← Chapters

အခန်း ၇၉၇

Vol. 54 Ch. 797

အခန်း ၇၉၇

Vol. 54 Ch. 797

အခန်း (၇၉၇) ကျိုလင် တာအိုသခင်ကြီးနှင့် ရှစ်ဝမ် တာအိုသခင်ကြီးအား ဖျောင်းဖျခြင်း (အပိုင်း ၂)

တာအိုသခင်ကြီးဟုန်ယွဲ့မှာ အံ့ဩမှင်သက်သွားသလို စိတ်ထဲတွင်လည်း အနည်းငယ် ကသိကအောက် ဖြစ်သွားရ၏။

ဤပြဿနာကြီးကို ဖြေရှင်းပေးလိုက်သူမှာ မျိုးဆက်သစ်လူငယ် တစ်ဦး သို့မဟုတ် သူ၏ကိုယ်ပိုင်တပည့်ပင် ဖြစ်နေခဲ့သည်။

ဤသည်မှာ သူတစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့သော အခြေအနေမျိုးပင်။

'ငါဖြစ်ဖြစ်.. မြေကမ္ဘာ အင်မော်တယ်နန်းတော်ကဖြစ်ဖြစ် ရင်ဆိုင်ရတဲ့ ပြဿနာတိုင်းကို ငါကိုယ်တိုင်ပဲ ဖြေရှင်းခဲ့ရတာ မဟုတ်ဘူးလား...'

ရွှေဝိညာဉ်မိစ္ဆာအရှင်သခင်က စုယွီကို အကဲခတ်ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် မေးလိုက်၏။

"သူက အရင်တုန်းက မင်း ပြောခဲ့ဖူးတဲ့ ကောင်လေးလား... အင်မော်တယ်နန်းတော်က မိစ္ဆာကောင်လေးတွေထဲမှာ ဟင်းလင်းပြင်တာအိုစွမ်းအားကို ကျွမ်းကျင်တဲ့သူလေ"

တာအိုသခင်ကြီးဟုန်ယွဲ့က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်... သူပါပဲ"

ရွှေဝိညာဉ်မိစ္ဆာအရှင်သခင်မှာ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

"ဒီကောင်လေးက တကယ့်ကို ကြီးမားတဲ့ အခွင့်အရေးကြီး ရခဲ့တာပဲ"

တာအိုသခင်ကြီးဟုန်ယွဲ့မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။

"ဖြစ်နိုင်ပါတယ်"

ရွှေဝိညာဉ်မိစ္ဆာအရှင်သခင်က ခေါင်းကို ညင်သာစွာ ရမ်းလိုက်သည်။

"ဒီကစပြီး ကိစ္စတွေကို မင်းပဲ ဆက်ရှင်းလိုက်တော့... ငါကတော့ တံခါးပိတ်ကျင့်ကြံဖို့ ပြန်သွားတော့မယ်"

တာအိုသခင်ကြီးဟုန်ယွဲ့က လေးစားစွာဖြင့် အရိုအသေပေးလိုက်၏။

"ကောင်းပါပြီ ခင်ဗျာ…ဘိုးဘေးကြီး"

ဟုန်ယွဲ့၏ အရိုအသေပေးမှုကို လက်ခံပြီးနောက် ရွှေဝိညာဉ်မိစ္ဆာအရှင်သခင်၏ ပုံရိပ်မှာ မည်သည့်အချိန်ကမှ မတည်ရှိခဲ့သလိုပင် ပျောက်ကွယ်သွားလေတော့သည်။

လက်ရှိ မြေကမ္ဘာအင်မော်တယ်စံအိမ်တွင် ရွှေဝိညာဉ်မိစ္ဆာအရှင်သခင်၏ ကျင့်ကြံခြင်းအဆင့် ဝါရင့်မှုနှင့် အဆင့်အတန်းတို့မှာ ပြိုင်ဘက်ကင်းပင်။

သူသည် တာအိုသခင်ကြီးဟုန်ယွဲ့၏ ဆရာ့ဆရာပိုင်ဆိုင်ခဲ့သော စီးတော်သားရဲ တစ်ကောင်ဖြစ်ပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်ကို နှစ်ပေါင်းတစ်ထောင့်ငါးရာကျော်တိုင်အောင် ကာကွယ်ပေးခဲ့သူ ဖြစ်၏။

