← Chapters

အခန်း ၉၃၁

Vol. 63 Ch. 931

အခန်း ၉၃၁

Vol. 63 Ch. 931

အခန်း (၉၃၁) သွေးကြွေးကို သွေးဖြင့်ဆပ်မည်... လှုပ်ရှားခြင်း (အပိုင်း- ၂)

'အင်မော်တယ်ဂိုဏ်းကို ဘာလို့ နှစ်တစ်ရာကျော်လောက်တောင် လစ်လျူရှုထားရတာလဲ...'

သို့သော် နောက်တစ်ခဏ၌ပင် ဟင်းလင်းပြင် တာအိုစွမ်းအားများ ရုတ်တရက် ရိုက်ခတ်လာပြီး သူမ၏ ခန္ဓာကိုယ်ကို နေရာမှာတင် ရပ်တန့်သွားစေတော့သည်။

စုယွီက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"အင်မော်တယ်ဂိုဏ်းက ဒီလောက်ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတာ... ငါ့မှာလည်း တာဝန်ရှိတယ်..."

စုယွီက ဆက်လက်၍ လေးနက်စွာ အာမခံလိုက်သည်။

"စံအိမ်သခင်... ငါတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်းဆီကနေ ယူငင်ခဲ့တဲ့ သွေးကြွေးတွေအတွက် မိုးကြိုးနဂါးအင်မော်တယ် မင်းဆက်... တာ့ယန်အင်မော်တယ် မင်းဆက်နဲ့ စိမ်းပြာငရဲအင်မော်တယ်နန်းတော်တို့ကို အဆတစ်ရာ... အဆတစ်ထောင် ပြန်လည်ပေးဆပ်စေရမယ်..."

ဖန်ရှောင်၏ မျက်နှာအမူအရာ တင်းမာသွားပြီးနောက် သူမ၏ ပတ်လည်တွင် ဝိညာဉ်ခွဲထွက်အဆင့် မဟာတာအိုအမှတ်အသားများ စုစည်းလာတော့၏။

သို့တိုင်အောင် သူမကို ချုပ်နှောင်ထားသော ဟင်းလင်းပြင် တာအိုစွမ်းအားများကိုမူ သူမ အနည်းငယ်မျှပင် မဖယ်ရှားနိုင်သေးချေ။

ထိုအခြေအနေကြောင့် ဖန်ရှောင် အကြီးအကျယ် တုန်လှုပ်သွားရသည်။

'ဝိညာဉ်ခွဲထွက်အဆင့်ကို ချိုးဖြတ်ဝင်ရောက်ပြီးတာတောင် ဦးလေးငယ်ရဲ့ ဟင်းလင်းပြင်စွမ်းအားကို မဖယ်ရှားနိုင်ဘူးလား... ဦးလေးငယ်က ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ...'

ဖန်ရှောင်က မျက်မှောင်ကြုတ်လျက် စုယွီအား တင်းမာသော အမူအရာဖြင့် ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"သူတို့ကို ဘယ်လိုများ ပြန်ပေးဆပ်ခိုင်းမှာလဲ... အခုဆို သူတို့နဲ့ နှစ်တစ်ရာကျော် စစ်ပွဲတွေ ဆင်နွှဲခဲ့ရလို့ အင်မော်တယ်ဂိုဏ်းရဲ့ ရတနာတိုက်ထဲက အရင်းအမြစ်တွေ နီးပါးလောက် ကုန်ခန်းနေပြီ... ဂိုဏ်းတွင်း အင်အားစုတွေရဲ့ ထက်ဝက်ကျော်လည်း ဆုံးရှုံးခဲ့ရပြီးပြီ..."

"မြေကမ္ဘာအင်မော်တယ် စစ်သည်တွေရဲ့ အရေအတွက်ကလည်း မဖြစ်စလောက်လေးပဲ ကျန်တော့တယ်... အမြစ်ပြတ်လုနီးပါး အခြေအနေရောက်နေပြီ... ဘယ်လိုလုပ်ပြီး ဆက်တိုက်နိုင်တော့မှာလဲ..."

