← Chapters

အခန်း ၈၁၂

Vol. 55 Ch. 812

အခန်း ၈၁၂

Vol. 55 Ch. 812

အခန်း (၈၁၂) - မြှားတစ်ချက်ဖြင့် ဝိညာဉ်ခန္ဓာကိုယ် ပြိုလဲခြင်း (၂)

ထိုစဉ်မှာပင် ကောင်းကင်ယံရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းမှ လှိုင်းဂယက်များ ထွက်ပေါ်လာပြီး လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာကာ ထိုအဆင့်မြင့် မှော်လက်နက်ကို ပြန်လည် ဆွဲယူသွား၏။

လက်ပြန်ရုပ်သိမ်းသွားသည်နှင့် ဟင်းလင်းပြင်သည် ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားပြီး ကမ္ဘာလောကကြီးမှာလည်း တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။

ဝေးလံသော အရပ်၌..

ရွှမ်ဟွမ် တောင်ကြား။

အင်မော်တယ် တစ်သောင်း နန်းတော်မှ မူလဝိညာဉ် အဆင့် နှောင်းပိုင်း ကျင့်ကြံသူ ကူယန်သည် သူ၏ တာအိုကိုယ်ပွား ကို ထုတ်ဖော်လိုက်ပြီး ကူရှောက်ခွန်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူသည် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုနှင့် ဝမ်ဝူ ကုန်သွယ်ရေး အသင်းတို့၏ စုပေါင်း တိုက်ခိုက်မှုကို တစ်ချက်တည်းဖြင့် ပြန်လည် ရိုက်ထုတ်နိုင်ခဲ့၏။

သူ စကားပင် မပြောရသေးမီ ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုမှ အရှင်သခင် ရွှမ်လျို ထံမှလည်း လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာသည်။

ခဏအကြာတွင် အဆင့်ငါး ရွှမ်လိပ် ပင်လယ် ကိုယ်ပွား ပေါ်ထွက်လာ၏။

ကူယန်၏ ကိုယ်ပွား သည် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ကူရှောက်ခွန်းထံသို့ အသံလွှင့်ကာ သတိပေးလိုက်သည်။ “မြန်မြန် ထွက်သွားတော့...”

ထိုအချိန်တွင် ကူရှောက်ခွန်းနှင့် ကွမ်ကျားမင်းသမီးတို့၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် တုန်ခါသွားသည်။

ချက်ချင်းဆိုသလိုပင်။

မီးတောက် အလင်းတန်း တစ်ခုသည် ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာ၏။

မီးတောက် အလင်းတန်း ဖောက်ထွက်လာသည်နှင့် ဖီးနစ်ငှက်၏ အော်သံ မြည်ဟည်းလာသည်။ အလင်းတန်းမှာ ကြီးမားလှသော မီးဖီးနစ် တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကြောင့် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုဝင်များနှင့် ကျင့်ကြံသူများ၏ မျက်နှာများ ချက်ချင်း ဖြူဖျော့သွားတော့သည်။

ပါထျန်း မြို့စားကြီး နှင့် ကူယန်တို့၏ ကိုယ်ပွား များပင်လျှင် ထိုစက္ကန့်ပိုင်းအတွင်း ကျရောက်လာသော ကြောက်မက်ဖွယ် စွမ်းအားကြောင့် အရိုးထိအောင် အေးစက်သွားကြသည်။

ကူရှောက်ခွန်းနှင့် ကွမ်ကျားမင်းသမီးတို့သည် သူတို့၏ မှော်ရတနာများကို အသက်သွင်းလိုက်ရာ အကာအကွယ် အလွှာများ အလိုအလျောက် ပေါ်ထွက်လာပြီး သူတို့၏ သခင်များကို ကာကွယ်ပေးလိုက်၏။

မူလဝိညာဉ် အဆင့် နှောင်းပိုင်း ကျင့်ကြံသူများ ဖြစ်ကြသည့် ကူယန်နှင့် ပါထျန်း မြို့စားကြီးတို့က တစ်ပြိုင်နက် ဟိန်းဟောက်လိုက်သည်။

“ရဲရင့်လိုက်တာ...”

