← Chapters

အခန်း ၈၆၈

Vol. 58 Ch. 868

အခန်း ၈၆၈

Vol. 58 Ch. 868

အခန်း (၈၆၈) - ချန်ကု အင်မော်တယ် မြို့တော် ဆင်းသက်လာခြင်း၊ စုယွီ ပြန်လည် ရောက်ရှိလာခြင်း (အပိုင်း ၂)

သည်ကိစ္စက အသေးအမွှား ကိစ္စကလေး တစ်ခု မဟုတ်ပါချေ။

သို့သော် ထိုနည်းတူစွာ သူသာ ဤကိစ္စကို အမှန်တကယ် လက်ခံ လိုက်မည် ဆိုလျှင်... မြေကမ္ဘာအင်မော်တယ်စံအိမ် အတွက် နောက်ဆုံး ရရှိလာမည့် အကျိုးအမြတ် က မျှော်လင့်ထားသည် များ အားလုံးထက် ပိုမို ကျော်လွန်သွားနိုင်၏။

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ၏ အစစ်အမှန် အုပ်စိုးသူ ဖြစ်လာခြင်း... သို့မဟုတ် တစ်ဦးတည်းသော အုပ်စိုးသူ ဖြစ်လာခြင်း က နှစ်ခုစလုံး ဖြစ်နိုင်ခြေ ရှိသည်။

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ကြီးကို ပေါင်းစည်း ဖို့ရာ အတွက် ကတော့ အချိန် တစ်ခု သာလျှင် လိုအပ်တော့မည်။

အချိန် အတန်ကြာ တိတ်ဆိတ် ငြိမ်သက် နေခဲ့ပြီးနောက် တွင်။

တာအိုသခင်ကြီး ဟုန်ယွဲ့ က ဖြည်းညင်းစွာ ခေါင်းညိတ် လိုက်သည်။ တာအိုသခင်ကြီး ကျိုလင် ကို ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ လူများကို အကြည့်ပို့လွှတ် လိုက်ကာ သူက ပြောလိုက်သည်။

"ဒီကိစ္စမှာ... မဟာမိတ် အဖွဲ့ က တာအိုမိတ်ဆွေ ကျိုလင် နဲ့ ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း အတွက် ရှင်းလင်းချက် တစ်ခု ပေးပါ့မယ်"

"မဟာမိတ် အဖွဲ့ ကို စတင် တည်ထောင် ခဲ့စဉ်က မဟာမိတ် ခေါင်းဆောင် အနေနဲ့ ကျွန်တော့် ဘက်က မဟာမိတ် အဖွဲ့ ဖွဲ့စည်း ရတဲ့ မူလ ရည်ရွယ်ချက် ဟာ အရပ်မျက်နှာ အသီးသီး ကို ပေါင်းစည်း ဖို့နဲ့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ က ကျင့်ကြံသူတွေရဲ့ ငြိမ်းချမ်းစွာ ကျင့်ကြံ နိုင်မှု ကို ကာကွယ် စောင့်ရှောက် ဖို့ ဖြစ်တယ် ဆိုတာကို ပြောကြား ခဲ့ပြီးပါပြီ"

"မဟာမိတ် အဖွဲ့ဝင် တွေ အပေါ် လက်ရောက် ကျူးလွန် ရဲတဲ့ ဘယ်လို ပြင်ပ စွမ်းအားစု မျိုး မဆို မဟာမိတ် အဖွဲ့ ရဲ့ အဓိက ရန်သူပါပဲ"

"ဒါက လူတိုင်း အပေါ် အကျုံးဝင် ပါတယ်... ချွင်းချက် မရှိပါဘူး"

ဤစကားများ က ဟိန်းဟောက် မြည်ဟည်း နေခဲ့ပြီး... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံး ၏ ကောင်းကင်နှင့် မြေကြီး ကို တုန်လှုပ်သွားစေသော မိုးကြိုး တစ်ခု အလား ပင် ဖြစ်ကာ ၎င်း၏ ရိုက်ခတ်မှု က အချိန် အတန်ကြာအောင် ပင် ကျန်ရစ် နေခဲ့တော့၏။

ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း တွင် ဖြစ်ရပ်များ ဖြစ်ပွား ပြီးနောက်... မြေကမ္ဘာအင်မော်တယ်စံအိမ် နှင့် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်က သင့်လျော်သော အခိုက်အတန့် တွင် သူတို့၏ လျှို့ဝှက် ဖဲချပ် အချို့ကို ထုတ်ဖော် လာခဲ့ကြ၏။

နောက်ဆုံး တွင်တော့ သူတို့က မိစ္ဆာ မျိုးနွယ်စု ၏ နောက်ဆုံး ကာကွယ်ရေး မျဉ်း ကို ထိုးဖောက် နိုင်ခဲ့ကြပြီး... မိစ္ဆာ ဒီရေ လှိုင်းလုံးကြီး များကို ချေမှုန်း လိုက်နိုင်ကာ ဟင်းလင်းပြင် လမ်းကြောင်း မှ တစ်ဆင့် မိစ္ဆာ များစွာကို ထွက်ပြေး

သွားစေခဲ့တော့သည်။

တာ့ချန် မဟာမိတ် အဖွဲ့မှ လူများ က ဟင်းလင်းပြင် လမ်းကြောင်း ဆီသို့ ရောက်ရှိ လာသော အခါ သူတို့က လျှပ်စီး လက်သကဲ့သို့ တိုက်ခိုက်မှု များဖြင့် ၎င်းကို ဖျက်ဆီးပစ်၏။ အချိန် နှစ်ဝက် မျှသော အချိန်တိုလေး အတွင်းမှာပင် သူတို့ က ဤ မိစ္ဆာ ဒီရေ လှိုင်းလုံး ၏ ပုန်းကွယ် နေသော အန္တရာယ် ကို အပြီးတိုင် ဖယ်ရှား နိုင်ခဲ့ကြလေပြီ။

ထို့နောက် တွင် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ က မဟာမိတ် အဖွဲ့ဝင် များအား အစည်းအဝေး ခေါ်ယူ လိုက်တော့သည်။

*

မြေကမ္ဘာ အင်မော်တယ် မြို့တော်။

နေရာပြောင်းရွှေ့ခြင်း အခင်းအကျင်း စင်မြင့်။

"ဝူး"

အလင်းတန်းများ ဝေဝါးလာပြီး ဟင်းလင်းပြင် လှိုင်းဂယက် များ တဖြည်းဖြည်း ငြိမ်သက်သွားသည် နှင့် အတူ ပုံရိပ် တစ်ခု စင်မြင့် ပေါ်တွင် ထွက်ပေါ် လာခဲ့သည်။ သူက စင်မြင့် ပေါ်မှ ဆင်းသက် လိုက်သော အခါ အပြင်ဘက်ရှိ လမ်းမများ ထက်တွင် ပြင်ပ ကျင့်ကြံသူ များစွာ နှင့် အတူ လူပင်လယ်ကြီး တစ်ခု အလား ပြည့်နှက် နေသည်ကို သတိပြု မိလိုက်သည်။

"ဟင်"

သူ အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။

'ဘာတွေ ဖြစ်နေတာလဲ'

'ငါ အပျက်အစီး နယ်မြေ မှာ ရှိနေတုန်း မြေကမ္ဘာ အင်မော်တယ် စံအိမ် မှာ တစ်ခုခု များ ထပ်ဖြစ်သွားသေး လို့လား'

သူ၏ ပုံရိပ် က တလက်လက် လင်းလက်သွားပြီး ထိုနေရာမှ ထွက်ခွာရန် သူ၏ ဟင်းလင်းပြင် လွတ်မြောက်ခြင်း နည်းစနစ်အား လျင်မြန်စွာ ဖော်ထုတ် လိုက်သည်။

အခြေအနေ ကို စုံစမ်း မေးမြန်း ရန် သူ၏ အင်မော်တယ် တံခါး ဆီသို့ ပြန်သွားရန် ရည်ရွယ် ထားခဲ့ခြင်း ပင် ဖြစ်၏။

သို့သော် မြို့တော် မဟာ အခင်းအကျင်း ၏ ဝင်ပေါက် ဆီသို့ ရောက်ရှိသွားချိန် မှာပင်... မထင်မှတ် ထားစွာ ရင်းနှီး နေသော ပုံရိပ် နှစ်ခုကို မြင်တွေ့ လိုက်ရ သဖြင့် ခြေလှမ်းများ တုံ့သွားစေခဲ့တော့သည်။

