← Chapters

မျိုးနွယ်စုတစ်သောင်း စုဝေးခြင်း

Vol. 219 Ch. 3326

မျိုးနွယ်စုတစ်သောင်း စုဝေးခြင်း

Vol. 219 Ch. 3326

လေဟာနယ်အချိန် တားမြစ်ကုန်းမြေကို ဖွင့်လှစ်လိုက်သည့် ခဏမှာပင် အမျိုးမျိုးသော နယ်မြေဒေသများမှာ တာအိုကြီးစိုးမှုနယ်ပယ် ပညာရှင်များ ဝင်ရောက်နိုင်သည့် အာကာသဆုံမှတ်များ ပေါ်ထွက်လာ၏။

အနောက်တောင်ဒေသမှာ အာကာသဆုံမှတ်သည် ရွှမ်ဖျင်တောင် အနီးအနားတွင် ပေါ်ထွက်လာသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းမှာ တာအိုသာလွန်သူများ၊ မဟာသာလွန်သူများနှင့် အဓိပတိသာလွန်သူပညာရှင်များပင် ဤနေရာမှာ စုဝေးရောက်ရှိလာပြီး ကြီးမားသည့် လူစုလူဝေးတစ်ရပ် ဖြစ်ပေါ်လာ၏။

လူသားမျိုးနွယ်မှာ အဓိပတိသာလွန်သူ ပညာရှင်များပင် ရာချီရှိနေ၏။

ဤအာကာသဆုံမှတ်ကနေတစ်ဆင့် လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှ မြင်ကွင်းကို အနီးအနားမှာ ရောင်ပြန်ဟပ်ပေးထား၏။ ထို့ကြောင့် တာအိုသာလွန်သူများနှင့် မဟာတာအိုသာလွန်သူများသည် သူတော်စင်တစ်ပါးဖြစ်လာဖို့ တာအိုနှင့်အတူ ပေါင်းစည်းမည့် မြင်ကွင်းကို စောင့်ကြည့်ရန် အပြေးအလွှား ရောက်ရှိလာကြလေသည်။

မည်သို့ပင်ဆိုစေ ဤသည်မှာ သူတို့အတွက် ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး အဖိုးတန်ဆုံး အတွေ့အကြုံတစ်ခုလည်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း တောင်အကြီးအကဲ၏ တားဆီးမှုကြောင့် လူသားမျိုးနွယ်မှ အဓိပတိသာလွန်သူ ပညာရှင်များသည် လေဟာနယ်အချိန် တားမြစ်ကုန်းမြေကို ဖွင့်လှစ်ပြီးတာတောင် အတန်ကြာသည်အထိ မဝင်ရောက်ကြသေးပေ။

“ဒီတစ်ခေါက် တားမြစ်ကုန်းမြေကို မျိုးနွယ်စုတစ်သောင်းအတွက် ဖွင့်လှစ်ပေးမယ်လို့ လေဟာနယ်အချိန် အထွတ်အမြတ်ခိုလှုံရာက သတင်းထုတ်ပြန်ကြေညာခဲ့တယ်… အဲ့ဒီထဲမှာ လူသားမျိုးနွယ်လည်း ပါတယ်... တောင်အကြီးအကဲက ကျုပ်တို့ကို ဘာလို့ လက်လျှော့စေချင်တာလဲ”

“ဟုတ်တယ်... လေဟာနယ်အချိန် တားမြစ်ကုန်းမြေက အစကတည်းက လူသားမျိုးနွယ်ရဲ့ ဘဝအထွတ်အမြတ်ခိုလှုံရာပဲ... ကျုပ်တို့လူသားတွေက ဘာလို့ အဲ့ဒီကို မသွားနိုင်ရမှာလဲ”

“တောင်အကြီးအကဲက ဘာကို စိုးရိမ်နေတာလဲ”

တောင်အကြီးအကဲသည် ရွှမ်ဖျင်တောင်မှာ တစ်နှစ်ပတ်လုံးနေပြီး တစ်ယောက်တည်း အေးဆေးပေါ့ပါးစွာ ရှိနေခဲ့၏။

