← Chapters

အခန်း ၇၇၀

Vol. 52 Ch. 770

အခန်း ၇၇၀

Vol. 52 Ch. 770

အခန်း (၇၇၀) - ဗာဂျရာ ဒေါသဗုဒ္ဓ၊ ဗုဒ္ဓ မင်းအမေပဲ (၂)

“ဝုန်း…”

စုယွီက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်နှင့် သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ပြင်းထန်သော လှိုင်းဂယက်များနှင့်အတူ လှုပ်ခတ်သွား၏။ နောက်တစ်စက္ကန့်တွင် သူက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီး လင်းချင်းရှားနှင့် လင်းပင်းတို့၏ မျက်စိရှေ့မှ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတော့သည်။

ယခုအခါ ယွင်ရှောင် ဆေးလုံးစံအိမ် အတွင်း၌ လင်းချင်းရှားနှင့် လင်းပင်းတို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။

ယန်ယွီမင်ကမူ... သူမသည် လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်က မူလဝိညာဉ်အဆင့်သို့ အဆင့်ချိုးဖြတ်ရန် ကျရှုံးခဲ့ပြီး လက်ရှိတွင် ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက်နယ်မြေအတွင်း၌ အနားယူ ကုသနေရရှာ၏။ သူမ၏ သက်တမ်းမှာလည်း ရေတွက်လို့ပင် ရနေပြီ ဖြစ်သည်။

အခြား တစ်ဖက်တွင်မူ...

ပုတူ ဗုဒ္ဓဂိုဏ်းမှ လူခြောက်ယောက်သည် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ ခုလေးတင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည်။ ဗာဂျရာ ဗုဒ္ဓသားတော်မှာ မရှုမလှ ဒဏ်ရာရထား၏။ ယွင်ရှောင် ဆေးလုံးစံအိမ်ရှိ အဆင့်နိမ့် ပဉ္စမအဆင့် အခင်းအကျင်းကို ရင်ဆိုင်ရချိန်တွင် ထို အခင်းအကျင်းကြီးကို ချိုးဖျက်၍ ထွက်ပြေးနိုင်ရန်အတွက် သူ၏ နောက်ဆုံး လက်နက် ဝှက်ဖဲများစွာကို အသုံးပြုခဲ့ရသည်။

...

သို့ဖြစ်သော်ငြား ထို အခင်းအကျင်းများ၏ ဒဏ်ကြောင့် သူသည်လည်း ဒဏ်ရာရရှိခဲ့ကာ သူ၏ ဗာဂျရာ ဓမ္မခန္ဓာကိုယ်ကြီးပင် ပျက်စီးလုမတတ် ဖြစ်သွားခဲ့ရ၏။

ယွင်ရှောင် ဆေးလုံးစံအိမ် အတွင်းရှိ အဖြစ်အပျက်ကို ပြန်လည် သတိရမိသောအခါ ဗာဂျရာ ဗုဒ္ဓသားတော်၏ မျက်နှာက သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် မည်းမှောင်သွားတော့၏။ သူက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လက်အောက်ငယ်သားများအား အမိန့်ပေးလိုက်သည်။

"ယွင်ရှောင် ဆေးလုံးစံအိမ်ကို နောက်တစ်ခါ သွားစုံစမ်းကြစမ်း..."

"အဆင့်နိမ့် ပဉ္စမအဆင့် အခင်းအကျင်းကြီးဆိုတာ မူလဝိညာဉ်အဆင့် ဆေးဆရာ တစ်ယောက်ရဲ့ စွမ်းအားနဲ့ လုံးဝ မတတ်နိုင်တဲ့ အရာပဲ..."

"အခင်းအကျင်းတွေကို သုံးပြီး ငါတို့ ပုတူ ဗုဒ္ဓဂိုဏ်းက လူတွေကိုတောင် ချောင်းမြောင်းသတ်ဖြတ်ရဲတယ်ပေါ့လေ..."

