← Chapters

အခန်း ၈၅၉

Vol. 58 Ch. 859

အခန်း ၈၅၉

Vol. 58 Ch. 859

အခန်း (၈၅၉) ဓာတ်ကြီးငါးပါး တာအိုနယ်ပယ် ပြီးပြည့်စုံခြင်း... ငါသည်ပင်လျှင် တာအိုဖြစ်၏

စုယွီက ခေါင်းယမ်းလိုက်ပြီး...

"လောလောဆယ်တော့ ပြေလည်သွားပြီ... ဒါပေမဲ့ အပြီးတိုင် ရှင်းလင်းသွားတာတော့ မဟုတ်သေးပါဘူးခင်ဗျာ"

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က စုယွီအား ဂရုတစိုက် အကဲခတ်လိုက်၏။

'ဒီကောင်လေးက ငါ့ရဲ့ စီးတော်သားရဲကိုများ ဝါးမျိုပစ်ဖို့ စိတ်ကူးနေတာလား...'

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် ထံမှ တောင်းဆိုမှုကိုပင် မစောင့်နေတော့ဘဲ စုယွီက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူ၏ လက်ထဲမှ အမွှေးတိုင် စွမ်းအား ပေါင်းစုကို ထုတ်ယူလိုက်တော့၏။

နှစ်ပေါင်း နှစ်ဆယ်ကျော်ခန့် စုဆောင်းထားခဲ့မှုများအရ အမှတ် (၁) နှင့် အမှတ် (၁၈) အနက်ရောင် ဒေါသ စစ်သည်တော် တို့၏ အမွှေးတိုင် စွမ်းအား များကို ထိန်းသိမ်းရန် လိုအပ်သော ပမာဏကို ဖယ်ထားလိုက်လျှင်ပင် အခြားသော အနက်ရောင် ဒေါသ စစ်သည်တော် တစ်ပါးကို ပြန်လည် အသက်သွင်းရန် လုံလောက်သော ပမာဏ ကျန်ရှိနေသေးသည်။

ထို အမွှေးတိုင် စွမ်းအား ပေါင်းစုကို မြင်လိုက်ရသည်နှင့် ပထမနှင့် ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးစလုံး၏ မျက်လုံးများက ဝမ်းသာအားရမှုများဖြင့် အရောင်လက်သွားကြတော့သည်။

'နောက်ထပ် အနက်ရောင် ဒေါသ စစ်သည်တော် တစ်ပါးကို ပြန်လည် အသက်သွင်းနိုင်တော့မှာလား...'

"ဒုတိယ တစ်ယောက်ကို ပြန်လည် အသက်သွင်းလိုက်ပါ"

ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က တိုက်တွန်းလိုက်သည်။

ထို့နောက် သူက တံခါးရွက် တစ်ခုထက်ပင် ပိုမို ကြီးမားသော ပုဆိန်ကြီးကို ကိုင်ဆောင်ထားသည့် အလွန် အရပ်အမောင်း မြင့်ကာ သန်စွမ်းသော အနက်ရောင် ဒေါသ စစ်သည်တော် တစ်ပါးကို လက်ယပ်ခေါ်လိုက်၏။ ထိုပုဆိန်ကြီး၏ လက်ကိုင်ရိုး အပါအဝင် ဆိုလျှင် ပုဆိန် အရှည်မှာ ဆယ်ပေကျော်ခန့်ပင် ရှိသည်။

စုယွီ အနေဖြင့် မည်သည့် အနက်ရောင် ဒေါသ စစ်သည်တော်ကို ပြန်လည် အသက်သွင်းရမည် ဆိုသည်ကို အထူးတလည် ဂရုမစိုက်လှပေ။ ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် ခေါ်ယူလိုက်သည်ကို မြင်သောအခါ သူက ရှေ့သို့ တစ်လှမ်း တိုးသွားလိုက်၏။

သူ၏ ခန္ဓာကိုယ် အတွင်းရှိ မှော်စွမ်းအားများနှင့် ဝိညာဉ် စွမ်းအားများကို တစ်နေရာတည်းသို့ စုစည်းလိုက်သည်။ ထို့နောက် သူက လက်ညှိုး တစ်ချောင်းကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး အမှတ် (၂) အနက်ရောင် ဒေါသ စစ်သည်တော် ၏ မျက်ခုံးအလယ် တည့်တည့်သို့ ထိတွေ့လိုက်တော့၏။

ကောင်းကင် ရုပ်သေး ပညာရပ်ကို ဖော်ထုတ် အသုံးပြုလိုက်လေပြီ။

"ဝီ..."

