← Chapters

တာအိုက ဘယ်နေရာမှာရှိတာလဲ

Vol. 219 Ch. 3324

တာအိုက ဘယ်နေရာမှာရှိတာလဲ

Vol. 219 Ch. 3324

“နတ်ဆိုးမကျိ… ရှောင်းယောင်နဲ့ငါက လွန်ခဲ့တဲ့နှစ်နှစ်ထောင်က အတူတက်လှမ်းလာခဲ့ကြတယ်… တခြားသူတချို့က ဧကရာဇ်နယ်ပယ်ကို ရောက်လာပေမယ့် သူတို့က တက်လှမ်းဖို့ မရွေးချယ်ကြသေးဘူး”

လင်းရွှမ်ကျီက ပြောလိုက်၏။

“ဒါပေမဲ့ မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းလာပြီးတဲ့နောက် ငါတို့သုံးယောက်က လူစုကွဲသွားတယ်… ငါက အနောက်တောင်ဒေသကို ရောက်လာပြီး သူတို့နှစ်ယောက်ကတော့ ပျောက်သွားတယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။

ရှောင်းယောင်၏ မျိုးဆက်သွေးမှာ ဘိုးဘေးဗီဇရှိသောကြောင့် သူ့ကို ယင်ယန်အထွတ်အမြတ်ခိုလှုံရာက ခေါ်ဆောင်သွားဖို့များလေသည်။

နတ်ဆိုးမကျိကတော့ ဘယ်နေရာကိုရောက်သွားသလဲ သူမသိပေ။

လင်းရွှမ်ကျီက ပြောလိုက်၏။

“ဒီမှာရှိတဲ့လူအများစုက လူသားတွေပဲ… သူတို့က ငါ့ပေါ်မှာ အတော်လေးဖော်ရွေကြတယ်… အဲဒါကြောင့် ငါက ဒီနားမှာ လှည့်ပတ်သွားလာလိုက် စာအုပ်တွေဖတ်လိုက်နဲ့ မဟာကမ္ဘာတစ်ထောင်လောကအကြောင်း မေးမြန်းစုံစမ်းနေတာ”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာက မင်းရဲ့တိုက်ပွဲအကြောင်း ငါကြားခဲ့တယ်… နောက်ပိုင်းမှာ မင်းက ကစဉ့်ကလျားအရှင်ဖြစ်လာတယ်လို့ ငါကြားတယ်…. ငါ့ရဲ့ကျင့်ကြံမှုကို နဲနဲလောက် ထပ်မြှင့်ပြီးသွားရင် ငါက အရှေ့တောင်ဒေသမှာ မင်းကိုသွားရှာဖို့ ပြင်နေတာ”

ထိုနေရာအရောက်မှာ လင်းရွှမ်ကျီက သက်ပြင်းချလိုက်၏။

“ငါ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က မင်းနဲ့ အများကြီးပြတ်ကျန်ခဲ့ပြန်ပြီ”

ထိုအခိုက်အတန့်မှာ လင်းရွှမ်ကျီသည် သူ၏တာအိုကို မစုဖွဲ့ရသေးဘဲ သူသည် ပကတိဧကရာဇ်နယ်ပယ်မှာသာရှိနေ၏။

ပြောရမည်ဆိုလျှင် သူ၏ ကျင့်ကြံမှုအလျင်အဟုန်က နှေးကွေးခြင်း မဟုတ်ပေ။ သူသည် ဆူဇီမိုနှင့်ယှဉ်သောကြောင့်သာ နိမ့်ကျနေသည်ဟု ထင်ရခြင်းဖြစ်သည်။

ဤနှစ်များအားလုံးမှာ ဆူဇီမိုသည် နေ့စဉ်နေ့တိုင်း ရွှမ်ဖျင်တောင်ခြေရင်းတွင်နေထိုင်ပြီး တျဲယွဲ့နှင့်အတူ ရှိနေ၏။ သူသည် ကျင့်ကြံဖို့ကို အာရုံမရဘဲ သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ မည်သည့်အဆင့်ချိုးဖျက်တက်လှမ်းမှုမှ မရှိခဲ့ပေ။ သူသည် ပကတိတာအိုသုံးသပ်မှုနယ်ပယ်မှာရှိနေဆဲဖြစ်၏။

