လက်ချင်းတွဲကာ
Vol. 219 Ch. 3329
အဓိပတိသာလွန်သူပညာရှင်များစွာသည် ဘဝမြို့တော်ဘေးပတ်လည်တွင် စုဝေးရောက်ရှိပြီး သူတို့က အရေအတွက် သုံးသိန်းကျော် ရှိနေသော်လည်း လူသားအဓိပတိသာလွန်သူများကို တိုက်ခိုက်နေသည့်လူ များစွာမရှိပေ။
သူတို့အများစုသည် ဘေးကနေ ပြပွဲကို စောင့်ကြည့်ချင်ရုံသာဖြစ်၏။
လူသားအဓိပတိသာလွန်သူများကို အမှန်တကယ် သတ်ဖြတ်ချင်နေသည့်သူများက လူသားမျိုးနွယ်နှင့် တစ်ခါက ရန်သူများဖြစ်ခဲ့ဖူးသူများ သို့မဟုတ် တူညီသော မဟာတာအိုကို ကျင့်ကြံထားသူများ ဖြစ်ကြလေသည်။
ထိုသို့ဆိုလျှင်တောင် တိုက်ခိုက်နေသည့် အဓိပတိသာလွန်သူများက တစ်သောင်းကျော် ရှိနေ၏။
လူသားအဓိပတိသာလွန်သူ ရာချီအတွက်တော့ အဓိပတိသာလွန်သူ တစ်သောင်းကျော်ကျော်သည် သေချာပေါက် သူတို့မခုခံနိုင်သည့် စွမ်းအားတစ်ခု ဖြစ်သည်။
တံငါသည်၊ သစ်ခုတ်သမား၊ လယ်သမားနှင့် ရွှမ်ဖျင်တောင်မှ စားဖိုမှူးတို့၏ အကူအညီကြောင့် မဟုတ်လျှင် ကောင်းကင်လိုဏ်ဂူ ၃၆ ခုနှင့် မွန်မြတ်ကုန်းမြေ ၇၂ ခုမှ အဓိပတိသာလွန်သူပညာရှင်များသည် ရှေ့ကနေ သေရပေလိမ့်မည်။
ရွှမ်ဖျင်တောင်မှ ဤလူလေးဦးကတော့.. သူတို့ မဟာတာအိုများထဲမှ တချို့သည် အလွန်တရာ ထူးခြားပြီး တချို့က အလွန်တရာ သာမန်သာဖြစ်၏။ မည်သို့ပင်ဆိုစေ ထိုမဟာတာအိုများကို သူတို့လေးယောက် ထုတ်ဖော်သည့်အခါ သူတို့အားလုံးက အလွန်တရာ စွမ်းအားကြီးမားလာ၏။
တံငါသည်သည် သူ၏ လက်ထဲမှာ ငါးမျှားတံတစ်ချောင်းကို ကိုင်ထားပြီး ငါးမျှားကြိုးအဖြစ် မဟာတာအိုကို အသုံးချနေ၏။
သူက ငါးမျှားတံကို ပစ်ထုတ်လိုက်သည့် တစ်ကြိမ်တိုင်းမှာ အဓိပတိသာလွန်သူ ပညာရှင်တစ်ဦးသည် ငါးမျှားချိတ်မှာ မိပြီး ဆွဲသုတ်ခံရပေလိမ့်မည်။
သစ်ခုတ်သမားကတော့ သူသည် ခုတ်ပိုင်းခြင်း မဟာတာအိုကို ကျင့်ကြံထားလေသည်။
သို့သော်လည်း ၎င်းသည် ခါတိုင်းလို တောင်ကုန်းပေါ်မှာ သူခုတ်ပိုင်းနေပုံနှင့် ကွဲပြားခြားနားလေသည်။
ထိုအခိုက်အတန့်မှာ သူလက်ထဲရှိ ပုဆိန်သည် သစ်ပင်များကို ခုတ်ပိုင်းနေခြင်း မဟုတ်တော့ဘဲ အဓိပတိသာလွန်သူများကို တစ်ယောက်ပြီးတစ်ယောက် ခုတ်ပိုင်းနေခြင်းဖြစ်၏။
စားဖိုမှူးသည် ချက်ပြုတ်ခြင်း မဟာတာအိုကို ကျင့်ကြံထားလေသည်။ သူသည် အသားခုတ်သည့် ဓားမနှစ်လက်ကို လက်ထဲမှာ ကိုင်စွဲပြီး သူတို့ကို လှည့်ပတ်ကစားနေ၏။
