← Chapters

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အခန်း (၅၆၈) - ပင်လယ်လိပ် ဝိညာဉ် (၁)

စုယွီတစ်ယောက် လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေထဲမှ ရှေးဟောင်း သားရဲဥကြီးကို တွေ့ရှိခဲ့သည်မှာ ဆယ်နှစ်ကျော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ထိုနှစ်များတစ်လျှောက်လုံး စုယွီက ဤသားရဲဥကြီးကို သစ်သား ဝိညာဉ်စွမ်းအင်များ ဝိညာဉ်အရည်များဖြင့် ပြုစုပျိုးထောင် ပေးခဲ့ပါ၏။ ၎င်းစားသုံးခဲ့သော ဝိညာဉ်အရင်းအမြစ်များက စုယွီကိုယ်တိုင် သုံးစွဲခဲ့သည်ထက်ပင် အဆပေါင်းများစွာ သာလွန်နေခဲ့တော့သည်။

အမှန်တကယ်ပင် အဆင့်လေး အလယ်အလတ်တန်းစား ဝိညာဉ်အရည်များ ဖြစ်နေခဲ့ပါ၏။ လက်ရှိအချိန်အထိ စုယွီက သူ၏ကျင့်ကြံခြင်းအတွက် အဆင့်သုံး အဆင့်မြင့် ဝိညာဉ်အရည်များကိုသာ အသုံးပြုနေဆဲဖြစ်ပြီး အဆင့်လေး အဆင့်နိမ့် ဝိညာဉ်အရည်များကို တစ်ခါတစ်ရံမှသာ သန့်စင်ရန် ကြိုးစားနိုင်သေးသည်။ အဆင့်သုံးနှင့် အဆင့်လေး ဝိညာဉ်အရည်များအကြားရှိ ကွာဟချက်က တကယ့်ကို ကြီးမားလှသော ချောက်ကမ်းပါးကြီး တစ်ခုလိုပင်။

အဘယ်ကြောင့်ဆိုသော် အဆင့်လေး ဝိညာဉ်အရည်များထဲတွင် ကောင်းကင်နှင့်မြေကြီး တာအို၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ကိန်းအောင်းနေသောကြောင့် ဖြစ်၏။

ဤအဆင့်တွင်ရှိသော စုယွီအတွက်မူ အဆင့်သုံး အဆင့်မြင့် ဝိညာဉ်အရည်များကသာ ပိုမို သင့်တော်နေခဲ့သည်။ သို့သော်ငြား မမွေးဖွားလာသေးသော ဤရှေးဟောင်း သားရဲဥကြီးကမူ ဆယ်နှစ်ကျော်တိုင်အောင် အဆင့်လေး ဝိညာဉ်အရည်များကို စားသုံးနေခဲ့ပြီး နေ့စဉ် ကျင့်ကြံပြီးတိုင်း စုယွီ၏ သစ်စိမ်းဝိညာဉ်စွမ်းအင်များဖြင့် အားဖြည့်ပေးခြင်းကို ခံနေရပါ၏။

ယခုအခါ ထိုဥကြီးထံမှ ထွက်ပေါ်လာသော အငွေ့အသက်များကြောင့် စုယွီ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့တော့သည်။

သားရဲဥကြီး၏ မျက်နှာပြင်ပေါ်ရှိ သိပ်သည်းလှသော မှော်ဝင်ကမ္ပည်းစာများထံမှ တောက်ပသော မြင့်မြတ်သောအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ကွဲအက်သံများနှင့်အတူ တဝီဝီမြည်သံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ဥခွံကျိုးပဲ့သွားသော အသံများက ပဲ့တင်ထပ်သွားတော့၏။

ထိုအခိုက်အတန့်၌ စုယွီကိုပင် လန့်ဖျပ်သွားစေနိုင်လောက်သည့် အလွန် ကြောက်မက်ဖွယ်ကောင်းသော သက်ရှိစွမ်းအင်တစ်ခုက ဥခွံထဲမှနေ၍ ပျံ့နှံ့ထွက်ပေါ်လာခဲ့တော့သည်။

စုယွီ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပါ၏။ သူ၏ရှေ့တွင် ပေါ်ထွက်လာသော သားရဲဥကြီးကို ကြည့်ရင်း အလွန်တရာ အံ့အားသင့်သွားခဲ့တော့၏။ သူ၏ရှေ့ရှိ ပြောင်းလဲနေသော သားရဲဥကြီးကို စုယွီတစ်ယောက် စိုက်ကြည့်နေမိလိုက်သည်။

“ဒီအငွေ့အသက်က... အဆင့်သုံး သားရဲတစ်ကောင်နဲ့တောင် ယှဉ်နိုင်လောက်တဲ့ ပုံစံပဲ... သူ့ရဲ့ သက်ရှိစွမ်းအင်က ငါ့ထက်တောင် ပိုပြီး အားကောင်းနေသလိုပဲ... အခုမှ မွေးလာတာကို သက်တမ်းက ငါ့ထက်တောင် ပိုရှည်နေပြီလား...”

နာရီဝက်ခန့် အချိန်ကုန်လွန်သွားခဲ့ပါပြီ။

အက်ကွဲသံတစ်ချက်နှင့်အတူ ဧရာမ သားရဲဥကြီးက နှစ်ခြမ်းကွဲသွားခဲ့ပြီး လိပ်ခေါင်းတစ်ခေါင်း ထွက်ပေါ်လာခဲ့၏။ ထိုအကောင်လေးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး စုယွီကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ၎င်း၏ မျက်လုံးလေးများက ရုတ်တရက် တောက်ပသွားခဲ့တော့သည်။ ကျိုးပဲ့နေသော ဥခွံများကို ၎င်း၏ ခြေသည်းများဖြင့် ကန်ထုတ်လိုက်ပြီးနောက် အပြင်သို့ တွားသွားကာ ထွက်လာခဲ့လေရာ အရွယ်အစားမှာ တစ်ပေကျော်ခန့် ကြီးမားနေပါ၏။

ထို့နောက် ရင့်ရော်သော အပြာရောင် အလင်းတန်းတစ်ခု လက်ခနဲ တောက်ပသွားပြီးနောက် ယခုမှ ပေါက်လာသော လိပ်လေးက စုယွီ၏ ခြေရင်းတွင် ပေါ်လာကာ ၎င်း၏ခေါင်းလေးဖြင့် စုယွီ၏ ပေါင်ကို လာရောက် ပွတ်သီးပွတ်သပ် လုပ်နေခဲ့သည်။

စုယွီ၏ သစ်စိမ်းဝိညာဉ်စွမ်းအင်များဖြင့် ဆယ်နှစ်ကျော်ကြာ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသောကြောင့် လိပ်ကလေးက စုယွီ၏ အငွေ့အသက်နှင့် ရင်းနှီးနေခဲ့ပြီ ဖြစ်၏။ ယခုမှ မွေးဖွားလာသော်လည်း ၎င်းက သဘာဝအတိုင်း စုယွီအပေါ် မှီခိုချင်စိတ်များ ဖြစ်ပေါ်နေခဲ့တော့သည်။

စုယွီက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လိပ်ကလေးကို ကောက်ကိုင်ကာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး မွေးရာပါ အဆင့်သုံး အဆင့်နိမ့် ကျင့်ကြံခြင်းအဆင့် တစ်ခု ဖြစ်နေခဲ့ပါ၏။ မွေးမွေးချင်း အဆင့်သုံး ကျင့်ကြံခြင်းအဆင့် ဖြစ်နေခြင်းက မည်မျှတောင် အံ့မခန်းနိုင်ဖွယ်ကောင်းသော သွေးမျိုးဆက် တစ်ခု ဖြစ်နေခဲ့သနည်း။

“တကယ်ကြီး အဆင့်သုံး အဆင့်နိမ့် ကျင့်ကြံခြင်းအဆင့် ဖြစ်နေတာပဲ...”