ထိုအခိုက်အတန့်လေးမှာပင် သူ၏ ပတ်ဝန်းကျင်ရှိ ကံကြမ္မာ အပြောင်းအလဲ အနည်းငယ်ကို စုယွီ မြင်တွေ့လိုက်ရ၏။ သူက သူ့ရှေ့ရှိ ဤရုပ်သေးရုပ်နှင့် အတူ အသစ်စက်စက် ကံကြမ္မာ ဆက်နွယ်မှု တစ်ခုကိုပါ ဖန်တီး ဖွဲ့စည်းလိုက်သည်။

နာရီပေါင်း များစွာ ကုန်လွန်သွားပြီး နောက်တွင်။

စုယွီ၏ မှော်စွမ်းအားများနှင့် ဝိညာဉ် စွမ်းအားများ ခြောက်ဆယ် ရာခိုင်နှုန်း နီးပါးခန့် ကုန်ခမ်းသွားချိန်တွင်တော့ သူ့ရှေ့ရှိ ဗလတောင့်တောင့် အနက်ရောင် ဒေါသ စစ်သည်တော် ရုပ်သေးအတွင်း၌ မှိန်ပျပျ နတ်ဘုရား ဝိညာဉ် အငွေ့အသက် တစ်ခုက နောက်ဆုံးတွင် စုစည်း ဖြစ်တည် လာခဲ့လေပြီ။

အမှတ် (၂) အနက်ရောင် ဒေါသ စစ်သည်တော် က မျက်လုံးများကို ဖွင့်လိုက်၏။ ထို့နောက် အမွှေးတိုင် စွမ်းအား စွမ်းအား၏ ပြုစုပျိုးထောင်မှု အောက်တွင် သူ၏ ဝိညာဉ်က တဖြည်းဖြည်း တည်ငြိမ်လာကာ ကြီးထွားလာခဲ့သည်။ နောက်ဆုံးတွင် အမှတ် (၁) နှင့် အမှတ် (၁၈) အနက်ရောင် ဒေါသ စစ်သည်တော် တို့ကဲ့သို့ပင် ဆယ်စုနှစ်ပေါင်း များစွာတိုင် ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ရပ်တည် ရှင်သန်နိုင်စွမ်း ရှိလာသည် အထိပင်။

နောက်ထပ် စွမ်းဆောင်ရည် အမှတ် တစ်သောင်းကို လက်ဝယ် ရရှိသွားခဲ့ပြန်ပြီ။ စုယွီ တစ်ယောက် ရတနာတစ်ရာ ခန်းမတွင် မည်သည့် ရတနာများ ၊ ပါဝင်ပစ္စည်း များကို လဲလှယ်ရမည်လဲ စဉ်းစားနေစဉ် မှာပင်။ ကျောပြင်ထက်တွင် ဧရာမ ပုဆိန် လွယ်ထားသော အမှတ် (၂) အနက်ရောင် ဒေါသ စစ်သည်တော် က ဒုတ်ခနဲ အသံနှင့် အတူ ဒူးတစ်ဖက် ထောက်ကာ ရိုသေ လေးစားစွာဖြင့် ပြောကြားလိုက်သည်။

"အမှတ် (၂) အနက်ရောင် ဒေါသ စစ်သည်တော် ပါ... သခင်ကြီးကို ဂါရဝပြုပါတယ်"

"ခေါင်းဆောင် နဲ့ ဒုတိယ ခေါင်းဆောင် တို့ကိုလည်း ဂါရဝပြုပါတယ်"

အနက်ရောင် ဒေါသ စစ်သည်တော်များ အားလုံးမှာ အဆင့်လေး အထွတ်အထိပ် ရုပ်သေး ခန္ဓာကိုယ်များသာ ဖြစ်ကြ၏။ သို့သော်ငြား သူတို့၏ ဝိညာဉ်များ ပိုမို အားကောင်း လာသည်နှင့် အမျှ စွမ်းအားများက မူလဝိညာဉ်အဆင့် အထွတ်အထိပ်နှင့် နှိုင်းယှဉ်၍ ရနိုင်ရုံမျှသာ မကပေ။