တစ်ခဏချင်းမှာပင် သက်ရှိတစ်ဦးသည် မည်သည့်အသားမှ မကျန်အောင် အရိုးစုတစ်ခုအဖြစ် ခုတ်ပိုင်းခံလိုက်ရ၏။
လယ်သမားကတော့ သူသည် အသက်ဓာတ်မဟာတာအိုကို ကျင့်ကြံထားလေသည်။
သူ၏ လက်ထဲမှာ မဟာတာအို၏ စွမ်းအားက အဆက်မပြတ် လှည့်ပတ်စီးဆင်းပြီး လေထဲမှာ ပျံ့လွင့်နေသော မိုးမခဂွမ်းပွင့်များအဖြစ် ပြောင်းလဲကာ လူသားမျိုးနွယ်မှ အဓိပတိသာလွန်သူများကို အားဖြည့်ပေးနေ၏။
တကယ်တော့ အထွတ်အမြတ်ခိုလှုံရာများမှ အဓိပတိသာလွန်သူများ၏ မျက်လုံးများထဲမှာ အောက်ဘက်ရှိ လူသားများသည် လှောင်အိမ်ထဲက ငှက်များ၊ စဉ်းတီတုံးပေါ်က ငါးများကဲ့သို့ ဖြစ်နေ၏။
သူတို့က အမိန့်တစ်ချက်ပေးသည်နှင့် အဓိပတိသာလွန်သူသိန်းချီက ရှေ့သို့ပြေးဝင်ပြီး ဤလူသားအုပ်စုကို အချိန်မရွေး နင်းချေသတ်ဖြတ်နိုင်လေသည်။
“မင်းတို့တွေ ခေါင်းမာမာနဲ့ ခုခံဆန့်ကျင်နေကြတုန်းပဲလား”
လေဟာနယ်အချိန် အထွတ်အမြတ်ခိုလှုံရာမှ အဓိပတိသာလွန်သူ ကူရှက လေထဲမှာ မတ်တတ်ရပ်ပြီး တံငါသည်နှင့် အခြားသူများကို ငုံ့ကြည့်ကာ ပြောလိုက်၏။
“ငါက မင်းတို့လေးယောက်ရဲ့မျက်နှာကို ထောက်ထားပြီး အဲ့ဒီလူသားအဓိပတိသာလွန်သူတွေကို အသက်ရှင်သန်ဖို့ အခွင့်အရေးတစ်ခု ပေးနေတာ... ဒါပေမဲ့ မင်းတို့တွေက ကိုယ့်နေရာကိုယ်သိတာ ပိုကောင်းလိမ့်မယ်”
တံငါသည်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ကူရှ... ငါတို့တွေက လူသားမျိုးနွယ်က ကျန်ရှိနေတဲ့ အဓိပတိသာလွန်သူတွေနဲ့ ဒီနေရာကနေ ထွက်သွားပေးမယ်... မဟာတာအိုသူတော်စင်နေရာတွေအတွက်လည်း မင်းတို့နဲ့ တိုက်ခိုက်နေမှာ မဟုတ်ဘူး”
“မရဘူး”
အဓိပတိသာလွန်သူ ကူရှက အေးစက်နေသော အမူအရာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။
“မင်းတို့တွေက ဒီနေရာကနေ ထွက်သွားမယ်ဆိုရင်တောင် မင်းတို့က သူတော်စင်တွေဖြစ်လာဖို့အတွက် တာအိုနဲ့ပေါင်းစည်းဖို့ အခွင့်အရေး ရှိနေသေးတယ်... ငါတို့ရဲ့ အတိတ်ကာလ ဆက်ဆံရေးကို ထောက်ထားပြီး ငါ မင်းတို့တွေကို မသတ်ဖြတ်လိုဘူး... ဒီလူသားအဓိပတိသာလွန်သူတွေက သူတို့ရဲ့ မဟာတာအိုကို ဖျက်ဆီးပေးတာနဲ့ ငါ မင်းတို့ရဲ့ အသက်တွေကို ချမ်းသာပေးနိုင်တယ်”
သူတို့၏ မဟာတာအိုကို ဖျက်ဆီးခြင်းသည် သူတို့၏ကျင့်ကြံမှုက ကျဆင်းပြီး ထပ်မံ၍ ကျင့်ကြံခွင့် ရတော့မည် မဟုတ်ဟု ဆိုလိုလေသည်။
“ခင်ဗျား သူနဲ့ အချိန်ဖြုန်းမနေပါနဲ့”
လူသားမျိုးနွယ်မှ အဓိပတိသာလွန်သူတစ်ဦးက ရယ်မောကာ ပြောလိုက်၏။