အရှေ့ဘက် တွင်... လူဆယ်ယောက် ကျော် ပါဝင်သော အဖွဲ့ တစ်ဖွဲ့။ ၎င်းတွင် လျှို့ဝှက် နက်နဲ ကာ စူးစမ်း၍ မရနိုင်သော အရှိန်အဝါ များကို ဖုံးကွယ် ထားသည့် လူငယ် များ နှင့် နတ်မိမယ် အချို့ ပါဝင်နေသည်။

သူတို့၏ အနောက် တွင်မူ ငယ်ရွယ်သော ယောကျ်ားလေး နှင့် မိန်းကလေး ခုနစ်ယောက်၊ ရှစ်ယောက် ခန့် အနောက်မှ လိုက်ပါ လာခဲ့ကြ၏။

သူတို့ ထဲမှ တစ်ဦးစီ တိုင်းမှာ ထူးခြား လွန်ကဲလှသော အရှိန်အဝါ များကို ပိုင်ဆိုင် ထားကြပြီး... ယောကျ်ားလေး များက ချောမော ခန့်ညား ကာ မိန်းကလေး များကလည်း ကြွေရုပ် လေးများ အလား လှပကြ၏။

ထိုအထဲ တွင်... လူနှစ်ဦး က စုယွီ၏ အကြည့်ကို အံ့အားသင့်မှုကြောင့် အနည်းငယ် တုံ့ဆိုင်းသွားစေခဲ့တော့၏။

"ယင်းယိုနဲ့ ကုန်းစွန်းဇီယန်လား"

အရှေ့ဘက် ရှိ အဖွဲ့ က အင်မော်တယ် မြို့တော် အတွင်းမှ အပြင်ဘက် သို့ ထွက်ခွာ လာချိန် တွင်... အနောက်ဘက် မှ လိုက်ပါ လာခဲ့သော ယင်းယို က စုယွီ၏ အကြည့် ကို ခံစား လိုက်ရ သဖြင့် လူအုပ်ကြီး ဘက်သို့ မတော်တဆ လှည့်ကြည့်မိသွားခဲ့သည်။

သို့သော် တစ်စုံတစ်ယောက် ၏ စောင့်ကြည့် နေခံရသည် ဟူသော ခံစားချက် က ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုအရာ က ယင်းယို ကို အနည်းငယ် တွေဝေသွားစေခဲ့၏။

'ငါနဲ့ ရင်းနှီးတဲ့ သူတစ်ယောက်က ငါ့ကို စောင့်ကြည့် နေသလိုမျိုး ဘာဖြစ်လို့ ခံစား လိုက်ရတာလဲ'

ယင်းယို ၏ ဘေးတွင် လမ်းလျှောက် နေသော ကုန်းစွန်းဇီယန် ကလည်း သူမ ထိုသို့ ပြုလုပ် သည်ကို မြင်သော အခါ အနောက် ဘက်သို့ အကြည့်ပို့လွှတ် လိုက်သည်။ သို့သော် သူက ထူးခြားသော အရာ တစ်စုံတစ်ရာ ကိုမျှ သတိ မပြုမိ ခဲ့ပါချေ။

ကုန်းစွန်းဇီယန် က သိချင်စိတ် ဖြင့် မေးလိုက်သည်။

"အစ်မ ယင်း... ဘာကို ကြည့်နေတာလဲ"

ယင်းယို က သူမ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်း လိုက်ပြီး ခေါင်းကို အနည်းငယ် ယမ်းပြ လိုက်သည်။

"တစ်ယောက်ယောက် က ငါ့ကို စောင့်ကြည့် နေသလိုမျိုး ငါ ခံစား လိုက်ရလို့ပါ... တခြား သူတွေနဲ့ မတူတဲ့ အကြည့် မျိုးပဲ"

ထိုအခါ ယင်းယိုတို့ အရှေ့ဘက် တွင် ရှိနေသော... အသက် နှစ်ဆယ် ၊ သုံးဆယ် အရွယ်ခန့် ရှိပုံရသည့် နတ်မိမယ် က သူမတို့၏ အနောက်ဘက် ရှိ အင်မော်တယ် မြို့တော်ထံ လှည့်၍ အကြည့်ပို့လွှတ်လိုက်သည်။ ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူ များပင်လျှင် ခံစား သိရှိ နိုင်စွမ်း မရှိသော အရှိန်အဝါ တစ်ခု က ကောင်းကင်နှင့် မြေကြီးကို ဖြန့်ကျက်ရှာဖွေသွားခဲ့၏။

