← Chapters

နတ်ဘုရား အပြစ်ဒဏ်

Vol. 219 Ch. 3322

နတ်ဘုရား အပြစ်ဒဏ်

Vol. 219 Ch. 3322

ထိုအကြောင်းကို ပြောဆိုချိန်မှာ တျဲယွဲ့၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု ဖျတ်ခနဲလက်သွား၏။

“အဲ့ဒါ နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာက တမင်သက်သက် ဖိနှိမ်ထားတာကြောင့်ပဲ… လူသားတွေတင် မဟုတ်ဘူး... အပင်မျိုးနွယ်ကလည်း အတူတူပဲ... တစ်ယောက်ယောက်က သူတော်စင်တစ်ပါးဖြစ်လာတာနဲ့ သူတို့တွေက နတ်ဘုရားအပြစ်ဒဏ်ကို စွဲဆောင်မိလိမ့်မယ်”

တကယ်ပင်…။

ယခင်တုန်းက ဦးလေးဖုန့်ပြောသည့် နတ်ဘုရားအပြစ်ဒဏ်ဆိုသောအရာသည် နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာနှင့် ဆက်စပ်နေနိုင်သည်ကို ဆူဇီမိုက တွေးခဲ့မိသည်။

ဆူဇီမိုက ပြောလိုက်၏။

“ဘိုးဘေးမီး အထွတ်အမြတ်ခိုလှုံရာက တာအိုသာလွန်သူတစ်ဦးက ငါ့ကို ပြောခဲ့ဖူးတယ်… သူတော်စင်တွေက သူတော်စင်နယ်ပယ်အောက်မှာရှိတဲ့ သက်ရှိတွေကို သတ်ဖြတ်မယ်ဆိုရင် ကမ္မရဲ့ စွန်းထင်းခံရပြီး နတ်ဘုရားအပြစ်ဒဏ်ကို စွဲဆောင်မိလိမ့်မယ်တဲ့... ကြည့်ရတာတော့ အဲ့ဒါက မရိုးရှင်းဘူးပဲ”

နတ်ဘုရားအပြစ်ဒဏ်သည် ကောင်းကင်နှင့်မြေကြီးနိယာမများကနေ လာခြင်းမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုကနေ လာသည်ဆိုလျှင် အဲ့ဒီမှာ အလှည့်အပြောင်းများစွာ ရှိနေပေလိမ့်မည်။

နတ်ဘုရားအပြစ်ဒဏ်၏ တည်ရှိမှုသည် မျှတမှု ရှိတော့မည် မဟုတ်ပေ။

လူတစ်ယောက်၏ ပုဂ္ဂိုလ်ရေးနှင့် အတ္တဆန်သော ရည်ရွယ်ချက်များအတွက် အခြားသူများကို သတ်ဖြတ်ရန် ၎င်းကို အသုံးချနိုင်သည်။

တျဲယွဲ့က ပြောလိုက်၏။

“အဲ့ဒီစည်းမျဉ်းစည်းကမ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဘီလီယံကျော်က ဝရုန်းသုန်းကား အခြေအနေအပြီးမှာ နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ကုန်းမြေက ချမှတ်ခဲ့တာပဲ”

“အဲ့ဒီစည်းမျဉ်းက မျှတပြီး သက်ရှိတွေကို သူတော်စင်တွေရဲ့ သာမန်ကာလျှံကာ သတ်ဖြတ်ခြင်းကနေ ကာကွယ်ပေးထားတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေကို ခြိမ်းခြောက်ဖို့အတွက် နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာက အသုံးချနေတဲ့ နည်းလမ်းတစ်ခုပဲ”

“သူတော်စင်တစ်ပါးဖြစ်လာတဲ့ ဘယ်သက်ရှိမဆို နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာကို မနာခံဘူးဆိုရင် အထွတ်အမြတ်ခိုလှုံရာက အဲ့ဒီစည်းမျဉ်းကို အကြောင်းပြချက်အဖြစ် အသုံးပြုပြီး အဲ့ဒီသူတော်စင်ကို သတ်ဖြတ်ဖို့အတွက် နတ်ဘုရားအပြစ်ဒဏ်ကို စေလွှတ်နိုင်တယ်”

