အခန်း ၇၇၄
Vol. 52 Ch. 774
အခန်း (၇၇၄) - အနက်ရောင် ဒေါသ စစ်သည်တော်အား နှိုးထစေခြင်း (၂)
ဤသည်မှာ သဘာဝပင် ဖြစ်၏။
ပုတူ ဗုဒ္ဓဂိုဏ်းကို ရင်ဆိုင်ရချိန်တွင် သူတို့၏ သဘောထားက ဘယ်လိုလုပ်ပြီး ပျော့ညံ့နေနိုင်ပါမည်နည်း။
ထို့အပြင် ဤကိစ္စက အလွန်အမင်း ထူးဆန်းနေသည်။ ပုတူ ဗုဒ္ဓဂိုဏ်းက မီးဖီးနစ် ကောင်းကင်နန်းတော်အား ရုတ်တရက် လှံဖျားလှည့်လာခြင်း နောက်ကွယ်တွင် ပုတူ ဗုဒ္ဓဂိုဏ်း၏ ပူးပေါင်းကြံစည်မှုနှင့် လှည့်စားမှုတို့ သေချာပေါက် ပါဝင်နေရမည် ဖြစ်၏။
ယင်းက သူတို့ ခန့်မှန်းထားသကဲ့သို့ပင် ဖြစ်နိုင်ချေ များသည်။ ပုတူ ဗုဒ္ဓဂိုဏ်းက တောင်ပိုင်း အင်မော်တယ်နယ်မြေအပေါ် မျက်စိကျနေခြင်းလည်း ဖြစ်နိုင်၏။
ဤတစ်ကြိမ်က စမ်းသပ်မှု သက်သက်သာ ဖြစ်လေသည်။
သို့ဖြစ်၍ မိစ္ဆာလမ်းစဉ်နှင့် ဆင်တူသော ပုတူ ဗုဒ္ဓဂိုဏ်းကဲ့သို့ အင်အားစုကို ရင်ဆိုင်ရချိန်တွင် မီးဖီးနစ် ကောင်းကင်နန်းတော်က ပျော့ပျောင်းသော လေသံဖြင့် တုံ့ပြန်မည် မဟုတ်ပါချေ။ မီးဖီးနစ် ကောင်းကင်နန်းတော်ဆိုသည်မှာ သူတို့ စူးစမ်းထောက်လှမ်း၍ ရနိုင်သော နေရာတစ်ခု မဟုတ်ကြောင်းကို ပုတူ ဗုဒ္ဓဂိုဏ်းအား ရှင်းလင်းစွာ နားလည်သွားစေမည့် ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှု တစ်ခုကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
...
နှစ်အနည်းငယ် ကြာပြီးနောက်။
မီးဖီးနစ် ကောင်းကင်နန်းတော်၏ လျှို့ဝှက်သော နေရာတစ်ခုတွင် နတ်မိမယ် ဖုန်းလင်သည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပေါ်လာခဲ့ပြီး မီးဖီးနစ် ကောင်းကင်နန်းတော်နှင့် ပုတူ ဗုဒ္ဓဂိုဏ်းတို့ အကြား လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခအကြောင်းကို အစောင့်အရှောက် တစ်ပါးထံမှ ကြားသိလိုက်ရ၏။
ကိစ္စရပ်၏ အတိမ်အနက်ကို နားလည်သွားပြီးနောက် နတ်မိမယ် ဖုန်းလင်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူမက စကားပြောရန် နှုတ်ခမ်းကို ဖွင့်ဟလိုက်သော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းသာ ထွက်ပေါ်လာခဲ့လေသည်။
"ဒီအခြေအနေကြီးက တစ်ခုခု မှားနေတယ်..."
