← Chapters

အခန်း ၈၁၃

Vol. 55 Ch. 813

အခန်း ၈၁၃

Vol. 55 Ch. 813

အခန်း (၈၁၃) - မြှားတစ်ချက်ဖြင့် ဝိညာဉ်ခန္ဓာကိုယ် ပြိုလဲခြင်း (၃)

သူသည် ပျက်စီးယိုယွင်းသွားသော ရွှမ်ဟွမ် တောင်ကြား မြစ်ဝှမ်းပြင်ကြီးကို ငေးကြည့်ရင်း ကူရှောက်ခွန်းနှင့် တာ့ယန် ကွမ်ကျားမင်းသမီးတို့၏ သက်ရှိအာရုံကို လုံးဝ မခံစားရတော့ပေ။

“အား... အား...”

“ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု...”

“ဝုန်း...”

မလှမ်းမကမ်းတွင် နှစ်ပေါင်း မည်မျှကြာအောင် တည်ရှိခဲ့မှန်း မသိရသော ရွှမ်ဟွမ် တောင်ကြား မြစ်ဝှမ်းပြင်ကြီး၏ အပျက်အစီးပုံကြီးသည် တာအိုသခင် လော့ဟယ် ၏ ဒေါသတကြီး ထုတ်ဖော်လိုက်သော ခွန်အားအောက်တွင် ချက်ချင်းပင် ပြိုကျပျက်စီးသွားပြီး ဤလှပသော နယ်မြေ၏ မိုင်တစ်ရာအတွင်းရှိ မြေပြင်များပင်လျှင် ခဏချင်းအတွင်း အက်ကွဲကြေမွသွားတော့သည်။

ထိုဟိန်းဟောက်သံကြီးကို မိုင်ပေါင်း ထောင်ချီဝေးကွာသော ချန်ကု အင်မော်တယ် မြို့တော် အတွင်းရှိ မြောက်မြားစွာသော ကျင့်ကြံသူများပင်လျှင် ရှင်းလင်းစွာ ကြားလိုက်ကြရ၏။

ထိုအရှင်သခင်ကြီး၏ မိုးကြိုးပမာ ဒေါသမျက်မာန်ကြောင့် ကျင့်ကြံသူများစွာ၏ မျက်နှာများ သွေးဆုတ်ဖြူလျော်သွားကြရသည်။

အင်မော်တယ် မြို့တော်၏ ကောင်းကင်ယံထက်တွင် မိုးကြိုးများ ဆက်တိုက် ပေါက်ကွဲနေသကဲ့သို့ ဖြစ်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်သည်လည်း ထိုအရှိန်ကြောင့် အရောင်အဆင်း ပြောင်းလဲသွားတော့သည်။

ချန်ကု အင်မော်တယ် မြို့တော် နှင့် အနီးနား ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို အံ့ဩသွားစေသည့် အချက်မှာ ခဏအကြာတွင် တာအိုသခင် လော့ဟယ် ၏ ဒေါသတကြီး အော်ဟစ်သံကြီးသည် ရုတ်တရက် အဆုံးသတ်သွားပြီး ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးမှာလည်း ကွယ်ပျောက်သွားခြင်းပင် ဖြစ်သည်။

ရက်အနည်းငယ် ကြာပြီးနောက်

ချန်ကု အင်မော်တယ် မြို့တော် အတွင်း ကောလာဟလများ ဂယက်ထလာတော့သည်။

“ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုဟာ တာ့ယန် ကျင့်ကြံခြင်း ကမ္ဘာက အင်မော်တယ် တစ်သောင်း နန်းတော်နဲ့ သေရာပါ ရန်ငြိုး ရှိနေတာကွ... သူတို့ဟာ ရွှမ်ဟွမ် တောင်ကြား မြစ်ဝှမ်းနားမှာ ဆုံကြတော့ ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုက အင်မော်တယ် တစ်သောင်း နန်းတော်ကို ချက်ချင်း တိုက်ခိုက်ပြီး အဲဒီနန်းတော်ရဲ့ ဝိညာဉ် ခန္ဓာကိုယ် တာအိုသားတော် ကိုတောင် သတ်ပစ်လိုက်တယ်တဲ့...”

“ဒါတင်မကဘူးနော်... အဲဒီ ဝိညာဉ် ခန္ဓာကိုယ် တာအိုသားတော် မှာ အဖော်တစ်ယောက် ရှိသေးတယ်... သူက တာ့ယန် အင်မော်တယ် မင်းဆက်က ကွမ်ကျားမင်းသမီးပဲတဲ့...”

“မင်းတို့ ကြားပြီးပြီလား... ရွှမ်ဟွမ် တောင်ကြား မြစ်ဝှမ်းက အပျက်အစီးပုံကြီးကို အင်မော်တယ် တစ်သောင်း နန်းတော်က ဘိုးဘေး တာအိုသခင် တစ်ယောက်က ဖျက်ဆီးပစ်လိုက်တာ... ဒါပေမယ့် မမျှော်လင့်ဘဲ အဲဒီ အပျက်အစီးပုံထဲမှာ ရတနာတစ်ခု ကျန်နေခဲ့တာကို ယင်းမျိုးနွယ်စုက လူတစ်ယောက် မြင်လိုက်ရတယ်တဲ့...”

