အခန်း ၇၁၇
Vol. 48 Ch. 717
အခန်း (၇၁၇) - လင်းချင်းရှား ဖမ်းဆီးခံရခြင်းနှင့် စုယွီ၏ အမျက်ဒေါသ (အပိုင်း ၂)
အေးစက်လှသော အသံတစ်ခုက နေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။
“လင်းလုံ ကုန်သွယ်ရေးအဖွဲ့မှာ ပြဿနာ လာရှာရဲတဲ့သူပါလား... တာအိုမိတ်ဆွေ... လင်းလုံ ကုန်သွယ်ရေးအဖွဲ့ကို အထင်သေးလွန်းနေတာပဲ”
သို့သော် စုယွီက ထိုလူကို အရေးမစိုက်ပေ။ သူသည် လင်းလုံ ကုန်သွယ်ရေးအဖွဲ့တွင် ပွဲကြည့်ရန် စုဝေးနေကြသော ကျင့်ကြံသူများကိုသာ ငေးကြည့်လိုက်၏။
“ဒီကိစ္စက ခင်ဗျားတို့နဲ့ မဆိုင်ဘူး... အခုချက်ချင်း ထွက်သွားတာ အကောင်းဆုံးပဲ... တကယ်လို့ ပါဝင်ပတ်သက်မိရင်တော့ ကျုပ်ကို အပြစ်မတင်နဲ့နော်”
စုယွီ၏ လေသံက တည်ငြိမ်လှသော်လည်း ထိုလေသံထဲတွင် ပါဝင်နေသော ရက်စက်မှုနှင့် ယုံကြည်မှုတို့ကြောင့် ကျင့်ကြံသူအချို့မှာ အနည်းငယ် တုန်လှုပ်သွားကြသည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူတို့ ရိပ်မိလိုက်ကြ၏။
“သွားကြစို့... မြန်မြန်သွားကြစို့”
“ဒီကိစ္စက ကျုပ်တို့နဲ့ မဆိုင်ပါဘူး... သခင်လေး အဆင်ပြေသလိုသာ လုပ်ပါ”
“ကျုပ်တို့ ထွက်သွားပါပြီ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ခဏအကြာတွင် ကုန်သွယ်ရေးအဖွဲ့အတွင်းရှိ ဧည့်သည်အများစုမှာ ထွက်ခွာသွားကြလေပြီ။ မိမိတို့ကိုယ်ကို အဆင့်မြင့်သည်ဟု ထင်မှတ်နေသူ သို့မဟုတ် စွမ်းအားကြီးသည်ဟု ယုံကြည်နေသူ အချို့သာ ကျန်ရှိနေတော့၏။ သူတို့က စုယွီကို လှောင်ပြုံးများဖြင့် ငေးကြည့်နေကြကာ သူ၏ အဖြစ်ဆိုးကို မြင်တွေ့လိုသော ဆန္ဒဖြင့် ကျန်ရှိနေခဲ့ကြသည်။
“ရွှီး... ရွှီး... ရွှီး”
လင်းလုံ ကုန်သွယ်ရေးအဖွဲ့ အတွင်းမှ မူလဝိညာဉ် အရှင်သခင်ကြီး (၁၀) ပါးတို့ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာပြီး စုယွီနှင့် အနက်ရောင် ဒေါသ စစ်သည်တော်ကို ဝိုင်းရံထားလိုက်ကြသည်။
အင်အားအကြီးဆုံးမှာ မူလဝိညာဉ်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသော ဆံပင်ဖြူအဘိုးကြီး ဖြစ်သည်။
သူသည် စုယွီ၏ မျက်နှာကို မြင်လိုက်ရသောအခါ အတိတ်က နီရဲသောအရိပ် တာအိုသခင်ဟု ခေါ်တွင်ခဲ့ဖူးသော အမှတ်အသားနှင့် သူကိုယ်တိုင် သုံးနှုန်းခဲ့သော 'ဂိုဏ်းချုပ်' ဟူသည့် စကားလုံးကို ပြန်လည် အမှတ်ရသွားပြီး သူ၏ မျက်လုံးထဲတွင် အရောင်တစ်ချက် လက်သွား၏။ သူက အသံကို တင်းမာစွာဖြင့် မေးလိုက်သည်။
