← Chapters

အခန်း ၈၆၀

Vol. 58 Ch. 860

အခန်း ၈၆၀

Vol. 58 Ch. 860

အခန်း (၈၆၀) ဓာတ်ကြီးငါးပါး တာအိုနယ်ပယ် ပြီးပြည့်စုံခြင်း... ငါသည်ပင်လျှင် တာအိုဖြစ်၏ (အပိုင်း ၂)

သူ၏ နားလည်သဘောပေါက်မှုက အသွင်ပြောင်းသွားသည်နှင့် အမျှ၊ အနည်းငယ် ရှုပ်ထွေး ကစဉ့်ကလျား ဖြစ်နေခဲ့သော သူ၏ ပတ်ဝန်းကျင်ရှိ ဓာတ်ကြီးငါးပါး မှာ မျက်စိတစ်မှိတ် အတွင်းမှာပင် စည်းစနစ်ကျသော အစီအစဉ်သစ် တစ်ခုကို ရရှိသွားသည်။

ဓာတ်ကြီးငါးပါး က သူ၏ ပတ်လည်တွင် နေရာယူ စတင် စီတန်း လာခဲ့၏။ သတ္တုက ရေကို ဖြစ်ပေါ်စေပြီး ရေက သစ်သားကို ဖြစ်ပေါ်စေကာ သစ်သားက မီးကို ဖြစ်ပေါ်စေပြီး မီးက မြေကြီးကို ဖြစ်ပေါ်စေကာ မြေကြီးက သတ္တုဆီသို့ ပြန်လည် ဖြစ်ပေါ်စေ၏။

ငါးရောင်ခြယ် နတ်ဘုရား အလင်းတန်း တစ်ခု စုယွီ၏ ပတ်လည်တွင် ဖွဲ့တည်လာခဲ့ပြီး ဓာတ်ကြီးငါးပါး ၏ ဖြစ်ပေါ်မှု သံသရာက တစ်ခုနှင့် တစ်ခု အပြန်အလှန် ထောက်ပံ့ လိုက်ကြသဖြင့် စွမ်းအားများမှာ အဆက်မပြတ် ကြီးထွား လာကာ တစ်စထက် တစ်စ ပိုမို အားကောင်း လာခဲ့တော့သည်။

စုယွီက မူလဝိညာဉ်အဆင့် ၏ အဋ္ဌမအလွှာ ၌သာ ရှိနေသေး သော်ငြားလည်း ဓာတ်ကြီးငါးပါး ၏ သံသရာ သရုပ်ပေါ်လာသည့် အခိုက်အတန့် တွင်... သူ၏ အရှိန်အဝါက ရုတ်တရက် တဟုန်ထိုး မြင့်တက်သွားခဲ့သည်။ ၎င်းက ဝိညာဉ်ခွဲထွက်အဆင့် ၏ အစောပိုင်း ကာလကို ကျော်လွန်သွားရုံမျှ မက ဝိညာဉ်ခွဲထွက် အလယ်အလတ် အဆင့်ကိုပင် ကျော်လွန်သွားခဲ့လေပြီ။

ထို့ကြောင့် သူ၏ ပတ်ဝန်းကျင်ရှိ တာအိုမျှော်စင် ဟင်းလင်းပြင် က တုန်ခါကာ လှိုင်းဂယက်များ ထလာတော့၏။

'တစ်ခုနဲ့ တစ်ခု အပြန်အလှန် မွေးဖွား ဖြစ်ပေါ်စေတဲ့ ဓာတ်ကြီးငါးပါး က တစ်ခုနဲ့ တစ်ခု အပြန်အလှန် အနိုင်ယူ ချေမှုန်း နိုင်စွမ်းလည်း ရှိတယ်'

စုယွီက စိတ်ထဲမှ တွေးလိုက်လေရာ... သူ၏ ပတ်ဝန်းကျင်ရှိ ဓာတ်ကြီးငါးပါး မှာ ရုတ်တရက် အသွင်ကူးပြောင်းသွားခဲ့သည်။ အလွန်တရာ သက်တောင့်သက်သာ ရှိလှပြီး သက်စောင့် စွမ်းအားများ ကြွယ်ဝလှသော စွမ်းအား တစ်ခု အဖြစ်မှ... မျက်စိတစ်မှိတ် အတွင်း လုံးဝ ဆန့်ကျင်ဘက် အခြေအနေ တစ်ရပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