“လူသားမျိုးနွယ်က သူတော်စင်နှစ်ဦးကို မွေးထုတ်ပေးခဲ့ပြီးပြီ... ကျုပ်တို့ ဒီနေရာမှာ ဒီနေ့ သေရမယ်ဆိုရင်တောင် အေးအေးချမ်းချမ်း သေနိုင်တယ်”
“ဟုတ်တယ်... အဲ့ဒါ အမှန်ပဲ”
လူသားမျိုးနွယ်မှ နောက်ထပ် အဓိပတိသာလွန်သူတစ်ဦးက ပြောလိုက်၏။
“လူတစ်ယောက်က သူတော်စင် ဖြစ်မလာဘူးဆိုရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သေရမှာပဲ... ကျုပ်တို့က လူသားမျိုးနွယ်က အထွတ်အမြတ်ခိုလှုံရာမှာ အသက်ဓာတ်ကျောက်တုံးရဲ့အောက်မှာ သေနိုင်မယ်ဆိုရင် အဲ့ဒါက ကျုပ်စဉ်းစားမိနိုင်တဲ့ အကောင်းဆုံးရလဒ်ပဲ”
လူသားအဓိပတိသာလွန်သူများသည် ဘုံရန်သူနှင့် ရင်ဆိုင်ရချိန်မှာ စည်းလုံးမှု ရှိနေပြီး သေဖို့အတွက် ပြင်ဆင်ထားကြပြီဖြစ်၏။
သူတို့သည် တစ်ခါက လူသားမျိုးနွယ်ကို ပြုစုပျိုးထောင်ပေးခဲ့သည့် ဤကုန်းမြေမှာ မတ်တတ်ရပ်ပြီး လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာကို မစွန့်လွှတ်လိုကြပေ။
မျိုးနွယ်စုတစ်သောင်းမှ မရေမတွက်နိုင်သော မျိုးနွယ်ဝင်များနှင့် သက်ရှိများက အပြင်ဘက်ကနေ စောင့်ကြည့်နေသည်ကို သူတို့ သိရှိထားကြသည်။
သူတို့သည် မျိုးနွယ်စုတစ်သောင်း၏ ရှေ့မှာ အညံ့ခံလိုက်မည်ဆိုလျှင် လူသားမျိုးနွယ်အနေဖြင့် ယခုချိန်မှစ၍ ပြန်လည်ရပ်တည်ဖို့ ခက်ခဲသွားပေလိမ့်မည်။
“မင်းတို့တွေက သေချင်နေတယ်ဆိုမှတော့ ငါက မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
အဓိပတိသာလွန်သူ ကူရှက သူ၏ လက်ကို ဝှေ့ယမ်းပြီး ရှေ့ကို ထိုးညွှန်ကာ အမိန့်ပေးလိုက်၏။
“သူတို့အားလုံးကို သတ်ကြ”
လူအုပ်ကြားထဲမှာ အဓိပတိသာလွန်သူများစွာက တွေဝေတုံ့ဆိုင်းနေကြ၏။
တကယ်တမ်းမှာ အဓိပတိသာလွန်သူများစွာသည် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် ရွေးချယ်စရာမရှိဘဲ အထွတ်အမြတ်ခိုလှုံရာငါးခု၏ လက်အောက်သို့ ဝင်ရောက်လာကြခြင်းဖြစ်၏။
သူတို့သည် လူသားမျိုးနွယ်နှင့် ရန်ငြိုးရန်စမရှိဘဲ သူတို့နှင့် ရန်သူများ မဖြစ်လိုကြပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အမျိုးမျိုးသော မျိုးနွယ်စုများမှ အဓိပတိသာလွန်သူများမှာ ရွေးချယ်စရာ မရှိတော့ပေ။
ဒါ့အပြင် လူသားအဓိပတိသာလွန်သူများကို သတ်ဖြတ်ခြင်းသည် သူတို့ရှေ့မှာရှိသော အဟန့်အတားများကို ဖယ်ရှားရှင်းလင်းခြင်းနှင့်လည်း တူညီလေသည်။ သူတော်စင်များ ဖြစ်လာမည့် သူတို့၏ အခွင့်အရေးများက တကယ်ပင် တိုးလာပေလိမ့်မည်။