ဤအခိုက်အတန့်တွင် သူ့ထံမှ ဝိညာဉ်ခွဲထွက်အဆင့် အလယ်အလတ်ကာလ အဆင့်လောက် နီးပါး ရှိသော အရှိန်အဝါ တစ်ခု မြင့်တက်နေသည်ကို စုယွီ ခံစားသိရှိ နိုင်သည်။ ၎င်းက အင်မော်တယ် တောင်တန်းကြီး တစ်ခု အလား တည်ငြိမ် ခိုင်မာလွန်းလှပြီး တုန်လှုပ်သွားစေရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။ သည်အခြေအနေက ပြန်လည် အသက်သွင်းပြီးခါစ အမှတ် (၂) အနက်ရောင် ဒေါသ စစ်သည်တော် လေးမျှသာ ဖြစ်သေး၏။

"ထပါတော့"

စုယွီက အမှတ် (၂) အနက်ရောင် ဒေါသ စစ်သည်တော် အား မတ်တတ်ရပ်ရန် လက်တစ်ချက် ဝှေ့ယမ်း ပြလိုက်၏။

အမှတ် (၂) အနက်ရောင် ဒေါသ စစ်သည်တော် က အမိန့်ကို နာခံစွာဖြင့် မြေပြင်မှ ရိုသေစွာ ထရပ်လိုက်သည်။ ထို့နောက် သူက ယွဲ့ အင်မော်တယ် စံအိမ် အတွင်းမှ ထွက်ခွာသွားသည် အထိ ဖြည်းညင်းစွာ နောက်ဆုတ်သွားတော့သည်။

အမှတ် (၅၅) အနက်ရောင် ဒေါသ စစ်သည်တော် အပါအဝင် ဆိုလျှင် ယခုအခါ ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ် မြို့တော် အတွင်း၌ ပြန်လည် အသက်သွင်းပြီးသော အနက်ရောင် ဒေါသ စစ်သည်တော် လေးပါး ရှိနေပြီ ဖြစ်၏။ အကယ်၍ သူတို့ အားလုံးကိုသာ ပြန်လည် နိုးထစေနိုင်မည် ဆိုပါက ၎င်းက ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တစ်ရာကျော်၏ တိုက်ခိုက်ရေး စွမ်းအားနှင့် ညီမျှသွားမည်သာ ဖြစ်၏။

အနက်ရောင် ဒေါသ စစ်သည်တော်များ ၏ အထက်တွင် ငွေဖြူရောင် တပ်မှူးများ ရှိနေပြီး ၎င်းတို့မှာ ဒါဇင်နှင့်ချီ၍ ရှိနေပုံ ရသည်။

အမှတ် (၂) အနက်ရောင် ဒေါသ စစ်သည်တော် ၏ ဝိညာဉ် တည်ငြိမ်သွားသည်ကို မြင်သောအခါ စုယွီက ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးအား ရိုသေစွာဖြင့် ခွင့်ပန် လိုက်သည်။

"စီနီယာ ခေါင်းဆောင်များ ခင်ဗျာ... ကျွန်တော် အထပ်ကိုးထပ် တာအိုမျှော်စင် (ကိုးထပ် ယွဲ့ အင်မော်တယ် မျှော်စင်) ဆီကို နောက်တစ်ခေါက် လောက်သွားချင်ပါတယ်"

ပထမ ခေါင်းဆောင် က တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။

"နံပါတ်နှစ်က.. မင်းကို ခေါ်သွားလိမ့်မယ်"

ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် က စုယွီ ဘာကြောင့် အထပ်ကိုးထပ် တာအိုမျှော်စင် ဆီသို့ ထပ်မံ တက်ရောက်လိုသည်ကို မမေးမြန်းခဲ့ချေ။ သူက ရှေ့သို့ တစ်လှမ်း တိုးလာကာ စုယွီ၏ ပခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။ တစ်ဆက်တည်း၌ သူတို့ ပတ်လည်ရှိ ဟင်းလင်းပြင်၌ လှိုင်းဂယက်များ ထလာကာ သူက စုယွီကို ခေါ်ဆောင်ကာ အင်မော်တယ် စံအိမ် အတွင်းမှ ပျောက်ကွယ်သွားတော့၏။

ပထမ ခေါင်းဆောင် က အင်မော်တယ် မြို့တော်၏ အထပ်ကိုးထပ် တာအိုမျှော်စင် ရှိရာ အရပ်ဆီသို့ အကြည့်ပို့လွှတ် လိုက်သည်။ သူ၏ တောက်ပနေသော ရွှေရောင် မျက်လုံးများမှာ အနည်းငယ် လေးနက်သွားရ၏။