“ဒါပေမဲ့... အစကတည်းက တစ်ယောက်ယောက်က ကမ္မရဲ့ စွန်းထင်းခြင်းမခံရဘဲ သူတော်စင်တစ်ပါး ဘယ်လိုဖြစ်လာနိုင်မှာလဲ”

“အဲ့ဒီနှစ်တွေထဲမှာ သူတော်စင်တွေ ဖြစ်လာတဲ့ လူသားတချို့က အဲ့ဒီအကြောင်းပြချက်ကိုသုံးပြီး နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတယ်... အချိန်ကြာလာတာနဲ့ လူသားမျိုးနွယ်ကနေ ဘယ်သူကမှ သူတော်စင်နယ်ပယ်ကို ထပ်ပြီး မတက်လှမ်းရဲကြတော့ဘူး”

“မဟာတာအို သူတော်စင်နေရာတွေကို တခြားမျိုးနွယ်က သူတော်စင်တွေက သိမ်းပိုက်ထားသရွေ့ သူတော်စင်ဖြစ်လာမယ့် လူသားတွေရဲ့ အခွင့်အရေးက လျော့ကျလာလိမ့်မယ်”

“မဟာတာအို သူတော်စင်နေရာလား”

ဆူဇီမိုက စဉ်းစားရခက်သွားသည်။

တျဲယွဲ့က ရှင်းပြလိုက်၏။

“လူတစ်ယောက်က သူတော်စင်နယ်ပယ်ကို ဝင်ရောက်တာနဲ့ သူတော်စင်က တာအိုဖြစ်လာမယ်… မဟာတာအိုတစ်ခုကို တစ်ယောက်ယောက်က သိမ်းပိုက်လိုက်တာနဲ့ တခြားဘယ်သူကမှ အဲ့ဒီမဟာတာအိုမှာ သူတော်စင်ဖြစ်မလာနိုင်တော့ဘူး”

ဆူဇီမိုက နားလည်သဘောပေါက်လိုက်၏။

လူတစ်ယောက်သည် သူတော်စင်တစ်ပါးဖြစ်လာဖို့အတွက် တာအိုနှင့် ပေါင်းစည်းသည့်အခါ သူတို့သည် တာအိုဖြစ်လာပြီး ခွဲခြား၍ ရနိုင်တော့မည် မဟုတ်ပေ။

ဥပမာအားဖြင့် သူသည် သူတော်စင်ကစဉ့်ကလျား ဖြစ်လာမည်ဆိုလျင် အခြားသူများအနေဖြင့် ကစဉ့်ကလျားမဟာတာအိုနှင့် ပေါင်းစည်းဖို့ ဖြစ်နိုင်တော့မည် မဟုတ်ပေ။

သူသည် ကစဉ့်ကလျားမဟာတာအို ဖြစ်လာမည်ဖြစ်သောကြောင့်ပင်။ တစ်ယောက်ယောက်က သူနှင့် ဘယ်လိုလုပ် ပေါင်းစည်းနိုင်ပါ့မလဲ။

နောက်ဆုံးမှာတော့ မဟာတာအိုများ၏ အရေအတွက်က အကန့်အသတ်တစ်ခု ရှိလာသည်။

သူတော်စင်များ ပိုမိုများပြားလာလေ၊ အခြားသူများအနေဖြင့် သူတော်စင်ဖြစ်လာနိုင်မည့် ရရှိနိုင်သော တာအိုအရေအတွက်က လျော့ကျလာလေပင်။

ထို့ကြောင့် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းပြီးနောက် တာအိုစုဖွဲ့မှုအပိုင်းက အလွန်တရာ အရေးပါလေသည်။

လူတစ်ယောက်သည် သူတော်စင်တစ်ပါးဖြစ်လာဖို့ တာအိုအမှတ်အသားတစ်ခုကို စုဖွဲ့လိုသည်ဆိုလျှင် ထိုတာအိုမှာ အခြားသူတော်စင်များ ရှိမနေမှ ရပေမည်။

