← Chapters

ပထမဆုံး တာဝန်

Vol. 2 Ch. 22

ပထမဆုံး တာဝန်

Vol. 2 Ch. 22

~(၃) လ ကြာပြီးနောက်...

စုယွီ သည် ဆေးလုံး ဖော်စပ် ပညာ၏ အခြေခံကို ပိုင်နိုင်စွာ တတ်မြောက်ခဲ့ပြီး၊ ပထမအဆင့် (အနိမ့်စား) "ချီစွမ်းအင် ဆေးလုံး" တစ်လုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေသည်။ သူ၏ အောင်မြင်မှုနှုန်းမှာ (၃၀%) ကျော် ရှိပြီး၊ ပထမအဆင့် (အနိမ့်စား) ဆေးလုံး ဖော်စပ် ပညာရှင် တစ်ယောက် ဖြစ်ရန် လိုအပ်သော စံချိန်စံညွှန်းကို ပြည့်မီသွားခဲ့သည်။

ဆေးလုံးမျှော်စင်နှင့် လမ်းမကြီး (၂) ခုခြားသော နေရာရှိ ခမ်းနားထည်ဝါသော စားသောက်ဆိုင်ကြီး တစ်ခု၏ ဒုတိယထပ်တွင်...

စုဇီ သည် စုချင်းယီ နှင့် စုယွီ တို့ နှစ်ဦးကို ဖိတ်ခေါ်ပြီး ညစာ စားပွဲဖြင့် ဧည့်ခံလေသည်။

ထိုစားပွဲဝိုင်းတွင် စုဇီ ထက် နောက်ကျပြီးမှ ဂိုဏ်းဝင်ခဲ့သော ယွင်ကျန်းဂိုဏ်းမှ ဂျူနီယာ မောင်လေး တစ်ယောက်နှင့် ညီမလေး တစ်ယောက်ပါ ပါဝင်ကြ၏။

လွန်ခဲ့သော (၂) နှစ်ကျော် ကာလနှင့် နှိုင်းယှဉ်လျှင်၊ ယခုအခါ စုဇီ သည် "ချီစွမ်းအင် စုစည်းခြင်း သတ္တမအဆင့်" သို့ ရောက်ရှိနေပြီ ဖြစ်၏။

ပါလာသော ဂျူနီယာ နှစ်ယောက်မှာမူ "ပဉ္စမအဆင့်" စီ ရှိကြ၏။

စုချင်းယီ သည် ဝိုင်တစ်ခွက် မော့သောက်လိုက်ပြီး စိတ်ပျက်လက်ပျက် ပြောလိုက်၏။

"အစ်ကိုယွီ မှာ ကျင့်ကြံဖို့ ပါရမီ မရှိဘူး ဆိုပေမယ့်... ဆေးလုံး ဖော်စပ် ပညာ ပါရမီ ကတော့ အံ့မခန်းပဲဗျာ"

"ဒုတိယ အကြီးအကဲ ဆိုရင် သူ့ပါရမီကို ကြည့်ပြီး အံ့သြလွန်းလို့ ဒီရက်ပိုင်း ပျော်နေလိုက်တာ မပြောပါနဲ့တော့"

"(၃) လ... (၃) လ လေး အတွင်းမှာပဲ... အစ်ကိုယွီ က ဆေးလုံး ဖော်စပ် ပညာကို ပိုင်နိုင်သွားပြီး ပထမအဆင့် (အနိမ့်စား) ဆေးလုံး ဖော်စပ် ပညာရှင် ဖြစ်သွားတယ်လေ"

ထိုစကား ကြားသောအခါ၊ မူလက စုယွီ နှင့် စုချင်းယီ တို့အပေါ် စိတ်ဝင်စားမှု မရှိလှသော ယွင်ကျန်းဂိုဏ်းသား နှစ်ယောက်သည် အံ့သြတကြီး ဖြစ်သွားပြီး စုယွီ ကို လှည့်ကြည့်လိုက်ကြ၏။

ကျင့်ကြံသူ လောကမှာ ဆေးလုံး ဖော်စပ် ပညာရှင်များ၏ အဆင့်အတန်းကို ဘယ်တော့မှ လျှော့မတွက်နှင့်။

ပထမအဆင့် (အဆင့်နိမ့်) သာ ရှိပါစေဦး... ချီစွမ်းအင် ပဉ္စမအဆင့် ရှိသည့် ဂိုဏ်းသားတွေ အနေနှင့်တောင် လေးစားမှု ပြရမည့် ပုဂ္ဂိုလ်မျိုးပင်။