အထပ်ကိုးထပ် တာအိုမျှော်စင်...။ ၎င်းအဆောက်အဦမှာ သူ၏ သခင် ကိုယ်တိုင် ချန်ရစ် ထားခဲ့သော အမွေအနှစ် တာအိုမျှော်စင်ကြီး ပါပင်။

၎င်းက သူ၏ သခင် ချန်ရစ် ထားခဲ့သော ကြီးမြတ်လှသည့် အမွေအနှစ် ရတနာကြီး လေးပါး အနက်မှ တစ်ပါး ဖြစ်သည်။ အခြား အရာများ မှာမူ သူတို့၏ ခြေအောက်ရှိ ဤအင်မော်တယ် မြို့တော်ကြီး၊ ရုပ်သေး ကောင်းကင်ကျမ်း နှင့် နောက်ဆုံး တစ်ခုမှာ တပိုင်း အင်မော်တယ် ကျင့်စဉ် တို့ပင် ဖြစ်၏။

'ဒီလူငယ်လေးက သခင်ကြီးရဲ့ အမွေအနှစ် တွေကို ဘယ်အချိန်ကျမှ တကယ် အပြည့်အဝ လက်ခံရရှိမှာလဲ...'

ရုပ်သေးရုပ်များ ဖြစ်ကြသည့် အားလျော်စွာ သူတို့က လက်ရှိတွင် အင်မော်တယ် မြို့တော်မှ ထွက်ခွာ၍ မရနိုင်ပါချေ။ သို့သော် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် စုယွီ သာ သူတို့၏ သခင် ချန်ရစ်ခဲ့သော အမွေအနှစ်များ အားလုံးကို ဆက်ခံနိုင်ခဲ့ပြီး သူတို့၏ သခင်သစ် ဖြစ်လာခဲ့မည် ဆိုလျှင်။ ထိုအခါမျိုး တွင် ဤကန့်သတ်ချက်များ အားလုံးမှာ သဘာဝအလျောက် ပျောက်ကွယ်သွားပေလိမ့်မည်။

ပထမ ခေါင်းဆောင် က ဤဖြစ်နိုင်ချေ များကို တွေးတော လိုက်မိသည်။ သူ၏ မျက်လုံးများ ထဲတွင် မျှော်လင့်ချက် များနှင့် အတူ စိုးရိမ်ပူပန်မှု အရိပ်အယောင် အချို့ ပါဝင် ပြည့်နှက်သွားတော့၏။

'အပြင်ဘက် လောကကြီးက အခုဆို ဘယ်လိုမျိုးတွေများ ဖြစ်နေပြီလဲ မသိဘူး... သခင်ကြီးကရော ဒီနေရာမှာ ရှိနေသေးရဲ့လား...'

ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ် မြို့တော် တစ်ခုလုံး အတွင်း၌ စုစုပေါင်း တာအိုမျှော်စင် ငါးခု တည်ရှိသည်။ ဗဟိုချက်ရှိ အထပ်ကိုးထပ် တာအိုမျှော်စင် မှလွဲ၍ အခြား မျှော်စင် လေးခုမှာ အထပ်ခုနစ်ထပ် တာအိုမျှော်စင် များသာ ဖြစ်ကြ၏။

ထိုသို့ဆိုလျှင် တာအိုမျှော်စင် ဆိုသည်မှာ အဘယ်နည်း။ အမှန်တကယ်တော့ ရှေးဟောင်း ခေတ်ကာလ တွင် တာအိုမျှော်စင် များမှာ အတွေ့ရ အများဆုံး တာအို လက်နက် များထဲမှ တစ်ခုပင် ဖြစ်သည်။

တာအို ပေါင်းစည်း တာအိုသခင် များမှ စတင်ကာ အနိမ့်ဆုံး အဆင့် တာအိုမျှော်စင် များတွင် အထပ်လေးထပ် ရှိ၏။ အဆင့်မြင့် တာအိုမျှော်စင်များတွင် အထပ်ခုနစ်ထပ် ပါဝင်ကာ အထွတ်အထိပ် တာအိုမျှော်စင် များတွင်မူ အထပ်ကိုးထပ် ပါဝင်ကြ၏။ သို့သော်ငြား တိတိကျကျ ဆိုရမည် ဆိုလျှင် အထပ်ခုနစ်ထပ် တာအိုမျှော်စင် များသာလျှင် အစစ်အမှန် တာအို လက်နက် များ ဖြစ်ကြ၏။