သို့သော်လည်း ကောင်းကင်လိုဏ်ဂူ ၃၆ ခုနှင့် မွန်မြတ်ကုန်းမြေ ၇၂ ခုမှ လူသားပညာရှင်အများစုသည် တောင်အကြီးအကဲထံမှ သင်ကြားပြသမှုကို ခံယူပြီး သူ့အပေါ်မှာ အလွန်တရာ ရိုသေလေးစားမှု ရှိကြသည်။

ယခု သူတော်စင်တစ်ပါးဖြစ်လာဖို့ တစ်ခုတည်းသော အခွင့်အရေးက သူတို့၏ ရှေ့မှာ ပေါ်ထွက်လာပြီး လူသားပညာရှင်များသည် အမှန်တကယ် လက်မလွှတ်လိုကြဘဲ တောင်အကြီးအကဲ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ကြပေ။

တောင်အကြီးအကဲက ညင်သာစွာ သက်ပြင်းချလိုက်၏။

“ဒီတစ်ခေါက် လေဟာနယ်အချိန် အထွတ်အမြတ်ခိုလှုံရာက တားမြစ်ကုန်းမြေကို ဖွင့်လှစ်လိုက်တဲ့အတွက် မျိုးနွယ်စုတစ်သောင်းက အဓိပတိသာလွန်သူပညာရှင်တွေကို ဆွဲဆောင်မိလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ဘဝအထွတ်အမြတ်ခိုလှုံရာမှာ အဓိပတိသာလွန်သူတွေ အရေအတွက်က သိန်းနဲ့ချီပြီး ရှိလာနိုင်တယ်”

တာအိုကြီးစိုးမှုနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် လူတစ်ယောက်၏ ဘဝသက်တမ်းက နှစ်ပေါင်း ဆယ်ဘီလီယံ ဖြစ်လာသည်။

ရှည်လျားသော ဤအချိန်အတောအတွင်း အားအနည်းဆုံး မျိုးနွယ်များပင်လျှင် နောက်ဆုံးမှာ အဓိပတိသာလွန်သူများ ဖြစ်လာမည့် ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများကို မွေးထုတ်ပေးခဲ့ပေလိမ့်မည်။

စွမ်းအားကြီးမားသော မျိုးနွယ်များမှာဆိုလျှင် အဓိပတိသာလွန်သူများက အရေအတွက် ဆယ်ချီ သို့မဟုတ် ရာချီပင် ရှိနေနိုင်သည်။

ဤသည်မှာ မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများ၏ အစုအဝေးဖြစ်သည်။ သူတို့၏ အရေအတွက်က သိန်းနှင့်ချီပြီး ရှိလာမည်ဟု တောင်အကြီးအကဲ ပြောဆိုသည်မှာ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။

တောင်အကြီးအကဲက ပြောလိုက်၏။

“အရေအတွက် သိန်းနဲ့ချီတဲ့ အဓိပတိသာလွန်သူ ပညာရှင်တွေက နေရာဒေသအသီးသီးက အရှင်သခင်တွေပဲ... သူတို့တွေ အဲ့လောက်အများကြီး စုဝေးရောက်ရှိလာရင် အလှည့်အပြောင်းတွေ အများကြီး ပေါ်ထွက်လာနိုင်တယ်... အဲ့ဒါက ထိန်းချုပ်မှုကနေ လွတ်ထွက်လာဖို့ များတယ်”

“ကျန်နေတဲ့ မဟာတာအိုသူတော်စင် အရေအတွက်က အကန့်အသတ်ရှိတယ်ဆိုတာ မင်းတို့သိထားရမယ်... အရေအတွက် သိန်းနဲ့ချီတဲ့ အဓိပတိသာလွန်သူတွေကြားမှာ သူတို့ထဲက အတော်များများက တူညီတဲ့ မဟာတာအိုကို ကျင့်ကြံထားကြလိမ့်မယ်… သူတို့ကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားလာဖို့ များတယ်”

တစ်ယောက်ယောက်သည် မဟာတာအို၏ သူတော်စင်တစ်ပါး ဖြစ်လာသည်နှင့် တူညီသော မဟာတာအိုကို ကျင့်ကြံသည့် အခြားသော ကျင့်ကြံသူများအားလုံးက အခွင့်အရေးတစ်ခု ဆက်လက်၍ ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် တူညီသော မဟာတာအိုကို ကျင့်ကြံသည့် အဓိပတိသာလွန်သူများသည် တစ်ယောက်ကိုတစ်ယောက် ရန်လိုနေကြပေလိမ့်မည်။