သူမ၏ ဘေးနားရှိ ဝိညာဉ်ခွဲထွက် အဆင့် ပထမအလွှာတွင် ရှိနေသော အရှင်သခင်ကြီးက ခေါင်းညိတ်ကာ စကားဆိုလိုက်၏။
"တစ်ခုခု မှားနေတာတော့ သေချာတယ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ပုတူ ဗုဒ္ဓဂိုဏ်းက ငါတို့ မီးဖီးနစ် ကောင်းကင်နန်းတော်ကို လာရန်စချင်တယ် ဆိုရင်တော့ သူတို့ရဲ့ ခြေလက်တွေ အကုန်လုံး အဖြတ်ခံရတာကို အပြစ်မတင်နဲ့ပေါ့..."
ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူမက နတ်မိမယ် ဖုန်းလင်ထံသို့ လှမ်းကြည့်ကာ ဆက်ပြောလိုက်သည်။
"နန်းတော်သခင်က ရှင် အရိုင်းနယ်မြေဆီ တစ်ခေါက်လောက် သွားစေချင်လို့ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာစေချင်ခဲ့တာ..."
"မကြာသေးခင်ကမှ ပုတူ ဗုဒ္ဓဂိုဏ်းက အရိုင်းနယ်မြေမှာ လှုပ်ရှားမှု တစ်ခု လုပ်ခဲ့တယ်... တာအိုမိတ်ဆွေ ရှီရွှမ်က သူတို့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတယ်... ပြီးတော့ အရှင်သခင် ပိုင်ယန်ရဲ့ တာအိုကိုယ်ပွားကလည်း အရိုင်းနယ်မြေထဲမှာပဲ ပျက်စီးသွားခဲ့တာ..."
"ငါတို့ မီးဖီးနစ် ကောင်းကင်နန်းတော်နဲ့ ဗုဒ္ဓဂိုဏ်းကြားမှာ အရိုင်းနယ်မြေထဲက တိုက်ပွဲတစ်ခုကတော့ ရှောင်လွှဲလို့ မရတော့ဘူး..."
ဤစကားများကို ကြားလိုက်ရသောအခါ နတ်မိမယ် ဖုန်းလင်၏ မျက်နှာသွင်ပြင်က အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူမ၏ အတွေးများကလည်း အပြောင်းအလဲ အချို့ ဖြစ်ပေါ်သွားတော့၏။
တာအိုမိတ်ဆွေ ရှီရွှမ်... ။ သူက မီးဖီးနစ် ကောင်းကင်နန်းတော်တွင် တတိယ အဆင့်ရှိသော တာအိုသားတော် တစ်ပါး ဖြစ်သည်။ ယခု သူ ကျဆုံးသွားပြီ ဖြစ်ရာ ဤအရာကို ကောင်းသော ကိစ္စတစ်ရပ်အဖြစ် နတ်မိမယ် ဖုန်းလင်က ရှုမြင်လိုက်၏။
ယင်းက သူမအတွက် နေရာလွတ် တစ်ခုကို ဖန်တီးပေးလိုက်ခြင်းပင်။
အကယ်၍ သူမကသာ အရိုင်းနယ်မြေတွင် ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည် တစ်ခုကို ပြသနိုင်ခဲ့မည် ဆိုပါက အနာဂတ်တွင် မီးဖီးနစ် ကောင်းကင်နန်းတော်၏ နန်းတော်သခင် နေရာအတွက် ယှဉ်ပြိုင်ရန် အခွင့်အရေး တစ်ရပ်ကို သူမ ရရှိသွားနိုင်သည်။
အတွေးများ ပြောင်းလဲသွားသည်နှင့်အမျှ နတ်မိမယ် ဖုန်းလင်က တွေးတောလိုက်လေသည်။
'ကြည့်ရတာ... ပုတူ ဗုဒ္ဓဂိုဏ်းနဲ့ ဖြစ်တဲ့ ဒီကိစ္စက တကယ်တော့ ငါ့အတွက် ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာနိုင်တာပဲ...'