ထိုမျှမက၊... ဒီပါရမီရှင်က (၃) လ တည်းနှင့် ဆေးလုံး ဖော်စပ် ပညာရှင် ဖြစ်လာသည်တဲ့။

စုချင်းယီ ဆိုရင် ယွင်ရှန်း ဈေးမြို့တော်ကို ရောက်တာ စုယွီ ထက် တစ်နှစ် စောလေ၏။ ချီစွမ်းအင် ပဉ္စမအဆင့် ရောက်နေပြီ ဖြစ်သည်။

သို့သော်၊ တစ်နှစ် ကြာသည်တောင်မှ ဆေးလုံး ဖော်စပ် ပညာကို သဘောမပေါက်သေးဘဲ၊ အလုပ်သင် ဘဝမှာပဲ ရှိနေသေး၏။

ပုံမှန် ဆိုလျှင် အလုပ်သင် တစ်ယောက်က (၂) နှစ်၊ (၃) နှစ်လောက် နေမှ ဆေးလုံး ဖော်စပ် ပညာရှင် အစစ် ဖြစ်လာတတ်ကြသည်။

(၃) နှစ် နေလို့မှ မဖြစ်လာလျှင်တော့... ပါရမီ မရှိလို့ပင်၊ စောစောစီးစီး လက်လျှော့လိုက်သည်က ပိုကောင်း၏။

စုဇီ လည်း သူမ၏ မောင်ဝမ်းကွဲ စုယွီ ကို လှပသော မျက်ဝန်းများဖြင့် အံ့သြစွာ ကြည့်နေမိသည်။ ထို့နောက် တွေဝေသွားသည်။

'ပါရမီရှင် ဆေးလုံး ဖော်စပ် ပညာရှင်... အဖေ ပြောဖူးတာတော့ သူက မိသားစုရဲ့ အဓိက ထောက်တိုင် ဖြစ်လာမယ့်သူတဲ့... ဒါပေမဲ့ ကျင့်ကြံမှု အဆင့်က နိမ့်နေတယ်'

'ဒီလို မောင်လေး တစ်ယောက်ကို... ငါနဲ့ အတူ ခေါ်သွားပြီး အန္တရာယ်တွေနဲ့ ရင်ဆိုင်ခိုင်းသင့်ပါ့မလား'

စုယွီ က စုချင်းယီ ကို မျက်ရိပ်ပြပြီး စကားလမ်းကြောင်း လွှဲခိုင်းလိုက်၏။ စုချင်းယီ က မနာလို၍၊ သို့မဟုတ် စုယွီ့ အကြောင်း ကြွားချင်၍ ပြောနေတာ မဟုတ်ပါချေ။

သခင်မလေး ခေါ်လာသည့် ဂိုဏ်းသား နှစ်ယောက်က သူတို့ကို အထင်သေးပြီး မောက်မာနေကြ၍... သက်သက်မဲ့ ပညာပေးလိုက်ခြင်းရယ်ပါ။

စုယွီ က (၃) လ အတွင်း ဆေးလုံး ဖော်စပ် ပညာရှင် ဖြစ်လာသည် ဆိုတာ သိလိုက်ရတော့... ဟိုနှစ်ယောက်၏ ဆက်ဆံပုံက ချက်ချင်း ပြောင်းလဲသွားပြီး၊ လေးစားမှုတွေ၊ ရင်းနှီးမှုတွေနဲ့ ပြည့်နှက်သွားတော့သည်။

စုယွီ ဟိုနှစ်ယောက်ကို အကဲခတ် ကြည့်လိုက်၏။

ကောင်လေး နာမည်က "လီရှီနန်"။ ရုပ်ရည် ချောမောပြီး လောကီ စည်းစိမ် ခံစားတတ်သည့် မင်းသားလေး ပုံစံမျိုးပင်။

ကောင်မလေး နာမည်က "ချန်စီစီ "။ တော်တော်လေး လှ၏။ အထူးသဖြင့် မျက်လုံးတွေက ဆွဲဆောင်မှု ရှိသည်။ သို့တိုင်၊ စိတ်နေသဘောထားကတော့ ရေခဲတုံးလို အေးစက်စက်နိုင်ပါ၏။

စုယွီ ပြုံးလိုက်ပြီး မေးလိုက်၏။

"အစ်မ... 'အတွင်းစည်း တပည့်' ဖြစ်ဖို့ ဘာတာဝန် ယူထားရတာလဲဗျ"

စုဇီ ခဏ တွန့်ဆုတ်နေပြီးမှ ပြောသည်။

"ပထမအဆင့် (နှောင်းပိုင်း) တောင်ပေါ်သိမ်းငှက် တစ်ကောင်ကို သတ်ရမယ်"