သူတို့သည် မဟာကမ္ဘာတစ်ထောင်လောကမှာ ရှိကြပြီး သူတို့၏ သက်ဆိုင်ရာနယ်မြေဒေသများကို အုပ်စိုးနေကြရုံသာဆိုလျှင် ကန့်သတ်မှုများစွာကြောင့် သူတို့ကြားမှာ တိုက်ခိုက်မှုများ ရှိလာလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း တားမြစ်ကုန်းမြေတစ်ခုထဲမှာ ဤမျှများပြားသော အဓိပတိသာလွန်သူများ စုဝေးရောက်ရှိလာလျှင် ပဋိပက္ခတစ်ခု ဖြစ်ပွားလာဖို့ ဖြစ်နိုင်ခြေက ကြီးမားစွာ မြင့်တက်လာပေလိမ့်မည်။

လူသားမျိုးနွယ်မှ အဓိပတိသာလွန်သူတစ်ဦးက ပြောလိုက်၏။

“အထွတ်အမြတ်ခိုလှုံရာတွေကလွဲရင် လူသားမျိုးနွယ်က အဓိပတိသာလွန်သူ အရေအတွက်က မျိုးနွယ်စုတစ်သောင်းကြားမှာ ပထမတန်းမှာ သေချာပေါက် ရှိလိမ့်မယ်”

“ကြီးမားတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားလာမယ်ဆိုရင်တောင် ကျုပ်တို့လူသားတွေက သူတို့ကို ရှုံးနိမ့်မှာ မဟုတ်ဘူး”

“အမှန်ပဲ... လူသားမျိုးနွယ်ရဲ့ အဆင့်အတန်းက ပြီးခဲ့တဲ့နှစ်တွေထဲ မြင့်တက်မလာခဲ့ဘူးဆိုတာ ကျုပ်တို့မှာ သူတော်စင်တွေ မရှိလို့ပဲ... ဒါပေမဲ့ သူတော်စင်နယ်ပယ်အောက်မှာဆိုရင် လူသားမျိုးနွယ်က ဘယ်မျိုးနွယ်ထက်မှ မနိမ့်ကျဘူး”

“မဟာတာအိုသူတော်စင်နေရာတွေအတွက် မျှတတဲ့ တိုက်ပွဲတစ်ခုမှာဆိုရင် ကျုပ်တို့လူသားတွေက ဘဝအထွတ်အမြတ်ခိုလှုံရာမှာ ပိုကောင်းတဲ့ အခွင့်အရေးတစ်ခုကို သေချာပေါက် ရမယ်လို့ ကျုပ်ယုံတယ်”

ဘဝအထွတ်အမြတ်ခိုလှုံရာသည် တစ်ခါက လူသားမျိုးနွယ်၏ အထွတ်အမြတ်ခိုလှုံရာ ဖြစ်ခဲ့လေသည်။

ဤအထွတ်အမြတ်ခိုလှုံရာမှာ လူသားမျိုးနွယ်သည် အမျိုးမျိုးသော ထောက်ပံ့မှုများကို သေချာပေါက် ရရှိလိမ့်မည်ဖြစ်ပြီး သူတို့အနေဖြင့် သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့က အခြားသူများထက် ပိုမိုလွယ်ကူပေလိမ့်မည်။

တောင်အကြီးအကဲက ခါးသက်စွာ ပြုံးလိုက်၏။

“အဲ့ဒီအချက်တွေကြောင့်ပဲ မင်းတို့တွေအနေနဲ့ ဘဝအထွတ်အမြတ်ခိုလှုံရာမှာ လူတိုင်းရဲ့ ပစ်မှတ်ထားခြင်းခံရဖို့ ပိုပြီးလွယ်ကူနေတာပဲ”

အဓိပတိသာလွန်သူများသည် ချက်ချင်းပင် ရင်တစ်ချက်ထိတ်သွားပြီး အကြောင်းရင်းကို နားလည်သဘောပေါက်သွားကြ၏။