ဗာဂျရာ ဗုဒ္ဓသားတော်၏ မျက်နှာက ရက်စက်ကြမ်းကြုတ်စွာ တွန့်လိမ်သွားပြီး ကြုံးဝါးလိုက်၏။

"ယွင်ရှောင် ဆေးလုံးစံအိမ်က ကောင်တွေ... ဒီဘဝ.. လူ ဖြစ်လာတာကို နောင်တရသွားအောင် ငါ လုပ်ပြမယ်..."

"အဲဒီလိုလား..."

ထိုအခိုက် အေးအေးလူလူ ထွက်ပေါ်လာသော အသံတစ်သံက ဗာဂျရာ ဗုဒ္ဓသားတော် အပါအဝင် လူခြောက်ယောက်၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။

"ဗာဂျရာ ဗုဒ္ဓသားတော်... တကယ့်ကို ပုတူ ဗုဒ္ဓဂိုဏ်းက ဗုဒ္ဓသားတော် ပီသပါပေတယ်... ငါတို့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှာတောင် မင်းက လေလုံးထွားရဲသေးတယ်ပေါ့လေ..."

ဗုဒ္ဓသားတော် ခြောက်ပါးစလုံး၏ မျက်နှာသွင်ပြင် အကြီးအကျယ် ပြောင်းလဲသွားကြပြီး အဝေးရှိ တောင်ကုန်းငယ်လေး တစ်ခုဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်ကြ၏။

ဗာဂျရာ ဗုဒ္ဓသားတော်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ မူလဝိညာဉ် သတ္တမအလွှာ၏ စွမ်းအား အရှိန်အဝါများနှင့် ဓမ္မခန္ဓာကိုယ်၏ ကြောက်မက်ဖွယ် မိစ္ဆာချီများက ပေါက်ကွဲထွက်လာပြီး ဗာဂျရာ သွေးကျားရိုင်းက တစ်ဖန် ပြန်လည် ထွက်ပေါ်လာတော့သည်။

သူက အရှေ့ရှိ ပုံရိပ်ထံသို့ ဖိအားပြင်းပြင်း တစ်ခုကို ဦးတည်လွှတ်ထုတ်လိုက်ပြီး ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်၏။

"မင်းက ဘယ်သူလဲ..."

အနီရောင် အရိပ်တစ်ခုအဖြစ် အသွင်ပြောင်းထားသော စုယွီသည် တောင်ကုန်းထက်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သူ့ထံတွင် မည်သည့် အရှိန်အဝါမျှ မရှိဘဲ သာမန် သေမျိုးတစ်ဦးနှင့်သာ တူနေ၏။

သို့သော်ငြား သူက ဖြည်းညင်းစွာ ချဉ်းကပ်လာသည်နှင့်အမျှ ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခုက သံတူရွင်းကြီး တစ်ခုပမာ ဗာဂျရာ ဗုဒ္ဓသားတော်နှင့် အခြားငါးဦး၏ နှလုံးသားများအပေါ် ဖိကျလာရာ သူတို့ကို အလွန်အမင်း သက်တောင့်သက်သာ မဖြစ်အောင် ဖန်တီးနေတော့သည်။

ဗာဂျရာ ဗုဒ္ဓသားတော်၏ အမူအရာက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ သူ၏ ဗာဂျရာ ဓမ္မခန္ဓာကိုယ် မျက်ဝန်းပညာရပ်ကို အာရုံစူးစိုက်လိုက်သော်လည်း စုယွီအား စဆေးလိုက်သောအခါ ဖရိုဖရဲ ဖြစ်နေသော ဟင်းလင်းပြင်ကြီးကို ကြည့်နေရသကဲ့သို့ ဖြစ်နေပြီး စုယွီ၏ ကျင့်ကြံခြင်းအဆင့်ကို လုံးဝ အကဲခတ်၍ မရနိုင်ပါချေ။

'ဒီလူက... တော်တော် ထူးဆန်းတယ်...'

