← Chapters

အမဲလိုက်ခြင်း

Vol. 2 Ch. 23

အမဲလိုက်ခြင်း

Vol. 2 Ch. 23

~(၃) ရက် ကြာပြီးနောက်...

မနက်ခင်း အရုဏ်တက်ချိန် ကောင်းကင်ယံသည် အလင်းရောင် စတင် သန်းလာလေပြီ။

စုယွီ သည် တရားထိုင်နေရာမှ နိုးထလာပြီး၊ သူ့အခြေအနေ အကောင်းဆုံး ဖြစ်နေသည်ကို ခံစားလိုက်ရ၏။ သူ ခေါင်းညိတ် ကျေနပ်လိုက်ပြီး၊ ဝမ်းဗိုက်အောက်ပိုင်းရှိ ဒန်တျန် ထဲမှ ဝိဉာဉ်စွမ်းအင်ဖြင့် ပြုစုပျိုးထောင်ထားသော မှော်လက်နက် (၃) ခုကို အာရုံခံလိုက်၏။ ထို့နောက် စိတ်အာရုံဖြင့် ဆင့်ခေါ်လိုက်ရာ "အလယ်အလတ် မှော်ဝတ်ရုံ" ပေါ်ထွက်လာပြီး၊ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်လိုက်၏။

အခန်းထဲမှ ထွက်၍ ဆရာ စုယွင် ထံ သွားရောက် နှုတ်ဆက်ရန် ပြင်ဆင်နေစဉ်၊ စုယွင် က ကျောက်စိမ်း ပုလင်းလေး တစ်လုံးကို ကိုင်ဆောင်လျက် သူ့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရ၏။

စုယွင် က ပုလင်းလေးကို စုယွီ ထံ ကမ်းပေးလိုက်၏။

"ရော့... ဒါ မင်းအတွက်... 'စိတ်ညှို့ဆေးရည်' လို့ ခေါ်တယ်"

"ဒါက 'သားရဲမျှားဆေးမှုန့်' ဆေးနည်းကို အခြေခံပြီး ငါ စမ်းသပ် ဖော်စပ်ထားတဲ့ ဆေးရည် အသစ်ပဲ... သားရဲတွေကို ဆွဲဆောင်တဲ့ အာနိသင်တော့ မရှိဘူး... ဒါပေမဲ့ စိတ်ကို ညှို့ယူ ဖမ်းစားနိုင်တဲ့ အာနိသင်ကတော့ အရမ်း ပြင်းထန်တယ်"

"ပထမအဆင့် (နှောင်းပိုင်း) သိမ်းငှက် ဆိုတာ အားနည်းတဲ့ သားရဲ မဟုတ်ဘူး... ဒါပေမဲ့ ဒီဆေးရည်သာ လုံလောက်အောင် ထိမှန်သွားရင်၊ သူ ဘယ်လောက်မှ ခံနိုင်မှာ မဟုတ်ဘူး"

ထို့နောက် စုယွင် က တိုးတိုးလေး ကပ်ပြောသည်။

"စုဇီ အတွက်က အတွင်းစည်း စာမေးပွဲ အောင်ဖို့ ဆိုတာ သိမ်းငှက်ကို သတ်ပြနိုင်ရင် ရပြီလေ... ဒီတာဝန်က သိပ်မခက်ပါဘူး... ပြီးတော့ ဒီဆေးရည် အစွမ်းကလည်း မဆိုးဘူး... မဟုတ်ရင် ငါ မင်းအတွက် အဆိပ် တချို့ပါ ထည့်ပေးလိုက်ဦးမှာ"

"ငါတို့က ဆေးလုံး ဖော်စပ် ပညာရှင်တွေပဲ... ဆေးနဲ့ ဖြေရှင်းလို့ ရရင်၊ အင်အားသုံးနေစရာ မလိုပါဘူး"

စုယွီ ကြောင်သွားသည်။

စိတ်ညှို့ဆေးရည်... ပြီးတော့ အဆိပ်...

