← Chapters

ဒုတိယအဆင့် အလယ်အလတ်

Vol. 5 Ch. 73

ဒုတိယအဆင့် အလယ်အလတ်

Vol. 5 Ch. 73

~သူသည် ကျွမ်းကျင်မှု မျက်နှာပြင်ကို တစ်ချက် ထပ်ကြည့်လိုက်သည်။

[နာမည် - စုယွီ]

[ကျင့်ကြံမှု - ချီစွမ်းအင် စုစည်းခြင်း နဝမဆင့်]

[သက်တမ်း - ၄၇/၁၆၄]

[ကျင့်စဉ် - အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် (ပထမ စက်ဝန်း နဝမ ပတ်လည်၊ ကျွမ်းကျင်မှု ၅၇.၄၆%)၊ ရွှမ်မင် ထူထဲသော မြေကမ္ဘာ သိုင်းကျမ်း (အဋ္ဌမ အဆင့်၊ ကျွမ်းကျင်မှု ၀.၀၁%)၊ ၁၀၈ ကွက် မိကျောင်းသားရဲ ကိုယ်ခန္ဓာ ကျင့်စဉ် (ဒသမ အဆင့်၊ ကျွမ်းကျင်မှု ၄၆.၅၄%)၊ သွေးဝေလငါး လမင်းမြို ကျင့်စဉ် (ဒုတိယ နယ်ပယ်၊ ကျွမ်းကျင်မှု ၁၀%)၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (ဒုတိယ အလွှာ၊ ကျွမ်းကျင်မှု ၆.၁၁%) ]

[မန္တန်များ - သစ်သားနွယ်ပင် မန္တန် (ပြီးပြည့်စုံ)၊ ဝိညာဉ် မွေးမြူခြင်း (ပြီးပြည့်စုံ)၊ ဝိညာဉ် လှံတံ (ပြီးပြည့်စုံ)၊ ဝိညာဉ် ပျိုးထောင်ခြင်း (ပြီးပြည့်စုံ)... မြေကမ္ဘာ ရှောင်တိမ်းခြင်း (ပြီးပြည့်စုံ)၊ လျှို့ဝှက်ဆန်းကြယ် ချပ်ဝတ် မန္တန် (ပြီးပြည့်စုံ)၊ မြေနဂါး ပြန်လှန်ခြင်း (ကျွမ်းကျင်မှု ၇၁.၅၉%)၊ လျှို့ဝှက်ဆန်းကြယ် နဂါး ချုပ်နှောင်ခြင်း (ကျွမ်းကျင်မှု ၅၆.၄၂%) ]

"အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်က နောက်ထပ် နှစ်နှစ်၊ သုံးနှစ် အတွင်း အဆင့်ချိုးဖြတ်နိုင်လောက်တယ်... အဲ့ဒီ နှစ်နှစ်၊ သုံးနှစ် အတွင်းမှာ ရွှမ်မင် ထူထဲသော မြေကမ္ဘာ သိုင်းကျမ်းကလည်း နဝမဆင့်ကို ရောက်သွားလောက်ပြီ"

စုယွီ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။

အခြေခံ တည်ဆောက်ခြင်း အဆင့်။

အကယ်၍ သူသည် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိပြီး နဂါးမိကျောင်း ရုပ်သေးသားရဲကို ဒုတိယအဆင့် အလယ်အလတ်သို့ မြှင့်တင်နိုင်ခဲ့လျှင်...

"အဲ့ဒီအချိန်ကျရင် ဒုတိယအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ အဆောင်တွေကို ရေးဆွဲဖို့တောင် ကြိုးစားလို့ ရပြီ"

စုယွီ၏ မျက်လုံးထဲတွင် စူးရှသော အလင်းတန်း တစ်ချက် ဖြတ်ပြေးသွား၏။

နှစ်ပေါင်းများစွာ သည်းခံခဲ့ရသည်။

ထိုအချိန်ရောက်လျှင် အကြွေးဟောင်း အချို့ကို စာရင်းရှင်းရန် အချိန်တန်ပြီ ဖြစ်သည်။

ဥပမာအားဖြင့် မေပယ်မြို့တော်မှ ပိုင်မိသားစု။

မကြာမီ။

နောက်ထပ် နှစ်နှစ်၊ သုံးနှစ်သာ လိုတော့သည်။

"ဆက်လက် ကျင့်ကြံကြစို့"