သို့သော်ငြား စုယွီက သားရဲထိန်းချုပ်ခြင်း ကျင့်စဉ်ကို အသုံးပြုလိုက်ပြီး လိပ်ကလေးကို ထိန်းချုပ်လိုက်သောအခါ လိပ်ကလေး၏ စိတ်ထဲမှနေ၍ ဝေဝါးနေသော အချက်အလက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအချက်အလက်များကို သူ သိရှိနားလည်သွားသည့် အခိုက်အတန့်တွင် စုယွီ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့တော့၏။ ထိုအရာက ပင်လယ်လွှမ်းမိုး လိပ်ကြီး တစ်ကောင် ဖြစ်နေခဲ့သည်။ ရှေးဟောင်းခေတ်မှ ပင်လယ်လွှမ်းမိုး နယ်မြေ၏ အရှင်သခင်ဖြစ်သော ပင်လယ်လွှမ်းမိုး လိပ်ကြီးဆိုသည်မှာ စစ်မှန်သော ရှေးဟောင်း ဝိညာဉ်သားရဲ မျိုးနွယ်ဝင်တစ်ကောင်ပင် ဖြစ်ပါ၏။

ရက်အနည်းငယ် ကြာပြီးနောက် ပင်လယ်လွှမ်းမိုး လိပ်ကြီးက ၎င်း၏ ကိုယ်ပိုင် အငွေ့အသက်ကို ထိန်းချုပ်ရန် သင်ယူတတ်မြောက်သွားပြီးနောက် ကလေးငယ်တစ်ယောက်ကဲ့သို့ ဆက်သွယ်ပြောဆိုနိုင်သည့် စွမ်းရည်ကိုပါ ရရှိသွားခဲ့သည်။

ထိုအခါ စုယွီက ၎င်းကို မှော်ဝင်ပစ္စည်း နန်းတော်ထဲမှ ခေါ်ထုတ်လာခဲ့ပြီး ပြုစုစောင့်ရှောက်ရန်အတွက် လင်းချင်းရှား၊ လင်းပင်းနှင့် ယန်ယွီမင်တို့ထံ လွှဲပြောင်းပေးအပ်လိုက်ပါ၏။

သူက လင်းချင်းရှားနှင့် အခြားနှစ်ယောက် အပါအဝင် ပင်လယ်လွှမ်းမိုး လိပ်ကြီးကိုပါ ဆေးလုံး စံအ်ိမ်၏ နောက်ဖေးဝင်းထဲမှ ဘယ်သောအခါမှ ထွက်မသွားရန်နှင့် အပြင်လူများ လုံးဝ မတွေ့စေရန် သေချာစွာ သတိပေးပြောကြားခဲ့တော့သည်။

စုယွီက နေ့စဉ်နေ့တိုင်း အဆင့်သုံး ဆေးလုံးများနှင့် အဆင့်သုံး ဝိညာဉ်အရည်များဖြင့် ကျွေးမွေးရန် ကြိုးစားခဲ့သော်လည်း ပင်လယ်လွှမ်းမိုး လိပ်ကြီးက လုံးဝ မစားသောက်ခဲ့ပေ။

သူက အဆင့်လေး အလယ်အလတ်တန်းစား ဝိညာဉ်အရည်သို့ ပြောင်းလဲတိုက်ကျွေးလိုက်သည့် အခါမှသာ ထိုအကောင်လေးက ပျော်ရွှင်စွာဖြင့် တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။ နေ့တစ်ဝက်ပင် မကြာလိုက်ဘဲ အဆင့်လေး အလယ်အလတ်တန်းစား ဝိညာဉ်အရည် တစ်စက်က အပြည့်အဝ ကြေညက်သွားခဲ့ပါ၏။

ဤနှုန်းထားက စုယွီကို အနည်းငယ် ခေါင်းကိုက်သွားစေခဲ့၏။ ထိုအကောင်လေး၏ အစာစားချင်စိတ်က အတော်လေး ကြီးမားနေပုံရသည်။

‘ထိုက်ရွှီနဲ့များ တွေ့လိုက်ရင် ဘယ်သူက ပိုပြီး အားကောင်းမလဲ မသိဘူး...’

တာ့ယွီတောင်တန်းတွင် နေထိုင်သော ထူးခြားလှသည့် သားရဲကြီး ထိုက်ရွှီကို စုယွီ သတိရသွားခဲ့ပြီး သူ၏ရှေ့ရှိ ပင်လယ်လွှမ်းမိုး လိပ်ကြီး၏ သွေးမျိုးဆက်က ပို၍ အားကောင်းနိုင်မည်ဟု ခန့်မှန်းတွေးတောမိလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုက်ရွှီက ရှေးဟောင်း ဖီးနစ်ငှက်၏ မျိုးဆက်သွေးကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ်၏။ သို့သော်ငြား ဤပင်လယ်လွှမ်းမိုး လိပ်ကြီးကမူ စစ်မှန်သော ရှေးဟောင်း ဝိညာဉ်သားရဲ တစ်ကောင်၏ သွေးမျိုးဆက်ကို သယ်ဆောင်ထားခြင်း ဖြစ်ပေသည်။ ၎င်းက အလွန် ကြီးမားလှသော အစာစားချင်စိတ် ရှိနေပုံရသော်လည်း အတော်လေး အားကောင်းနေမည်မှာ သေချာလှပါ၏။

ထိုက်ရွှီနှင့် ကောင်းကင် မိုးကြိုးကြွက် အပါအဝင် တစ်အုပ်စုလုံးနှင့်အတူ ဤကဲ့သို့သော သတ္တဝါမျိုးကိုပါ မွေးမြူထားရခြင်းက သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် တတ်နိုင်စရာ အကြောင်း လုံးဝမရှိပေ။ စားလိုက် အိပ်လိုက်နှင့် ထပ်ခါတလဲလဲ လုပ်နေခြင်းက ပင်လယ်လွှမ်းမိုး လိပ်ကြီး၏ နေ့စဉ်ဘဝပင် ဖြစ်တော့သည်။ သို့သော်ငြား သတင်းကောင်းတစ်ခုမှာ ပင်လယ်လွှမ်းမိုး လိပ်ကြီးက အစားအသောက် အတော်လေး ကြီးသော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက သိသိသာသာ မြန်ဆန်သော နှုန်းထားဖြင့် အားကောင်းလာခဲ့ခြင်း ဖြစ်ပါ၏။

ဆယ်နှစ်ပင် မပြည့်သေးခင် အချိန်အတွင်း ၎င်းက အဆင့်သုံး အလယ်အလတ်တန်းစား သားရဲတစ်ကောင် အဖြစ်သို့ အဆင့်ချိုးဖြတ်သွားနိုင်မည်ဟု စုယွီ ခံစားမိလိုက်သည်။ ဤတိုးတက်မှု နှုန်းထားက တကယ့်ကို အံ့မခန်းနိုင်ဖွယ် ကောင်းလှပါ၏။

နောက်ထပ် ဆယ်ရက်ခန့် ကြာပြီးနောက်။ မနက်ခင်း အချိန်တစ်ခုတွင်။

ဖျော့တော့သော အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ယွင်ရှောင် ဆေးလုံး စံအ်ိမ်သို့ ယခင်က လာရောက်ခဲ့ဖူးသော ကျင်းမိသားစု၏ သခင်လေးနှင့် ရွှေအမြုတေအဆင့် မျိုးနွယ်စုဝင် အများအပြားနှင့်အတူ ဆေးလုံး စံအ်ိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

သူ၏ ပတ်ပတ်လည်တွင် ပြင်းထန်လှသော ကောင်းကင်ဘုံ အငွေ့အသက်များက စုစည်းနေခဲ့ပါ၏။ သူ၏ ဂရုမစိုက်တတ်သော အေးစက်စက် အကြည့်များက ဆေးလုံး စံအ်ိမ်ထဲရှိ လင်းချင်းရှားအပေါ်သို့ ကျရောက်သွားခဲ့ပြီး မျက်နှာအမူအရာ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိခဲ့ပေ။

“ကျင်းရှန်း တိမ်တိုက် စံအိမ်က ကျင်းမိသားစုဝင် ကျင်းဖုန်းပါ... ယွင်ရှောင် ဆေးလုံး စံအ်ိမ်က နာမည်ကြီး ဆေးဆရာတွေအကြောင်းကို ကြားနေရတာ ကြာပြီမို့လို့ ဒီနေ့ လာလည်တာပါ... မိတ်ဆွေကို ခေါ်ပေးဖို့ တောင်းဆိုချင်ပါတယ်...”

ဆေးဆိုင်ကို စောင့်ကြည့်ရင်း အရောင်းခုံနောက်တွင် ထိုင်နေသော လင်းချင်းရှားက အေးစက်နေသော မျက်နှာထားဖြင့် မတ်တပ်ရပ်လိုက်ပြီး ဤသက်လတ်ပိုင်း အမျိုးသားကို စိုက်ကြည့်လိုက်တော့သည်။

“ဆရာ... ကျွန်မတို့ရဲ့ ပြခန်းသခင်က ဧည့်သည်တွေ လက်မခံပါဘူး... တကယ်လို့ ဆရာက စီးပွားရေး ကိစ္စ ဆွေးနွေးချင်တယ်ဆိုရင်တော့ ကျွန်မနဲ့ ညှိနှိုင်းလို့ ရပါတယ်...”

ကျင်းဖုန်းက သူမကို တစ်ချက်မျှသာ ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။

သူ၏နောက်မှ လိုက်ပါလာသော ကျင်းမိသားစု၏ သခင်လေး ကျင်းချုံက နှာမှုတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့၏။

“ငါတို့ ကျင်းမိသားစုရဲ့ အရှင်သခင်ကြီး ကိုယ်တိုင် လာတာကို နင့်လို ဒုတိယအလွှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးကများ တာဝန်ယူချင်နေတာလား... နင့်မှာ အဲဒီ အရည်အချင်း ရှိလို့လား...”