ထို့နောက် စုယွီ၏ မျက်လုံးများ အရောင်တောက်လာသည်။

‘တကယ့် ပစ္စည်းကောင်းတွေပဲ။

အရင်တုန်းက သူ ကြွက်သားရဲတွေကို သားရဲမျှားဆေးမှုန့် သုံးပြီး ဖမ်းခဲ့တဲ့ အကြံအစည်နဲ့ အတူတူပါပဲ။’

"ကျေးဇူးတင်ပါတယ် ဆရာ"

စုယွီ ဆေးပုလင်းကို အလျင်စလို လှမ်းယူလိုက်၏။ စုယွင် က ဆေးရည် သုံးစွဲပုံနှင့် အာနိသင် ကြာချိန်ကို ရှင်းပြသည်။

မှော်လက်နက်ပေါ်တွင် သုတ်လိမ်းလိုက်ပါက... အမွှေးတိုင် တစ်တိုင် ထွန်းထားသလောက် ကြာချိန် ခန့် အာနိသင် ရှိလေသည်။

စုယွီ က သတိထားပြီး မေးလိုက်၏။

"ဆရာ... ဒီဆေးရည်က လူတွေ အပေါ်မှာကော အာနိသင် ရှိသလား"

စုယွင် ခဏ ကြောင်သွားပြီး၊ စုယွီ ကို အဓိပ္ပာယ် ပါပါ ကြည့်ကာ ပြောလိုက်၏။

"ငါ ကိုယ်တိုင် စမ်းသောက်ကြည့်ဖူးတယ်... ထိရောက်တယ်"

ကိုယ့်ကိုယ်ကို စမ်းသောက်ကြည့်တယ်တဲ့... တကယ့် လူကြမ်းကြီးပါလား။

မူလက စုယွီ သည် အဆိပ်အသုံးပြုနည်း အကြောင်း မေးမြန်းပြီး၊ အာမခံချက် တချို့ တောင်းမည် စိတ်ကူးထားသော်လည်း၊ အချိန် သိပ်မရတော့သဖြင့် လက်လျှော့လိုက်၏။

"ဆရာ... ကျွန်တော် သွားခွင့်ပြုပါဦး"

စုယွင် ကို နှုတ်ဆက်ပြီးနောက်၊ စုယွီ သည် စုချင်းယီ နှင့် သွားရောက် ပူးပေါင်းကာ၊ ယွင်ရှန်း ဈေးမြို့တော်မှ ထွက်ခွာပြီး ယွင်ကျန်းဂိုဏ်း တောင်တံခါးဝ ဆီသို့ ဦးတည် သွားရောက်ကြ၏။

လမ်းလျှောက်နေရင်း စုချင်းယီ က တိုးတိုးလေး ပြော၏။

"အစ်ကိုယွီ၊ တကယ်လို့ အန္တရာယ် တစ်ခုခု ကြုံလာရင်... ကျွန်တော့်အနားမှာ နေနော်... သခင်မလေး သိမ်းငှက်ကို သတ်နိုင်အောင် ကူညီပေးနိုင်မလား မသေချာပေမယ့်... ခင်ဗျား လုံခြုံရေး အတွက်တော့ ကျွန်တော် တာဝန်ယူနိုင်ပါတယ်"

စုယွီ အံ့သြစွာ ကြည့်လိုက်၏။

စုချင်းယီ က ပုံမှန် မျက်နှာထားဖြင့်ပင် ဆက်ပြောသည်။

"သခင်မလေး သာ ယွင်ကျန်းဂိုဏ်း အတွင်းစည်းမှာ နေရာရသွားရင်... ကျွန်တော်တို့ စုမိသားစု အတွက် အကျိုးကျေးဇူး အများကြီး ရှိလာမှာ"

"တခြားဟာတွေ ထားလိုက်ပါဦး... အင်အားကြီး ဂိုဏ်းတွေ လက်ဝါးကြီးအုပ်ထားတဲ့ 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး'နဲ့ ကုန်ကြမ်းပစ္စည်းတွေ ဆိုတာ သာမန် ကျင့်ကြံသူ မိသားစုလေး တစ်စု အနေနဲ့ လက်လှမ်းမီနိုင်တဲ့ အရာ မဟုတ်ဘူးလေ"

"ကျွန်တော်တို့ စုမိသားစု.. မြစ်ရေစီး မြို့တော်မှာ ခြေကုပ်မြဲပြီး၊ လင်းမိသားစုကို ယှဉ်နိုင်ဖို့ ဆိုရင်... အခြေခံ တည်ဆောက်ခြင်း အဆင့် ရောက်နေတဲ့ အကြီးအကဲ တစ်ယောက်လောက်တော့ ရှိမှ ဖြစ်မယ်"