သူတို့သည် ထိုမီးဖီးနစ်ကို ရင်ဆိုင်ရန် လှည့်လိုက်ပြီး လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

ထိုအချိန်မှာပင် သူတို့ နောက်ထပ် လုပ်နိုင်သည့် အရာမရှိတော့ပေ။

ကူရှောက်ခွန်းနှင့် ကွမ်ကျားမင်းသမီးတို့မှာ ရှောင်တိမ်းရန်ပင် အချိန် မရှိတော့ချေ။

“ဝုန်း...”

မီးဖီးနစ်သည် ကူယန်နှင့် ပါထျန်း မြို့စားကြီးတို့၏ မူလဝိညာဉ် အဆင့် ကိုယ်ပွား များနှင့် တိုက်မိသွားသည်။ သူတို့၏ ကိုယ်ပွား များမှာ လှည့်စားခြင်း တစ်ခုလိုပင် လျှပ်တစ်ပြက်အတွင်း အပိုင်းပိုင်း ကွဲကြေသွားပြီး မီးလောင် ပြာကျသွားတော့သည်။

သို့သော် မီးဖီးနစ်မှာလည်း ထိုစက္ကန့်၌ပင် အပိုင်းအစများ ဖြစ်သွား၏။

ကူရှောက်ခွန်းနှင့် ကွမ်ကျားမင်းသမီးတို့ သက်ပြင်းချနိုင်လိုက်သည်။

သို့သော် နောက်တစ်ခဏတွင် နောက်ထပ် မီးဖီးနစ် တစ်ကောင် ရုတ်တရက် ပေါ်ထွက်လာပြီး ရှေ့သို့ ထိုးဝင်လာပြန်သည်။

သူ၏ အရှိန်အဝါမှာ ယခင်ကထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေသေး၏။

“ဝုန်း...”

သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် မီးဖီးနစ်သည် သူတို့၏ မှော်ရတနာ အကာအကွယ်အားလုံးကို ဖောက်ထွက်သွားသည်။ မီးဖီးနစ်၏ ကောင်းကင်ကို လောင်ကျွမ်းစေနိုင်သော စွမ်းအားကြောင့် သူတို့မှာ ချက်ချင်း အရည်ပျော်သွားပြီး ပြာမှုန့်များအဖြစ်သို့ ရောက်ရှိသွားကာ ခန္ဓာကိုယ်နှင့် ကျင့်စဉ်လမ်းကြောင်းများပါ ပျက်စီးသွားတော့သည်။

ထိုသူနှစ်ဦးကို အရည်ပျော်စေပြီးနောက် ယခင် မီးဖီးနစ် အတွင်းမှ နောက်ထပ် မီးဖီးနစ် တစ်ကောင် ထွက်ပေါ်လာသည်။

ထိုမီးဖီးနစ်၏ အရှိန်အဝါမှာ အလွန်ပြင်းထန်လှသဖြင့် မိုင်တစ်ရာအတွင်းရှိ အပင်များမှာ အလိုအလျောက် လောင်ကျွမ်းသွားသည်။

အနီးနားရှိ အားနည်းသော ကျင့်ကြံသူများမှာ သူတို့၏ ခန္ဓာကိုယ်များ မမြင်နိုင်သော မီးတောက်များဖြင့် လောင်ကျွမ်းနေသည်ကို ခံစားမိကာ အော်ဟစ်နေကြ၏။

ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု၏ ထိပ်တန်း အဆင့်ငါး ဓမ္မ ခန္ဓာကိုယ်မှာ လှုပ်ရှားလိုက်ပြီး ကျန်ရှိသော ပင်လယ် မျိုးနွယ်စုများနှင့် ဝမ်ဝူ ကုန်သွယ်ရေး အသင်းတို့ကို ခေါ်ဆောင်ကာ ထိုဘေးအန္တရာယ်မှ လွတ်မြောက်ရန် ထွက်ပြေးကြသည်။

တတိယမြောက် မီးဖီးနစ်သည် ကူရှောက်ခွန်းနှင့် ကွမ်ကျားမင်းသမီးတို့ကို ဖောက်ထွက်သွားပြီးနောက် မိုင်လေးဆယ်ကျော် ဝေးသော တောင်တန်းတစ်ခုပေါ်သို့ ကျရောက်သွား၏။ ထိုတောင်မှာ ပေနှစ်ထောင်ကျော် မြင့်မားလေသည်။

“ဝုန်း...”

