← Chapters

ယွင်ရှန်း ဈေးမြို့တော်သို့ ဦးတည်ခြင်း

Vol. 1 Ch. 12

ယွင်ရှန်း ဈေးမြို့တော်သို့ ဦးတည်ခြင်း

Vol. 1 Ch. 12

~နေမင်းကြီး ထွက်ပေါ်လာစ အချိန်တွင်... အရှေ့ဘက် ကောင်းကင်ယံသည် ခရမ်းရောင် သန်းနေလေသည်။

စုယွီ သည် ပြတင်းပေါက် ရှေ့တွင် တင်ပျဉ်ခွေ ထိုင်နေပြီး၊ လက်ထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကိုင်ဆောင်ကာ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေ၏။ "အစိမ်းရောင် သစ်သား ကျင့်စဉ်" မှ ထွက်ပေါ်လာသော ဝိဉာဉ် စွမ်းအင်များသည် ရေတွင်းနက်ကြီး တစ်ခုအတွင်းမှ ရေပြင်ကဲ့သို့ ငြိမ်သက်စွာ စီးဆင်းနေ၏။ လှိုင်းဂယက် အနည်းငယ်မျှပင် မထပေ။

ရုတ်တရက်... စုယွီ၏ ခန္ဓာကိုယ်မှ အစိမ်းရောင် အလင်းတန်း တစ်ခု လက်ခနဲ ထွက်ပေါ်လာပြီး၊ သူ၏ "ဒန်တျန်" အတွင်း ငြိမ်သက်နေသော ဝိဉာဉ် စွမ်းအင်များ စတင် လှုပ်ရှားလာတော့၏။

တစ်ခဏချင်း အတွင်းမှာပင်... ပတ်ဝန်းကျင်မှ သဘာဝ ဝိညာဉ်စွမ်းအင်များသည် သူ့ဆီသို့ စုဝေးလာကြပြီး၊ လှိုင်းလုံးငယ် တစ်ခုသဖွယ် ဖြစ်ပေါ်လာသည်။

စုယွီ၏ အရှိန်အဝါသည် အသံမထွက်ဘဲ တိတ်တဆိတ် မြင့်တက်သွားပြီး၊ "ချီစွမ်းအင် စုစည်းခြင်း တတိယအဆင့်" သို့ အောင်မြင်စွာ ကူးပြောင်းသွားလေတော့၏။

နာရီဝက် ကြာပြီးနောက်...

စုယွီ၏ လက်ထဲမှ ဝိညာဉ်ကျောက်တုံးသည် အမှုန့်များ အဖြစ် ကြွေကျသွားသည်။ သူ့ပတ်ဝန်းကျင်တွင် စုဝေးနေသော ဝိညာဉ်စွမ်းအင် လှိုင်းလုံးများသည်လည်း မူလ အတိုင်း ငြိမ်သက်သွားလေသည်။

သူ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။

"နောက်ဆုံးတော့ အဆင့်တက်သွားပြီ"

သူ အာရုံစိုက်လိုက်သည်နှင့်... မျက်စိရှေ့တွင် စာတန်းများ ပေါ်လာသည်။

[ အမည် - စုယွီ ]

[ ကျင့်ကြံမှု အဆင့် - ချီစွမ်းအင် စုစည်းခြင်း (တတိယအဆင့်) ]

[ သက်တမ်း - ၁၈ / ၁၀၀ ]

[ ကျင့်စဉ် - ဝူထုံ အစိမ်းရောင် သစ်သားသိုင်းကျမ်း (တတိယအဆင့်၊ ကျွမ်းကျင်မှု ၀.၀၁%)၊ မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ် (စတုတ္ထအလွှာ၊ ကျွမ်းကျင်မှု ၆၉.၁%) ]

[ မန္တန်များ - နွယ်ပင် ထိန်းချုပ်ခြင်း (ပြီးပြည့်စုံ)၊ ဝိညာဉ် မွေးမြူခြင်း (ပြီးပြည့်စုံ)၊ ဝိညာဉ် လှံတံ (ပြီးပြည့်စုံ)၊ ဝိညာဉ် စုစည်းခြင်း (ကျွမ်းကျင်မှု ၃၆.၈%) ]

ယွင်ကျန်းဂိုဏ်းမှ ပြန်ရောက်ပြီး (၂) နှစ်ခွဲနီးပါး ကြာမှ... တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်၏။

