အခန်း (၃၂၂-၃၂၄)
Vol. 22 Ch. 322-324
အခန်း (၃၂၂) - ကျဆုံးခြင်း၊ ကြေးမုံပျက်သုဉ်းခြင်း - အပိုင်း (၄)
~ထျဲမုန်ကျူး က ခဏမျှ တုံ့ဆိုင်းနေသည်။ လော့ချန်ယွီ ၊ စုဇီ ၊ ချန်ကျားယင်း နှင့် အခြားသူများ ပါးစပ်ပိတ်၍ ရယ်နေကြသည်ကို မြင်လိုက်ရသောအခါ၊ သူမက ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ”
လော့ချန်ယွီနှင့် စုဇီတို့၏ ဦးဆောင်မှုဖြင့် စုယွီ သည် ယွင်ကျန်းဂိုဏ်း အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ သူ့ရင်ထဲတွင် နောင်တရသော စိတ်အနည်းငယ် ဖြစ်ပေါ်လာမိ၏။
ကုန်းစွန်းရီ နှင့် သူ့အဖွဲ့က ယွင်ကျန်းဂိုဏ်းမှ ထွက်ခွာသွားကြပြီ ဖြစ်သလို၊ ချန်ပိုင်လိုင် နှင့် သူ့ဆရာလည်း သေဆုံးသွားကြပြီ ဖြစ်သည်။
ပါးရိုက်ချင်စရာ ကောင်းသော ပစ်မှတ်တွေ မရှိတော့ပြီ။
ယွင်ကျန်းဂိုဏ်းတွင် ပြင်ပတောင်များ အပါအဝင် ကြီးမားခမ်းနားသော တောင်တန်းပေါင်း တစ်ရာကျော် ရှိ၏။ ကြီးမားသော အခင်းအကျင်း တစ်ခု လွှမ်းခြုံထားပြီး၊ ဂိုဏ်း၏ ဝိညာဉ်သွေးကြော မှ ဝိညာဉ်စွမ်းအင်များကို စုစည်းပေးထားသည်။ ထိုစွမ်းအင်များကို ပြင်ပဂိုဏ်းသားများနှင့် အတွင်းဂိုဏ်းသားများ ကျင့်ကြံရာတွင် အသက်သွင်းကြသည်။
ပြင်ပဂိုဏ်း တွင် သဘာဝ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် ဒုတိယအဆင့် ဝိညာဉ်သွေးကြောနှင့် ညီမျှသည်။
သို့သော် ယွင်ကျန်းဂိုဏ်း၏ အတွင်းဂိုဏ်း နယ်မြေသို့ ဝင်ရောက်လိုက်သည်နှင့် ထူထဲသော သဘာဝ ဝိညာဉ်စွမ်းအင်များ ကပျာကယာ တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။
ပင်မတောင်ထွတ် (၃၆) ခု ရှိပြီး၊ တောင်တစ်ဝက်လောက်ကနေ စတင်ကာ မြူခိုးအလွှာများ ဖုံးလွှမ်းနေသဖြင့် တောင်ထွတ်များကို ကောင်းစွာ မမြင်နိုင်ပေ။
ရံဖန်ရံခါတွင်... မှော်လက်နက် များကို အသက်သွင်း၍ သွားလာလှုပ်ရှားနေကြသော ယွင်ကျန်းဂိုဏ်းသားများကို တွေ့လိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်ကို မြင်တွေ့ရသည်။
ဤနေရာရှိ သဘာဝ ဝိညာဉ်စွမ်းအင် ပတ်ဝန်းကျင်သည် တတိယအဆင့် ဝိညာဉ်သွေးကြောနှင့် ညီမျှနေပြီ ဖြစ်သည်။
စုယွီ ခေါ်ဆောင်လာသော စုမိသားစုမှ လူငယ် (၅) ဦးနှင့် ယွီမိသားစုမှ လူငယ် (၉) ဦးတို့ကို ပြင်ပဂိုဏ်းတွင် ထားခဲ့၏။ သူတို့၏ ပါရမီ ၊ နားလည်နိုင်စွမ်း နှင့် စိတ်နေသဘောထား တို့ကို စစ်ဆေးနေကြသည်။ အကယ်၍ သင့်တော်ပါက ယွင်ကျန်းဂိုဏ်းသို့ နောက်ပေါက်မှတစ်ဆင့် ဝင်ရောက်ကျင့်ကြံခွင့် ရရှိမည် ဖြစ်သည်။
ပြင်ပဂိုဏ်းသား ဘဝမှ စတင်ပြီး အနာဂတ်တွင် မည်မျှအထိ တက်လှမ်းနိုင်မည် ဆိုသည်ကတော့ သူတို့၏ သဘာဝ ပါရမီနှင့် ကံကုသိုလ်အပေါ်တွင် မူတည်ပေလိမ့်မည်။
ယွင်ကျန်းဂိုဏ်း၏ အတွင်းဂိုဏ်းသို့ ရောက်ရှိသောအခါ ယွီချန်ချင်း သည် စုချီ ကို ခေါ်ဆောင်၍ ထွက်ခွာသွားသည်။ သူမ၏ ဆရာဟောင်း နေထိုင်ခဲ့သော တောင်ထွတ်သို့ သွားရောက်လည်ပတ်ရန် ဖြစ်သည်။
လော့ချင်းယာ ၊ လန်ရှီ နှင့် လန်ကုန်း တို့ကို နေရာချထားပေးပြီးနောက်၊ စုယွီနှင့် ယွီခယ်အာ တို့သည် လော့ချန်ယွီ နောက်သို့ လိုက်ပါကာ ယွင်ကျန်းဂိုဏ်း၏ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေ သို့ သွားရောက်ကြ၏။
အခင်းအကျင်း အကာအကွယ် ဝင်ပေါက်ကို ဖြတ်ကျော်လိုက်သည်နှင့် ရုတ်တရက် မြင်ကွင်း ရှင်းလင်းသွားသည်။
ကမ္ဘာသစ်တစ်ခု စုယွီနှင့် ယွီခယ်အာတို့ ရှေ့တွင် ပေါ်လာ၏။
မြူခိုးများအသွင် စုစည်းနေသော ခမ်းနားထည်ဝါသည့် သဘာဝ ဝိညာဉ်စွမ်းအင်များသည် သူတို့ ဝင်ရောက်လိုက်သည်နှင့် ခန္ဓာကိုယ်ထဲသို့ အလုအယက် တိုးဝင်လာကြပြီး၊ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို အာဟာရ ဖြည့်တင်းပေးလိုက်၏။
ကျင့်ကြံခြင်း မပြုလုပ်ရင်တောင်မှ၊ သာမန်လူတစ်ယောက် ဒီနေရာမှာ နေထိုင်ရုံနဲ့တင် အသက် (၁၀၀) ကျော် ရှည်နိုင်တယ်။
