လူသားသူတော်စင်
Vol. 219 Ch. 3327
လူသားအဓိပတိသာလွန်သူများသည် လေဟာနယ်အချိန်တားမြစ်ကုန်းမြေထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူတို့က ငေးငိုင်ကာ စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေကြ၏။
ဤနေရာသည် တစ်ခါတုန်းက လူသားမျိုးနွယ်၏ အထွတ်အမြတ်ခိုလှုံရာဖြစ်ခဲ့သည်။
သို့သော်လည်း နှစ်ပေါင်းခြောက်ဘီလီယံကျော်ကြာအောင် သူတို့သည် ဤနေရာကို ခြေမချနိုင်ခဲ့ကြပေ။
လူသားအဓိပတိသာလွန်သူတချို့သည် ကိုယ်ကိုကိုင်းညွှတ်ပြီး အဝါရောင်သဲလက်တစ်ဆုပ်စာကို သဲ့ယူကာ မျက်ရည်များစီးကျလာ၏။
ဘာ့ကြောင့်ရယ်မသိ ဖော်မပြတတ်သော ဝမ်နည်းမှုတစ်ခုက သူတို့၏ ရင်ထဲမှာ လှိုက်တက်လာသည်။
“အားလုံးပဲ… လူသားမျိုးနွယ်ရဲ့အနာဂတ်က ငါတို့ပေါ် မူတည်နေတယ်”
အဓိပတိသာလွန်သူ ကျန်းရှောင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“အမှန်ပဲ…”
အဓိပတိသာလွန်သူဟွေ့မင်က သူ၏ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ပြီး ဗုဒ္ဓအာလုတ်စကားတစ်ခုကို ရွတ်ဆိုလိုက်၏။
ဖျတ်ခနဲဆို လူတိုင်းသည် အထွတ်အမြတ်ခိုလှုံရာ၏ အလယ်ဗဟိုရှိရာသို့ ဦးတည်လိုက်ကြ၏။ လမ်းတစ်လျှောက်မှာ သူတို့သည် လေထဲမှာပျံသန်းသွားလာနေသည့် အဓိပတိသာလွန်သူပညာရှင်များစွာကို တွေ့မြင်ခဲ့ရသည်။
မျိုးနွယ်စုတစ်သောင်းမှ အရေအတွက်သိန်းချီသော အဓိပတိသာလွန်သူပညာရှင်များသည် ဤနေရာမှာ စုဝေးရောက်ရှိလာပြီး မျိုးနွယ်စုအမျိုးမျိုးမှ အဓိပတိသာလွန်သူများကို နေရာတိုင်းနီးပါးမှာ တွေ့မြင်နေရသည်။
သိပ်မကြာခင် လူသားအဓိပတိသာလွန်သူများသည် မိုးကုပ်စက်ဝိုင်း၏ အစပ်မှာ ရှေးကျပြီး ယိုယွင်းပျက်စီးနေသည့် မြို့တော်တစ်မြို့ကို တွေ့မြင်လိုက်ရ၏။
ထိုမြို့သည် အရင်တုန်းက အထွတ်အမြတ်ခိုလှုံရာ၏ ဘဝမြို့တော်ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုအချိန်မှာ ယိုယွင်းပျက်စီးနေသော မြို့ရိုးတချို့သာလျှင် ကျန်ခဲ့လေသည်။ ယိုယွင်းပျက်စီးနေသော မြို့ရိုးများကနေတစ်ဆင့် အရင်တုန်းက ရှေးဟောင်းမြို့တော်၏ စည်ကားသက်ဝင်မှုကို ခပ်ရေးရေးစဉ်းစားမိနိုင်၏။
ရှေးဟောင်းမြို့တော်၏ အလယ်မှာ။
အဘက်ဘက်မှာ ကြေမွပျက်စီးနေပြီဖြစ်သော ရှေးဟောင်းနန်းတော်တစ်ခုရှိနေ၏။ တုတ်ခိုင်သော ကျောက်တိုင်တချို့ကသာ နန်းတော်ကို ထောက်ပံ့ပေးထားပြီး ၎င်းသည် လဲပြိုကျတော့မည့်ဆဲဆဲ အခြေအနေနှင့်တူနေ၏။