ဓာတ်ကြီးငါးပါး ၏ စွမ်းအားများက ပြန်လည် နေရာယူသွားကြပြီး မဟာ တာအို၏ စွမ်းအားများက ပြောင်းပြန် လည်ပတ်သွားကြလေပြီ။

'သတ္တုက သစ်သားကို အနိုင်ယူပြီး... သစ်သားက မြေကြီးကို အနိုင်ယူတယ်... မြေကြီးက ရေကို အနိုင်ယူပြီး... ရေက မီးကို အနိုင်ယူကာ... မီးက သတ္တုကို အနိုင်ယူတယ်'

'ဒါက ဓာတ်ကြီးငါးပါး တစ်ခုနဲ့ တစ်ခု အနိုင်ယူ ချေမှုန်း ကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဖျက်ဆီးခြင်း စွမ်းအားပဲ'

စုယွီက သူ၏ နတ်ဘုရား ဝိညာဉ်အာရုံကို သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံးသို့ ဖြန့်ကျက် လိုက်သည်။ ဓာတ်ကြီးငါးပါး ကျင့်စဉ်၊ အထက်ဘုံ သန့်စင်သော မူလတာအိုနိယာမ၊ နှင့် ပုစဉ်းပိုးတုံးလုံး အချိန်တာအို နိယာမ စသည့် အမျိုးမျိုးသော မှော်ပညာရပ် များကို ဖော်ထုတ် လိုက်ကာ... သူ၏ ပတ်ဝန်းကျင်ရှိ တာအိုမျှော်စင် ဟင်းလင်းပြင် အတွင်းမှ ဓာတ်ကြီးငါးပါး စွမ်းအားများကို တစ်စစီ သရုပ်ပေါ်စေပြီး ဓာတ်ကြီးငါးပါး ၏ အဖျက်စွမ်းအား အဖြစ် အပြန်အလှန် တုံ့ပြန် ချေမှုန်း နေကြသည့် အံ့မခန်း မြင်ကွင်းကြီး အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားစေခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင်။

ငါးရောင်ခြယ် နတ်ဘုရား အလင်းတန်း သံသရာ ထပ်မံ၍ သရုပ်ပေါ် လာသည့် အခိုက်အတန့် တွင်... ဖျက်ဆီးခြင်း အငွေ့အသက် များနှင့် ဆင်တူသော အရှိန်အဝါ တစ်ခုက အထပ်ကိုးထပ် တာအိုမျှော်စင် အတွင်းမှ ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။

ထိုစွမ်းအား နှင့် အရှိန်အဝါ ကို အင်မော်တယ် နန်းတော် အတွင်းရှိ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးစလုံးက ခံစား သိရှိ လိုက်ကြ၏။ သူတို့၏ မျက်နှာ အမူအရာ များမှာ အလိုလို ပြောင်းလဲသွား၏။ ပိတ်ထားသော သူတို့၏ မျက်လုံးများက ရုတ်တရက် ပွင့်လာကာ အထပ်ကိုးထပ် တာအိုမျှော်စင် ရှိရာ အရပ်ဆီသို့ အကြည့်ပို့လွှတ် လိုက်ကြ၏။

"ဒီစွမ်းအား က..."

"ကျစ်... ဒီခွေးကောင်လေးက တကယ်ကို မယုံနိုင်စရာပဲ..."

ပထမ ခေါင်းဆောင် က ကျိန်ဆဲ လိုက်၏။ သို့သော် သူက 'မဆင်မခြင် ပြုမူနေတာပဲ' ဟူသော စကားလုံးများကို အဆုံးသတ်အောင် မပြောနိုင်မီ မှာပင် အထပ်ကိုးထပ် တာအိုမျှော်စင် အတွင်းရှိ ဖျက်ဆီးခြင်း အရှိန်အဝါ က ပြီးပြည့်စုံသော ထိန်းချုပ်မှု အောက်သို့ ရောက်ရှိသွားပုံရပြီး တဖြည်းဖြည်းချင်း ထိန်းသိမ်းထား နိုင်သွားခဲ့သည်။