ဒီ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေက သိပ်တော့ မကြီးမားလှပေ။ သူတို့ရှေ့တွင် ပေ (၃၀၀) ခန့် မြင့်သော တောင်ထွတ်တစ်ခုသာ ရှိသည်။
မြူခိုးများ လွှမ်းခြုံထားသော ထိုဝိညာဉ်တောင် ပေါ်သို့ ကျောက်စရစ်ခဲ လမ်းကလေးအတိုင်း သူတို့သုံးဦး လျှောက်တက်သွားကြသည်။
တောင်အလယ်လောက်ရှိ ပြေပြစ်သော နေရာတစ်ခုသို့ ရောက်သောအခါ သစ်သားအိမ်ကလေး တစ်လုံးနှင့် ခြံဝင်းတစ်ခုကို တွေ့လိုက်ရသည်။
ခြံဝင်းဘေးတွင် ဆေးဖက်ဝင် အပင်ငယ်များ စိုက်ပျိုးထားသော စိုက်ခင်းလေး တစ်ခုလည်း ရှိ၏။
လော့ချန်ယွီက သူတို့နှစ်ဦးကို ခြံဝင်းထဲသို့ ခေါ်ဆောင်သွားပြီး ကျောက်စားပွဲဝိုင်းတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ သူမ လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ဖက်ရည် ကိရိယာအစုံအလင် ပေါ်လာသည်။ သူမ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သောအခါ မလှမ်းမကမ်းရှိ ဝိညာဉ်စမ်းရေတွင်း မှ ရေများသည် လက်ဖက်ရည်အိုးထဲသို့ တန်းတန်းမတ်မတ် စီးဝင်လာ၏။
လက်ဖက်ရည် ဖျော်နေရင်း... နှင်းဖုံးတောင်ပေါ်တွင် တစ်ကိုယ်တည်း ပွင့်လန်းနေသော အဖြူရောင် ဇီးပန်းပွင့်လေးအလား လှပကျက်သရေရှိသော နှင်းဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားသည့် လော့ချန်ယွီက မျက်နှာတွင် အပြုံးနုနုလေးဖြင့် စုယွီနှင့် ယွီခယ်အာကို ကြည့်ကာ မေးလိုက်သည်။
“ဒီနေရာက ပတ်ဝန်းကျင်ကို ဘယ်လိုမြင်လဲ”
“စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ကောင်းကင်ဂူ ပဲဗျာ... ဘယ်လိုလုပ် မကောင်းဘဲ နေမှာလဲ... ကျွန်တော် ထင်တာတော့ တာ့ယွဲ့စီရင်စု တစ်ခုလုံးမှာ တာယွဲ့နန်းတော် ကလွဲရင် တာအိုမိတ်ဆွေ လော့ ဆီမှာပဲ ရှိမယ် ထင်တယ်”
စုယွီ သက်ပြင်းချလိုက်၏။
“ကျွန်တော့် မိသားစု တစ်ခုလုံး ခင်ဗျားဆီမှာ လာမှီခိုဖို့ ခေါ်လာခဲ့ပြီ”
လော့ချန်ယွီက သူ့စကားကြောင့် ကြည်လင်စွာ ရယ်လိုက်သည်။ သူမ၏ အပြုံးသည် နှင်းဖုံးတောင်ပေါ်တွင် ပွင့်လန်းနေသော ဇီးပန်းပွင့်လေးကဲ့သို့ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် လှပလွန်းလှ၏။
လော့ချန်ယွီက သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးလျက်၊
“ယွင်ကျန်းဂိုဏ်းမှာ စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ကောင်းကင်ဂူ ရှိတာတော့ မှန်ပါတယ်... ဒါပေမဲ့ တာယွဲ့နန်းတော် အပြင် ငါတို့ဆီမှာပဲ ရှိတာတော့ မဟုတ်ပါဘူး”
“ကောင်းကင်သိုင်းကျမ်း မျှော်စင်မှာလည်း ရှိနိုင်တယ်... ကောင်းကင် အပျက်အစီး ခန်းမဆောင်မှာလည်း ရှိနိုင်ခြေ များတယ်”
“ပြီးတော့... တံခါးပိတ် ကျင့်ကြံနေတဲ့ အင်မော်တယ် မိသားစု တချို့ဆီမှာလည်း ရှိကောင်းရှိနိုင်ပါတယ်”
“ဒါ့အပြင်... တာယွဲ့တောင်တန်း ထဲက မိစ္ဆာမျိုးနွယ်စု တွေဆီမှာလည်း သူတို့ပိုင် စတုတ္ထအဆင့် ဝိညာဉ်သွေးကြော လျှို့ဝှက်နယ်မြေတွေ ရှိသင့်တာပေါ့”
ထိုသို့ ပြောပြီးနောက် လော့ချန်ယွီသည် စုယွီနှင့် ယွီခယ်အာတို့ထံ ဝိညာဉ်လက်ဖက်ရည် တစ်ခွက်စီ ကမ်းပေးလိုက်သည်။
“မြည်းစမ်းကြည့်ပါဦး... ဒါက ငါတို့ ဘိုးဘေးတွေ ထားရစ်ခဲ့တဲ့ ဝိညာဉ်လက်ဖက်ရည်ပင်က ရတာပါ... ဒီတောင်ပေါ်မှာပဲ စိုက်ထားတာ... အရသာ တော်တော်လေး ကောင်းတယ်”
စုယွီနှင့် ယွီခယ်အာတို့ လက်ဖက်ရည် သောက်နေစဉ် လော့ချန်ယွီက ဆက်ပြောလာ၏။
“နင် လူတွေ ခေါ်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင်... လာမှီခိုတယ် ဆိုတဲ့ စကားမျိုး ပြောစရာ မလိုပါဘူး... နင်ကိုယ်တိုင်တောင် လာမှာ မဟုတ်ဘူး... ပြောစမ်းပါဦး... တလွဲတချော် ဖြစ်နေတာ တစ်ခုခုများ သတိထားမိလို့လား”
“မဟုတ်ရင်...နင့်လိုလူက ကိုယ့်အသိုက်အမြုံကို ရွှေ့ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးလေ”
“ဟင်း...”