သို့သော်၊ စုချင်းယီ ထုတ်မပြောလိုက်သည့် အချက် တစ်ချက် ရှိသေးသည်။

ဒါက နောင်တစ်ချိန် သူတို့ကိုယ်တိုင် "အခြေခံ တည်ဆောက်ခြင်း" အဆင့် တက်လှမ်းနိုင်ဖို့ အတွက်ပါ လမ်းခင်းပေးနေသည်ကိုပါပင်။

"ငါ နားလည်ပါတယ်" ဟု စုယွီ ပြန်ပြောလိုက်၏။

"အခြေခံ တည်ဆောက်ခြင်း" ဆိုတာ ချီစွမ်းအင် အဆင့် ကျင့်ကြံသူ (၉၀%) ကျော် အတွက် အကြီးမားဆုံးသော အဟန့်အတားကြီး တစ်ခု ဖြစ်ပါသည်။

ယွင်ကျန်းဂိုဏ်း လို အင်အားကြီး

ဂိုဏ်းတွေက ဒီဆေးလုံးနှင့် ကုန်ကြမ်းတွေကို လက်ဝါးကြီးအုပ်ထားရုံနှင့်တင်... ကျန်သည့် အင်အားစုတွေ၊ လေလွင့် ကျင့်ကြံသူတွေကို ထိန်းချုပ်ထားနိုင်၏။

လက်ရှိ စုမိသားစုက ဒီဆေးလုံး ရဖို့ ကြိုးစားနေသော်လည်း... ပိုက်ဆံ ရှိတိုင်း ဝယ်၍ ရသည် မဟုတ်ပါလေ။

စုယွီ၏ လက်ရှိ ကျင့်ကြံမှုနှုန်း အရ ဆိုလျှင်... ဆယ်စုနှစ် အနည်းငယ် ကြာမှ "အခြေခံ တည်ဆောက်ခြင်း" အဆင့်ကို စဉ်းစားနိုင်မည်။

သူကတော့ အဆို့အတား အတွက် သိပ်မပူရပါ။

သို့ရာတွင်၊ တခြားလူတွေကတော့ ပူရသည်လေ။

ရိုးရိုးသားသား ပြောရလျှင်... မိသားစု အကြီးအကဲတွေက သူ့အပေါ် ကောင်းကြ

ပါ၏။ သူက ကျေးဇူးကန်းသည့် မျက်လုံးဖြူ ဝံပုလွေ ( တစ်ကောင်လို လုပ်ပြီး၊ သူတို့ကို လျစ်လျူရှု မထားနိုင်ပါပေ။

သူသာ ပြင်ပလူ ဖြစ်နေရင် တစ်မျိုးပင်

သို့သော်၊ သူက စုမိသားစုဝင် တစ်ယောက် ဖြစ်၏။ အမည်ကိုက စုယွီ ပင် ဖြစ်ပါသည်။

လောလောဆယ် အနေအထားမှာ... အရာအားလုံးကို ဘေးချိတ်ထားပြီး ကိုယ့်ကျင့်ကြံခြင်း တစ်ခုတည်းကိုသာ အာရုံစိုက်နေ၍ မရသေးပါ။

ယွင်ကျန်းဂိုဏ်း အပြင်ဘက် တံခါးပေါက်သို့ ရောက်ရှိလာကြ၏။

မကြာမီမှာပင် စုဇီ၊ လီရှီနန် နှင့် ချန်စီစီ တို့ ထွက်လာကြ၏။ စုဇီ ဦးဆောင်မှုဖြင့် သူတို့ (၅) ယောက်သား သိမ်းငှက် ကျက်စားရာ နေရာဆီသို့ အမြန် ခရီးနှင်ကြ၏။

သူတို့အဖွဲ့ လူသူကင်းမဲ့သော ကွင်းပြင် ထဲသို့ ဝင်ရောက်သွားပြီး မရှေးမနှောင်းမှာပင်.. အရိပ်တစ်ခု မှောင်ရ်ိပ်မှ..ဘွားခနဲ ပေါ်ထွက်လာသည်။

ထွက်ခွာသွားသော လူ (၅) ယောက်ကို ကြည့်ရင်း သူ့မျက်လုံးများ အေးစက်နေ၏။

"စုဇီ... စုယွီ... စုချင်းယီ... စုမိသားစုရဲ့ ကလေး (၃) ယောက်လုံးကို တစ်ပြိုင်တည်း ရှင်းပစ်လိုက်ရင်... မင်းတို့ ခေါင်းဆောင် စုဖုန် ဘယ်လို မာနကြီးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"

