← Chapters

လေဟာနယ်အချိန်တားမြစ်ကုန်းမြေ

Vol. 219 Ch. 3325

လေဟာနယ်အချိန်တားမြစ်ကုန်းမြေ

Vol. 219 Ch. 3325

နောက်ထပ်နှစ်နှစ်သောင်းက ကုန်ဆုံးသွားသည်။

ဤနှစ်များအားလုံးမှာ လင်းရွှမ်ကျီသည် အနောက်တောင်ဒေသမှာ ပုံပြင်များလှည့်လည်ပြောခဲ့သောကြောင့် သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ မိတ်ဆွေဟောင်းသုံးဦးဖြစ်သည့် ဖုန့်စန်းထျန်၊ သံသရဖူဆောင်းအဖိုးအိုနှင့် စစ်တုရင်အင်မော်တယ်ကျွင်းယုတို့ကို ရှာတွေ့ခဲ့၏။

မိတ်ဆွေဟောင်းများ ပြန်လည်ဆုံစည်းသောအခါ သူတို့က ဝမ်းသာအားရဖြစ်နေပြီး သူတို့၏ အတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ကြသည်။

လင်းရွှမ်ကျီ၊ ဖုန့်စန်းထျန်၊ သံသရဖူဆောင်းအဖိုးအိုနှင့် စစ်တုရင်အင်မော်တယ်ကျွင်းယုတို့သည် တောင်အကြီးအကဲထံမှ အကြံဉာဏ်ရယူခဲ့ကြ၏။ သူတို့အားလုံးသည် အသိအမြင်ရရှိပြီး တာအိုသုံးသပ်မှုနယ်ပယ်ကို တက်လှမ်းလာကြပြီဖြစ်သည်။

တစ်ခဏချင်းမှာပင် ဆူဇီမိုသည် တျဲယွဲ့နှင့်အတူ ရွှမ်ဖျင်တောင်မှာ နောက်ထပ်နှစ်ငါးသောင်းကြာ နေထိုင်ခဲ့ပြီးလေပြီ။

ဤအချိန်အတောအတွင်း သူသည် ရုတ်ရုတ်သဲသဲအခြေအနေများကို ရှောင်လွှဲပြီး သူစတင်ကျင့်ကြံခဲ့ကတည်းက ရှားရှားပါးပါး တည်ငြိမ်အေးချမ်းသောအချိန်ကာလတစ်ခုကို ရရှိနေ၏။

ရံဖန်ရံခါမှာ အရှေ့တောင်ဒေသမှ သတင်းရောက်လာတတ်လေသည်။ အဓိပတိသာလွန်သူချန်ချင်းနှင့် အခြားသူများ၏ ဦးဆောင်မှုအောက်မှာ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက တစ်နေ့ထက်တစ်နေ့ ပိုမိုသန်မာလာပြီး‌ ကျော်ကြားလာသည်။

ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ ကာကွယ်မှုအောက်မှာ အပင်မျိုးနွယ်သည် တဖြည်းဖြည်းမြင့်မားတိုးတက်ပြီး နယ်မြေဒေသကြီးများကို စတင်၍ သိမ်းယူလာခဲ့ကြသည်။ မျိုးနွယ်စုတစ်သောင်းမှ အဖွဲ့အစည်းများကလည်း အရှေ့တောင်ဒေသကနေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ဆုတ်ခွာသွားကြ၏။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ကျင့်ကြံသူများစွာသည် ရွှမ်ဖျင်တောင်အနီးနားဝန်းကျင်သို့ ရောက်ရှိလာပြီး ကာလရှည်ကြာငြိမ်သက်မှုကို ဖြိုခွင်းလိုက်လေသည်။

ဤကျင့်ကြံသူများသည် လောကတစ်ဝန်းမှဖြစ်ပြီး ကောင်းကင်လိုဏ်ဂူသုံးဆယ့်ခြောက်ခုနှင့် မွန်မြတ်ကုန်းမြေခုနှစ်ဆယ့်နှစ်ခုမှ လူသားပညာရှင်များဖြစ်ကြသည်။ သူတို့က အရေအတွက်များပြားပြီး အလွန်တရာစည်ကားသက်ဝင်နေ၏။