ဘေးတွင် စကားဝင်မပြောဘဲ နေနေသော ယွီခယ်အာသည် ထိုစကားကြောင့် မနေနိုင်ဘဲ ရယ်မိသွားသည်။ သူမက လော့ချန်ယွီကို အကဲခတ်လိုက်ပြီး၊ နောက်ဆုံးတွင် အမျိုးသမီး နှစ်ယောက်စလုံး တခစ်ခစ် ရယ်နေကြတော့၏။
စုယွီသည် လက်ထဲရှိ ဝိညာဉ်လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်လိုက်ပြီး၊ လော့ချန်ယွီကို ကူကယ်ရာမဲ့ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ပါရမီရှိတဲ့ လူငယ်လေးတွေကို ခင်ဗျားဆီ လာပို့ပေးတာပါဆိုမှ”
လော့ချန်ယွီက ရယ်လိုက်သည်။
“ဪ... ဒါကြောင့်ကိုး”
သူတို့ အချိန်အတော်ကြာ စကားစမြည် ပြောဆိုကြသည်။
နောက်ဆုံးတွင် စုယွီက ပြောလိုက်၏။
“ဒါပေမဲ့... အခြေအနေ မဟန်ဘူး ဆိုတာနဲ့ ပတ်သက်ပြီး ပြောရရင်... ဒီရက်ပိုင်း တာ့ယွဲ့စီရင်စုမှာ တစ်ခုခု မှားယွင်းနေသလိုပဲ... ဖြစ်နိုင်တာက တစ်ယောက်ယောက်က ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေကို မျက်စိကျနေတာ ဖြစ်မယ်... ကြားတာတော့ မကြာသေးခင်က ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေကို ရှာဖွေရာမှာ ပါဝင်ခဲ့တဲ့ ကျင့်ကြံသူ မိသားစုတွေ အားလုံး စိတ်မအေးရဘူးတဲ့... စောင့်ကြည့်ခံနေရသလိုပဲတဲ့”
လော့ချန်ယွီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ထိုက်ရွှီ နတ်ဘုရား မဟာမိတ် အကြောင်း ပြောနေတာလား”
စုယွီက ခေါင်းကို အနည်းငယ် ညိတ်လိုက်၏။ လော့ချန်ယွီသည် ယွင်ကျန်းဂိုဏ်းကို ဦးစီးနေသူ ဖြစ်သဖြင့် ထိုက်ရွှီ နတ်ဘုရား မဟာမိတ်နှင့် တာယွဲ့နန်းတော်တို့၏ အကြောင်းကို သူမ သိရှိနေခြင်းမှာ အဆန်းတော့ မဟုတ်ပေ။
လော့ချန်ယွီက ပြောလိုက်သည်။
“ထိုက်ရွှီ နတ်ဘုရား မဟာမိတ်က ရွှေပုစဉ်း နည်းစနစ် ကို လိုချင်နေတာ... တာယွဲ့နန်းတော်က ပထမဆုံး သံသယဝင်ခံရမယ့်သူပဲ... ဒါကြောင့် ယွင်ကျန်းဂိုဏ်းအတွက်တော့ ပြဿနာကြီးကြီးမားမား ရှိမယ် မထင်ဘူး”
“ပြီးတော့ မိစ္ဆာ တောင်ထွတ် ရှစ်ခု မှာရှိတဲ့ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေမှာ အခု လူနည်းနည်းလေးပဲ စောင့်ကြပ်တော့တာ... ဂျူနီယာညီမလေး ရှောင်ဇီ (စုဇီ) ကို ကျန်တဲ့လူတွေ ပြန်ခေါ်ဖို့ ပြောပြီးပြီ... ကျန်ခဲ့တဲ့ လူတွေကလည်း တစ်ခုခု မသင်္ကာတာနဲ့ အမြန် ထွက်လာလို့ ရတယ်”
အခန်း (၃၂၃) - ကျဆုံးခြင်း၊ ကြေးမုံပျက်သုဉ်းခြင်း - အပိုင်း (၅)
~“တကယ်လို့ ထိုက်ရွှီ နတ်ဘုရား မဟာမိတ်က ရွှေပုစဉ်း နည်းစနစ်ကို ရှာဖွေချင်လို့ ဝင်လာမယ် ဆိုရင်လည်း... ပေးဝင်လိုက်ပေါ့... ဘာပဲပြောပြော သူတို့က ဒီမှာ အမြဲတမ်း နေသွားမယ့်သူတွေမှ မဟုတ်တာ... သူတို့ ပြန်ထွက်သွားတာနဲ့၊ ဘာပြဿနာမှ မရှိဘဲ ငါတို့ ပြန်သိမ်းပိုက်လို့ ရတာပဲ”
ထိုစကားကို ကြားလိုက်ရသောအခါ စုယွီက လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။
“တာအိုမိတ်ဆွေ လော့ က တကယ့်ကို ဉာဏ်ကောင်းပါပေတယ်... ကဲ... ဂုဏ်ပြုကြရအောင်”
လော့ချန်ယွီ၏ တောက်ပသော မျက်ဝန်းများက သူ့ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။
“ဒါက ဝိညာဉ်လက်ဖက်ရည်လေ...နင်က ဝိညာဉ်ဝိုင် သောက်ချင်လို့လား”
ဝိညာဉ်ဝိုင် အကြောင်း တွေးမိတော့ စုယွီ စိတ်လှုပ်ရှားသွားသည်။ သူ မမြည်းစမ်းဖူးသေးသော ဝိညာဉ်ဝိုင် တစ်မျိုး ရှိနေသေးသည် မဟုတ်ပါလား။
ြ
ထို့နောက် စုယွီသည် ယခင်က သူ့အား လက်ဆောင်ပေးထားသော ဆေးပညာရှင် တာအိုမိတ်ဆွေ ချင်းချွမ် ကိုယ်တိုင် ဖော်စပ်ထားသည့် "မိစ္ဆာနတ်ဘုရား ဝိုင်" ကို ထုတ်ယူလိုက်၏။
လော့ချန်ယွီ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး နှုတ်ခမ်းလေး ဟကာ ရေရွတ်လိုက်သည်။
“မိစ္ဆာနတ်ဘုရား ဝိုင်...”
စုယွီက အသာ ရယ်လိုက်သည်။
“ဟုတ်တယ်... ကျွန်တော်လည်း မသောက်ဖူးသေးဘူး... အခု အချိန်ကောင်းပဲ... အတူတူ မြည်းစမ်းကြတာပေါ့”
သူသည် မိမိအပါအဝင် တစ်ယောက်တစ်ခွက်စီ မိစ္ဆာနတ်ဘုရား ဝိုင်ကို ငှဲ့ထည့်ပေးလိုက်၏။
ဝိုင်ဘူးကို ဖွင့်လိုက်သည်နှင့် မသောက်ရသေးဘဲ မူးယစ်သွားစေနိုင်လောက်သော ပြင်းထန်ပြီး မွှေးပျံ့သည့် ရနံ့တစ်ခု ပျံ့လွင့်လာသည်။ ထို့နောက် စုယွီ၊ လော့ချန်ယွီနှင့် ယွီခယ်အာတို့ သုံးဦးစလုံးသည် သူတို့၏ ရင်ထဲတွင် မီးတောက်တစ်ခု တောက်လောင်လာသကဲ့သို့ ခံစားလိုက်ရသည်။
ရနံ့လေး တစ်ချက် ရှူရှိုက်လိုက်ရုံနှင့် သူတို့ကို လောင်ကျွမ်းသွားစေနိုင်လောက်၏။
စုယွီ အနည်းငယ် တုန်လှုပ်သွားသည်။
“ဒီ မိစ္ဆာနတ်ဘုရား ဝိုင်က တကယ့်ကို ထူးခြားတာပဲ”
လော့ချန်ယွီလည်း သိချင်စိတ် ဖြစ်ပေါ်လာ၏။ သူမသည် မိစ္ဆာနတ်ဘုရား ဝိုင်၏ ကျော်ကြားမှုကို ကြားဖူးသည်။ ၎င်းကို တာယွဲ့နန်းတော် တစ်ခုလုံးတွင် အပြင်းထန်ဆုံး ဝိုင်အဖြစ် သတ်မှတ်ထားကြပြီး၊ သူမ တစ်ခါမှ မမြည်းစမ်းဖူးခဲ့ပေ။
“သောက်ကြည့်ကြရအောင်...”