ထိုလူ အံကြိတ်ပြီး တီးတိုး ရေရွတ်လိုက်၏။

ခဏ စောင့်ပြီးနောက်... ထိုသူက ခပ်လှမ်းလှမ်းမှ တိတ်တဆိတ် နောက်ယောင်ခံ လိုက်ပါသွားလေသည်။

နေ့ဝက်ခန့် ကြာပြီးနောက်...၊

တိမ်တိုက်များ အထိ ထိုးဖောက် မြင့်မားနေသော တောင်ကြီး တစ်လုံးအောက်တွင်... စုယွီ တို့အဖွဲ့ တစ်နာရီကျော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး၊ နောက်ဆုံးတွင် အမဲလိုက်ရာမှ ပြန်လာသော တောင်ပေါ်သိမ်းငှက်ကို တွေ့ရှိလိုက်ကြ၏။

စုဇီ စကားပြောရန် ပြင်လိုက်စဉ်၊ စုယွီ က ကျောက်စိမ်း ပုလင်းလေး တစ်လုံးကို ထုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

"ဒါက 'စိတ်ညှို့ဆေးရည်' ပါ... ဆရာ ဖော်စပ်ပေးလိုက်တာ... (နှောင်းပိုင်း) အဆင့် သားရဲတွေကိုတောင် စိတ်ညှို့နိုင်တယ်"

"ဒီဆေးရည်ကို ကျွန်တော်တို့ရဲ့ မှော်လက်နက်တွေပေါ်မှာ သုတ်လိမ်းထားကြမယ်... အခွင့်အရေး ရတာနဲ့ သိမ်းငှက်ကို ဝိုင်းတိုက်မယ်... ဆေးအာနိသင်နဲ့ အဓိက ဖြိုချကြတာပေါ့"

စုဇီ၊ လီရှီနန်၊ ချန်စီစီ နှင့် စုချင်းယီ တို့ အားလုံး စုယွီ ကို အံ့သြစွာ ကြည့်လိုက်ကြ၏။

စိတ်ညှို့ဆေးရည်... တဲ့လား။

အားလုံး ဝိုင်းကြည့်နေကြတာ မြင်တော့ စုယွီ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ပြောလိုက်၏။

"ဆေးလုံး ဖော်စပ် ပညာရှင် တစ်ယောက် အနေနဲ့... ဆေးဝါး အကူအညီ ယူတာ ပုံမှန်ပါပဲဗျာ... ဟုတ်တယ်မလား"

စုဇီ ရယ်ချင်စိတ်ကို အောင့်ထားရပြီး ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်၏။

လီရှီနန် က ပြုံးစစဖြင့် ခေါင်းညိတ် ထောက်ခံလိုက်၏။

"မှန်တာပေါ့"

ချန်စီစီ လည်း ပါးစပ်အုပ်ပြီး စုယွီ ကို ကြည့်ကာ ရယ်ချင်နေ၏။

ဘေးနားက စုချင်းယီ ကတော့ ဆေးပုလင်းကို လှမ်းယူလိုက်ပြီး၊ သူ့လက်နက်ပေါ် သုတ်လိမ်းရင်း တီးတိုး ညည်းညူလိုက်၏။

"ငါ ဘာလို့ ဆေးသုံးဖို့ မစဉ်းစားမိတာပါလိမ့်... တုံးလိုက်တာ"

စုချင်းယီရဲ့ မှော်လက်နက်က ရွှေရောင် တံဆိပ်တုံး တစ်ခု ဖြစ်ပြီး၊ အဆင့် မသိရသော်လည်း ထူးဆန်းသော အရှိန်အဝါ တစ်ခု ထွက်ပေါ်နေ၏။

စုဇီ၏ လက်နက်က အပြာရောင် ဓားပျံ ဖြစ်ပြီး၊ အလယ်အလတ် အဆင့် မှော်လက်နက် ဖြစ်၏။

လီရှီနန် နှင့် ချန်စီစီ တို့မှာတော့ အဆင့်နိမ့် မှော်လက်နက် (၂) ခုစီ ရှိကြ၏။

အားလုံး ဆေးသုတ်လိမ်းပြီးနောက်... စုယွီ သည် "သွေးနီရောင် လော့ ဓား" နှင့် "ရေခဲဝိညာဉ် အပ်" များပေါ်တွင် ဆေးသုတ်ပြီး အင်္ကျီလက်ကြားထဲ ဝှက်ထားလိုက်၏။

