ကြတယ်..."

"သူတို့ရဲ့ နာမည်တွေက ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပြီး လူသားမျိုးနွယ်၊ ပင်လယ်မျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စုတွေကြားမှာ မရှိမဖြစ်တဲ့ ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာခဲ့ကြတယ်..."

ရှေးဟောင်း မှတ်တမ်းက အတော်လေး ရှည်လျားလှ၏။

ထိုမှတ်တမ်းထဲတွင် ပင်လယ်မျိုးနွယ်စု၏ ရှေးဟောင်း အစွမ်းထက် ပုဂ္ဂိုလ်ကြီးနှင့် ပတ်သက်သော ကောလဟာလများစွာနှင့် ခွန်းလင် ဝိညာဉ်သိုက် အကြောင်း မှတ်တမ်းအချို့ ပါဝင်နေ၏။

သို့သော် ဖတ်ရှုပြီးဆုံးချိန်တွင် တာအိုသခင်ကြီး ဟုန်ယွဲ့၊ တာအိုဆရာ ထျန်းယွီ၊ ဖန်ရှောင်နှင့် အခြားသူများအားလုံး တိတ်ဆိတ်စွာ အတွေးနက်သွားကြတော့သည်။

အင်မော်တယ်များကိုပင် ရိုက်ခတ် တိုက်ခိုက်နိုင်သော တည်ရှိမှု... ။ ဒါက

မည်မျှအထိ လွှမ်းမိုးနိုင်စွမ်း ရှိလောက်အောင် ကြောက်မက်ဖွယ် ကောင်းနေမည်နည်း။

ယခင် ခွန်းလင် ဝိညာဉ်သိုက် ပေါ်ထွက်လာမှုက လူသားမျိုးနွယ်၊ ပင်လယ်မျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့ကြားတွင် ရာစုနှစ်တစ်ခုစာ ကြာမြင့်သည့် ဖရိုဖရဲ စစ်ပွဲကြီး ဖြစ်ပွားစေခဲ့လျှင်... ယခုတစ်ကြိမ် ပေါ်ထွက်လာမှုကရော မည်မျှ ကြီးကျယ်ခမ်းနားသော မြင်ကွင်းမျိုးကို ယူဆောင်လာမည်နည်း။

မြေကမ္ဘာအင်မော်တယ်စံအိမ် အနေဖြင့် ဤမျှ ရှုပ်ထွေး ကမောက်ကမနိုင်လှသော စစ်ပွဲကြီးတွင် အမှန်တကယ် ပါဝင်နိုင်ပါမည်လော။

ခွန်းလင် ဝိညာဉ်သိုက်နှင့် ပတ်သက်သော ရှေးဟောင်း မှတ်တမ်းက အလွန်အမင်း ဆွဲဆောင်မှု ရှိနေသော်လည်း တာအိုဆရာ ထျန်းယွီသည် ကြီးမားလှသော စိတ်စွမ်းအားကို စုစည်းကာ စာအုပ်ကို ပိတ်လိုက်တော့သည်။ အသက်ပြင်းပြင်း တစ်ချက်ရှူကာ ၎င်းကို မူလနေရာတွင် ပြန်ထားလိုက်၏။

"ခွန်းလင် ဝိညာဉ်သိုက်ကို အသက် တစ်ထောင် အောက် ရှိသူတွေသာ ဝင်ရောက်နိုင်ပေမဲ့ သိုက်ရဲ့ အပြင်ဘက်မှာတော့ လူသားမျိုးနွယ်၊ ပင်လယ်မျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စုတွေက အင်အားကြီး ပုဂ္ဂိုလ်တွေ ဆင်းသက်လာနိုင်တယ်..."

"ဒီလို ဖရိုဖရဲ အခြေအနေမျိုးမှာ ငါ ထင်တာကတော့ ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီးတွေတောင်မှ......"

တာအိုဆရာ ထျန်းယွီက တာအိုသခင်ကြီး ဟုန်ယွဲ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ၏ စကားလုံးများ၏ အဓိပ္ပာယ်ကို အတိအလင်း ဆက်မပြောဘဲ ချန်လှပ်ထားလိုက်၏။

တာအိုဆရာ ထျန်းယွီသည် မွေးရာပါ သတိကြီးသူ ဖြစ်သည်။ ခွန်းလင် ဝိညာဉ်သိုက်က ဆွဲဆောင်မှု ရှိသော်လည်း ၎င်းသည် လုံးဝကို သေချာနေသော အန္တရာယ်တစ်ခုလည်း ဖြစ်နေ၏။

အင်မော်တယ် အခွင့်အရေးများအတွက် ခွန်းလင် ဝိညာဉ်သိုက်သို့ စွန့်စားသွားရောက်ခြင်းက အလွန်အမင်း အန္တရာယ်ကြီးမားလှသည်။ သေချာပေါက် သေဆုံးမည် မဟုတ်သော်လည်း အသက်ရှင်ရန် အခွင့်အရေးမှာ ဆယ်ပုံတစ်ပုံသာ ရှိပေမည်။

ဤကဲ့သို့သော စွန့်စားမှုမျိုးမှာ အခွင့်အရေးများ ရှာဖွေရန် မြေကမ္ဘာအင်မော်တယ်စံအိမ်အတွက် မသင့်တော်ပေ။

သို့သော်လည်း... တာအိုသခင်ကြီး ဟုန်ယွဲ့က တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ စကားဆိုလိုက်၏။

"အခု အင်မော်တယ်ဂိုဏ်းမှာ ကျွန်တော်တို့ရဲ့ ဂျူနီယာညီလေးနဲ့ အကြီးအကဲ ရွှေဝိညာဉ် တို့ ရှိနေပြီဆိုတော့... ကျွန်တော် ရှိရှိ မရှိရှိ သိပ်တော့ ကွာခြားမှာ မဟုတ်ပါဘူး..."