စုယွီသည် အတွေးများကို စုစည်းလိုက်သည်။ နေ့စဉ် ကျင့်ကြံမှုများ ပြီးဆုံးသွားသောအခါ အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်နှင့် အခြား ကျင့်စဉ်များ၏ ကျွမ်းကျင်မှု အနည်းငယ် တိုးတက်လာသည်ကို တွေ့ရသဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

မကြာမီ စုယွီသည် လမ်းကြားထဲမှ ထွက်ခွာပြီး လမ်းအနည်းငယ် ဝေးသော ဈေးထဲရှိ ဆေးလုံးမျှော်စင်သို့ ဦးတည်သွားလေသည်။

နောက်ဖေး ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ယွီချန်ချင်းက သူ့ကို လှမ်းခေါ်ပြီး စာတစ်စောင် ကမ်းပေးလိုက်သည်။

"မျှော်စင်သခင်... စုဇီ ဆီက စာတစ်စောင် ရောက်လာပါတယ်"

စုယွီသည် စာကို ယူပြီး ဖတ်ရှုလိုက်သည်။ စာဖတ်နေစဉ် သူ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားလေသည်။ စာထဲတွင် မိစ္ဆာတောင်ထွတ် ရှစ်ခု၌ ဖြစ်ပွားနေသော အကောင်းနှင့် အဆိုး အင်အားစုများကြား ပဋိပက္ခ အခြေအနေများကို ဖော်ပြထားသည်။

ယွင်ကျန်းဂိုဏ်းမှ အမြုတေ ဖွဲ့စည်းခြင်း အဆင့် အကြီးအကဲသည် ပထမ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မိစ္ဆာတောင်ထွတ် ရှစ်ခုသို့ ရောက်ရှိလာခဲ့ပြီး တာ့ယွဲ့ဂိုဏ်းမှ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ဆရာသခင်နှင့် ပူးပေါင်းကာ တာ့ယွဲ့ ပြည်နယ် ပြင်ပမှ မိစ္ဆာ ကျင့်ကြံသူများကို ရင်ဆိုင်ခဲ့သည်။

သို့သော် လွန်ခဲ့သော သုံးလက ယွင်ကျန်းဂိုဏ်း အကြီးအကဲသည် ခြုံခိုတိုက်ခိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

တုပ အမြုတေ အဆင့်ရှိသော ယွင်ကျန်းဂိုဏ်း၏ ပထမ အကြီးအကဲသည်လည်း လက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး စွမ်းအားများစွာ ကျဆင်းသွားခဲ့သည်။

ပြန်လည် နာလန်ထူရန် အချိန် အတော်အတန် ယူရဦးမည် ဖြစ်သည်။

အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ အနေဖြင့် ယွင်ကျန်းဂိုဏ်းသည် မိစ္ဆာတောင်ထွတ် ရှစ်ခုတွင် ရှစ်ဦးအထိ ဆုံးရှုံးခဲ့ရသည်။

သုတ်သင်ခံရသော မိစ္ဆာ ကျင့်ကြံသူများနှင့် ဓားပြ အရေအတွက် ပိုများသော်လည်း ယွင်ကျန်းဂိုဏ်း၏ ဆုံးရှုံးမှုမှာ ကြီးမားလွန်းလှပေသည်။ လတ်တလောတွင် သူတို့သည် မိစ္ဆာတောင်ထွတ် ရှစ်ခုမှ ယာယီ ဆုတ်ခွာလာခဲ့ပြီး ဂိုဏ်းသို့ ပြန်လာကာ တောင်တံခါးကို ငါးနှစ် ပိတ်ထားမည်ဟု ကြေညာခဲ့သည်။ ယွင်ရှန်း ဈေးမြို့တော်ကိုလည်း ပိတ်သိမ်းလိုက်လေသည်။