မီးဖီးနစ် ကောင်းကင်နန်းတော်က ဗုဒ္ဓဂိုဏ်းနှင့် မည်သည့် ခိုင်လုံသော အကြောင်းပြချက်မှ မရှိဘဲ ပဋိပက္ခ ဖြစ်ပွားနေခြင်းက အလွန် ထူးဆန်းနေသည်ဟု သူမက ထင်မြင်မိသော်ငြား အန္တရာယ် ရှိသော နေရာတိုင်းတွင် အခွင့်အရေး ဆိုသည်မှာလည်း အမြဲတမ်း ရှိနေတတ်သည် မဟုတ်ပါလော။
အကယ်၍ အရာအားလုံးက ငြိမ်းချမ်းနေမည် ဆိုပါက မီးဖီးနစ် ကောင်းကင်နန်းတော်ရှိ တာအိုသားတော် အမြောက်အမြား ကြားထဲတွင် သူမအတွက် ထင်ပေါ်ကျော်ကြားလာရန် ခဲယဉ်းပေလိမ့်မည်။
သို့သော် အကျပ်အတည်း တစ်ခု ကျရောက်လာချိန်တွင်မူ အခြေအနေများက လုံးဝကို ကွဲပြားခြားနားသွားတော့၏။
ယခုကဲ့သို့ပင် ဖြစ်၏။ သူမ၏ အရှေ့တွင် တာအိုသားတော် တစ်ပါး လျော့နည်းသွားပြီ မဟုတ်ပါလော။ ထို့အပြင် အရိုင်းနယ်မြေသို့ သွားရောက်ရန် အခွင့်အရေး တစ်ရပ်ကိုပါ သူမ ရရှိခဲ့ပေပြီ။
ဤအရာကို တွေးတောမိပြီးနောက် နတ်မိမယ် ဖုန်းလင်က စကားပြောရန် ရပ်တန့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောဆိုလိုက်လေသည်။
"ဟုတ်ကဲ့... ကျွန်မ အရိုင်းနယ်မြေကို သွားပါမယ်..."
...
အရိုင်းနယ်မြေ။
ယွဲ့ အင်မော်တယ် နန်းတော် အင်မော်တယ်မြို့တော်၏ အပျက်အစီးနယ်မြေ။
စုယွီက သူ၏ လက်ထဲရှိ ရွှေရောင် အလင်းလုံးလေးကို ကြည့်လိုက်၏။ ကြီးမြတ်လှသော ယုံကြည်ကိုးကွယ်မှု အမွှေးတိုင်စွမ်းအားက ရှားပါး ရတနာတစ်ပါး အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
၎င်းက ထိတွေ့ကိုင်တွယ်၍ မရနိုင်သော်ငြား ဤအခိုက်အတန့်တွင် ရှင်းပြ၍မရနိုင်သော ထူးခြားသည့် ရနံ့တစ်ခုကို ထုတ်လွှတ်နေသည်။
ထူးခြားသော ရနံ့က လန်းဆန်းစေပြီး အလွန်အမင်း ဆွဲဆောင်မှု ရှိလှရာ လူတစ်ဦးကို ချက်ချင်း မျိုချပစ်ချင်စိတ် ပေါက်သွားစေလေသည်။
သူက မြို့တော်၏ ဗဟိုချက်ရှိ အင်မော်တယ် နန်းတော်ဆီသို့ ရောက်ရှိလာခဲ့ပြီး ရွှေချပ်ဝတ် ခေါင်းဆောင် နှစ်ဦးကို နှိုးထစေလိုက်၏။
ဒုတိယ ရွှေချပ်ဝတ် ခေါင်းဆောင်က မျက်လုံးများကို ဖွင့်လာပြီး စုယွီ၏ လက်ထဲရှိ ရွှေရောင် အလင်းလုံးလေးကို ကြည့်ကာ သူ၏ မျက်ဝန်းများထဲတွင် အံ့သြမှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။
"ဒီ အမွှေးတိုင်စွမ်းအားတွေကို မင်း ဘယ်က ရလာတာလဲ..."
