← Chapters

ဓားများအတွက် စတေးခံဝိညာဉ်

Vol. 219 Ch. 3331

ဓားများအတွက် စတေးခံဝိညာဉ်

Vol. 219 Ch. 3331

ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့်အတူ ပြတ်တောက်သွားသော ခြေလက်များက ဆူဇီမိုဖြတ်သွားရာ နေရာတိုင်းမှာ လွင့်ပျံနေ၏။ သူသည် လူသူကင်းမဲ့သော နေရာတစ်ခုကို ဝင်ရောက်သွားသည့်အလား အဓိပတိသာလွန်သူများကို အပိုင်းပိုင်းခုတ်ထစ်ပြီး သွေးလမ်းတစ်ခုကို ဖောက်လုပ်လိုက်၏။

မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများထဲ မည်သူကမှ ဆူဇီမို၏ ဓားချက်များကို မခုခံနိုင်ကြပေ။

အဓိပတိသာလွန်သူပညာရှင်များစွာသည် အထွတ်အမြတ်ခိုလှုံရာ ငါးခုအောက်သို့ စုရုံးရောက်ရှိလာကြသည်မှာ အဓိကအားဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက်ဖြစ်၏။

သို့သော် ယခု မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများသည် ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်မှာ သူတို့၏ အသက်များကို ဆုံးရှုံးရတော့မည်ဖြစ်ပြီး ဘယ်သူက ရူးရူးမိုက်မိုက် ရှေ့ကို တက်လှမ်းလိုမှာလဲ။

အထွတ်အမြတ်ခိုလှုံရာသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးက မက်လောက်စရာ ဖြစ်သော်လည်း ထိုသို့ပြုလုပ်ဖို့အတွက် သူတို့က အရင်ဆုံး အသက်ရှင်နေမှရပေမည်။

ဆူဇီမိုသည် သူ့လက်ထဲရှိ အဝီစိဓားနှင့် တမလွန်ဓားနှင့်အတူ သတ်ဖြတ်ခြင်းစက်တစ်လုံးကဲ့သို့ ဖြစ်နေပြီး သွေးလမ်းတစ်ခုကို ဖောက်လုပ်နေ၏။

၎င်းသည် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများအတွက် တကယ်ပင် ကြီးမားသည့် ရိုက်ခတ်မှုနှင့် တုန်လှုပ်မှုကို ဖြစ်စေ၏။

အသက်ဆယ်ရှိုက်စာမပြည့်ခင် သူ့ရှေ့မှာ ပိတ်ဆို့တားဆီးနေသော အဓိပတိသာလွန်သူများက မရှိသလောက် နည်းသွားခဲ့ပြီဖြစ်သည်။

အဓိပတိသာလွန်သူအများစုက သူ့ကို တစ်ယောက်ပြီးတစ်ယောက် ရှောင်လွှဲသွားကြ၏။

ဤမြင်ကွင်းက အလွန်တရာ ထူးဆန်းသည့်ပုံပေါ်နေသည်။

အဓိပတိသာလွန်သူပညာရှင် သုံးသိန်းကျော်ပါဝင်သည့် စစ်တပ်သည် ကြီးမားသော စွမ်းပကားတစ်ခုနှင့်အတူ ရပ်တည်နေသော်လည်း သူတို့ကို လူတစ်ယောက်က အတင်းအကျပ် ခွဲထုတ်လိုက်လေသည်။

မဟာကမ္ဘာတစ်ထောင်လောကမှ သက်ရှိများ၏ မျက်လုံးထဲမှာ ဤမြင်ကွင်းသည် ပို၍ပင် တုန်လှုပ်စရာကောင်းနေ၏။

အဓိပတိသာလွန်သူပညာရှင်များစွာသည် သံမဏိတံတိုင်းကဲ့သို့ စုရုံးနေကြသော်လည်း သူတို့သည် လူတစ်ယောက်၏ ထိုးဖောက်ဖြတ်တောက်ခြင်းကို ခံလိုက်ရ၏။