အမျက်ဒေါသ ထွက်လာပြီး သတ်ဖြတ်လိုစိတ်များ ယိုဖိတ်လာသဖြင့် ဗာဂျရာ ဗုဒ္ဓသားတော်က ဟိန်းဟောက်လိုက်၏။

"လှည့်ကွက်တွေ လာသုံးနေတယ်... သူ့ကို သတ်စမ်း..."

“ဝုန်း…”

ဗာဂျရာ ဗုဒ္ဓသားတော်၏ ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းတန်းများ လင်းလက်လာသည်ကို တွေ့လိုက်ရသည်။ သူက လက်နှစ်ဖက်ကို ဆုတောင်းသည့်ဟန် ပူးယှက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသော ယုတ်မာဆိုးသွမ်းသည့် မိစ္ဆာချီများက လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး သူ၏ ပတ်ဝန်းကျင်၌ စင်ကြယ်မြင့်မြတ်သော အရှိန်အဝါများသာ ကျန်ရစ်တော့၏။

လက်နှစ်ဖက်ကို ပူးယှက်ထားလျက် ဗာဂျရာ ဗုဒ္ဓသားတော်၏ အထက်ရှိ ဗုဒ္ဓအလင်းတန်းများက ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအဖြစ် အသွင်ပြောင်းသွားသကဲ့သို့ပင်။ သူက ဗုဒ္ဓ၏ နာမတော်ကို ရိုသေကိုင်းရှိုင်းစွာ ရွတ်ဆိုလိုက်လေသည်။

"အော်မိတော်ဖော် ဗုဒ္ဓ..."

"ဒကာတော်... သတ်ဖြတ်ခြင်းကို စွန့်လွှတ်ပြီး ချက်ချင်း ဗုဒ္ဓအဖြစ် ခံယူပါ..."

"ဒကာတော်... သတ်ဖြတ်ခြင်းကို စွန့်လွှတ်ပြီး ချက်ချင်း ဗုဒ္ဓအဖြစ် ခံယူပါ..."

...

ဗာဂျရာ ဗုဒ္ဓသားတော်က ရွတ်ဆိုနေစဉ် သူ၏ စကားလုံးများက ခေါင်းလောင်းကြီးတစ်ခုပမာ ပဲ့တင်ထပ်သွားပြီး စုယွီ၏ စိတ်အာရုံထဲသို့ ကျူးကျော်ဝင်ရောက်လာကာ သူ၏ ဝိညာဉ်နှင့် စိတ်ဓာတ်ကို လှုပ်ခါပစ်လိုက်လေသည်။

သို့သော်ငြား စုယွီ၏ မျက်နှာအမူအရာမှာ လုံးဝ ပြောင်းလဲခြင်း မရှိပါချေ။ သူက မျက်နှာထက်တွင် မှိန်ဖျော့ဖျော့ အပြုံးတစ်ခုကို ချိတ်ဆွဲလျက် ဗာဂျရာ ဗုဒ္ဓသားတော်တို့အုပ်စုဆီသို့ တစ်လှမ်းချင်း ဆက်လက် လျှောက်လှမ်းသွားနေ၏။

ကျန်ငါးယောက်က ဤအပြောင်းအလဲကို သတိထားမိသွားပြီး သူတို့၏ မျက်နှာများ မည်းမှောင်သွားကြသည်။ သူတို့ကလည်း လက်နှစ်ဖက်ကို ပူးယှက်ကာ ခေါင်းကို အနည်းငယ် ငုံ့လိုက်ကြလေသည်။

သူတို့၏ ခန္ဓာကိုယ်များမှ ဗုဒ္ဓအလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် တောက်ပသွားတော့သည်။ ဗာဂျရာ ဗုဒ္ဓသားတော်နှင့်အတူ သူတို့က သူတို့၏ ဗုဒ္ဓဓမ္မပညာရပ်များကို ထုတ်ဖော်လိုက်ကြရာ သူတို့၏ ပေါင်းစပ်စွမ်းအားများကြောင့် ဗုဒ္ဓ၏ အသံတော်များက နေရာအနှံ့ ပဲ့တင်ထပ်သွားပြီး မိုးခြိမ်းသံများပမာ လိမ့်ဆင်းလာကာ နားကန်းမတတ်ပင် ဖြစ်သွားစေ၏။