လင်းချင်းရှား၏ မျက်ခုံးများက တွန့်ကွေးသွားခဲ့သော်လည်း သူမက ကျင်းဖုန်းကို ဆက်လက်၍ စိုက်ကြည့်နေခဲ့ပါ၏။

“အရှင်သခင်ကြီး... ကျွန်မတို့ရဲ့ ပြခန်းသခင်က ဧည့်သည်တွေ လက်မခံပါဘူး...”

“နင်က သိပ်ရဲတင်းနေပါလား...”

လင်းချင်းရှားက သူမ၏ နေရာကို သူမ မသိသေးသည်ကို မြင်လိုက်ရသောအခါ ကျင်းချုံက ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။ သူ၏ အငွေ့အသက်များ စတင် စုစည်းလာခဲ့ပြီး လင်းချင်းရှားအပေါ်သို့ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ပြင်ဆင်လိုက်၏။

သို့သော်ငြား နောက်တစ်ခဏတွင် ယွင်ရှောင် ဆေးလုံး စံအ်ိမ်အတွင်းမှ အဆင့်လေး အဆင့်နိမ့် အခင်းအကျင်းများ တစ်ခုပြီးတစ်ခု အသက်ဝင်လာခဲ့တော့သည်။ အခင်းအကျင်း၏ အငွေ့အသက်များက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ ပူးတွဲ အခင်းအကျင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ယွင်ရှောင် ဆေးလုံး စံအ်ိမ်၏ ပတ်ဝန်းကျင်က လုံးဝ ပြောင်းလဲသွားခဲ့သကဲ့သို့ ထင်မှတ်ရပါ၏။

အခန်း (၅၆၉) - ပင်လယ်လိပ် ဝိညာဉ် (၂)

ကျင်း မိသားစုမှ သခင်လေး ကျင်းချုံ တစ်ယောက်တည်း မျက်နှာ အမူအရာ ပြောင်းလဲသွားခြင်း မဟုတ်ပေ။ သူ၏ ဒုတိယဦးလေး ဖြစ်သူ ကျင်း မိသားစု၏ အရှင်သခင် ကျင်းဖုန်း ပင်လျှင် အလွန်တရာ အံ့အားသင့် မှင်သက်သွားကာ မျက်နှာတစ်ခုလုံး ဖြူရော်သွားတော့၏။

စတုတ္ထအဆင့် အောက်ပိုင်း အခင်းအကျင်း ငါးခု ပေါင်းစပ်ထားခြင်း ပေတကား။

လင်းချင်းရှားသည် ယွင်ရှောင် ဆေးလုံး စံအိမ်၏ အခင်းအကျင်းများကို အသက်သွင်းလိုက်ပြီး သူမ၏ အရှိန်အဝါများကို အခင်းအကျင်းနှင့် တစ်သားတည်း ပေါင်းစပ်လိုက်၏။ ကျင်း မိသားစု၏ အရှင်သခင်ကို ရင်ဆိုင်နေရသော်ငြားလည်း သူမ၏ မျက်နှာပေါ်တွင် အနည်းငယ်မျှ ကြောက်ရွံ့ နောက်တွန့်သွားသည့် အရိပ်အယောင် လုံးဝ မရှိချေ။

အေးစက် တောင့်တင်းသော မျက်နှာထားဖြင့် သူမသည် ကျင်းဖုန်းနှင့် ကျင်းချုံ တို့အား စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။

"ကျင်း မိသားစုရဲ့ စစ်မှန်သော အရှင်သခင်... ပြီးတော့ သခင်လေး... အရင်ကတည်းက ကျွန်မ ပြောထားခဲ့ပြီးသားပါ... ကျွန်မတို့ ဆေးလုံး စံအိမ် အရှင်သခင်က ဧည့်သည် လက်မခံပါဘူး ရှင်... ဝိညာဉ်ဆေးဝါးတွေ လိုအပ်တယ် ဆိုရင်တော့ ကျွန်မနဲ့ ဆွေးနွေးနိုင်ပါတယ်... ဒါမှမဟုတ်ရင်တော့ ပြန်လည် ထွက်ခွာသွားဖို့ပဲ မေတ္တာရပ်ခံပါရစေ"

ကျင်း မိသားစု၏ အရှင်သခင် ကျင်းဖုန်းသည် ခေတ္တမျှ တိတ်ဆိတ် ငြိမ်သက်သွား၏။ ထို့နောက် ဆေးလုံး စံအိမ်၏ နောက်ဖေးခြံဝင်း ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

"အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ခင်ဗျာ... ကျွန်တော်တို့ ပြန်ပါတော့မယ်"

ကျင်း မိသားစုဝင်များ နောက်သို့ ချာခနဲ လှည့်ထွက်သွားကြလေပြီ။

သို့ဖြစ်သော်ငြားလည်း ထွက်ခွာသွားချိန်တွင် သူတို့၏ မျက်နှာအမူအရာများမှာ အလွန်တရာ တင်းမာခက်ထန်နေကြ၏။ အထူးသဖြင့် ကျင်းချုံပင် ဖြစ်သည်။ သူတို့ မိသားစု၏ အရှင်သခင် ကိုယ်တိုင် ကိုယ်ကျ ရောက်ရှိလာသည်တောင်မှ ယွင်ရှောင် ဆေးလုံး စံအိမ်၏ အရှင်သခင်က မျက်နှာချင်းဆိုင် တွေ့ဆုံရန် ငြင်းဆန်ရဲသည်လော။

ကျင်း မိသားစုအား အထင်သေး အမြင်သေး ပြုလုပ်နေခြင်းများလား။

ကျင်း မိသားစု၏ ဒုတိယ ဘိုးဘေးဖြစ်သူ ကျင်းဖုန်း၏ မျက်ခုံးများမှာ တွန့်ချိုးနေ၏။ စတုတ္ထအဆင့် အောက်ပိုင်း အခင်းအကျင်း ငါးခုကို အလွှာလိုက် ပေါင်းစပ် တည်ဆောက်နိုင်သူ တစ်ဦးကို လုံးဝ အထင်သေး၍ မရနိုင်ချေ။ အထူးသဖြင့် ယွင်ရှောင် ဆေးလုံး စံအိမ်ပင် ဖြစ်သည်။

အနည်းဆုံးတော့ ယွင်ရှောင် ဆေးလုံး စံအိမ် အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ရန် ကြိုးပမ်းမှု မှန်သမျှသည် လုံးဝ အရာထင်မည် မဟုတ်ပေ။

'သူတို့ရဲ့ တကယ့် အစွမ်းအစ အစစ်အမှန်ကို ငါတို့ အခုထိ အကဲခတ်လို့ မရသေးဘူး...'

ကျင်းဖုန်းသည် ထိုအချက်ကြောင့်ပင် အလွန်အမင်း တွေဝေ တုံ့ဆိုင်းနေရခြင်း ဖြစ်၏။

သို့သော်လည်း ယခုတစ်ခေါက် လာရောက် အကဲစမ်းမှုအရ ဆိုရလျှင် သူတို့၏ နောက်ကွယ်ရှိ ပုဂ္ဂိုလ်မှာ အလွန်ဆုံး ရှိလှမှ မူလဝိဉာဉ်အဆင့် အစောပိုင်း ကာလတွင်သာ ရှိနေမည့် အရှင်သခင် တစ်ပါး ဖြစ်တန်ကောင်းသည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် သူ့အား မျက်နှာချင်းဆိုင် တွေ့ဆုံရန် ငြင်းဆန်နေရပါသနည်း။

အချိန်အတန်ကြာ စဉ်းစား တွေးတောပြီးနောက်၊ ကျင်းဖုန်းသည် ကျင်းချုံအား လှမ်းကြည့်ကာ အမိန့်ပေးလိုက်သည်။

"သူတို့ကို စောင့်ကြည့်ဖို့ လူတစ်ယောက်လောက် လွှတ်ထားလိုက်... သူတို့ ဒီ မှောင်ခိုဈေး ထဲမှာ တစ်သက်လုံး နေသွားနိုင်မယ်လို့ ငါ မယုံဘူး... သူတို့ရဲ့ ဆေးလုံး စံအိမ် အရှင်သခင်က တကယ်တမ်း ဘယ်သူလဲ ဆိုတာကို စုံစမ်းစမ်း"

ပတ်ဝန်းကျင်ရှိ ဆိုင်အသီးသီးမှ တာဝန်ခံများသည် ဤပြကွင်းပြကွက်ကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြ၏။ အခြေခံအားဖြင့် ဆိုင်ခန်းတိုင်းကို အမြုတေ ဖွဲ့စည်းခြင်း အဆင့်ရှိ အရှင်သခင် တစ်ပါးစီက ဦးစီး ကွပ်ကဲနေခြင်း ဖြစ်သည်။

သူတို့သည် လမ်းတစ်လမ်းတည်းတွင် ရှိသော ကျင်း မိသားစု၏ ဆေးပညာရှင် အဆက်အနွယ်များကို သဘာဝကျစွာပင် သိရှိ နားလည်ထားကြသည်။

ကျင်း မိသားစုသည် ယွင်ရှောင် ဆေးလုံး စံအိမ်တွင် အငြင်းခံလိုက်ရပြီး လှည့်ထွက်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ ဆိုင်ပိုင်ရှင်များနှင့် အကူဝန်ထမ်းများမှာ မနေနိုင် မထိုင်နိုင် တီးတိုး ဝေဖန် မှန်းဆနေမိကြတော့၏။

'ယွင်ရှောင် ဆေးလုံး စံအိမ် နောက်ကွယ်က ဆေးပညာရှင်က ဘယ်သူများလဲ... ကျင်း မိသားစုကိုတောင် မျက်နှာသာ မပေးဘူးဆိုတော့... တွေ့ဆုံဖို့တောင် အခွင့်အရေး မပေးတာလား...'