စုဇီ က တိုးတိုးလေး မှာကြားလိုက်၏။

"နင်တို့ အားလုံး သိမ်းငှက်ကို အတတ်နိုင်ဆုံး ဖမ်းချုပ်ထားပေး... ငါက ဖမ်းဆီးတဲ့ အပိုင်းကို တာဝန်ယူမယ်... သတိထားကြနော်... သူ ထွက်မပြေးနိုင်အောင် တားရမယ်... ပြီးတော့ ပြန်တိုက်ခိုက်လာမှာကိုလည်း သတိထား"

စုယွီ တို့ ခေါင်းညိတ်လိုက်ကြ၏။

စုဇီ ဦးဆောင်မှုဖြင့် (၅) ယောက်သား အရှိန်အဝါကို ဖျောက်ကာ တောင်ပေါ်သို့ တိတ်တဆိတ် တက်ရောက်သွားကြ၏။

တောင်ထိပ်နား ရောက်သောအခါ... ပေပေါင်း ဆယ်ချီ မြင့်မားသော သစ်ပင်ကြီး တစ်ပင်၏ ထိပ်ဖျားတွင် ရှိနေသော ဧရာမ အသိုက်ကြီးကို တွေ့လိုက်ရသဖြင့် မျက်နှာများ တည်သွားကြ၏။

အဝေးက ကြည့်တုန်းက မသိသာပေမယ့်... အနားရောက်မှ ကြည့်လိုက်သောအခါ၊ အသိုက်ကြီးက တကယ့်ကို ကြီးမားလွန်းလှသည်။ ဈေးမြို့တော်ထဲက အိမ်တစ်လုံးထက် (၂) ဆလောက် ပိုကြီးမည်။

သစ်ပင်ကြီး အနား ရောက်သောအခါ... စုဇီ ၏ ခေါင်းညိတ် အချက်ပြမှုကို စောင့်ပြီး၊ စုယွီ၊ စုချင်းယီ၊ လီရှီနန် နှင့် ချန်စီစီ တို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ သိမ်းငှက်ကို အသိုက်ထဲမှာတင် ပိတ်မိသွားအောင် လုပ်လိုက်ကြ၏။

"သစ်သားနွယ်ပင် နည်းစနစ်"

"ဝုန်း..."

စုယွီ တိုက်ခိုက်လိုက်သည်နှင့်... အသိုက်ပတ်ဝန်းကျင်ရှိ သစ်ကိုင်းသစ်ခက်များသည် အစိမ်းရောင် အလင်းတန်းများ တောက်ပလာပြီး၊ မရေမတွက်နိုင်သော နွယ်ပင်များ အဖြစ် ပြောင်းလဲကာ သစ်သားလှောင်အိမ်ကြီး တစ်ခုသဖွယ် အသိုက်ကို ဖုံးအုပ်ပစ်လိုက်၏။

အံ့သြစရာ ကောင်းသည်မှာ... ချန်စီစီ သည် ရှားပါးသော "ရေခဲဓာတ် နည်းစနစ်" ကို သုံးစွဲနိုင်ခြင်းပင်။ အေးစက်မှုများ ပျံ့နှံ့သွားပြီး သစ်ပင်ထိပ်ဖျား တစ်ခုလုံး ရေခဲရိုက်သွားသကဲ့သို့ ဖြစ်သွားသည်။

စုချင်းယီ ကတော့ သာမန် "သစ်သားနွယ်ပင် နည်းစနစ်" ကိုသာ သုံးသော်လည်း၊ ရွှေရောင် တံဆိပ်တုံး မှော်လက်နက်၏ အစွမ်းကြောင့် နွယ်ပင်များသည် သတ္တုရောင် တောက်ပနေပြီး၊ စုယွီ ဖန်တီးထားသော သစ်သားလှောင်အိမ် ကြားမှ တိုးဝင်ကာ သိမ်းငှက်ကို တိုက်ရိုက် ရစ်ပတ် ဖမ်းချုပ်ရန် ကြိုးစားလေသည်။

လီရှီနန် သည် မြေဓာတ် ဝိဉာဉ်စွမ်းအင်များ လွှမ်းခြုံထားပြီး၊ အသိုက်ကို စူးစိုက်ကြည့်ကာ အော်ဟစ်လိုက်၏။

"ခဲစမ်း..."

"ဝုန်း..."