အဆင့်အတန်းအရဖြစ်စေ အောင်မြင်မှုများအရဖြစ်စေ တာအိုသခင်ကြီးဟုန်ယွဲ့က ရွှေဝိညာဉ်မိစ္ဆာအရှင်သခင်အား ဦးညွှတ်အရိုအသေပေးရခြင်းမှာ မဖြစ်သင့်သောအရာ မဟုတ်ပါလေ။

ရွှေဝိညာဉ်မိစ္ဆာအရှင်သခင် တံခါးပိတ်ကျင့်ကြံရန် ပြန်သွားပြီးနောက် တာအိုသခင်ကြီးဟုန်ယွဲ့က ဝိဉာဉ်ကြော၏ ဗဟိုချက်ထဲမှ ထွက်လာသော စုယွီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူတို့ကို အင်မော်တယ်နန်းတော်၏ ပင်မခန်းမဆောင်ကြီးထဲသို့ အစည်းအဝေးလုပ်ရန် ဆင့်ခေါ်လိုက်၏။

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးနှင့် ပတ်သက်၍ စုယွီက ယွဲ့အင်မော်တယ် နန်းတော်အကြောင်းကို ဖွင့်မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်ချပ်ဝတ်ခေါင်းဆောင်ကြီး နှစ်ဦးစလုံးက ယွဲ့အင်မော်တယ် နန်းတော် တည်ရှိနေမှုကို မပေါက်ကြားစေရန် တင်းကျပ်စွာ တားမြစ်ထားသောကြောင့် ဖြစ်သည်။

သူက အခွင့်အရေး တစ်ခု ရခဲ့ပြီး ရုပ်တုတစ်ခုကို ရရှိခဲ့သည်ဟုသာ ပြောလိုက်၏။

ထိုရုပ်တုကို နောက်ထပ် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ အသုံးပြုနိုင်တော့မည် ဖြစ်ပြီး ထို့နောက်တွင် ပျက်စီးသွားလောက်မည် ဖြစ်သည်။

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးမှာ သူ့အပိုင်မဟုတ်သောကြောင့် ပထမ ရွှေရောင်ချပ်ဝတ်

ခေါင်းဆောင်ကြီးထံ ပြန်မပေးရမီ အလွန်ဆုံး နှစ်တစ်ရာမှ တစ်ရာ့ရှစ်ဆယ်အထိသာ သူ ဆက်လက်ထိန်းသိမ်းထားနိုင်ပေမည်။

သဘာဝကျစွာပင် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးက မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ထာဝရကာကွယ်ပေးနိုင်လိမ့်မည်ဟု တာအိုသခင်ကြီးဟုန်ယွဲ့အား အထင်အမြင်မှားမခံနိုင်ပေ။

"တစ်ကြိမ်ဆိုရင်ကို လုံလောက်နေပါပြီ"

တာအိုသခင်ကြီးဟုန်ယွဲ့က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ သူ၏ မွေးရာပါ ပါရမီမှာ သာမန်ပါရမီရှင်များထက် များစွာသာလွန်ပေသည်။ သူသည် တာ့ချန်အင်မော်တယ်ကမ္ဘာတွင် အသက်တစ်ထောင်မပြည့်မီ ပကတိ ဟင်းလင်းပြင်အဆင့်သို့ ရောက်ရှိခဲ့သော တာအိုသခင်ကြီးများ၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သူ ဖြစ်သည်။

အင်မော်တယ် တစ်သောင်းနန်းတော် တာ့ယန်အင်မော်တယ်မင်းဆက်နှင့် ပုတူဗုဒ္ဓဂိုဏ်းတို့ကိုပင် ဖိနှိပ်ထားနိုင်သော ဤခြိမ်းခြောက်နိုင်စွမ်းက မြေကမ္ဘာအင်မော်တယ်စံအိမ်အတွက် နှစ်ပေါင်းရာချီသော ငြိမ်းချမ်းမှုကို ရယူပေးရန် လုံလောက်နေခဲ့ပြီ ဖြစ်၏။