ထို့အပြင်။

စာထဲတွင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၊ ခိုင်ရန် နန်းတော်၊ ဓားမြို့တော် ချင်မိသားစုနှင့် တာ့ယွဲ့ဂိုဏ်း တို့၏ ဆုံးရှုံးမှုများကိုလည်း ဖော်ပြထားသည်။

ယွီမိသားစု၊ ဟွမ်မိသားစု၊ ကျန်းမိသားစု စသည်တို့၏ အခြေအနေများလည်း ပါဝင်သည်။

နောက်ဆုံးတွင် စုဇီသည် သူမ၏ ထင်မြင်ချက်ကို ရေးသားထားသည်။ ၎င်းသည် ယွင်ကျန်းဂိုဏ်း၏ သံသယလည်း ဖြစ်ပေသည်။

"ဒီ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေက တာ့ယွဲ့ ပြည်နယ် အပြင်ဘက်က ကိုးဝိညာဉ် မိစ္ဆာနန်းတော်ရဲ့ ကျူးကျော်မှု အတွက် လမ်းကြောင်း တစ်ခု ဖြစ်လာနိုင်တယ်"

"ဒါဟာ မိစ္ဆာ အင်အားစုတွေက တာ့ယွဲ့ နန်းတော်ကို စမ်းသပ်တာလည်း ဖြစ်နိုင်တယ်"

ယွင်ကျန်းဂိုဏ်းသည် မိစ္ဆာတောင်ထွတ် ရှစ်ခုတွင် အရိပ်အယောင်များကို ရိပ်စားမိပြီး တာ့ယွဲ့ နန်းတော် အတွက် အမြောက်ဆံစာ အဖြစ် အသက်မစွန့်လိုတော့ဘဲ ပြတ်ပြတ်သားသား ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ခြင်းလော။

စုယွီ၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ရက်အနည်းငယ် ကြာပြီးနောက်၊ယွင်ကျန်းဂိုဏ်း တောင်တံခါး ပိတ်လိုက်ခြင်းနှင့် မိစ္ဆာတောင်ထွတ် ရှစ်ခုမှ တိုက်ပွဲကြီး သတင်းများသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ တဖြည်းဖြည်း ‌ရိုက်ခတ်ရောက်ရှိလာ၏။ မြို့တော်ရှိ ကျင့်ကြံသူများ အံ့အားသင့်သွားကြပြီး လေးနက်၍ ကြောက်ရွံ့ဖွယ် ကောင်းသော အရှိန်အဝါ တစ်ခုသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အတွင်း လွှမ်းမိုးလာတော့သည်။

ဆေးလုံးများ၊ အဆောင်လက်ဖွဲ့ အဆောင်များ၊ အခင်းအကျင်းများနှင့် အခြား ပစ္စည်းများသည် ပြန်လည် ရေပန်းစားလာပြီး တစ်သီးပုဂ္ဂလ ကျင့်ကြံသူများ အလုအယက် ဝယ်ယူကြသဖြင့် ဈေးနှုန်းများ ထိုးတက်သွားခဲ့သည်။

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ ထွက်ခွာသွားသော တစ်သီးပုဂ္ဂလ ကျင့်ကြံသူများပင်လျှင် ပြန်လှည့်လာကြသည်။ မြို့ဝင်ကြေး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်တုံးနှင့် နေ့စဉ် နေထိုင်ခ နှစ်တုံး ပေးရသော်လည်း သူတို့ ပြန်မထွက်လိုကြတော့ပေ။

မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူများ သောင်းကျန်းနေပြီး ဓားပြများ ဒုက္ခပေးနေချိန်တွင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အပြင်ဘက် မည်သည့်နေရာက ဘေးကင်းနိုင်ပါမည်နည်း။

လဝက်ခန့် ကြာပြီးနောက်၊ယွီခယ်အာသည် လေးနက်သော မျက်နှာထားဖြင့် ဆေးလုံးမျှော်စင်သို့ ရောက်ရှိလာပြီး အသိပေးလာ၏။