တကယ်တော့ အစကတည်းက တာအိုသုံးသပ်မှုနယ်ပယ်နှင့် တာအိုကြီးစိုးမှုနယ်ပယ်ကြားမှာ နယ်ပယ်အကြီးတစ်ခု ကွာဟနေ၏။ မည်သည့်ထူးခြားသောအခွင့်အလမ်းမှမရှိဘဲ အဆင့်ချိုးဖျက်တက်လှမ်းဖိုက မလွယ်ကူပေ။

လင်းရွှမ်ကျီက သူ၏ မေးကို သပ်လိုက်၏။

“ငါက ဒီနှစ်တွေထဲ ရွှမ်ဖျင်တောင်အနီးနားမှာ ပုံလှည့်ပြီးပြောနေတာ… ဒီနေရာမှာ အရာရာတိုင်းကို သိရှိတဲ့ တောင်အကြီးအကဲရှိတယ်လို့ ငါကြားတယ်… ငါက သူ့ဆီကနေ လမ်းညွှန်မှုတချို့ရယူနိုင်မယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံမှုနယ်ပယ်က ခုန်ပေါက်ပြီးတော့ မြင့်တက်သွားနိုင်တယ်”

တျဲယွဲ့က ပြောလိုက်၏။

“ကောင်းတာပေါ့ ကျွန်မရှင်တို့ကို တောင်အကြီးအကဲဆီ ခေါ်သွားပေးမယ်”

ဆူဇီမိုသည် ရွှမ်ဖျင်တောင်မှာ နှစ်သုံးသောင်းကြာအောင် နေထိုင်ခဲ့သော်လည်း သူသည် တောင်အကြီးအကဲနှင့် ယခုအချိန်ထိ မတွေ့ဆုံရသေးပေ။

သူတို့သုံးယောက်သည် တောင်ခြေရင်းရှိ ကောက်ရိုးတဲတစ်လုံးရှေ့သို့ ရောက်ရှိလာပြီး စိတ်လက်ပေါ့ပါးသောအမူအရာဖြင့် ကျောက်ကုလားထိုင်ပေါ်မှာ ထိုင်ကာ သူ၏ လက်ထဲတွင် ဟောင်းနွမ်းစုတ်ပြတ်နေသော စာအုပ်တစ်အုပ်ကိုင်ထားသည့် ဆံဖြူအဖိုးအိုတစ်ဦးကို တွေ့မြင်လိုက်ရ၏။

သူတို့သုံးယောက် ရောက်ရှိလာသည်ကို အာရုံခံမိပြီး အဖြူရောင်ဝတ်အဖိုးအိုက သူ့လက်ထဲရှိ ဟောင်းနွမ်းစုတ်ပြတ်နေသောစာအုပ်ကို ဘေးမှာချပြီး သူတို့သုံးယောက်ကို ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

သို့သော်လည်း အဖြုရောင်ဝတ်အဖိုးအို၏ မျက်လုံးထောင့်များက ညွှတ်ကျနေပြီး သူ့မှာ ခါးသက်သောအမူအရာရှိနေ၏။ သူက ပြုံးနေလျှင်တောင် အနည်းငယ်ထိုင်းမှိုင်းသည့်ပုံပေါ်နေ၏။

“တောင်အကြီးအကဲ…”

သူတို့သုံးယောက်က တစ်ချိန်တည်းမှာ ဦးညွှတ်လိုက်ကြ၏။

ဆူဇီမိုသည် တောင်အကြီးအကဲနှင့်ပတ်သက်၍ သိချင်စိတ်ဖြစ်ပေါ်နေ၏။

ဆိုးယုတ်အမျိုးသမီးသည် မိုင်ပေါင်းထောင်ချီဖြတ်ကျော်ပြီး တျဲယွဲ့ကို ဤနေရာသို့ ပို့ဆောင်ပေးခဲ့သည်ဆိုမှတော့ သူမသည် တောင်အကြီးအကဲကို ကောင်းကောင်းယုံကြည်စိတ်ချထားသောကြောင့် ဖြစ်ပေမည်။

တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီးကြား မည်ကဲ့သို့သောဆက်ဆံရေးရှိသည်ကို သူ မသိရုံသာဖြစ်သည်။

“စီနီယာ… ကျုပ်ကျင့်ကြံတဲ့ ဖြန့်ကြက်ခြင်းမဟာတာအိုမှာ အဟန့်အတားတစ်ခုနဲ့ ကြုံတွေ့နေရတယ်”

လင်းရွှမ်ကျီက သွားဖြဲကာပြောလိုက်သည်။

“ခင်ဗျားက ဗဟုသုတကြွယ်ဝပြီး အရာရာတိုင်းကိုသိတယ်လို့ ကျုပ်ကြားထားတယ်… သူတော်စင်တွေတောင်မှ ခင်ဗျားနဲ့မယှဉ်နိုင်ဘူးတဲ့၊ ခင်ဗျားကျုပ်ကို လမ်းညွှန်မှုတချို့ပေးနိုင်မလားမသိဘူး”

မည်သို့ပင်ဆိုစေ လင်းရွှမ်ကျီ၏ ပထမဆုံးအပြုအမူသည် ရောက်ရှိလာသည့်ခဏမှာပင် သူ့ကို ချီးကျူးပြောဆိုဖို့ဖြစ်လေသည်။

တောင်အကြီးအကဲက ပြောလိုက်၏။

“ဖြန့်ကြက်ခြင်းမဟာတာအို ငါးဆယ့်ကိုးခုရှိတယ်… သူတို့ထဲက လေးဆယ့်ကိုးခုကို သုံးပြီးသွားပြီ… မင်းက ဖြန့်ကြခြင်းမဟာတာအိုကို စုဖွဲ့ချင်တယ်ဆိုရင် မင်းက လွတ်မြောက်နေတဲ့တစ်ခုကို ရှာဖွေရမယ်”

“ကျုပ်က လွတ်နေတဲ့တစ်ခုကို ဘယ်နေရာမှာ သွားရှာရမှာလဲ”

လင်းရွှမ်ကျီက ပြောလိုက်၏။

“မဟာတာအိုက ပုံသဏ္ဍာန်မဲ့ပြီး ပုံရိပ်ယောင်ဆန်တယ်… အဲဒါက နေရာတိုင်းမှာ ထိတွေ့နိုင်မြင်နိုင်တဲ့ နတ်ဘုရားစွမ်းအားတွေ… ဓမ္မပညာရပ်တွေလို မဟုတ်ဘူး”

“ဟုတ်တာပေါ့”

တောင်အကြီးအကဲက ခေါင်းခါပြလိုက်၏။

“တကယ်တော့ မဟာတာအိုက ပုံသဏ္ဍာန်မဲ့ပေမယ့် နေရာအနှံ့မှာ ရှိနေတယ်”

“မဟာတာအိုက နေရာအနှံ့ရှိနေတာလား”

လင်းရွှမ်ကျီက ငေးငိုင်သွား၏။

“ခင်ဗျား… ဘာလို့ အဲလိုပြောနိုင်ရတာလဲ… ကျုပ်က အဲဒါကို ဘာလို့မမြင်ရတာလဲ… အရမ်းကြီး လျှို့ဝှက်ဆန်းကြယ်သလို မပြောပါနဲ့ ကျုပ်ကို တိကျတဲ့နေရာတစ်ခု ညွှန်ပေးလို့မရဘူးလား”

ခဏမျှရပ်တန့်ပြီးနောက် လင်းရွှမ်ကျီက မျက်စိမှိတ်ပြကာ မေးလိုက်၏။

“စီနီယာ… မဟာတာအိုရဲ့ အငွေ့အသက်တွေကို ချန်ထားခဲ့တဲ့ လျှို့ဝှက်ကုန်းမြေတစ်ခုခု ဒါမှမဟုတ် အပျက်အစီးနယ်မြေတစ်ခုခုကို ခင်ဗျားသိထားတာလား… အဲဒီနေရာကိုရောက်ရင် ကျုပ်ကအဲဒါကို နားလည်ဆင်ခြင်နိုင်မှာမလား… ဟဲဟဲ…”

