← Chapters

ကျင့်စဉ် ပြောင်းလဲခြင်း

Vol. 1 Ch. 14

ကျင့်စဉ် ပြောင်းလဲခြင်း

Vol. 1 Ch. 14

~တစ်နာရီ ကြာပြီးနောက်...

အခြား စာအုပ်စင် တစ်ခုအနီးတွင် စုယွီ သည် လက်ထဲရှိ ရှေးဟောင်း စာအုပ် တစ်အုပ်ကို ဖတ်ရှုရင်း မျက်မှောင်ကြုတ်နေမိသည်။ ဤစာအုပ်သည် ကျင့်ကြံခြင်း ကျင့်စဉ် မဟုတ်သလို၊ ကိုယ်ခန္ဓာ ကျင့်စဉ် လည်း မဟုတ်ပေ။

၎င်းကို "တုပထားသော နတ်ဘုရား စွမ်းရည်" ဟု ခေါ်ဆိုနိုင်ပေသည်။

ရှေးဟောင်း ခေတ်ကာလက အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ၏ မွေးရာပါ နတ်ဘုရား စွမ်းရည်များကို အတုယူ ဖန်တီးထားသော နည်းစနစ် တစ်ခု ဖြစ်လေသည်။

ဤနည်းစနစ်၏ အမည်မှာ... "သွေးဝေလငါး လမင်းမျိုသိုင်းကျမ်း " ဟူ၍ ဖြစ်၏။

ရှေးဟောင်း သားရဲမျိုးနွယ်၏ စွမ်းအားကြီးမားမှုကို အတုယူပြီး၊ ကိုယ်ခန္ဓာ ကျင့်စဉ် နည်းစနစ်များနှင့် ပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်၏။

စာအုပ်ထဲတွင် ဖော်ပြထားချက်အရ... သားရဲမျိုးနွယ်ဝင် "ကောင်းကင်မျို ဝေလငါး " ၏ သွေးမျိုးဆက်ကို အရင်းအမြစ် အဖြစ် အသုံးပြုပြီး၊ ခန္ဓာကိုယ် အတွင်း၌ "တုပ နတ်ဘုရား စွမ်းရည် အရင်းအမြစ်" တစ်ခုကို ဖန်တီးရမည် ဟု ဆိုထားသည်။

ဤအရင်းအမြစ်သည် ကောင်းကင်ဘုံကိုပင် မျိုချနိုင်သော စွမ်းအား ရှိသည်။

ကောင်းကင်နှင့် မြေကြီး၏ အဆီအနှစ်များကို စုပ်ယူပြီး၊ အရင်းအမြစ် အတွင်း၌ စုဆောင်း သိမ်းဆည်းထားနိုင်သည်။

ဤတုပ နတ်ဘုရား စွမ်းရည်ကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက်၊ မူလ စွမ်းအားထက် နှစ်ဆမက ပေါက်ကွဲထွက်ပေါ်လာစေနိုင်သည်။

ရှေးဟောင်းခေတ်တုန်းက ကောင်းကင်မျို ဝေလငါး မျိုးနွယ်စုသည် ကြီးကျယ်ခမ်းနားသော မျိုးနွယ်စုကြီး တစ်ခု ဖြစ်ခဲ့ဖူးသည်။ သို့သော် သားရဲမျိုးနွယ်စုကြီး ကျဆင်းသွားချိန်နှင့် ဤတုပ နတ်ဘုရား စွမ်းရည် ပေါ်ပေါက်လာချိန်တို့ တိုက်ဆိုင်နေသဖြင့်၊ ကျင့်ကြံသူ အများအပြားသည် ဝေလငါးများကို အလုအယက် လိုက်လံ သတ်ဖြတ်ခဲ့ကြသည်။

ယခုအခါတွင်မူ... ရှေးဟောင်း ကောင်းကင်မျို ဝေလငါး မျိုးနွယ်စုသည် မျိုးသုဉ်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

သဘာဝကျစွာပင်... "သွေးဝေလငါး လမင်းမျိုသိုင်းကျမ်း" သည်လည်း "အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်" ကဲ့သို့ပင်... "စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ရမှာလည်း အဆီတဝင်းဝင်း" ဖြစ်သွားတော့၏။

"ဒီလောက်ဆို လုံလောက်ပြီ"

ဤနည်းစနစ်ကို တွေ့ပြီးနောက်၊ စုယွီ သည် ရှေးဟောင်း စာအုပ် နှစ်အုပ်ကို ကိုင်ဆောင်ကာ ကောင်တာသို့ ချက်ချင်း လျှောက်သွားလိုက်သည်။

ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ ကောင်တာ နောက်ဘက်တွင် ဆံပင်ဖြူနှင့် အဘိုးအို တစ်ဦး ထိုင်နေ၏။ ဖောက်သည် အချို့ကို ငွေရှင်းပေးပြီးနောက်၊ စုယွီ ယူလာသော စာအုပ်နှစ်အုပ်ကို မြင်လိုက်ရသည်။

အဘိုးအိုက စုယွီ ကို မော့ကြည့်လိုက်ပြီး အံ့သြဟန်ဖြင့် ပြောသည်။

"ရှေးဟောင်း စာအုပ် နှစ်အုပ်... တစ်အုပ်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀)... မင်း ဖတ်လို့တော့ ရမယ်၊ ဒါပေမဲ့ သူများဆီ ပြန်ဖြန့်လို့ မရဘူး... ပြီးတော့ ရောင်းပြီးသား ပစ္စည်း ပြန်မလဲရဘူးနော်"

"နားလည်ပါပြီခင်ဗျာ"

နာကျင်နေသော မျက်နှာထားဖြင့်ပင်၊ စုယွီ သည် ချန်ခွန်း အိတ်ထဲမှ ဝိညာဉ်ကျောက်တုံး (၁၀၀) ကို ထုတ်ယူပြီး ပေးချေလိုက်သည်။ အဘိုးအိုက ကူးယူထားသော စာအုပ်အသစ် နှစ်အုပ်ကို ထုတ်ပေးလိုက်သည်။

တစ်ချက် လှန်လှော ကြည့်ရှုပြီးနောက်၊ စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော "အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်" သည် စက်ဝိုင်း (၃) ခုနှင့် စုစုပေါင်း အပတ်ရေ (၂၇) ပတ် အထိသာ ပါရှိသည်။

"သွေးဝေလငါး လမင်းမျိုသိုင်းကျမ်း" မှာမူ ပထမတွဲ ဖြစ်ပြီး၊ အဆင့် (၅) ဆင့် ခွဲခြားထား၏။

အဆင့် တစ်ဆင့် တက်တိုင်း စွမ်းအား နှစ်ဆ တိုးလာပြီး၊ အများဆုံး (၅) ဆ အထိ တိုးမြှင့်နိုင်သည်။

အရေးကြီးဆုံး အချက်မှာ... ဤကျင့်စဉ်ကို လေ့ကျင့်သူသည် သန်မာသော ခန္ဓာကိုယ် ရှိရမည်။ သို့မဟုတ်ပါက တုပ နတ်ဘုရား စွမ်းရည်၏ ပေါက်ကွဲအားကို မခံနိုင်ဘဲ ခန္ဓာကိုယ် ပေါက်ကွဲ သေဆုံးသွားနိုင်သည်။

ယေဘုယျ အားဖြင့်... ထုတ်သုံးမည့် စွမ်းအား ကြီးမားလေ၊ ခံနိုင်ရည် ရှိမည့် ခန္ဓာကိုယ် သန်မာဖို့ လိုအပ်လေ ဖြစ်၏။

မဟုတ်လျှင်... သေချင်သေ၊ မသေရင်တောင် ဒဏ်ရာ အပြင်းအထန် ရသွားနိုင်သည်။

ငွေရှင်းပြီးသည်ကို မြင်သောအခါ၊ ကောင်းကင်သိုင်းကျမ်း မျှော်စင်မှ အဘိုးအိုက ပြုံးစစဖြင့် ပြောလိုက်သည်။

"လူငယ်လေး... ဒီရှေးဟောင်း ထူးဆန်းတဲ့ ကျင့်စဉ် နှစ်ခုကိုသာ မင်း ပိုင်နိုင်သွားရင်၊ ကျင့်ကြံသူ လောကမှာ မင်းအတွက် နေရာတစ်နေရာ သေချာပေါက် ရလာမှာပါ"

"တကယ်လို့ မအောင်မြင်ရင်လည်း စိတ်မပျက်ပါနဲ့ကွာ... ဒီလောကကြီးမှာ မင်းနဲ့ ကိုက်ညီမယ့် မှော်ကျင့်စဉ် တစ်ခုခုတော့ ရှိမှာပဲလို့ ယုံကြည်ထားလိုက်... ငါတို့ ကောင်းကင်သိုင်းကျမ်း မျှော်စင်မှာ အဲဒီလို ကျင့်စဉ်တွေ အများကြီး စုဆောင်းထားတယ်... နောက်လည်း မကြာခဏ လာအားပေးဦးနော်"

စုယွီ - "..."