အဓိပတိသာလွန်သူ ကူရှကဲ့သို့ အထွတ်အမြတ်ခိုလှုံရာငါးခုမှ ပညာရှင်များသည် ဆူဇီမိုကို လုံးဝ အလေးအနက်မထားခဲ့ကြပေ။

အရင်တုန်းက ဆူဇီမိုသည် ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာမှာ ပုန်းကွယ်ပြီး ကစဉ့်ကလျားဝင်္ကပါကို အသုံးချခဲ့သောကြောင့်သာ သူ၏ ရန်သူများကို ခုခံနိုင်ခဲ့ခြင်းဖြစ်သည်။

သူတို့၏ ထင်မြင်ချက်အရ ဆူဇီမိုသည် တာအိုကြီးစိုးမှုနယ်ပယ်သို့ တက်လှမ်းလာသည်ဆိုလျှင်တောင် သူက သူတို့နှင့် နယ်ပယ်နှစ်ခု ကွာဟနေဆဲဖြစ်၏။

ဒါ့အပြင် သူတို့လက်အောက်မှာ အဓိပတိသာလွန်သူ သိန်းချီပါဝင်သည့် စစ်တပ်တစ်တပ် ရှိနေ၏။

အမိန့်တစ်ချက်နှင့်အတူ သူတို့သည် ဆူဇီမိုကို သတ်ဖြတ်နိုင်လေသည်။

သို့သော်လည်း အဓိပတိသာလွန်သူ ကူရှနှင့် အခြားသူများသည် ဆူဇီမိုနှင့် တမလွန်ဓားနှင့် အဝီစိဓား၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို လျှော့တွက်ထားမိဆဲဖြစ်၏။

ဓားများ ဖြတ်သွားရာ နေရာတိုင်းမှာ သူတို့က ပြိုင်ဘက်ကင်းနေ၏။

ဓားနှစ်လက်က ဦးဆောင်ပြီး ဆူဇီမိုသည် လူအုပ်ကြားထဲကို လမ်းဖြောင့်တစ်ခု ဖောက်ဝင်လိုက်၏။ သိပ်မကြာခင် သူသည် အဓိပတိသာလွန်သူ ကူရှနှင့် အခြားသူများရှေ့ကို ရောက်ရှိလာပြီဖြစ်သည်။

ထိုလှုပ်ရှားမှုက အရမ်းကို မြန်ဆန်ခဲ့လေသည်။

အဓိပတိသာလွန်သူ ကူရှနှင့် အခြားသူများက တစ်စုံတစ်ရာ လွဲမှားနေသည်ကို နားလည်သဘောပေါက်သည့်အချိန်မှာ ဆူဇီမိုက သူတို့နှင့် မျက်နှာချင်းဆိုင်နေပြီဖြစ်သည်။

အထွတ်အမြတ်ခိုလှုံရာများမှ အဓိပတိသာလွန်သူများသည် ပေါ့ပေါ့ဆဆ မပြုမူရဲဘဲ သူတို့၏ သွေးချီများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြ၏။ သူတို့သည် သူတို့၏ မဟာတာအိုများကို ထိန်းချုပ်ပြီး သူတို့၏ တာအိုလက်နက်များကို ဆင့်ခေါ်ကာ ဆူဇီမိုကို ဝိုင်းပတ်လိုက်ကြ၏။

အထွတ်အမြတ်ခိုလှုံရာများမှ လူများအနေဖြင့် သူတို့သည် အလွယ်တကူ နောက်မဆုတ်နိုင်ပေ။

ဒါ့အပြင် အထွတ်အမြတ်ခိုလှုံရာ ငါးခုမှာ အဓိပတိသာလွန်သူ ထောင်ချီ ရှိနေဆဲဖြစ်၏။

လူတစ်ယောက်မပြောနှင့်၊ မည်သည့်အဖွဲ့အစည်းကမှ သူတို့ကို မယှဉ်နိုင်ပေ။

အထွတ်အမြတ်ခိုလှုံရာများမှ အဓိပတိသာလွန်သူများ၏ ဝိုင်းပတ်ပိတ်ဆို့မှုမှာ ဆူဇီမိုက သူ၏ ခြေလှမ်းကို ရပ်တန့်ခြင်း မရှိပေ။ သူ့ခန္ဓာကိုယ်ထဲရှိ အော်ရာက နောက်တစ်ဖန် မြင့်တက်လာပြီး သူ၏ ခွန်အားက ဆပွားတိုးလာ၏။ သူ၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ဖြစ်ပြီး အော်ပြောလိုက်၏။