တောင်တန်းနှင့် ပတ်ဝန်းကျင် မိုင်ဆယ်ကျော်မှာ ချက်ချင်းဆိုသလိုပင် ချော်ရည် ရေကန် တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ယင်းယို နှင့် ယင်းမျိုးနွယ်စုမှ အခြားသူများမှာ ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု သို့မဟုတ် ဝမ်ဝူ ကုန်သွယ်ရေး အသင်းကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့သည် ချန်ကု အင်မော်တယ် မြို့တော် ဘက်သို့ ရူးသွပ်စွာ ထွက်ပြေးကြသည်။

မီးဖီးနစ်မှ လွတ်မြောက်ပြီးနောက် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုဝင်များလည်း မနေရစ်တော့ဘဲ ချန်ကု အင်မော်တယ် မြို့တော် ဘက်သို့ ဦးတည်သွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှမ်ဟွမ် တောင်ကြား တစ်ခုလုံးမှာ လူသူကင်းမဲ့သော အပျက်အစီးများအဖြစ်သို့ ရောက်ရှိသွားပြီး တိတ်ဆိတ် ခြောက်ကပ်သွားတော့သည်။

ထိုအခိုက်အတန့်ဝယ် ချန်ကု အင်မော်တယ် မြို့တော်။

လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်။

စုယွီ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

သူ၏ ရှေ့ရှိ ဟင်းလင်းပြင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီးနောက် စုယွီ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားရသည်။ သို့သော် တောက်ပနေသော မီးဖီးနစ် ကောင်းကင် လေးကို ကြည့်လိုက်သောအခါ စုယွီ၏ ရင်ထဲတွင် အံ့ဩမှုများ ပြည့်နှက်သွား၏။

‘တကယ်ကို အဆင့်မြင့် မှော်လက်နက်ပဲ။ အစွမ်းကုန် အသက်သွင်းလိုက်ရုံနဲ့တင် အဆင့်လေး အဆင့်မြင့် ရုပ်သေးတာအို ကိုတောင် အပိုင်းပိုင်း ကွဲသွားစေနိုင်တာပဲ။

ဒီလို မှော်လက်နက်မျိုးကိုတော့ ‌ကန်းကျင်း ကောင်းကင် ဓား နည်းစနစ် အဆင့်ငါး ကို ရောက်ပြီး ငါ့ရဲ့ ခန္ဓာကိုယ် ကျင့်စဉ် နှစ်ခုစလုံး အဆင့်ငါး ကို ရောက်မှသာ အပြည့်အဝ အသက်သွင်းနိုင်မယ် ထင်တယ်။

ကိုယ်ပွား ကွဲသွားပြီဆိုတော့ ဝိညာဉ် တစ်စိတ်တစ်ပိုင်းလည်း ပျက်စီးသွားပြီ’

စုယွီ၏ ဝိညာဉ် ထိခိုက်သွားသော်လည်း မီးဖီးနစ် ကောင်းကင် လေး ကို ပြန်သိမ်းပြီးနောက် ကျောက်စိမ်း ပုလင်း တစ်လုံးကို ထုတ်ယူကာ ကြည်လင် တောက်ပသော အဖြူရောင် ဝိညာဉ် အရည် တစ်စက်ကို ထုတ်လိုက်၏။

ဒါကတော့ ဝိညာဉ် ထိခိုက်မှုတွေကို ကုသပေးနိုင်သော အဆင့်ငါး ကောင်းကင်နှင့် မြေကြီး ရတနာ၊ နတ်ဘုရား ဝိညာဉ်အရည် ပင်။