နောက်ဆုံးတွင် ၎င်းက အထပ်ကိုးထပ် တာအိုမျှော်စင် အတွင်း၌သာ လွှမ်းခြုံ နေခဲ့ပြီး အခြားသော နေရာများဆီသို့ ပေါက်ကွဲ ထွက်ပေါ်လာခြင်း မရှိတော့ပါချေ။

ပြောမည့် စကားများကို ပြန်မျိုချ လိုက်ပြီးနောက် ပထမ ခေါင်းဆောင် ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားခဲ့၏။ သူ၏ မျက်ဝန်းများက ဟင်းလင်းပြင်ကိုပင် ထိုးဖောက်သွားနိုင်မည့် အလား အလွန်အမင်း ထက်ရှနေ၏။ သူက မျှော်စင် အတွင်းရှိ တာအိုမျှော်စင် ဟင်းလင်းပြင် ၏ ပထမ အလွှာကို ထိုးဖောက် ကြည့်လိုက်သည်။

စုယွီ၏ နတ်ဘုရား ဝိညာဉ် က ဓာတ်ကြီးငါးပါး တာအို၏ စွမ်းအားများကို ခြယ်လှယ် ကစားနေပြီး သူ၏ ပတ်လည်တွင် ဓာတ်ကြီးငါးပါး တို့၏ အပြန်အလှန် အနိုင်ယူ ချေမှုန်းနေကြသည့် အံ့မခန်း မြင်ကွင်းကြီး ကို ဖန်တီး နေသည်ကို ပထမ ခေါင်းဆောင် မြင်တွေ့ လိုက်ရ၏။

ထိုစွမ်းအား နှင့် အရှိန်အဝါ က အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ သဖြင့် တာအိုမျှော်စင် ပထမ အလွှာ၏ ဟင်းလင်းပြင် ကပင် အက်ကွဲကြောင်းငယ်လေးများ အဖြစ် စုတ်ပြဲသွားခဲ့လေပြီ။

ဤကဲ့သို့သော အရှိန်အဝါ မျိုးဆိုလျှင် ဝိညာဉ်ခွဲထွက်အဆင့် ၏ အထွတ်အထိပ် သခင်ကြီး တစ်ဦး ပင်လျှင် ထိုကဲ့သို့သော စွမ်းအားမျိုးနှင့် ရင်ဆိုင် ရပါက ခေါင်းကြိမ်းရလိမ့်မည်။

အစပထမ တွင် ပထမ ခေါင်းဆောင် က စုယွီ အနေဖြင့် ဓာတ်ကြီးငါးပါး ၏ အပြန်အလှန် အနိုင်ယူ ချေမှုန်းမှု မှ ဖြစ်ပေါ်လာသော အလွန်အမင်း ပြင်းထန်လှသည့် ဖျက်ဆီးခြင်း စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်း မရှိဘဲ သူ့ကိုယ်သူ မဆင်မခြင် ဒဏ်ရာ ရသွားစေမည်ကို စိုးရိမ်နေမိသည်။

သို့သော် တာအိုမျှော်စင် ဟင်းလင်းပြင် အတွင်း၌... ဓာတ်ကြီးငါးပါး တာအို၏ အပြန်အလှန် ဆန့်ကျင် အနိုင်ယူမှု များက စုယွီ၏ ဆန္ဒအတိုင်း အနည်းငယ်မျှပင် ဆန့်ကျင် ဖီဆန်ခြင်း မရှိဘဲ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်တည်လာကာ သူ၏ ရည်ရွယ်ချက် အတိုင်း တာအို နည်းစနစ်များ ဖော်ဆောင် နေသည်ကို မြင်တွေ့ လိုက်ရသောအခါ... ပထမ ခေါင်းဆောင် မှာ သူ၏ စောစောက စကားများကို ပြန်မျိုချလိုက်ရပြီး စကား တစ်ခွန်းသာ ကျန်ရစ် ခဲ့တော့သည်။

"လခွမ်း..."

