← Chapters

မဟာတိုက်ပွဲ

Vol. 219 Ch. 3330

မဟာတိုက်ပွဲ

Vol. 219 Ch. 3330

“ဆူဇီမိုလား... အဲ့ဒါ ဘယ်သူလဲ”

“ငါ သူ့နာမည်ကို တစ်နေရာရာမှာ ကြားဖူးသလိုပဲ”

“ငါ မှတ်မိပြီ... ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာရဲ့ လက်ရှိအရှင်ကို ဆူဇီမိုလို့ ခေါ်တယ်”

လေဟာနယ်အချိန် တားမြစ်ကုန်းမြေ၏ လူအုပ်ကြီးထဲမှ ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာ၏။

အဓိပတိသာလွန်သူ ကူရှက လှောင်ရယ်လိုက်၏။

“မင်းက ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာမှာ ပုန်းနေရမယ့်အစား ထွက်လာရဲတယ်ပေါ့လေ... အဲ့ဒီအတွက် မင်း ငါ့ကို အပြစ်မတင်နဲ့တော့”

“ငါတို့ကြား ရန်ငြိုးရန်စကို ကြိုက်တဲ့အချိန် ရှင်းလို့ရတယ်”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး အသက်ဓာတ်ကျောက်တုံး၏ ဘေးပတ်လည်ရှိ လူသားမျိုးနွယ်မှ အဓိပတိသာလွန်သူ ရာချီကို ကြည့်လိုက်၏။

“ဒါပေမဲ့ အဲ့ဒါမတိုင်ခင် သူတို့ကို ဒီနေရာကနေ ထွက်သွားခွင့်ပေးရမယ်”

“ဟမ်…”

ကျောက်တုံးမျိုးနွယ်မှ အဓိပတိသာလွန်သူတစ်ဦးက စိမ်းသက်သော အမူအရာဖြင့် အေးစက်စွာ နှာတစ်ချက် မှုတ်လိုက်၏။

“မင်းက လက်ရှိ ကစဉ့်ကလျားအရှင် ဆိုရင်တောင်မှ မင်းမှာ ဒီလိုမျိုး တောင်းဆိုနိုင်ခွင့် မရှိဘူး”

အဓိပတိသာလွန်သူ ပညာရှင်အုပ်စုသည် ယခုတင် လူသားမျိုးနွယ်မှ တံငါသည်နှင့် အခြားသော အဓိပတိသာလွန်သူများနှင့် ကြီးမားသော တိုက်ပွဲတစ်ခုကို ဆင်နွှဲထားကာစဖြစ်၏။ နှစ်ဦးနှစ်ဖက်စလုံးက သေကြေပျက်စီးထိခိုက်မှုများ ရှိထားပြီး သူတို့သည် သွေးဆာနေကြပြီဖြစ်၏။ သူတို့က ဘယ်လိုလုပ် အလွယ်တကူ လွှတ်ပေးနိုင်ပါ့မလဲ။

“ညီအစ်ကိုဆူ... မိန်းမပျိုတျဲ... မြန်မြန် ထွက်သွားတော့... ငါတို့ကို အရေးမလုပ်နေနဲ့”

စားဖိုမှူးက လှမ်းအော်ပြောလိုက်သည်။

သို့သော်လည်း ကူရှ၏ အချက်ပြမှုအောက်မှာ အဓိပတိသာလွန်သူ ပညာရှင်တစ်အုပ်စုက ဆူဇီမိုနှင့် တျဲယွဲ့ကို ဝိုင်းပတ်ပိတ်ဆို့၍ သူတို့၏ ထွက်လမ်းကို ဖြတ်တောက်ထားပြီဖြစ်၏။

“စိတ်ဝင်စားစရာပဲ”

အဓိပတိသာလွန်သူ ကူရှက ညင်သာစွာ ပြုံးလိုက်၏။

“မင်းက မင်းကိုယ်မင်းတောင် မကာကွယ်နိုင်တာ... သူများတွေရဲ့ကိစ္စမှာ ဝင်ရှုပ်ချင်သေးတယ်ပေါ့လေ... မင်းက အသက်ရှင်ရတာကို တကယ်ကို ငြီးငွေ့နေတာပဲ”

“အားလုံးပဲ... မင်းတို့တွေ သူတို့ကို တကယ်ပဲ လွှတ်မပေးတော့ဘူးလား”

ဆူဇီမိုက ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီး အေးစက်၍ လှောင်ပြောင်သရော်နေသော အကြည့်များကို လက်ခံယူလိုက်၏။