ထိုစကား ကြားသောအခါ စုချင်းယီ နှင့် စုယွီ တို့ မျက်နှာ တည်သွားကြ၏။

တောင်ပေါ်သိမ်းငှက် ဆိုတာ နာမည်ကြီး ရက်စက်သည့် သားရဲလေ။ ဉာဏ်ရည်တောင် ရှိသေးသည်။

ကျောက်နက်တောင်မှ ယွီမိသားစုသည် ဤသိမ်းငှက်မျိုးကို ယဉ်ပါးအောင် မွေးမြူနိုင်ခဲ့ခြင်းကြောင့် စတင် ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဒုတိယအဆင့် (အစောပိုင်း) သိမ်းငှက် တစ်ကောင်ကိုပါ ပိုင်ဆိုင်လာသောအခါ ယွီမိသားစု၏ အဆင့်အတန်းသည် တစ်ရှိန်ထိုး မြင့်တက်သွားခဲ့ပြီး အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများပင် ပေါ်ထွက်လာခဲ့လေသည်။

သိမ်းငှက်ကို သတ်ဖြတ်ရန်မှာ မလွယ်ကူလှပေ။ သွေးမျိုးဆက် အားကောင်းရုံသာမက သတိတရားလည်း အလွန်ကြီးမားသည်။ အန္တရာယ် အငွေ့အသက် ရသည်နှင့် ချက်ချင်းပင် ထပျံပြေးလေ့ ရှိသည်။

ပျံသန်းသည့် သားရဲ ဖြစ်နေတော့... ကျင့်ကြံသူတွေက မှော်လက်နက် အကူအညီ ယူလျှင်တောင်မှ သူ့အရှိန်ကို မမီနိုင်ပေ။

သို့သော်၊... အတွင်းစည်း တပည့် ဖြစ်ဖို့ ဆိုရင် ဒီတာဝန်ကို မဖြစ်မနေ အောင်မြင်အောင် လုပ်ရမည်။

စုဇီ သာ အတွင်းစည်း တပည့် ဖြစ်သွားလျှင်... ဂိုဏ်းထဲမှာ ရနိုင်မည့် အခွင့်အရေးတွေက အများကြီး ပိုကောင်းလာမည်ပင်။

စုဇီ၏ ပါရမီနှင့် ဆိုလျှင်... နောင်တစ်ချိန် အခြေခံ တည်ဆောက်ခြင်း အဆင့် ရောက်ဖို့ အခွင့်အလမ်း များလေ၏။

အတွင်းစည်း တပည့် ဖြစ်ဖို့ တစ်နှစ် စောတာနှင့် တစ်နှစ် နောက်ကျတာက... တော်တော်လေး ကွာခြားသည်။

စုဇီ က ဆက်ပြောလာသည်။

"ချီစွမ်းအင် ပဉ္စမအဆင့် အောက်က ကျင့်ကြံသူ (၄) ယောက်ကို အကူအညီ ခေါ်ခွင့် ရှိတယ်... ငါက ပထမအဆင့် (နှောင်းပိုင်း) သိမ်းငှက် တစ်ကောင် ရှိတဲ့ နေရာကို အတိအကျ စုံစမ်းထားပြီးပြီ... သွားဖို့ပဲ လိုတော့တယ်"

"တကယ်လို့ အောင်မြင်ခဲ့ရင်... ငါက သိမ်းငှက် ခေါင်းကိုပဲ ယူမယ်... ကျန်တဲ့ ပစ္စည်းတွေ အကုန်လုံးကို နင်တို့ (၄) ယောက် ခွဲယူကြ"

"ပြီးတော့... ပထမအဆင့် (အထူးစား) ချီစွမ်းအင် ဆေးလုံး (၁၂) လုံးကိုလည်း ငါ စိုက်ထုတ်ပေးမယ်"

ပထမအဆင့် (အနိမ့်စား) ဆေးလုံးက ဈေးပေါသည်။ ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ပေးရလေ၏။

(အထူးစား) ဆေးလုံး ကျတော့ ဈေးကြီးသည်။ တစ်လုံးကို (၁၀) တုံးကျော် ပေးရတ၏။ ချီစွမ်းအင် (အလယ်အလတ်) နှင့် (နှောင်းပိုင်း) အဆင့် ကျင့်ကြံသူတွေ အတွက်တော့ အရင်းအမြစ် ကောင်းပင် ဖြစ်သည်။