ဒီအဖိုးကြီးကို ကိုက်စားပစ်ချင်စိတ် ပေါက်သွားသည်။

ငါ့ပိုက်ဆံအိတ်ကိုပဲ မျှော်နေတာလား။

ဒါမှမဟုတ် ငါ့ကို အရူး လာလုပ်နေတာလား။

စုကျင်းပန်း လျှောက်လာသည်။ အသုံးမဝင်သော စာအုပ်နှစ်အုပ် အတွက် ဝိညာဉ်ကျောက်တုံး (၁၀၀) ဖြုန်းလိုက်သော စုယွီ ကို ကြည့်ပြီး သူ့မျက်နှာထား ထူးဆန်းနေ၏။

အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေ၏။ ဆိုင်ရှင်က ပြန်လာဖို့ ဖိတ်ခေါ်တာ မဆန်းပါဘူးလေ။

"မင်း... ထားလိုက်ပါတော့ကွာ... ဒီဟာတွေက ကြည့်ကောင်းပေမယ့် အသုံးမဝင်ပါဘူး... ဒီတစ်ခါ အရှုံးကနေ သင်ခန်းစာ ယူပေါ့ကွာ"

စုကျင်းပန်း ခေါင်းခါလိုက်သည်။

ဘာမှ ဆက်မပြောတော့ဘဲ၊ စုယွီ ကို ခေါ်ပြီး မျှော်စင်ထဲမှ ထွက်ခွာလာလေ၏။

စုယွီ ကတော့ ကျင့်စဉ် နှစ်ခုကို ချန်ခွန်း အိတ်ထဲ ထည့်သိမ်းလိုက်ပြီး ကျေနပ်စွာ ထွက်ခွာလာလေ၏။

ကြည့်ရတာတော့ မျှော်စင်က အမြတ်ကြီး စားလိုက်တယ်လို့ ထင်ရသော်လည်း...

"ကျွမ်းကျင်မှု မျက်နှာပြင်" ရှိသော သူ့အတွက်တော့ မရှုံးပါ။

နှစ်ဦးနှစ်ဖက်လုံး ပျော်ရွှင်ရပါသည်။

ထို့နောက် စုကျင်းပန်း သည် စုယွီ ကို သားရဲ ပစ္စည်းများ သီးသန့် ရောင်းချသော ဆိုင်တစ်ဆိုင်သို့ ခေါ်သွားလေသည်။

"ဒါက ကျောက်နက်တောင်က ယွီမိသားစု ပိုင်တဲ့ ဆိုင်ပဲ... ဒီမှာ သားရဲ ပစ္စည်းတွေ ဈေးသင့်တယ်"

ကျောက်နက်တောင်က ယွီမိသားစုကို စုယွီ သိပါသည်။

စုမိသားစုထက် အများကြီး ပိုအင်အားကြီးသော ကျင့်ကြံသူ မိသားစုကြီး တစ်ခုလေ။ ကောလာဟလတွေ အရ ဆိုလျှင်... သူတို့ဆီမှာ "အခြေခံ တည်ဆောက်ခြင်း" အဆင့် ကျင့်ကြံသူ (၅) ယောက်တောင် ရှိသည်တဲ့။ သူတို့က သားရဲကောင်တွေကို ထိန်းချုပ်သည့် နေရာမှာ ကျွမ်းကျင်ကြလေ၏။

ကျောက်နက်တောင် ဆိုတာကလည်း ကောင်းချီးပေးခံရသည့် မြေနေရာပင်။ အောက်မှာ "ဒုတိယအဆင့် ဝိညာဉ် သွေးကြော" ရှိ၏။

ဒီဆိုင် အပြင်... ဈေးမြို့တော်ထဲမှာ "ဝိညာဉ် အိမ်မွေးတိရစ္ဆာန်" တွေ ရောင်းတဲ့ နောက်ထပ် ဆိုင်တစ်ဆိုင်လည်း ရှိသေးသည်။

ဒီဆိုင်မှာတော့... စုယွီ သည် "ပထမအဆင့် (နှောင်းပိုင်း) သားရဲ သွေးအဆီအနှစ်" (၃၅) စက် ဝယ်ယူလေ၏။ တစ်စက်ကို ဝိညာဉ်ကျောက်တုံး (၂) တုံး၊ (၃) တုံးလောက် ပေးရသည်။ စုစုပေါင်း ဝိညာဉ်ကျောက်တုံး (၁၀၀) နီးပါး ကုန်ကျသွားသည်။