စုယွီက အချိန်အတန်ကြာ စဉ်းစားခန်းဝင်သွားပြီးနောက် များများစားစား ထပ်မပြောတော့ဘဲ အာမခံလိုက်သည်။

"ငါ နည်းလမ်းရှာလိုက်မယ်..."

တာအို ရုပ်သေး၏ လက်ထဲတွင်လည်း အရင်းအမြစ်များ ပေါကြွယ်ဝနေခြင်း မရှိပေ။

ယခင်က သူ စုဆောင်းထားခဲ့သော အရင်းအမြစ် အများစုမှာ သူ၏ မူလခန္ဓာရှိ ယွင်ချန်လက်စွပ်ထဲတွင်သာ တည်ရှိနေ၏။

ယခုအခါ တာအို ရုပ်သေးတွင် ပဉ္စမအဆင့် အဆင့်နိမ့် အဆောင် တစ်ထောင်ကျော်နှင့် စတုတ္ထအဆင့် အဆောင် သုံးထောင်ကျော်သာ ရှိတော့သည်။ ကုန်ကြမ်းပစ္စည်းများ လုံးဝ မရှိတော့ချေ။

ထို့ကြောင့် မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်းကို ယခု အကျပ်အတည်းမှ ကယ်တင်နိုင်ရန်အတွက် အခြားအင်အားစုများထံမှ အရင်းအမြစ်များကို သူ ရှာဖွေရမည်သာ။

ယခု သူ မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ရာ သူပိုင်ဆိုင်ထားသော လျှို့ဝှက်ဖဲချပ်များနှင့် နည်းလမ်းများကို ထည့်သွင်းစဉ်းစားလိုက်လျှင် မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်း ပြိုကျပျက်စီးသွားလိမ့်မည်ဟု မိုးကြိုးနဂါးအင်မော်တယ် မင်းဆက်နှင့် တာ့ယန်အင်မော်တယ် မင်းဆက်တို့ တွေးထင်ထားခြင်းမှာ အလွန်တရာ ရယ်စရာကောင်းသော အိပ်မက်တစ်ခုသာ ဖြစ်၏။

နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ မိုးကြိုးနဂါးအင်မော်တယ် မင်းဆက်နှင့် တာ့ယန်အင်မော်တယ် မင်းဆက်တို့၏ သွေးကြွေးများကို သွေးဖြင့် ပြန်လည်ပေးဆပ်စေရန်သာ။

သူ ပြန်လည်ရောက်ရှိလာသည့် သတင်းကို စုယွီ မဖြန့်ဝေခဲ့သလို အခြားသူများနှင့်လည်း မတွေ့ဆုံခဲ့ပေ။

ထိုအစား အင်မော်တယ်ဂိုဏ်း၌ ကျန်ရှိနေသေးသော ဆေးလုံး သန့်စင်ခြင်း... လက်နက်သွန်းလုပ်ခြင်းနှင့် အဆောင်ရေးဆွဲခြင်းစသည့် ကုန်ကြမ်းပစ္စည်းများ အားလုံးကို သူ စုဆောင်းလိုက်သည်။ ထို့နောက် ၎င်းတို့ကို အသုံးပြုနိုင်သော အရင်းအမြစ်များအဖြစ် ပြောင်းလဲရန် မြေအောက်နန်းတော်၏ လျှို့ဝှက်နယ်မြေထဲသို့ ယူဆောင်သွားတော့၏။

မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်း၏ အကြီးအကဲ စုယွီအနေဖြင့် မိုးကြိုးနဂါးအင်မော်တယ် မင်းဆက်နှင့် တာ့ယန်အင်မော်တယ် မင်းဆက်တို့ကို ဗြောင်ကျကျ ရင်ဆိုင်ဖို့ သူ အစီအစဉ် မရှိသေးချေ။

ထို့ကြောင့် တာအို ရုပ်သေးက နောက်ကွယ်တွင် ပုန်းကွယ်နေပြီး အင်မော်တယ်ဂိုဏ်းအတွက် ကြီးမားသော အထောက်အပံ့များ ပေးစွမ်းနေလျှင်ပင် လုံလောက်နေပါပြီ။