မိုင်အနည်းငယ် အကွာအဝေး၊ ကောင်းကင်နှင့် မြေကြီးကြားရှိ လျှို့ဝှက်သော နေရာတစ်ခုတွင် ကြင်နာတတ်သော မျက်နှာသွင်ပြင်ရှိသည့် ကတုံးတုံးထားသော ဘုန်းကြီးတစ်ပါးက ဗာဂျရာ ဗုဒ္ဓသားတော်နှင့် သူ၏ အပေါင်းအပါ ငါးဦးတို့ ဗာဂျရာ ဗုဒ္ဓဓမ္မပညာရပ်ကို ဖော်ထုတ်နေသည်ကို စောင့်ကြည့်နေလေသည်။ ဗုဒ္ဓဓမ္မပညာရပ်၏ စွမ်းအားကို ခံစားမိသောအခါ သူက ပြုံးလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ကတုံးဘုန်းကြီးက တီးတိုးရေရွတ်လိုက်၏။

"မဆိုးဘူးပဲ... ဒီတာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကို ရောက်လာကတည်းက ဗုဒ္ဓသားတော်ရဲ့ ဗုဒ္ဓဓမ္မ အမြင်က တစ်ဆင့် မြင့်တက်လာခဲ့တာပဲ..."

"အချိန်နည်းနည်းလေး ထပ်ပေးလိုက်ရင် သူက ဗာဂျရာ ဗုဒ္ဓခန္ဓာကိုယ်ကို မစုစည်းခင်မှာ ကြီးမြတ်တဲ့ ဓမ္မခန္ဓာကိုယ်ကိုတောင် ရရှိသွားနိုင်တယ်..."

ဗုဒ္ဓဂိုဏ်း၏ ဝိညာဉ်ခွဲထွက် အဆင့်မှာ အင်မော်တယ်ဂိုဏ်းများနှင့် ကွာခြားသည်။

သူတို့က ဝိညာဉ်ခွဲထွက်ခြင်း ဓမ္မခန္ဓာကိုယ်ကို စုစည်းကြခြင်း မဟုတ်ချေ။

ထိုအစား ဓမ္မခန္ဓာကိုယ် တစ်ခုကိုသာ ကျင့်ကြံရန် ရွေးချယ်ကြလေသည်။

ဓမ္မခန္ဓာကိုယ်နှင့် စစ်မှန်သော ခန္ဓာကိုယ်မှာ တစ်ထပ်တည်း ဖြစ်သော်လည်း ဓမ္မခန္ဓာကိုယ်က တစ်စုံတစ်ခုကို လုပ်ဆောင်ရန်အတွက် ခန္ဓာကိုယ်မှ ယာယီ ခွဲထွက်သွားနိုင်စွမ်း ရှိသည်။ သို့သော် ဝိညာဉ်ခွဲထွက်ခြင်း ဓမ္မခန္ဓာကိုယ်ကဲ့သို့ အပြင်ဘက်တွင် အမြဲတမ်း နေထိုင်နိုင်စွမ်းကား မရှိပါချေ။

သို့သော်ငြား ဓမ္မခန္ဓာကိုယ်နှင့် စစ်မှန်သော ခန္ဓာကိုယ် ပေါင်းစပ်သွားချိန်တွင် သူတို့၏ စွမ်းအားက သာမန် ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင် တစ်ပါးထက်ပင် ပိုမို အားကောင်းလာနိုင်လေသည်။

သို့သော်လည်း...