“မင်းက ယွင်ရှောင် ဆေးလုံးစံအိမ်ရဲ့ ဂိုဏ်းချုပ်ပဲ မဟုတ်လား”
သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ ပေါ်ပေါက်လာကာ လူသတ်လိုသော အရိပ်အယောင်များဖြင့် စုယွီအပေါ်သို့ ဖိအားပေးလိုက်၏။
အဘိုးကြီးက အော်ဟစ်လိုက်ပြန်သည်။
“မင်းလို ယွင်ရှောင် ဆေးလုံးစံအိမ်ရဲ့ ပိုင်ရှင် ပေါက်စလေးက လင်းလုံ ကုန်သွယ်ရေးအဖွဲ့ကို စိန်ခေါ်ရဲတယ်ပေါ့လေ... ကိုယ့်ကိုယ်ကို ဘယ်သူများ မှတ်နေလို့လဲ... ဒါမှမဟုတ် လင်းလုံ ကုန်သွယ်ရေးအဖွဲ့က မင်းကို ဘာမှ မလုပ်ရဲဘူးလို့ ထင်နေတာလား”
“ရွှစ်... ရွှစ်... ရွှစ်”
လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ အပြင်ဘက်မှ မူလဝိညာဉ် အရှင်သခင်ကြီး (၃) ပါး၏ အရှိန်အဝါများ ရောက်ရှိလာ၏။
သူတို့အထဲတွင် အလွန်အားကောင်းလှသော မူလဝိညာဉ်နယ်ပယ် အထွတ်အထိပ် အရှင်သခင်ကြီး တစ်ပါး ပါဝင်လာသည်။ သူ၏ အရှိန်အဝါမှာ တာအိုမိတ်ဆွေ ထျန်းယွီ မူလဝိညာဉ်နယ်ပယ်တွင် ရှိနေစဉ်က အရှိန်အဝါထက်ပင် မနိမ့်ကျချေ။
သူသည် အသက်အရွယ် နုပျိုသော အလယ်အလတ်အရွယ် အမျိုးသား ဖြစ်၏။ သူသည် အခြား မူလဝိညာဉ် အရှင်သခင်ကြီး (၂) ပါးနှင့်အတူ ရောက်ရှိလာပြီး ရှုပ်ထွေးနေသော မြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်မှောင် ကုတ်သွားသည်။
သူသည် စုယွီနှင့် အနက်ရောင် ဒေါသ စစ်သည်တော်တို့ အခင်းအကျင်းအတွင်း ပိတ်မိနေသည်ကို မြင်သောအခါ လင်းလုံ ကုန်သွယ်ရေးအဖွဲ့မှ အဘိုးကြီးအား မေးလိုက်သည်။
“လင်းလုံ ကုန်သွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ကြီး... အကူအညီ လိုအပ်ပါသေးသလား”
ကုန်သွယ်ရေးအဖွဲ့မှ အဘိုးကြီးက ရယ်မောရင်း ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။
“မလိုအပ်ပါဘူး... ကျေးဇူးတင်ပါတယ်”
ဤသူသုံးဦးမှာ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၏ စည်းကမ်းကို ထိန်းသိမ်းရသော အစောင့်အရှောက်များ ဖြစ်ကြ၏။
သူတို့၏ အပြုအမူကို ကြည့်ရင်း စုယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ သူက အဘိုးကြီးကို ကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်၏။
“လင်းချင်းရှားကို လွှတ်ပေးလိုက်... ဒါက ခင်ဗျားတို့ရဲ့ နောက်ဆုံး အခွင့်အရေးပဲ”
လင်းလုံ ကုန်သွယ်ရေးအဖွဲ့မှ အဘိုးကြီးက မျက်မှောင် အနည်းငယ် ကုတ်သွားသည်။
စုယွီ၏ လေသံကြောင့် သူ အံ့အားသင့်သွားခြင်း ဖြစ်သည်။