သူ၏ မူလခန္ဓာက အရင်းအမြစ် အမြောက်အမြားကို ပြန်လည် ယူဆောင်လာနိုင်သရွေ့ သူ ကျွမ်းကျင်ပိုင်နိုင်သော အချိန်တာအို၏ စွမ်းအားဖြင့် တစ်နှစ်တာ ကာလအတွင်း အဆောင်များစွာကို ဖန်တီးနိုင်မည်မှာ အသေအချာပင်။

ထိုအချိန်သို့ ရောက်လာလျှင် မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ အရေအတွက်နှင့် အင်အားက တာ့ယန်အင်မော်တယ် မင်းဆက်နှင့် မိုးကြိုးနဂါးအင်မော်တယ် မင်းဆက်တို့ကို မယှဉ်နိုင်လျှင်တောင် အဆောင်များ အသုံးပြု၍ ရန်သူများကို သတ်ဖြတ်နိုင်မည်သာ။

ရာခိုင်နှုန်းပြည့်နီးပါး အောင်မြင်မှုနှုန်းနှင့် အချိန်တာအို၏ စွမ်းအားတို့ကြောင့် သူတစ်ယောက်တည်းကပင် ပဉ္စမအဆင့် အဆောင်ပညာရှင် (၁၀) ယောက်... (၂၀) ယောက်စာနှင့် ညီမျှနေ၏။ ထို့ကြောင့် အရင်းအမြစ်များ ကုန်ခန်းသွားမည်ကို စုယွီ အနည်းငယ်မျှပင် မကြောက်ရွံ့ချေ။

မိုးကြိုးနဂါးအင်မော်တယ် မင်းဆက်နှင့် တာ့ယန်အင်မော်တယ် မင်းဆက်တို့ဘက်မှ ပြဿနာများကို ဖြေရှင်းပြီးသည်နှင့် ပင်လယ်နယ်မြေသို့ နောက်တစ်ခေါက် ထပ်သွားရပေမည်။

လော့ချန်ယွီ... မာထျန်းလင်နှင့် တာအိုဆရာ ရှူဟိုင်တို့က ခွန်းလင် အသိုက်အနီးတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ရာ ထိုအသိုက်ထဲသို့ သူ မဝင်လျှင်တောင် သူတို့.. ထွက်လာနိုင်မလားဆိုသည်ကို သွားရောက် စောင့်ကြည့်ရမည်။

အကယ်၍ သူတို့ တကယ်သာ ထွက်လာခဲ့ပါက သူ ပိုင်ဆိုင်ထားသော ဟင်းလင်းပြင်တာအိုနှင့် အချိန်တာအို စွမ်းအားများအပြင် ဟင်းလင်းပြင် ကြေးအိုးငယ်လည်း ရှိနေသေးရာ ထိုသူသုံးယောက်နှင့် သွားရောက် ပူးပေါင်းနိုင်မည်သာ။

...

အခြားတစ်နေရာတွင်

အရိုင်းနယ်မြေ။

အဆုံးအစမဲ့ ကျယ်ပြန့်လှသော အရိုင်းနယ်မြေကို စုယွီ ဖြတ်သန်းသွားလာနေ၏။ သာမန် မူလဝိညာဉ်အဆင့် အရှင်သခင် တစ်ယောက်ဆိုလျှင် လှေပျံအား အသုံးပြုတာတောင် သုံးလေးနှစ်ခန့် အချိန်ယူရမည်ဖြစ်သော်လည်း သူကတော့ အရိုင်းနယ်မြေထဲရှိ တာ့ယန်အင်မော်တယ် မင်းဆက်၏ ပိုင်နက်သို့ တစ်လမပြည့်မီ အချိန်အတွင်း ရောက်ရှိသွားခဲ့တော့သည်။

တာ့ယန်အင်မော်တယ် မင်းဆက်၏ အင်အားမှာ အလွန်တရာ ကြီးမားလှပြီး တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံး ပေါင်းစည်းထားသလိုပင် ရှိ၏။