“ဟား ဟား ဟား”
ရုတ်တရက် စားဖိုမှူးက ဟားတိုက်ရယ်မောလိုက်၏။
“ဘယ်လောက် ဝမ်းနည်းဖို့ ကောင်းလဲ... ဘယ်လောက် သနားဖို့ကောင်းလဲ”
“မင်းတို့တွေက မကောင်းမှုကို သူတို့နဲ့အတူ ကျူးလွန်ဖို့အတွက် အထွတ်အမြတ်ခိုလှုံရာငါးခုဆီမှာ အညံ့ခံလိုက်ကြတယ်... မင်းတို့တွေကရော ချမ်းသာရနိုင်မယ်လို့ တကယ်ပဲ ထင်လို့လား... ငါတို့ ဒီနေ့ ဒီနေရာမှာ သေရမယ်ဆိုရင် နောက်တစ်ခါ မင်းတို့အလှည့်ကို ရောက်လာလိမ့်မယ်”
မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများက နှုတ်ဆိတ်နေကြ၏။
သူတို့က အဲ့ဒါကို နားလည်တယ်ဆိုတော့ရော ဘာဖြစ်သလဲ။
သူတို့သည် အထွတ်အမြတ်ခိုလှုံရာငါးခုကို ရင်ဆိုင်ဖို့အတွက် အတူပူးပေါင်းနိုင်မှာလား။
မဟာကမ္ဘာတစ်ထောင်လောကမှာ အထွတ်အမြတ်ခိုလှုံရာငါးခုသည် အမြင့်မှာ စွမ်းပကားကြီးမားစွာဖြင့် ရှိနေပြီး အရာရာတိုင်းကို ထိန်းချုပ်ထားလေသည်။ ဘယ်သူက သူတို့ကို ရင်ဆိုင်ရဲမှာလဲ။
ရှေ့သို့တက်လှမ်းကာ တိုက်ပွဲထဲသို့ ဝင်ရောက်လာသော အဓိပတိသာလွန်သူပညာရှင်များက ပို၍ပို၍ များပြားလာနေ၏။
မဟာတာအိုများက လောကမှာ စုဖွဲ့ပြီး ရောထွေးလာ၏။
တံငါသည်နှင့် တခြားလူသားများအပေါ် ဖိအားကလည်း ဆပွားတိုးလာလေသည်။
သူတို့သည် ဤအခြေအနေထိ တောင့်ခံပြီးနောက် သူတို့၏ အကန့်အသတ်ကို ရောက်ရှိလုနီးပါး ဖြစ်နေလေပြီ။
မည်သို့ပင်ဆိုစေ နှစ်ဦးနှစ်ဖက်ကြား ကွာဟချက်က အရမ်းကို ကြီးမားလွန်းနေ၏။
အဓိပတိသာလွန်သူ ကူရှ၏ အမိန့် ထွက်ပေါ်လာခြင်း မရှိလျှင်ပင် သူတို့က သိပ်ကြာကြာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
တံငါသည်က အေးစက်စွာ ပြောလိုက်၏။
“အထွတ်အမြတ်ခိုလှုံရာတွေက စည်းမျဉ်းစည်းကမ်းကို အရင်စတင် ချိုးဖောက်ပြီး လူတိုင်းကို ဒီနေရာမှာ အန္တရာယ်ကျရောက်စေတာပဲ... မင်းတို့တွေက ဝရုန်းသုန်းကား အခြေအနေကို ဖြစ်စေခဲ့တယ်... အသေသင့်ဆုံးသူတွေက မင်းတို့တွေပဲ”
အဓိပတိသာလွန်သူ ကူရှက ရယ်မောကာ ပြောလိုက်၏။
“အထွတ်အမြတ်ခိုလှုံရာဆိုတာ ဘာအဓိပ္ပာယ်လဲ သိလား... အဲ့ဒါ ငါတို့က စည်းမျဉ်းစည်းကမ်းတွေနဲ့ ဥပဒေတွေကို လျစ်လျူရှုနိုင်တယ်ဆိုတဲ့ သဘောပဲ”