"နင် သ်ိလား. တာ့ယွဲ့ဂိုဏ်း လှုပ်ရှားလိုက်ပြီ... အမြုတေ ဖွဲ့စည်းခြင်း အထွတ်အထိပ် အဆင့် ရှိတယ်လို့ သတင်းကြီးနေတဲ့ ဒုတိယ ဂိုဏ်းခေါင်းဆောင် တာအိုဆရာ လောင်ယန် ကိုယ်တိုင် မိစ္ဆာတောင်ထွတ် ရှစ်ခုကို သွားခဲ့တယ်... ရောက်တဲ့နေ့မှာပဲ အမြုတေ ဖွဲ့စည်းခြင်း အဆင့် မိစ္ဆာ ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်လိုက်တယ်"

"ကျန်တဲ့ မိစ္ဆာတွေနဲ့ ဓားပြတွေလည်း သေတာ သေ၊ ဒဏ်ရာရတာ ရနဲ့ ထွက်ပြေးနိုင်တဲ့သူတွေလည်း ပြေးကုန်ကြပြီ... အခုဆိုရင် မိစ္ဆာတောင်ထွတ် ရှစ်ခုမှာ သူတို့ အရိပ်အယောင်တောင် မတွေ့ရတော့ဘူး"

စုယွီ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး အလျင်အမြန် မေးလိုက်သည်။

"မိစ္ဆာတောင်ထွတ် ရှစ်ခု အပြင်ဘက်က အခြေအနေရော"

"မိစ္ဆာတွေ သောင်းကျန်းနေတုန်းပဲ... ကျင့်ကြံသူ မိသားစုတချို့ ဒုက္ခရောက်ကုန်ကြပြီ... ဒါပေမဲ့..."

ယွီခယ်အာက စုယွီကို ကြည့်ပြီး ဆက်ပြောသည်။

"စုမိသားစုကတော့ အဆင်ပြေပါတယ်... ယွင်ကျန်းဂိုဏ်း တောင်တံခါး ပိတ်လိုက်တဲ့ အချိန်မှာပဲ စုမိသားစုလည်း ချန်တောင်တန်းကို ပိတ်လိုက်တာလေ"

"စုမိသားစု ချန်တောင်တန်းရဲ့ ကာကွယ်ရေး အခင်းအကျင်း စွမ်းအားကြောင့် တုပ အမြုတေ အဆင့် ကျင့်ကြံသူ လာမှပဲ ဖောက်ဝင်နိုင်မှာ... ဒါကြောင့် လောလောဆယ် စုမိသားစု ဘေးကင်းပါတယ်"

ထိုစကားကို ကြားမှ စုယွီ သက်ပြင်းချနိုင်တော့သည်။

"သွေးဓား လော့ပန်း သတင်း ဘာကြားသေးလဲ"

စုယွီ ရုတ်တရက် မေးလိုက်သည်။ ယွီခယ်အာ အံ့ဩသွားပြီး ခေါင်းခါလိုက်သည်။

"မကြားမိပါဘူး"

အနည်းငယ် စိတ်ပျက်သွားသော်လည်း စုယွီသည် ယွီခယ်အာကို တာ့ယွဲ့ဂိုဏ်း အကြောင်း၊ အထူးသဖြင့် ဒုတိယ ဂိုဏ်းခေါင်းဆောင် တာအိုဆရာ လောင်ယန် အကြောင်း ပိုမို မေးမြန်းလိုက်သည်။

ယွီခယ်အာ ကိုယ်တိုင် သိပ်မသိသော်လည်း သူမ ပြောပြသော အချက်အလက် အစအနများမှ တဆင့် တာ့ယွဲ့ဂိုဏ်း၏ အင်အား အစစ်အမှန်သည် သာမန် မဟုတ်ကြောင်း စုယွီ ခန့်မှန်းမိလိုက်သည်။

ယွင်ကျန်းဂိုဏ်းတွင် အမြုတေ ဖွဲ့စည်းခြင်း အဆင့် အကြီးအကဲ တစ်ဦးသာ ရှိသော်လည်း တာ့ယွဲ့ဂိုဏ်းတွင် ဆယ်ဦး ရှိလေသည်။