တောင်အကြီးအကဲက ပြောလိုက်၏။

“တာအိုက ပုရွက်ဆိတ်တွေကြားမှာရှိတယ်”

“အမ်…”

လင်းရွှမ်ကျီက မှင်တက်သွား၏။

လူတစ်ယောက်သည် တာအို၏ ဖြစ်စဉ်မှာ ရှိနေသည်နှင့်အမျှ သူတို့၏ စွမ်းအားသည် ကောင်းကင်ဘုံကိုထိုးဖောက်ပြီး ပင်လယ်ပြင်ကို မှောက်လှန်နိုင်လေသည်။ တာအိုက ပုရွက်ဆိတ်တွေကြားမှာ ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ။

တောင်အကြီးအကဲက အပြင်ဘက်ကို တစ်ချက်ကြည့်ပြီး သူ၏ အကြည့်က လယ်ကွင်းများ၊ တောအုပ်များနှင့် စမ်းချောင်းများကို ဖြတ်ကျော်သွား၏။

“တာအိုက လယ်ကွင်းထဲမှာရှိတယ်… တောအုပ်တွေနဲ့ တောင်တန်းတွေကြားမှာလည်းရှိတယ်”

လင်းရွှမ်ကျီက တွေဝေရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်ပြီး မေးလိုက်၏။

“တောင်အကြီးအကဲ… မဟာတာအိုက အဲလိုမျိုး နိမ့်ကျပြီး သာမန်ဆန်တဲ့အရာတွေကြားမှာ ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ”

“တာအိုက အုတ်ချပ်တွေ… ကြွေပြားတွေကြားမှာရှိတယ်”

တောင်အကြီးအကဲက မဖြေဘဲ ဆက်ပြောလိုက်၏။

လင်းရွှမ်ကျီက မျက်လုံးစွေကြည့်ပြီး မကျေမနပ်ရေရွတ်လိုက်၏။

“ဘုရားရေ… အခြေအနေက ပိုပိုပြီးတော့ ဆိုးလာပြီပဲ”

တောင်အကြီးအကဲက ရယ်မောကာ ပြောလိုက်၏။

“တာအိုက မစင်တွေကြားမှာလည်း ရှိတယ်”

လင်းရွှမ်ကျီက ထိုစကားကိုကြားသောအခါ ဆွံ့အသွားလေသည်။ သူက တစ်ဘက်သို့လှည့်ပြီး ဆူဇီမိုကိုဆွဲ၍ ဤနေရာကနေ ထွက်ခွာသွာချင်ကာ မကျေမနပ်ပြောလိုက်၏။

“ဒီအဘိုးကြီးက ငါတို့ကို အရူးလုပ်နေတာပဲ… သူက တာအိုကို သင်ကြားမပေးချင်ဘူး”

မဟာတာအိုသုံးထောင်က မစင်တွေကြားမှာ ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ။

လင်းရွှမ်ကျီက ဆူဇီမိုကို ဆွဲခေါ်လိုက်သော်လည်း ထိုသူက တုတ်တုတ်မျှ လှုပ်မလာခဲ့ပေ။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကြုတ်ပြီး အတွေးနက်နေ၏။

“မင်း…”

လင်းရွှမ်ကျီက စကားပြောတော့မည့်ဆဲဆဲမှာပင် တျဲယွဲ့က သူမ၏ ဝတ်ရုံစကို ညင်သာစွာဝေ့ယမ်းပြီး သူ့ကို တွန်းဖယ်ထုတ်လိုက်၏။ သူမက သူ့ကိုခေါင်းခါပြပြီး ဆူဇီမိုကို အနှောက်အယှက်မပေးရန်အချက်ပြနေ၏။

ဘာဖြစ်နေတာလဲ။

လင်းရွှမ်ကျီက ငေးငိုင်သွား၏။

အဖိုးအို၏ ပေါက်တတ်ကရစကားကနေ သူက တစ်စုံတစ်ရာကို တကယ်ပဲနားလည်ဆင်ခြင်မိသွားတာလား။

ဆူဇီမိုအတွက်တော့ တောင်အကြီးအကဲ၏ စကားလုံးများသည် တစ်ခုသောရှုထောင့်ကနေ အရာရာတိုင်းကို ဖွင့်လှစ်ပြလိုက်ခြင်းဖြစ်လေသည်။