မဟုတ်ပါက ထိုမဟာတာအို၏ သူတော်စင်က မသေဆုံးသရွေ့ ထိုမဟာတာအိုကို ကျင့်ကြံသော သက်ရှိများအားလုံးသည် ဘယ်တော့မှ သူတော်စင်များဖြစ်လာတော့မည် မဟုတ်ပေ။

တျဲယွဲ့က ပြောလိုက်၏။

“ဒါပေမဲ့... မဟာကမ္ဘာတစ်ထောင်လောကမှာ အခြေအနေတွေက ပြီးခဲ့တဲ့နှစ်တွေထဲမှာ ပြောင်းလဲသွားခဲ့တယ်”

“အထွတ်အမြတ်ခိုလှုံရာ ငါးခုက ကောင်းကင်ဘုံ ၃၃ ခုမှာ လမ်းလေးသွယ်နဲ့ တိုက်ခိုက်တဲ့အခါ သူတော်စင်တချို့ သေဆုံးပြီး မဟာတာအို သူတော်စင်နေရာတချို့ လစ်လပ်လာခဲ့တယ်”

“လူသားမျိုးနွယ်အပါအဝင် သူတော်စင်နယ်ပယ်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးရှိတဲ့ မျိုးနွယ်စုတစ်သောင်းက သာလွန်သူတွေက အဲ့ဒီနေရာတွေကို လိုချင်တပ်မက်လာတယ်”

“သူတို့တွေက နတ်ဘုရားအပြစ်ဒဏ်ကို စွဲဆောင်မိမှာ မကြောက်ဘူးလား”

ဆူဇီမိုက မေးလိုက်သည်။

တျဲယွဲ့က ပြောလိုက်၏။

“အထွတ်အမြတ်ခိုလှုံရာ ငါးခုနဲ့ လမ်းလေးသွယ်က မီးနဲ့ရေလိုပဲ... သူတို့က အချိန်မရွေး ထပ်ပြီးတိုက်ခိုက်နိုင်ကြတယ်... လူသားမျိုးနွယ်က အမြဲတမ်းကြားနေပဲ... နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာက အခုလိုအချိန်မှာ လူသားမျိုးနွယ်ကို ကိုင်တွယ်ဖို့ ဂရုစိုက်အားချင်မှ အားလိမ့်မယ်... ဒါက လူသားမျိုးနွယ်အတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်တယ်”

ဆူဇီမိုက ခဏမျှ စဉ်းစားပြီး မေးလိုက်၏။

“နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာက ဒီလိုမျိုးစည်းမျဉ်းစည်းကမ်းတွေ တည်ဆောက်ထားတာကို တခြားအထွတ်အမြတ်ခိုလှုံရာ လေးခုက မကန့်ကွက်ကြဘူးလား”

တျဲယွဲ့က ပြုံး၍ ပြောလိုက်၏။

“အဲ့ဒီစည်းမျဉ်းစည်းကမ်းတွေက အစကတည်းက အထွတ်အမြတ်ခိုလှုံရာတွေရဲ့ အပြင်ဘက်က မျိုးနွယ်စုတစ်သောင်းသက်ရှိတွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ထားတာပဲ... အထွတ်အမြတ်ခိုလှုံရာငါးခုက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အားလုံးက သာမန်လူတွေကိုပဲ ကိုင်တွယ်လိမ့်မယ်… အထွတ်အမြတ်ခိုလှုံရာက လူတွေကတော့ ကန့်သတ်မှု လုံးဝရှိမှာမဟုတ်ဘူး”

“လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဘီလီယံကျော်က ဘာဖြစ်ခဲ့တာလဲ”

ဆူဇီမိုက ထပ်မံ၍ မေးလိုက်သည်။

“အဲ့ဒါတော့ ကျွန်မ သေချာမသိဘူး”

တျဲယွဲ့က ခေါင်းခါပြလိုက်၏။

“အဲ့ဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ တောင်အကြီးအကဲပဲ သိကောင်းသိလိမ့်မယ်”