စုယွီက ရိုသေစွာဖြင့် ပြန်လည် ဖြေကြားလိုက်၏။
"ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်း ကမ္ဘာဆီကို ယုတ်မာတဲ့ ဗုဒ္ဓဂိုဏ်း အင်အားစုတစ်ခု ရောက်လာခဲ့တယ်... သူတို့က အမွှေးတိုင်စွမ်းအား လမ်းစဉ်ကို ကျင့်ကြံကြတာဆိုတော့ သူတို့ဆီကနေ ကျွန်တော် နည်းနည်းလောက် သွားငှားလာခဲ့တာပါ..."
ပထမ ရွှေချပ်ဝတ် ခေါင်းဆောင်က လှောင်ပြုံး ပြုံးလိုက်ပြီး သူ၏ အကြည့်များက စုယွီထံသို့ နက်ရှိုင်းစွာ ကျရောက်သွားခဲ့သည်။
"ချွတ်..."
"ဒီ 'ငှားတယ်' ဆိုတဲ့ စကားလုံးကို မင်း သုံးသွားတာ တော်တော်လေး ကောင်းတယ်... သူတို့က မင်းကို မမိလိုက်ဘူးလား..."
စုယွီက ပခုံးတွန့်လိုက်၏။
"စီနီယာတို့ နှစ်ယောက်ရဲ့ တာဝန်အတွက် ဒီအမွှေးတိုင်စွမ်းအားတွေကို ငှားဖို့ ကျွန်တော် အန္တရာယ်ကို စွန့်စားခဲ့ရတာလေ..."
ဤစကားကို ကြားသောအခါ ပထမနှင့် ဒုတိယ ရွှေချပ်ဝတ် ခေါင်းဆောင်တို့၏ မျက်လုံးများက အရောင်လက်သွားကြသည်။
ပထမ ရွှေချပ်ဝတ် ခေါင်းဆောင်က ချက်ချင်းပင် မေးလိုက်၏။
"ဒီလိုပြောတာက... အနက်ရောင် ဒေါသ စစ်သည်တော်ကို ပြင်ဆင်ဖို့ မင်းမှာ ယုံကြည်မှု ရှိနေပြီလို့ ဆိုလိုချင်တာလား..."
စုယွီက ပြန်ဖြေလိုက်သည်။
"ကျွန်တော်က လက်ညှိုး အသွင်ပြောင်းပညာရပ်ကို စတုတ္ထအလွှာ အထိ ကျင့်ကြံထားပြီးပါပြီ... ဒါပေမဲ့ သူတို့ရဲ့ 'ဝိညာဉ်' တွေကို ပြန်လည် အသက်သွင်းဖို့ အခွင့်အရေး ရှိမရှိ ဆိုတာကိုတော့ အာမမခံနိုင်သေးဘူး..."
“ဝှစ်…”
ပထမ ရွှေချပ်ဝတ် ခေါင်းဆောင်၏ လက်တစ်ချက် ဝှေ့ယမ်းမှုနှင့်အတူ ဟင်းလင်းပြင်တွင် ဂယက် အသေးစားလေး ရိုက်ခတ်လာပြီး အနက်ရောင် ဒေါသ စစ်သည်တော် ရုပ်သေးရုပ် တစ်ရုပ်က စုယွီ၏ မျက်စိရှေ့တွင် လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့လေသည်။
ပထမ ရွှေချပ်ဝတ် ခေါင်းဆောင်က စကားဆိုလိုက်၏။
"အလုပ်ဖြစ်ဖြစ် မဖြစ်ဖြစ် မင်း အရင် စမ်းကြည့်လိုက်... အလုပ်မဖြစ်လည်း ကိစ္စမရှိဘူး... နောက်တစ်ကြိမ် အဆင့်ချိုးဖြတ်မှုမှာ တိုးတက်လာပြီဆိုရင် မင်း ထပ်ပြီး စမ်းကြည့်လို့ ရသေးတယ်..."