“ဒီလောကမှာရှိတဲ့ ဥပဒေတွေ အားလုံးက မင်းတို့လို ပုရွက်ဆိတ်တွေကို ကန့်သတ်ချုပ်နှောင်ထားဖို့ပဲ... ငါတို့အထွတ်အမြတ်ခိုလှုံရာက လူတွေက အချိန်မရွေး စည်းမျဉ်းစည်းကမ်းတွေရဲ့ အထက်မှာ ရပ်တည်နိုင်တယ်”
“အထွတ်အမြတ်ခိုလှုံရာတွေက ဘာများ အထင်ကြီးစရာ ရှိနေလို့လဲ”
ထိုစဉ်မှာပင် အဝေးကနေ အသံတစ်သံ ထွက်ပေါ်လာ၏။
လူတိုင်း မတုံ့ပြန်နိုင်ခင် ထိုအသံသည် အလွန်တရာ မြန်ဆန်သော အလျင်အဟုန်ဖြင့် ချဉ်းကပ်လာနေပြီဖြစ်၏။
စကားပြောလိုက်သောလူက နောက်တစ်ဖန် ထပ်ပြောလိုက်၏။
“ငါဆို အထွတ်အမြတ်ခိုလှုံရာက လူတွေကို မပြောနဲ့... သူတော်စင်မျိုးနွယ်ကိုတောင် သတ်ဖြတ်ဖူးတယ်”
ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် လောကက တုန်လှုပ်သွား၏။
စကားပြောလိုက်သောသူက သူတော်စင်မျိုးနွယ်ကိုပင် သတ်ဖြတ်ဖူးသည်ဟု ဆိုလေသည်။
ထိုစကားလုံးများသည် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများကြား အုန်းအုန်းကျက်ကျက် ဖြစ်သွားစေ၏။
လူသားမျိုးနွယ်မှ တံငါသည်နှင့် အဓိပတိသာလွန်သူများ၏ တိုက်ခိုက်မှုများကပင် ရပ်တန့်သွားလေသည်။
မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများသည် အသံထွက်ပေါ်လာရာဘက်သို့ တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လိုက်ကြ၏။
လူနှစ်ယောက်က လေထဲကနေ ပျံသန်းလာနေ၏။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက အတူတကွ ရောက်ရှိလာကြလေသည်။
အမျိုးသားမှာ အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ရုံရှိပြီး အမျိုးသမီးက သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။
သူတို့နှစ်ယောက်သည် လက်ချင်းတွဲပြီး သူတို့၏ အဝတ်စများက တဖျပ်ဖျပ် လှုပ်ရှားနေ၏။ သူတို့သည် ကောင်းကင်ဘုံကနေ ဖူးစာဖက်ပေးထားသည့် အင်မော်တယ် စုံတွဲတစ်တွဲနှင့် တူလေသည်။
“အဲ့ဒီနှစ်ယောက်က ဘယ်သူတွေလဲ”
“ငါ အစိမ်းရောင်ဝတ် အမျိုးသားကို တစ်နေရာမှာ အရင်က တွေ့မြင်ဖူးသလိုပဲ”
ဆူဇီမိုဖြစ်စေ၊ တျဲယွဲ့ဖြစ်စေ သူတို့သည် မကြာသေးခင်ကမှ ပေါ်ထွက်လာကြ၏။
မဟာကမ္ဘာတစ်ထောင်လောကမှာ ဆူဇီမိုကို အမှန်တကယ် ကျော်ကြားစေခဲ့သည့် တိုက်ပွဲသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ တောင်ကြောရိုးလေးခုမှာ ဖြစ်လေသည်။
သို့သော်လည်း ထိုတိုက်ပွဲသည် ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲဖြစ်ပြီး ၎င်းကို အာရုံစိုက်ခဲ့သော အဓိပတိသာလွန်သူ ပညာရှင်များစွာ မရှိခဲ့ပေ။