ဆူဇီမိုသည် ရွှမ်ဖျင်တောင်ကို ရောက်ရှိလာပြီးနောက် တောင်အကြီးအကဲဟူသော အခေါ်အဝေါ်ကို ကလေးငယ်တစ်ဦးထံမှ ကြားခဲ့ရလေသည်။

သူက မေးလိုက်၏။

“အဲ့ဒီတောင်အကြီးအကဲက ဘယ်ကျင့်ကြံမှုနယ်ပယ်မှာလဲ”

“အဓိပတိသာလွန်သူ”

ခဏမျှ ရပ်တန့်ပြီးနောက် တျဲယွဲ့က ဆက်ပြောလိုက်သည်။

“တောင်အကြီးအကဲက လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဘီလီယံကျော်က သူတော်စင်တစ်ပါး ဖြစ်ခဲ့နိုင်တယ်လို့ ရွှမ်ဖျင်တောင်ရဲ့ လူဟောင်းတချို့ဆီကနေ ကျွန်မကြားထားတယ်”

“သူ့ရဲ့ ကျင့်ကြံမှုက ကျဆင်းသွားတာလား”

ဆူဇီမိုက အံ့အားသင့်သွားသည်။

တောင်အကြီးအကဲသည် တစ်ခါက သူတော်စင်တစ်ပါး ဖြစ်ခဲ့သည်ဆိုလျင် သူ၏ ကျင့်ကြံမှုနယ်ပယ်သည် ဒဏ်ရာအပြင်းအထန် ရရှိထားသောကြောင့် ကျဆင်းသွားခြင်း ဖြစ်ရပေမည်။

တစ်ခုသော ရှုထောင့်ကနေ ကြည့်မည်ဆိုလျင် တောင်အကြီးအကဲသည် ထိုကပ်ဘေးကနေ ရှင်သန်နိုင်ပြီး ကျင့်ကြံမှုနယ်ပယ်သာ ကျဆင်းခဲ့သည့်အတွက် သူက ဘယ်လောက်ထူးခြားဆန်းကြယ်သလဲ သက်သေပြပေးနိုင်သည်။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။

“တောင်အကြီးအကဲနဲ့ ဘဝအထွတ်အမြတ်ခိုလှုံရာကြား ဆက်ဆံရေးက ဘယ်လိုလဲ”

“ကျွန်မ မပြောတတ်ဘူး”

တျဲယွဲ့က ခေါင်းခါပြလိုက်၏။

“ဒီနေရာမှာ ဘယ်သူကမှ တောင်အကြီးအကဲရဲ့နောက်ခံကို မသိကြဘူး... ဒါပေမဲ့ အထွတ်အမြတ်ခိုလှုံရာငါးခုက သူ့ကို အတော်လေး ယဉ်ကျေးကြတယ်”

“အရင်တုန်းက ကိစ္စတစ်ခု ဖြစ်ခဲ့တယ်… ကောင်းကင်လိုဏ်ဂူ ၃၆ခုက လူသားအဓိပတိသာလွန်သူ တစ်ဦးက သူတော်စင်မျိုးနွယ်က အဓိပတိသာလွန်သူတစ်ဦးနဲ့ တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်... သူက ဒီနေရာကို ထွက်ပြေးလာပြီးတဲ့နောက် တောင်အကြီးအကဲက အဲ့ဒီကိစ္စကို ဝင်ဖြေရှင်းပေးခဲ့တယ်”

“နှစ်ဖက်စလုံးက မတိုက်ခိုက်ခဲ့ကြဘူး... သူတော်စင်မျိုးနွယ်က ထွက်ခွာသွားပြီး နောက်ပိုင်းမှာ အဲ့ဒီကိစ္စကို ဆက်မလိုက်တော့ဘူး”