တာ့ယန်အင်မော်တယ် မင်းဆက်အတွင်းရှိ ဟင်းလင်းပြင်အဆင့် တာအိုသခင် အရေအတွက်က တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံးရှိ အရေအတွက်ကို မမီနိုင်သော်လည်း ၎င်းက စည်းလုံးညီညွတ်သော အင်ပါယာတစ်ခု အဖြစ် တည်ရှိနေ၏။

သူတို့ စုစည်းထားသော အင်အားက စည်းလုံးမှုမရှိသည့် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင်။

အရိုင်းနယ်မြေထဲတွင်လည်း တာ့ယန်အင်မော်တယ် မင်းဆက် သိမ်းပိုက်ထားသော ပိုင်နက်နယ်မြေနှင့် အရင်းအမြစ် နေရာအရေအတွက်များက ယခင် မြေကမ္ဘာ

အင်မော်တယ်စံအိမ်ဂိုဏ်း ပိုင်ဆိုင်ခဲ့သည်ထက် များစွာ သာလွန်နေသည်။

အင်မော်တယ်မြို့တော် အရေအတွက်ကိုပင် ကြည့်လျှင် တာ့ယန်အင်မော်တယ် မင်းဆက်၌ အရိုင်းနယ်မြေထဲတွင် မြို့တော် (၁၆) မြို့အထိ ရှိနေ၏။

အရိုင်းနယ်မြေရှိ အင်မော်တယ်မြို့တော် တစ်ခုစီတိုင်းတွင် စစ်သည်အင်အား ငါးထောင်ခန့် တပ်စွဲထားပြီး အရိုင်းနယ်မြေကို စူးစမ်းရှာဖွေခြင်းနှင့် ကျင့်ကြံခြင်း အရင်းအမြစ်များကို လုယက်သိမ်းပိုက်ခြင်းများ ပြုလုပ်နေကြသည်။

"ရွှီး..."

တာ့ယန်အင်မော်တယ် မင်းဆက်၏ အရိုင်းနယ်မြေ အင်မော်တယ်မြို့တော်များထဲမှ တစ်ခုနှင့် မိုင် (၅၀) အကွာတွင် စုယွီ၏ မူလခန္ဓာက တိတ်ဆိတ်စွာ ထွက်ပေါ်လာ၏။ ထို့နောက် သူ၏ နတ်ဘုရားစွမ်းရည်များ ဖော်ထုတ်လိုက်ရာ မျက်လုံးများအတွင်း ရွှေရောင်အလင်းများ တောက်ပသွားပြီး ရှေ့ရှိ အင်မော်တယ်မြို့တော်ဆီသို့ စူးစူးရဲရဲ အကဲခတ်လိုက်သည်။

လျင်မြန်စွာ အကဲခတ်ပြီးနောက် မြို့တော်အတွင်း၌ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များ မရှိကြောင်း တွေ့ရှိလိုက်ရသည်။

အစွမ်းအထက်ဆုံးသူမှာ မူလဝိညာဉ် နှောင်းပိုင်းအဆင့် အရှင်သခင် တစ်ပါးသာ။

မူလဝိညာဉ်အဆင့် အရှင်သခင် အချို့နှင့်အတူ ကျင့်ကြံသူ တပ်သား နှစ်ထောင်ကျော်တို့က ထိုနေရာတစ်ဝိုက်ကို ကင်းလှည့်စောင့်ကြပ်နေကြ၏။

ဤအင်မော်တယ်မြို့တော်ကို အကဲခတ်နေသည့် စုယွီ၏ ပစ်မှတ်မှာ ထိုမူလဝိညာဉ်အဆင့် အရှင်သခင်များ ၊ ကျင့်ကြံသူ တပ်သားများ မဟုတ်ဘဲ မြို့တော်အတွင်းရှိ ရတနာတိုက်သာပင်။

ရွှေရောင်ပုစဉ်းရင်ကွဲ နတ်ဘုရား မျက်လုံး စွမ်းအားဖြင့် မြို့တော်အတွင်းရှိ ရတနာတိုက်တည်နေရာကို သူ အလွယ်တကူ ရှာဖွေနိုင်ခဲ့သည်။

