← Chapters

အခန်း ၆၁၈

Vol. 42 Ch. 618

အခန်း ၆၁၈

Vol. 42 Ch. 618

အခန်း (၆၁၈) လှုပ်ရှားမှု စတင်ခြင်းနှင့် အာဏာစက်ကို ပြသခြင်း အပိုင်း (၁)

ကျိမိသားစု ဘိုးဘေးကြီး ပြန်လည် ရောက်ရှိလာပြီး ဒုတိယမြောက်နေ့တွင်ပင် ဟေးယွီ အင်မော်တယ် မြို့တော်၏ အမိန့်တော်မှာ နယ်မြေအနှံ့သို့ တုန်ဟည်းသွားတော့သည်။

ထိုနေ့မှစ၍ ဟေးယွီ အင်မော်တယ် မြို့တော် နယ်နိမိတ်အတွင်းရှိ အင်အားစု အားလုံးသည် ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်ခြင်းများကို အပြီးတိုင် ရပ်တန့်ရမည်ဖြစ်ကာ အမိန့်ကို ဖီဆန်သူတိုင်းအား သေဒဏ် စီရင်မည် ဖြစ်ကြောင်း ကြေညာလိုက်ပေ၏။

ထိုသတင်းကို ကြားလိုက်ရချိန်တွင် ကျိမိသားစုကို တည်ထောင်ခဲ့သူ ဘိုးဘေးကြီးမှာ ဒေါသမီးတို့ တဟုန်းဟုန်း တောက်လောင်လာကာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့၏။ သူသည် သွားများကို တင်းတင်းကြိတ်လျက် ဒေါသတကြီး ရေရွတ်လိုက်သည်။

“ဒါက ငါတို့ ကျိမိသားစုကို တည့်တည့် ပစ်မှတ်ထားတာပဲ.. ဘယ်လို သဘောနဲ့ ဒီလို အမိန့်မျိုး ထုတ်ရဲတာလဲ”

ခေတ္တမျှ ကြာပြီးနောက် ကျိမိသားစု ခေါင်းဆောင်၊ အကြီးအကဲများနှင့် မူလဝိညာဉ် အဆင့်ရှိ ဘိုးဘေးများ စုဝေးခဲ့ကြ၏။ ကျိမိသားစု ဘိုးဘေး ကျိရုစုန်း ရောက်ရှိလာချိန်တွင် ခန်းမအတွင်းရှိ အကြီးအကဲများမှာ အငြင်းအခုံ ပြင်းထန်နေကြလေပြီ။ တချို့မှာ စိုးရိမ် ထိတ်လန့်နေကြသော်လည်း တချို့ကမူ အလွန်တရာ ဒေါသထွက်နေကြပြီး အချို့မှာလည်း ကြားဝင် ညှိနှိုင်းရန် ကြိုးပမ်းနေကြသည်။

“ဒါက ဘာ အဓိပ္ပာယ်လဲ.. ဘိုးဘေးကြီးက မနေ့ကပဲ သူ့ကို သွားပြီး တောင်းပန်ခဲ့ရတာလေ.. အခုကျတော့ တစ်ဖက်သတ် အမိန့်ထုတ်ပြီး တိုက်ပွဲတွေကို ပိတ်ပင်လိုက်ပြန်ပြီ.. ဒါက ငါတို့ ကျိမိသားစုကို လူပုံအလယ်မှာ အရှက်ခွဲတာပဲ မဟုတ်လား”

“တိုးတိုးပြောပါဦး... အဲဒါ မြေကမ္ဘာ အင်မော်တယ် နန်းတော်ရဲ့ တာအို သမီးတော်လေ.. ဟေးယွီ အင်မော်တယ် မြို့တော်မှာ တိုက်ပွဲတွေကို ပိတ်ပင်တာက သူ့ရဲ့ အာဏာစက်ထဲမှာ ရှိနေတာပဲ.. ငါတို့ကို သက်သက်မဲ့ ပစ်မှတ်ထားတာ မဟုတ်လောက်ပါဘူး”

“မင်းကတော့ သည်းခံနိုင်လွန်းလို့ အသေကောင်နဲ့တောင် တူနေပြီ.. ငါ့အမြင်မှာတော့ ဒီအမိန့်က အရင် အမိန့်တွေနဲ့ ဘာမှ မကွာခြားပါဘူး.. ဘယ်သူကများ နားထောင်မှာမို့လို့လဲ.. သူ ဘာတွေပဲ လုပ်ချင်လုပ်ချင် ဘိုးဘေးကြီး ဟုန်ချန် ရဲ့ ဂုဏ်သိက္ခာကို စော်ကားပြီး ငါတို့ ကျိမိသားစုကို တစ်ခုခု လုပ်ရဲပါ့မလား.. လူတိုင်းကသာ ဒီအမိန့်ကို ဖီဆန်လိုက်မယ်ဆိုရင် သူမက ဟေးယွီ အင်မော်တယ် မြို့တော်က လူတိုင်းကို သတ်ပစ်မှာလား.. အဲဒီလို အခြေအနေမျိုးကို သူမ ကိုင်တွယ်နိုင်ပါ့မလား”