ကတုံးဘုန်းကြီး၏ အကြည့်က စုယွီထံသို့ ကျရောက်သွားသောအခါ သူက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဗာဂျရာ ဗုဒ္ဓသားတော်တို့ ခြောက်ဦး၏ ပေါင်းစပ် တိုက်ခိုက်မှုများအောက်တွင်ပင် စုယွီက အထိအခိုက်မရှိသေးသည်ကို မြင်လိုက်ရသောကြောင့်ပင်။ ထို့အပြင် ဗုဒ္ဓဓမ္မပညာရပ်၏ သက်ရောက်မှု သို့မဟုတ် ဖိနှိပ်မှုကို ခံရသည့် လက္ခဏာ တစ်စုံတစ်ရာမျှပင် မပြသပါချေ။

သူက ဗာဂျရာ ဗုဒ္ဓသားတော်နှင့် အခြားသူများဆီသို့ တစ်လှမ်းချင်း ဆက်လက် လျှောက်လှမ်းသွားနေဆဲ ဖြစ်၏။

ဤသည်က သူ့ကို အံ့အားသင့်သွားစေသည်။

ဗာဂျရာ ဗုဒ္ဓသားတော်၏ ဗုဒ္ဓဓမ္မ အဆင့်အတန်းသို့ ရောက်ရှိရန်မှာ မလွယ်ကူလှပေ။ မူလဝိညာဉ်အဆင့် သတ္တမအလွှာနှင့် သူ၏ ဗာဂျရာ ဗုဒ္ဓဓမ္မပညာရပ်၏ ခိုင်မာသော အခြေခံအုတ်မြစ်တို့ကြောင့် သာမန် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများပင် ဗာဂျရာ ဗုဒ္ဓသားတော်အတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်ပါချေ။

သူက သူတို့ကို တစ်ချက်တည်းဖြင့်ပင် ဖိနှိပ်ချေမှုန်းနိုင်စွမ်း ရှိလေသည်။

ထို့အပြင် ယခုအချိန်တွင် ဗာဂျရာ ဗုဒ္ဓသားတော်၏ ဘေး၌ မူလဝိညာဉ်အဆင့် အထွတ်အထိပ် ကာလသို့ ရောက်ရှိနေသော ဗုဒ္ဓဂိုဏ်း၏ အစောင့်အရှောက် တစ်ပါး ရှိနေသေးသည်။ ကျန်လေးဦးအနက် နှစ်ဦးမှာ မူလဝိညာဉ် နောက်ပိုင်းအဆင့်တွင် ရှိပြီး နှစ်ဦးမှာ မူလဝိညာဉ် အလယ်အလတ်အဆင့်တွင် ရှိကြသည်။

လူခြောက်ယောက် ပူးပေါင်းထားတာတောင်မှ ဒီလူ့ကို ဘာမှ မလုပ်နိုင်ကြဘူးတဲ့လား။

ကတုံးဘုန်းကြီးက အနည်းငယ် မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်၏။

"ဒီလူက ဘယ်သူလဲ..."

ဗာဂျရာ ဗုဒ္ဓသားတော်နှင့် အခြားသူများဆီသို့ စုယွီ ပိုပိုပြီး နီးကပ်လာသည်ကို စောင့်ကြည့်နေစဉ် ကတုံးဘုန်းကြီးမှာ အနည်းငယ် စိုးရိမ်ပူပန်လာတော့သည်။ သို့သော် သူက လှုပ်ရှားရန် ပြင်လိုက်ချိန်မှာပင် သူ၏ မျက်နှာသွင်ပြင်က ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့လေသည်။

သူက အလျင်အမြန် လှည့်ကြည့်လိုက်ရာ သူ၏ အနောက်တွင် လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

“ထန်း…”

အနက်ရောင် ဒေါသ စစ်သည်တော်က ဧရာမ အနက်ရောင် ဓားကြီးတစ်လက်ကို ရုတ်တရက် မြှောက်ကိုင်လိုက်သည်။ ရိုးရှင်းသော လွှဲခုတ်ချက် တစ်ချက်ဖြင့် သူက လောကကြီးကို တုန်လှုပ်သွားစေခဲ့၏။