နေ့စဉ်နေ့တိုင်း သူတို့၏ အခန်းများထဲမှာရှိနေသည့် ဆူဇီမိုနှင့်တျဲယွဲ့ပင်လျှင် အဲဒါကို အာရုံခံမိသွား၏။

“ဘာဖြစ်နေတာပါလိမ့်… အပြင်ဘက်မှာ လူတွေဒီလောက်အများကြီး ဘာလို့ရောက်လာတာလဲ”

ဆူဇီမိုနှင့် တျဲယွဲ့သည် အပြင်ဘက်သို့ ရောက်ရှိလာသောအခါ သူတို့သည် လင်းရွှမ်ကျီ၊ ကျွင်းယုနှင့် အခြားသူများ လျှောက်လှမ်းလာသည်ကို တွေ့မြင်သောအခါ သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

လင်းရွှမ်ကျီက ရယ်မောကာ စနောက်လိုက်၏။

“မင်းတို့နှစ်ယောက်က တကယ်ကို စွမ်းကြတာပဲ… မင်းတို့တွေက တစ်ချိန်လုံး ပူးပူးကပ်ကပ်နဲ့ တစ်ယောက်အနားကနေတစ်ယောက် တစ်ဖဝါးတောင် မခွာကြဘူး… အပြင်ဘက်မှာ ရှိတဲ့ အရေးကိစ္စတွေကိုတောင်မှ ဂရုမစိုက်ဘဲနေနိုင်တယ်”

ဖုန့်စန်းထျန်ကလည်း ရယ်မောကာ ပြောလိုက်၏။

“မင်းတို့နှစ်ယောက်.. ဘယ်တော့လက်ထပ်ကြမှာလဲ… ငါတို့က လက်ထပ်မင်္ဂလာစားသောက်ပွဲကို စောင့်နေကြတာ”

ဆူဇီမိုနှင့် တျဲယွဲ့သည် တာအိုလက်တွဲဖော်များဖြစ်လာသော်လည်း သူတို့က မည်သည့်လက်ထပ်မင်္ဂလာပွဲကိုမှ ပြုလုပ်ခဲ့ခြင်း မရှိပေ။

တျဲယွဲ့က ထိုသို့ပြုလုပ်ဖို့ စိတ်မဝင်စားပေ။

ဆူဇီမိုကလည်း ဤကဲ့သို့ ထုံးတမ်းစဉ်လာများကို ဂရုမစိုက်တတ်ပေ။

သူတို့၏ ရင်ထဲမှာ သူတို့နှစ်ယောက်အတူရှိနိုင်သည်နှင့်အမျှ လုံလောက်လေသည်။

လက်ထပ်မင်္ဂလာအခမ်းအနားကဲ့သို့ တစ်စုံတစ်ရာက မရှိမဖြစ်မဟုတ်ပေ။

ဖုန့်စန်းထျန်၏ စကားကိုကြားသောအခါ ဆူဇီမိုက ခေါင်းခါပြီး ပြုံးလိုက်၏။

“လက်ထပ်မင်္ဂလာပွဲလို ဓလေ့ထုံးတမ်းတွေကို ထားလိုက်စမ်းပါ… ကျုပ်တို့အချိန်တစ်ခုမှာ ကျုပ်တို့ရဲ့မိတ်ဆွေဟောင်းတွေနဲ့ စိတ်ကျေနပ်အားရတဲ့အထိ သောက်စားကြရင် လုံလောက်ပြီ..”

ဆူဇီမိုက မေးခွန်းထုတ်လိုသောအမူအရာဖြင့် တျဲယွဲ့ကို ကြည့်လိုက်၏။

“ရှင့်သဘောပဲ”

တျဲယွဲ့က ပြုံး၍ပြောလိုက်၏။

ထို့နောက် သူမက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ညင်သာစွာ ပြောလိုက်၏။

“ဒါပေမဲ့ ဒီတစ်ခေါက် ရှင်ကျွန်မအတွက် တစ်ခါတည်းကြွေသွားလောက်မယ့် လက်ဆောင်မျိုး ပြင်ပေးထားဖို့တော့ လိုလိမ့်မယ်”