ကျိမိသားစု ဘိုးဘေး ကျိရုစုန်း ပေါ်လာသောအခါ အားလုံးက နေရာမှ ထရပ်ကာ ရိုသေစွာ ဂါရဝပြုလိုက်ကြ၏။

“ဘိုးဘေးကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ”

ကျိရုစုန်းက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ကာ အားလုံးကို တိတ်ဆိတ်သွားစေပြီး အမိန့်ပေးလိုက်၏။ “အခုလောလောဆယ်တော့ ငါတို့ မိသားစု ငြိမ်ငြိမ်နေကြတာ အကောင်းဆုံးပဲ.. အရင် ဝမ်မိသားစုဆီက ရထားတဲ့ အရင်းအမြစ်တွေကိုပဲ သေသေချာချာ ပြန်စုစည်းကြစို့..ဒါပေမဲ့ ငါတို့ လက်အောက်မှာရှိတဲ့ ချင်မိသားစုကိုတော့ သူတို့ လုပ်ချင်ရာ လုပ်ခိုင်းထားလိုက်.. ဝင်ပြီး မတားနဲ့”

ချင်မိသားစုမှာ ကျိမိသားစုအပေါ် သစ္စာခံထားသော ရွှေအမြုတေ အဆင့်ရှိ မိသားစုငယ်လေး တစ်ခုသာ ဖြစ်သည်။ သူတို့၏ အင်အားမှာ ပြောပလောက်အောင် မရှိသော်လည်း တာအို သမီးတော်၏ အစစ်အမှန် ရည်ရွယ်ချက်ကို စမ်းသပ်ရန်အတွက်မူ အကောင်းဆုံး ကိရိယာပင် ဖြစ်တော့၏။ ကျိမိသားစုအတွင်းရှိ ဆူညံသံများမှာ လျင်မြန်စွာပင် ငြိမ်သက်သွားခဲ့၏။

တစ်ဖက်တွင်လည်း တာအို သမီးတော်၏ အမိန့်တော်မှာ မြို့ပြင်သို့ ‌ရိုက်ခတ်သွားခဲ့ရာ အင်အားစု အများအပြားကို မကျေမနပ် ဖြစ်စေခဲ့သော်လည်း အခြေအနေကို အကဲခတ်နေကြသောကြောင့် အများစုမှာ အမိန့်ကို လိုက်နာဟန် ပြလိုက်ကြသည်။ အနည်းဆုံးတော့ မူလဝိညာဉ် အဆင့်သို့ ရောက်ရှိနေသော မိသားစုများနှင့် အင်အားစုများမှာ သိသိသာသာ ငြိမ်ကျသွားခဲ့ပြီး တိုက်ပွဲ ပြင်းထန်နေသူများပင် ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြ၏။

သို့သော်လည်း အချို့သော အင်အားစုများမှာမူ ထိုအမိန့်ကို လုံးဝ အရေးမစိုက်ခဲ့ကြချေ။ ကျိမိသားစု၏ လက်အောက်ခံ ချင်မိသားစုမှာ ထင်ရှားသော ဥပမာတစ်ခုပင် ဖြစ်၏။ အမိန့်တော် ထုတ်ပြန်ပြီးသည့်တိုင် ချင်မိသားစုသည် အခြား အင်အားစု တစ်ခုကို ပြင်းထန်စွာ ဆက်လက် တိုက်ခိုက်နေခဲ့သည်။ ကျိမိသားစုက နယ်မြေချဲ့ထွင်နေချိန်တွင် သူတို့ကလည်း အကျိုးအမြတ် တစ်ချို့ကို ရယူလိုကြသည် မဟုတ်ပါလော။

ဟေးယွီ အင်မော်တယ် မြို့တော်တွင် စုယွီက ဖန်ရှောင်ကို တစ်နှစ်ခန့် တံခါးပိတ် ကျင့်ကြံရန် တိုက်တွန်းလိုက်၏။

“ကြီးမြတ်တဲ့ အလုပ်တွေကို လုပ်မယ့်သူတွေက စိတ်အေးအေး ထားတတ်ရတယ်... လောနေလို့ ဘာမှ ဖြစ်မလာဘူး.. လေတိုက်လာမယ့် အချိန်ကိုပဲ ငါတို့ စောင့်ကြတာပေါ့...”