အကြီးအကဲများ အထက်တွင် ဒုတိယ ဂိုဏ်းခေါင်းဆောင်များ၊ ဂိုဏ်းခေါင်းဆောင်နှင့် တည်ထောင်သူများ ရှိကြသေးသည်။

သူတို့၏ အင်အားသည် ယွင်ကျန်းဂိုဏ်းနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကွာခြားလှပေသည်။

ယွင်ကျန်းဂိုဏ်းက တာ့ယွဲ့ ပြည်နယ် ပြင်ပမှ မိစ္ဆာ အင်အားစုများ ကျူးကျော်လာမည်ကို သံသယ ရှိနေလျှင်ပင် ထိုမိစ္ဆာများသည် တာ့ယွဲ့ဂိုဏ်းကို အရင် ကျော်ဖြတ်ရပေဦးမည်။

ကောင်းကင် ပြိုကျလာလျှင်ပင် တာ့ယွဲ့ဂိုဏ်းကြီးက မားမားမတ်မတ် ရပ်တည်နေဦးမည် ဖြစ်သည်။

"ယွီမိသားစုရော ဘယ်လိုနေလဲ"

စုယွီက ယွီမိသားစု အပေါ် ဂရုစိုက်ကြောင်း ပြသလျက် မေးမြန်းလိုက်သည်။ ထိုမေးခွန်းလေး တစ်ခုတည်းကပင် ယွီခယ်အာကို ကျေနပ်သွားစေသည်။

ယွီခယ်အာက ပြန်ဖြေလာ၏။

"ငါတို့ အဆင်ပြေပါတယ်... သားရဲတချို့နဲ့ ပင်မ မိသားစုက ဦးလေး နှစ်ယောက် ဆုံးရှုံးလိုက်ရတာကလွဲရင် ကြီးကြီးမားမား ပြဿနာ မရှိပါဘူး"

ထို့နောက် သူမ၏ လေသံ ပြောင်းလဲသွားပြီး စုယွီကို ကြည့်ကာ အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။

"ဒါပေမဲ့ ကျန်းနဲ့ ဟွမ် မိသားစုတွေရဲ့ ဆုံးရှုံးမှုကတော့ ကြီးမားတယ်... ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးဆီက အကျိုးအမြတ်တချို့ ရခဲ့ရင်တောင် ပြန်ပြီး ထူထူ ထောင်ထောင် ရှိဖို့ ရှစ်နှစ်၊ ဆယ်နှစ်လောက် ကြာဦးမှာပဲ"

ဒါ တကယ် သတင်းကောင်းပဲ။

တာ့ယွဲ့ဂိုဏ်းက မိစ္ဆာတောင်ထွတ် ရှစ်ခုမှ မိစ္ဆာများနှင့် ဓားပြများကို နှိမ်နင်းလိုက်ပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် စုယွီ စိတ်အေးသွားရသည်။

နေ့ရက် အများစုတွင် သူသည် ဆေးလုံးမျှော်စင်၌ နေထိုင်ပြီး ယွီချန်ချင်းကို ဆေးပညာ လမ်းညွှန်ပေးခြင်း သို့မဟုတ် ယွီခယ်အာနှင့် ဆွေးနွေးခြင်းများ ပြုလုပ်လေ့ ရှိသည်။ မကြာသေးမီက သူသည် သားရဲထိန်းသိမ်းခြင်း ပညာကို စိတ်ဝင်စားလာသဖြင့် အချိန်ရလျှင် ဘေးထွက် အလုပ် အနေဖြင့် သားရဲထိန်းသိမ်းသူ တစ်ဦး ဖြစ်လာရန် လေ့လာနေခြင်း ဖြစ်သည်။

နောက်ပိုင်း ကာလများတွင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၌ ဆေးလုံးများ၊ အဆောင်လက်ဖွဲ့ အဆောင်များ၊ အခင်းအကျင်းများနှင့် အခြား ပစ္စည်းများ၏ ရေပန်းစားမှုသည် လျော့ကျမသွားဘဲ ပိုမို ပြင်းထန်လာခဲ့သည်။