'ဒါက တကယ့်ကို လျှို့ဝှက်ဆန်းကြယ် လွန်းနေပြီ...'

အချိန်များ နှေးကွေးစွာ ကုန်လွန်သွားခဲ့လေပြီ။

အခြား ဆိုင်ခန်းများနှင့် ကျင်း မိသားစုကို အံ့အားသင့်စေခဲ့သည့် အချက်မှာ ယွင်ရှောင် ဆေးလုံး စံအိမ်မှ လူများသည် ၎င်းတို့၏ နေရာမှ အပြင်သို့ လုံးဝ မထွက်ခွာကြခြင်းပင် ဖြစ်၏။ ဤမှောင်ခိုဈေး အတွင်းမှ သူတို့ ထွက်ခွာသွားသည်ကို မည်သူကမျှ မမြင်တွေ့ခဲ့ကြရချေ။

သို့ဆိုလျှင် ဆေးဖော်စပ်ရန် လိုအပ်သော ဝိညာဉ် ဆေးပင်များကို မည်သူက လာရောက် ပို့ဆောင်ပေးနေသနည်း။

*

နောက်ထပ် တစ်နှစ် ကုန်လွန်သွားခဲ့ပြန်၏။

အဖြူရောင် ဂါဝန်ကို ဆင်မြန်းထားသော အမျိုးသမီး တစ်ဦးသည် ယွင်ရှောင် ဆေးလုံး စံအိမ် အတွင်းသို့ ဝင်ရောက်လာသည်။ ထို့နောက် ယနေ့ တာဝန်ကျနေသော လင်းပင်းကို ကြည့်ကာ မျက်ခုံးပင့်လျက် မေးမြန်းလိုက်၏။

"ဒီမှာ အကောင်းဆုံး အရည်အသွေးရှိတဲ့ တတိယအဆင့် ဆေးလုံးတွေ ရောင်းတယ်လို့ ကြားပါတယ်..."

လင်းပင်းသည် အရောင်းခုံ အနောက်ဘက်မှ ထွက်လာခဲ့ပြီး သူမအား နွေးထွေးစွာ ဆီးကြို နှုတ်ဆက်လိုက်သည်။

"ဟုတ်ကဲ့ ရောင်းပါတယ် ရှင်... မိတ်ဆွေ အနေနဲ့ ဘယ်လို ဆေးလုံးမျိုးများ လိုအပ်ပါသလဲ ရှင်..."

ထိုအမျိုးသမီးသည် ခေတ္တမျှ စဉ်းစား တွေးတောလိုက်ပြီးနောက် ထပ်မံ မေးမြန်းလိုက်၏။

"ဆေးလုံး စံအိမ် အရှင်သခင် နဲ့များ တွေ့လို့ ရနိုင်မလား... ကျွန်မ သူနဲ့ အရောင်းအဝယ် ကိစ္စလေး တစ်ခုလောက် ဆွေးနွေးချင်လို့ပါ..."

ထိုနေ့ ညနေခင်း အချိန်၌ စုယွီသည် လျှို့ဝှက်ခန်း အတွင်းမှ ထွက်လာခဲ့သည်။ ယန်ယွီမင် ချက်ပြုတ်ထားသော အရသာရှိလှသည့် ဟင်းလျာများကို ဝမ်းဗိုက် ဖြည့်တင်းနေစဉ် လင်းပင်း ပြန်လည် ပြောပြသော ယနေ့ အဖြစ်အပျက်များကို နားထောင်နေမိ၏။

"သခင်... ဒီနေ့ မြေကမ္ဘာ အင်မော်တယ် နယ်မြေက တိလင် အင်မော်တယ် မြို့တော် လက်အောက်ခံ ဖန် မိသားစု က အမျိုးသမီး ကျင့်ကြံသူ တစ်ယောက် ရောက်လာတယ် ရှင်... သခင့်ကို သူတို့အတွက် ဆေးဖော်စပ်ပေးဖို့ တောင်းဆိုချင်လို့တဲ့... ဆေးဖော်စပ်ဖို့ ကုန်ကြမ်းတွေကို သူတို့ဘက်က ထောက်ပံ့ပေးမယ့်အပြင် သခင့်အတွက် အကျိုးအမြတ်ကိုလည်း သီးသန့် ထပ်ပေးမယ်လို့ ကမ်းလှမ်းသွားတယ်... ဒါပေမဲ့ ကျွန်မကတော့ သူ့ရဲ့ တောင်းဆိုချက်ကို ငြင်းလွှတ်လိုက်ပါတယ် ရှင်..."

"အို..."

စုယွီ အနည်းငယ် အံ့အားသင့်သွားရ၏။ တိလင် အင်မော်တယ် မြို့တော်မှ ဖန် ကျင့်ကြံသူ မိသားစု ပေလော။ ဤအမည်ကို သူ တစ်ခါမှ မကြားဖူးခဲ့ချေ။

မည်သို့ပင် ဆိုစေကာမူ မြေကမ္ဘာ အင်မော်တယ် နယ်မြေမှ ဧည့်သည်များ သူတို့ထံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းပင် ဖြစ်သည်။ ငြင်းပယ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍မူ ဧကန်မလွဲ ငြင်းပယ်ရမည်သာ ဖြစ်ပေ၏။ အကြောင်းမူကား အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် အတွင်း၌ တတိယအဆင့် ဆေးဖော်စပ်ရန် ကုန်ကြမ်းများ အလျှံအပယ် ရှိနေသည် မဟုတ်ပါလော။ အဘယ်ကြောင့် သူတစ်ပါး ပေးမည့် အကျိုးအမြတ်လေး အတွက် သူများအတွက် ဆေးဖော်စပ်ပေးနေရမည်နည်း။

ထိုကိစ္စကို ပြောပြပြီးနောက် လင်းချင်းရှားကလည်း ဝင်ရောက် သတင်းပို့သည်။

"သခင်... ကျင်း မိသားစု က ကျွန်မတို့ရဲ့ ဆေးလုံး စံအိမ်ကို အခုထိ စောင့်ကြည့်နေတုန်းပဲ... ဒီနေ့ ကျွန်မ အပြင်ထွက်တော့ နောက်ကနေ နောက်ယောင်ခံနေတာ တွေ့ရတယ်.."

စုယွီ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွား၏။ တကယ်တမ်းတွင် ကျင်း မိသားစု တစ်ခုတည်း မဟုတ်ချေ။ ယခုအခါ ယွင်ရှောင် ဆေးလုံး စံအိမ်သည် ဤလမ်းမ တစ်လျှောက်တွင် အတော်လေး နာမည်ကြီးနေပြီ ဖြစ်ပြီး အနီးတဝိုက်တွင်လည်း သတင်းမွှေးနေလေပြီ။ တစ်သီးပုဂ္ဂလ ကျင့်ကြံသူများစွာနှင့် ကျင့်ကြံသူ မိသားစု အများအပြားသည် ယွင်ရှောင် ဆေးလုံး စံအိမ်၏ တတိယအဆင့် ထိပ်တန်း ဆေးလုံးများ အကြောင်းကို ကောင်းစွာ သိရှိနေကြပြီ ဖြစ်ရာ ထိုအမည်နာမ ကြောင့်ပင် လာရောက်ကြခြင်း ဖြစ်၏။

ယခုအခါ သူ့အား လာရောက် တွေ့ဆုံလိုသူ အတော်များများ ရှိနေလေပြီ။

ထိုအထဲတွင် ကျင်း မိသားစုထက် ပိုမို အစွမ်းထက်သော ကျင့်ကြံသူ မိသားစုများပင် ပါဝင်ကာ သူ့အား လာရောက် စည်းရုံး သိမ်းသွင်းလိုကြခြင်း ဖြစ်သည်။

သို့သော်ငြားလည်း သူတို့ အားလုံးမှာ လင်းချင်းရှားတို့၏ တားဆီးမှုကြောင့် အိမ်ပေါက်ဝတွင်ပင် အငြင်းခံလိုက်ကြရ၏။

"လောလောဆယ်တော့ သူတို့ကို လျစ်လျူရှုထားလိုက်ပါ... ကိုယ့်ကျင့်စဉ်ကိုပဲ ကောင်းကောင်း ကျင့်ကြံကြ... အချိန်တန်ရင် သူတို့နဲ့ စာရင်း ရှင်းရမှာပေါ့..."