သူတို့ တစ်ငုံစီ သောက်လိုက်ကြသည်နှင့် ကပျာကယာပင် ပါးပြင်များ သိသိသာသာ နီရဲလာကြသည်။
လည်ချောင်းထဲသို့ မီးတောက်တစ်ခု စီးဆင်းသွားသကဲ့သို့ ပူပြင်းသော အရှိန်အဝါသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး၊ ပြင်းထန်သော ဝိုင်ဆိုသည်မှာ မည်သို့ဖြစ်ကြောင်း သူတို့ကို နားလည်စေခဲ့သည်။
ခေါင်းထဲသို့ ပူနွေးသော ခံစားမှုတစ်ခု ဒလဟော တက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ယွီခယ်အာ၏ မျက်နှာသည် နီရဲတောက်နေပြီး အသက်ရှူသံ ပြင်းလာကာ ရေရွတ်လိုက်သည်။
“အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတွေက ဒါကို အများကြီး သောက်လို့မရဘူး ထင်တယ်”
ဝိုင်အရသာသည် လည်ချောင်းထဲသို့ မီးတောက်စီးဝင်သွားသကဲ့သို့ ပြင်းထန်သော်လည်း၊ အလွန် အရသာရှိပြီး အထူးသဖြင့် အမျိုးသမီးများအကြား ရေပန်းစား၏။
ထို့ကြောင့် ယွီခယ်အာသည် တစ်ငုံ သောက်ပြီးနောက် မနေနိုင်တော့ဘဲ နောက်ထပ် တစ်ငုံပြီးတစ်ငုံ ဆက်သောက်နေမိသည်။
တစ်ခွက်ကုန်သောအခါ ယွီခယ်အာသည် ယိုင်နဲ့နဲ့ ဖြစ်လာပြီး ကျောက်စားပွဲပေါ်သို့ မှောက်ကျသွားတော့၏။
သုံးခွက် သောက်ပြီးနောက် စုယွီနှင့် လော့ချန်ယွီတို့လည်း အနည်းငယ် မူးဝေလာသဖြင့် ဆက်မသောက်တော့ဘဲ ရပ်တန့်လိုက်ကြသည်။
ခြံဝင်းငယ်လေးထဲတွင် အခန်း (၃) ခန်း ရှိ၏။ လော့ချန်ယွီသည် စုယွီနှင့် ယွီခယ်အာကို သူမ၏ အခန်းဘေးရှိ အခန်းများတွင် နေရာချထားပေးလိုက်သည်။ သူတို့ အခန်းထဲ ဝင်သွားသည်ကို ကြည့်ရင်း သူမ၏ မျက်လုံးများတွင်လည်း မူးယစ်ရီဝေသော အရိပ်အယောင်များ ပေါ်နေပြီး၊ နီရဲနေသော မျက်နှာလေးသည် ချစ်စဖွယ်ကောင်းကာ နူးညံ့သိမ်မွေ့နေ၏။
ဝိုင်သောက်ပြီးနောက် လော့ချန်ယွီသည် ရှားရှားပါးပါး မိန်းကလေးဆန်သော ဆွဲဆောင်မှုများကို ထုတ်ဖော်ပြသလာပြီး၊ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာမိသည်။
သို့သော် ခဏအကြာတွင် လော့ချန်ယွီသည် အသိစိတ် ပြန်ဝင်လာပြီး ခေါင်းခါလိုက်ကာ သူမ၏ အခန်းထဲသို့ ပြန်ဝင်သွား၏။
တိတ်ဆိတ်စေရန် အကာအကွယ် အခင်းအကျင်းတစ်ခု ဖန်တီးလိုက်ပြီးနောက်၊ မိစ္ဆာနတ်ဘုရား ဝိုင်၏ အာနိသင်ကို အသက်သွင်းကာ စိတ်ကို ငြိမ်သက်အောင် ထားပြီး စတင် ကျင့်ကြံလိုက်သည်။
ရုတ်တရက် အချိန်များ ကုန်ဆုံးသွား၏။
စုယွီ ယွင်ကျန်းဂိုဏ်းသို့ ရောက်ရှိလာပြီးနောက်၊ လော့ချန်ယွီသည် သူ၏ တတိယအဆင့်နိမ့် "ပိဟိုင် ဆေးလုံး" များကို ရံဖန်ရံခါ မျှဝေသုံးစွဲခွင့် ရရှိခဲ့သည်။ ထို့ပြင် စုယွီ၏ ဆေးပညာ ပိုမို ကျွမ်းကျင်လာသည်နှင့်အမျှ၊ အသုံးများသော တတိယအဆင့်နိမ့် ပိဟိုင် ဆေးလုံး တစ်သုတ် (၅) လုံးစလုံးကို အဆင့်မြင့် အရည်အသွေး ဖြင့် ဖော်စပ်ပေးနိုင်ခဲ့၏။
ယွင်ကျန်းဂိုဏ်းမှ ထောက်ပံ့သော ကုန်ကြမ်းပစ္စည်းများကို အသက်သွင်းပြီး စုယွီက ဆေးဖော်ပေးနေသဖြင့်၊ လော့ချန်ယွီသည် ယွီခယ်အာကို မကြာခဏ နောက်ပြောင်လေ့ရှိသည်။ သူမ အနေဖြင့် အခမဲ့ တတိယအဆင့်နိမ့် ဆေးပညာရှင် တစ်ယောက်ကို ကောက်ရထားသလို ဖြစ်နေပြီ ဟု ဆိုကာ ရယ်တတ်၏။
စုယွီ ယွင်ကျန်းဂိုဏ်းသို့ ရောက်ရှိပြီး (၃) နှစ်အကြာတွင်...