ဖန်ရှောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အလျင်စလို မေးလိုက်၏။

"ဆရာ... ဆရာက သွားဖို့ စဉ်းစားနေတာလား..."

တာအိုသခင်ကြီး ဟုန်ယွဲ့က ခေါင်းညိတ်ပြလိုက်၏။

အင်မော်တယ်တစ်ပါး ဖြစ်လာရန် အခွင့်အရေး ပေါ်ပေါက်လာချိန်တွင် အန္တရာယ်ကို ရှောင်ရှားပြီး ထိုအရာအတွက် ယှဉ်ပြိုင်မှုကို သူ စွန့်လွှတ်လိုက်၍ မဖြစ်နိုင်ပေ။

ဤကမ္ဘာလောကတွင် ပြီးပြည့်စုံသော အခွင့်အရေးဟူသည် မရှိချေ။

အင်မော်တယ် ကံကြမ္မာကို ရရှိရန်အတွက် ၎င်းနှင့် ထိုက်တန်သော အန္တရာယ်များကို ရင်ဆိုင်ရဲရမည်သာ။

စွန့်လွှတ်မှု ရှိမှသာ ရရှိနိုင်ပေမည်။

ဤသည်မှာ လက်တွေ့ဆန်သော စစ်မှန်သည့် ကျင့်ကြံခြင်း ကမ္ဘာပင်။ ဤနေရာတွင် ကျင့်ကြံသူ အများစု... ရာခိုင်နှုန်း ကိုးဆယ့်ကိုးခန့် ရှိသူများသည် အင်မော်တယ် လမ်းစဉ်ဆီသို့ ကိုယ်ပိုင်လမ်းဖောက်နိုင်ရန်အတွက် ယှဉ်ပြိုင်၊ လုယက်ကာ တိုက်ခိုက်နေကြရလေ၏။

ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ချိန်မှစ၍ တာအိုသခင်ကြီး ဟုန်ယွဲ့သည် ဤအဆင့်၌ ကျင့်ကြံရန် မည်မျှ ခက်ခဲကြောင်း နားလည်သွားသည်။ သူ၏ တိုးတက်မှုနှုန်းမှာ ယခင်ကထက် များစွာ နှေးကွေးနေခဲ့၏။

ခွန်းလင် ဝိညာဉ်သိုက် ပေါ်ထွက်လာခြင်းက သူ့အတွက် တစ်စုံတစ်ရာ ရရှိစေနိုင်လိမ့်မည်။

သေချာပေါက်ပင် သူက ယခုအခါ အသက် တစ်ထောင်ကျော် နေခဲ့ပါပြီ။

သို့သော် အခွင့်အရေးများ ယှဉ်ပြိုင်ရန် ခွန်းလင် ဝိညာဉ်သိုက်အတွင်းသို့ ဝင်ရောက်ခြင်းမယ အပြင် အပြင်ဘက်မှ စောင့်ဆိုင်းနေခြင်းက ဝိညာဉ်သိုက် အတွင်းမှ ကံကြမ္မာကို မဆုပ်ကိုင်နိုင်ဟု မဆိုလိုပါပေ။

ကိုယ်တိုင် သွားရောက်ခြင်းအပြင် အင်မော်တယ်ဂိုဏ်းမှ သူတို့၏ ကံကြမ္မာကို ရှာဖွေလိုသော ပါရမီရှင် အချို့ကိုလည်း သူ ခေါ်ဆောင်သွားနိုင်၏။ အကယ်၍ သူတို့သာ အတွင်းထဲ၌ တစ်စုံတစ်ရာ ရရှိခဲ့လျှင် ၎င်းက မြေကမ္ဘာအင်မော်တယ်စံအိမ် အတွက် ကြီးမားသော အကျိုးကျေးဇူးပင် ဖြစ်လိမ့်မည်။

တာအိုသခင်ကြီး ဟုန်ယွဲ့၊ ဖန်ရှောင်၊ တာအိုဆရာ ထျန်းယွီနှင့် အခြားသူများ ခွန်းလင် ဝိညာဉ်သိုက် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနေကြစဉ်... တာအိုဆရာ ရှုဟိုင်မှာ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၊ ကောင်းကင်သိုင်းကျမ်း မျှော်စင် တွင် ဂုဏ်ထူးဆောင် ရာထူးတစ်ခုကို ယခုလေးတင် ရရှိသွားသည်။

ထိုအခိုက် တာအိုဆရာ ရှုဟိုင်၏ စိတ်ဝိညာဉ်ထဲ၌ မိစ္ဆာလိပ်၏ တုန်ယင်နေသော အသံကို ကြားလိုက်ရသည်။

မိစ္ဆာလိပ်၏ အသံမှာ တဆတ်ဆတ် တုန်ယင်နေပြီး အလောတကြီး အော်ပြောလိုက်၏။

"ခွန်းလင် ဝိညာဉ်သိုက် ပေါ်ထွက်လာပြီ... ကြီးမားတဲ့ ကပ်ဘေး နိမိတ်... ခမ်းနားတဲ့ ခေတ်ကာလတစ်ခုရဲ့ သင်္ကေတပဲ... ဒါက တကယ့် ဖရိုဖရဲ အခြေအနေကြီး... မြန်မြန်... မင်း ခွန်းလင် ဝိညာဉ်သိုက်ထဲကို ဝင်ရမယ်…”

All Chapters