သားရဲ သွေးအဆီအနှစ်က အဆင့်မြင့်လေ ၊ ဈေးကြီးလေပင် ဖြစ်၏။

ထို့နောက် သူတို့နှစ်ဦး ဈေးမြို့တော်ထဲ လျှောက်လည်ကြသည်။

ဒီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိ လေ၏။ စုယွီ လိုချင်တာတွေ၊ မက်မောတာတွေ အများကြီး တွေ့ရသော်ငြား.. သူ့လက်ထဲမှာ ဝိညာဉ်ကျောက်တုံး သိပ်မကျန်တော့ပါ။

လျှောက်လည်ပြီးနောက် ဆေးလုံးမျှော်စင်သို့ ပြန်လာကြသည်။

ညဘက်တွင်...၊

စုယွီ သည် ဝိညာဉ်ကျောက်တုံး (၃) တုံး သုံးပြီး "ဝိညာဉ် ဝိုင်" တစ်အိုး ဝယ်ကာ စုကျင်းပန်း နှင့် အခြားသူများကို တည်ခင်း ဧည့်ခံလိုက်သည်။ စားသောက်ပြီးနောက် ဒုတိယ အကြီးအကဲ စီစဉ်ပေးထားသော အခန်းငယ်လေးထဲသို့ ပြန်ဝင်ကာ အနားယူလိုက်သည်။

ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ရင်း... စုယွီ သည် ချန်ခွန်း အိတ်ထဲမှ "အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်" နှင့် "သွေးဝေလငါး လမင်းမျိုသိုင်းကျမ်း" ကို ထုတ်ယူလိုက်သည်။

သူ့အဓိက ပစ်မှတ်က "နှစ်ပတ်လည် ကွင်း ကျင့်စဉ်" ပင်။ စက်ဝိုင်း (၃) ခုနှင့် အပတ်ရေ (၂၇) ပတ်သာ ပါသည် ဆိုငြား... အနည်းဆုံးတော့ "ရွှေအမြုတေ" အဆင့်ထိ ပြဿနာ မရှိဘဲ ကျင့်ကြံနိုင်၏။

ကျင့်စဉ်ကို ကြည့်ရင်း စုယွီ ဝမ်းသာအားရ ဖြစ်နေ၏။

"တကယ်လို့သာ ကျင့်စဉ် ပြောင်းလဲတာ အောင်မြင်ခဲ့ရင်... နောက်ပိုင်း ဒီကျင့်စဉ်ကိုပဲ အဓိကထား ကျင့်ကြံတော့မယ်"

အရင်က ရွေးချယ်စရာ မရှိ၍သာ "အစိမ်းရောင် သစ်သား ကျင့်စဉ်" ဆိုသော သာမန် ကျင့်စဉ်ကို သုံးခဲ့ရသည်။

အခု ပိုကောင်းသည့် ကျင့်စဉ် ရလာပြီ ဆိုတော့... ပြောင်းချင်တာ သဘာဝပါပင်။

"စမ်းကြည့်ကြစို့"

စုယွီ စတင် စမ်းသပ်လိုက်သည်။

ဒီကျင့်စဉ်ကို တတ်မြောက်ဖို့ "အစိမ်းရောင် သစ်သား၏ မူလ အဆီအနှစ်" လိုအပ်သော်လည်း... စုယွီ့မှာ ထိုသို့ အထူး စွမ်းအားမျိုး မရှိပါ။

သူ လုပ်နိုင်သည်က... "ကျွမ်းကျင်မှု မျက်နှာပြင်"၏ အကူအညီနဲ့ ဖြည်းဖြည်းချင်း စမ်းသပ်ကြည့်ဖို့သာ။

တစ်ညတာ ကုန်ဆုံးသွားလေ၏။

စုယွီ ဘာမှ ထူးခြားမှု မရရှိခဲ့ပေ။

သို့သော်၊... တစ်ညလုံး ကြိုးစားပြီးနောက်၊ နောက်တစ်နေ့ မနက်မှာ သူ အထူးတလည် လန်းဆန်း တက်ကြွနေတာကို ခံစားလိုက်ရသည်။ အရင်ကထက် ပိုပြီး အသက်ပါ လှုပ်ရှားလာသလိုပင်။

ဒါက မျှော်လင့်ချက် ရောင်ခြည် တစ်ခုပါပဲ။

စုယွီ ပျော်ရွှင်သွားသည်။

နေ့လယ်ခင်းတွင်...

စုယွီ သည် စုကျင်းပန်း တို့အဖွဲ့နှင့် အတူ ပြန်လည် ထွက်ခွာလာလေ၏။

ဈေးမြို့တော် အပြင်ဘက်သို့ ရောက်သောအခါ...