သို့တိုင်အောင် သူမ က မည်သည့် အရာကိုမျှ ရှာဖွေ တွေ့ရှိ ခြင်း မရှိခဲ့ပါချေ။

နတ်မိမယ် က ပြောလိုက်သည်။

"ဘာမှ ထူးခြားတာ မရှိပါဘူး... စိတ်မပူပါနဲ့"

ယင်းယို က ချက်ချင်းပင် လေးနက် တည်ကြည်သွားခဲ့ပြီး ရိုသေ လေးစားစွာ ဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ.. ဆဋ္ဌမ ဘိုးဘေး"

အရှေ့ဘက် ရှိ လူအနည်းငယ် က သူတို့၏ လက်များကို ညင်သာစွာ ဝှေ့ယမ်း လိုက်သည် နှင့် အတူ ထို အဖွဲ့ က ဟင်းလင်းပြင် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွား၏။

မြေကမ္ဘာအင်မော်တယ်စံအိမ် အင်မော်တယ် တံခါး ရှိရာဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားကာ မြေကမ္ဘာ အင်မော်တယ် မြို့တော် ရှိ ကျင့်ကြံသူ များ၏ မြင်ကွင်း မှ ပျောက်ကွယ်သွားခဲ့ကြတော့သည်။

*

ထို့နောက်တွင်မှ စုယွီ၏ ပုံရိပ် က တတိယ ဟင်းလင်းပြင် အလွှာ ထဲမှ ထွက်ပေါ် လာခဲ့ပြီး... မြေကမ္ဘာ အင်မော်တယ် မြို့တော် ၏ အပြင်ဘက် ရှိ ဧရာမ တောင်တန်းကြီး တစ်ခု၏ တောင်ထိပ် ပေါ်သို့ ရောက်ရှိလာခဲ့သည်။

သူက မြေကမ္ဘာအင်မော်တယ်စံအိမ် သို့ ဦးတည်သွားနေသော ထိုအဖွဲ့ ရှိရာ အရပ်ဆီသို့ အကြည့်ပို့လွှတ် လိုက်ရင်း သူ၏ မျက်ခုံးများ က အနည်းငယ် တွန့်ကွေးသွားခဲ့၏။

စုယွီ က တကိုယ်တည်း တိုးညင်းစွာ ရေရွတ် လိုက်သည်။

"တာအိုသခင်ကြီးတွေပါလား"

"ချန်ကု အင်မော်တယ် မြို့တော်က ဒီ တာအိုသခင်ကြီးတွေ... မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ဘာလာ လုပ်ကြတာလဲ"

'ငါ မြန်မြန် ပြန်သွားပြီး စစ်ဆေးကြည့်မှ ဖြစ်မယ်'

စုယွီ၏ ရင်တွင်း၌ အရေးပေါ် အခြေအနေ တစ်ရပ်ကို ခံစား လိုက်ရတော့၏။

သူ၏ ပုံရိပ် တစ်ချက် လင်းလက်သွားသည် နှင့် တတိယ ဟင်းလင်းပြင် အလွှာ အတွင်းသို့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်သွားခဲ့သည်။ ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါး ၏ လွတ်မြောက်ခြင်း ပညာရပ် ထက်ပင် သာလွန်သော အလျင် နှုန်း ဖြင့် စုယွီ.. မျက်စိတစ်မှိတ် အတွင်း မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အင်မော်တယ် တံခါး အတွင်းသို့ နေရာပြောင်းရွှေ့ ဝင်ရောက်သွား၏။

မြေကမ္ဘာ နန်းတော် လျှို့ဝှက် နယ်မြေ ၏ အတွင်း၌ ဟွမ်ကျူး က သူမ၏ မူလ ပုံစံ အစစ်အမှန် ကို ထုတ်ဖော်ထားကာ... လွန်ခဲ့သော နှစ်များက စုယွီ ထံမှ သူမ ရရှိ ထားခဲ့သည့် အဆင့်မြင့် ချီသန့်စင် အိုး ထံမှ အဆင့် (၅) ဝိညာဉ် အရည် ကို သန့်စင် နေခဲ့သည်။