ဤအချိန်ကာလလေးတစ်ခုသာ ရရှိမည်ဆိုလျှင် သူသည် တာအိုဆရာ ထျန်းယွီနှင့် တာအိုသခင်ကြီးလော့ဟယ်တို့ကိုပင် အမီလိုက်နိုင်ရန် ယုံကြည်ချက်အပြည့်ရှိနေသည်။

အနာဂတ်တွင် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးကို အားကိုးနေစရာ မလိုတော့ဘဲ သူကိုယ်တိုင်ပင် မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ကာကွယ်ပေးနိုင်စွမ်း ရှိလာပေလိမ့်မည်။

ထို့နောက် တာအိုသခင်ကြီးဟုန်ယွဲ့သည် တာ့ချန်အင်မော်တယ် မဟာမိတ်အဖွဲ့ကိစ္စကို စတင်စဉ်းစားလာတော့၏။

မူလက တာအိုသခင်ကြီးဟုန်ယွဲ့သည် တာ့ချန်အင်မော်တယ် မဟာမိတ်အဖွဲ့ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ရန်အတွက် တာ့ချန်အင်မော်တယ် မဟာမိတ်အဖွဲ့အား လက်ဝါးကြီးအုပ်ထားသည် ၊ သို့မဟုတ် တစ်ဦးတည်းအုပ်ချုပ်မှုအောက်တွင် ရှိနေသည်ဟု အထင်မခံရစေရန် တရားမျှတမှုကို ကိုယ်စားပြုမည့် စည်းမျဉ်းအချို့ကို သတ်မှတ်ရန် စီစဉ်ထားခဲ့သည်။

လီဟော့နန်းတော်နှင့် အခြားအင်အားစုများ၏ ထောက်ခံမှုကို ရယူရန် ၎င်းကို သူ အသုံးပြုခဲ့မည် ဖြစ်၏။

သို့သော် ဤကဲ့သို့ ခြိမ်းခြောက်နိုင်သည့်အရာ ရှိနေပြီဖြစ်သဖြင့် တာအိုသခင်ကြီးဟုန်ယွဲ့က တာ့ချန်အင်မော်တယ် မဟာမိတ်အဖွဲ့ကို အမြဲတမ်းမဟာမိတ်အဖွဲ့တစ်ခု ဖြစ်လာစေရန် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ကောင်းသည်ဟု ခံစားလာရသည်။

တာ့ချန်အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲနေရာအတွက်မူ သူ၏ကိုယ်ပိုင် မြေကမ္ဘာအင်မော်တယ်စံအိမ်ကသာ သေချာပေါက် ဦးဆောင်ဦးရွက်ပြုပေလိမ့်မည်။

'ဒါပေမဲ့ ပုတူဗုဒ္ဓဂိုဏ်းက ဗုဒ္ဓသခင်ကြီးနှစ်ပါးကို ချေမှုန်းပစ်ခဲ့ပြီး တာ့ယန်အင်မော်တယ်မင်းဆက်က အင်မော်တယ်အရှင်သခင်တွေကိုပါ ကြောက်လန့်ထွက်ပြေးသွားစေခဲ့တဲ့ အဲဒီနတ်ရုပ်တုကြီး ထွက်ပေါ်လာမှုက

တာအိုသခင်ကြီးထျန်းဟော့တို့လို လူတွေရဲ့ စိတ်ကူးကို ပြောင်းလဲသွားစေနိုင်တယ်...'

ထိုအကြောင်းကို စဉ်းစားမိသည်နှင့် တာအိုသခင်ကြီးဟုန်ယွဲ့၏ အကြည့်များမှာ ပိုမိုနက်ရှိုင်းသွားခဲ့၏။

လီဟော့နန်းတော်နှင့် အခြားအင်အားစုများက မြေကမ္ဘာအင်မော်တယ်စံအိမ်ဘက်မှ ရပ်တည်ပေးရုံမျှဖြင့် မြေကမ္ဘာအင်မော်တယ်စံအိမ်အပေါ် သစ္စာရှိသည်ဟု ဘယ်သောအခါမှ မထင်လိုက်လေနှင့်။