လက်ရှိ အဓိပတိသာလွန်သူပညာရှင်များထဲ အရင်က သူ့ကို တွေ့မြင်ဖူးသူ မရှိသလောက်နီးပါးပင်။
တျဲယွဲ့သည် ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ဝင်ရောက်ပြီးနောက် သူမသည် တစ်နှစ်ပတ်လုံး ရွှမ်ဖျင်တောင်မှာသာ ကျင့်ကြံပြီး အပြင်ဘက်မှာ ပေါ်ထွက်လာခဲလေသည်။ သူမသည်လည်း မဟာကမ္ဘာတစ်ထောင်လောကမှာ လူမသိသူမသိဖြစ်၏။
ထို့ကြောင့် သူတို့နှစ်ယောက် ပေါ်ထွက်လာပြီးနောက် အဓိပတိသာလွန်သူများစွာက သူတို့ကို မမှတ်မိကြပေ။
“ဟဲ ဟဲ... သူက တာအိုကြီးစိုးမှုနယ်ပယ်ရဲ့ စဦးကျွမ်းကျင်မှု တာအိုသာလွန်သူတစ်ဦးပဲ... သူက ဒီနေရာကို ရောက်လာရဲတယ်ဆိုတော့…”
နတ်ဘုရားမျိုးနွယ်မှ အဓိပတိသာလွန်သူတစ်ဦးက လှောင်ရယ်လိုက်၏။
လေဟာနယ်အချိန် တားမြစ်ကုန်းမြေသို့ ဝင်ရောက်လာသော လူတိုင်းနီးပါးသည် ပကတိတာအိုကြီးစိုးမှုနယ်ပယ်ရှိ အဓိပတိသာလွန်သူပညာရှင်များ ဖြစ်ကြကာ သူတော်စင်နယ်ပယ်သို့ အချိန်မရွေး ချိုးဖျက်တက်လှမ်းနိုင်ခွင့် ရှိလေသည်။
ဆူဇီမိုသည် တာအိုကြီးစိုးမှုနယ်ပယ်၏ စဦးကျွမ်းကျင်မှုမှာသာရှိပြီး သူ့ကို အဓိပတိသာလွန်သူများက လုံးဝ အလေးနက်မထားကြပေ။
“အဲ့ဒီ တာအိုသာလွန်သူက အထွတ်အမြတ်ခိုလှုံရာက လူတွေနဲ့ သူတော်စင်မျိုးနွယ်ကိုတောင်မှ သတ်ဖြတ်ဖူးတယ်လို့ တကယ်ပဲ ပေါက်တတ်ကရ ပြောဆိုရဲတယ်”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ နောက်ထပ် အဓိပတိသာလွန်သူတစ်ဦးက လှောင်ရယ်လိုက်၏။
“ဟား ဟား... မင်းက အလိမ်အညာစကားကို ပြောပြီး လျှာကိုက်မိမှာ မစိုးရိမ်ဘူးလား”
အဓိပတိသာလွန်သူများက ဟားတိုက်ရယ်မောလိုက်ကြ၏။
“သူက သူတော်စင်မျိုးနွယ်ကို တကယ်ပဲ သတ်ဖြတ်ဖူးတယ်... တကယ်ဆို သူက လေးယောက်ကိုတောင်မှ သတ်ဖြတ်ခဲ့တယ်”
ထိုစဉ်မှာပင် ကူရှ၏ အသံက ထွက်ပေါ်လာ၏။
အဓိပတိသာလွန်သူ ပညာရှင်များ၏ မျက်နှာများပေါ်ရှိ အပြုံးများက အေးခဲတောင့်တင်းသွားပြီး သူတို့၏ ဘေးပတ်လည်မှ ရယ်မောသံများက တဖြည်းဖြည်း စဲသွားလေသည်။
အဓိပတိသာလွန်သူ ကူရှက ဆူဇီမိုကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
“ဆူဇီမို... မင်း နောက်ဆုံးတော့ ထွက်လာပြီပေါ့လေ”
အရင်တုန်းက ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာကို တိုက်ခိုက်ခဲ့သော ပညာရှင်များကြားမှာ အဓိပတိသာလွန်သူ ကူရှလည်း ပါဝင်ခဲ့လေသည်။