ချီသန့်စင် အိုး မှာ အဆင့်မြင့် မှော်လက်နက် တစ်ခု အဖြစ်သို့ အဆင့် တက်သွားခြင်း နှင့်အတူ ၎င်း၏ စွမ်းအား ကလည်း အဆမတန် တိုးတက် လာခဲ့သည်။

ယခုအခါ ၎င်းက အဆင့် (၆) အဆင့်မြင့် ဝိညာဉ် အရည် ကိုပင် စုစည်း ဖန်တီး နိုင်စွမ်း ရှိနေပြီ ဖြစ်၏။

အဆင့် (၅) အဆင့်မြင့် ဝိညာဉ် အရည် ကို စုစည်း ဖန်တီးသည့် အလျင် နှုန်း မှာလည်း သိသိသာသာ တိုးတက် လာခဲ့သည်။

ထို့ကြောင့် စုယွီ နှင့် အတော်လေး ရင်းနှီးသော တာအိုဆရာ ထျန်းယွိီ နှင့် ဟွမ်ကျူး တို့ နှစ်ဦးစလုံး မှာ... ထူးခြား အံ့မခန်းသော အကျိုးသက်ရောက်မှု များ ရှိသည့် အဆင့် (၅) အဆင့်မြင့် ဝိညာဉ် အရည် ကို သူတို့၏ ကျင့်ကြံခြင်း အတွက် လက်ခံ ရရှိ ထားခဲ့ကြ၏။

ဤ ဝိညာဉ် အရည်ထဲတွင် တစ်စုံတစ်ရာသော အထူး စွမ်းအား မျိုး ပါဝင် နေပုံ ရသည်။

ဟွမ်ကျူး က ထို စွမ်းအားကို ဆက်လက် သန့်စင် နေသည် နှင့် အမျှ... သူမ၏ သွေးမျိုးဆက် အမွေအနှစ် က အသွင် ကူးပြောင်း ပြီး အဆင့်တက်တော့မည့် အလား သူမ ခံစားနေရသည်။

ဤအရာ က ဟွမ်ကျူး ကို အလွန်အမင်း စိတ်လှုပ်ရှား နေစေခဲ့၏။

အကယ်၍ သူမ၏ သွေးမျိုးဆက် အမွေအနှစ် ကသာ အမှန်တကယ် အသွင် ကူးပြောင်း နိုင်ခဲ့မည် ဆိုလျှင် သူမ အနေဖြင့် ရေနဂါး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေလိမ့်မည်။

ထို့အပြင်... နောက်ပိုင်း တွင် သူမက ယခင် ရွှေရောင် ဝိညာဉ် စီနီယာ ကြီး ကဲ့သို့ပင် စွမ်းအားကြီးမားသော မိစ္ဆာ မျိုးနွယ်စု ခေါင်းဆောင် တစ်ဦး ပင် ဖြစ်လာနိုင်ပေလိမ့်မည်။

ထို့ကြောင့် စုယွီ တစ်ယောက် သူ၏ ကိုယ်ပိုင် တံခါးပိတ် ကျင့်ကြံခြင်း အတွက် အပြင်သို့ ထွက်သွား ခဲ့စဉ်က ဟွမ်ကျူး က ဤ မြေကမ္ဘာ နန်းတော် ၏ လျှို့ဝှက် နယ်မြေ ထဲတွင် ကျန်ရစ်ခဲ့သည်။ အဆင့် (၅) အဆင့်မြင့် ဝိညာဉ် အရည် ကို တိတ်တဆိတ် သန့်စင် ကာ သူမ၏ ကိုယ်ပိုင် သွေးမျိုးဆက် အမွေအနှစ် ကို မြှင့်တင်ရန် ထို အထူး စွမ်းအားကို ဖြည်းညင်းစွာ အသုံးပြု နေခဲ့သည်။

ရုတ်တရက်...အနီးအနား ရှိ ဟင်းလင်းပြင် တွန့်ခေါက်လာခဲ့၏။

ဟွမ်ကျူး မှာ လန့်နိုးသွားခဲ့သည်။

သူမ တုံ့ပြန်မှု ပင် မပြုလုပ် နိုင်မီ မှာပင်... စုယွီ၏ ပုံရိပ် က ဟင်းလင်းပြင် ၏ အနက်ရှိုင်းဆုံး နေရာ ထဲမှ ဆင်းသက် လာခဲ့သည်။