“ဒါဆိုရင်တော့… နောက်ဆုံး ဘယ်သူ အသက်ရှင်နိုင်မလဲဆိုတာ ပြောဖို့ ခက်သွားပြီ”

ဆူဇီမိုက ညင်သာစွာ တီးတိုးရေရွတ်လိုက်၏။

“အပိုတွေ ပြောမနေနဲ့... ဒူးထောက်ချလိုက်”

အဓိပတိသာလွန်သူ ပညာရှင်နှစ်ဦးက တိုက်ခိုက်လိုက်၏။ သူတို့ထဲမှ တစ်ယောက်သည် မဟာတာအိုကို ထိန်းချုပ်ပြီး သူ၏စွမ်းပကားက ထူးခြားအံ့မခန်းဖြစ်သော ချောက်နက်တစ်ခုနှင့် တူနေ၏။ ၎င်းသည် အလွန်တရာ သိပ်သည်းလေးလံသော တောင်တစ်လုံးနှင့်လည်း တူလေသည်။

ကောင်းကင်ဘုံစွမ်းပကား မဟာတာအိုက ဆင်းသက်ရောက်ရှိလာ၏။

အခြားသော အဓိပတိသာလွန်သူ၏ ခန္ဓာကိုယ်က တစ္ဆေသရဲကဲ့သို့ဖြစ်ပြီး ပုံရိပ်ယောင်တစ်ခုကဲ့သို့ ချက်ချင်းပင် ပျောက်ကွယ်ကာ တျဲယွဲ့ရှိရာဘက်သို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာ၏။

ပုံရိပ်ယောင် မဟာတာအို…

ထိုစွမ်းပကား ဆင်းသက်လာသောအခါ ဆူဇီမိုသည် သူ၏ သွေးချီကို အနည်းငယ် လှည့်ပတ်လိုက်ရုံမျှနှင့် ၎င်းကို ဖြေရှင်းလိုက်လေသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ဖျတ်ခနဲလက်ပြီး သူက ထိုသူ၏ ရှေ့ကို ချက်ချင်းပင် ရောက်ရှိလာ၏။ သူ၏ လက်ဖဝါးကို လှုပ်ခါပြီး သူက ထိုသူ၏ ဦးခေါင်းကို ရိုက်ချလိုက်၏။

“မင်း…”

အဓိပတိသာလွန်သူက တုန်လှုပ်သွားလေသည်။ သူ၏ ကောင်းကင်ဘုံစွမ်းပကား မဟာတာအိုက ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်မှာ သုံးစားမရ ဖြစ်နေလေသည်။

ဆူဇီမို ရောက်ရှိလိုက်သည့်အချိန်မှာ သူ့မှာ ရှောင်တိမ်းဖို့ အချိန်မရတော့ပေ။

အဓိပတိသာလွန်သူသည် ကောင်းကင်ဘုံစွမ်းပကား မဟာတာအိုကို နောက်တစ်ဖန် ထိန်းချုပ်ပြီး သူ၏လက်မှာ လွှမ်းခြုံစေကာ ဆူဇီမို၏ လက်ဝါးရိုက်ချက်ကို ခုခံဖို့ ကြိုးစားလိုက်၏။

ဘန်း...

ခပ်ထိုင်းထိုင်း အသံတစ်သံ ထွက်ပေါ်လာသည်။

ဖျောက်… ဖျောက်… ဖျောက်...

လူတိုင်း မတုံ့ပြန်နိုင်ခင် စူးရှသော အရိုးကျိုးသံ တဖျောက်ဖျောက် ထွက်ပေါ်လာပြီး အဓိပတိသာလွန်သူ၏ လက်နှစ်ဖက်က ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် သွင်သွင်ကျိုးသွား၏။

ကောင်းကင်ဘုံစွမ်းပကား မဟာတာအိုနှင့် ဤအဓိပတိသာလွန်သူ၏ ကိုယ်ကာယသည် ဆူဇီမိုထံမှ ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်မရှိပေ။

လက်ဝါးက ကျဆင်း၍ ခဏမျှရပ်တန့်ပြီးနောက် အဟန့်အတားကို ချိုးဖျက်ကာ အဓိပတိသာလွန်သူ၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားလေသည်။

သူ၏ ဦးခေါင်းက ကြေမွပျက်စီးပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရကာ နေရာမှာတင် သေဆုံးသွား၏။