သူ၏ မျက်စိရှေ့ရှိ အနက်ရောင် ဒေါသ စစ်သည်တော် ရုပ်သေးရုပ်မှာ စုယွီ၏ ဘေးနားရှိ အနက်ရောင် ဒေါသ စစ်သည်တော်နှင့် အနည်းငယ် ကွဲပြားနေသည်။
၎င်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် ပိန်ပါးနေသယောင် ရှိပြီး လက်ထဲတွင် ကျဉ်းမြောင်းသော ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားလေသည်။
သို့သော် အတူတူပင် ဖြစ်၏။
စုယွီက အနက်ရောင် ဒေါသ စစ်သည်တော်ကို ပထမဆုံး အကြိမ် မြင်တွေ့ခဲ့ရစဉ်ကကဲ့သို့ပင် ၎င်း၏ အပေါ်တွင် မည်သည့် သက်စောင့်ချီမျှ မကျန်ရစ်နေတော့ချေ။ သူတို့၏ ယခင် သခင်ဟောင်းမှ သွတ်သွင်းပေးထားခဲ့သော ဝိညာဉ်မှာ အချိန်ကာလများ ကုန်လွန်လာသည်နှင့်အမျှ လွင့်စင် ပျောက်ကွယ်သွားခဲ့လေပြီ။
သူ၏ အရှေ့ရှိ အနက်ရောင် ဒေါသ စစ်သည်တော် ရုပ်သေးရုပ်ကို ကြည့်ကာ စုယွီက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
"ကျွန်တော် တစ်ချက်လောက် စမ်းကြည့်လိုက်ပါ့မယ်..."
ထို့နောက် စိတ်ကို အာရုံစူးစိုက်လိုက်ကာ သူက လက်ညှိုးတစ်ချောင်းကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်တော့၏။
သူ၏ လက်ညှိုးထိပ်တွင် မျက်စိကန်းလောက်သော ရွှေရောင် အလင်းတန်း တစ်ခုက တောက်ပလာခဲ့သည်။ သူက ၎င်းအပေါ်သို့ ဝိညာဉ် သွတ်သွင်းခြင်း ပညာရပ်ကို အသုံးပြုလိုက်သည့် အခိုက်အတန့်တွင် သူ၏ မျက်စိရှေ့ရှိ လောကကြီးမှာ ကွဲပြား
ခြားနားသွားသည့်နှယ်။
တောက်ပသော ရွှေရောင် အလင်းတန်းများ ဖြာထွက်လာပြီး ကံကြမ္မာ အမျှင်တန်း တစ်ခုက စုယွီ၏ လက်ညှိုးထိပ်တွင် စုစည်းသွားကာ အနက်ရောင် ဒေါသ စစ်သည်တော်ကို သူ၏ လက်ညှိုးဖြင့် ထိတွေ့လိုက်သည်နှင့်အတူ လိုက်ပါသွားတော့သည်။
စုယွီနှင့် ချိတ်ဆက်ထားသော ကံကြမ္မာ အမျှင်တန်းက ဤအနက်ရောင် ဒေါသ စစ်သည်တော်နှင့်လည်း ဆက်သွယ်သွားခဲ့လေ၏။
ယင်းက ကံကြမ္မာ တစ်ခုတည်း သာမက အကြောင်းတရားနှင့် အကျိုးတရားလည်း ဖြစ်သည်။
ဤလောကကြီး၏ ကံကြမ္မာ၊ အကြောင်းတရားနှင့် အကျိုးတရားတို့ ချိတ်ဆက်မိသွားသည်နှင့် တစ်ပြိုင်နက် သွတ်သွင်းပြီးနောက် ဖွဲ့စည်းပေါ်ပေါက်လာမည့် 'နတ်ဘုရား' မှာ ဤလောကတွင် အမှန်တကယ် အသက်ရှင်နေသော သတ္တဝါ တစ်ကောင် ဖြစ်လာပေလိမ့်မည်။