စုယွီ၏ ရင်းနှီး နေသော အရှိန်အဝါ ကို ခံစား လိုက်ရသောအခါ ဟွမ်ကျူး ၏ အစပိုင်း က ပြူးကျယ်သွားသည့် မျက်လုံးများနှင့် တင်းမာနေသော စိတ် ဝိညာဉ် မှာ နောက်ဆုံးတွင်တော့ ပြေလျော့သွားခဲ့ရတော့၏။

တစ်ကျန်း (ဆယ်ပေခန့်) ငါးဆယ် နီးပါး အရှည်ရှိ ဧရာမ ဦးချို တစ်ချောင်းပါ စပါးအုံးမြွေကြီးက သက်ပြင်း တစ်ချက် မှုတ်ထုတ် လိုက်ရာ... အင်မော်တယ် နန်းတော် တစ်ခုလုံးကို ဖြတ်သန်း တိုက်ခတ်သွားသော လေပြင်းကြီး ဖန်တီး လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

ဟွမ်ကျူး က မျက်မှောင်ကြုတ် လိုက်ပြီး ပြောလိုက်သည်။

"မင်း ငါ့ကို လန့်သွားအောင် လုပ်လိုက်တာပဲ... ဘာလို့ အဲဒီလိုမျိုး ရုတ်တရက် ကြီး ပြန်ရောက် လာရတာလဲ"

ဟွမ်ကျူး ၏ ပုံရိပ် တစ်ချက် လင်းလက်သွားပြီး အေးစက်သော ရုပ်ရည် ရှိသည့် အမျိုးသမီးအသွင် ပြန်လည် ပြောင်းလဲသွားခဲ့သည်။

စုယွီ ပြန်လည် ရောက်ရှိ လာခဲ့ သော်ငြားလည်း သူက ဟွမ်ကျူး နှင့် အလ္လာပ သလ္လာပ မပြောတော့ဘဲ... သူ၏ မျက်နှာ အမူအရာ မှာ လေးနက် တည်ကြည် နေခဲ့ကာ အပြင်သို့ လျှောက်ထွက် လာရင်း ပြောလိုက်သည်။

"အခုလေးတင် ကျွန်တော်.. ပြန်ရောက် လာတဲ့ အချိန်မှာ... ချန်ကု အင်မော်တယ် မြို့တော် က မိသားစုကြီး ငါးခု က လူတွေ ရောက်လာတာကို ကျွန်တော်.. မြင်လိုက်ရတယ်... အဲဒီအထဲမှာ ပကတိဟင်းလင်းပြင် အဆင့် က တာအိုသခင်ကြီး အနည်းငယ် လည်း ပါတယ်... အခု သူတို့က ကျွန်တော်တို့ရဲ့ အင်မော်တယ် တံခါး ဆီကို ဦးတည်သွားနေကြတယ်"

‘ဘာ...

ချန်ကု အင်မော်တယ် မြို့တော်က မိသားစုကြီး ငါးခု က လူတွေ... လား..

ပြီးတော့ တာအိုသခင်ကြီး အနည်းငယ် က ငါတို့ရဲ့ အင်မော်တယ် တံခါး ဆီကို ဦးတည်သွားနေကြတယ်... ပေါ့’

ဟွမ်ကျူး ၏ မျက်နှာ အမူအရာ ပျက်ယွင်းသွားခဲ့ပြီး... စုယွီ၏ အနောက်သို့ အလျင်အမြန် လိုက်ပါသွားသည်။

"ချန်ကု အင်မော်တယ် မြို့တော်က လူတွေက ဘာဖြစ်လို့ ဒီကို ရောက်လာ ရတာလဲ"

ဟွမ်ကျူး က အံ့အားသင့်စွာ ဖြင့် မေးလိုက်သည်။

ဟွမ်ကျူး အား လေးစားသော အားဖြင့်... စုယွီက သူ၏ ခေါင်းကို ညင်သာစွာ ယမ်းပြ လိုက်ပြီး လျှို့ဝှက် နယ်မြေ ၏ အပြင်ဘက်ရှိ အင်မော်တယ် တံခါး ဆီသို့ သူ၏ ခြေလှမ်း များကို အရှိန်မြှင့် လိုက်ကာ...