ချက်ချင်းပင်... အသိုက်ကြီး တစ်ခုလုံး ကျောက်တုံးကြီး တစ်တုံး အဖြစ် ပြောင်းလဲသွားလေသည်။

ချန်စီစီ၏ ရေခဲဓာတ် နည်းစနစ်ကြောင့် ဖြစ်မည်... သိမ်းငှက်၏ တုံ့ပြန်မှု အနည်းငယ် နှေးကွေးသွားသည်။ စုယွီ တို့ အားလုံး ဝိုင်းဝန်းပြီး အသိုက်ကို သစ်ပင်ပေါ်မှ အောက်သို့ ဆွဲချလိုက်ကြ၏။

အိမ်ကြီး မြေကြီးပေါ် ပြုတ်ကျသွားသောအခါ... အတွင်းထဲမှ သိမ်းငှက်ကြီးသည် ဒေါသတကြီး စူးဝါးစွာ အော်ဟစ်လိုက်၏။

"ဂရား..."

"ဘုန်း..."

စုယွီ တို့ ဖန်တီးထားသော လှောင်အိမ်သည် သိမ်းငှက်၏ အားပြင်းသော လက်သည်းချက် အောက်တွင် တစ်စစီ ဆုတ်ဖြဲခံလိုက်ရ၏။

သို့သော် သိမ်းငှက် ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင်... စုဇီ က ထိပ်တန်း ပထမအဆင့် ရေခဲ အဆောင် (၂) ခု ပစ်လွှတ်လိုက်ပြီး၊ စုယွီ ကလည်း ထိပ်တန်း ပထမအဆင့် တိမ်ခွဲ မြှား အဆောင် (၂) ခု ပစ်လွှတ်လိုက်၏။

ရေခဲ အဆောင်က ရန်သူကို ရေခဲရိုက်ပြီး လှုပ်ရှားမှု နှေးကွေးသွားစေသည်။

(နှောင်းပိုင်း) အဆင့် သားရဲကြီး ဖြစ်နေသော်ငြား... ထိပ်တန်း အဆင့် အဆောင် (၂) ခုနှင့် တွေ့တော့ အထိနာသွားသည်။

"ဒုန်း..."

ရေခဲ အဆောင်များ ပေါက်ကွဲသွားပြီး၊ သိမ်းငှက်၏ ခန္ဓာကိုယ် တစ်ခုလုံး နှင်းရိုက်သကဲ့သို့ ဖြစ်သွားကာ ခေတ္တမျှ တုံ့ဆိုင်းသွားသည်။

ထိုအခိုက်အတန့်တွင်... တိမ်ခွဲ မြှား အဆောင် (၂) ခု ဝင်ရောက်လာသည်။ လေထဲတွင် မီးလောင်ကျွမ်းပြီး ဖောက်ထွင်းအား ကောင်းသော မြှား (၂) စင်း အဖြစ် ပြောင်းလဲကာ၊ သိမ်းငှက်၏ အတောင်ပံများကို ထိုးဖောက်သွားပြီး သွေးချင်းချင်းနီသော အပေါက်ကြီး (၂) ပေါက် ဖြစ်ပေါ်စေလိုက်၏။

စုဇီ လန့်သွားသည်။

သူ့မောင်လေး စုယွီ ဆီမှာ ဒီလောက် အဖိုးတန်သော အဆောင် (၂) ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပါ။

သို့သော်၊ သူမ အချိန်မဆွဲပါ။ သိမ်းငှက် ဒဏ်ရာရပြီး ရေခဲရိုက်နေစဉ်.. သူမ၏ အလယ်အလတ် အဆင့် ဓားပျံသည် အေးစက်သော အလင်းတန်း တစ်ခု အဖြစ် ပျံသန်းသွားပြီး၊ သိမ်းငှက်၏ အတောင်ပံမှ သွေးအပေါက် ထဲသို့ တိုးဝင် ထိုးစိုက်လိုက်၏။

နောက်တစ်စက္ကန့်တွင်...၊

စုချင်းယီ၏ တံဆိပ်တုံး၊ စုယွီ၏ ရေခဲဝိညာဉ် အပ် (၅) ချောင်း၊ လီရှီနန် နှင့် ချန်စီစီ တို့၏ မှော်လက်နက်များ အားလုံးသည်... သိမ်းငှက်၏ ဒဏ်ရာမှ တဆင့် ခန္ဓာကိုယ် အတွင်းသို့ တိုးဝင်သွားကြတော့သည်။

All Chapters