ကြီးမားခိုင်ခံ့သော အခင်းအကျင်းများဖြင့် ကာကွယ်ထားသည့် ထိုရတနာတိုက်ထဲတွင် ဝိညာဉ်ကျောက်တုံးများ... သတ္တုရိုင်းမျိုးစုံနှင့် ဝိညာဉ်ဆေးပင်များ တောင်လိုပုံနေသည်။ မိစ္ဆာသားရဲ အရေခွံများနှင့် အခြားကုန်ကြမ်းများလည်း ဒုနှင့်ဒေး ရှိနေ၏။

ထိုကုန်ကြမ်းပစ္စည်း အချို့မှာ အဆင့်မြင့်များ မဟုတ်ဘဲ ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်များ ဖြစ်သည်။

သို့သော် ထိုအလွန်များပြားလှသော အရေအတွက်ကို မည်သူမျှ သွားရည် မကျဘဲ မနေနိုင်ပေ။ ၎င်းတို့ကို တာ့ယန်အင်မော်တယ် မင်းဆက်သို့သာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပါက အဆင့်နိမ့် ကျင့်ကြံသူ အများအပြား အပြင်းအထန် တောင့်တနေရမည့် အရင်းအမြစ်များ ဖြစ်လာမည်မှာ အသေအချာ ဖြစ်၏။

ယခု မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်း အတွက်လည်း ဤအရင်းအမြစ်များက အလွန်တရာ အရေးတကြီး လိုအပ်နေပေသည်။

ထို့ကြောင့် တစ်ချက်မျှ အကဲခတ်ပြီးနောက် စုယွီ၏ ပတ်လည်တွင် ဟင်းလင်းပြင်လှိုင်းများ ထပ်မံ ထွက်ပေါ်လာပြန်၏။ နောက်တစ်ခဏ၌ သူက အင်မော်တယ်မြို့တော်၏ ရတနာတိုက်ထဲသို့ အသံတိတ် ဝင်ရောက်သွားတော့၏။

"ဝုန်း..."

သူ့ပတ်လည်ရှိ ဟင်းလင်းပြင် တာအိုစွမ်းအားများ စုစည်းသွားပြီးနောက် လှိုင်းလုံးကြီးများအလား ရတနာတိုက်တစ်ခုလုံးကို ရိုက်ခတ် ဖြတ်သန်းသွားတော့သည်။

ရတနာတိုက်အတွင်းရှိ အရင်းအမြစ် စင်မြင့်များကို ကာကွယ်ထားသော အခင်းအကျင်းများ အားလုံးကို ဟင်းလင်းပြင် တာအိုစွမ်းအားများ အသုံးပြုကာ စုယွီက အကြမ်းပတမ်း ဖျက်ဆီးပစ်လိုက်၏။

နောက်တစ်ခဏတွင်

ဟင်းလင်းပြင် တာအိုစွမ်းအားဖြင့် ရတနာတိုက်အတွင်းရှိ အရင်းအမြစ်များ အားလုံးကို သိမ်းကျုံးယူဆောင်လိုက်ပြီး သူ၏ ဒန်တျန်အတွင်းရှိ အထပ် ကိုးထပ် တာအို မျှော်စင်ထဲတွင် သိမ်းဆည်းလိုက်တော့သည်။

ယွင်ချန်လက်စွပ်က ကြီးမားကျယ်ပြန့်သော နေရာလွတ်ပါရှိသည့် အလယ်အလတ်အဆင့် မှော်ရတနာ ဖြစ်သော်လည်း စုယွီ၏ ကိုယ်ပိုင် အရင်းအမြစ်များကို သိမ်းဆည်းရန်သာ အဓိက အသုံးပြုလေ့ရှိ၏။

တာ့ယန်အင်မော်တယ် မင်းဆက်မှ လုယက်လာသော အရင်းအမြစ်များကိုကား ကျယ်ဝန်းလှသော အထပ် ကိုးထပ် တာအို မျှော်စင်ထဲတွင် သိမ်းဆည်းခြင်းက ပို၍ သင့်လျော်ပေသည်။

တာ့ယန်အင်မော်တယ် မင်းဆက်ဆီမှ နောက်ဆုံးမှာ အရင်းအမြစ် ဘယ်လောက်အထိ တောင်းဆိုနိုင်မလဲ။

စုယွီ တွေးတောနေမိသည်။

"ရွှီး..."