သူ့ ပါရမီက စုဇီ နှင့ စုချင်းယီ တို့ကို မယှဉ်နိုင်ပါချေ။

သို့တိုင်၊ စုယွီ စိတ်မပူပါ။ လက်ရှိ အခြေအနေမှာ သူတို့လောက် ခရီးမရောက်သော်လည်း... ကျင့်ကြံခြင်း လမ်းခရီးက ရှည်လျားသည်လေ။ အဆင့်မြင့်လာလေလေ... အဟန့်အတား မရှိသည့် သူ၏ "ကျွမ်းကျင်မှု မျက်နှာပြင်" အားသာချက်က ပိုပေါ်လွင်လာပြီး၊ အားလုံးကို ကျော်တက်သွားနိုင်မှာ သေချာ၏။

တတိယအဆင့် ရောက်သွားခြင်းက စုယွီကို စိတ်အားတက်ကြွစေသည်။

ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်ရင်း... စုယွီ၏ အကြည့်က "ကိုယ်ခန္ဓာ ကျင့်စဉ်" ပေါ်သို့ ရောက်သွားပြီး တွေးတောလိုက်မိ၏။

"ဒီနှစ် အတွင်းမှာ ကိုယ်ခန္ဓာ ကျင့်စဉ် တိုးတက်မှုက သိပ်မကောင်းလှဘူး"

စဉ်းစားပြီးနောက်... စုယွီ သည် "ချန်ခွန်း အိတ်" ကို ဖွင့်လိုက်ပြီး၊ စုဆောင်းထားသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၃၀) ကျော်ကို ကြည့်ကာ ဆုံးဖြတ်ချက် ချလိုက်၏။

"ယွင်ရှန်း ဈေးမြို့တော်ကို သွားဖို့ အခွင့်အရေး ရှာမှ ဖြစ်မယ်"

ဆေးဥယျာဉ်ကနေ လစဉ် ယွင်ရှန်း ဈေးမြို့တော်ကို ကုန်သည် အဖွဲ့ စေလွှတ်လေ့ ရှိသည်။ မိသားစုက ကျင့်ကြံသူတွေ အစောင့်

လိုက်ပေးကြသည်။ ထိုအဖွဲ့နှင့် လိုက်သွားလျှင် ပိုပြီး လုံခြုံစိတ်ချရမည်။

လွန်ခဲ့သော တစ်နှစ်အတွင်း ဆေးဥယျာဉ်ထဲရှိ ဝိညာဉ်စွမ်းအင်ပမာဏမှာ (၁၀) ရာခိုင်နှုန်းနီးပါး တိုးမြင့်လာခဲ့သည်။ ဤအချက်ကို ကြည့်လျှင် စိုက်ခင်းအောက်၌ 'ပထမအဆင့် ဝိညာဉ်သွေးကြော' ရှိနေသည်မှာ သေချာသလောက် ဖြစ်နေပြီ။

ယခု စောင့်ဆိုင်းနေရသည်မှာ မိသားစုက 'မြေဆရာ' တစ်ဦး ရှာဖွေတွေ့ရှိရန်သာ ဖြစ်သည်။ နဂါးရှာဖွေခြင်း နည်းပညာ ဖြင့် အခင်းအကျင်းကြီးတစ်ခု ခင်းကျင်းလိုက်ပါက ဤနေရာသည် 'ကောင်းချီးပေးခံရသောမြေ' ဖြစ်လာပေလိမ့်မည်။

အညံ့စား ပထမအဆင့် ဝိညာဉ်သွေးကြော ဖြစ်နေလျှင်ပင် စုမိသားစုအတွက်မူ ရတနာသိုက်ကြီး တစ်ခု ဖြစ်ပေသည်။ နှမြောစရာကောင်းသည်မှာ မြေဆရာ ရှာဖွေရန် မလွယ်ကူလှခြင်းပင်။ မိသားစုမှာ ယခုတိုင် သတင်းစုံစမ်းနေဆဲသာ ဖြစ်သည်။

'ဤနေရာသာ ကောင်းချီးပေးခံရသော မြေ ဖြစ်သွားလျှင်... သူ၏ ကျင့်ကြံမှုနှုန်းလည်း ပိုမိုမြန်ဆန်လာမည်သာ...'

စုယွီ မျှော်လင့်တကြီး တွေးတောမိလိုက်သည်။ တစ်ဝက်ခန့်သာ ပိုမိုမြန်ဆန်လာလျှင်ပင် ရေရှည်တွင် အချိန်များစွာ သက်သာသွားစေမည် မဟုတ်ပါလော။

နောက်တစ်နေ့ မနက်ခင်း...