စုယွီက တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

ယန်ယွီမင်သည် စုယွီအား အားကျလေးစားစွာ စိုက်ကြည့်နေရင်း ဝင်ပြောလိုက်၏။

"သခင် ရှိနေသရွေ့တော့... နောင်တစ်ချိန် ကျင်း မိသားစုကို ပညာပေးဖို့ ဆိုတာ လုံးဝ ခက်ခဲတဲ့ ကိစ္စ မဟုတ်ပါဘူး ရှင်..."

စုယွီသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

သူသည် ထိုအမျိုးသမီး သုံးဦးအား သူ့ကို ဆေးလုံး စံအိမ် အရှင်သခင် ဟုသာ ခေါ်ဝေါ်ရန် အမြဲတမ်း ခွင့်ပြုထားသော်လည်း သူ့အနားတွင်သာ ရှိနေချိန်များ၌မူ သူမတို့က "သခင်" ဟုသာ တဇွတ်ထိုး ခေါ်ဝေါ်ကြသည်။ မည်မျှပင် ပြင်ပေးစေကာမူ သူမတို့က ပြင်ဆင် ခေါ်ဝေါ်ခြင်း မရှိကြချေ။

သို့သော်လည်း လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့ သုံးဦးမှာ တကယ့်ကို အထင်ကြီး လေးစားလောက်သည်။ လှပချောမောပြီး ညှို့ယူဖမ်းစားနိုင်စွမ်း ရှိသော အပြင်ပန်း အလှတရားများအပြင် သူတို့ အားလုံးသည် ထူးကဲသော ပါရမီ အစွမ်းအစများကိုလည်း ပိုင်ဆိုင်ထားကြ၏။

ဆယ်နှစ်ပင် မပြည့်သေးမီ ကာလအတွင်း လင်းချင်းရှား၏ ကျင့်ကြံခြင်း အဆင့်မှာ အမြုတေ ဖွဲ့စည်းခြင်း ဒုတိယအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။

ယန်ယွီမင်၏ ကျင့်ကြံခြင်း အဆင့်မှာလည်း အခြေခံ တည်ဆောက်ခြင်း နဝမအဆင့်တွင် အခိုင်အမာ ရပ်တည်နေပေပြီ။ အချိန် အနည်းငယ် ထပ်မံ ရရှိမည် ဆိုပါက သူမ အနေဖြင့် အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ်၏ အတားအဆီးကို အာရုံခံ သိရှိနိုင်မည့် အခွင့်အရေးကောင်းများ ရရှိလာနိုင်သည်။

ထိုအချိန်သို့ ရောက်ရှိလာပါက သူမတို့ သုံးဦးစလုံးမှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ရှိ ကျင့်ကြံသူများ ဖြစ်လာကြပေတော့မည်။ သူ၏ လမ်းညွှန် ပြသမှုများဖြင့် နောင်တစ်ချိန်တွင် အမြုတေ ဖွဲ့စည်းခြင်း နဝမအဆင့်သို့ တက်လှမ်းရန် ဆိုသည်မှာလည်း သူမတို့အတွက် မည်သည့် အခက်အခဲမျှ ရှိလာမည် မဟုတ်ချေ။

ထိုအဆင့်သို့ ရောက်ရှိသွားပါက သူတို့ တစ်ဦးစီတိုင်းသည် သက်တမ်း ငါးရာစီ ပိုင်ဆိုင်လာကြမည် ဖြစ်သည်။

သူတို့ အထဲတွင် အသက်အကြီးဆုံး ဖြစ်သော လင်းချင်းရှား ပင်လျှင် သူ့အား နှစ်ပေါင်း သုံးရာကျော်တိုင်အောင် အလုပ်အကျွေး ပြုနိုင်ဦးမည် ဖြစ်၏။

သူတို့အတွက် အကုန်အကျခံခဲ့ရသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းမှာ တကယ့်ကို တန်လှသည်။

အချိန်များ နှေးကွေးစွာ ကုန်လွန်သွားခဲ့ပြန်ပါ၏။

စုယွီသည် မှောင်ခိုဈေး အတွင်း၌ ဆက်လက် နေထိုင်ရင်း တတိယအဆင့် ဝိညာဉ်သွေးကြော တစ်ခုနှင့် ညီမျှသော ဝိညာဉ်စွမ်းအင် ပတ်ဝန်းကျင် ရှိသည့် ဆိုင်ခန်းလေး အတွင်း၌ အထက်ဘုံ သန့်စင်သော မူလ တာအို သိုင်းကျမ်းနှင့် ဓာတ်ကြီးငါးပါး ကျင့်စဉ်တို့ကို ဆက်လက် ကျင့်ကြံနေခဲ့သည်။ သူ၏ ကျင့်ကြံခြင်းနှင့် ချီစွမ်းအင်များကို မြှင့်တင်ရန် ဤနေရာကို အသုံးပြုနေခြင်း ဖြစ်၏။

ဝိညာဉ်စွမ်းအင် ပတ်ဝန်းကျင်မှာ အကောင်းဆုံး အနေအထားမျိုး မဟုတ်သော်ငြားလည်း အားဖြည့်ရန်အတွက် ဝိညာဉ်အရည်များ ရှိနေခြင်းကြောင့် ဓာတ်ကြီးငါးပါး ကျင့်စဉ် အတွက် ကျွမ်းကျင်မှု ပမာဏ စုဆောင်းရခြင်းမှာ ဂိုဏ်းအတွင်း၌ ရှိနေစဉ်ကနှင့် များစွာ ကွာခြားမှု မရှိလှချေ။

စုယွီ ထံမှ အဆင့်မြင့် အရင်းအမြစ်များ အကန့်အသတ်မရှိ ထောက်ပံ့ပေးမှုကြောင့် လင်းချင်းရှားတို့ အမျိုးသမီး သုံးဦးနှင့်အတူ ပင်လယ်လိပ် ဝိညာဉ်၏ ကျင့်ကြံခြင်း စွမ်းအားများမှာလည်း တစ်ဟုန်ထိုး တိုးတက် လာခဲ့သည်။

ယွင်ရှောင် ဆေးလုံး စံအိမ်ကို လောဘသားကောင်လို မျက်စိကျနေကြသော ကျင်း မိသားစုနှင့် အခြားသူများ အဖို့မူ သူတို့မှာ ဆေးလုံး စံအိမ်ကို ပြဿနာ ရှာရန် အခွင့်အရေး လုံးဝ ရှာမတွေ့နိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ရှာ၍ပင် မတွေ့နိုင်သော သူတစ်ယောက်ကို မည်သို့ လုပ်၍ ကျွန်ပြုနိုင်မည်နည်း။ ဤအချက်ကပင် ကျင်း မိသားစုနှင့် အခြားသူများကို အကြီးအကျယ် ဒေါသထွက် စိတ်ပျက်စေခဲ့ခြင်း ဖြစ်သည်။

နှစ်နှစ် ကုန်လွန်သွားခဲ့လေပြီ။

ဂိုဏ်းကြီး ဆယ်ဂိုဏ်းနှင့် အာရုံလှည့်စားမှု ရေပြင် ရွှံ့ညွန်တော အတွင်းရှိ မိစ္ဆာ မျိုးနွယ်စု တို့၏ ပဋိပက္ခမှာ အဆုံးသတ်သွားခဲ့၏။ ကျင့်ကြံသူများနှင့် မိစ္ဆာများမှာ မိမိတို့၏ လမ်းကြောင်း အသီးသီးသို့ ပြန်လည် ထွက်ခွာသွားကြလေပြီ။ တာအိုဆရာ ထျန်းယွီ သည်လည်း တာ့ယွဲ့ တောင်ထွတ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

စုယွီ သည်လည်း ပြန်လည် ပေါ်ထွက်လာပြီး ဂိုဏ်းသို့ ပြန်လာခဲ့သည်။

သူ ပြန်ရောက်ရောက်ချင်းပင် ဂိုဏ်းအတွင်းသို့ ထိတ်လန့် အံ့မခန်းဖွယ်ရာ ပါရမီရှင် တစ်ဦး ဝင်ရောက်လာပြီး ဂိုဏ်းချုပ်၏ တပည့်အဖြစ် ခံယူသွားကြောင်း သတင်းကို စုယွီ ကြားသိလိုက်ရ၏။ ထိုသူသည် အမြုတေ ဖွဲ့စည်းခြင်း ပထမအဆင့်သို့ ယခုလေးတင် တက်လှမ်းနိုင်ခဲ့သည် မှန်သော်ငြားလည်း ဒုတိယ အဆင့်ရှိ ရွှေအမြုတေ တစ်ခုကို အခိုင်အမာ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။

တာ့ယွဲ့ တောင်ထွတ်၊ ဝါးခြံစည်းရိုး ခြံဝင်းလေး အတွင်း၌။

စုယွီ ရောက်ရှိလာချိန်တွင် တာအိုဆရာ ထျန်းယွီ သည် ကျောက်စားပွဲ တွင် ထိုင်ကာ ဝိညာဉ် လက်ဖက်ရည်ကို အေးအေးလူလူ သောက်သုံးနေသည်ကို တွေ့လိုက်ရ၏။ စုယွီ ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူက တစ်ချက် လှမ်းကြည့်ပြီး မေးမြန်းလိုက်သည်။

"မင်း ဘယ်တွေ သွားနေတာလဲ..."