နန်းတော်၏ အလယ်မှာ လူတစ်ယောက်၏ အရပ်လောက်ရှိသော အဖြူရောင်ကျောက်စိမ်းတုံးတစ်တုံးရှိနေ၏။
ထိုအဖြူရောင်ကျောက်စိမ်းတုံးသည် လူသားမျိုးနွယ်၏ အသက်ဓာတ်ကျောက်စိမ်းတုံးဖြစ်သည်။
သူတို့သည် ဘဝမြို့တော်နှင့်နီးကပ်လာလေ။ တွေ့ကြုံရသော အဓိပတိသာလွန်သူပညာရှင်များက ပို၍များပြားလာလေသည်။
သူတို့သည် ဘဝအထွတ်အမြတ်ခိုလှုံရာ၏ မည်သည့်နေရာမှာ ရောက်ရှိနေသည်ဖြစ်စေ သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့ ကြိုးစားကြည့်နိုင်ကြသည်။ သို့သော်လည်း အဓိပတိသာလွန်သူပညာရှင်အများစုသည် ဘဝကျောက်တုံးနှင့် ပို၍နီးနီးမှာရှိနေဖို့ လိုလားကြလေသည်။
မလိုအပ်သော ပဋိပက္ခများကို ရှောင်လွှဲရန် လူသားအဓိပတိသာလွန်သူများသည် ရှေ့သို့မဆင်မခြင်တက်လှမ်းဖို့ မရွေးချယ်ကြပေ။ ထိုအစား သူတို့သည် ဘဝမြို့တော်၏ အနီးနားမှာ အခြေချပြီး လူခွဲလိုက်ကြ၏။
တကယ်တမ်းမှာ လူသားမျိုးနွယ်မှ အဓိပတိသာလွန်သူရာချီထဲ အယောက်တစ်ရာလောက်သာ သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့ အခွင့်အရေးရှိလေသည်။
အခြားသော လူသားအဓိပတိသာလွန်သူများ၏ မဟာတာအိုသူတော်စင်နေရာများကို သူတော်စင်များက သိမ်းပိုက်ထားကြပြီဖြစ်၏။
ထိုလူသားအဓိပတိသာလွန်သူများသည် တာအိုနှင့်အတူပေါင်းစည်းဖို့ မျှော်လင့်ချက်မရှိသော်လည်း သူတို့သည် အဓိပတိသာလွန်သူပညာရှင်တစ်ရာကျော်ကျော်ကို စောင့်ကြပ်ကာ မတော်တဆဖြစ်ရပ်များကို တားဆီးရန် တည်တံ့စွာ စောင့်ဆိုင်းနေကြ၏။
မျိုးနွယ်စုတစ်သောင်းကြားမှာ အဓိပတိသာလွန်သူရာချီကို မွေးထုတ်ပေးနိုင်သည့် မျိုးနွယ်စုများက မရှိသလောက်နီးပါးပင်။
သူတို့သည် လူသားမျိုးနွယ်၏ အစုအဖွဲ့ကို တွေ့မြင်သောအခါ သူတို့အများစုက ရှောင်ကွင်းသွားကြ၏။
အချိန်က တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်။
ရွှမ်ဖျင်တောင်မှာ စုဝေးရောက်ရှိလာသော လူသားများ၏ အရေအတွက်ကလည်း ပို၍ပို၍ များပြားလာနေ၏။ တာအိုသာလွန်သူပညာရှင်များသာလျှင်မဟုတ်ဘဲ ကျင့်ကြံမှုနယ်ပယ်နိမ့်ကျသော ကျင့်ကြံသူများကလည်း လူသားမျိုးနွယ်မှာ သူတော်စင်တစ်ဦးမွေးဖွားပေါ်ထွက်လာမည့်ဖြစ်စဉ်ကို လာရောက်စောင့်ကြည့်နေကြ၏။
တစ်ခဏချင်းမှာပင် တစ်နှစ်က ကုန်ဆုံးသွား၏။