တာ့ယွဲ့ဂိုဏ်း၏ အားကောင်းသော ကျင့်ကြံသူများက မိစ္ဆာတောင်ထွတ် ရှစ်ခုမှ မိစ္ဆာများနှင့် ဓားပြများကို မောင်းထုတ်လိုက်သဖြင့် ကျင့်ကြံသူ မိသားစုများ အသတ်ခံရခြင်း သို့မဟုတ် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများ ပျောက်ဆုံးသွားခြင်း သတင်းများလည်း ရိုးတိုးရိပ်တိပ် ကြားနေရသည်။

ဒါက အခြား ကျင့်ကြံသူများ အတွက် ပိုမို သေစေနိုင်သော အန္တရာယ် ဖြစ်ပြီး ကြောက်လန့်တကြား ဖြစ်စေခဲ့သည်။

ထို အခြေအနေများ အောက်တွင် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြန်သည်။ တာ့ယွဲ့ဂိုဏ်း တပ်စွဲထားစဉ် ကာလ တစ်လျှောက်လုံး ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးကို ဆက်လက် ရှာဖွေခဲ့ကြသည်။ မိစ္ဆာများနှင့် ဓားပြများ၏ နှောင့်ယှက်မှု မရှိတော့သဖြင့် အခြေအနေများ ပိုမို တည်ငြိမ်လာခဲ့သည်။

မသိလိုက်မသိဘာသာဖြင့် တစ်နှစ်ကျော် ကုန်လွန်သွားခဲ့လေသည်။

တစ်နေ့သ၌၊

စုယွီ၏ အိမ်အောက် မြေအောက် ခန်းမဆောင် အတွင်း၊

စုယွီသည် အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်နေသည်။ သူ၏ တာအို ကိုယ်ပွား ရုပ်သေးသည် အဆင့်မြှင့်တင်ရန် လိုအပ်သော ပစ္စည်းများ၏ အဆီအနှစ်ကို အလိုအလျောက် စားသုံးနေလေသည်။

နှစ်နှစ်နီးပါး စားသုံး သန့်စင်ပြီးနောက် တာအို ကိုယ်ပွား ရုပ်သေး၏ အရှိန်အဝါသည် များစွာ အားကောင်းလာခဲ့ပြီ ဖြစ်ပါ၏။

နောက်ဆုံးတွင် နှစ်နာရီကျော် ကြာပြီးနောက် တာအို ကိုယ်ပွား ရုပ်သေးသည် ပေါင် သုံးထောင်ကျော် အလေးချိန်ရှိသော ခရမ်းရောင် ရွှေ သလင်းကျောက် အမြုတေ၏ ထက်ဝက်ကျော်ကို စားသုံးလိုက်သည်။ တောက်ပသော ခရမ်းရောင် အရှိန်အဝါများ အမျှင်တန်းလေးများ အဖြစ် ရုပ်သေးထဲသို့ စုပ်ယူခံလိုက်ရပြီးနောက် ၎င်း၏ အရှိန်အဝါနှင့် ပုံပန်းသဏ္ဌာန်တို့သည် မသိမသာ ပြောင်းလဲသွားတော့သည်။

“ဝှစ်”

ဘေးတွင် တရားထိုင်နေသော စုယွီ လန့်ဖျပ်သွားပြီး ကျင့်ကြံရာမှ ရပ်တန့်လိုက်သည်။

မျက်လုံးများကို ဖွင့်ကာ တာအို ကိုယ်ပွား ရုပ်သေးကို အံ့ဩစွာ ကြည့်လိုက်မိသည်။

မိမိ၏ တာအို ကိုယ်ပွား ရုပ်သေး၌ ပြောင်းလဲမှုများကို အာရုံခံမိလိုက်သောအခါ စုယွီ အလွန် ဝမ်းသာသွား၏။

"ဝှက်သယ်ဖာ့ခ်.. ဒုတိယအဆင့် အလယ်အလတ် ကို ရောက်သွားပြီလား”

All Chapters