ခဏ စဉ်းစားပြီးနောက် စုယွီ သဘောတူလိုက်၏။

ဆုလာဘ် မက်၍ မဟုတ်ပါ။ စုဇီ အတွင်းစည်း တပည့် ဖြစ်သွားလျှင် သူရော၊ စုမိသားစုရော အကျိုးရှိမှာ ဖြစ်သောကြောင့်ပါ။

ဒီအကူအညီကို သူ ပေးမှ ဖြစ်မည်။

ဒါမှ မဟုတ်လျှင်... သူ့စိတ်ထား အတိုင်းသာ ဆိုလျှင်... ချီစွမ်းအင် ကိုးဆင့်မြောက် (ဒါမှမဟုတ်) အခြေခံ တည်ဆောက်ခြင်း အဆင့် ရောက်မှသာ မြို့ထဲက ထွက်မည်။

လီရှီနန် နှင့် ချန်စီစီ တို့လည်း သဘောတူလိုက်ကြ၏။ သူတို့လည်း ဆုလာဘ် မက်၍ မဟုတ်ပါ။

ဒါက ရင်းနှီးမြှုပ်နှံမှု တစ်ခုပင်။

စီနီယာ အစ်မ စုဇီ သာ အတွင်းစည်း တပည့် ဖြစ်သွားလျှင်... ဂိုဏ်းထဲမှာ သူတို့ မျက်နှာပန်း လှလာမှာလေ။

လီရှီနန် က စုယွီ ကို ကြည့်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်၏။

"စိတ်မပူပါနဲ့ အစ်ကိုယွီ... သိမ်းငှက်နဲ့ တွေ့ရင် ကျွန်တော် အစ်ကို့ကို ကာကွယ်ပေးပါ့မယ်... အစ်ကို့ကို ထိခိုက်ဒဏ်ရာ မရစေရပါဘူး"

(၃) ရက် ကြာရင် ယွင်ကျန်းဂိုဏ်း အပြင်ဘက် တံခါးပေါက်မှာ ဆုံကြဖို့ ချိန်းဆိုပြီးနောက်... စုဇီ၊ လီရှီနန် နှင့် ချန်စီစီ တို့ ထွက်ခွာသွားကြ၏။

စုယွီ လည်း စုချင်းယီ ကို နှုတ်ဆက်ပြီး၊ သူ၏ လက်ရှိ စွမ်းအားတွေကို ပြန်လည် ဆန်းစစ်လိုက်၏။

"မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်" ကျွမ်းကျင်မှုက (၉၃%) ရောက်နေပြီ။ ဆဋ္ဌမ အလွှာ ရောက်ဖို့ သိပ်မလိုတော့ပါချေ။

အကယ်၍ စုဇီ၏ တာဝန်၌ "ပဉ္စမအဆင့်အောက်" ဟူသော ကန့်သတ်ချက်သာ မပါဝင်ခဲ့ပါက သူသည် ဆဋ္ဌမအလွှာသို့ ရောက်ရှိပြီးမှသာ လိုက်ပါသွားလိုခြင်း ဖြစ်သည်။

"နှစ်ပတ်လည်ကွင်းကျင့်စဉ်" သည် စတုတ္ထအပတ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ချီစွမ်းအင် စတုတ္ထအဆင့်နှင့် ညီမျှပေသည်။ ဝိညာဉ်စွမ်းအင် မပြင်းထန်သော်လည်း ခံနိုင်ရည်ရှိခြင်းနှင့် ကုစားနိုင်စွမ်း ကောင်းမွန်ခြင်းတို့မှာ အားသာချက်များ ဖြစ်ကြ၏။

"သွေးနီရောင်လော့ဓား" ဟူသော အဆင့်နိမ့် မှော်လက်နက်လည်း ရှိနေသေးသည်။ ချပ်ဝတ်ကို ဖောက်ထွင်းနိုင်စွမ်းရှိရာ သိမ်းငှက်ကို ဒဏ်ရာရအောင် ပြုလုပ်နိုင်ပေလိမ့်မည်။

"ငါ့လက်ထဲမှာ ဝိညာဉ်ကျောက်တုံး (၈၀၀) ကျော် ကျန်သေးတာပဲ... မှော်ချပ်ဝတ် တစ်ခုလောက် ဝယ်လိုက်ရင် ကောင်းမယ်"

စုယွီ တွေးတောလိုက်မိသည်။

သူ၏ လုံခြုံရေးသည် ပထမဦးစားပေး ဖြစ်သည်။ ယခင်က အပြင်မထွက်၊ တိုက်ခိုက်ခြင်း မပြုလုပ်ရသဖြင့် ကိစ္စမရှိသော်လည်း ယခုမူ (နှောင်းပိုင်း) အဆင့် သားရဲနှင့် ရင်ဆိုင်ရမည် ဖြစ်ရာ အနည်းငယ် စိုးရိမ်မိသည်။