သို့တိုင်အောင် ဤခေတ်ကာလ တွင် တာအိုမျှော်စင် များနှင့် ပတ်သက်သော မှတ်တမ်းများမှာ ရှားပါး ပျောက်ကွယ် လုနီးပါး ဖြစ်နေခဲ့လေပြီ။ စုယွီ သိရှိထား သည်မှာ တာအိုမျှော်စင် များက မဟာ တာအိုကို သရုပ်ဖော် ပြသနိုင်ပြီး လူများကို တာအို နယ်ပယ် အား နားလည် သဘောပေါက် လာစေရန် ကူညီပေးနိုင်သည် ဆိုခြင်းမျှသာ။ ထို့အပြင် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး များ၏ ကျင့်ကြံခြင်းတွင် အထောက်အကူ အချို့ ပေးစွမ်းနိုင်သည် ဟူ၍ပင်။

အထပ်ကိုးထပ် တာအိုမျှော်စင် အတွင်း၌ စုယွီ တာအိုမျှော်စင် ကမ္ဘာ၏ ပထမ အလွှာသို့ နောက်တစ်ကြိမ် ရောက်ရှိ လာခဲ့ပြန်၏။ ဤ အထပ်ကိုးထပ် တာအိုမျှော်စင်၏ ပထမ အလွှာမှာ အသေးစား တာအိုနယ်ပယ် အဆင့်လောက်သာ ရှိပြီး မဟာ တာအို၏ အရှိန်အဝါ များမှာ အထင်အရှား မရှိလှပါချေ။

စုယွီက တာအိုမျှော်စင် ကမ္ဘာ၏ ဗဟိုချက် တည့်တည့်တွင် ထိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို လည်ပတ်လိုက်ပြီးနောက် အထက်ဘုံ သန့်စင်သော မူလတာအိုနိယာမ ကို ဖော်ထုတ်သည်။ သူ၏ စိတ်အာရုံကို ပတ်ဝန်းကျင်ရှိ မဟာ တာအိုနှင့် ပေါင်းစပ်လိုက်၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် စုယွီ၏ ပတ်လည်တွင် ဓာတ်ကြီးငါးပါး တို့က သရုပ်ပေါ်လာပြီး အလင်းရောင်များက ဒေါသတကြီး ရိုက်ခတ်နေသော ပင်လယ်ဒီရေ လှိုင်းလုံးကြီးများ အလား ပြိုးပြက်လာခဲ့သည်။

"ဝုန်း..."

မဟာ တာအို သရုပ်ပေါ် လာခဲ့လေပြီ။

ဓာတ်ကြီးငါးပါး ၏ စွမ်းအားများက စုယွီ၏ ခန္ဓာကိုယ် အပေါ်သို့ ရိုင်းစိုင်း ကြမ်းတမ်းသော လှိုင်းတံပိုးကြီးများ အလား ရိုက်ခတ် ဆေးကြောသွားတော့သည်။ သို့သော်ငြား တင်ပျဉ်ခွေ ထိုင်နေသော စုယွီ၏ ပုံရိပ်မှာကား ထိုအခိုက်အတန့်တွင် ကျောက်တိုင်ကြီး တစ်ခု အလား မတုန်မလှုပ် ငြိမ်သက်နေ၏။

"ကောင်းကင်နဲ့ မြေကြီးရဲ့ ဓာတ်ကြီးငါးပါး ဖြစ်တဲ့ သတ္တု၊ သစ်သား၊ ရေ၊ မီး နဲ့ မြေကြီး... မျိုးဆက် သံသရာ လည်ပတ်ခြင်း ဆိုတာက အဆုံးအစမဲ့ အသက်မွေးဖွားခြင်း ကို ဆိုလိုတာပဲ... ဒါက ဖန်ဆင်းခြင်းရဲ့ စွမ်းအားပဲ"

စုယွီက သူ၏ ကိုယ်ပိုင် ဓာတ်ကြီးငါးပါး တာအို နယ်ပယ်ကို မဖော်ထုတ်ခဲ့ပေ။ ယင်းအစား သူ၏ ပတ်ဝန်းကျင်ရှိ ဓာတ်ကြီးငါးပါး မဟာ တာအို၏ စွမ်းအားကိုသာ ဂရုတစိုက် ခံစား သုံးသပ်နေတယတော့သည်။

All Chapters