နောက်ဆုံးမှာတော့ လေဟာနယ်အချိန်တာမြစ်ကုန်းမြေတွင် ပထမဆုံးသူတော်စင်တစ်ဦး မွေးဖွားပေါ်ထွက်လာသည်။ သူသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှဖြစ်ပြီး သူတော်စင်တစ်ပါးဖြစ်လာဖို့အတွက် ကျောက်ရုပ်ဖြစ်မဟာတာအိုနှင့် ပေါင်းစည်းလိုက်လေသည်။
ဤမြင်ကွင်းမှာ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်သက်ရှိများစွာက အော်ဟစ်အားပေးလိုက်ကြ၏။
သူတော်စင်တစ်ပါးဖြစ်လာပြီးနောက် ထိုသူသည် လေဟာနယ်အချိန်တားမြစ်ကုန်းမြေကနေ ချက်ချင်းပင် ထွက်ခွာသွားရမည်ဟု လေဟာနယ်အချိန်အထွတ်အမြတ်ခိုလှုံရာက အမိန့်ထုတ်ပြန်ထားလေသည်။
ကောင်းကင်ဘုံမျက်လုံးသူတော်စင်သည် ထိုအမိန့်ကို မနာခံဘဲ မနေရဲဘဲ ချက်ချင်းပင်ထွက်ခွာသွား၏။
ပြီးခဲ့သည့်နှစ်အတွင်း သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းရန် ကြိုးပမ်းခဲ့ကြသော အခြားသောအဓိပတိသာလွန်သူများလည်း ရှိခဲ့ကြသည်။ သို့သော်လည်း သူတို့အားလုံးက ကျရှုံးခဲ့ကြလေသည်။
သူတို့သည် အသက်ဓာတ်ကျောက်တုံး၏ ကာကွယ်မှုကြောင့် တာအိုအဖြစ်ပြိုကွဲပြီး သေဆုံးသွားခြင်းမရှိသော်လည်း ဤအဓိပတိသာလွန်သူများသည် တာအိုနှင့်အတူ နောက်တစ်ဖန်ပေါင်းစည်းဖို့ မဆင်မခြင်ကြိုးပမ်းမကြည့်ရဲတော့ပေ။ သူတို့က နောက်တစ်ဖန်ကျရှုံးမည်ဆိုလျှင် အသက်ဓာတ်ကျောက်တုံးကလည်း သူတို့ကို ကယ်တင်ပေးနိုင်တော့မည် မဟုတ်ပေ။
အဓိပတိသာလွန်သူပညာရှင်များသည် သူတို၏ အခြေအနေများကို တိတ်တဆိတ်ပြင်ဆင်ထိန်းညှိပြီး သူတို့အတွက် ပြီးပြည့်စုံသည့် အသင့်လျော်ဆုံးအခွင့်အလမ်းကို စောင့်ဆိုင်းနေကြ၏။
ပြီးခဲ့သည့်နှစ်မှာ သူတော်စင်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းခွင့်ရှိသည့် လူသားအဓိပတိသာလွန်သူတစ်ရာကျော်ကျော်က ၎င်းကို ယခုအချိန်ထိ ကြိုးပမ်းမကြည့်ရသေးပေ။
ဤနေ့မှာ…။
လူအုပ်ကြားထဲတွင် အဓိပတိသာလွန်သူကျန်းရှောင်က ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်လုံးကို ဖွင့်လိုက်ပြီး ဂမ္ဘီရအလင်းတစ်ခုဖြာထွက်လာ၏။ သူသည် သူတော်စင်နယ်ပယ်ကိုတက်လှမ်းရန် တာအိုနှင့်အတူ ပေါင်းစည်းဖို့ ကြိုးပမ်းလိုက်၏။
သူတော်စင်တစ်ပါးဖြစ်လာဖို့အတွက် သူတို့သည် သူတို့ကျင့်ကြံထားသည့် မဟာတာအိုကို သူတို့၏ အသွေးအသား၊ အမြုတေစိတ်ဝိညာဉ်တို့နှင့် ပေါင်းစည်းရမည်ဖြစ်သည်။