"ကျွန်တော်လည်း သေချာ မသိသေးဘူး"

ဤ အခိုက်အတန့် လေးတွင် အင်မော်တယ် တံခါး အတွင်း..

တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ မှ အင်အားစု အသီးသီး ၏ ခေါင်းဆောင် များ ရောက်ရှိ လာခဲ့ကြလေပြီ..။

အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် မှ တာအိုသခင်ကြီး ရှစ်ဝမ်၊ နဂါးနက် နန်းတော် မှ တာအိုဆရာ နဂါးနက်၊ လီဟော့ နန်းတော် မှ ထျန်းယွီ နှင့် ရွှမ်ဟွမ် အင်မော်တယ် နန်းတော် မှ တာအိုသခင် ရွှမ်ကျိန်း နှင့် အခြားသော အင်မော်တယ် တံခါး ၏ တာအိုသခင်ကြီးများ အားလုံး အပါအဝင် ပါပင်။ သူတို့ အားလုံးက မြေကမ္ဘာအင်မော်တယ်စံအိမ် အင်မော်တယ် တံခါး ၏ မဟာ ခန်းမဆောင် ကြီး အတွင်း၌ စုဝေး နေခဲ့ကြ၏။

သို့သော် ဤအခိုက်အတန့် တွင်... ထိပ်ဆုံး နေရာ၌ ထိုင်နေသော တာအိုသခင်ကြီး ဟုန်ယွဲ့ က မျက်မှောင်ကြုတ် လိုက်ပြီး တာအိုသခင်ကြီး ရှစ်ဝမ် နှင့် အခြား သူများကို ပြောလိုက်သည်။

"ခင်ဗျားတို့ အခုထိ ရှာမတွေ့ သေးဘူးလား... အင်မော်တယ် တစ်သောင်း နန်းတော်က ဘယ် စွမ်းအားစု နဲ့ ပူးပေါင်း ကြံစည် ထားတာလဲ ဆိုတာကို"

မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ သတင်း အချက်အလက် ကွန်ရက် များ အပါအဝင်... တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ မှ စွမ်းအားစု အများအပြား က အတူတကွ စုံစမ်း စစ်ဆေး နေခဲ့ကြလေသည်။

သို့တိုင်အောင် သူတို့က ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း အပေါ် အင်မော်တယ် တစ်သောင်း နန်းတော် ၏ လုပ်ရပ်များ နောက်ကွယ်တွင် မည်သည့် အထွတ်အမြတ် စွမ်းအားစု ရှိနေသည် ကို အတိအကျ မဆုံးဖြတ် နိုင်ခဲ့ကြပါချေ။

ဤသည်က တာအိုသခင်ကြီး ဟုန်ယွဲ့ နှင့် အခြား သူများ အတွက် အနည်းငယ် မမျှော်လင့် ထားသော အရာ တစ်ခု ဖြစ်နေခဲ့၏။

၎င်းက အင်မော်တယ် တစ်သောင်း နန်းတော် ကို ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း အား သိမ်းပိုက် နိုင်ရန် ကူညီ ပေးခဲ့သော လူ သို့မဟုတ် စွမ်းအားစု မှာ တကယ်ကို ရိုးရှင်းမနေကြောင်း သူတို့ကို သဘောပေါက်သွားစေခဲ့သည်။

တာအိုသခင်ကြီး ရှစ်ဝမ် နှင့် အခြား သူများ က သူတို့၏ မျက်ခုံးများ ကို တွန့်ကွေး လိုက်ကြပြီး ခေါင်းယမ်း ပြလိုက်ကြ၏။

ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း တွင် ဖြစ်ရပ်များ ဖြစ်ပွားပြီးနောက်... တစ်ဖက်လူ က သူတို့ ကိုယ်သူတို့ ထပ်မံ ပြသခြင်း မရှိတော့ချေ။