တကယ်ကို မိစ္ဆာဆန်တဲ့ ပါရမီရှင် တစ်ယောက်ပါလား။

ဓာတ်ကြီးငါးပါး ၏ အပြန်အလှန် အနိုင်ယူ ချေမှုန်းခြင်း မှ ဖြစ်ပေါ်လာသော ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသည့် ဖျက်ဆီးခြင်း စွမ်းအား ကို ထိန်းချုပ် နိုင်ရန် ဆိုသည်မှာ... ဤကောင်လေးက မူလဝိညာဉ်အဆင့် ၌သာ ရှိနေသေးသည် မဟုတ်ပါလော။

အကယ်၍ ဓာတ်ကြီးငါးပါး ဖန်ဆင်းခြင်း စွမ်းအား မျှသာ ဆိုလျှင် ယခုလောက် အံ့အားသင့်စရာ ကောင်းမည် မဟုတ်။

သို့သော် ဒါက ဓာတ်ကြီးငါးပါး တာအို၏ ဖျက်ဆီးခြင်း စွမ်းအား ဖြစ်သည်။ မဟာ တာအို၏ စွမ်းအားများကို တစ်ခုနှင့် တစ်ခု အပြန်အလှန် ဆန့်ကျင် အနိုင်ယူ ခိုင်းရန် ဆိုသည်မှာ ထိန်းချုပ်ရန် အလွန်တရာ ခက်ခဲလွန်းလှပြီး အနည်းငယ် မှားယွင်းသွားသည်နှင့် ထိန်းချုပ်မှု လွတ်ကင်းသွားနိုင်သည်။ တစ်ယောက်ယောက် အနေဖြင့် မိမိ၏ ရန်သူကို ဒဏ်ရာ မရစေမီ မိမိကိုယ်တိုင် အရင် ဒဏ်ရာ ရသွားနိုင်၏။

မူလဝိညာဉ်အဆင့် ကို ထားလိုက်ပါဦး... တာအို ပေါင်းစည်းအဆင့် ၌ ရှိနေသူများ ပင်လျှင် မဟာ တာအို၏ စွမ်းအားများကို ဤကဲ့သို့ မဆင်မခြင် အသုံးပြုဝံ့မည် မဟုတ်ပါချေ။

သို့တိုင်အောင် တာအိုမျှော်စင် ဟင်းလင်းပြင် အတွင်း၌ကား... စုယွီ၏ ပတ်လည်ရှိ ငါးရောင်ခြယ် နတ်ဘုရား အလင်းတန်း များမှာ ၎င်း၏ ဖျက်ဆီးခြင်း အရှိန်အဝါ ဖြင့် ဟင်းလင်းပြင် ကို စုတ်ပြဲသွားစေခဲ့ သော်ငြားလည်း စုယွီ၏ ပြီးပြည့်စုံသော ထိန်းချုပ်မှု အောက်တွင် ရှိနေပြီး... ဓာတ်ကြီးငါးပါး တာအို စွမ်းအားကို သူ၏ ကိုယ်ပိုင် ခြေလက်များ အလား အနည်းငယ်မျှပင် ယိုစိမ့် ထွက်ပေါ် လာခြင်း မရှိစေဘဲ အမိန့်ပေး ခိုင်းစေ နေလေတော့သည်။

စုယွီ က အထပ်ကိုးထပ် တာအိုမျှော်စင် သို့ ပထမဆုံး အကြိမ် ဝင်ရောက် ခဲ့စဉ်က... သူသည် ဓာတ်ကြီးငါးပါး ၏ ဖန်ဆင်းခြင်း နှင့် အပြန်အလှန် အနိုင်ယူ ချေမှုန်းခြင်း သံသရာ များကို သရုပ်ဖော် ပြသနိုင်ခြင်း မရှိခဲ့ပါချေ။

သို့သော် ဤ အထပ်ကိုးထပ် တာအိုမျှော်စင် သို့ ဒုတိယ အကြိမ် ပြန်လည် ရောက်ရှိ လာချိန်တွင် စုယွီ ပြသခဲ့သော ဓာတ်ကြီးငါးပါး တာအို ကျွမ်းကျင်မှု မှာ ပြီးခဲ့သည့် အကြိမ်နှင့် နှိုင်းယှဉ်လျှင် သိသာ ထင်ရှားစွာ အရည်အသွေးပိုင်း ဆိုင်ရာ အဆင့်အတန်း တစ်ရပ် ခုန်တက်သွားခဲ့ပြီပင်။