ကတုံးဘုန်းကြီး၏ မျက်လုံးထဲတွင် ကမ္ဘာကြီးက လျှပ်တစ်ပြက်အတွင်း အရောင်ပြောင်းသွားသကဲ့သို့ပင်။ ရှုခင်းများ ပြောင်းလဲသွားပြီးနောက် ကမ္ဘာပျက်မည့်နေ့၏ ဖျက်ဆီးခြင်း စွမ်းအားများကို သယ်ဆောင်လာသော ဧရာမ ဓားကြီးတစ်လက်က ကောင်းကင်ယံမှ ဆင်းသက်လာကာ သူ့ဆီသို့ ခုတ်ပိုင်းလာတော့သည်။

"အော်မိတော်ဖော် ဗုဒ္ဓ..."

ကတုံးဘုန်းကြီးက လက်နှစ်ဖက်ကို ပူးယှက်လိုက်ရာ တောက်ပသော ဗုဒ္ဓအလင်းတန်းများက သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်...

မျက်စိကျိန်းမတတ် တောက်ပနေသော ဗာဂျရာ ဓမ္မခန္ဓာကိုယ်ကြီးက ရုပ်လုံးပေါ်လာ၏။ အမြင့်မြတ်ဆုံးသော ဗုဒ္ဓအလင်းတန်းများ၏ တောက်ပမှုအောက်တွင် လောကကြီးက ဗုဒ္ဓ၏ တရားရွတ်သံ စည်းချက်များအတိုင်း ယိမ်းထိုးနေသော ဗုဒ္ဓနယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။

ကောင်းကင်ကို ပင့်မထားသော ဗာဂျရာ ဓမ္မခန္ဓာကိုယ်ကြီး၏ လက်ဝါးများနှင့်အတူ ကောင်းကင်ယံမှ ဆင်းသက်လာသော ဧရာမ ဓားကြီးနှင့် ထိပ်တိုက် ရင်ဆိုင်မိသွားတော့သည်။

“အုန်း…”

အနက်ရောင် ဒေါသ စစ်သည်တော်က နောက်မဆုတ်ပါချေ။ သို့သော်ငြား ကတုံးဘုန်းကြီးမှာမူ ဤတိုက်ခိုက်မှုကြောင့် နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားရပြီး သိသိသာသာ အရေးနိမ့်သွားလေသည်။

ကတုံးဘုန်းကြီး၏ မျက်နှာသွင်ပြင်က သိမသာလေး ပြောင်းလဲသွား၏။ သူ၏ လက်ထဲတွင် ဗုဒ္ဓအလင်းတန်းများ လင်းလက်သွားပြီး ဗုဒ္ဓဂိုဏ်း၏ ရတနာတစ်ခုဖြစ်သော ဗာဂျရာ ကျည်ပွေ့ ပေါ်ထွက်လာသည်။ နောက်တစ်စက္ကန့်တွင် သူ့အပေါ်ရှိ စင်ကြယ်မြင့်မြတ်ပြီး အေးချမ်းသော ဗုဒ္ဓအလင်းတန်း အရှိန်အဝါက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

မူလက သိမ်မွေ့ကြင်နာတတ်သော ဗာဂျရာ ဓမ္မခန္ဓာကိုယ်ကြီးကလည်း အကြီးအကျယ် ပြောင်းလဲသွား၏။ ဗာဂျရာ ဗုဒ္ဓက ဒေါသထွက်လာပြီး မိစ္ဆာအရှိန်အဝါများက လျှပ်တစ်ပြက်အတွင်း သွေးပင်လယ်ကြီး တစ်ခုပမာ ဆူပွက်လာတော့သည်။

"ဗာဂျရာ ဒေါသဗုဒ္ဓ..."

"မိစ္ဆာသတ္တဝါ... မင်းဘာသာ သေလမ်းရှာနေတာပဲ..."

ဝုန်း...

'ဗုဒ္ဓ မင်းအမေပဲ... အကုန်လုံးက အနှစ်သာရ မရှိတဲ့ မျက်နှာပြင်တွေချည်းပဲ...'