“မင်းတို့တွေ ငါ့ကိုသတ်နိုင်ဖို့ အဝေးကြီးပဲ”

ဆူဇီမိုက ကစဉ့်ကလျား မဟာတာအိုကို ထိန်းချုပ်လိုက်၏။

ကစဉ့်ကလျား ချည်မျှင်များက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံပြီး တမလွန်ဓားနှင့် အဝီစိဓားကို ရစ်ပတ်သွားလေသည်။

ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့်အတူ ဆူဇီမိုသည် လူအုပ်ကြားထဲသို့ နောက်တစ်ဖန် ပစ်ဝင်သွား၏။

အခြားသော မျိုးနွယ်များမှ အဓိပတိသာလွန်သူပညာရှင်များနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် သူ၏ ကစဉ့်ကလျား မဟာတာအိုကိုပင် မထုတ်ဖော်ခဲ့ပေ။

မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူ မြောက်မြားစွာ ရှိနေခြင်းကြောင့် မဟုတ်လျှင် သူသည် ကြာပန်းသုံးခုနှင့် ပေါင်းစည်းပြီးနောက် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးဆက်သက်သက်နှင့်ပင် သူတို့ကို ဖယ်ရှားရှင်းလင်းနိုင်လေသည်။

ယခု သူသည် အထွတ်အမြတ်ခိုလှုံရာများမှ အဓိပတိသာလွန်သူများနှင့် ရင်ဆိုင်ရပြီး ဆူဇီမိုသည် ကစဉ့်ကလျား မဟာတာအိုနှင့် သူ၏ ခွန်အားကို အကန့်အသတ်များအထိ ထုတ်ဖော်လိုက်၏။

ချွင်... ချွင်... ချွင်...

ဖောက်... ဖောက်... ဖောက်...

အထွတ်အမြတ်ခိုလှုံရာများမှ အဓိပတိသာလွန်သူများ၏ တာအိုလက်နက်များသည် အဝီစိဓားနှင့် တမလွန်ဓား၏ ထက်ရှမှုကို မခုခံနိုင်ကြပေ။

မည်သည့်နတ်ဘုရားလက်နက်ဖြစ်စေ… ၎င်းသည် ထိခတ်မိသည်နှင့် ကျိုးလျှင်ကျိုး၊ မဟုတ်လျှင် ကြေမွပျက်စီးသွားပေလိမ့်မည်။

အဓိပတိသာလွန်သူပညာရှင်များ ထိန်းချုပ်ထားသည့် မဟာတာအိုများသည်လည်း ဆူဇီမို၏ ဓားနှစ်လက်ဖြင့် ဖြတ်တောက်ခြင်း ခံလိုက်ရ၏။

သူသည် ပကတိတာအိုသုံးသပ်မှုနယ်ပယ်မှာ ရှိနေခဲ့စဉ်က ဆူဇီမိုသည် အဓိပတိသာလွန်သူပညာရှင်တစ်ဦး၏ မဟာတာအိုကို ချိုးဖျက်ချင်သည်ဆိုလျှင် တစ်ဖက်သူ၏ အားနည်းချက်နှင့် ချို့ယွင်းချက်ကို ရှာဖွေဖို့အတွက် သူသည် သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားကို အသုံးချခဲ့ရလေသည်။

တာအိုကြီးစိုးမှုနယ်ပယ်ကို ဝင်ရောက်လာပြီးနောက် ဆူဇီမိုသည် တမလွန်ဓားနှင့် အဝီစိဓားနှင့်အတူ သူ၏ ကိုယ်ပိုင်ခွန်အားသက်သက်နှင့်ပင် တစ်ဖက်သူ၏ မဟာတာအိုကို ခုတ်ပိုင်းနိုင်လာသည်။