ဤမျှများပြားသော မူလဝိညာဉ် အရှင်သခင်ကြီးများ၊ အထူးသဖြင့် အထွတ်အထိပ် အဆင့်ရှိသူ (၂) ပါးနှင့် ရင်ဆိုင်နေရပါလျက် သူက ဤမျှ တည်ငြိမ်နေနိုင်သည်လော။ သူက ခြိမ်းခြောက်နေခြင်းပေလော။
လင်ကျန်နန်က သူ့ကို လေးလေးနက်နက် ကြည့်ကာ မေးလိုက်သည်။
“မင်းက ဘယ်သူလဲ”
စုယွီက လှောင်ပြုံး ပြုံးလိုက်၏။
“မင်းတို့က ငါ့ကို လိုချင်လို့ ရှာနေတာ မဟုတ်ဘူးလား... အခုထိ ဘယ်သူမှန်း မသိသေးဘူးလား”
လင်းလုံ ကုန်သွယ်ရေးအဖွဲ့မှ အဘိုးကြီးက ခဏမျှ စဉ်းစားလိုက်ပြီးမှ စိတ်ထဲတွင် ရေရွတ်လိုက်သည်။
“မင်းက ဘယ်သူဖြစ်ဖြစ်... ကောင်းကောင်း နားထောင်ထား...
အင်မော်တယ် တစ်သောင်း
နန်းတော်ရဲ့ အမိန့်အရ ဒီနေ့ကစပြီး မင်းရဲ့ ယွင်ရှောင် ဆေးလုံးစံအိမ်က ငါတို့ လင်းလုံ ကုန်သွယ်ရေးအဖွဲ့ရဲ့ အမိန့်ကို နာခံရမယ်... ပြီးတော့ မင်းက ဒီနေ့ကစပြီး အင်မော်တယ် နန်းတော်အတွက်ပဲ ဆေးလုံးဖော်ရမယ်”
“မင်းက တတိယအဆင့် ဆေးလုံးပဲ ဖော်ဖော်၊ စတုတ္ထအဆင့် ဆေးလုံးပဲ ဖော်ဖော်... အင်မော်တယ် နန်းတော်က လိုချင်တဲ့အချိန်တိုင်း မင်းက လုပ်ပေးရမယ်”
“ဆေးလုံး မဖော်ရင်... သေမယ်”
“အင်မော်တယ် တစ်သောင်း
နန်းတော်ကို ဆန့်ကျင်ရင်... သေမယ်”
“အင်မော်တယ် တစ်သောင်း
နန်းတော်ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့ ကြိုးစားရင်... သေမယ်”
လင်းလုံ ကုန်သွယ်ရေးအဖွဲ့မှ အဘိုးကြီးက သေခြင်းတရားကို အကြိမ်ကြိမ် အော်ဟစ်လိုက်သည်။
သူ၏ လူသတ်လိုစိတ်က ထိုအချိန်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ စိတ်အခြေအနေသည် ရူးသွပ်နေသော လှိုင်းတံပိုးကြီးပမာ စုယွီထံသို့ တဟုန်ထိုး တိုးဝင်လာခဲ့ပြီး သူ၏ စိတ်ဆန္ဒကို ဖျက်ဆီးကာ အညံ့ခံစေရန် ပြုလုပ်လိုက်သည်။
အင်မော်တယ် နန်းတော်သည် မြေကမ္ဘာအင်မော်တယ်နန်းတော်မှ ထွက်ပေါ်လာသော အဖြစ်အပျက်များကြောင့် အင်အား ပြန်လည် ရရှိရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုတော့မည် ဖြစ်၏။
သို့ဖြစ်လေရာ ယွင်ရှောင် ဆေးလုံးစံအိမ်သည် သူတို့၏ မျက်စိထဲသို့ ရောက်ရှိလာသည်။
အင်မော်တယ် တစ်သောင်း နန်းတော်က သူတို့၏ ဆေးလုံးများကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းပင်။
ထို့အပြင် သူတို့ အလိုရှိနေသည်မှာ တတိယအဆင့် ဆေးလုံးများသာ မဟုတ်ပေ။ စတုတ္ထအဆင့် ဆေးလုံးများစွာကိုလည်း လိုချင်နေလေသည်။
ထို့ကြောင့် ယွင်ရှောင် ဆေးလုံးစံအိမ်ကို ထိန်းချုပ်လိုက်သည်နှင့် တစ်ပြိုင်နက် အင်မော်တယ် တစ်သောင်း နန်းတော်က သူတို့ကို အလွန်အမင်း ခိုင်းစားတော့မည်မှာ သေချာလှ၏။