ယွီခယ်အာ၏ ကျင့်ကြံခြင်းသည် ထပ်မံ တိုးတက်မလာတော့ပေ။
ထို့ကြောင့် စုယွီသည် လော့ချန်ယွီနှင့် စုဇီတို့ကို ခေါ်ယူလိုက်ပြီး၊ သူ့လက်ထဲမှ "ရွှေအမြုတေ ဆေးလုံး" နှစ်လုံးကို ထုတ်ယူကာ ယွီခယ်အာနှင့် စုဇီကို တစ်လုံးစီ ပေးအပ်လိုက်သည်။ ဤအရာသည် သူတို့နှစ်ဦးအတွက် ကြိုတင် ပြင်ဆင်ထားခဲ့သော အရာများ ဖြစ်၏။ယဧ
“ဒါတွေက မတော်တဆ ကုန်ကြမ်းပစ္စည်းတွေ ရှာတွေ့လို့ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့တဲ့ ရွှေအမြုတေ ဆေးလုံး နှစ်လုံးပါ”
“အရည်အသွေးကတော့ ပြီးပြည့်စုံတဲ့ အဆင့် မဟုတ်ပေမယ့်... ခင်ဗျားတို့ရဲ့ အောင်မြင်နိုင်ခြေကို (၁၀) ရာခိုင်နှုန်းကျော်၊ နီးပါး (၂၀) ရာခိုင်နှုန်းလောက်အထိ တိုးမြှင့်ပေးနိုင်မယ်လို့ ထင်ပါတယ်”
“ခယ်အာ... အစ်မကြီး... ဒီနေရာမှာပဲ ရွှေအမြုတေ အဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားကြည့်မလား”
စုယွီက ရွှေအမြုတေ ဆေးလုံး နှစ်လုံး ထုတ်ပြလိုက်သောအခါ၊ ယွီခယ်အာနှင့် စုဇီသာမက လော့ချန်ယွီပါ အံ့သြသွားသည်။ သူမသည် စုယွီကို အံ့သြသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်၏။
“ရှင်က ရွှေအမြုတေ သစ်သီး ကို တွေ့ခဲ့တာလား... ပြီးတော့ ကုန်ကြမ်းပစ္စည်း အလုံအလောက် စုဆောင်းမိခဲ့တာလား”
ဒါ့အပြင်... ထိပ်တန်းအဆင့် နီးပါး အရည်အသွေးရှိတဲ့ ဆေးလုံးတစ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့တယ်တဲ့လား။
စုယွီက ရွှေအမြုတေ အဆင့် (၁) မှာပဲ ရှိသေးပြီး၊ တတိယအဆင့်နိမ့် ဆေးပညာရှင် တစ်ယောက်ပဲ ဖြစ်သေးတာလေ။
သူက ရွှေအမြုတေ ဆေးလုံးကို ကိုယ်တိုင် ဖော်စပ်ရဲတယ်တဲ့လား။ တကယ့်ကို သတ္တိကောင်းချက်ပဲ။
အခြေခံတည်ဆောက်ခြင်း ဆေးလုံး ၊ ကောင်းကင်နေမင်း ဆေးလုံး နှင့် ရွှေအမြုတေ ဆေးလုံးတို့သည် အလွန် တန်ဖိုးကြီးမားသော ဆေးလုံးများ ဖြစ်ကြသည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဒုတိယအဆင့်နိမ့် ဆေးပညာရှင်များသည် အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို ဖော်စပ်ရန် မဝံ့ရဲကြပေ။ ဒုတိယအဆင့် အလယ်အလတ် ဆေးပညာရှင်များ အတွက်လည်း အခြေခံတည်ဆောက်ခြင်း ဆေးလုံး ဖော်စပ်ရန် အခွင့်အရေး ရှားပါးလှ၏။
ဒုတိယအဆင့် အဆင်ုမြင့် ဆေးပညာရှင် ဖြစ်လာမှသာ အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို စတင် ဖော်စပ်သင့်သည်။
တတိယအဆင့်နိမ့် ဆေးပညာရှင်များသည် သီအိုရီအရ ကောင်းကင်နေမင်း ဆေးလုံးကို ဖော်စပ်နိုင်သော်လည်း၊ အောင်မြင်မှုနှုန်း မများနိုင်သလို အရ။ည်အသွေးလည်း ကောင်းမွန်မည် မဟုတ်ပေ။
ရွှေအမြုတေ ဆေးလုံးကိုမူ တတိယအဆင့် အလယ်အလတ်နှင့် အဆင်ုမြင့် ဆေးပညာရှင်များပင် ထိတွေ့ရန် မဝံ့ရဲကြချေ။
အကယ်၍ ရွှေအမြုတေ ဆေးလုံး တစ်သုတ် ပျက်စီးသွားပါက၊ သာမန် တတိယအဆင့်နိမ့် ဆေးပညာရှင် တစ်ယောက်အနေဖြင့် ထိုဆုံးရှုံးမှုကို လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
စုယွီက နောင်တရသော လေသံဖြင့် ပြောလိုက်၏။
“ကံကောင်းစွာနဲ့ ရှေးဟောင်း ကျောက်စိမ်းသေတ္တာ တစ်ခုထဲမှာ ဆေးစွမ်းအာနိသင် နည်းပါးနေတဲ့ ရွှေအမြုတေ သစ်သီး တစ်လုံးကို တွေ့ခဲ့တာပါ... ကျွန်တော့်ရဲ့ အကောင်းဆုံး အခြေအနေမှာတောင်မှ ဆေးလုံး နှစ်လုံးပဲ ဖော်စပ်နိုင်ခဲ့တယ်... နှမြောစရာပဲဗျာ”
.း
အခန်း (၃၂၄) - ကျဆုံးခြင်း၊ ကြေးမုံပျက်သုဉ်းခြင်း - အပိုင်း (၆)
~"ဒါ... ဒါက လက်ဆတ်နေတုန်းပဲ"
ရွှေအမြုတေ သစ်သီးကို မြင်လိုက်ရသောအခါ လော့ချန်ယွီ အလွန်အမင်း အံ့အားသင့်သွားသည်။
သူမသည် စုယွီကို မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ပြီး ရေရွတ်လိုက်၏။
"ရှင် ဒီမှာပဲ အမြဲတမ်း နေပြီး ကျင့်ကြံရင် ကောင်းမယ် ထင်တယ်... ရှင့်လို ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ ဆေးပညာရှင်မျိုး ရှိနေရင်... ကျွန်မရဲ့ ကျင့်ကြံမှု အရှိန်အဟုန်က သေချာပေါက် အများကြီး တိုးတက်လာမှာပဲ"
စုယွီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
"ခင်ဗျားရဲ့ ကျင့်ကြံမှု အရှိန်အဟုန်က ရှိရင်းစွဲကို ကြောက်စရာ ကောင်းနေပြီဗျာ... ဒီထက် ပိုမြန်လာရင်တော့ ကျန်တဲ့လူတွေ တကယ် စိတ်ဓာတ်ကျကုန်တော့မယ်"
ဒီအမျိုးသမီး၏ ပါရမီက တကယ်ကို ကြောက်စရာ ကောင်းလွန်း၏။ သူမက ရှေးဟောင်း ဓားတာအို ၏ ရွှေအမြုတေ အဆင့်ကို သူ့ထက် ဆယ်နှစ်လောက်ပဲ စောပြီး ရောက်ခဲ့သည်လေ။
ဒါပေမဲ့ အခု လော့ချန်ယွီက ရွှေအမြုတေ အဆင့် (၃) ကို ရောက်တော့မည်။
သူကတော့ အဆင့် (၁) မှာပဲ တဝဲလည်လည် ဖြစ်နေတုန်းပင်။
ကံကောင်းတာတစ်ခုက သူ့ကျင့်ကြံမှု တိုးတက်နှုန်းက တည်ငြိမ်ပြီး အဟန့်အတားတွေ မရှိ၍သာ။
မဟုတ်လျှင် စုယွီ တကယ်ပဲ စိတ်ဓာတ်ကျမိမည် ဖြစ်ပါ၏။
စုဇီနှင့် ယွီခယ်အာတို့သည် ရွှေအမြုတေ ဆေးလုံးကို မြင်တွေ့လိုက်ရသည့် အံ့သြမှုမှ သတိပြန်ဝင်လာကြ၏။
ယွီခယ်အာသည် အလွန် ဝမ်းမြောက်နေသည်။ ဤရွှေအမြုတေ ဆေးလုံးသာ ရှိလျှင် သူမ ရွှေအမြုတေ အဆင့်သို့ ရောက်ရှိနိုင်ခြေ (၆၀) ရာခိုင်နှုန်း အနည်းဆုံး ရှိပေသည်။ အကယ်၍ အောင်မြင်သွားပါက သက်တမ်းရှည်လာမည် ဖြစ်ပြီး၊ အရွယ်မတိုင်ခင် အိုမင်းရခြင်း ဘေးမှ ကင်းဝေးနိုင်ပေမည်။
စုဇီကမူ မျက်မှောင်လေး တွန့်ချိုးထားပြီး လော့ချန်ယွီဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။
"အစ်မ... ဒါက..."