အနက်ရောင် ဒေါသ စစ်သည်တော်က ဘာမှမပြောဘဲ ဧရာမ ဓားကြီးကို မြှောက်ကာ နောက်တစ်ကြိမ် လွှဲခုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကတုံးဘုန်းကြီး၏ ဗာဂျရာ ဓမ္မခန္ဓာကိုယ်ကြီးက ဗာဂျရာ ကျည်ပွေ့ကို ဝှေ့ယမ်းလာပြီး အနက်ရောင် ဒေါသ စစ်သည်တော်နှင့် ရင်ဆိုင် တိုက်ခိုက်လိုက်တော့၏။

ကတုံးဘုန်းကြီး၏ နောက်ကျော မလှမ်းမကမ်းတွင် ကောင်းကင်မိုးကြိုးများ ဖုံးလွှမ်းနေသော အရပ်မောင်းကောင်းကောင်း ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာလေသည်။

ထိုပုံရိပ်က သူ၏ လက်ထဲတွင် ယပ်တောင် မှော်လက်နက် ရတနာတစ်ခုကို ကိုင်ဆောင်ထား၏။

ထိုယပ်တောင် မှော်လက်နက်က သူ၏ လက်ထဲမှ ထွက်ခွာသွားသည်နှင့် နောက်တစ်စက္ကန့်တွင် ဧရာမ မိုးကြိုးနဂါးကြီး တစ်ကောင် ပေါ်ထွက်လာတော့သည်။

“ဂရား…”

“ဝေါင်း…”

ထိုပုံရိပ်၏ ထိန်းချုပ်မှုအောက်တွင် မိုးကြိုးနဂါးကြီးက ကောင်းကင်ယံသို့ မော်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။ ကတုံးဘုန်းကြီးက အနက်ရောင် ဒေါသ စစ်သည်တော်နှင့် ရင်ဆိုင် တိုက်ခိုက်နေရပြီး ဧရာမ စွမ်းအားကြီးတစ်ခုကြောင့် နောက်သို့ ဆုတ်သွားရချိန်တွင် မိုးကြိုးနဂါးကြီးက သူ့ကို အနောက်မှနေ၍ ဝင်တိုက်လိုက်လေသည်။

“ဝုန်း…”

“အဟွတ်…”

ကတုံးဘုန်းကြီးမှာ မိုးကြိုးနဂါးကြီး၏ တိုက်ခိုက်မှုကြောင့် ကောင်းကင်ယံမှ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ၏ ဗုဒ္ဓအလင်းတန်းများ ပျက်စီးသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး မိုးကြိုးလျှပ်စီးများဖြင့် ဖုံးလွှမ်းသွား၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးရောင် မိစ္ဆာချီများမှာလည်း မိုးကြိုးများကြောင့် သိသိသာသာ လျော့ကျသွားလေသည်။ သူက မြေကြီး အနက်ပိုင်းအထိ ထိုးကျသွားကာ သူ၏ အရိုးအိုကြီးများပင် နေရာအနှံ့ ကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရပြီး သွေးများကို အန်ချလိုက်ရတော့သည်။

ထိတ်လန့်မှုနှင့် ဒေါသတို့ ပြည့်နှက်နေလျက် မိုးကြိုးစွမ်းအားများကို အသုံးပြုနေသော ပုံရိပ်၏ အရှိန်အဝါကို မှတ်မိသွားသောအခါ ကတုံးဘုန်းကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"တာအို ကိုယ်ပွားကြီး ပါလား..."

'ဒီတာအို ကိုယ်ပွားက ဘယ်လိုလုပ်ပြီး မိုးကြိုးစွမ်းအားတွေကို ထိန်းချုပ်နိုင်ရတာလဲ...'

သူ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် အနက်ရောင် ဒေါသ စစ်သည်တော်နှင့် တာအို ကိုယ်ပွားတို့က နောက်တစ်ကြိမ် တိုက်ခိုက်လာကြလေပြီ။

ဤနေရာတွင် ဝိညာဉ်ခွဲထွက် အဆင့် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဆင်နွှဲနေကြပြီ ဖြစ်၏။

အခြား တစ်နေရာတွင်မူ...