မလုပ်နိုင်ဘူးလား။
မစိုးရိမ်ပါနှင့်။ သေသည်အထိ ခိုင်းစားလိမ့်မည်။
ယွင်ရှောင် ဆေးလုံးစံအိမ်၏ နောက်ကွယ်တွင် ဘယ်လောက်ကြီးမားသော အင်အားစု ရှိနေသနည်း။
တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာထဲတွင် သူတို့၏ အင်မော်တယ် နန်းတော်ကို ယှဉ်နိုင်မည့် အင်အားစု ရှိပါသေးသလား။
သူတို့ စိုးရိမ်စရာ လိုသေးသလား။ မလိုပါ... ။ သူတို့ မြင်နေသည်မှာ ယွင်ရှောင် ဆေးလုံးစံအိမ်က အရည်အသွေးမြင့် ဆေးလုံးများစွာ ဖော်နိုင်သည်ဆိုသည့် အချက်တစ်ခုသာ ဖြစ်သည်။
ဒါက လုံလောက်သွားလေပြီ။
စုယွီ၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းများ စုဝေးလာခဲ့ပြီး ရွှေပုစဉ်းရင်ကွဲ မျက်လုံး နည်းစနစ်ကို လည်ပတ်စေလိုက်သည်။ သူသည် လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ပြီး အခင်းအကျင်း အစီအစဉ်များကို ထိုးဖောက် ကြည့်ရှုလိုက်၏။
မြေပြင်အောက်ကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။
ချက်ချင်းပင် လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ မြေအောက် (၁၀၀၀၀) ပေ အောက်တွင် လျှို့ဝှက်ထားသော အခင်းအကျင်း ထောင်ချောက်တစ်ခုကို စုယွီ တွေ့လိုက်ရ၏။
ထိုနေရာတွင် လင်းချင်းရှားကို ပိတ်လှောင်ထားလေသည်။ သူမအပြင် အခြား ဖမ်းဆီးခံထားရသော ကျင့်ကြံသူများလည်း ထိုထောင်ချောက်ထဲတွင် ထိုင်နေကြ၏။
သို့သော် လင်းချင်းရှား၏ အခြေအနေမှာ ကောင်းမွန်နေပုံ ရ၏။ သူမတွင် မြင်သာသော ဒဏ်ရာ ဒဏ်ချက်များ မရှိသလို သူမ၏ အမူအရာမှာလည်း ပုံမှန်ပင် ဖြစ်နေ၏။ သူမသည် စိုးရိမ်ပူပန်မှု သို့မဟုတ် ထိတ်လန့်မှု တစ်စုံတစ်ရာ မရှိဘဲ စုယွီ လာရောက် ကယ်တင်မည့်အချိန်ကို စောင့်မျှော်နေသကဲ့သို့ပင် တည်ငြိမ်စွာ ထိုင်နေသည်။
လင်းချင်းရှား၏ အခြေအနေကို မြင်လိုက်ရသဖြင့် စုယွီမှာ သက်ပြင်းချနိုင်တော့သည်။ သူမ ဘေးကင်းလျှင် အားလုံး အဆင်ပြေသွားပြီ ဖြစ်၏။
ထို့နောက် စုယွီသည် သူ့ကို ပိတ်လှောင်ထားသော စတုတ္ထအဆင့် အခင်းအကျင်း နှစ်ခုပေါ်သို့ အာရုံစိုက်လိုက်၏။
တစ်ခဏအတွင်းမှာပင် သူသည် အခင်းအကျင်း၏ 'အားနည်းချက်' များစွာကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
သူသည် ထို 'အားနည်းချက်' များကို အနက်ရောင် ဒေါသ စစ်သည်တော်ထံ ပေးပို့လိုက်၏။
နောက်တစ်ခဏတွင်။
“ဟိတ်ယား...”