စုယွီက အနက်ရောင် ဒေါသ စစ်သည်တော်ထံသို့ ဝိညာဉ် သွတ်သွင်းလိုက်သည့် အခိုက်အတန့်မှ စတင်၍ ယခုမှစကာ ဤရုပ်သေးရုပ်၏ ကံကြမ္မာက စုယွီနှင့် တိုက်ရိုက် ဆက်သွယ်မှု ရှိသွားမည် ဖြစ်ပြီး ၎င်းတို့ နှစ်ဦးမှာ တစ်သားတည်း ခိုင်မြဲစွာ ချိတ်ဆက်သွားပြီဟု ဆိုနိုင်သည်။
စုယွီ၏ ဝိညာဉ် သွတ်သွင်းမှုကြောင့် ၎င်းက အသက်ဝင်လာခဲ့ခြင်း ဖြစ်၏။
“ဝုန်း…”
နက်နဲသော အရှိန်အဝါတစ်ခုက အနက်ရောင် ဒေါသ စစ်သည်တော် အပေါ်သို့ ကျဆင်းလာမှုနှင့်အတူ ၎င်း၏ အရှိန်အဝါက တုန်ခါသွားပြီး ၎င်းအပေါ်တွင် ဖုံးလွှမ်းနေသော ဖုန်မှုန့်များမှာ လွင့်စင်ကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားလေသည်။
အနက်ရောင် ဒေါသ စစ်သည်တော်၏ အတွင်းပိုင်းတွင် သက်စောင့်ချီ တစ်ခုက နှိုးထလာသကဲ့သို့ ဖြစ်လာပြီး တစ်စထက်တစ်စ စုစည်းလာခဲ့၏။
ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးသည်လည်း ဤအခိုက်အတန့်တွင် လှုပ်ခတ်သွားခဲ့ပြီး သဘာဝ ဝိညာဉ်စွမ်းအား ဂယက်လှိုင်း အမြောက်အများကို ဖြစ်ပေါ်စေခဲ့တော့သည်။
ဤထူးခြားသော ဖြစ်စဉ်က သုံးနာရီကျော်ကြာအောင် ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။
“ဂျိန်း…”
ပထမနှင့် ဒုတိယ ရွှေချပ်ဝတ် ခေါင်းဆောင်များ အပြင် စုယွီ၏ မြင်ကွင်းထဲတွင် မှိန်ပျပျ 'နတ်ဘုရား မီးတောက်' တစ်ခုက အနက်ရောင် ဒေါသ စစ်သည်တော် ရုပ်သေးရုပ်၏ အူတိုင်၌ နောက်ဆုံးတွင် ဖွဲ့စည်းပေါ်ပေါက်လာခဲ့လေသည်။
စစ်မှန်သော ဝိညာဉ် တစ်ခုကဲ့သို့ပင် ၎င်း၏ ရှင်သန် နှိုးထလာသည့် အခိုက်အတန့်တွင် ဤခန္ဓာကိုယ် အပေါ်၌ ကျန်ရစ်နေသော အသိစိတ် အပိုင်းအစလေးများက စုစည်းလာပြီး ဤနတ်ဘုရား မီးတောက်၏ ဝါးမျိုခံလိုက်ရကာ ၎င်းကိုယ်၎င်း ပိုမို အားကောင်းလာစေခဲ့၏။
"ငါက ဆယ့်ရှစ်ယောက်မြောက် အနက်ရောင် ဒေါသ စစ်သည်တော်... ငါ့သခင်က ယွဲ့ အင်မော်တယ် ..."
"မဟုတ်ဘူး... ငါ့သခင် နာမည်က စုယွီ... ငါက သူ ဖန်ဆင်းထားတဲ့ သတ္တဝါ တစ်ကောင်..."