သူ ချက်ချင်း သောက်လိုက်ပြီးနောက် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို တိတ်တဆိတ် ကျင့်ကြံကာ ဝိညာဉ်ကို ပြန်လည် ကုသလိုက်သည်။

အပြင်ဘက်က ကိစ္စတွေလား။

သူ ဘာမှ မသိ။

အပြင်မှာ ဘာပဲ ဖြစ်ဖြစ်၊ သူက သာမန် အဆောင်လက်ဖွဲ့ဆရာကလေး တစ်ယောက်ပါလေ။

‘ငါ မင်းတို့ကို ပြောသားပဲ... အေးအေးနေဖို့၊ မာန်မတက်ဖို့၊ မဟုတ်ရင် ဝိညာဉ် ခန္ဓာကိုယ် ဖြစ်နေရင်တောင်မှ မဖွံ့ဖြိုးသေးတဲ့ ဝိညာဉ် ခန္ဓာကိုယ် က ဘာမှ မဟုတ်ဘူး’

စုယွီ ရင်ထဲမှ သက်ပြင်းချလိုက်၏။

‘ဒီတစ်ခေါက် အင်မော်တယ် တစ်သောင်း နန်းတော်မှ ကိုယ်ပွား ကူရှောက်ခွန်း နဲ့ သူ့ရဲ့ တာအို လက်တွဲဖော် ကွမ်ကျားမင်းသမီး ကို သတ်လိုက်နိုင်တာက အဆင့်လေး အဆင့်မြင့် ကိုယ်ပွား တစ်ခုပဲ ပေးလိုက်ရပေမယ့် အရှုံးတော့ မရှိဘူး။

စိတ်ဝိညာဉ် ထိခိုက်မှုကလည်း မကြာခင် သက်သာသွားမှာပဲ၊ ဘာမှ သိပ်မဖြစ်ပါဘူး။

နောက်ပြီး ငါက အဆင့်ငါး အဆင့်နိမ့် ရုပ်သေး အတွက် ပစ္စည်းတွေ စုနေတာ။ သင့်တော်တဲ့ အနှစ်သာရ တစ်ခု ရရင်တော့ အဆင့်ငါး အဆင့်နိမ့် ရုပ်သေး တစ်ခု ရလာမှာပါ။

ဘာပဲဖြစ်ဖြစ် အဆင့်လေး အဆင့်မြင့် ရုပ်သေး တစ်ခုနဲ့ အင်မော်တယ် တစ်သောင်း နန်းတော်ရဲ့ ဝိညာဉ် ခန္ဓာကိုယ် ကိုယ်ပွား ရဲ့ အသက်ကို လဲလိုက်ရတာ၊ ပြီးတော့ အင်မော်တယ် တစ်သောင်း နန်းတော် နဲ့ ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု ကြားက ရန်ငြိုးကို နှိုးဆွလိုက်တာ၊ တိုက်ပွဲကြီး ဖြစ်ပွားစေတာ၊ တန်ပါတယ်’

စုယွီ တစ်ယောက်.. ထိုသို့ တွက်ချက်လိုက်ပါသည်။

*

ရွှမ်ဟွမ် တောင်ကြား သို့ ပြန်သွားသော်။

“ဝူး”

ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုနှင့် ယင်းမျိုးနွယ်စုမှ ကျင့်ကြံသူများ ထွက်ပြေးသွားပြီး မကြာမီမှာပင် ပုံရိပ် တစ်ခုက ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရွှမ်ဟွမ် တောင်ကြား ဟု ခေါ်သော အပျက်အစီးနယ်မြေ ရှိရာသို့ ရောက်ရှိလာသည်။

တာအိုသခင် လော့ဟယ် ၏ မျက်နှာမှာ အလွန်ပင် ကြည့်မကောင်း ဖြစ်နေ၏။

သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်နှင့် ဒေါသတို့မှာ ထိန်းချုပ်

မရနိုင်လောက်အောင် ဖြစ်နေလေသည်။

All Chapters