စုယွီ ဝင်ထိုင်လိုက်ပြီး သူ၏ လက်ဖက်ရည်ခွက်ကို ရွှင်မြူးစွာ ဖြည့်လိုက်သည်။ သူ၏ ဆရာဖြစ်သူမှာ တောင်ပေါ်ရှိ အခင်းအကျင်းများ လျော့ကျသွားသည့် ကိစ္စကို ယခုတိုင်အောင် သတိမထားမိသေးချေ။

"ကျွန်တော် ဘယ်မှ အဝေးကြီး မသွားပါဘူး ခင်ဗျာ... အပြင်မှာ လမ်းလျှောက် ထွက်နေရုံလေးပါ..."

တာအိုဆရာ ထျန်းယွီ သည် သူ့အား ခေတ္တမျှ စူးစိုက်ကြည့်နေပြီး မျက်နှာ အမူအရာမှာ တစ်မျိုးလေး ဖြစ်နေ၏။

"မင်း ဘာဖြစ်လို့ အမြုတေ ဖွဲ့စည်းခြင်း စတုတ္ထအဆင့်မှာပဲ ရှိနေသေးတာလဲ..."

စုယွီက မျက်နှာ ရှုံ့မဲ့ကာ ပြန်ဖြေလိုက်သည်။

"အာ... ဆရာ... အမြုတေ ဖွဲ့စည်းခြင်း အဆင့်မှာ ကျင့်ကြံရတာ တကယ် မလွယ်ဘူးဗျ... ကျွန်တော့်ရဲ့ ထိပ်တန်း အဆင့်ရှိတဲ့ ဝိညာဉ်အမြစ် ပါရမီတွေနဲ့ ဆိုရင်တောင် အမြုတေ ဖွဲ့စည်းခြင်း စတုတ္ထအဆင့်ကို ရောက်ဖို့ ဆိုတာ ကျွန်တော့်ရဲ့ အမြင့်ဆုံး အကန့်အသတ် ဖြစ်နေလောက်ပြီ ခင်ဗျာ..."

"ပေါက်ကရတွေ"

တာအိုဆရာ ထျန်းယွီ သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ စကားကို လုံးဝ မယုံကြည်ကြောင်း ပြသလိုက်၏။ သူ၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး မေးမြန်းလိုက်သည်။

"မင်းရဲ့ ဂိုဏ်းတူ အစ်ကို တပည့်သစ် တစ်ယောက် လက်ခံလိုက်တာ မင်း သိလား... မင်း မရှိတုန်း သူက ငါ့ကို ခဏလောက် ကြီးကြပ်ပေးဖို့ အကူအညီ တောင်းထားတာ... ကဲ... အခု မင်း ပြန်ရောက်လာပြီ ဆိုတော့ မင်း အလှည့် ရောက်ပြီပေါ့..."

စုယွီ ကပျာကယာ ဖြတ်ပြောလိုက်သည်။

"ကျွန်တော် မအားဘူး ဆရာ... ဂိုဏ်းတူ အစ်ကိုရဲ့ တပည့်တွေကို ဆရာပဲ အရင် ကြည့်ထားပေးလိုက်ပါ ခင်ဗျာ... ကျွန်တော် နောက်မှ အလှည့်စောင့်လိုက်ပါ့မယ်..."

ယခုအခါ သူ့ထံတွင် အခြား ကိစ္စရပ်များကို ဂရုစိုက် နေရန် အချိန်များစွာ မရှိတော့ချေ။

သူ ပြန်ရောက်လာပြီး နောက်တစ်နေ့တွင် စုယွီသည် တာအိုဆရာ ထျန်းယွီ ကို နှုတ်ဆက်ကာ မှောင်ခိုဈေး သို့ ပြန်ရန် ဂိုဏ်းမှ ထွက်ခွာလာခဲ့သည်။ သူသည် ဝိညာဉ် ကျောက်တုံးများကို ဆက်လက် စုဆောင်းနေပြီး နေရာနေရာရွှေ့ပြောင်း အခင်းအကျင်း အတွက် လိုအပ်သော ကုန်ကြမ်းများကိုပါ လိုက်လံ ရှာဖွေ နေခဲ့၏။

တစ်ချိန်တည်းမှာပင် နေရာနေရာရွှေ့ပြောင်း အခင်းအကျင်း၏ အဓိက သော့ချက် ကုန်ကြမ်း ဖြစ်သော ဟင်းလင်းပြင် သတ္တုရိုင်း ကျောက်တုံး များနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကိုပါ ရရှိရန် ကြိုးပမ်း နေခဲ့သည်။

သို့သော်ငြားလည်း သူ တာ့ယွဲ့ တောင်ထွတ်မှ ထွက်ခွာသွားပြီး မကြာမီ အချိန်လေး အတွင်းမှာပင် အလင်းရောင်ဖျော့ဖျော့ ဂါဝန်ရှည်ကို ဆင်မြန်းထားသော အမျိုးသမီး တစ်ဦးသည် တာ့ယွဲ့ တောင်ထွတ်သို့ ရောက်ရှိလာပြီး တာအိုဆရာ ထျန်းယွီ နှင့်အတူ ယာယီ ကျင့်ကြံ နေထိုင်ရန် စတင်ခဲ့ကြောင်းကိုမူ စုယွီ လုံးဝ မသိရှိခဲ့ချေ။

နောက်ထပ် သုံးနှစ် နီးပါးခန့် ကုန်လွန်သွားခဲ့လေပြီ။

အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် ၏ အပြင်ဘက် တွင်

ပုံရိပ် အချို့သည် မြစ်ရေပြင် အတွင်းမှ တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်လာကြပြီး လူသား အသွင်အပြင်သို့ ပြောင်းလဲသွားကြ၏။ သူတို့သည် သူတို့၏ အရှေ့တွင် ကောင်းကင်နှင့် မြေကြီး အကြား မားမားမတ်မတ် ရပ်တည်နေသော ဧရာမ လူသား အင်မော်တယ် မြို့တော် ကြီးကို လေးနက် တည်ကြည်စွာ စိုက်ကြည့်နေကြသည်။

ထိုပုံရိပ်များ အနက်မှ တစ်ဦးသည် ကျောက်စိမ်းရောင် အလင်းတန်း သွေးပုလဲလုံးကို ထပ်မံ ထုတ်ယူလိုက်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည့် သွေးမျိုးဆက် တည်ရှိမှုကို နောက်တစ်ကြိမ် အာရုံခံ သိရှိနိုင်ရန် ၎င်း၏ အတွင်းသို့ ဧရာမ မိစ္ဆာ စွမ်းအင်များကို လောင်းထည့်လိုက်၏။

သို့သော်ငြားလည်း ဤ တည်ရှိမှု ခံစားချက်မှာ အလွန်တရာ ဝိုးတဝါး နိုင်လှသည်။ သူသည် အကြမ်းဖျင်း ဦးတည်ရာ နှင့် အကွာအဝေး အပိုင်းအခြား တစ်ခုကိုသာ အာရုံခံ နိုင်စွမ်း ရှိ၏။

အချိန် အတန်ကြာပြီးနောက် သူသည် မျက်မှောင် အနည်းငယ် ကြုံ့လိုက်ပြီး ကျောက်စိမ်းရောင် အလင်းတန်း သွေးပုလဲလုံးကို ပြန်လည် သိမ်းဆည်းကာ သူ၏ အရှေ့မှ အင်မော်တယ် မြို့တော် ကြီးကို လှမ်းကြည့်လိုက်သည်။

"ဒီမြို့တော် ကြီး ထဲမှာ ရှိနေဖို့ ရာခိုင်နှုန်း တော်တော် များတယ်…”

အခန်း (၅၇၀) - အမြုတေ ဖွဲ့စည်းခြင်း အဆင့် ရှစ် (၁)

အပြာရောင် ဆံပင်များ ပိုင်ဆိုင်ထားပြီး လှည့်ပတ်နေသော ရေဝဲများသဖွယ် တောက်ပနေသော မျက်လုံးများ ရှိသည့် အမျိုးသားသည် အဝေးမှ မိုးထိတိုက် ဧရာမ မြို့တော်ကြီးကို ငေးကြည့်နေ၏။

"ဒီမြို့တော်က တာ့ချန်က လူသား ကျင့်ကြံသူတွေရဲ့ လောကမှာ အတော်လေး နာမည်ကြီးတယ်လေ... အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်လို့ ခေါ်တယ်... ကံကောင်းတာက ဒီမြို့တော်ကြီးက လူသားတွေကြားမှာ ကြားနေ အနေအထားကို ထိန်းသိမ်းထားပြီး ပင်လယ် မျိုးနွယ်စုဝင်တွေကို ဝင်ခွင့် မပိတ်ပင်ထားဘူး... အဲဒီထဲက လူသား ကျင့်ကြံသူတွေကလည်း ငါတို့အပေါ် သိပ်ပြီး ရန်လိုတဲ့ အနေအထား မရှိဘူး..."