သူတို့ က ဘယ်လို လုပ်ပြီး စုံစမ်း စစ်ဆေး ရတော့မည်နည်း။

တစ်ခုတည်းသော နည်းလမ်း ကတော့...သူတို့ က ယခု ချက်ချင်း အရေးယူ ဆောင်ရွက် လိုက်ပြီး အင်မော်တယ် တစ်သောင်း နန်းတော် အပေါ် စုပေါင်း ဖိအားပေး ကာ... သူတို့ အပေါ် စစ်ပွဲ ဆင်နွှဲ တော့မည့် ပုံစံမျိုး ဖန်တီးလိုက်ခြင်းဖြင့် တစ်ဖက် လူကို ထွက်ပေါ် လာစေရန် တွန်းအားပေး နိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။

တာအိုသခင်ကြီး ကျိုလင် က အံတင်းတင်းကြိတ်လိုက်ပြီး အကြံပြု လိုက်သည်။

"မဟာမိတ် ခေါင်းဆောင်... ကျွန်မ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ကို တစ်ခေါက်လောက်

သွားလိုက်ပါ့မယ်... ကျွန်မတို့ သူတို့ကို အတင်း အကျပ် ထွက်လာအောင် မလုပ်နိုင်ဘူး ဆိုတာကို ကျွန်မ မယုံဘူး"

တာအိုသခင်ကြီး ဟုန်ယွဲ့ က ညင်သာစွာ ခေါင်းခါလိုက်ပြီး ချော့မော့လိုက်သည်။

"စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"

ထိုအခိုက်အတန့် တွင်... တာအိုသခင်ကြီး ဟုန်ယွဲ့ ၏ မျက်နှာ အမူအရာ က အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ထိုနောက်တွင် သူ၏ မျက်နှာ အရောင် ကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့၏။ အချိန်တိုလေး အတွင်းမှာပင် သူ၏ အကြည့်များ က လေးနက် တည်ကြည်သွားခဲ့သည်။

ကြောက်မက်ဖွယ် ကောင်းလှသော အင်မော်တယ် အရှိန်အဝါ တစ်ခု ပင်လျှင် သူ့ပတ်ဝန်းကျင် တွင် အလိုအလျောက် စုစည်း လာခဲ့သည်။

တာအိုသခင်ကြီး ဟုန်ယွဲ့ ၏ ရုတ်တရက် အပြောင်းအလဲ ကို သတိပြု မိလိုက်သော အခါ... တာအိုသခင်ကြီး ကျိုလင်၊ တာအိုသခင်ကြီး ရှစ်ဝမ်၊ တာအိုဆရာ နဂါးနက် နှင့် အခြား သူများ မှာ အံ့အားသင့်သွားခဲ့ကြ၏။

တာအိုသခင်ကြီး ရှစ်ဝမ် က ချက်ချင်းပင် မေးမြန်း လိုက်သည်။

"မဟာမိတ် ခေါင်းဆောင်... ဘာဖြစ်လို့လဲ"

တာအိုသခင်ကြီး ဟုန်ယွဲ့ ၏ မျက်ခုံးများ က တင်းကျပ်သွားခဲ့ပြီး... သူက ထိုင်ခုံ မှ ဖြည်းညင်းစွာ မတ်တတ် ရပ်လိုက်သည်။ အင်မော်တယ် တံခါး ၏ အပြင်ဘက်ရှိ ကောင်းကင်နှင့် မြေကြီး ဆီသို့ အကြည့်ပို့လွှတ် လိုက်ရင်း သူက တည်ငြိမ်စွာ ဖြင့် ပြောလိုက်သည်။

"ကျွန်တော် အခုလေးတင် သတင်း တစ်ခု လက်ခံ ရရှိလိုက်တယ်... ချန်ကု အင်မော်တယ် မြို့တော် ရဲ့ မိသားစုကြီး ငါးခု က တာအိုသခင်ကြီးတွေ ရောက်လာကြတယ် တဲ့"

"သူတို့ လာရောက် တဲ့ အကြောင်းရင်း ကိုတော့ ကျွန်တော်တို့ အခုထိ မသိရ သေးဘူး"

ချန်ကု အင်မော်တယ် မြို့တော်၏ မိသားစုကြီး ငါးခု... လား။

ဤစကားများ ကို ပြောဆို လိုက်သည် နှင့် တစ်ပြိုင်နက်... ရောက်ရှိ နေကြသူများ အားလုံး၏ မျက်နှာ အမူအရာ တင်းမာသွားခဲ့ကြတော့၏။

All Chapters