ထိုသို့ပြုလုပ်ဖို့အတွက် ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်ပေါ် လိုအပ်ချက်ကလည်း အလွန်တရာမြင့်မားလေသည်။ ဒါ့အပြင် အခြားသူများထက် သာလွန်သော မဟာတာအိုပေါ် နားလည်ဆင်ခြင်မှုကိုလည်း လိုအပ်လေသည်။
အဓိပတိသာလွန်သူကျန်းရှောင်မှာ နာကျင်နေသောအမူအရာတစ်ခုရှိပြီး သူ၏ ခန္ဓာကိုယ်က အဆက်မပြတ်တုန်ယင်နေ၏။ သူ့ခန္ဓာကိုယ်မျက်နှာပြင်ပေါ်မှာ မဟာတာအိုအငွေ့အသက်များက ခပ်ရေးရေးပေါ်ထွက်လာ၏။
ဖူး…
ရုတ်တရက်ဆိုသလို…။
အဓိပတိသာလွန်သူကျန်းရှောင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ပါးစပ်အပြည့်သွေးများကို ထွေးထုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပြိုကွဲတော့မည့်ဆဲဆဲဖြစ်၏။
ထိုစဉ်မှာပင် အသက်ဓာတ်ကျောက်တုံးရှိရာဘက်ကနေ ခံ့ညားထည်ဝါသော အသက်ဓာတ်အားတစ်ခု ပစ်လွင့်ထွက်ပေါ်ပြီး အဓိပတိသာလွန်သူကျန်းရှောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ မဟာတာအို၏ တန်ပြန်ရိုက်ခတ်မှုကို ခုခံ၍ သူ၏ ကိုယ်ကာယဒဏ်ရာများကို ပြန်လည်ကုသပေးနေ၏။
ခဏနေပြီးနောက် အဓိပတိသာလွန်သူကျန်းရှောင်က ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာ၏။
သို့သော်လည်း သူသည် တာအိုနှင့်အတူ ပထမအကြိမ်ပေါင်းစည်းရန် ကြိုးပမ်းမှုမှာ ကျရှုံးခဲ့သည်ဟု ဆိုလိုလေသည်။
ရွှမ်ဖျင်တောင်မှ လူသားများစွာက ထိုသည်ကို တွေ့မြင်သောအခါ နာကျင်နေသောအကြည့်များ ထွက်ပေါ်လာကြ၏။
လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ…။
အဓိပတိသာလွန်သူကျန်းရှောင်၏ အမူအရာက တည်ငြိမ်နေပြီး တာအိုနှင့်အတူ ပေါင်းစည်းခဲ့သည့် သူ၏ ဖြစ်စဉ်ကို စေ့စေ့စပ်စပ်ပြန်လည်စဉ်းစားကြည့်နေ၏။ သူသည် အသေးစိတ်အချက်အလက်များကို ထုတ်နုတ်ပြီး သူ့မှာရှိသည့် နားလည်ဆင်ခြင်မှုတိုင်းကို တွေ့ကြုံခံစားနေ၏။
“အစ်ကိုကျန်း… စိတ်မပျက်ပါနဲ့… ဒါက အချိန်တစ်ခုကြာအားဖြည့်ပြီးရင် နောက်ထပ်အခွင့်အရေးတစ်ခု ရှိပါသေးတယ်”
“အမှန်ပဲ…”
“ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်သက်ရှိကလည်း နှစ်ဝက်ကြာပြီးမှ သူ့ရဲ့ ဒုတိယမြောက်ပေါင်းစည်းမှုမှာ အောင်မြင်သွားခဲ့တာ”
အဓိပတိသာလွန်သူကျန်းရှောင်က ကြီးမားသော ထိုးနှက်ချက်တစ်ခုနှင့်ကြုံတွေ့သွားသည်ဟု လူတိုင်းက တွေးထင်ပြီး သူ့ကိုနှစ်သိမ့်ပေးလိုက်ကြ၏။