သွေးများက လေထဲမှာ ပျံ့လွင့်ပြီး ကောင်းကင်က နီစွေးသွား၏။

အထွတ်အမြတ်ခိုလှုံရာများမှ အဓိပတိသာလွန်သူပညာရှင်များသည်လည်း ဆူဇီမို၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို မခုခံနိုင်ကြပေ။

ဆူဇီမိုသည် တစ်လမ်းလုံး ထင်တိုင်းကြဲသတ်ဖြတ်ပြီး အထွတ်အမြတ်ခိုလှုံရာများမှ အဓိပတိသာလွန်သူပညာရှင်များသည် ဟင်းရွက်ကန်စွန်းများကို ခုတ်ပိုင်းနေသည့်အလား သတ်ဖြတ်ခံလိုက်ရ၏။

သူတို့က စူးစူးဝါးဝါး ညည်းတွားအော်ဟစ်နေကြ၏။

အဓိပတိသာလွန်သူ ကူရှသည်လည်း ဆူဇီမို၏ ဓားများအတွက် စတေးခံ ဝိညာဉ်တစ်ခု ဖြစ်သွားခဲ့လေပြီ။

မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများစွာ ရှိနေသော်လည်း သူတို့သည် တွေ့မြင်ရသော အချင်းအရာမှာ တုန်လှုပ်သွားကြ၏။ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်ပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာကြ၏။ သူတို့က ရှေ့ကို ဘယ်လိုလုပ် မဆင်မခြင် တက်လှမ်းရဲတော့မှာလဲ။

အထွတ်အမြတ်ခိုလှုံရာငါးခုမှ အဓိပတိသာလွန်သူပညာရှင်များပင် ဆူဇီမို၏ ဓားချက်များအောက်မှာ မရှုမလှဖြစ်နေကြ၏။ သူတို့က ရှေ့သို့ အတူတကွ ပြေးတက်သွားမည်ဆိုလျှင်တောင် လုံလောက်လိမ့်မည် မဟုတ်ပေ။

တကယ်တမ်းမှာ အဓိပတိသာလွန်သူပညာရှင် သုံးသိန်းကျော်ကျော်သည် အမှန်တကယ် ကြောက်ရွံ့မှုမရှိဘဲ အဆက်မပြတ် ဝိုင်းပတ်တိုက်ခိုက်မည်ဆိုလျှင် ဆူဇီမိုကလည်း တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ သူက တာအိုကြီးစိုးမှုနယ်ပယ်တွင် စဦးကျွမ်းကျင်မှုသာ ရရှိထားသေးလေသည်။ အစိမ်းရောင်ကြာပန်းခန္ဓာက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ သူ၏ သက်လုံအားက အဆုံးမဲ့နေခြင်း မဟုတ်ပေ။

ကံဆိုးစွာနှင့်ပင် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများသည် စောစောက ဆူဇီမို၏ သတ်ဖြတ်ခြင်းနည်းလမ်းများမှာ လုံးလုံးလျားလျား မှင်တက်သွားကြပြီဖြစ်၏။

ထိုအခိုက်အတန့်မှာ အဓိပတိသာလွန်သူများသည် ဆူဇီမိုကို စိန်ခေါ်ဖို့နေနေသာ သူတို့သည် ထိုသူ၏ ပစ်မှတ်ထားခြင်း မခံရဖို့ကိုပင် ဆုတောင်းနေကြ၏။

“သူက အရမ်းကို သန်မာလွန်းမနေဘူးလား”

“ကစဉ့်ကလျားအရှင် ဆိုတဲ့အတိုင်းပဲ ဘယ်လောက် အထင်ကြီးဖို့ကောင်းလဲ”

လူသားမျိုးနွယ်မှ အဓိပတိသာလွန်သူများသည် တွေ့မြင်ရသော အချင်းအရာမှာ တုန်လှုပ်၍ ကြက်သေသေနေကြ၏။