အဆုံးတွင် လူတိုင်းက သူတို့ကိုယ်ပိုင် နန်းတော်၏ အကျိုးစီးပွားအတွက်သာ လှုပ်ရှားနေကြသည်ပင်။

ယခု မြေကမ္ဘာအင်မော်တယ်စံအိမ်က တာ့ချန်အင်မော်တယ်ကမ္ဘာတွင် အင်အားအကြီးဆုံး အင်မော်တယ်အင်အားစုကြီး အဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ လီဟော့နန်းတော်နှင့် အခြားသော အင်မော်တယ်စွမ်းအားရှင်များက ယခင်ကကဲ့သို့ မြေကမ္ဘာအင်မော်တယ်စံအိမ်ထံတွင် နွေးထွေးမှုရယူရန် ပူးကပ်နေကြဦးမည်တဲ့လား။

ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် ယခုအခါ အင်မော်တယ် တစ်သောင်းနန်းတော်ဘက်သို့ပင် ယိမ်းယိုင်သွားနိုင်ခြေရှိနေသည်။

‘ဒါကြောင့်...အင်မော်တယ် တစ်သောင်းနန်းတော်ဆီမှာ သူတို့တွေ သွားပြီးနွေးထွေးမှုရယူဖို့ အောင်မြင်သွားတာမျိုး အဖြစ်ခံလို့ မရဘူး... အနည်းဆုံးတော့ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ဆန့်ကျင်ဖို့ အင်မော်တယ် တစ်သောင်းနန်းတော်နားမှာ အင်မော်တယ်စွမ်းအားရှင်တွေနဲ့ အင်အားစုတွေ အားလုံး စုရုံးသွားတာမျိုး အဖြစ်ခံလို့ မဖြစ်ဘူး...'

တာအိုသခင်ကြီးဟုန်ယွဲ့မှာ အကြံအစည်တစ်ခု ရရှိသွားပြီးနောက် သူ၏အစီအစဉ်ကို အကောင်အထည်ဖော်ရန် အလျင်အမြန်ပင် စတင်လှုပ်ရှားလိုက်တော့၏။

ခဏအကြာတွင်

မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ခန်းမဆောင်တစ်ခုထဲတွင် တာအိုသခင်ကြီးဟုန်ယွဲ့က တာအိုသခင်ကြီး ကျိုလင်ကို သီးသန့်တွေ့ဆုံရန် ဖိတ်ခေါ်လိုက်သည်။

တာအိုသခင်ကြီး ကျိုလင်မှာ အသက်အနည်းငယ် ကြီးနေပြီဖြစ်သော်လည်း ပကတိ ဟင်းလင်းပြင်အဆင့်ရှိ တာအိုသခင်ကြီးများ၏ ကျင့်ကြံခြင်းအဆင့်နှင့် နှိုင်းယှဉ်ပါက သူမ၏ နုပျိုသောရုပ်ရည်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး အလွန်တရာ ဆွဲဆောင်မှု ရှိသော အရှင်တစ်ပါးကဲ့သို့ ထူးကဲသော အငွေ့အသက်များကို ထုတ်လွှင့်နေလေသည်။

သူမက တာအိုသခင်ကြီးဟုန်ယွဲ့ထံ ရောက်လာပြီး သူ၏ အရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်ကာ ဟုန်ယွဲ့က သူမအတွက် လက်ဖက်ရည်ငှဲ့ပေးနေသည်ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်နေခဲ့၏။

တာအိုသခင်ကြီးဟုန်ယွဲ့က သူမကို အဘယ်ကြောင့် ခေါ်ယူခဲ့သည်နှင့် ပတ်သက်၍ သူမတွင် အကြမ်းဖျင်း ခန့်မှန်းမိပြီးသား ဖြစ်သည်။

ထို့ကြောင့် ဝိဉာဉ်လက်ဖက်ရည် အနည်းငယ် သောက်ပြီးနောက် တာအိုသခင်ကြီး ကျိုလင်က စတင်ပြောလိုက်၏။