စုယွီကလည်း အလျင်အမြန် လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ဗာဂျရာ ဗုဒ္ဓသားတော်နှင့် အခြားသူများက အခြားတစ်နေရာမှ ပြင်းထန်သော တိုက်ပွဲအသံများကြောင့် အာရုံလွင့်ပါးသွားချိန်တွင် စုယွီ၏ အချိန်နယ်ပယ်က ကျဆင်းလာတော့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်က ကောင်းကင်ဖီးနစ် နိဗ္ဗာန်၏ အထွတ်အထိပ် မီးတောက်များဖြင့် ဖုံးလွှမ်းသွားကာ တောမီးတစ်သိုက်ပမာ တောက်လောင်နေလေသည်။

“ရွှီး…”

လျှပ်တစ်ပြက်အတွင်းမှာပင်...

စုယွီ၏ တာအိုရုပ်သေးက ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကောင်းကင်ဖီးနစ် တစ်ကောင်အဖြစ် အသွင်ပြောင်းသွားတော့သည်။

ဗာဂျရာ ဗုဒ္ဓသားတော်သည် သူ၏ မျက်စိရှေ့တွင် မီးတောက်တစ်ခု ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ရ၏။ အချိန်နယ်ပယ်၏ ဖုံးလွှမ်းမှုအောက်တွင် သူ၏ အာရုံခံစားမှုများနှင့် တုံ့ပြန်မှုများက အဆပေါင်းများစွာ နှေးကွေးသွားလေသည်။ သူ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင်...

ကောင်းကင်ဖီးနစ်၏ လက်သည်းတစ်ဖက်က သူ့အပေါ်သို့ ကျရောက်လာခဲ့လေပြီ။

“ဗြိ…”

ဗာဂျရာ ဗုဒ္ဓသားတော်၏ ခန္ဓာကိုယ်ပေါ်တွင် သူ၏ သင်္ကန်းမှလွဲ၍ ရတနာများစွာ ပေါ်လာ၏။ အထူးသဖြင့် ဗာဂျရာ သပိတ်ရတနာ တစ်ခုက တလက်လက် တောက်ပနေပြီး အကာအကွယ် အလင်းတန်းတစ်ခုဖြင့် သူ့ကို ဖုံးလွှမ်းထားလေသည်။

ကောင်းကင်ဖီးနစ်၏ လက်သည်းက ဗာဂျရာ ဗုဒ္ဓသားတော်အပေါ်သို့ ကျရောက်သွားရာ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ့ကို လျှပ်တစ်ပြက်အတွင်း လွင့်စင်သွားစေတော့သည်။ သူက မိုင်အနည်းငယ် အကွာရှိ နက်ရှိုင်းသော တောင်တန်းတစ်ခုနှင့် ပြင်းထန်စွာ ဝင်တိုက်မိသွား၏။

ထိုအခိုက်အတန့်တွင် ဗာဂျရာ ဗုဒ္ဓသားတော်က စုယွီ၏ တာအိုရုပ်သေး၏ ကျင့်ကြံခြင်းအဆင့်ကို မှတ်မိသွားသည်။ သူက အနည်းငယ် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။

"မူလဝိညာဉ် အဋ္ဌမအလွှာ ဟုတ်လား..."

'မူလဝိညာဉ် အဋ္ဌမအလွှာက ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်နိုင်လို့လား...'

ကောင်းကင်ဖီးနစ်၏ လက်သည်းစွမ်းအားက ရတနာများစွာဖြင့် ကာကွယ်ထားသော်ငြား သူ့ကို ဒဏ်ရာရစေခဲ့သည်။

တောင်တန်းအနက်ပိုင်းသို့ ဝင်တိုက်မိသွားချိန်တွင် ဗာဂျရာ ဗုဒ္ဓသားတော်က ညည်းညူသံတစ်ချက် ထွက်ပေါ်သွားပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စိမ့်ထွက်လာတော့သည်။

All Chapters