မျက်တောင်တစ်ခတ်အတွင်းမှာပင် စုယွီက ရတနာတိုက်ကို လုယက်ပြီးနောက် ဟင်းလင်းပြင်လှိုင်းများနှင့်အတူ ပျောက်ကွယ်သွားကာ အင်မော်တယ်မြို့တော်ကို နောက်ချန်ရစ်ခဲ့တော့၏။

သူ့အတွက်တော့ ဤမြို့တော်ထဲရှိ မူလဝိညာဉ်အဆင့် အရှင်သခင်များနှင့် ကြီးမားလှသော ကျင့်ကြံသူ တပ်သားများမှာ အရေးမပါသော လက်ပါးစေများမျှသာ။

ထိုသူများကို ဖြေရှင်းရန်အတွက် သူ၏ အချိန်နှင့် ခွန်အားများကို အကုန်ခံရန် မတန်ချေ။ သူတို့က ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များသာ မဟုတ်ခဲ့လျှင်ပေါ့လေ။

သို့မဟုတ်ပါက အရင်းအမြစ်များ စုဆောင်းရန်အတွက် အချိန်ချွေတာခြင်းကသာ ပို၍ ကောင်းမွန်ပါသည်။

"ရိုင်းစိုင်းလိုက်တာ"

"ငါတို့ တာ့ယန်အင်မော်တယ် မင်းဆက်ရဲ့ ရတနာတိုက်ကို ဘယ်ကောင် လာခိုးရဲတာလဲ"

ထိုဆူညံသံကြောင့် မြို့တော်အတွင်းရှိ မူလဝိညာဉ်အဆင့် အရှင်သခင်များနှင့် ကျင့်ကြံသူ တပ်သားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ သူတို့ ရတနာတိုက်ထဲသို့ အပြေးအလွှား ရောက်ရှိလာပြီး အထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ မူလဝိညာဉ်အဆင့် အရှင်သခင် အချို့မှာ သွေးအန်မတတ် ဒေါသထွက်သွားကြတော့သည်။

ဟိန်းဟောက်သံကြီးများက ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွား၏။

နောက်တစ်ခဏတွင်

မူလဝိညာဉ်အဆင့် အရှင်သခင်များက မြို့တော်၏ ကျင့်ကြံသူ တပ်သားများကို ဦးဆောင်ကာ ရူးသွပ်စွာ လိုက်လံရှာဖွေနေကြ၏။ ပတ်ဝန်းကျင်ရှိ မိုင်ရာထောင်ချီသော နယ်မြေများကို ပိုက်စိပ်တိုက် မွှေနှောက်လိုက်ကြတော့သည်။

သို့သော် ဤအချိန်တွင်မူ စုယွီက ဒုတိယမြောက် အင်မော်တယ်မြို့တော်သို့ ရောက်ရှိနေခဲ့လေပြီ။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွား၏။

နှစ်ဝက်ပင် မပြည့်သေးမီ ကာလအတွင်း တာ့ယန်အင်မော်တယ် မင်းဆက်၏ အရိုင်းနယ်မြေထဲရှိ အင်မော်တယ်မြို့တော် ဆယ်မြို့ကျော်၏ ရတနာတိုက်များကို စုယွီ လုယက်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် ဤနယ်မြေအတွင်းရှိ ပထမဆုံးသော အင်မော်တယ်မြို့တော်သို့ သူ ရောက်ရှိလာတော့၏။

ထိုနေရာတွင် မြို့တော်အတွင်း ပုန်းအောင်းနေသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် သုံးပါး၏ တည်ရှိမှုကို သူ ထောက်လှမ်းမိလိုက်သည်။

ထို့အပြင် ပထမမြောက် အင်မော်တယ်မြို့တော် အတွင်း၌ အလွန် အစွမ်းထက်သော ပဉ္စမအဆင့် အခင်းအကျင်း အများအပြားကို ခင်းကျင်းထားပြီး အဆင့်မြင့် ပဉ္စမအဆင့် သတ်ဖြတ်ခြင်း အခင်းအကျင်း တစ်ခုလည်း ရှိနေပုံရ၏။