စုယွီ သည် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကိုင်လျက် ကျင့်ကြံရာမှ နိုးထလာသည်။ မျက်လုံးဖွင့်လိုက်သည်နှင့် ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်သည်။

"ဝူထုံ ကျင့်စဉ်" ကျင့်ကြံမှုနှုန်း ပိုမြန်လာတယ်။ အခုဆို (၂) နာရီကျော်ကျော်လောက်ပဲ ကြာတော့တယ်။

"ကျွမ်းကျင်မှု (၀.၁၂%) တိုးလာတယ်"

စုယွီ တွက်ချက်လိုက်သည်။

"နေ့တိုင်း ဝိညာဉ်ကျောက်တုံး သုံးပြီး ကျင့်ကြံမယ် ဆိုရင်တောင်... တတိယအဆင့် ကနေ စတုတ္ထအဆင့် ရောက်ဖို့ (၃) နှစ်နီးပါး ကြာဦးမှာပဲ"

"တိတိကျကျ ပြောရရင်... (၂) နှစ် ကျော်ကျော်ပေါ့... (၂) နှစ်နဲ့ (၂) လ၊ (၃) လ လောက် ကြာမယ်"

လကုန်ခါနီးပြီ ဖြစ်သဖြင့်... စုယွီ သည် "သားရဲမျှားဆေးမှုန့်" ထောင်ချောက် (၁၀) ခု ဆင်လိုက်ရာ... ကံကောင်းထောက်မစွာဖြင့် "မြေကျောက် ကြွက်သားရဲ" (၆) ကောင် မိလေသည်။ အဲဒီအထဲမှာ "ပထမအဆင့် (အလယ်အလတ်)" အကောင် (၂) ကောင် ပါဝင်လေသည်။

နောက်တစ်နေ့...

စုယွီ သည် ဖမ်းမိသော ကြွက်သားရဲများကို သယ်ဆောင်ပြီး ဆေးမျှော်စင်သို့ ရောက်ရှိလာသည်။ အတွင်းထဲတွင် တတိယ အကြီးအကဲ စုချန် သည် အခြား အကြီးအကဲများနှင့် အတူ စာရင်းစစ်နေပြီး၊ လစဉ် ဝိညာဉ် ဆေးပင် ပို့ဆောင်ရန် ပြင်ဆင်နေကြလေ၏။

စုယွီ ဝင်လာသည်ကို မြင်သောအခါ၊ စုချန် မော့ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

"ဟော... ငါတို့ ဆေးခင်းရဲ့ 'သားရဲဘုရင်' လေး ရောက်လာပြန်ပြီလား"

အခြား အကြီးအကဲများလည်း ရယ်မောလိုက်ကြပြီး၊ စုယွီ ကို ခေါင်းညိတ် အသိအမှတ် ပြုကြသည်။

ဒီတစ်နှစ် အတွင်း... စုယွီ သည် ကြွက်သားရဲများကို ပုံမှန် နှိမ်နင်းပေးခဲ့သဖြင့်၊ ဆေးခင်း အတွင်း ကြွက်သားရဲ အန္တရာယ် လျော့ပါးသွားလေ၏။

ထို့ကြောင့် စုယွီ၏ နာမည်သည် ဆေးခင်း တစ်ခုလုံးတွင် ကျော်ကြားနေခြင်း ဖြစ်၏။

သူ တစ်နှစ်အတွင်း တတိယအဆင့် ရောက်လာနိုင်တာကလည်း... ကြွက်သားရဲတွေဆီက ရသော အရင်းအမြစ်တွေ အများကြီး ပါသည်ပေါ့။

စုယွီ သည် အိတ်ကို လေးစားစွာ ကမ်းပေးလိုက်သည်။

"ဒါ မနေ့ညက ဖမ်းမိထားတာပါ... ကြွက်သားရဲ (၆) ကောင်ပါဗျ"

ထိုစကား ကြားသောအခါ စုချန် အံ့သြသွားသည်။

"(၆) ကောင်..."