ခဏနေပြီးနောက် အဓိပတိသာလွန်သူကျန်းရှောင်က သူ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“တာအိုရောင်းရင်းတို့… ငါ တာအိုနဲ့နောက်တစ်ခါထပ်ပြီး ပေါင်းစည်းဖို့ကြိုးပမ်းကြည့်မယ်… အောင်မြင်တာ ကျရှုံးတာကတော့ ဒီတစ်ခေါက်ပေါ်မှာ မူတည်လိမ့်မယ်”
“အစ်ကိုကျန်း… အလောတကြီးမလုပ်ပါနဲ့”
“လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ ဒီရေမဟာတာအိုကို ကျင့်ကြံထားတဲ့ အခြားအဓိပတိသာလွန်သူတွေ အများကြီးရှိတယ်ဆိုပေမယ့် သူတို့တွေကလည်း တာအိုနဲ့ အောင်အောင်မြင်မြင်ပေါင်းစည်းနိုင်မှာ မဟုတ်လောက်ပါဘူး… တာအိုနဲ့ပေါင်းစည်းရတာက သေးငယ်တဲ့ကိစ္စမဟုတ်ဘူး… အလောတကြီးလုပ်လို့မရဘူး”
လူသားအဓိပတိသာလွန်သူများက သူ့ကို အလောတကြီးဖျောင်းဖျလိုက်ကြ၏။
အဓိပတိသာလွန်သူကျန်းရှောင်က စိတ်လက်ပေါ့ပါးစွာဖြင့် ပြုံးလိုက်၏။
“ငါ… အောင်မြင်တယ်ဆိုရင်လည်း အောင်မြင်တယ်ပေါ့… ငါမအောင်မြင်ဘူးဆိုရင်တော့ ဒါက ငါတို့တွေ နောက်ဆုံးအကြိမ်တွေ့ဆုံရတာဖြစ်လိမ့်မယ်”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် အဓိပတိသာလွန်သူကျန်းရှောင်က တာအိုနှင့်အတူပေါင်းစည်းဖို့ ကြိုးပမ်းလိုက်ပြီဖြစ်၏။
သူသည် ဤတစ်ခေါက် တာအိုနှင့်အတူပေါင်းစည်းခြင်းမှာ ကျရှုံးသွားမည်ဆိုလျှင် သူ့အတွက် ရလဒ်တစ်ခုသာရှိလေသည်။ သူသည် တာအိုအဖြစ်ပြိုကွဲကာ သေဆုံးသွားရပေလိမ့်မည်။
လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာဖြစ်စေ၊ ရွှမ်ဖျင်တောင်မှာဖြစ်စေ လူသားများစွာက ဤမြင်ကွင်းကို စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်နေကြ၏။
အဓိပတိသာလွန်သူကျန်းရှောင်၏ ဘေးပတ်လည်တွင် သိပ်သည်းသော မဟာတာအိုအငွေ့အသက်များက နောက်တစ်ဖန်ပေါ်ထွက်လာ၏။ သူတို့သည် သိပ်သည်းများပြားစွာဖြင့် အထပ်ထပ်ဆင့်ပြီး သူ၏ ခန္ဓာကိုယ်ကို လေထဲသို့ အဆက်မပြတ်သယ်ဆောင်သွားလေသည်။
သူ၏ အမူအရာက အဆက်မပြတ် ပြောင်းလဲနေ၏။ ခဏမှာ သူ၏ မျက်နှာက နီမြန်းလာပြီး နောက်ခဏမှာ ပြာနှမ်းသွားလေသည်။ သူ၏ အခြေအနေက အလွန်တရာမတည်မငြိမ်ဖြစ်နေ၏။
သူ၏ ကိုယ်ကာယက ပြိုကွဲမသွားသော်လည်း သူ့ခန္ဓာကိုယ်၏ အပေါ်ယံမျက်နှာပြင်က အဆက်မပြတ်အက်ကွဲပြီး သွေးများစိမ့်ထွက်ကာ သူ၏ အဝတ်အစားများက နီစွေးသွား၏။ သူက အသက်အန္တရာယ်ရှိလာသည်။
လူတိုင်းက အသက်အောင့်ထားပြီး ဤမြင်ကွင်းကို မမှိတ်မသုန်စောင့်ကြည့်ကာ စိုးရိမ်ပူပန်နေကြ၏။
မသိလိုက်မသိဘာသာအချိန်တစ်ခုကြာသွားပြီးနောက်…။