ခပ်လှမ်းလှမ်း တစ်နေရာတွင် စုကျင်းပန်း က နေရာအချို့ကို လှမ်းကြည့်လိုက်ပြီး ဘာမှ မဖြစ်သလို နေလိုက်သည်။ ထိုနေရာများတွင် ပုန်းအောင်းနေသော အရှိန်အဝါများသည် ချက်ချင်းပင် ဆုတ်ခွာ ပျောက်ကွယ်သွားကြသည်။

ဈေးမြို့တော် အစွန်အဖျားကဲ့သို့သော နေရာမျိုးများသည် ဓားပြများ ကျက်စားလေ့ရှိသည့် နေရာများ ဖြစ်သည်။ သို့သော် ထိုဓားပြအများစုမှာ သိပ်ပြီး စွမ်းလှသည်တော့ မဟုတ်ပေ။

"မြန်မြန် သွားကြမယ်"

စုကျင်းပန်း တိုးတိုးလေး ပြောလိုက်ပြီး၊ ရှေ့ကနေ အရှိန်မြှင့် ဦးဆောင် သွားလေသည်။

အပြန်ခရီးကလည်း ချောမွေ့ပါသည်။ မည်သူမှ လာမတိုက်ခိုက်ကြ။ မြစ်ရေစီး မြို့တော် နား ရောက်သည်အထိ လင်းမိသားစု၏ ချုံခိုတိုက်ခိုက်မှု အရိပ်အယောင်တောင် မတွေ့ရပေ။

ဆေးဥယျာဉ်သို့ ဘေးကင်းစွာ ပြန်ရောက်သောအခါ... စုချန်ယွီ က သူ့ကို ကြည့်ပြီး၊ စုယွီ့ စိတ်က ဆေးခင်းထဲမှာ မရှိတော့မှန်း ရိပ်မိလိုက်သည်။ သူ စဉ်းစားပြီး ပြောလိုက်သည်။

"နောက်ထပ် တစ်နှစ်လောက် ဆက်လေ့လာလိုက်ပါဦး... အဲဒါပြီးရင် မင်း 'ဆေး အလုပ်သင်' စမ်းလုပ်လို့ ရလောက်ပြီ"

"မင်းက 'ဝိညာဉ် မွေးမြူခြင်း နည်းစနစ်' ကို အောင်မြင်ထားပြီးပြီ ဆိုတော့... တခြားလူတွေထက် အားသာချက် ရှိတယ်... ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံမှု အဆင့်က အားနည်းချက် ဖြစ်နေသေးတယ်"

"လူအများစုက 'ချီစွမ်းအင် စုစည်းခြင်း စတုတ္ထအဆင့်' ရောက်မှ ဆေး ပညာကို စတင် သင်ယူကြတာ... မဟုတ်ရင် ဝိဉာဉ် စွမ်းအင် မလောက်ငဘူးကွ"

ထိုစကား ကြားသောအခါ စုယွီ ပြုံးပြီး ပြန်ပြောလိုက်သည်။

"ဆရာ... ကျွန်တော် မလောပါဘူး"

"ချီစွမ်းအင် စတုတ္ထအဆင့် ရောက်မှပဲ စဉ်းစားပါ့မယ်ဗျ"

ထိုအခါ၊ စုချန်ယွီ သက်ပြင်းချလိုက်ပြီး စုယွီ၏ ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။

"ဒါဆိုရင်လည်း ကျင့်ကြံခြင်းကိုပဲ ကြိုးစားပါကွာ... မင်းက ငါ့ထက် အလားအလာ ကောင်းပါတယ်... ဆေးပညာ ဗဟုသုတကလွဲရင် ငါ မင်းကို ကူညီပေးနိုင်တာ သိပ်မရှိပါဘူး"

နောက်ပိုင်း ရက်များတွင်...

စုယွီ သည် နေ့စဉ် ပုံမှန် ကျင့်ကြံခြင်း အပြင်၊ "အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်" သို့ ပြောင်းလဲ ကျင့်ကြံရန် အဓိကထား ကြိုးပမ်းနေလေ၏။

တစ်လခန့် ကြိုးစားပြီးနောက်...

စုယွီ၏ အရှိန်အဝါ စတင် ပြောင်းလဲလာခဲ့လေသည်။

နောက်ဆုံးတော့... သူသည် ကျင့်စဉ် ပြောင်းလဲခြင်းနှင့် "အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်" ကို အစပျိုးခြင်း အောင်မြင်သွားခဲ့လေပြီ။

All Chapters