“ရွှမ်ဖျင်တောင်က ကောင်းကင်လိုဏ်ဂူ ၃၆ ခုနဲ့ မွန်မြတ်ကုန်းမြေ ၇၂ ခုထဲမှာ မပါဘူး... ဒါပေမဲ့ လူသားမျိုးနွယ်က ပညာရှင်အများစုကို တောင်အကြီးအကဲက တာအိုသင်ကြားပေးခဲ့ဖူးတယ်”

“သူတို့တွေအားလုံးက သူ့ကို အတော်လေး ရိုသေလေးစားမှု ရှိကြတယ်”

ဆူဇီမိုက အဓိပ္ပာယ်ပါပါ ခေါင်းညိတ်လိုက်သည်။

ထိုစဉ်မှာပင် တျဲယွဲ့က ပြုံး၍ ပြောလိုက်၏။

“ရှင့်ရဲ့ ကျင့်ကြံမှုက နည်းနည်းနှေးနေတုန်းပဲ... ရှင် ကျွန်မနောက်မှာ ထပ်ပြီးကျန်ခဲ့ပြန်ပြီ”

“အမ်…”

ဆူဇီမိုက မှင်တက်သွား၏။

သူသည် နှစ်ပေါင်းများစွာကြာပြီးမှ တျဲယွဲ့နှင့် ပြန်လည်ဆုံစည်းရသည့်အတွက် ဝမ်းသာပျော်ရွှင်နေပြီး သူ့မှာ ပြောစရာစကားများ မကုန်နိုင်အောင် ရှိနေ၏။ သူသည် သူမ၏ ကျင့်ကြံမှုနယ်ပယ်ကို စစ်ဆေးကြည့်ဖို့ပင် စိတ်ကူးမရခဲ့ပေ။

တျဲယွဲ့က ထိုအကြောင်းကို ပြောဆိုသည့်အခါ သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီး တုန်လှုပ်သွား၏။

ပကတိတာအိုကြီးစိုးမှုနယ်ပယ်၊ အဓိပတိသာလွန်သူ ပညာရှင်တစ်ဦး…။

မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာပြီးနောက် သူ၏ ခရီးစဉ်က အတော်လေး ချောမွေ့နေခဲ့၏။ သူသည် ကုသိုလ်ရွှေကြာပန်းနှင့် ကြာစေ့သုံးစေ့မှာ မျိုးဆက်မှတ်ဉာဏ်များကို ရရှိပြီးနောက် ပကတိတာအိုသုံးသပ်မှုနယ်ပယ်အထိ ကျင့်ကြံလာနိုင်ခဲ့၏။

ဆူဇီမိုက ခါးသက်စွာ ပြုံးလိုက်၏။

“အရင်တုန်းက မင်းသေဆုံးတာကို မြင်ခဲ့တုန်းက ငါက မင်းနောက်ဘဝမှာ ပြန်လည်မွေးဖွားလာတဲ့အခါ မင်းကို ကာကွယ်ပေးမယ်လို့တောင် ပြောခဲ့တယ်... အခုတော့…”

“ကြည့်ရတာ အခုက စပြီး ရှင့်ကို ကျွန်မ ကာကွယ်ပေးရတော့မယ်နဲ့ တူတယ်”

တျဲယွဲ့က ဆူဇီမို၏ လက်ဖဝါးကို ညင်သာစွာ ဆိတ်လိုက်၏။

သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်ကြ၏။

ပြန်လည်စဉ်းစားရင်း ဆူဇီမိုက အကြောင်းရင်းကို နားလည်သဘောပေါက်သွားသည်။

သူ၏ ကျင့်ကြံမှုသည် တျဲယွဲ့ထက် တစ်ဆင့်နိမ့်နေခြင်းမှာ သူသည် တမလွန်ဘုံကို ဖိနှိမ်ဖို့အတွက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နှစ်ခြောက်သောင်းကြာအောင် နေထိုင်ခဲ့ခြင်းကြောင့် ဖြစ်လေသည်။