"တာအိုမိတ်ဆွေဟုန်ယွဲ့... မြေကမ္ဘာအင်မော်တယ်စံအိမ်က တာ့ချန်အင်မော်တယ် မဟာမိတ်အဖွဲ့ကို တည်ထောင်ဖို့အတွက် ကျွန်မ အပြည့်အဝ ထောက်ခံပေးနိုင်ပါတယ်... ပြီးတော့ အနာဂတ်မှာလည်း မြေကမ္ဘာအင်မော်တယ်စံအိမ်နဲ့ မဟာမိတ်ဖွဲ့ဖို့ ကျွန်မ ဆန္ဒရှိပါတယ်"

"ကျွန်မရဲ့ တစ်ခုတည်းသော တောင်းဆိုချက်ကတော့ မြေကမ္ဘာအင်မော်တယ်စံအိမ်က ကျွန်မရဲ့ ကိုးဝိဉာဉ် တောင်တန်းကို ကူညီပြီး ပုတူဗုဒ္ဓဂိုဏ်းရဲ့ ကျူးကျော်လာတဲ့ အင်အားစုတွေကို နှင်ထုတ်ပေးဖို့နဲ့ ဝမ်လုံမင်းဆက်ကို အမြစ်ဖြတ် ချေမှုန်းပေးဖို့ပါပဲ"

"ပြီးတော့ အင်မော်တယ် တစ်သောင်း နန်းတော် သိမ်းပိုက်ထားတဲ့ အင်မော်တယ်မြို့တော် နှစ်မြို့ကို ပြန်လည်သိမ်းယူပေးဖို့ပါပဲ"

တာအိုသခင်ကြီးဟုန်ယွဲ့က ကျိုလင် တာအိုသခင်ကြီးကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာခဲ့၏။ သူက ကျိုလင် တာအိုသခင်ကြီးအတွက် ဝိဉာဉ်လက်ဖက်ရည် ထပ်မံငှဲ့ပေးလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"မြေကမ္ဘာအင်မော်တယ်စံအိမ်က ကိုးဝိဉာဉ် တောင်တန်းနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့တာပါ"

"ဒီတစ်ကြိမ်မှာ ကိုးဝိဉာဉ် တောင်တန်းဆီကို ပထမဆုံး ကူညီရေးလက်ကမ်းပေးခဲ့တာက ကျွန်တော့်ရဲ့ မြေကမ္ဘာအင်မော်တယ်စံအိမ်ဖြစ်ပြီး တာအိုမိတ်ဆွေကျိုလင်ကို အကျပ်အတည်းကနေ ကယ်တင်ဖို့အတွက် တာ့ချန်အင်မော်တယ် မဟာမိတ်အဖွဲ့ ဖွဲ့စည်းဖို့ အကြံပြုခဲ့တာပါ"

"တာအိုမိတ်ဆွေကျိုလင်နဲ့ ဒီနှောင်ကြိုးလေးကို အမြဲတမ်း ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်"

ကျိုလင် တာအိုသခင်ကြီးမှာ အနည်းငယ် အံ့အားသင့်သွားရသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ တာအိုသခင်ကြီးဟုန်ယွဲ့ထက် ပိုမိုအားကောင်းနေသော်လည်း ထိုအချိန်လေးတွင် သူမ၏ အရှိန်အဝါက လုံးဝ ဖိနှိပ်ခံလိုက်ရသလို ဖြစ်သွားခဲ့၏။

တာအိုသခင်ကြီးဟုန်ယွဲ့၏ တည်ငြိမ်ပြီး ပေါ့ပါးကာ ယုံကြည်ချက်ရှိသော အမူအရာက ကျိုလင် တာအိုသခင်ကြီးကို အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားစေခဲ့သည်။

သူမက မြေကမ္ဘာအင်မော်တယ်စံအိမ်ကို အနည်းငယ် အားကျနေမိသည်။

ပို၍တိတိကျကျ ဆိုရလျှင် တာအိုသခင်ကြီးဟုန်ယွဲ့ကို အားကျနေမိခြင်း ဖြစ်၏။

တာအိုသခင်ကြီးဟုန်ယွဲ့မှာ ပကတိ ဟင်းလင်းပြင်အဆင့်သို့ ယခုလေးတင် အဆင့်ချိုးဖြတ်ထားသူ ဖြစ်သော်လည်း သူက သူမထက် ပိုမိုယုံကြည်ချက်ရှိကာ သက်တောင့်သက်သာ နေနိုင်နေလေသည်။