မိမိအင်အားကို တွက်ချက်ပြီးနောက် စုယွီသည် ဈေးမြို့တော်အတွင်းရှိ ယွင်ကျန်းဂိုဏ်းပိုင် ကုန်တိုက်ကြီးဆီသို့ အမြန်သွားရောက်လိုက်တော့သည်။

ရွေးချယ်ပြီးနောက် ဝိညာဉ်ကျောက်တုံး (၂၃၀) တန်ဖိုးရှိသည့် အလယ်အလတ်အဆင့် မှော်လက်နက် "အစိမ်းရောင် မှော် ဝတ်ရုံ" ကို ဝယ်ယူလိုက်သည်။ ၎င်းတွင် ကာကွယ်ရေးအခင်းအကျင်း ပါဝင်ပြီး အရေးကြုံပါက "အစိမ်းရောင်ဒိုင်း" တစ်ခု ထုတ်လွှတ်ကာ (နှောင်းပိုင်း) အဆင့် သားရဲ၏ တိုက်ခိုက်မှု တစ်ချက်၊ နှစ်ချက်ခန့်ကို ခံနိုင်ရည်ရှိပေသည်။

နောက်ထပ် တစ်ခုမှာ "ရေခဲဝိညာဉ်အပ်" ဟုခေါ်သော ထိပ်တန်း အဆင့်နိမ့် မှော်လက်နက်တစ်စုံ ဖြစ်သည်။ အပ် (၅) ချောင်း ပါဝင်ပြီး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပါက ရေခဲရိုက်ခတ်ပြီး နှေးကွေးသွားစေနိုင်သည့် အာနိသင်ရှိသည်။

ချပ်ဝတ် ဖောက်ထွင်းရာ၌လည်း အထူး ကောင်းမွန်လှသည်။

အကယ်၍သာ သည်အပ်ကို ရန်သူ့ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်အောင် ပြုလုပ်နိုင်လျှင် ယင်းအပ်ကို ကြားခံနယ်အဖြစ် အသုံးပြုကာ "ဝိညာဉ်စားနည်းစနစ်" ဖြင့် လှမ်း၍ စုပ်ယူနိုင်ပြီ ဖြစ်၏။

အသက်စွမ်းအားကို မစုပ်ယူနိုင်လျှင်ပင် ဝိညာဉ်စွမ်းအင်များကို အကြီးအကျယ် စုပ်ယူပစ်နိုင်ပေသည်။ တစ်စုံလျှင် ဝိညာဉ်ကျောက်တုံး (၁၈၀) ကျသင့်သည်။

မှော်လက်နက်များအပြင် ထိပ်တန်း ပထမအဆင့် "အဆောင်လက်ဖွဲ့" အချို့ကိုလည်း ဝယ်ယူလိုက်သေးသည်။

ကာကွယ်ရေးအတွက် "ရွှေရောင်အလင်းတန်း အဆောင်" (၂) ခု၊ အရှိန်မြှင့်ရန်အတွက် "နတ်ဘုရား အမြန်နှုန်းအဆောင်" (၂) ခု၊ တိုက်ခိုက်ရန်အတွက် "တိမ်ခွဲမြှားအဆောင်" (၂) ခု တို့ဖြစ်ပြီး စုစုပေါင်း ဝိညာဉ်ကျောက်တုံး (၁၉၀) ကုန်ကျသွားခဲ့သည်။

"ပြန်ရောက်ရင် မှော်လက်နက် နှစ်ခုကို အရင် သန့်စင်လိုက်ဦးမယ်... ပြီးမှ အခြေအနေ ပြန်ညှိရမယ်”

ပထမဆုံး အကြိမ် တောရိုင်းထဲ ထွက်ပြီး အမဲလိုက်ရမှာ ဆိုတော့... စုယွီ နည်းနည်းတော့ စိတ်လှုပ်ရှားနေမိသည်။ ထို့ကြောင့် ရှိသမျှ ပိုက်ဆံ အကုန်နီးပါး သုံးပြီး အင်အား ဖြည့်တင်းလိုက်ခြင်း ဖြစ်၏။

တကယ်လို့သာ စုဇီ တို့သာ သူ့ပြင်ဆင်မှုတွေကို သိသွားလျှင်... ပါးစပ်အဟောင်းသား ဖြစ်သွားကြမှာ သေချာပါသည်။

ဒါက... အလွန်အကျွံ ဖြစ်လွန်းနေပြီလေ။

All Chapters