ဆူဇီမိုက ထိုစကားကိုကြားသောအခါ သူ၏ မျက်နှာက အနည်းငယ်နီမြန်းသွား၏။

မဟာအရိုင်းကမ္ဘာမှာ သူတျဲယွဲ့ကို သွားရှာစဉ်က သူမအား သူပေးခဲ့သည့်လက်ဆောင်ကို ပြန်လည်အမှတ်ရသွား၏။

“အဲဒီလက်ဆောင်က သိပ်မကောင်းလို့လား”

ဆူဇီမိုက ညင်သာစွာချောင်းဟန့်လိုက်ပြီး အနည်းငယ်မလုံမလဲခံစားနေရ၏။

“ရှင်ဘယ်လိုထင်လို့လဲ”

တျဲယွဲ့က သူ့ကို မျက်လုံးစွေကြည့်လိုက်၏။

“မင်း သူ့ကို ဘာပေးခဲ့တာမို့လို့လဲ”

လင်းရွှမ်ကျီ၏ မျက်လုံးများက အတင်းအဖျင်းပြောလိုစိတ်ဖြင့် တောက်ပလာပြီး သူက မချိုမချဉ်အမူအရာနှင့် ရှေ့ကိုတိုးကာ မေးလိုက်၏။

“သွားစမ်းပါ”

ဆူဇီမိုက လင်းရွှမ်ကျီ၏ ခေါင်းကို တွန်းဖယ်ထုတ်ပြီး စကားလမ်းကြောင်းပြောင်းလိုက်၏။

“အပြင်ဘက်မှာ ဘာတွေဖြစ်နေကြတာလဲ”

“လေဟာနယ်အချိန်အထွတ်အမြတ်ခိုလှုံရာက တားမြစ်ကုန်းမြေတစ်ခုကို ဖွင့်လှစ်ပြီး မျိုးနွယ်စုတစ်သောင်းက အဓိပတိသာလွန်သူတွေကို သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့အတွက် အဲဒီနေရာကို ဝင်ရောက်ခွင့်ပေးထားတယ်လို့ ငါကြားတယ်”

သံသရဖူဆောင်းအဖိုးအိုသည် ဆူဇီမို၏ ရှက်ကိုးရှက်ကန်းအခြေအနေကနေ ရုန်းထွက်နိုင်စေရန် ဝင်ရောက်ပြောဆိုပေးလိုက်၏။

သံသရဖူဆောင်းအဖိုးအိုက ဆက်ပြောလိုက်၏။

“အဲဒီသတင်းကိုကြားပြီးတဲ့နောက် ကောင်းကင်လိုဏ်ဂူသုံးဆယ့်ခြောက်ခုနဲ့ မွန်မြတ်ကုန်းမြေခုနှစ်ဆယ့်နှစ်ခုက လူသားပညာရှင်တွေက ဒီနေရာမှာစုဝေးပြီး ထွက်ခွာဖို့ပြင်နေကြတာပဲ”

“လေဟာနယ်အချိန်တားမြစ်ကုန်းမြေလား…”

ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

ကျွင်းယုက ပြောလိုက်သည်။

“ခါတိုင်းလိုဆို တာအိုကို အောင်မြင်ရရှိဖို့အတွက် အထွတ်အမြတ်ခိုလှုံရာငါးခုက ပညာရှင်‌တွေပဲ အဲဒီလေဟာနယ်အချိန်တားမြစ်ကုန်းမြေကို ဝင်ရောက်နိုင်တယ်လို့ဆိုတယ်… သူတို့က အခုချိန်မှာ အဲဒါကို မျိုးနွယ်စုတစ်သောင်းက ပညာရှင်တွေအတွက် ဖွင့်လှစ်ပေးလိုက်တာ တကယ့်ကို ရှားရှားပါးပါးအခွင့်အရေးပဲ”

ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“အဲဒါက လေဟာနယ်အချိန်အထွတ်အမြတ်ခိုလှုံရာရဲ့ တားမြစ်ကုန်းမြေဆိုရင် သူတို့က အဲဒါကို မျိုးနွယ်စုတစ်သောင်းက ပညာရှင်တွေအတွက် ဖွင့်လှစ်ပေးရအောင် ဘာလို့အဲလောက်ထိ သဘောကောင်းလာရတာလဲ”