လော့ချန်ယွီ စဉ်းစားလိုက်ကာ၊
"နင် အဆင့်တက်နိုင်မယ်ဆိုရင် ယူလိုက်ပါ"
"ဂိုဏ်းက ရွှေမူလအပင် က နောက်ထပ် ဆယ်နှစ်၊ နှစ်ဆယ်လောက် ကြာမှ ရင့်မှည့်မှာ... အဲဒီအချိန်ကျမှ အသီးတွေ ရင့်မှည့်လာရင် ဆေးဖော်ဖို့ ကုန်ကြမ်းပစ္စည်းတွေ စုဆောင်းပြီး နောက်ထပ် ဆေးတစ်သုတ် ထပ်ဖော်ကြတာပေါ့"
သူမ စုယွီကို တစ်ချက်ကြည့်လိုက်သော်လည်း ထွေထွေထူးထူး ယဉ်ကျေးမနေတော့ပေ။
စုယွီက စုဇီကို သူ့ညီမ ဖြစ်၍ ရွှေအမြုတေ ဆေးလုံး ပေးတယ် ဆိုတာ သိသော်လည်း၊ ယွင်ကျန်းဂိုဏ်း၏ အမြင်ဘက်က ကြည့်လျှင် စုဇီက အခု ဂိုဏ်းချုပ် ဖြစ်နေပြီမို့ ဒီဆေးလုံးကို ဂိုဏ်းက ပေးသင့်တာ ဖြစ်သည်။
ကံကောင်းတာက...
သူမ၏ ယွင်ကျန်းဂိုဏ်းမှာ ရွှေမူလအပင် ရှိနေသည့်အတွက် အခြေခံအုတ်မြစ် တောင့်တင်းနေ၏။
နောက်ထပ် ဆယ်နှစ်၊ နှစ်ဆယ်လောက် နေလျှင်.. ကုန်ကြမ်းပစ္စည်းတွေ စုဆောင်းနိုင်မှာမို့ စုယွီကို ပြန်ပေးဆပ်နိုင်မည်ပင်။
နောက်တစ်လအတွင်း စုယွီနှင့် လော့ချန်ယွီတို့ နှစ်ဦးစလုံးသည် ယွီခယ်အာနှင့် စုဇီတို့၏ အဆင့်တက်ခြင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်ကြ၏။ ရွှေအမြုတေ အဆင့်တက်ရာတွင် အထောက်အကူ ဖြစ်စေမည့် အရန်ဆေးလုံးများနှင့် ပစ္စည်းများကို ရှာဖွေစုဆောင်းပေးကြသည်။
ပြင်ဆင်မှုများ ပြီးစီးသောအခါ စုဇီသည် လျှို့ဝှက်နယ်မြေ အတွင်း၌ အဆင့်တက်ရန် ဦးစွာ ကြိုးပမ်း၏။
အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။
လဝက် ကြာပြီးနောက်...
“ဝီ...”
ရုတ်တရက် လျှို့ဝှက်နယ်မြေအတွင်းရှိ သဘာဝ ဝိညာဉ်စွမ်းအင်များ ပုံမှန်မဟုတ် လှုပ်ရှားလာ၏။ ဒီရေလှိုင်းတမျှ ကြီးမားသော စွမ်းအင်များသည် စုဇီ ရှိရာအရပ်သို့ တဟုန်ထိုး စီးဆင်းသွားကြရာ၊ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်ပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ လျှို့ဝှက်နယ်မြေ တစ်ခုလုံး လှုပ်ခါသွားခဲ့ရ၏။
နောက်တစ်ခဏတွင် ကောင်းကင်ဘုံ အရှိန်အဝါ သက်ဆင်းလာသည်။
သစ်သားအိမ်ကလေးတွင်...
စုယွီ၊ ယွီခယ်အာနှင့် လော့ချန်ယွီတို့သည် အပေါ်ဘက်ရှိ စုဇီ တံခါးပိတ်ကျင့်ကြံနေသော နေရာကို လေးနက်သော မျက်နှာထားများဖြင့် အကဲခတ်နေကြ၏။
စုယွီ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ပထမ စမ်းသပ်မှု... ရုပ်ခန္ဓာ ကပ်ဘေး ”
ဤစမ်းသပ်မှုသည် အလွန် အရေးကြီးသည်။ သူကိုယ်တိုင် ရုပ်ခန္ဓာ ကပ်ဘေးကို ချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊ ၎င်း၏ အန္တရာယ်ကို လျှော့မတွက်ရဲပေ။
အကယ်၍ ရုပ်ခန္ဓာ ကပ်ဘေးကို မကျော်ဖြတ်နိုင်ပါက ပြင်းထန်စွာ ဒဏ်ရာရနိုင်ပြီး အသက်အန္တရာယ်ပင် ရှိနိုင်၏။
စုဇီ အောင်မြင်စွာ ကျော်ဖြတ်နိုင်မလား ဆိုတာ သူ မသေချာပါ။
(၁၀) ရက်ခန့် ကြာသောအခါ... သဘာဝ ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားပြီး၊ တောင်ထိပ်ပေါ်ရှိ လေထုသည် ပိုမို အားကောင်းလာသည်ကို စုယွီ၊ လော့ချန်ယွီနှင့် ယွီခယ်အာတို့ တွေ့လိုက်ရသည်။
သေချာသည်မှာ ပထမ ရုပ်ခန္ဓာ ကပ်ဘေးကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ခဲ့ပြီပင်။
သူတို့သုံးဦးစလုံး၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသော အရိပ်အယောင်များ ပေါ်လာကြ၏။
ဒုတိယ ကပ်ဘေး... စိတ်နှလုံး ကပ်ဘေး ... သို့မဟုတ် နှလုံးသားနတ်ဆိုး ကပ်ဘေး ။
အခက်အခဲများနှင့် ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့ခဲ့ရဖူးသော စုဇီအတွက် သူမ၏ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ် သံသယ ဖြစ်စရာ မလိုပေ။ နှလုံးသားနတ်ဆိုး ကပ်ဘေးကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယူဆရသည်။ သို့သော် စုဇီသည် ဤအဆင့်ကို ကျော်ဖြတ်ရန် (၇) ရက်တိတိ အချိန်ယူလိုက်ရပြီး သီသီလေး လွတ်မြောက်ခဲ့ရ၏။