သို့သော်လည်း ပို၍အရေးပါသည်မှာ တျဲယွဲ့၏ ပါရမီအရည်အချင်းကြောင့်ဖြစ်သည်။

တျဲယွဲ့အနေဖြင့် ဤအဆင့်ထိ ကျင့်ကြံဖို့ နှစ်ရှစ်သောင်းက လုံလောက်လေသည်။

တကယ်တော့ သူ၏ ကျင့်ကြံရေးလမ်းခရီးတစ်လျှောက်မှာ သူသည် ပါရမီရှင်များနှင့် ပြန်ဝင်စားမွန်းစတားများစွာနှင့် ကြုံတွေ့ခဲ့ဖူးလေသည်။ အမျိုးမျိုးသော ခေတ်များကို တည်ထောင်ခဲ့သည့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဂုဏ်ကျက်သရေထွန်းတောက်ခဲ့သော မဟာဧကရာဇ်များဖြစ်စေ၊ ထျန်းဟွမ်ကုန်းမြေတိုက်မှ သွေးမိစ္ဆာနှင့် ကိုယ်တော်တာမင်းဖြစ်စေ... သူတို့သည် မဟာကမ္ဘာတစ်ထောင်လောကမှာ မွေးဖွားလာမည်ဆိုလျင် သူတို့သည် နှစ်ရှစ်သောင်းကြာပြီးနောက် ဤအတိုင်းအတာအထိ ကျင့်ကြံနိုင်ကြပေလိမ့်မည်။

သူတို့၏ အောင်မြင်ပေါက်မြောက်မှုများက ဤအဆင့်ထိ ရောက်ရှိမလာသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူတို့သည် မတူညီသော ကမ္ဘာများနှင့် မတူညီသော အခြေအနေများမှာ မွေးဖွားခဲ့ကြသောကြောင့်ဖြစ်သည်။

“မင်းက တောင်အကြီးအကဲကို မင်းရဲ့ဆရာအဖြစ် အသိအမှတ်ပြုထားတာလား”

ဆူဇီမိုက မေးလိုက်သည်။

“ဟင့်အင်း”

တျဲယွဲ့က ပြောလိုက်၏။

“တောင်အကြီးအကဲက တကယ့်လူထူးဆန်းပဲ... လူတော်တော်များများက သူ့ဆီကနေ ဗဟုသုတရှာမှီးဖို့အတွက် သူ့ကိုလာရှာကြတယ်... သူက တာအိုကို မခြွင်းမချန်ဘဲ အမြဲတမ်း သင်ကြားပေးတယ်... ဒါပေမဲ့ သူက ဘယ်သူ့ရဲ့ဆရာမှ မဖြစ်ချင်ခဲ့ဘူး”

“သူက အဓိပတိသာလွန်သူတစ်ဦးဆိုပေမဲ့ ဓမ္မတာအိုပေါ် သူ့ရဲ့နားလည်သဘောပေါက်မှုက သူနဲ့ အဆင့်တူတွေထက် အပုံကြီးသာတယ်”

“တောင်အကြီးအကဲက အခုလောက်ဆိုရင် နေ့ခင်းနေ့လယ် တစ်မှေးမှေးနေလောက်ပြီ... နောက်မှ သူနဲ့တွေ့ရအောင် ကျွန်မ ရှင့်ကို ခေါ်သွားပေးမယ်... ရှင် သူ့ဆီကနေ လမ်းညွှန်မှုတချို့ ရမယ်ဆိုရင် ရှင့်အတွက် အတော်လေး အထောက်အကူဖြစ်နိုင်တယ်”

“အလောတကြီး လုပ်စရာမလိုပါဘူး... အဲ့ဒီအကြောင်းကို ငါတို့နောက်မှ ပြောကြတာပေါ့”

ဆူဇီမိုက ပြုံးပြလိုက်၏။

သူသည် တျဲယွဲ့နှင့် ယခုမှ ပြန်လည်ဆုံစည်းခါစဖြစ်၏။ ထိုအခိုက်အတန့်မှာ သူသည် သူမနှင့်သာ နေချင်စိတ်ရှိပြီး ထူးဆန်းသော အဘိုးအိုနှင့် သွားရောက်တွေ့ဆုံဖို့ အာရုံမရသေးပေ။

All Chapters