လင်းရွှမ်ကျီက ပြောလိုက်၏။

“ကောင်းကင်ဘုံ ၃၃ခုမှာ အထွတ်အမြတ်ခိုလှုံရာငါးခုက အတော်လေးပြင်းထန်တဲ့ သေကြေပျက်စီးထိခိုက်မှုနဲ့ ကြုံတွေ့ခဲ့တယ်လို့ ငါထင်တယ်.. အဲဒီမှာ မဟာတာအိုသူတော်စင်နေရာတချို့က လစ်လပ်နေတယ်.. သူတို့က နောက်ထပ်သူတော်စင်တွေကို တတ်နိုင်သမျှများများစုဆောင်းပြီး မျိုးနွယ်စုတစ်သောင်းနဲ့ လမ်းလေးသွယ်ကို နောက်တစ်ဖန်ဝိုင်းပတ်ပိတ်ဆို့ဖို့ ပြင်နေကြတာပဲ… အဲဒါကြောင့် သူတို့က မျိုးနွယ်စုတစ်သောင်းကို ဒီလိုမျိုး အခွင့်အရေးပေးလာတာ”

“ငါသိရသလောက်ဆိုရင် ဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက် မျိုးနွယ်စုတစ်သောင်းက တုန်လှုပ်သွားကြတယ်… ပကတိတာအိုကြီးစိုးမှုနယ်ပယ်ထိ ကျင့်ကြံထားတဲ့ အဓိပတိသာလွန်သူပညာရှင်တွေအားလုံးက အဲဒါကို ကြိုးစားကြည့်ဖို့အတွက် လေဟာနယ်အချိန်တားမြစ်ကုန်းမြေကို သွားရောက်ကြလိမ့်မယ်”

ဆူဇီမိုက ပြောလိုက်၏။

“မျိုးနွယ်စုတစ်သောင်းက အဓိပတိသာလွန်သူတွေကို ဆွဲဆောင်နိုင်အောင် အဲဒီလေဟာနယ်အချိန်တားမြစ်ကုန်းမြေက ဘာတွေထူးခြားနေလို့လဲ”

လင်းရွှမ်ကျီက ပြောလိုက်၏။

“လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ မင်းက သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းရာမှာ ပထမဆုံးအကြိမ်ကျရှုံးသွားမယ်ဆိုရင်တောင် မင်းကို သေဆုံးမသွားဖို့ အဲဒီနေရာက အာမခံပေးနိုင်တယ်လို့ ငါကြားတယ်”

တကယ်တော့ ကျရှုံးတဲ့အဆက်မပြတ်ကြိုးပမ်းမှု‌တွေက တာအိုအဖြစ်ပြယ်လွင့်ပြီး သေခြင်းတရားဆီကို ဦးတည်သွားဦးမှာပဲ”

“ဟမ်..”

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။

သူတော်စင်တစ်ပါးဖြစ်လာဖို့ တာအိုနှင့်အတူ ပေါင်းစည်းခြင်းက အလွန်တရာအန္တရာယ်များလေသည်။

သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်သော အဓိပတိသာလွန်သူများသည် တာအိုနှင့်ပေါင်းစည်းရာမှာ ကျရှုံးပြီး တာအိုအဖြစ်ပျက်ပြယ်ကာ သေဆုံးခဲ့ရလေသည်။

သူတော်စင်တစ်ပါးဖြစ်လာဖို့ တခြားနည်းလမ်းမရှိပေ။

ကျရှုံးသွားသည်နှင့် သူတို့က ချက်ချင်းပင်သေရပေလိမ့်မည်။

သို့သော်လည်း လင်းရွှမ်ကျီပြောပုံအရ ဤလေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ သူတော်စင်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းရာတွင် ပထမဆုံးအကြိမ် ကျရှုံးမှုကနေ လူတစ်ယောက်က ရှင်သန်နိုင်မည်ဖြစ်သည်။

လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ သူတို့သည် သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့ အခွင့်အရေးနှစ်ကြိမ်ရှိသည်ဟု ဆိုလိုလေသည်။