အနက်ရောင် ဆံပင်များနှင့် ညှို့ယူဖမ်းစားနိုင်စွမ်း ရှိသော အမျိုးသမီး တစ်ဦးက တီးတိုး ပြောလိုက်သည်။

"ငါတို့ မြို့ထဲ ဝင်ပြီး သူတို့ကို သွားရှာကြမလား... ဘိုးဘေးတွေရဲ့ အဆိုအရဆိုရင် အသစ် ပေါ်ထွက်လာတဲ့ ဒီသွေးမျိုးဆက်က ရှေးဟောင်းခေတ် ကတည်းက မြစ်ဖျားခံ လာတာ ဖြစ်နိုင်တယ်..."

"များသောအားဖြင့်တော့... အဲဒါက ဒီမြို့တော် ထဲမှာ ရှိနေတဲ့ အင်အားစုတွေရဲ့ လက်ထဲကို ရောက်နေလောက်ပြီ... ပြန်လုယူဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး..."

"ဘယ်လောက်ပဲ ခက်ခဲပါစေ... ငါတို့ ရှာကို ရှာရမယ်... ဘိုးဘေးတွေက တိကျတဲ့ အမိန့်ပေးထားပြီးသား..."

အနည်းငယ် ပိန်ပါး နေသော အမျိုးသားက မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

"ဒီ မြို့တော်လေးကို မေ့ထားလိုက်ပါ... ဒီနယ်မြေက သြဇာအာဏာကြီးတဲ့ အင်အားစုတွေ ဝင်ပါလာရင်တောင်... ငါတို့ရဲ့ ရှေးဟောင်း ရွှမ်လိပ် မျိုးနွယ်စုရဲ့ သွေးမျိုးဆက် ပြန်လည် ပေါ်ထွက်လာမှုကို ဘယ်သူကမှ တားဆီးနိုင်မှာ မဟုတ်ဘူး..."

ထိုအမျိုးသမီးက သူ့အား တစ်ချက် စိုက်ကြည့်လိုက်ပြီး ပြန်ပြောသည်။

"ငါ ဆိုလိုချင်တာက... ငါတို့ ဒီမြို့တော်ထဲကို ဝင်ချင်တယ် ဆိုရင်... လုံးဝ မဆင်မခြင် လုပ်လို့ မရဘူး လို့ ပြောတာ... အထူးသဖြင့် ငါတို့က အခု အင်မော်တယ် နယ်မြေရဲ့ ပိုင်နက်ထဲ၊ လူသား ကျင့်ကြံသူတွေရဲ့ နယ်မြေ ထဲမှာ ရောက်နေတာလေ..."

"တကယ်လို့ ငါတို့သာ ဆူပူ သောင်းကျန်းမှုတွေ အများကြီး လုပ်မိရင်... ပြဿနာကြီး တွေ တက်လာနိုင်တယ်..."

"အဲဒါက ငါတို့ ရှေးဟောင်း သွေးမျိုးဆက်ကို ရှာဖွေဖို့ အတွက် ပိုပြီးတော့တောင် အဟန့်အတား ဖြစ်စေလိမ့်မယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ အပြာရောင် ဆံပင်များနှင့် အမျိုးသားက ခေါင်းညိတ် ထောက်ခံလိုက်၏။

"ရွှမ်ကျိ ပြောတာ မှန်တယ်... ငါတို့ ဘယ်လို ရှာဖွေရမလဲ ဆိုတာကို အရင် စဉ်းစားသင့်တယ်... ပြီးတော့ လူသားတွေဆီက ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှု တွေကို ဘယ်လို ရင်ဆိုင် ဖြေရှင်းမလဲ ဆိုတာကိုလည်း ကြိုတင် ပြင်ဆင်ထားရမယ်... အဲဒီလို အားလုံး ပြင်ဆင်ပြီးမှ မြို့ထဲကို ဝင်ကြတာပေါ့..."

ပင်လယ် မျိုးနွယ်စုဝင် များသည် ထိုကိစ္စကို အသေးစိတ် ဆွေးနွေး တိုင်ပင်ကြသည်။

အချို့က အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် ၏ အင်အားစုများ ထံမှ အကူအညီ တောင်းခံရန် အကြံပြုကြသော်လည်း ထိုအဆိုပြုချက်ကို အခြားသူများက ချက်ချင်းပင် ပယ်ချလိုက်ကြ၏။

“ဒါက ငါတို့ရဲ့ ရှေးဟောင်း ရွှမ်လိပ် မျိုးနွယ်စုရဲ့ သွေးမျိုးဆက်လေ…”

“တကယ်လို့ လူသား အင်အားစုတွေနဲ့ စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တွေသာ ဒီအကြောင်းကို သိသွားကြရင်... သူတို့က ငါတို့ကို တကယ်ရော ကူညီရှာဖွေပေးကြပါ့မလား…”

“သူတို့က ဝင်ရောက် စွက်ဖက်ပြီး သူတို့ ကိုယ်ကျိုးအတွက် လုယူသွားနိုင်တာပဲ…”

“ဒါ့အပြင်…”

“တကယ်လို့များ ရှေးဟောင်း သွေးမျိုးဆက်က အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် ရဲ့ အင်အားစုတွေ လက်ထဲမှာ ရှိနေရင်ကော ဘယ်လို လုပ်မလဲ…”

အချိန်အတန်ကြာအောင် ဆွေးနွေး တိုင်ပင်ကြပြီးနောက် ပင်လယ် မျိုးနွယ်စုဝင် များသည် အားနည်းသော လူသား ကျင့်ကြံသူများ အဖြစ် ဦးစွာ ရုပ်ဖျက်ပြီး လျှို့ဝှက်စွာ ရှာဖွေရန် မြို့တော် အတွင်းသို့ ခိုးဝင်ကြရန် ဆုံးဖြတ်လိုက်ကြသည်။ အကယ်၍ သူတို့ ရှာဖွေ တွေ့ရှိခဲ့ပါက ချက်ချင်း လုယူပြီး ထွက်ပြေးကြမည် ဖြစ်၏။ အကယ်၍ ရှာမတွေ့ခဲ့ပါက အခြား နည်းဗျူဟာ တစ်ခုကို ထပ်မံ ကြံစည်ကြမည် ဖြစ်သည်။

နောက်ဆုံး မဖြစ်မနေ အခြေအနေ ရောက်မှသာ လူသား အင်အားစုများ ထံမှ အကူအညီ တောင်းခံရန် သူတို့ သဘောတူ ဆုံးဖြတ်လိုက်ကြ၏။ ပင်လယ် မျိုးနွယ်စုဝင် များသည် ရုပ်ဖျက်ပြီးနောက် အားနည်းသော လူသား ကျင့်ကြံသူများ အဖြစ် အောင်မြင်စွာ ရောနှော ဝင်ရောက်ကာ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် အတွင်းသို့ ခြေချနိုင်ခဲ့ကြသည်။ သူတို့သည် ရှာဖွေရေး လုပ်ငန်းများကို လုပ်ဆောင်ရန် အတွက် မြို့တော် အတွင်းရှိ ဂူစံအိမ် တစ်ခုတွင် ယာယီ အခြေချ နေထိုင်လိုက်ကြ၏။

သွေးပုလဲလုံးသည် ရှေးဟောင်း ရွှမ်လိပ် သွေးမျိုးဆက်၏ အကြမ်းဖျင်း တည်နေရာနှင့် ဦးတည်ရာကိုသာ ဖော်ပြနိုင်စွမ်း ရှိသောကြောင့် ပင်လယ် မျိုးနွယ်စုဝင် များသည် အချိန်အတန်ကြာ ရှာဖွေပြီးနောက် ရှေးဟောင်း ရွှမ်လိပ် သွေးမျိုးဆက်မှာ မြို့တော် အတွင်းရှိ တစ်နေရာရာ တွင် ပုန်းအောင်း နေကြောင်းကို အသေအချာ သိရှိသွားကြသည်။ သို့သော်ငြားလည်း တိကျသော တည်နေရာကိုမူ သူတို့၏ ဆက်လက် ရှာဖွေမှုများမှ တဆင့်သာ သိရှိနိုင်မည် ဖြစ်သည်။

နှစ်နှစ် ကုန်လွန်သွားခဲ့လေပြီ။

မှောင်ခိုဈေး တွင် ယွင်‌ရှောင် ဆေးလုံး စံအိမ်၏ လျှို့ဝှက်ခန်း အတွင်း၌။

"ဝီ..."