အထပ်ကိုးထပ် တာအိုမျှော်စင် အတွင်း၌။

စုယွီ ကိုယ်တိုင်လည်း ကြီးမားလှသော ဖိအား တစ်ခုကို ခံစား နေရပြီး... ဓာတ်ကြီးငါးပါး ကျင့်စဉ်၊ အထက်ဘုံ သန့်စင်သော မူလတာအိုနိယာမ နှင့် ပုစဉ်းပိုးတုံးလုံး အချိန်တာအို နိယာမ တို့ကို အပြည့်အဝ လည်ပတ် နေခဲ့၏။ သူက သူ၏ ခန္ဓာကိုယ် တစ်ခုလုံး နှင့် စိတ်အာရုံ အားလုံးကို ဓာတ်ကြီးငါးပါး တာအို စွမ်းအား အတွင်းသို့ နစ်မြုပ် လိုက်ကာ ဓာတ်ကြီးငါးပါး တို့၏ အပြန်အလှန် အနိုင်ယူ ချေမှုန်းခြင်း မှ ထွက်ပေါ် လာသော ထိန်းချုပ်ရ ခက်ခဲသည့် ဖျက်ဆီးခြင်း စွမ်းအားများကို မနည်းဖိနှိပ် ထားရသည်။

'ဓာတ်ကြီးငါးပါး ရဲ့ ဖန်ဆင်းခြင်း စွမ်းအား နဲ့ ယှဉ်လိုက်ရင်... ဒီ အပြန်အလှန် အနိုင်ယူ ချေမှုန်းတဲ့ စွမ်းအားက အများကြီး ပိုပြီး ကြောက်စရာ ကောင်းတယ်'

'အကယ်၍ တခြား လူတွေနဲ့ တိုက်ခိုက်တဲ့ နေရာမှာ ဒါကိုသာ အသုံးပြုခဲ့ရင်... ဓာတ်ကြီးငါးပါး အပြန်အလှန် အနိုင်ယူ ချေမှုန်းတဲ့ ဖျက်ဆီးခြင်း စွမ်းအားနဲ့ တာအို နည်းစနစ် တွေကို အသုံးပြု လိုက်မယ် ဆိုရင် အဲဒီ စွမ်းအား က စိတ်ကူးယဉ် ထားတာထက်တောင် ပိုပြီး ကြီးမား လိမ့်မယ်'

'ဒါပေမဲ့ ဖန်ဆင်းခြင်း နဲ့ အနိုင်ယူ ချေမှုန်းခြင်း တွေက သူတို့ ကိုယ်ပိုင် အားသာချက် တွေနဲ့ ဝိသေသ လက္ခဏာတွေ အသီးသီး ရှိကြတယ်'

'ဖန်ဆင်းခြင်း က မိမိ ခန္ဓာကိုယ် အတွင်းမှာ မှော်စွမ်းအား တွေကို အဆုံးအစမဲ့ စီးဆင်း နေစေတယ်... အကယ်၍ မှော်စွမ်းအား တွေက ဆိုးရွားတဲ့ အခြေအနေ အထိ ကုန်ခမ်းသွားမယ် ဆိုရင်တောင်မှ ဓာတ်ကြီးငါးပါး ရဲ့ ဖန်ဆင်းခြင်း အပြန်အလှန် တုံ့ပြန်မှု တွေကနေ တစ်ဆင့် လျင်မြန်စွာ ပြန်လည် ဖြည့်တင်း နိုင်တယ်... ဆေးလုံး တွေ စားသုံးတာထက်တောင် ပိုမြန်နိုင်သေးတယ်'

'အခြား တစ်ဖက် မှာတော့... အနိုင်ယူ ချေမှုန်းတဲ့ မဟာ တာအို နယ်ပယ်ရဲ့ ဖျက်ဆီးခြင်း စွမ်းအားကို တိုက်ပွဲမှာ အသုံးပြုတဲ့ အခါကျရင်... မိုးကြိုး စွမ်းအားထက် တောင်မှ ပိုပြီး ပြင်းထန် ကြမ်းတမ်း လိမ့်မယ်'