ဤမက်လုံးက အဓိပတိသာလွန်သူပညာရှင်တိုင်းအတွက် တကယ့်ကို ကြီးမားလွန်းလေသည်။

မျိုးနွယ်စုတစ်သောင်းသည် ဤသတင်းတွင် တုန်လှုပ်သွားကြသည်မှာ မထူးဆန်းတော့ပေ။

ကံဆိုးစွာနှင့်ပင် သူသည် တာအိုကြီးစိုးမှုနယ်ပယ်၏ စဦးကျွမ်းကျင်မှုထိသာ ကျင့်ကြံရသေးပြီး သူ့မှာ သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့ အခွင့်အရေးမရှိပေ။

မဟုတ်ပါက သူပင်လျှင် တစ်ခါလောက်ကြိုးစားကြည့်ဖို့အတွက် ဤလေဟာနယ်အချိန်တားမြစ်ကုန်းမြေကို ဝင်ရောက်ချင်မိပေလိမ့်မည်။

ဆူဇီမိုက စဉ်းစားရခက်သွားပြီး မေးလိုက်၏။

“တာအိုနဲ့ပေါင်းစည်းရာမှာ ကျရှုံးသွားတဲ့ အဓိပတိသာလွန်သူတစ်ဦးရဲ့အသက်ကို ကာကွယ်ပေးနိုင်တယ်ဆိုတော့.. ဒီလေဟာနယ်အချိန်တားမြစ်ကုန်းမြေက ဘာလို့အဲလောက်ထိ ထူးခြားနေရတာလဲ”

“အဲဒါတော့ ငါလည်းမသိဘူး”

လင်းရွှမ်ကျီက ခေါင်းခါပြလိုက်၏။

ဆူဇီမိုက တျဲယွဲ့ကို အလိုလိုကြည့်လိုက်၏။

တျဲယွဲ့က စောစောက သူတို့၏ အပြန်အလှန်ပြောဆိုစကားမှာ တစ်စုံတစ်ရာဝင်ရောက်ပြောဆိုခဲ့ခြင်း မရှိပေ။

ထိုအခိုက်အတန့်မှာ သူမ၏ အမူအရာက မှင်သေသေဖြင့်ရှိနေပြီး သူမ၏ မျက်လုံးအနက်ပိုင်းထဲတွင် အေးစက်မှုတစ်ခုပင်ရှိနေ၏။

“လေဟာနယ်အချိန်တားမြစ်ကုန်းမြေက လူသားမျိုးနွယ်နဲ့ ဆက်စပ်နေတာလား”

ဆူဇီမိုက တစ်စုံတစ်ရာကို ခပ်ရေးရေးခန့်မှန်းမိပြီး မေးလိုက်၏။

တျဲယွဲ့က ခေါင်းညိတ်ပြလိုက်၏။

“အဲဒီလေဟာနယ်အချိန်တားမြစ်ကုန်းမြေက တကယ်တော့ အရင်တုန်းက လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်ခိုလှုံရာဖြစ်တဲ့ ဘဝအထွတ်အမြတ်ခိုလှုံရာပဲ.. ဒါ့ပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဘီလီယံကျော်က အဲဒါကို လေဟာနယ်အချိန်အထွတ်အမြတ်ခိုလှုံရာက ချိပ်ပိတ်ပြီး သူတို့ဘာသာသူတို့ အသုံးချဖို့အတွက် လုယူသွားခဲ့တယ်”

ထိုစကားကိုကြားသောအခါ လူတိုင်းက တုန်လှုပ်သွားကြ၏။

လင်းရွှမ်ကျီက နားလည်သဘောပေါက်သွားသည်။

“ငါ… ဒီလောက်နှစ်တွေအများကြီး လှည့်ပတ်သွားလာပြီးတာတောင် ဘဝအထွတ်အမြတ်ခိုလှုံရာကို ရှာမတွေ့နိုင်ခဲ့တာ မထူးဆန်းတော့ဘူး… လက်စသတ်တော့ အဲဒါကို လေဟာနယ်အချိန်အထွတ်အမြတ်ခိုလှုံရာက လုယူထားတာပဲ”