ခြံဝင်းငယ်လေးထဲတွင် စုယွီ၊ ယွီခယ်အာနှင့် လော့ချန်ယွီတို့သည် စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ကြသည်။ စုဇီ၏ သက်စောင့်စွမ်းအား သည် တစ်ခါတစ်ရံ အားနည်းသွားလိုက်၊ တစ်ခါတစ်ရံ ပြန်လည် အားကောင်းလာလိုက် ဖြစ်နေသဖြင့် အဆင့်တက်ခြင်း ကျရှုံးတော့မည့် လက္ခဏာများ ပြသနေခဲ့သည်။ ၎င်းသည် သူတို့အားလုံးကို ရိုလာကိုစတာ စီးနေရသကဲ့သို့ ရင်တမမ ဖြစ်စေခဲ့၏။
“ဂျူနီယာညီမလေး ရှောင်ကျီ ရဲ့ စိတ်တွင်းမိစ္ဆာ က ဘာမို့လို့ ဒီလောက်တောင် ကျော်ဖြတ်ရ ခက်နေတာလဲ”
လော့ချန်ယွီ နားမလည်နိုင်စွာ မေးလိုက်သည်။
တောင်ပေါ်ရှိ ကျောက်ဂူစံအိမ် အတွင်း၌... စိတ်နှလုံး ကပ်ဘေးကို ယခုလေးတင် ကျော်ဖြတ်နိုင်ခဲ့သော စုဇီ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော ခံစားမှုများ ပေါ်လွင်နေသည်။
သက်ပြင်းချလိုက်သကဲ့သို့ လေပူများကို မှုတ်ထုတ်လိုက်ပြီး သူမတစ်ယောက်တည်း ကြားနိုင်လောက်သော အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
“ငါ လုပ်နိုင်ခဲ့ပြီ”
နောက်ဆုံး ကပ်ဘေးမှာ ဝိညာဉ်စွမ်းအင် ကပ်ဘေး ဖြစ်သည်။
ဖီးနစ် နန်းတော် မှ ရရှိခဲ့သော "မူလ ဝိညာဉ် ကျင့်စဉ်" ကို အသက်သွင်းလိုက်ရာ၊ စုဇီသည် နောက်ဆုံး ကပ်ဘေးကို သိပ်မခက်ခဲဘဲ ကျော်ဖြတ်နိုင်ခဲ့၏။
(၄) ရက် ကြိုးစားပြီးနောက်... စုဇီ၏ သက်စောင့်စွမ်းအားသည် သိသိသာသာ မြင့်တက်လာခဲ့သည်။ နောက်ဆုံးတွင် သူမသည် အဟန့်အတား အတားအဆီးများကို ဖြိုခွင်းနိုင်ခဲ့ပြီး ရွှေအမြုတေ အဆင့် (၁) သို့ ရောက်ရှိသွားခဲ့လေပြီ။
စုဇီ အောင်မြင်ပြီး တစ်လအကြာတွင် ယွီခယ်အာသည်လည်း ဂူစံအိမ်အတွင်း တံခါးပိတ်ကျင့်ကြံကာ ရွှေအမြုတေ အဆင့်တက်ရန် ပြင်ဆင်လေတော့၏။
စုယွီ၊ လော့ချန်ယွီနှင့် စုဇီတို့သည် ယွီခယ်အာ၏ အဆင့်တက်ခြင်းကို စိုးရိမ်တကြီး စောင့်ကြည့်နေစဉ်၊ ထျဲမုန်ကျူး ရုတ်တရက် ရောက်ရှိလာသည်။ ခွင့်ပြုချက် တောင်းခံပြီးနောက် လော့ချန်ယွီနှင့် စုဇီတို့ ရှေ့သို့ ရောက်လာပြီး လေးနက်သော မျက်နှာထားဖြင့် အသိပေးလာ၏။
“အစ်မကြီး လော့... စီနီယာအစ်မ စု... ကုန်းစွန်းရီနဲ့ တုယွီလင်တို့ရဲ့ သွေးမဟာမိတ်အဖွဲ့ က ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေကို ရုတ်တရက် တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်”
“ဒါ့အပြင်... တာယွဲ့ နတ်ဘုရားမြို့တော် က ကင်းစခန်းဆီက စာတစ်စောင် ရောက်လာပါတယ်... မြို့ထဲက ကျန်းမိသားစု တိုက်ခိုက်ခံရပြီး မိသားစု ခေါင်းဆောင် ကျဆုံးသွားပါတယ်... အထိအခိုက် အကျအဆုံး များပြားပါတယ်... 'အရှင်သခင် တာယွဲ့' ရဲ့ တပည့်ကြီး အကြီးအကဲ 'ထျန်းဖူ' လည်း ခြုံခိုတိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန် ရသွားပါတယ်... အသေးစိတ်ကိုတော့ မသိရသေးပါဘူး”
“တာယွဲ့နန်းတော် ဘက်မှာလည်း... ထိုက်ရွှီ နတ်ဘုရား မဟာမိတ် နဲ့ တာယွဲ့နန်းတော်တို့အကြား တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပါတယ်... 'တာအိုမိတ်ဆွေ ထျဲကျွမ်' ဝင်ရောက် တိုက်ခိုက်ခဲ့ပေမယ့် ထိုက်ရွှီ နတ်ဘုရား မဟာမိတ် လူတွေရဲ့ ဟန့်တားခြင်းကို ခံလိုက်ရတယ်လို့ ဆိုပါတယ်”
“ကိုယ့်နယ်မြေမှာ ကိုယ်တိုက်ရတဲ့ အားသာချက် ရှိပေမယ့် တာယွဲ့နန်းတော် အထိနာသွားပါတယ်”
“တာယွဲ့နန်းတော်က ယွင်ကျန်းဂိုဏ်း အပါအဝင် အင်အားစု အားလုံးဆီကို သတင်းစကား ပါးလိုက်ပါတယ်... ထိုက်ရွှီ နတ်ဘုရား မဟာမိတ်နဲ့ တိုက်ပွဲကြီး ဆင်နွှဲဖို့ ပြင်ဆင်ထားကြပါတဲ့”
“တကယ်လို့ ထိုက်ရွှီ နတ်ဘုရား မဟာမိတ် ကျင့်ကြံသူတွေက တာ့ယွဲ့စီရင်စု အတွင်းကို ကျူးကျော်ဝင်ရောက်လာခဲ့ရင်... တာယွဲ့နန်းတော် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်းနဲ့တင် ရှုံးနိမ့်သွားနိုင်ပါတယ်”
“အဲဒီအချိန်ကျရင် ကျွန်မတို့ ကိုယ့်အားကိုယ်ကိုးကြရမှာပါ”
“ဒါ့အပြင်... ရရှိထားတဲ့ သတင်းတွေအရ 'ခိုင်ယန် နန်းတော်' ၊ 'ကျန်မြို့တော်' က ချင်မိသားစု နဲ့ တခြား အင်အားစုတွေရဲ့ နယ်မြေတွေမှာလည်း မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေပါတယ်... ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ရဲ့ သြဇာလွှမ်းမိုးမှုက တာ့ယွဲ့စီရင်စု တစ်ခုလုံးကို သက်ရောက်နေပြီ ဆိုတာ ထင်ရှားပါတယ်”