စောစောက တျဲယွဲ့သည် တိုက်ပွဲထဲသို့ ဝင်ရောက်ပြီး လေမဟာတာအိုနှင့်အတူ သူမ၏ ဘေးပတ်လည်မှ အဓိပတိသာလွန်သူများကို တွန်းလှန်ထုတ်ခဲ့စဉ်က သူတို့က မှင်တက်နေကြပြီဖြစ်၏။

သို့သော်လည်း ဆူဇီမိုဟုခေါ်သော အမျိုးသားသည် အဓိပတိသာလွန်သူ သုံးထောင်ကျော်ကျော် ပါဝင်သည့် စစ်တပ်တစ်တပ်ကို တစ်ယောက်တည်း ထိုးဖောက်ဖြိုခွဲခဲ့လေသည်။

အထွတ်အမြတ်ခိုလှုံရာငါးခုမှ အဓိပတိသာလွန်သူများသည် သူ့ကို လုံးလုံးလျားလျား ရှုံးနိမ့်သွားကြ၏။

နောက်ဆုံးမှာတော့ မည်သူကမှ ရှေ့ကို မတက်ရဲတော့ပေ။

ဆူဇီမို၏ ဘေးပတ်လည်မှာ သွေးသံရဲရဲ ကြီးမားသည့် နေရာလွတ်တစ်ခု ပေါ်ထွက်လာ၏။ သူ၏ ဓားနှင့်အတူ မတ်တတ်ရပ်နေသည့် သူတစ်ယောက်တည်းကလွဲလျှင် အခြားလူတိုင်းက နေရာမှာတင် သတ်ဖြတ်ခံထားရပြီ ဖြစ်သည်။

အဝီစိဓားနှင့် တမလွန်ဓားနှင့် ထိတွေ့မိပြီးနောက် ထိခိုက်ဒဏ်ရာ ရရှိသောလူဟူ၍ မရှိပေ။ သေဆုံးသွားသော လူများသာ ရှိလေသည်။

ဆူဇီမိုသည် တစ်ဖက်မှာ ပြိုင်ဘက်ကင်းနေပြီး အထွတ်အမြတ်ခိုလှုံရာငါးခုကို သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ကာ လူသားမျိုးနွယ်မှ တျဲယွဲ့၊ တံငါသည်နှင့် အခြားသော အဓိပတိသာလွန်သူများအပေါ် ဖိအားကို လျှော့ချပေးလိုက်၏။

အစက သူတို့ကို ဝိုင်းပတ်ထားသော အမျိုးမျိုးသော မျိုးနွယ်စုများမှ အဓိပတိသာလွန်သူများသည် နှစ်ခါပြန်စဉ်းစားလာရ၏။ ဤသွေးနီရောင်ဝတ်အမျိုးသမီးသည် ကစဉ့်ကလျားအရှင်နှင့်အတူ လက်တွဲကာ ရောက်ရှိလာသည်ဆိုမှတော့ သူတို့သည် သူမကို ထိခိုက်အောင်လုပ်မိမည်ဆိုလျှင် ကစဉ့်ကလျားအရှင်က သူတို့အသက်ကို လာရောက်နှုတ်ယူပေလိမ့်မည်။

သူတို့သည် တျဲယွဲ့ကို ထိခိုက်အောင်လုပ်မိမည်ကို စိုးရိမ်ပြီး အဓိပတိသာလွန်သူ ပညာရှင်များ၏ တိုက်ခိုက်မှုများက တဖြည်းဖြည်း အားပျော့သွားလေသည်။

“မင်းရဲ့ ဒီတာအိုလက်တွဲဖော်က အဟုတ်တကယ် ကြမ်းတာပဲ”

စားဖိုမှူးက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ချီးကျူးလိုက်လေသည်။ သူက ရယ်မောကာ ပြောလိုက်၏။

“ငါတို့တွေ ရွာကိုပြန်ရောက်ရင် မင်းတို့အတွက် စားကောင်းသောက်ဖွယ်ရာ ပြင်ဆင်ပေးရမယ်”