သူ စုယွီ ကို အံ့သြစွာ စိုက်ကြည့်လိုက်သည်။

အရင်တုန်းက စုယွီ အများဆုံး ဖမ်းလာနိုင်တာ (၅) ကောင်ပဲ ရှိခဲသည်လေ။

ဒီတစ်ခါ ပထမဆုံး အကြိမ် စံချိန်ချိုးလိုက်သည်ပင်။

စုချန် အိတ်ကို ဖွင့်ကြည့်လိုက်ရာ အာမေဋိတ်သံ ထွက်ပေါ်လာသည်။

"ဟာ... ပထမအဆင့် (အလယ်အလတ်) အကောင်ကြီး (၂) ကောင်တောင် ပါတာပဲ"

အခြား အကြီးအကဲများကတော့ သိပ်မအံ့သြကြပေ။

သူတို့က စုယွီ ကို ကြည့်ပြီး ရယ်မောကာ ပြောကြသည်။

"ဒီကောင်လေး ရှိနေသရွေ့တော့... ငါတို့ ဆေးခင်းက ဝိညာဉ် သွေးကြောကို ကြွက်သားရဲတွေ ဖျက်ဆီးနိုင်မှာ မဟုတ်တော့ဘူး"

စုချန် ဝမ်းသာနေသည်ကို မြင်သောအခါ၊ စုယွီ က အခွင့်ကောင်း ယူပြီး ယွင်ရှန်း ဈေးမြို့တော်သို့ သွားမည့် ကုန်သည် အဖွဲ့နှင့် လိုက်ပါလိုကြောင်း ပြောလိုက်သည်။

စုချန် ခဏ စဉ်းစားပြီး သဘောတူလိုက်သည်။

"ကောင်းပြီလေ... ဒါပေမဲ့ လမ်းခရီးမှာ အမိန့်နာခံရမယ်နော်... အဖွဲ့ရဲ့ လုံခြုံရေးကိုလည်း ကူညီ စောင့်ရှောက်ပေးရမယ်"

ထို့နောက် စုချန် သည် ကြွက်သားရဲ (၆) ကောင် အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ ထုတ်ပေးလိုက်သည်။

(အလယ်အလတ်) အကောင် (၂) ကောင် အတွက် သွေးအဆီအနှစ် မပါသည့် ပုံမှန် နှုန်းထားဖြင့် တွက်ပေးလိုက်၏။

ပစ္စည်း တန်ဖိုးပါ ပေါင်းလိုက်ရင်... စုစုပေါင်း ဝိညာဉ်ကျောက်တုံး (၇၈) တုံး ရရှိလေသည်။

"သဘက်ခါ ..မနက် စောစော ဒီကို လာခဲ့"

စုချန် မှာကြားလိုက်၏။

ဝိညာဉ်ဆေးပင်များ သယ်ယူပို့ဆောင်ရာတွင် မြင်းလှည်းများဖြင့် သမားရိုးကျ သယ်ဆောင်နေခြင်း မဟုတ်ပါချေ။

သူ၊ စုယွီပင်လျှင် လင်းမိသားစုဝင်ကို သတ်ဖြတ်၍ 'ချန်ခွန်းအိတ်' တစ်လုံး သိမ်းဆည်းရမိခဲ့ဖူးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဆေးပင်သယ်ယူရန်အတွက် 'ချန်ခွန်းအိတ်' (သို့မဟုတ်) 'ချန်ခွန်းလက်စွပ်' ကို အသုံးမပြုဘဲ နေပါမည်လော။

သဘက်ခါ မနက် စောစော...

စုယွီ ဆေးမျှော်စင်သို့ ရောက်သောအခါ၊ အခြား ကျင့်ကြံသူ (၁၀) ဦး ရောက်နှင့်နေပြီ ဖြစ်၏။

ခေါင်းဆောင်မှာ ချီစွမ်းအင် စုစည်းခြင်း သတ္တမအဆင့် ရှိသော မိသားစု အကြီးအကဲ တစ်ဦး ဖြစ်၏။

သူ့နာမည်က "စုကျင်းပန်း" ဖြစ်ပြီး၊ စုယွီ၏ အဘိုး မျိုးဆက်ဖြစ်၏။

သူက ဆေးဥယျာဉ်နှင့် ယွင်ရှန်း ဈေးမြို့တော် ကြား လမ်းကြောင်းကို တာဝန်ယူလာတာ ဆယ်စုနှစ် တစ်ခုကျော်ပြီ ဖြစ်၏။

"ရောက်ပြီလား... သွားကြစို့"

စုယွီ ရောက်လာသည်ကို မြင်သောအခါ၊ စုကျင်းပန်း က ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။ ကျန် (၉) ယောက်ကတော့ စုယွီ ကို စိတ်ဝင်တစား ကြည့်နေကြသည်။