စုယွီသည် ပိုးအိမ် တစ်ခုအလား ရွှေရောင် အလင်းတန်းများ လွှမ်းခြုံ ဝန်းရံလျက် ရှိနေ၏။ ထိုပိုးအိမ် အတွင်း၌ အချိန် ကုန်လွန်မှုမှာ အပြင်လောကနှင့် များစွာ ကွာခြားနေသည်။

ဤအခိုက်အတန့်တွင် သူသည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ အဆင့်မြင့် ဝိညာဉ်အရည်ကို ဓာတ်ကြီးငါးပါး ကျင့်စဉ် အသုံးပြု၍ သန့်စင်နေခြင်း ဖြစ်၏။ ကျင့်စဉ် လည်ပတ်လာသည်နှင့်အမျှ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များသည် ဓာတ်ကြီးငါးပါး ချီစွမ်းအင် စွမ်းအားမျှင်များ အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ဒန်တျန် အတွင်းရှိ တောက်ပနေသော ရွှေအမြုတေ ထံသို့ စုစည်း ဝင်ရောက်သွားသည်။

ကျွမ်းကျင်မှု မျက်နှာပြင် ပေါ်တွင် ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ ကျွမ်းကျင်မှု အဆင့်မှာ တဖြည်းဖြည်း မြင့်တက်လာနေ၏။

နောက်ဆုံးတွင် နာရီဝက် ကုန်လွန်သွားပြီးနောက်၊ စုယွီ၏ အရှိန်အဝါသည် သိမ်မွေ့စွာ ပြောင်းလဲ တိုးတက်လာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ကြီးမားလှသော စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင် များကို လောဘတကြီး စုပ်ယူ ဝါးမျိုတော့၏။

သို့သော် ဆိုင်ခန်း၏ တတိယအဆင့် ဝိညာဉ်သွေးကြော မှ ဝိညာဉ်စွမ်းအင် ကိုသာ အားကိုးနေရခြင်းမှာ သူ၏ ကျင့်ကြံခြင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လုံလောက်မည် မဟုတ်ကြောင်း သိသာ ထင်ရှားလှသည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်း အဆင့် တိုးတက်လာသည်နှင့် တစ်ပြိုင်နက် စုယွီသည် အဆင့်နိမ့် ချီသန့်စင်အိုး ကို ဆင့်ခေါ်လိုက်ပြီး ၎င်းအတွင်းမှ စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် နှစ်စက်ကို မျိုချလိုက်သည်။

"ဘုန်း..."

စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် တွင် ပါဝင်သော ဧရာမ ဝိညာဉ်စွမ်းအင် များသည် စုယွီ၏ ခန္ဓာကိုယ် အတွင်း၌ အရိုင်းဆန်သော ရေလှိုင်းကြီး တစ်ခုအလား ချက်ချင်း ပေါက်ကွဲ ထွက်ပေါ်လာ၏။ ဝိညာဉ်စွမ်းအင် ပမာဏမှာ အလွန်တရာ ကြီးမားလှသဖြင့် မူလဝိဉာဉ်အဆင့် အစောပိုင်း ကာလရှိ စစ်မှန်သော အရှင်သခင် တစ်ပါး ပင်လျှင် ၎င်းကို အပြည့်အဝ သန့်စင်ရန် တစ်ရက်လုံး အချိန်ယူရပေလိမ့်မည်။ သို့သော် စုယွီ၏ ခန္ဓာကိုယ် အတွင်းတွင်မူ ဓာတ်ကြီးငါးပါး ကျင့်စဉ်မှာ လျင်မြန်စွာ လည်ပတ်နေသောကြောင့် စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် မှ စွမ်းအင်များကို အလျင်အမြန် စုပ်ယူ စားသုံးနေသည်။

တစ်နာရီခန့် အချိန်တိုလေး အတွင်းမှာပင် စုယွီ၏ အရှိန်အဝါမှာ တည်ငြိမ်သွားခဲ့၏။

စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် နှစ်စက်တွင် ပါဝင်သော အဆုံးအစမဲ့ ဝိညာဉ်စွမ်းအင် များကို သူက လုံးဝ အပြည့်အဝ သန့်စင်လိုက်နိုင်လေပြီ။

နောက်ဆုံးတွင် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ရှစ်သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့လေပြီတကား။

"ဟူး..."

စုယွီသည် လေကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီး အရောင်လက်နေသော မျက်လုံးများကို ဖွင့်လိုက်သည်။ ဤအဆင့် တိုးတက်မှုသည် သူ၏ ဓာတ်ကြီးငါးပါး ချီစွမ်းအင် ကို မြှင့်တင်ပေးရုံသာမက သူ၏ သက်စောင့်စွမ်းအင် ကိုပါ သိသိသာသာ တိုးတက် ကောင်းမွန်လာစေခဲ့သည်။

သူသည် မိမိ၏ ခန္ဓာကိုယ်ကို စူးစမ်း ကြည့်ရှုလိုက်၏။

လွန်ခဲ့သော နှစ်များတစ်လျှောက် အဆက်မပြတ် ကျင့်ကြံ လေ့ကျင့်မှု များကြောင့် အင်မော်တယ် ခန္ဓာ ကျင့်စဉ် တတိယအဆင့်မှာ ပြီးပြည့်စုံလုနီးပါး ဖြစ်နေလေပြီ။ အင်မော်တယ် ခန္ဓာ ကျင့်စဉ်၏ အမှတ်အသား များစွာသည် သူ၏ ခန္ဓာကိုယ် အတွင်း၌ နက်ရှိုင်းစွာ ထွင်းထု ခံထားရသည်။

ပထမ အဆင့်နှစ်ခုမှ အမှတ်အသားများကို ပေါင်းထည့်လိုက်ပါက အမှတ်အသား တစ်သောင်းကျော်ပင် ရှိနေပြီ ဖြစ်၏။ အမှတ်အသား ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးခု လိုအပ်သော တတိယအဆင့် အတွက် သူသည် ကိုးထောင့်သုံးရာကျော်ကို ထွင်းထုပြီး ဖြစ်သည်။ ပြီးပြည့်စုံမှုသို့ ရောက်ရှိရန် အတွက် အမှတ်အသား ခြောက်ရာကျော်ခန့်သာ လိုအပ်တော့၏။

ထိုအချိန်တွင်ပင် ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ အဆင့်တက်မှုနှင့်အတူ သူ၏ ခန္ဓာကိုယ် အတွင်းရှိ တတိယမြောက် နှစ်ပတ်လည်ကွင်း သည်လည်း ထပ်မံ ပြောင်းလဲသွားခဲ့ပြီး အချိန်၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမို ကြွယ်ဝလာသည်။ သူ၏ ခန္ဓာကိုယ်၏ စွမ်းအားနှင့် ပြောင်းလဲမှုများကို ခံစားသိရှိလိုက်ရသောအခါ စုယွီက စိတ်ထဲမှ တွေးတောလိုက်၏။

'ငါ့ရဲ့ ချီစွမ်းအင်ကို လုံးဝ အသုံးမပြုရင်တောင်... ငါ့ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးကို ဖောက်ထွင်းနိုင်မယ့် အမြုတေ ဖွဲ့စည်းခြင်း ကျင့်ကြံသူ ဘယ်နှယောက်များ ရှိမလဲ မသိဘူး...'

အကယ်၍ သူသာ တိုက်ပွဲတွင် အစွမ်းကုန် တိုက်ခိုက်မည် ဆိုပါက...

လက်ရှိ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ရှစ်ဖြင့် မူလဝိဉာဉ်အဆင့် အစောပိုင်း ကာလရှိ သာမန် အရှင်သခင် တစ်ပါးကို ရင်ဆိုင်နိုင်မည်လော။

အစင်းကြောင်း ခုနစ်ကြောင်းသာ ရှိနေသေးသော သူ၏ ဒန်တျန် အတွင်းရှိ ရွှေအမြုတေကို စုယွီ စစ်ဆေးကြည့်လိုက်သည်။

All Chapters