ဓာတ်ကြီးငါးပါး တာအို၏ ဖန်ဆင်းခြင်း စွမ်းအားများ ရှိနေစဉ် အခါက စုယွီ သည် ထိုစွမ်းအားများကို အသုံးပြု၍ တိရစ္ဆာန်ငယ်လေး များကို တစ်ကောင်ပြီး တစ်ကောင် အသွင်ပြောင်း ဖန်တီးရန် ထိန်းချုပ် နိုင်ခဲ့သည်။

သို့သော် ၎င်းက ဓာတ်ကြီးငါးပါး တာအို၏ အနိုင်ယူ ချေမှုန်းခြင်း အသွင်သို့ ပြောင်းလဲသွားသော အခါတွင်မူ ထိုစွမ်းအား ကို အနိုင်နိုင်သာ ထိန်းချုပ်နိုင်တော့သည်။

အချိန်များ တဖြည်းဖြည်းချင်း ကုန်လွန်သွားခဲ့၏။

ယခု အကြိမ်တွင် အထပ်ကိုးထပ် တာအိုမျှော်စင် ၏ ပထမ အလွှာ တာအိုမျှော်စင် ဟင်းလင်းပြင် အတွင်း၌ စုယွီက ငါးနှစ်ကျော်ကြာ နေထိုင်ခဲ့ပြီး ပြင်ပ လောကတွင်လည်း ငါးနှစ် ကုန်လွန်သွားခဲ့လေပြီ။ သို့သော်ငြား အချိန် နယ်ပယ် အတွင်း၌မူ သူ၏ အမြင်တွင် ဆယ်နှစ်ကျော် ကုန်လွန်သွားခဲ့သကဲ့သို့ ခံစား ခဲ့ရသည်။

ထို့နောက်တွင်မူ စုယွီက ဒုတိယ အလွှာသို့ ဆက်လက် တက်လှမ်းသွားခဲ့၏။

ဒုတိယ အလွှာရှိ မဟာ တာအို၏ စွမ်းအားမှာ အသေးစား တာအိုနယ်ပယ် ၏ အဆင့်သို့ ရောက်ရှိ နေခဲ့လေပြီ။

ဤနေရာတွင် စုယွီက ဓာတ်ကြီးငါးပါး ၏ ဖန်ဆင်းခြင်း နှင့် အနိုင်ယူ ချေမှုန်းခြင်း စွမ်းအားများကို နောက်တစ်ကြိမ် ထပ်မံ သရုပ်ဖော် ပြသခဲ့ပြီး... ဤ ဓာတ်စွမ်းအား များ၏ အခြေခံ ပြောင်းလဲမှု များကို တဖြည်းဖြည်းချင်း ဆုပ်ကိုင် နားလည် လာခဲ့သည်။

သို့သော်ငြား ဒုတိယ အလွှာတွင် စုယွီက သုံးနှစ်ပင် မပြည့်သေးသော အချိန်လေး သာ နေထိုင် ခဲ့ပြီးနောက် တတိယ အလွှာသို့ ဆက်လက် တက်လှမ်းသွားခဲ့သည်။

ဆယ်နှစ် အကြာ၊ အထပ်ကိုးထပ် တာအိုမျှော်စင် ဟင်းလင်းပြင် ၏ နဝမ အလွှာ အတွင်း၌။

"ဝေါ..."

တာအိုနယ်ပယ် ၏ အထွတ်အထိပ် နှင့် နှိုင်းယှဉ် နိုင်သော ဓာတ်ကြီးငါးပါး တာအို စွမ်းအားများ၏ ရိုက်ခတ်မှု အောက်တွင် စုယွီက ဓာတ်ကြီးငါးပါး ကျင့်စဉ်၊ အထက်ဘုံ သန့်စင်သော မူလတာအိုနိယာမ နှင့် ပုစဉ်းပိုးတုံးလုံး အချိန်တာအို နိယာမ တို့ကိုသာ လည်ပတ် နေခဲ့ပြီး ဤလောက၏ အစိတ်အပိုင်း တစ်ခုနှင့် ပေါင်းစည်း နေခဲ့လေတော့သည်။

All Chapters