ဘဝအထွတ်အမြတ်ခိုလှုံရာမှာ လူသားများအနေဖြင့် သူတော်စင်များဖြစ်လာဖို့ ပိုမိုလွယ်ကူလေသည်။ ဤအချက်သည် အခြားမျိုးနွယ်များအတွက် သူတော်စင်များဖြစ်လာဖို့ အခွင့်အရေး ပိုမိုလျော့ကျသွားမည်ဟုလည်း ဆိုလိုလေသည်။

ထို့သို့ဖြင့် သူတို့သည် အခြားမျိုးနွယ်များ၏ ရန်လိုစိတ်ကို ရရှိဖို့ လွယ်ကူသွားပေလိမ့်မည်။

လူအုပ်ကြီး၏ တစ်ယောက်တစ်ပေါက် ပြောဆိုသံများက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ လက်ရှိ လူသားပညာရှင်များသည် နှစ်ပေါင်းဘီလီယံနှင့်ချီ ရှင်သန်လာခဲ့ပြီး အန္တရာယ်ကို နားလည်သဘောပေါက်ကြသည်။

အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် လေထုက အနည်းငယ် တင်းကျပ်လေးလံလာ၏။

နောက်ဆုံးမှာ တစ်ယောက်ယောက်က ပြောလိုက်လေသည်။

“ကျုပ်တို့က ဒီတိုင်းပဲ လက်လျှော့လိုက်ရမှာလား”

“ကျင့်ကြံရေးလမ်းကြောင်းက ရှည်လျားတယ်... ဒီလောက်နှစ်တွေအများကြီး ကြိတ်မှိတ်သည်းခံလာပြီးမှ.. ဒါက ပေါ်ထွက်လာတဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ... အဲ့ဒါက မဟာတာအိုသူတော်စင်နေရာအတွက် အခွင့်အရေးတစ်ခု ဖြစ်ရုံတင်မကဘူး... ကျုပ်က လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်ခိုလှုံရာကိုလည်း သွားရောက်ချင်တယ်... ကျုပ် လက်မလျှော့ချင်ဘူး”

“အဲ့ဒါက လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်ခိုလှုံရာတစ်ခုဆိုပေမဲ့ ကျုပ်တို့တွေ အဲ့ဒီနေရာကို ဘယ်တုန်းကမှ ခြေမချနိုင်ခဲ့ဘူး”

“လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်ခိုလှုံရာက ကျုပ်တို့ရဲ့ ရှေ့တည့်တည့်မှာ ပေါ်လာတာကို ကျုပ်တို့က ဘာလို့ နောက်ဆုတ်ရမှာလဲ... ရှောင်မယ့်ရှောင် သူတို့ကပဲ ကျုပ်တို့ကို ရှောင်ရမှာ”

“အဲ့ဒါက အရမ်းကို အန္တရာယ်များနေမယ်ဆိုရင်တောင် ကျုပ်ကတော့ ကြိုးစားကြည့်ချင်တယ်”

“လူသားတစ်ဦးက သူတော်စင်တစ်ပါးဖြစ်လာမယ်ဆိုရင် ကျုပ်က တာအိုအဖြစ် ပြိုကွဲပြီး သေသွားရမယ်ဆိုရင်တောင် သေပျော်ပြီ... လူသားမျိုးနွယ်မှာ သူတော်စင်တစ်ဦး မွေးဖွားလာသရွေ့ ကျုပ်တို့မှာ အနာဂတ်နဲ့ မျှော်လင့်ချက် ရှိလာလိမ့်မယ်”

လူသားအဓိပတိသာလွန်သူများ၏ လေသံက အားပါပြင်းထန်လာပြီး သူတို့၏ မျက်လုံးများက ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် တောက်ပလာလေသည်။