အဓိပတိသာလွန်သူတစ်ဦးသည် ဆူဇီမိုထံမှ တိုက်ခိုက်မှု တစ်ရပ်ကိုပင် ခံနိုင်ရည်မရှိပေ။

ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ဆူဇီမိုသည် သူကျင့်ကြံထားသည့် မဟာတာအိုကို ထိန်းချုပ်ခြင်းပင် မရှိဘဲ သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေး သက်သက်မျှနှင့် အဓိပတိသာလွန်သူတစ်ဦးကို သတ်ဖြတ်လိုက်လေသည်။

လူတစ်ယောက်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးများဖြင့် မဟာတာအိုကို ထိပ်တိုက်ရင်ဆိုင်ခံယူခြင်းဆိုသည်မှာ အထွတ်အမြတ်ခိုလှုံရာများမှ သူတော်စင်မျိုးနွယ်များသာ ပြုလုပ်နိုင်သည့် တစ်စုံတစ်ရာ ဖြစ်လောက်လေသည်။

လက်ရှိ အဓိပတိသာလွန်သူပညာရှင်အများစုသည် ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ် နိမ့်ကျမှုကြောင့် သူ့ကို အတည်အတံ့ မမှတ်ယူခဲ့ကြပေ။

သို့သော်လည်း သူသည် ဖန်တီးခြင်းအစိမ်းရောင်ကြာပန်း၊ ကြမ္မာမီး အနီရောင်ကြာပန်းနှင့် ကုသိုလ်ရွှေကြာပန်းတို့နှင့် ပေါင်းစည်းထားပြီဖြစ်၏။ သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေး၏ ခွန်အားသည် ကျင့်ကြံမှုနယ်ပယ်တူမှ သူတော်စင်မျိုးနွယ်ထက်ပင် သာလွန်နေပြီ ဖြစ်သည်။

အထူးသဖြင့် ကုသိုလ်ရွှေကြာပန်းနှင့် ပေါင်းစည်းမှုအပြီးမှာ ဖြစ်လေသည်။ သူ၏ ကိုယ်ကာယခွန်အားသည် ဆပွားတိုးလာပြီး သူသည် ဖျက်ဆီး၍မရသော၊ ချို့ယွင်းချက်မရှိသော အနှိုင်းမဲ့နယ်ပယ်တစ်ခုကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အခြားတစ်ဖက်မှာတော့...

ပုံရိပ်ယောင် မဟာတာအိုကို ကျင့်ကြံထားသည့် အဓိပတိသာလွန်သူက တျဲယွဲ့၏ ဘေးကို ရောက်ရှိလာ၏။

တျဲယွဲ့က သတိထားမိပုံမပေါ်ဘဲ မလှုပ်မယှက် ရှိနေ၏။

သို့သော်လည်း အဓိပတိသာလွန်သူက တိုက်ခိုက်လိုက်သည့် ခဏမှာပင် တျဲယွဲ့၏ ဘေးမှာ မုန်တိုင်းတစ်ခု ရုတ်တရက်ပေါ်ထွက်ပြီး ထိုအဓိပတိသာလွန်သူကို တိုက်ခိုက်လိုက်လေသည်။

“အား…”

အဓိပတိသာလွန်သူက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

တစ်ခဏချင်းမှာပင် သူသည် ရုတ်တရက်ပေါ်ထွက်လာသော မုန်တိုင်းဖြင့် ဆုတ်ဖြဲခံရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးသွားလေသည်။

လေမဟာတာအို…

တံငါသည်၊ သစ်ခုတ်သမားနှင့် အခြားသူများသည် တျဲယွဲ့ကို သိပ်ပြီး စိုးရိမ်မနေပေ။

တျဲယွဲ့၏ တိုက်ခိုက်ရည်ခွန်အားက တကယ်ပင် သူတို့၏ အထက်မှာ ရှိသည်ကို သိရှိထားကြ၏။

သူတို့သည် ဆူဇီမိုကို အစိုးရိမ်ဆုံး ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ ဆူဇီမိုသည် တာအိုကြီးစိုးမှုနယ်ပယ်တွင် စဦးကျွမ်းကျင်မှုသာ ရရှိထားသေးသည်။

အထွတ်အမြတ်ခိုလှုံရာငါးခု၏ လက်အောက်မှာ စုရုံးရောက်ရှိနေသည့် အဓိပတိသာလွန်သူ ပညာရှင်များစွာ ရှိနေလေသည်။

သူတို့က အရေအတွက် သုံးသိန်းကျော်ဖြစ်ပြီး သိပ်သည်းများပြားကာ ကောင်းကင်တစ်ခွင် အုပ်မိုးထားလေသည်။