မဟာတာအိုသုံးထောင်က နေရာအနှံ့မှာရှိနေ၏။

အနိမ့်ကျဆုံးနှင့် အရေးမပါအရာမရောက်သောအရာများမှာပင် မဟာတာအို၏ သဘောတရားပါဝင်နေ၏။

ကမ္ဘာမြေမဟာတာအိုသည် လယ်ကွင်းထဲမှာရှိပြီး၊ မျိုးစေ့ချခြင်းနှင့် အသက်ဓာတ်ကို ပျိုးထောင်ခြင်းမှာ ဘဝမဟာတာအိုပါဝင်နေ၏။

သစ်ပင်ဝါးပင်များ ညှိုးခြောက်သွားသည့်အခါ သူတို့မှာ ညှိုးနွမ်းမဟာတာအိုပါဝင်နေ၏။

ရာသီဥတုပြောင်းလဲခြင်း၊ နေ့နှင့်ည၏ ကူးပြောင်းခြင်း၊ လေ၊ မိုးနှင့် နှင်းတို့ကို တွေ့ကြုံခံစားရခြင်း… ဤအရာများအားလုံးမှာ မဟာတာအိုရှိနေသည်။

ယခုအချိန်မှာ ဆူဇီမိုသည် နောက်ဆုံးနားလည်သဘောပေါက်သွားသည်။ စစချင်း သူမြင်တွေ့ခဲ့သည့် တံငါသည်၊ သစ်ခုတ်သမားနှင့် လယ်သမားတို့မှာ သူတို့ပြုလုပ်လိုက်သည့် လှုပ်ရှားမှုတိုင်းက မဟာတာအိုနှင့် လိုက်ဖက်ညီမှုရှိနေ၏။

သူတို့သည် သူတို့၏ မဟာတာအိုကို အထွတ်အထိပ်နှင့် ပြီးပြည့်စုံသည်အထိ ကျွမ်းကျင်တတ်မြောက်ထားကြပြီဖြစ်၏။

ကစဉ့်ကလျားမဟာတာအိုအနေဖြင့် ပို၍ပင် သိသာထင်ရှားလေသည်။

ကစဉ့်ကလျားသည် အရာရာတိုင်းကို ဆင်းသက်လာစေပြီး အရာရာတိုင်းက ကစဉ့်ကလျားထဲမှာပါဝင်နေ၏။

ကစဉ့်ကလျားမဟာတာအို၏ အငွေ့အသက်များအားလုံးကို နေရာတိုင်းမှာ ရှာတွေ့နိုင်လေသည်။

အရင်တုန်းက ဆူဇီမိုသည် ကးစဉ့်ကလျားမဟာတာအိုကို နားလည်ဆင် ခြင်ဖို့အတွက် ကစဉ့်ကလျားနှင့်ပတ်သက်ဆက်စပ်သည့် အရာတချို့ကို ရှာဖွေလိုခဲ့သည်။ သို့သော်လည်း ထိုသို့ပြုလုပ်ခြင်းက သူ့ကို တာအိုကနေ ပိုမိုဝေးကွာသွားစေ၏။

သူတွေ့မြင်နိုင်သော၊ အာရုံခံနိုင်သော၊ ကြားနိုင်သော အရာရာတိုင်းမှာ ကစဉ့်ကလျားမဟာတာအို ပါဝင်နေ၏။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် သူ၏ ဘေးပတ်လည်ရှိအရာရာတိုင်းက ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရ၏။

အချိန်ကြာလာသည်နှင့်အမျှ ကျေးရွာက ကျေးရွာနှင့်ဆက်လက်၍ မတူတော့ပေ။ သစ်ပင်များက သစ်ပင်များနှင့်ဆက်လက်၍ မတူတော့ဘဲ မြစ်ချောင်းများကလည်း မြစ်ချောင်းများနှင့် ဆက်လက်၍ မတူတော့ပေ။