တောင်အကြီးအကဲက ခေါင်းခါပြီး လေးတွဲ့စွာ သက်ပြင်းချလိုက်၏။

ဤနေရာမှာ ကောင်းကင်လိုဏ်ဂူ ၃၆ ခုနှင့် မွန်မြတ်ကုန်းမြေ ၇၂ ခုမှ လူများ ရှိနေကြ၏။ အတိအကျဆိုရလျှင် အနောက်တောင်ဒေသမှ လူသားများထဲ အားလုံးနီးပါးသည် အတိတ်ကာလတုန်းက ဝရုန်းသုန်းကား အခြေအနေကို မကြုံတွေ့ခဲ့ကြဖူးပေ။

ဒါ့အပြင် ထိုစဉ်တုန်းက သူတော်စင်များသည် ပေါင်းပင်များ ရိတ်သိမ်းခံရသလို ထင်တိုင်းကြဲသတ်ဖြတ်သုတ်သင်ခံခဲ့ရသည့် ချောက်ချားစရာကောင်းသော မြင်ကွင်းကို သူတို့ မမြင်တွေ့ခဲ့ဖူးပေ။

လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ဘီလီယံကျော်က လူသားမျိုးနွယ်မှာ သူတော်စင် ၃၀၀၀ ရှိခဲ့ပြီး သူတို့သည် မျိုးနွယ်စုတစ်သောင်း၏ ခေါင်းဆောင်ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ဘာဖြစ်ခဲ့သလဲ။

ယခု လူသားမျိုးနွယ်မှ အဓိပတိသာလွန်သူများ၏ အကြည့်များကို တောင်အကြီးအကဲ တွေ့မြင်သောအခါ သူက သူတို့ကို မည်သို့ပင် ဖျောင်းဖျသည်ဖြစ်စေ အသုံးမဝင်တော့သည်ကို သိရှိလိုက်၏။

ဤလူသားများကနေ ထုတ်ဖော်ထားသည့် တိုက်ပွဲဝင်စိတ်ဝိညာဉ်နှင့် ရဲစွမ်းသတ္တိသည် သူ့ကိုပင် လှုပ်ရှားယိမ်းယိုင်စေပြီး သူက စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေ၏။

သူတို့နှင့်ယှဉ်လျှင် သူသည် သေခါနီးဆဲဆဲ အဘိုးအိုတစ်ဦး ဖြစ်နေလေပြီ။

“အားလုံးပဲ နှုတ်ဆက်ပါတယ်”

အဓိပတိသာလွန်သူရာချီက ရွှမ်ဖျင်တောင်အနီးအနားရှိသော လူအုပ်ကြီးကိုကြည့်ပြီး ညင်သာစွာ လက်ပြလိုက်၏။ ထို့နောက် သူတို့သည် တောင်အကြီးအကဲကို အလေးနက်ဦးညွှတ်ပြီး နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ အာကာသဆုံမှတ်ရှိရာသို့ ဝင်ရောက်သွားကြလေသည်။

ထွက်ခွာသွားသော အဓိပတိသာလွန်သူများကို ကြည့်ပြီး တောင်အကြီးအကဲက နောက်တစ်ဖန် သက်ပြင်းချလိုက်၏။

ယခုအချိန်မှာ သူ့အနေဖြင့် နေ့ခင်းနေ့လယ် တရေးတမောအိပ်ရမည့်အချိန်ကို ရောက်ရှိနေလေပြီ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ တောင်အကြီးအကဲသည် ထွက်ခွာဖို့ စိတ်ကူးမရှိပေ။ ထိုအစား သူသည် ဤနေရာမှာ မတ်တတ်ရပ်ပြီး လူသားပညာရှင်များစွာနှင့်အတူ လေဟာနယ်ထဲမှာ ရောင်ပြန်ဟပ်ပြနေသည့် လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှ မြင်ကွင်းကို ကြည့်နေ၏။

သူတို့၏ လုပ်ငန်းဆောင်တာများကို အစက လုပ်ဆောင်နေခဲ့ကြသည့် တံငါသည်၊ သစ်ခုတ်သမား၊ လယ်သမားနှင့် ထမင်းချက်တို့ကလည်း တောင်အကြီးအကဲ၏ ဘေးကို ရောက်ရှိလာကြ၏။

လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဘီလီယံကျော်ကတည်းက သူတို့သည် တောင်အကြီးအကဲ၏ နောက်ကို လိုက်လာခဲ့ကြပြီဖြစ်၏။ ဤနှစ်များမှာ သူတို့သည် သူတို့၏ လက်နက်များကို သိမ်းဆည်းပြီး ကျေးလက်သဘာဝရှုခင်းများကိုသာ ခံစားနေခဲ့ကြ၏။

သူတို့လေးယောက်သည် လေဟာနယ်အချိန် တားမြစ်ကုန်းမြေသို့ ဝင်ရောက်ဖို့ စိတ်ကူးမရှိကြပေ။

တောင်အကြီးအကဲ၏ စိုးရိမ်ပူပန်နေသော အမူအရာကို တွေ့မြင်သောအခါ တံငါသည်က ပြောလိုက်၏။

“တောင်အကြီးအကဲ... မပူပါနဲ့… လူသားအဓိပတိသာလွန်သူရာချီက အတူတကွ စုစည်းမိနေတာနဲ့ သူတို့တွေက တခြားမျိုးနွယ်တွေကို ဆန့်ကျင်တိုက်ခိုက်နိုင်မှာပါ”

“မျိုးနွယ်စုတစ်သောင်းကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းဖို့ လွယ်မှာ မဟုတ်ဘူး… ဒါပေမဲ့…”

သစ်ခုတ်သမားက သူ့စကားကို တစ်ဝက်တစ်ပျက်မှာ ရုတ်တရက် ရပ်တန့်လိုက်လေသည်။

ဗလတောင့်တောင့် ထမင်းချက်က သစ်ခုတ်သမား၏ စိုးရိမ်ပူပန်မှုကို ခန့်မှန်းမိလေသည်။

“အထွတ်အမြတ်ခိုလှုံရာက လူတွေ ဝင်ရောက်စွက်ဖက်လာမယ်ဆိုရင် လမ်းလေးသွယ်က လူတွေကလည်း ဒီတိုင်းထိုင်ကြည့်နေမယ် မဟုတ်ဘူးမလား”

တောင်အကြီးအကဲက ခေါင်းခါလိုက်၏။

“လမ်းလေးသွယ်က အဓိပတိသာလွန်သူတွေက ကောင်းကင်ဘုံ ၃၃ ခုကနေ ထွက်ခွာပြီး ဘဝအထွတ်အမြတ်ခိုလှုံရာကို ဝင်ရောက်တာနဲ့ အထွတ်အမြတ်ခိုလှုံရာငါးခုက သူတော်စင်မျိုးနွယ်အဓိပတိသာလွန်သူတွေက မျိုးနွယ်စုတစ်သောင်းနဲ့အတူ သူတို့ကို သေချာပေါက် ဝိုင်းပတ်သတ်ဖြတ်လိမ့်မယ်”

“မိစ္ဆာအရှင်နဲ့ ဆိုးယုတ်အမျိုးသမီးကလည်း အဲ့ဒါကို ပြောနိုင်မှာပဲ… သူတို့က လမ်းလေးသွယ်က အဓိပတိသာလွန်သူတွေကို သေချာပေါက် ပါဝင်ခွင့်ပေးမှာ မဟုတ်ဘူး”

တံငါသည်က အလေးအနက် စဉ်းစားတွေးတောနေပုံရ၏။

“လမ်းလေးသွယ်က ဒီတိုင်းထိုင်နေမယ်ဆိုရင် မျိုးနွယ်စုတစ်သောင်းကနေ သူတော်စင်တွေ မွေးဖွားပေါ်ထွက်လာတာကို သူတို့က စောင့်ကြည့်နေရလိမ့်မယ်... အဲ့ဒီသူတော်စင်တွေက အထွတ်အမြတ်ခိုလှုံရာငါးခုနဲ့ ပူးပေါင်းပြီး လမ်းလေးသွယ်ကို ဆန့်ကျင်တိုက်ခိုက်လာမှာပဲ”

“ဒါက အထွတ်အမြတ်ခိုလှုံရာငါးခုရဲ့ ပေါ်ပေါ်ထင်ထင် အကြံအစည်လို့ ဆိုနိုင်တယ်”

လယ်သမားသည် လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှ ပုံရိပ်များစွာကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။

“သူတို့တွေ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ပဲ ငါမျှော်လင့်တယ်”

All Chapters