မူလဝိညာဉ်အဆင့် အရှင်သခင် (၂၀) ကျော်နှင့်အတူ ကျင့်ကြံသူ တပ်သား တစ်သောင်းခန့်မှာလည်း မြို့တော်အတွင်း၌ ပုန်းကွယ်နေကြသည်။

သားကောင်များ ဝင်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေသည့် ဧရာမပိုက်ကွန်ကြီး တစ်ခုကို ဖြန့်ကျက်ထားသလိုပင်။

မြို့တော်နှင့် မိုင် (၁၀ဝ) အကွာတွင် စုယွီက ရွှေရောင်ပုစဉ်းရင်ကွဲ နတ်ဘုရား မျက်လုံး စွမ်းအားကို အသုံးပြုကာ ပထမမြောက် အင်မော်တယ်မြို့တော် အတွင်း၌ ပုန်းအောင်းနေသော တာ့ယန်အင်မော်တယ် မင်းဆက်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် သုံးပါးကို ထောက်လှမ်းရှာဖွေလိုက်သည်။ ထိုအထဲမှ တစ်ပါးမှာ ဝိညာဉ်ခွဲထွက် နှောင်းပိုင်းအဆင့် အရှင်သခင်၏ တာအိုခန္ဓာပင် ဖြစ်နေပုံရ၏။

ကျန်နှစ်ပါးမှာ ဝိညာဉ်ခွဲထွက် အစောပိုင်းအဆင့် အရှင်သခင်များ ဖြစ်ကြပြီး တာအိုခန္ဓာများပင်။

ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်၏ မူလခန္ဓာ တစ်ပါးမျှပင် ထွက်ပေါ်လာခြင်း မရှိချေ။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စုယွီ၏ စိတ်အစဉ် လှုပ်ရှားသွား၏။ တဆက်တည်း၌ သူ့လက်ထဲရှိ မီးဖီးနစ် ကောင်းကင်လေးက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မီးတောက်များ လောင်ကျွမ်းနေသော လေးတစ်လက် အဖြစ်သို့ ဖွဲ့တည်လာတော့၏။

ချက်ချင်းပင် အသည်းထိတ်ဖွယ် ပြင်းထန်လှသည့် ရန်လိုမှုက ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးအနှံ့ ပျံ့နှံ့သွားတော့သည်။

စုယွီ၏ ခြေအောက်ရှိ တောင်တန်းကြီးပင်လျှင် မီးဖီးနစ် ကောင်းကင်လေး၏ မီးတောက်အငွေ့အသက်အောက်တွင် ချော်ရည်ပူများအဖြစ် အရည်ပျော်ကျတော့မည့်ပုံ ရ၏။

"နတ်ဘုရားခန္ဓာတွေ ဖြစ်ဖြစ် မဖြစ်ဖြစ်... မင်းတို့ ဒီကို ရောက်လာမှတော့ အသက်ရှင်ရက် ပြန်မသွားစေရဘူး"

စုယွီက တိုးညှင်းစွာ ကြွေးကြော်လိုက်ပြီး သူ၏ လက်ထဲရှိ မီးဖီးနစ် ကောင်းကင်လေးကို ဆွဲတင်လိုက်၏။ သူ၏ ပဉ္စမမြောက် နားလည်သဘောပေါက်ထားခဲ့သော နတ်ဘုရား မြားပစ်စွမ်းရည်... မီးဖီးနစ်၏ ကိုးခုအား ထုတ်လွှတ်ရန် အသင့်ပြင်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ဝိညာဉ်စွမ်းအားနှင့် နတ်ဘုရားဝိညာဉ်စွမ်းအား ရာခိုင်နှုန်း (၅၀) နီးပါးခန့်က လေး၏ စုပ်ယူဝါးမျိုခံလိုက်ရတော့၏။

"ရွှီး..."

မီးတောက်အလင်းတန်း တစ်ခု ပစ်လွှတ်လိုက်ပြီးနောက် အချိန်တိုအတွင်းမှာပင် ရှေ့ရှိ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားလေတော့၏။

All Chapters