ထိုစကားများကို ချန်ရစ်ခဲ့ပြီးနောက် စုယွီသည်လည်း ကိုယ်ပိုင် ကျင့်ကြံခြင်းဆီသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။

မူလဝိညာဉ် အဆင့်ရှိ ဓာတ်ကြီးငါးပါး ကျင့်စဉ်အတွက် စုယွီသည် တတိယ အလွှာအထိသာ ဖန်တီးထားနိုင်သေးပြီး ကျန်ရှိသော အစိတ်အပိုင်းများကိုမူ နားလည် သဘောပေါက်နိုင်ခြင်း မရှိသေးချေ။ ထို့အပြင် မူလဝိညာဉ် အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ အုတ်မြစ်မှာ ရွှေအမြုတေ အဆင့်ကကဲ့သို့ သိပ်သည်းမှု မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် သူ ပေါင်းစပ်ထားသော မူလဝိညာဉ် အဆင့် ကျင့်စဉ်များမှာ အလွန်တရာ နည်းပါးနေသောကြောင့်ပင် ဖြစ်တော့၏။

သူသည် ကျင့်စဉ် ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေနေခဲ့သည်။ တစ်နှစ်အတွင်း စုယွီသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် သို့မဟုတ် ဂိုဏ်းတော်ဆီသို့ နေရာရွှေ့ပြောင်း အခင်းအကျင်းမှတစ်ဆင့် အကြိမ်ကြိမ် သွားရောက်ခဲ့ပြီး မူလဝိညာဉ် အဆင့် ကျင့်စဉ် အမြောက်အမြားကို ဝယ်ယူ စုဆောင်းခဲ့၏။ အားလပ်ချိန်တိုင်းတွင် ထိုကျင့်စဉ်များ၏ နက်နဲမှုကို စူးစမ်း လေ့လာနေခဲ့ခြင်း ဖြစ်သည်။

တစ်နှစ် ကုန်လွန်သွားခဲ့လေပြီ။

ဖန်ရှောင်သည် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာသောအခါ ကျန်းဝမ်နှင့် အခြားသူများကို ဆင့်ခေါ်ခြင်း မပြုဘဲ စုယွီထံသို့သာ အရင်ဆုံး လာရောက် တွေ့ဆုံ၏။ စုယွီသည် တတိယအဆင့်ရှိ ကောင်းကင် မိုးကြိုး ကြွက်အချို့ကို စုစည်းလိုက်သည်။ ခြံဝင်းအတွင်း၌ တတိယအဆင့် ကြွက်ငါးကောင်မှာ တစ်နှစ်အတွင်း သူတို့ စောင့်ကြည့်ခဲ့သော အင်အားစုများ၏ အခြေအနေကို စုယွီထံသို့ အစီရင်ခံ တင်ပြကြ၏။

စုယွီ အံ့အားသင့်သွားရသည်မှာ ကျိမိသားစုသည် တစ်နှစ်ပတ်လုံး မည်သည့် တိုက်ပွဲမျှ မဖန်တီးဘဲ အမှန်တကယ်ပင် ငြိမ်သက်နေခဲ့ခြင်း ဖြစ်သည်။

“အရှင်သခင်... ကျိမိသားစုကတော့ တကယ်ပဲ ငြိမ်နေပါတယ်... ဒါပေမဲ့ ကျိမိသားစုရဲ့ လက်အောက်မှာရှိတဲ့ ရွှေအမြုတေ အဆင့် မိသားစု သုံးခုကတော့ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖန်တီးနေခဲ့ကြပါတယ်... အထူးသဖြင့် ချင်မိသားစုပေါ့... ကျိမိသားစုက သူတို့ကို တာအို သမီးတော်ရဲ့ အမိန့်ကို ဂရုမစိုက်ဖို့ လျှို့ဝှက် ညွှန်ကြားထားပုံ ရပါတယ်... အဲဒါကြောင့် အမိန့်ထုတ်ပြီးကတည်းက သူတို့က တိုက်ပွဲတွေကို မရပ်တန့်ခဲ့ပါဘူး”

“အခုဆိုရင် ချင်မိသားစု တိုက်ခိုက်နေတဲ့ ပိုင်မိသားစုဟာ သူတို့ရဲ့ နယ်မြေ ထက်ဝက်လောက်ကို ဆုံးရှုံးသွားရပါပြီ...”

ကြွက်တစ်ကောင်၏ အစီရင်ခံမှု ပြီးဆုံးသွားပြီးနောက် အခြား ကြွက်များကလည်း အသီးသီး တင်ပြကြ၏။

ယခုအခါ ဟေးယွီ အင်မော်တယ် မြို့တော်အတွင်း၌ မူလဝိညာဉ် အဆင့်ရှိ အရှင်သခင်များ ပိုင်ဆိုင်ထားသော အင်အားစု နှစ်ခုသည်လည်း သူတို့၏ သားကောင်များကို ပြန်လည် အာရုံစိုက်လာကြပြီး တိုက်ပွဲများကို တိတ်တဆိတ် ပြန်လည် စတင်နေလေပြီ။

All Chapters