ဤကဲ့သို့ ကြောက်စရာကောင်းသော အစုအဖွဲ့တစ်ရပ်နှင့် ရင်ဆိုင်ရသည့် မွန်းကျပ်ဖွယ်ရာ ဖိအားကို ကိုယ်တိုင်ကြုံတွေ့မှသာ အမှန်တကယ် ခံစားမိနိုင်ပေလိမ့်မည်။

ရွှမ်ဖျင်တောင်၏ ဘေးပတ်လည်မှ လူသားများစွာသည် စိုးရိမ်ပူပန်နေသော အမူအရာများဖြင့် စောင့်ကြည့်နေကြ၏။ သူတို့၏ နှလုံးများက သူတို့၏ လည်ချောင်းဝအထိ ရောက်ရှိလာပြီး လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှာ ပေါ်ထွက်လာတော့မည့် တိုက်ပွဲကို မမှိတ်မသုန် စောင့်ကြည့်နေကြ၏။

နှစ်ဦးနှစ်ဖက်ကြား ကွာဟချက်က အရမ်းကို ကြီးမားလေသည်။

သူတို့နှစ်ယောက်သည် အထဲမှာရှိသော အဓိပတိသာလွန်သူ ရာချီကို ဘယ်လိုလုပ် ကယ်တင်ပေးနိုင်ပါ့မလဲ…

အဓိပတိသာလွန်သူ ကူရှက ညင်သာစွာ ပြုံးပြီး ထုတ်ပြန်ကြေညာလိုက်၏။

“အဲ့ဒီနှစ်ယောက်ကို သတ်ဖြတ်နိုင်တဲ့ ဘယ်သူမဆို လေဟာနယ်အချိန် အထွတ်အမြတ်ခိုလှုံရာကို ဝင်ရောက်ဖို့ အခွင့်အရေးရမယ်”

ထိုစကားကို ကြားသောအခါ မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများ၏ မျက်လုံးများက ဝင်းလက်သွားကြ၏။

အထွတ်အမြတ်ခိုလှုံရာ ငါးခုသို့ ဘယ်သူက မဝင်ရောက်လိုဘဲ နေမှာလဲ…

သူတို့သည် အထွတ်အမြတ်ခိုလှုံရာများ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာသည်နှင့် သူတို့၏ အဆင့်အတန်းကဖြစ်စေ၊ သရုပ်သကန်ကဖြစ်စေ သူတို့သည် မျိုးနွယ်စုတစ်သောင်း၏ အထက်ကို ရောက်ရှိလာပြီး မဟာကမ္ဘာတစ်ထောင်လောကမှာ သူတို့လုပ်ချင်ရာကို လုပ်နိုင်တော့မည်ဖြစ်သည်။

ထိုစကားလုံးများသည် အဓိပတိသာလွန်သူ မြောက်မြားစွာကို တကယ်ပင် ဆွဲဆောင်နိုင်ခဲ့လေသည်။

အစက ဘေးထွက်ပြီး စောင့်ကြည့်လိုသော အဓိပတိသာလွန်သူ ပညာရှင်များပင် ဆူဇီမိုနှင့် တျဲယွဲ့ကို ရန်လိုစိတ်ဖြင့် ကြည့်လာကြပြီဖြစ်၏။

“သတိထားဦး”

ဆူဇီမိုက တျဲယွဲ့ကိုကြည့်ပြီး သတိပေးလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ဖျတ်ခနဲလက်ပြီး လူအုပ်ကြားထဲရှိ အဓိပတိသာလွန်သူ ကူရှ ရှိရာသို့ ပြေးဝင်သွားလေသည်။

ဘေးပတ်လည်မှာ မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူ မြောက်မြားစွာ ရှိနေ၏။ ဆူဇီမိုက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ သူက လူတိုင်းကို မသတ်ဖြတ်နိုင်ပေ။

သူသည် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများအပေါ် ဖိအားအများဆုံး ပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အထွတ်အမြတ်ခိုလှုံရာများမှ လူများကို သတ်ဖြတ်ခြင်းဖြင့်သာ...။

“သူ့ကို သတ်”

ဘေးပတ်လည်မှာရှိသော အဓိပတိသာလွန်သူ ပညာရှင်များက လျင်မြန်စွာ တုံ့ပြန်ပြီး သူတို့၏ လက်နက်များအဖြစ် သူတို့၏ မဟာတာအိုများကို ထိန်းချုပ်ကာ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။

ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ သွေးချီက တလိပ်လိပ်ထိုးတက်ပြီး သူ၏ နောက်ဘက်မှာ ကြာပင်သုံးပင် ပေါ်ထွက်လာကာ ခေါင်းသုံးလုံး လက်ခြောက်ဖက်အဖြစ် ပြောင်းလဲသွားလေသည်။

သူ၏ လက်တစ်ဖက်ချင်းစီက သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေး၊ အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်၊ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာနှင့် ကြမ္မာမီး အနီရောင်ကြာခုံတို့ကို ကိုင်စွဲထားလေသည်။

နောက်ဆုံး သူ၏ ကျန်ရှိနေသော လက်နှစ်ဖက်က အဝီစိဓားနှင့် တမလွန်ဓားကို ဆုပ်ကိုင်ပြီး သူက လူအုပ်ကြားထဲသို့ ပြေးဝင်သွား၏။

နှစ်ဦးနှစ်ဖက် တိုက်ခိုက်ဖလှယ်သည့် ခဏမှာပင် ဆူဇီမိုသည် လုံးဝထိန်ချန်ခြင်းမရှိဘဲ သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်လိုက်သည်။

တျဲယွဲ့က တူညီသော အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို သူက သိရှိထားသည်။

သူသည် ယနေ့အခြေအနေကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ခွန်အားအပြည့်အဝကို ချက်ချင်းထုတ်ဖော်ဖို့ပင် ဖြစ်လေသည်။

ထိုသို့ဖြင့်သာ သူသည် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများကို တွန်းလှန်ထုတ်နိုင်မည်ဖြစ်သည်။

ကြာပင်သုံးပင်က ဆူဇီမို၏ နောက်ဘက်မှာ ပေါ်ထွက်ပြီး ကောင်းကင်ထက်ကို တလိပ်လိပ်ထိုးတက်ကာ သူတို့သည် လောကကို ဆုတ်ဖြဲပစ်ချင်နေ၏။

ကြာပင်တစ်ပင်ချင်းစီက ဆူဇီမို၏ ဦးခေါင်းတစ်လုံးနှင့် လက်နှစ်ဖက်ကို ကိုယ်စားပြုလေသည်။

မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများ၏ ရှေ့မှာ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးက ၎င်း၏ စွမ်းပကားကို ပြသလာပြီဖြစ်၏။

အမျိုးမျိုးသော မျိုးနွယ်စုများမှ အဓိပတိသာလွန်သူများ၏ မျိုးဆက်သွေးများသည် ဆူဇီမို၏ ရှေ့မှာ သိသိသာသာ ဖိနှိမ်ခံလိုက်ရ၏။ အဓိပတိသာလွန်သူ တချို့သည် သူတို့၏ မျိုးဆက်သွေးနယ်မြေဖြစ်စဉ်ကိုပင် မထုတ်ဖော်နိုင်တော့ပေ။

ဖောက် ဖောက် ဖောက်...

ဆူဇီမိုသည် သူ့ကိုယ်ကာယ၏ သွေးချီနှင့် တမလွန်ဓားနှင့် အဝီစိဓား၏ ထက်ရှသော သတ်ဖြတ်ခြင်း စွမ်းအားအပေါ် လုံးလုံးလျားလျား မှီခိုကာ လူအုပ်ကြီးထဲသို့ ပစ်ဝင်သွား၏။ သူဖြတ်သန်းသွားရာ နေရာတိုင်းမှာ သွေးမြူခိုးများက လေထဲမှာ ပျံ့နှံ့ပြီး အလောင်းများက နောက်မှာ ကျန်ရစ်ခဲ့လေသည်။

အဝီစိဓားသည် အထက်ရှဆုံးဖြစ်ပြီး ထိခတ်မိသော မည်သည့် တာအိုလက်နက်မဆို ချက်ချင်းပင် ချိုးဖျက်ခံရပေလိမ့်မည်။

၎င်းသည် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများ၏ ခန္ဓာကိုယ်များကို ထိခတ်မိလျှင် မဟာအဝီစိသည် မကောင်းဆိုးဝါးဆန်သော အော်ရာတစ်ခုနှင့်အတူ ပေါက်ကွဲထွက်ပေါ်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို အထဲသို့ ဆွဲယူသွင်းပေလိမ့်မည်။

တမလွန်ဓားသည် သတ်ဖြတ်ရာမှာ နံပါတ်တစ် ဖြစ်သည်။

မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများထံတွင် ဒဏ်ရာတစ်ခု ကျန်ရစ်စေခဲ့သည်နှင့်အမျှ ၎င်းက သူတို့၏ အသက်ကို နှုတ်ယူသွားပေလိမ့်မည်။

All Chapters