အနက်ရောင် ဒေါသ စစ်သည်တော်၏ လက်ထဲတွင် ကြီးမားသော အနက်ရောင် ဓားကြီး တစ်လက် ပေါ်လာသည်။ သူက ဓားကို ဝှေ့ယမ်းလိုက်သောအခါ မိုးကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ဓားအလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာ၏။
လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ ဂိုဏ်းချုပ်နှင့် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၏ အရှင်သခင်ကြီးတို့၏ မျက်နှာများမှာ ဖြူလျော်သွားခဲ့ပြီး အနက်ရောင် ဒေါသ စစ်သည်တော်သည် စတုတ္ထအဆင့် အခင်းအကျင်း နှစ်ခုစလုံးကို ဓားချက် တစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်သည်။
“ဝုန်း...”
အခင်းအကျင်း ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် အနက်ရောင် ဒေါသ စစ်သည်တော်သည် လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ ဂိုဏ်းချုပ်အား တိုက်ရိုက် တိုက်ခိုက်လိုက်၏။
သူ၏ ဓားချက်က ကမ္ဘာမြေကိုပင် ခွဲထုတ်လိုက်သလိုပင်။
စိတ်ကူးယဉ်၍ မရနိုင်သော ဓားအရှိန်အဝါက လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ ဂိုဏ်းချုပ်၏ ရင်ဘတ်ပေါ်သို့ ဖိအားများ သက်ရောက်စေခဲ့ပြီး အန္တရာယ်ကြီးမားသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ ဂိုဏ်းချုပ်၏ ကိုယ်ခန္ဓာရှိ အမွှေးအမျှင်များပင် ကြောက်ရွံ့မှုကြောင့် ထောင်မတ်သွားခဲ့ပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ ဂိုဏ်းချုပ်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။
“မူလဝိညာဉ် အထွတ်အထိပ် အဆင့်ပဲ”
သူသည် စစ်သည်တော်၏ ဓားချက်ကို ရှောင်တိမ်းရန် လျင်မြန်စွာ ရွေ့လျားလိုက်ပြီး ပြန်လည် တိုက်ခိုက်ရန် အားနည်းချက် တစ်ခုကို ရှာဖွေလိုက်၏။
“ဝေါ….”
ရုတ်တရက် ..ဒဏ္ဍာရီလာ တာအို စွမ်းအားတစ်ခု ကျဆင်းလာသည်။
လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ ဂိုဏ်းချုပ်၏ ပတ်ဝန်းကျင်တွင် အချိန်စီးဆင်းမှုမှာ အဆပေါင်းများစွာ၊ အဆပေါင်း (၁၀) ဆခန့်အထိ နှေးကွေးသွားသည်။ ဤရုတ်တရက် ဖြစ်ပျက်မှုကြောင့် သူ၏ မျက်နှာမှာ လွန်စွာ ပြောင်းလဲသွားခဲ့ရသည်။
နောက်တစ်ခဏတွင် စစ်သည်တော်၏ ဓားချက်က သူ့ကို ထိမှန်သွားတော့သည်။
“ဝုန်း...”