“ဘယ်လို ရတနာမျိုးလဲ...”

“ရှေးဟောင်းခေတ်က မိစ္ဆာမျိုးနွယ်စုဝင် အစွမ်းထက် ကျင့်ကြံသူတစ်ဦး အသွင်ပြောင်းလဲပြီးနောက် ကျန်ရစ်ခဲ့တဲ့ နဂါးအရိုးကြီးလို့ ပြောကြတာပဲ... အဲဒါက အနည်းဆုံးတော့ အလယ်အလတ်အဆင့် ဒါမှမဟုတ် အဆင့်မြင့် မှော်လက်နက်အဖြစ် သန့်စင်နိုင်တဲ့ အရာပဲ...”

“အဲဒီ ရတနာကြောင့်ပဲ အင်မော်တယ် တစ်သောင်း နန်းတော်က ဘိုးဘေးနဲ့ ယင်းမျိုးနွယ်စုက လူတွေကြားမှာ အငြင်းပွားမှု ဖြစ်ခဲ့ကြသေးတယ်... ဒါပေမယ့် ယင်းမျိုးနွယ်စုက တာအိုသခင် မရောက်လာခင်မှာပဲ အင်မော်တယ် တစ်သောင်း နန်းတော်က ဘိုးဘေးက ရတနာကို ယူပြီး ထွက်သွားနှင့်ပြီတဲ့...”

“ရွှမ်ဟွမ် တောင်ကြား မြစ်ဝှမ်းရဲ့ အပျက်အစီးပုံထဲမှာ ရတနာ ရှိနေသေးတာလား... ရှေးဟောင်းခေတ်က အစွမ်းထက် မိစ္ဆာမျိုးနွယ်စုဝင်ရဲ့ နဂါးအရိုးကြီး ဖြစ်နေတာကို အပြင်လူက လုယူသွားတယ်ဆိုတော့ နှမြောစရာ ကောင်းလိုက်တာ...”

လင်းလုံ အဆောင်လက်ဖွဲ့စံအိမ် အတွင်း။

စုယွီ ထိုသတင်းကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ “ရတနာတစ်ခုလား...”

“ရွှမ်ဟွမ် တောင်ကြား မြစ်ဝှမ်းရဲ့ အပျက်အစီးပုံထဲမှာ ရှေးဟောင်းခေတ် မိစ္ဆာမျိုးနွယ်စုဝင် အစွမ်းထက် ကျင့်ကြံသူ ကျန်ရစ်ခဲ့တဲ့ နဂါးအရိုးကြီး ရှိနေတာလား...”

သူသည် မျက်မှောင်ကို အနည်းငယ် တွန့်ချိုးလိုက်မိသည်။

ထိုနေရာတွင် ရတနာ ကျန်ရှိနေဦးမည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ထိုနေရာသည် လူတိုင်း လာရောက် လည်ပတ်နိုင်သော နေရာတစ်ခု ဖြစ်နေပြီး ရတနာများနှင့် အမွေအနှစ်အားလုံးမှာ ကြာမြင့်လှစွာသော အချိန်ကတည်းက လုယူခြင်း ခံခဲ့ရပြီးသား ဖြစ်သည်။

အင်မော်တယ် တစ်သောင်း နန်းတော်က ဒီလောက် ကံကောင်းလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။

ဝိညာဉ် ခန္ဓာကိုယ် တာအိုသားတော် ကွယ်လွန်သွားသော်လည်း မမျှော်လင့်ဘဲ ရတနာကောင်းတစ်ခုကို သူတို့ ရရှိသွားခဲ့သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်၏။

‘နဂါးအရိုးကြီး တစ်ခုတည်းပါပဲ... ဒါကို အသုံးချဖို့ဆိုရင် မြောက်မြားစွာသော ရတနာတွေကို ဖြုန်းတီးရဦးမှာ... ပြီးတော့ သင့်တော်တဲ့ လက်နက်ပညာရှင် တစ်ယောက်ကို ရှာပြီး ရတနာအဖြစ် သန့်စင်ခိုင်းရဦးမှာပါလေ...’

‘အင်မော်တယ် တစ်သောင်း နန်းတော်က ရတနာ သန့်စင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းပြီးတဲ့ အချိန်ကျရင် သူတို့ရဲ့ နန်းတော်ရော ရတနာပစ္စည်းတွေပါ ငါ့လက်ထဲ ရောက်နေလောက်ပြီ...’