ရွှမ်ဖျင်တောင်အနီးအနားမှာ…

လူသားကျင့်ကြံသူများစွာသည် ထိုသည်ကို တွေ့မြင်သောအခါ စိတ်အားထက်သန်စွာ တက်ကြွလာကြ၏။

စောစောက မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများသည် ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ စုစည်းနေကြပြီး သူတို့ကို မွန်းကျပ်စေခဲ့လေသည်။

လူသားမျိုးနွယ်မှ အဓိပတိသာလွန်သူရာချီက ဖယ်ရှားရှင်းလင်းခံရတော့မည်ကို တွေ့မြင်ရသောအခါ သူတို့၏ ရင်ထဲတွင် စိတ်ပျက်အားငယ်မှုသာ ရှိတော့လေသည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက လေဟာနယ်အချိန်တိုက်ပွဲနယ်မြေသို့ ဝင်ရောက်သွားသည့်ခဏမှာပင် အခြေအနေက ချက်ချင်းပြောင်းလဲသွားခဲ့သည်။

သူတော်စင် ကျန်းချောင်နှင့် ဟွေ့မင်ကလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

လူသားမျိုးနွယ်မှ အဓိပတိသာလွန်သူရာချီကို ကယ်တင်ဖို့အတွက် မျှော်လင့်ချက်ရှိလာသည်ကို တွေ့မြင်ရသောအခါ သူတို့၏ ရင်ထဲရှိ မလုံမလဲခံစားချက်ကလည်း အနည်းငယ် လျော့ကျသွားလေသည်။

“ဒီတာအိုရောင်းရင်းနှစ်ယောက်ကို ကြည့်ရတာ သိပ်ပြီးတော့ မရင်းနှီးသလိုပဲ... သူတို့က အရင်တုန်းက နာမည်မကြီးဘူးမလား... သူတို့တွေက ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားတယ်ဆိုတော့ ငါတို့လူသားမျိုးနွယ်အတွက် တကယ့်ကို ကံကြမ္မာကောင်းပဲ”

“သူက ကစဉ့်ကလျားအရှင်ဆိုတော့... သူက အပင်မျိုးနွယ်ကပဲ... သူက ငါတို့လူသားမျိုးနွယ်နဲ့ ဘယ်လိုဆက်စပ်နေတာလဲ”

“သူက ငါတို့နဲ့ ဘယ်လိုလုပ် မဆက်စပ်ဘဲနေမှာလဲ... သူက ငါတို့လူသားမျိုးနွယ်က အဓိပတိသာလွန်သူတစ်ဦးရဲ့ တာအိုလက်တွဲဖော်ပဲ... သူက ငါတို့ဘက်မှာ ရှိနေတယ်ဆိုတဲ့သဘောပဲ... နောက်ပြီး ငါ သူတို့နှစ်ယောက်ကို တစ်နေရာမှာ အရင်က မြင်ဖူးတယ်လို့ အလိုလိုခံစားနေရတယ်... ငါ သူတို့နှစ်ယောက်နဲ့ တကယ်ပဲ ရင်းနှီးခဲ့ဖူးတယ်ထင်တယ်”

“မင်း လျှောက်ပြောမနေနဲ့... ငါလည်း သူတို့နှစ်ယောက်နဲ့ နည်းနည်းရင်းနှီးသလိုပဲ... ငါတို့ အရင်က တစ်ခါလောက် ဆုံဖူးတယ်ထင်တယ်”

“မင်းတို့တွေ လျှောက်ဖြီးမနေကြနဲ့တော့”

လူအုပ်ကြားထဲမှ ရယ်မောသံများ ထွက်ပေါ်လာပြီး လူတိုင်းက တဖြည်းဖြည်း စိတ်လက်ပေါ့ပါးလာကြ၏။

လင်းရွှမ်ကျီကသာ တီးတိုးရေရွတ်လိုက်၏။

“မင်းတို့တွေက သူတို့နဲ့ ရင်းနှီးတယ်လို့ ခံစားနေရမှာပေါ့… ”

All Chapters