“ဖြောင်း...”
လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ ဂိုဏ်းချုပ်မှာ ကြယ်ကြွေ သကဲ့သို့ လွင့်စင် ထွက်သွားခဲ့ပြီး လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ အင်မော်တယ် နန်းတော်ကို ဖောက်ထွက်သွားကာ နောက်ကွယ်ရှိ မှောင်ခိုဈေးကွက်ထဲသို့ ထိုးစိုက်ဝင်သွားခဲ့သဖြင့် မြို့တော်တစ်ခုလုံး တုန်ခါသွားခဲ့၏။
အဆုံးမဲ့ ဓားအရှင်သခင်ကြီး၏ မျက်နှာမှာ ပြောင်းလဲသွားပြီး သူ၏ အရှိန်အဝါများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ရာ အင်မော်တယ် တန်ခိုးစွမ်းအားတို့က ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေ၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ရပ်လိုက်စမ်း...”
“အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ရဲ့ မှောင်ခိုဈေးကွက်မှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်၊ မင်း...”
စုယွီသည် လှည့်ကြည့်လိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်သည်။
“ပိတ်လိုက်စမ်း..ခင်ဗျား ထပ်ပြောရင် ကျုပ်တို့အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ကတောင် ခင်ဗျားကို မကာကွယ်နိုင်ဘူးလို့ ယုံသလား”
“ကျုပ်လူတွေကို လင်းလုံ ကုန်သွယ်ရေးအဖွဲ့က မှောင်ခိုဈေးကွက်မှာ ဖမ်းခေါ်သွားတာတောင် ခင်ဗျားတို့ သတ္တိမရှိတဲ့ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်က စကားတစ်ခွန်းတောင် ပြောဖို့ မဝံ့မရဲ ဖြစ်နေခဲ့တာ မဟုတ်လား။ အခု ကျုပ်က လူတွေကို လာကယ်တာ၊ ခင်ဗျားတို့က တားရဲသေးသလား”
“ခင်ဗျားတို့လို မူလဝိညာဉ် အထွတ်အထိပ် အဆင့် အရှင်သခင်ကြီး တစ်ပါးကရော ဘာများ ထူးခြားနေလို့လဲ”
စုယွီက ဒေါသတကြီး စိုက်ကြည့်လိုက်၏။
သူ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်နေသော ပြင်းထန် အေးစက်လှသော လူသတ်လိုစိတ်တို့ကြောင့် အဆုံးမဲ့ ဓားအရှင်သခင်ကြီးပင် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။
သူ၏ မျက်လုံးများမှာ ကျုံ့ဝင်သွားပြီး အရိုးထဲအထိ စိမ့်ဝင်သွားသော အအေးဓာတ်ကြောင့် ချက်ချင်းပင် တုန်ယင်သွားခဲ့ရသည်။ သူ၏ မျက်နှာမှာလည်း ဖြူရော်သွားခဲ့ပြီး သေခြင်းတရား၏ အငွေ့အသက်က သူ့ကို တုန်လှုပ်သွားစေသည်။
သူ ပြောရန် ရှိသေးသော စကားများမှာ သူ၏ ဗိုက်ထဲတွင်သာ ပြန်လည် မြိုသိပ်လိုက်ရတော့၏။
အဆုံးမဲ့ ဓားအရှင်သခင်ကြီးသည် ဒေါသထွက်နေသော စုယွီကို ငေးကြည့်ရင်း ကြောက်ရွံ့နေမိ၏။
ဤလူ... ဤလူမှာ အတိအကျပင် မည်သူနည်း။
အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှာ အားနည်းသူကိုသာ ဖိနှိပ်ပြီး အားကြီးသူကိုသာ ကြောက်ရွံ့တတ်သည့် နေရာမျိုး မဟုတ်ပါလော။