“တကယ်လို့ ထိုက်ရွှီ နတ်ဘုရား မဟာမိတ်သာ အင်အားအပြည့်နဲ့ ကျူးကျော်လာရင်... အခြေအနေက တကယ် ဆိုးရွားသွားနိုင်ပါတယ်”
စုယွီ၊ လော့ချန်ယွီနှင့် စုဇီတို့၏ မျက်နှာများ အုံ့မှိုင်းသွားကြသည်။
လော့ချန်ယွီ၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ဝင်းပသွားပြီး ပြောလိုက်၏။
“ကုန်းစွန်းရီ နဲ့ တုယွီလင်... ငါတို့က အသက်ရှင်ခွင့် ပေးခဲ့တာကို... သူတို့က ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပဲ”
“ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေကို သိမ်းပိုက်လိုက်တာက... ဒီ သွေးမဟာမိတ်အဖွဲ့ ဆိုတာကြီးက ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ရဲ့ နယ်ရုပ်ကလေး ဖြစ်နေတယ် ဆိုတဲ့ သဘောလား”
“ဟွန်း... သွေးမဟာမိတ်အဖွဲ့ရဲ့ အင်အားကို ဒီလောက်များပြားတဲ့ အရင်းအမြစ်တွေနဲ့ အရူးအမူး ချဲ့ထွင်နိုင်ခဲ့တာ မဆန်းတော့ပါဘူး... သဘောပေါက်ပြီ”
စုဇီက လေးနက်သော မျက်နှာထားဖြင့် ထျဲမုန်ကျူးကို ကြည့်ကာ မေးလိုက်သည်။
“ဂျူနီယာညီမလေး... ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေထဲမှာ ရှိနေတဲ့ အကြီးအကဲတွေနဲ့ ဂိုဏ်းသားတွေကို ရွှေ့ပြောင်းပြီးပြီလား”
ထျဲမုန်ကျူး ခေါင်းညိတ်လိုက်၏။
“သူတို့က အကြီးအကျယ် တိုက်ခိုက်လာကြတာပါ... ဂိုဏ်းက သတင်းကြိုရထားလို့ လူတိုင်းကို ကြိုတင် ရွှေ့ပြောင်းထားပြီးပါပြီ... ဘယ်သူမှ မထိခိုက်ပါဘူး”
စုဇီ စိတ်သက်သာရာ ရသွားရသည်။
“တော်သေးတာပေါ့”
ထိုအချိန်တွင် ထျဲမုန်ကျူးသည် စုဇီ၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်၏။ ဝိုးတဝါး ထွက်ပေါ်နေသော်လည်း သူမ၏ ရင်ကို တုန်ခါသွားစေလောက်အောင် အားကောင်းသော ဖိအားတစ်ခု ရှိနေသည်။
ထျဲမုန်ကျူး မျက်လုံးများ ပြူးကျယ်သွားသည်။ စုယွီ အနေဖြင့် သူမ ဤကဲ့သို့ မျက်နှာထားမျိုး ဖြစ်သွားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
ပုံမှန် တည်ငြိမ်လေးနက်နေသော ပုံစံသာ မဟုတ်လျှင် ထျဲမုန်ကျူးသည် သေချာပေါက် ရင်သပ်ရှုမောဖွယ် အလှပဂေး တစ်ဦး ဖြစ်ပေလိမ့်မည်။ သို့သော် သူမသည် အမြဲတမ်း တင်းမာခက်ထန်သော ပုံစံဖြင့်သာ နေလေ့ရှိသည်။
သူမ၏ အရှိန်အဝါသည် အလွန် ကြောက်စရာ ကောင်းလှသဖြင့်၊ သူမ၏ အကြည့်တစ်ချက်တည်းနှင့်ပင် ယွင်ကျန်းဂိုဏ်းသား တပည့်များသာမက အကြီးအကဲများပါ ကြောက်လန့်တုန်လှုပ်ကာ ခြေမခိုင် ဖြစ်သွားစေနိုင်၏။
ထျဲမုန်ကျူးသည် အံ့သြတကြီး ရေရွတ်လိုက်သည်။
“စီနီယာအစ်မ စု... အစ်မ... အစ်မ ရွှေအမြုတေ အဆင့်ကို အောင်မြင်သွားပြီလား”
သူမ၏ တုံ့ပြန်မှုကို ကြည့်ရင်း စုယွီက နောက်ပြောင်လိုက်၏။
“တာအိုမိတ်ဆွေ ထျဲ... ဒီလိုပုံစံလေးကမှ လူပုံပေါက်တာ... ခုနက ခင်ဗျားပုံစံက ကျွန်တော်ကိုတောင် လန့်သွားစေတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ထျဲမုန်ကျူးက သူ့ကို မျက်စောင်းထိုးလိုက်ပြီး နှာခေါင်းကလေး ရှုံ့လိုက်သည်။
သူ့စကားကို ကြားသော လော့ချန်ယွီနှင့် စုဇီတို့ ကြိတ်၍ ပြုံးလိုက်မိကြ၏။
ယခုအခါ သူမတို့အနည်းငယ်မှလွဲ၍ ယွင်ကျန်းဂိုဏ်း တစ်ခုလုံးတွင် ထျဲမုန်ကျူးကို ဂျူနီယာညီမလေး အဖြစ် သဘောထားပြီး မကြောက်ရွံ့သူ မည်သူ ရှိပါမည်နည်း။
အပြစ်ပေး အဆောင် ကို ဦးစီးသူ တစ်ဦးအနေဖြင့် ထျဲမုန်ကျူး၏ ကြာပွတ်သည် နောက်ပြောင်စရာ မဟုတ်ပေ။
တစ်ခါတစ်ရံတွင် လော့ချန်ယွီနှင့် စုဇီတို့ကိုပင် ဂိုဏ်းစည်းကမ်း လိုက်နာရန်၊ ဘိုးဘေးနှင့် ဂိုဏ်းချုပ် ဖြစ်သည့်အတွက် ဂုဏ်သိက္ခာ ထိန်းသိမ်းရန်၊ စိတ်မပျော့ရန်နှင့် 'ပရွက်ဆိတ်တွင်းလေး တစ်ခုကြောင့် တာတမံ ကျိုးပျက်နိုင်ကြောင်း' စသဖြင့် ထျဲမုန်ကျူးက ဆုံးမတတ်၏။
ယွင်ကျန်းဂိုဏ်းအတွက် ထျဲမုန်ကျူးသည် သူမ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို အမှန်တကယ် နှစ်မြှုပ်ထားခဲ့သူ ဖြစ်ပါသည်။