သူမ၏ ကိုးဝိဉာဉ် တောင်တန်းတွင်သာ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ နက်ရှိုင်းလှသော အမွေအနှစ်မျိုး ရှိနေခဲ့မည်ဆိုလျှင် သူမအနေဖြင့် ဤမျှလောက် ပင်ပန်းပြီး နှိမ့်ချရသော ဘဝမျိုးဖြင့် နေထိုင်စရာလိုမည် မဟုတ်ပေ။

ဤအဖြစ်အပျက်များအပြီးတွင် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အင်အားမှာ ထိုးတက်သွားဖို့သာ ရှိနေသည်။

ကျိုလင် တာအိုသခင်ကြီးက တာအိုသခင်ကြီးဟုန်ယွဲ့အား နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ လက်ဖက်ရည်ပန်းကန်ကို မြှောက်ကာ ပြောလိုက်၏။

"ဒါတွေ အားလုံးကို ကျွန်မ မှတ်ထားပါတယ်... ကျွန်မရဲ့ ကိုးဝိဉာဉ် တောင်တန်းက ဘယ်တော့မှ ကျေးဇူးကန်းမှာ မဟုတ်ပါဘူး... တာအိုမိတ်ဆွေဟုန်ယွဲ့ရဲ့ ကြီးမားတဲ့ ကျေးဇူးတရားအတွက် ကျေးဇူးတင်စကား ပြောနေစရာတောင် မလိုပါဘူး... ကျွန်မ ကျိုလင် ရင်ထဲမှာ အမြဲတမ်း မှတ်သားထားပါ့မယ်"

သူတို့နှစ်ဦးက အရက်အစား လက်ဖက်ရည်ဖြင့် အချင်းချင်း ဂုဏ်ပြုသောက်သုံးလိုက်ကြသည်။

ကျိုလင် တာအိုသခင်ကြီးကို ပြန်လည်နှုတ်ဆက်ပြီးနောက် တာအိုသခင်ကြီးဟုန်ယွဲ့၏ အကြည့်များက တွေးတောဆင်ခြင်မှုများဖြင့် လက်ကနဲ ဖြစ်သွားခဲ့၏။ သူက ကျိုလင် တာအိုသခင်ကြီး၏ သစ္စာခံမှုကို ရယူနိုင်ရန် ဖြစ်နိုင်ခြေ ရှိမရှိနှင့် ထို့နောက်တွင် ကိုးဝိဉာဉ် တောင်တန်း တစ်ခုလုံးကို ထိန်းချုပ်ကာ မြေကမ္ဘာအင်မော်တယ်စံအိမ်နှင့် ပေါင်းစည်းပစ်ရန် စဉ်းစားနေခဲ့သည်။

အကယ်၍ သူသာ ဤအရာကို အောင်မြင်အောင် လုပ်နိုင်မည်ဆိုပါက တာ့ချန်ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံးကို မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အောက်တွင် စုစည်းပေါင်းသင်းနိုင်မည့် အခြေခံအုတ်မြစ်တစ်ခု ရရှိသွားနိုင်ပေသည်။

ကျိုလင် တာအိုသခင်ကြီးက မြေကမ္ဘာအင်မော်တယ်စံအိမ်ဘက်သို့ ယိမ်းယိုင်လာလိမ့်မည်မှာ ကြိုတင်ခန့်မှန်းနိုင်သော အရာပင်။

မည်သို့ပင်ဆိုစေ ယခုအချိန်တွင် အင်မော်တယ် တစ်သောင်း နန်းတော်က ကိုးဝိဉာဉ် တောင်တန်းကို တိုက်စားပစ်ချင်နေသည်ထက် ပိုလိုလားသောအရာဟူ၍ မရှိပေ။ လက်ရှိတွင် မြေကမ္ဘာအင်မော်တယ်စံအိမ်တစ်ခုတည်းကသာ သူတို့ကို ကယ်တင်နိုင်စွမ်း ရှိလေသည်။

All Chapters