အရာရာတိုင်းက ဖျော့တော့သွားပြီး နောက်ဆုံးမှာ ကစဉ့်ကလျားအဖြစ် ပြောင်းလဲသွား၏။

သို့သော်လည်း သူက ကစဉ့်ကလျားထဲမှာ မတ်တတ်ရပ်နေလေသည်။

ဘုန်း…

တစ်စုံတစ်ရာကြေမွပျက်စီးသွားသည့်အလား သူ၏ ခန္ဓာကိုယ်ထဲကနေ ကျယ်လောင်သောပေါက်ကွဲသံ ထွက်ပေါ်လာ၏။

နောက်ခဏ၌ ကစဉ့်ကလျားလောကက ပျောက်ကွယ်သွားလေသည်။

လောကက တာအိုဖြစ်ပြီး တာအိုက လောကဖြစ်လာ၏။

ကစဉ့်ကလျားလောကသည် ကစဉ့်ကလျားမဟာတာအိုနှင့်အတူ ပေါင်းစည်းပြီး သူထိန်းချုပ်နိုင်သည့် မည်သည့်အရာမဆိုဖြစ်လာသည်။

ကစဉ့်ကလျားလောကက ပျောက်ကွယ်သွားသော်လည်း ၎င်းက နေရာအနှံ့မှာရှိနေ၏။

ဆူဇီမိုသည် နောက်ဆုံးမှာ နိုးထလာခဲ့သည်။

သူသည် တာအိုကြီးစိုးမှုနယ်ပယ်၏ စဉီးကျွမ်းကျင်မှုကို ရရှိပြီး တာအိုသာလွန်သူတစ်ဦးဖြစ်လာသည်။

သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားကလည်း ဆပွားတိုးလာပြီး အဓိပတိသာလွန်သူတစ်ဦး၏ အဆင့်ကို ရောက်ရှိလာလေသည်။

ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားမရှိလျှင်တောင် သူသည် အဓိပတိသာလွန်သူလင်းမင်လို ပညာရှင်များကို ဖိနှိမ်နိုင်တော့မည်ဖြစ်သည်။

ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်ပြီး ညအမှောင်က လွှမ်းခြုံလာလေသည်။

ရှေ့မှာရှိသော ကျောက်ကုလားထိုင်က ဗလာကျင်းနေပြီး တောင်အကြီးအကဲကို မတွေ့မြင်ရတော့ပေ။

လင်းရွှမ်ကျီကလည်း မရှိတော့ပေ။

တျဲယွဲ့တစ်ဦးတည်းကသာ အနီးနားမှာ မတ်တတ်ရပ်ပြီး သူ့ကိုကာကွယ်ပေးနေ၏။

“သူတို့တွေက…”

အစကတော့ ဆူဇီမိုသည် တောင်အကြီးအကဲကို ကျေးဇူးတင်စကားပြောချင်၏။ သို့သော်လည်း သူက တစ်စုံတစ်ရာကို အလျင်အမြန်နားလည်သဘောပေါက်သွားပြီး‌ မေးလိုက်၏။

“အချိန်ဘယ်လောက်ကြာသွားပြီလဲ”

တျဲယွဲ့က ပြုံး၍ပြောလိုက်၏။

“တစ်လလောက်…”

“အမ်…”

ဆူဇီမိုက ခဏမျှမှင်တက်ပြီးနောက် ခါးသက်သောအပြုံးတစ်ခုနှင့်အတူ ခေါင်းခါယမ်းလိုက်၏။

သူ၏ အသိစိတ်အရ စောစောက ဖြစ်ပျက်ခဲ့သော အရာရာတိုင်းသည် အသက်ရှူချိန် အနည်းငယ်အတွင်းမှာ ဖြစ်ပွားခဲ့ပုံရလေသည်။

မထင်မှတ်ထားစွာပင် အချိန်က တဖြည်းဖြည်းကုန်ဆုံးပြီး အဆင့်ချိုးဖျက်တက်လှမ်းခြင်းဖြစ်စဉ်က တစ်လကြာခဲ့လေသည်။

သို့သော်လည်း တျဲယွဲ့က တစ်ချိန်လုံးအနီးနားမှာနေပြီး သူ့ကိုစောင့်ကြပ်ပေးနေ၏။

All Chapters