"ယွဲ့ အင်မော်တယ် နန်းတော်... သခင် စုယွီ..."
ရှုပ်ထွေးနေသော အတွေးများအပြီးတွင် အနက်ရောင် ဒေါသ စစ်သည်တော်က မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လာခဲ့သည်။ သို့သော် ရွှေချပ်ဝတ် ခေါင်းဆောင် နှစ်ဦးနှင့် စုယွီအား တစ်ချက် လှမ်းကြည့်ပြီးနောက် သူ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားကာ နောက်သို့ လဲကျသွားတော့၏။
ယခုလေးတင်မှ ရှင်သန် နှိုးထလာခဲ့သော 'နတ်ဘုရား' မှာ အားနည်းလွန်းလှသဖြင့် နက်ရှိုင်းသော အိပ်စက်ခြင်းထဲသို့ တိုက်ရိုက် ကျရောက်သွားခဲ့လေပြီ။
သို့သော် ဤအရာကို မြင်လိုက်ရသောအခါ ရွှေချပ်ဝတ် ခေါင်းဆောင် နှစ်ဦးစလုံးနှင့် စုယွီတို့မှာ အလွန်အမင်း ဝမ်းမြောက်သွားခဲ့ကြသည်။
"အလုပ်ဖြစ်သွားပြီ..."
"နတ်ဘုရားက ရှင်သန် နှိုးထလာခဲ့ပြီ... သူက နည်းနည်း အားနည်းနေပေမဲ့ စကားတစ်ခွန်း ပြောပြီးတာနဲ့ သတိလစ်သွားတာပဲ..."
"တော်တော် အားနည်းတဲ့ကောင်ပဲ... ဒီနတ်ဘုရားမှာသာ သူ့ကို အာဟာရ ဖြည့်တင်းပေးဖို့ အမွှေးတိုင်စွမ်းအား မရှိဘူးဆိုရင် ဆယ်ရက်တောင် မပြည့်ခင် သူ သေသွားလိမ့်မယ်လို့ ငါ ထင်တယ်..."
ရွှေချပ်ဝတ် ခေါင်းဆောင် နှစ်ဦးက ဆယ့်ရှစ်ယောက်မြောက် အနက်ရောင် ဒေါသ စစ်သည်တော်ကို ကြည့်ရင်း မှတ်ချက်ချလိုက်ကြသည်။
ထို့နောက် သူတို့ နှစ်ဦးစလုံးက စုယွီထံသို့ အကြည့်များ လှည့်လာကြ၏။
စုယွီက သူ၏ လက်ကို ဝှေ့ယမ်းကာ အမွှေးတိုင် အလင်းလုံးကို ခေါ်ထုတ်လိုက်ပြီး ယခုလေးတင်မှ ရှင်သန် နှိုးထလာသော ဆယ့်ရှစ်ယောက်မြောက် အနက်ရောင် ဒေါသ စစ်သည်တော်၏ ဝိညာဉ်ကို ဖြည်းညင်းစွာ ကျွေးမွေးလိုက်သည်။ အမွှေးတိုင်စွမ်းအားကို အစာအာဟာရအဖြစ် အသုံးပြုကာ ၎င်းကို ပိုမို အားကောင်းလာစေခဲ့လေသည်။
တစ်လခန့် ကြာပြီးနောက် စုယွီ ဆယ်နှစ်တိုင်တိုင် စုဆောင်းထားခဲ့သော အမွှေးတိုင်စွမ်းအားများမှာ လုံးဝ ကုန်ခမ်းသွားခဲ့ပေပြီ။