အဓိပတိသာလွန်သူကျန်းရှောင်၏ ခန္ဓာကိုယ်ကနေ ကျယ်လောင်သောပေါက်ကွဲသံထွက်ပေါ်လာပြီး သူ၏ အော်ရာက တဟုန်ထိုးမြင့်တက်သွား၏။
နောက်ခဏ၌ လောကက တုန်ခါပြီး မဟာတာအိုက ပဲ့တင်ထပ်လာသည်။ ဒီရေလှိုင်းများ၏ အသံက ထွက်ပေါ်လာပြီး အကြည့်ပေါင်းများစွာကို ဆွဲဆောင်မိသွားလေသည်။
လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ နောက်ထပ်သူတော်စင်တစ်ဦး မွေးဖွားပေါ်ထွက်လာပြီကို အဓိပတိသာလွန်သူများစွာက နားလည်သိရှိလိုက်ကြ၏။
ဒီရေမဟာတာအိုကို ကျင့်ကြံသည့် အဓိပတိသာလွန်သူတချို့က ထိုသည်ကိုတွေ့မြင်သောအခါ သူတို့၏ အမူအရာများက ညိုမည်းပြီး မျက်နှာပျက်သွားကြလေသည်။
အဓိပတိသာလွန်သူကျန်းရှောင်က သူတော်စင်တစ်ပါးဖြစ်လာသည့်အချက်သည် သူတော်စင်တစ်ပါးဖြစ်လာမည့် သူတို့၏ လမ်းကြောင်းက လုံးလုံးလျားလျား ဖြတ်တောက်ခံလိုက်ရပြီဟု ဆိုလိုလေသည်။
ရွှမ်ဖျင်တောင်၏ ဘေးပတ်လည်မှာ ခဏမျှငြိမ်သက်သွားပြီးနောက် အော်ဟစ်အားပေးသံများက ဆူညံစွာထွက်ပေါ်လာ၏။
လူသားမျိုးနွယ်က သူတော်စင်တစ်ဦး။
တံငါသည်၊ သစ်ခုတ်သမား၊ လယ်သမားနှင့် ထမင်းချက်တို့က ထိုသည်ကိုတွေ့မြင်သောအခါ စိတ်သက်သာစွာသက်ပြင်းချပြီး ပြုံးလိုက်ကြ၏။
ထိုစဉ်မှာပင် အဓိပတိသာလွန်သူဟွေ့မင်က မတ်တတ်ထရပ်ပြီး သူတော်စင်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းရန် တာအိုနှင့်အတူ ပေါင်းစည်းဖို့ ကြိုးပမ်းလာ၏။
အဓိပတိသာလွန်သူဟွေ့မင်၏ ခန္ဓာကိုယ်သည် တောက်ပစွာလောင်ကျွမ်းနေသော ဗုဒ္ဓအလင်းရောင်ဖြင့် ပြည့်နှက်လာ၏။
သိပ်မကြာခင် လောကမှာ သက္ကတဘာသာစကားသံက ထွက်ပေါ်လာလေသည်။
အဓိပတိသာလွန်သူဟွေ့မင်၏ အော်ရာက ဆပွားမြင့်တက်ပြီး သူသည် မဟာတာအိုနှင့်အတူ ပေါင်းစည်းကာ ထာဝရအသက်ကိုရရှိ၍ သူတော်စင်တစ်ပါးဖြစ်လာ၏။
ထိုအဓိပတိသာလွန်သူသည် တာအိုနှင့်အတူ သူ၏ ပထမဆုံးအကြိမ်ကြိုးပမ်းမှုမှာ အောင်မြင်သွားလေသည်။
လူသားမျိုးနွယ်မှ အဓိပတိသာလွန်သူနှစ်ဦး သူတော်စင်အဖြစ် ဆက်တိုက်တက်လှမ်းသွားသည်ကို တွေ့မြင်ရသောအခါ ရွှမ်ဖျင်တောင်၏ ဘေးပတ်လည်မှ လူသားများစွာက စိတ်အားမာန်တက်ကြွလာပြီး ကျေနပ်သဘောကျနေ၏။
ဝမ်းသာပျော်ရွှင်နေသောအသံများကြားမှာ တောင်အကြီးအကဲကသာ ခါးသက်သောအမူအရာနှင့် မျက်မှောင်ကြုတ်ထား၏။ သူ၏ မျက်နှာပေါ်မှာ မည်သည့်ဝမ်သာပျော်ရွှင်မှုမှ မရှိပေ။ ထိုအစား သူ့မျက်လုံးထဲရှိ စိုးရိမ်ပူပန်မှုက သိပ်သည်းစုဖွဲ့လာ၏။