ဒီတစ်ခေါက် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုကို ကူညီပြီး အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသားတော် ကူရှောက်ခွန်း ကို မြှားဖြင့် ပစ်သတ်ခဲ့ရာတွင် စုယွီသည် လုံးဝ လူလုံး မပြခဲ့ပေ။ အလုပ်ပြီးသည်နှင့် သူသည် တိတ်တဆိတ် ထွက်ခွာခဲ့ပြီး သူ၏ လုပ်ဆောင်ချက်နှင့် နာမည်ကို ဝှက်ကွယ်ထားခဲ့၏။

ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု၏ ကျေးဇူးတင်စကားကို သူ မလိုအပ်ပေ။

သူ့အတွက် အင်မော်တယ် တစ်သောင်း နန်းတော်၏ ဒေါသကို သူတို့က ရှေ့တန်းကနေ ခံပေးနေရုံဖြင့် လုံလောက်လှပြီ ဖြစ်သည်။

ညနေခင်းတွင်

ဆိုင်ရှင်သည် စုယွီနှင့်အတူ အဆောင်လက်ဖွဲ့ဆရာ ထူ၊ အဆောင်လက်ဖွဲ့ဆရာ ယွီ တို့ကို ခေါ်ယူကာ လေးနက်သော မျက်နှာထားဖြင့် သတိပေးလိုက်သည်။

“ဒီရက်ပိုင်းထဲမှာ အိမ်ထဲမှာပဲ နေကြနော်... မဟုတ်ရင် မတော်တဆ ထိခိုက်မှုတွေ ဖြစ်လာတဲ့အခါ ဘယ်လို သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး...”

စုယွီသည် တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ဆိုင်ရှင် မှာတဲ့အတိုင်း သေသေချာချာ လိုက်နာပါ့မယ်... စိတ်ချပါခင်ဗျာ.. အဆောင်လက်ဖွဲ့ စံအိမ်ကို လာတာကလွဲရင် အင်မော်တယ် မြို့တော်ကနေ ခြေတစ်လှမ်းမှ လုံးဝ ထွက်မှာ မဟုတ်ပါဘူး...”

ဆိုင်ရှင်၊ အဆောင်လက်ဖွဲ့ဆရာ ထူ နှင့် အဆောင်လက်ဖွဲ့ဆရာ ယွီ။

“...”

အဆောင်လက်ဖွဲ့ဆရာ ထူ နှင့် အဆောင်လက်ဖွဲ့ဆရာ ယွီ တို့သည် ဆိုင်ရှင်၏ သတိပေးချက်မှာ သူတို့ နှစ်ယောက်အတွက်သာ ဖြစ်ပြီး အဆောင်လက်ဖွဲ့ဆရာ ပိုင် နှင့် ဘာမှ မသက်ဆိုင်ဟု ထင်မှတ်ထားကြသည်။

သို့သော် တာအိုဆရာ ပိုင် က သူတို့ နှစ်ယောက်ထက်ပင် ပို၍ ကြောက်လန့်ပြီး လေးနက်နေပုံရ၏။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆိုင်ရှင် ခေါင်းညိတ်ပြလိုက်ရင်း “ကောင်းပြီ...” ဟု ဆိုလိုက်သည်။

စုယွီ၏ လင်းလုံ တာအို အဆောင်လက်ဖွဲ့ စံအိမ် အတွင်းရှိ နေ့ရက်များမှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။ ကူရှောက်ခွန်းနှင့် ကွမ်ကျားမင်းသမီးတို့ ကျဆုံးသွားခြင်းမှာ ချန်ကု အင်မော်တယ် မြို့တော် အပေါ် သက်ရောက်မှု မရှိသကဲ့သို့ပင်။

စုယွီသည် အေးအေးဆေးဆေး ကျင့်ကြံနေဆဲ ဖြစ်သော်လည်း အခြားတစ်နေရာတွင်မူ

ယခင် တာအိုသားတော် ရပ်တည်ခဲ့သော တောင်ထိပ်ပေါ်တွင် ယင်းမျိုးနွယ်စုမှ လူအချို့နှင့် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုမှ လူအချို့ ရောက်ရှိနေကြသည်။ သူတို့သည် အနည်းငယ် အရည်ပျော်နေသော တောင်ထိပ်ကို ကြည့်ရင်း မျက်မှောင်ကို အနည်းငယ် တွန့်ချိုးထားကြ၏။

“ဒီ မီးဖီးနစ် မြှားချက်က မင်းတို့ ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုရဲ့ အစီအစဉ် မဟုတ်ဘူးဆိုရင်... ဒါက ဘယ်သူ့ရဲ့ လက်ချက် ဖြစ်နိုင်မလဲ...”

“မင်းတို့ ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုက အင်မော်တယ် တစ်သောင်း နန်းတော်နဲ့ တိုက်ခိုက်နေတုန်းမှာ လူတစ်ယောက်က အဲဒီနန်းတော်ရဲ့ တာအိုသားတော် ကို မြှားနဲ့ ပစ်သတ်လိုက်တယ်... သူ ဘာကို ရည်ရွယ်တာလဲ…”

All Chapters