ဆယ့်ရှစ်ယောက်မြောက် အနက်ရောင် ဒေါသ စစ်သည်တော်၏ အသစ်နှိုးထလာသော ဝိညာဉ်မှာ ခိုင်မာသွားခဲ့ပြီး အမွှေးတိုင်စွမ်းအား မရှိလျှင်ပင် ဆယ်စုနှစ်များစွာတိုင်အောင် တောင့်ခံထားနိုင်စွမ်း ရှိသွားခဲ့၏။
သို့သော်ငြား ရွှေချပ်ဝတ် ခေါင်းဆောင် နှစ်ဦး၏ အမြင်တွင်မူ ဆယ့်ရှစ်ယောက်မြောက်၏ ဝိညာဉ်မှာ အလွန်အမင်း အားနည်းနေသေးသည်။
ပြီးတော့ ဒါက ရှင်သန် နှိုးထလာခဲ့သော ပထမဆုံး တစ်ယောက်သာ ရှိသေး၏။
ယခင် ယွဲ့ အင်မော်တယ် နန်းတော်တွင် အနက်ရောင် ဒေါသ စစ်သည်တော် (၁၈၀) ပါဝင်ခဲ့ပြီး အင်မော်တယ် မြို့တော်၌ ယခုတိုင် (၁၃၁) ယောက် ကျန်ရှိနေသေးသည်။
တစ်ယောက်ကို ပြန်လည် အသက်သွင်းပြီးနောက်တွင်လည်း နောက်ထပ် (၁၃၁) ယောက် ကျန်ရှိနေသေးလေသည်။
ပထမနှင့် ဒုတိယ ရွှေချပ်ဝတ် ခေါင်းဆောင်များက စုယွီထံသို့ လှမ်းကြည့်လိုက်ကြပြီး ဒုတိယ ရွှေချပ်ဝတ် ခေါင်းဆောင်က ရယ်မောလိုက်၏။
"မဆိုးဘူး... မင်းက ဆယ့်ရှစ်ယောက်မြောက်ကို ပြန်အသက်သွင်းနိုင်ခဲ့တယ်... ဒါပေမဲ့ မင်း စုဆောင်းထားတဲ့ အမွှေးတိုင်စွမ်းအားက နည်းလွန်းတယ်... ဆယ့်ရှစ်ယောက်မြောက်ရဲ့ ဝိညာဉ်က သူ့ရဲ့ မူလ စွမ်းအား ၁ %ကိုတောင် ထုတ်ဖော်ပြသနိုင်စွမ်း ရှိမှာ မဟုတ်ဘူး..."
"အကောင်းဆုံး အနေအထားနဲ့ ဆိုရင်တောင် ထိပ်ဆုံးအဆင့် စတုတ္ထအဆင့် ရုပ်သေးရုပ် တစ်ရုပ်ရဲ့ ခွန်အားလောက်ပဲ ရှိမှာ... ဒီလောက်နဲ့ ဘယ်လိုလုပ် လုံလောက်မှာလဲ..."
ဤစကားကို ကြားသောအခါ စုယွီက ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။
"စီနီယာတို့ နှစ်ယောက်ရယ်... ကျွန်တော်က သေးငယ်တဲ့ မူလဝိညာဉ်အဆင့်လေး တစ်ယောက်ပါဗျာ..."
"ဒါ့အပြင် အပြင်ဘက်က ယုတ်မာတဲ့ ဗုဒ္ဓအင်အားစုမှာ ပကတိ ဟင်းလင်းပြင် ဗုဒ္ဓအရှင်သခင် တစ်ပါးတောင် ရှိနေတာလေ... သူတို့ဆီကနေ အမွှေးတိုင်စွမ်းအား နည်းနည်းလောက် သွားငှားနိုင်ခဲ့တာကိုက ကျွန်တော် ကံကောင်းလွန်းလို့ပါ..."
"ဒါမှမဟုတ်ရင်လည်း..."
စုယွီ၏ မျက်လုံးများက ရွှေချပ်ဝတ် ခေါင်းဆောင် နှစ်ဦး အကြားတွင် ဟိုဒီ ပြေးလွှား ကြည့်ရှုလိုက်တော့သည်။