သူတို့အားလုံး ဆေးခင်း၏ "ကြွက်သားရဲ နှိမ်နင်းသူ" စုယွီ အကြောင်း ကြားဖူးထားကြသည်လေ။

စုယွီ အပါအဝင် (၁၁) ယောက်စလုံး ကျင့်ကြံသူတွေချည်း ဖြစ်၏။

သူတို့က ယွင်ရှန်း ဈေးမြို့တော်ကို မှော်လက်နက်တွေ သုံးပြီး ပျံသန်း မသွားကြပါ။ ဝိဉာဉ် စွမ်းအင် လုံလောက်သည် ဖြစ်စေ၊ မလုံလောက်သည် ဖြစ်စေ... အဲဒီလို ကြွားဝါပြီး သွားရဲသည့် သတ္တိ မရှိကြချေ။

ဝိဉာဉ် စွမ်းအင် ကုန်သွားသော အချိန် လမ်းမှာ ဓားပြတွေနှင့် တွေ့လျှင် အခက်တွေ့ရပါမည်။

သို့ကြောင့် သူတို့က "ဝိညာဉ်မြင်း" တွေ စီးပြီး သွားကြခြင်းပါ။

ခရီးလမ်းက ချောမွေ့ပါသည်။ ပြိုင်ဘက် လင်းမိသားစု၏ နှောင့်ယှက်မှုတောင် မရှိခဲ့ပါ။

(၃) ရက် ကြာပြီးနောက်... သူတို့သည် ယွင်ကျန်းဂိုဏ်း၏ တံခါးပေါက် အပြင်ဘက်ရှိ ယွင်ရှန်း ဈေးမြို့တော်သို့ ဘေးကင်းစွာ ရောက်ရှိလာကြသည်။

ဈေးမြို့တော်ထဲ ဝင်ဖို့ လူတစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးရသည်။

ဈေးမြို့တော်ထဲမှာ တည်းခိုဖို့ ဆုံးဖြတ်မထားလျှင်၊ နေဝင်မိုးချုပ်သည့် အထိပဲ နေခွင့် ရှိ၏။ ညဘက် လမ်းပေါ်မှာ လျှောက်သွားနေ၍ မရပါ။

ဝင်ကြေး ပေးပြီးနောက် စုကျင်းပန်း က ပြောသည်။

"ဆေးလုံးမျှော်စင်ကို အရင် သွားကြမယ်... ဒီည ဈေးမြို့တော်မှာ ညအိပ်မယ်... မနက်ဖြန် ညနေကျမှ ပြန်ကြမယ်... အဲဒီမတိုင်ခင် အထိ မင်းတို့ လွတ်လပ်စွာ သွားလာနိုင်တယ်"

ဈေးမြို့တော်က အလွန် ကြီးမားပြီး တောင်တန်းကြီး တစ်ခု အတွင်းမှာ တည်ဆောက်ထားတာ ဖြစ်၏။ ဈေးမြို့တော် တစ်ခုလုံးကို ကြီးမားသည့် အခင်းအကျင်းကြီး တစ်ခုနှင့် လွှမ်းခြုံ ကာကွယ်ထားသည်။ နေရာတိုင်းမှာ ဝိညာဉ် စိုက်ခင်းတွေအား တွေ့မြင်နေရ၏။

ကောလာဟလတွေ အရ... ဒီဈေးမြို့တော်၏ အောက်ခြေမှာ ယွင်ကျန်းဂိုဏ်း၏ ဝိညာဉ် သွေးကြော အခွဲ တစ်ခု ရှိသည်ဟု ဆိုကြသည်။

အခွဲ ဆိုပေမယ့်လည်း... "ဒုတိယအဆင့် ဝိညာဉ် သွေးကြော" ဖြစ်ပါသည်။

စုမိသားစု ဆေးခင်းအောက်က ပထမအဆင့် ဝိညာဉ် သွေးကြောထက် အများကြီး ပိုစွမ်းအားကြီးလေသည်။

ဈေးမြို့တော်ထဲ ဝင်လိုက်သည်နှင့်တပြိုင်နက်... စုယွီ တစ်ယောက် သဘာဝ ဝိညာဉ်စွမ်းအင်၏ ကွာခြားမှုကို ချက်ချင်း ခံစားလိုက်ရ၏။

ဒီနေရာမှာ တစ်ရက်လောက် နေလိုက်သည်က... ဆေးခင်းထဲမှာ နေတာထက် ကျင့်ကြံမှုနှုန်း (၁၀%) ကျော် ပိုမြန်စေနိုင်လေသည်။

All Chapters