တျဲယွဲ့က ပြောလိုက်၏။

“ဘဝအထွတ်အမြတ်ခိုလှုံရာမှာ အသက်ဓာတ်ကျောက်တုံးတစ်တုံးရှိတယ်… တစ်ယောက်ယောက်က သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းရာမှာ ပထမဆုံးအကြိမ်ကျရှုံးသွားမယ်ဆိုရင် မဟာတာအိုရဲ့ တန်ပြန်ရိုက်ခတ်မှုကို ခုခံဆန့်ကျင်ပြီး ကျင့်ကြံသူရဲ့အသက်ကို ကာကွယ်ပေးနိုင်မယ့် ကြီးမားတဲ့အသက်ဓာတ်အားတစ်ခုကို အသက်ဓာတ်ကျောက်တုံးက ထုတ်ပေးလိမ့်မယ်”

“ဘဝအထွတ်အမြတ်ခိုလှုံရာက အစက အဲဒါကို လူသားတွေအတွက် ပြင်ဆင်ပေးထားတာပဲ… ကံဆိုးစွာနဲ့ပဲ… အဲဒါကို အဲဒီနှစ်တွေမှာ အထွတ်အမြတ်ခိုလှုံရာငါးခုက လူတွေကျင့်ကြံဖို့အတွက် လေဟာနယ်အချိန်အထွတ်အမြတ်ခိုလှုံရာက သိမ်းယူသွားခဲ့တယ်”

ဆူဇီမိုက နှုတ်ဆိတ်သွား၏။

နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာ၏ ဖိနှိမ်မှုနှင့် ခြိမ်းခြောက်မှုအောက်မှာ လူသားမျိုးနွယ်တွင် သူတော်စင်များ ရှိမလာတော့ပေ။

ထိုအချက်ကြောင့် သူတို့သည် ဤကဲ့သို့ ကြီးမားစွာအရှက်ခွဲခံရလျှင်ပင် တုံ့ပြန်တိုက်ခိုက်နိုင်ခြင်း မရှိကြပေ။

ကျွင်းယုက ပြောလိုက်၏။

“အဲဒီနေရာကို မျိုးနွယ်စုတစ်သောင်းအတွက် ဖွင့်လှစ်ပေးမယ်လို့ လေဟာနယ်အချိန်အထွတ်အမြတ်ခိုလှုံရာက ဒီတစ်ခေါ် သတင်းဖြန့်ခဲ့တယ်ဆိုတော့ အဲဒီထဲမှာ လူသားမျိုးနွယ်လည်းပါတာပေါ့… တာအိုရောင်းရင်း… ရှင်းက ပကတိတာအိုကြီးစိုးမှုနယ်ပယ်ထိ ကျင့်ကြံပြီးပြီပဲ… ရှင်းလည်း ဘဝအထွတ်အမြတ်ခိုလှုံရာကိုသွားပြီး တစ်ခါလောက်ကြိုးစားကြည့်ပါလား”

“ထားလိုက်ပါ”

တျဲယွဲ့က ခေါင်းခါပြလိုက်၏။

ငါကျင့်ကြံတဲ့ မဟာတာအိုမှာ သူတော်စင်တစ်ပါးရှိနေပြီးပြီ… ငါက ဘဝအထွတ်အမြတ်ခိုလှုံရာကို သွားမယ်ဆိုရင်တောင် ငါက သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး”

“ငါ့အတွက်တော့ သူတော်စင်တစ်ပါးဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးတော့ဘူး”

ထိုသို့ပြောရင်း… တျဲယွဲ့သည် ဆူဇီမိုနှင့် အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်၏။

သူတို့နှစ်ယောက်သည် တစ်ယောက်စိတ်ကိုတစ်ယောက် နားလည်ကြလေသည်။

တျဲယွဲ့၏ ယခင်ဘဝမှာသာဆိုလျှင် သူမသည် ထာဝရအသက်နှင့် အသိအမြင်ချဲ့ထွင်မှုနောက်သို့ လိုက်ကောင်းလိုက်ပေလိမ့်မည်။

သို့သော်လည်း သူမသေဆုံး၍ ပြန်လည်မွေးဖွာလာပြိးနောက် သူမ၏ စိတ်နေစရိုက်က အတော်လေးပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

သူမ၏ မှတ်ဉာဏ်များနိုးထလာပြီး ဆူဇီမိုကို တွေ့မြင်သည့်ခဏမှာပင် သူမအတွက် ဘယ်အရာက အရေးကြီးဆုံးလည်းဆိုတာကို နားလည်သိရှိသွားပြီဖြစ်သည်။

All Chapters