← Chapters

သူတော်စင်သွေးဝိညာဉ်အောင်လံတံခွန်

Vol. 219 Ch. 3332

သူတော်စင်သွေးဝိညာဉ်အောင်လံတံခွန်

Vol. 219 Ch. 3332

လေဟာနယ်အချိန် တားမြစ်ကုန်းမြေက ဝရုန်းသုန်းကား ဖြစ်လာ၏။

အစက အထွတ်အမြတ်ခိုလှုံရာငါးခု၏ အောက်မှာ စုဝေးရောက်ရှိနေသော အဓိပတိသာလွန်သူ အရေအတွက်သိန်းချီသည် ဆူဇီမိုကြောင့် ပြိုကွဲပြီး သူ့ကို တစ်ယောက်ပြီးတစ်ယောက် ရှောင်တိမ်းလိုက်ကြ၏။

အထွတ်အမြတ်ခိုလှုံရာငါးခုကလည်း အတော်လေး ပြင်းထန်သော သေကြေပျက်စီး ထိခိုက်မှုများနှင့် ကြုံတွေ့သွားရ၏။

သူက ဤနေရာမှာ သိပ်ကြာကြာနေလို့မရသည်ကို ဆူဇီမိုက သူ၏ ရင်ထဲမှာ သိရှိထားသည်။

ဤမြင်ကွင်းကိုကြည့်ပြီး အထွတ်အမြတ်ခိုလှုံရာငါးခုမှ အဓိပတိသာလွန်သူများက သေချာပေါက် ဒီအတိုင်းနေကြလိမ့်မည် မဟုတ်ပေ။

တကယ်တော့ သူတော်စင်မျိုးနွယ်မှ အဓိပတိသာလွန်သူတစ်ဦး သို့မဟုတ် နှစ်ဦး ဝင်ရောက်စွက်ဖက်လာမည်ဆိုလျှင် သူ့အတွက် ခြိမ်းခြောက်မှုများစွာ ရှိလိမ့်မည် မဟုတ်ပေ။

အခြေအနေသည် ထိန်းချုပ်မှုကနေ လွတ်ထွက်ပြီး ပို၍ပင် ကြီးမားသောပြဿနာ ပေါ်ထွက်လာမည်ကို ဆူဇီမိုက စိုးရိမ်နေခြင်းသာ ဖြစ်သည်။

“မြန်မြန် ထွက်သွားကြတော့”

ဆူဇီမိုက အထွတ်အမြတ်ခိုလှုံရာငါးခုမှာ အဓိပတိသာလွန်သူများ နောက်သို့ ဆက်လက်၍ လိုက်သွားခြင်း မရှိပေ။ သူက တစ်ဖက်သို့လှည့်ပြီး တျဲယွဲ့နှင့် အခြားသူများဘေးသို့ ပြန်လည်ရောက်ရှိလာ၏။

အစက သူတို့ကို ဝိုင်းပတ်ထားသော အဓိပတိသာလွန်သူပညာရှင်များသည် ဆူဇီမို ပြန်ရောက်လာသည်ကို တွေ့မြင်သောအခါ ကြောက်ရွံ့စွာဖြင့် လူစုခွဲထွက်ခွာသွားကြ၏။ သူတို့သည် သူ့ကို တားဆီးရဲခြင်း မရှိဘဲ နေရာအနှံ့ ပြန့်ကျဲသွား၏။

“ဆူဇီမို... မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”

“ငါတို့ အထွတ်အမြတ်ခိုလှုံရာက လူတွေကို သတ်ပြီးတဲ့နောက် မင်းက မထိမခိုက် လွတ်မြောက်နိုင်တယ်လို့ ဘယ်လိုတောင် တွေးရဲတာလဲ”

“ဒီနေ့ မင်းတို့တွေအားလုံး သူတို့နဲ့အတူ မြှုပ်နှံခံရလိမ့်မယ်”

ရုတ်တရက် မိုးကောင်းကင်၏ အစပ်ကနေ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။

နောက်ခဏ၌ လေဟာနယ်အချိန် တားမြစ်ကုန်းမြေ၏ အရပ်ငါးဘက်မှာ ပုံရိပ်များ ပေါ်ထွက်လာပြီး ပျံသန်းလာကြလေသည်။

အထွတ်အမြတ်ခိုလှုံရာငါးခုမှ သူတော်စင်မျိုးနွယ် အဓိပတိသာလွန်သူများ ပေါ်ထွက်လာကြလေပြီ။

အရင်တုန်းက ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာကို တိုက်ခိုက်ခဲ့သော ချွေးထျန်၊ ချင်းယုံ၊ ကျိုးယင်နှင့် ဝူချီတို့အပြင် သူတော်စင်မျိုးနွယ်မှ အခြားအဓိပတိသာလွန်သူပညာရှင် ရှစ်ဦးလည်း ပါဝင်လာ၏။

သူတော်စင်မျိုးနွယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့အတွက် လိုအပ်ချက်များက အလွန်တရာ တင်းကျပ်လေသည်။

သူတို့သည် အရေအတွက် အလွန်တရာ နည်းပါးလေသည်။

သူတော်စင်မျိုးနွယ် အဓိပတိသာလွန်သူ ၁၂ ဦး တစ်ချိန်တည်းမှာ ပေါ်ထွက်လာသည့် မြင်ကွင်းက တကယ့်ကို ရှားရှားပါးပါးဖြစ်သည်။

သူတော်စင်မျိုးနွယ် အဓိပတိသာလွန်သူ ၁၂ဦးသည် သူတော်စင်နယ်ပယ်အောက်မှာ ပြိုင်ဘက်ကင်းခဲ့သော အဓိပတိသာလွန်သူများဖြစ်ပြီး အနည်းဆုံး နှစ်ပေါင်းသန်းတစ်ရာကြာအောင် နယ်မြေဒေသများကို အုပ်စိုးကာ ကျော်ကြားခဲ့ကြသူများ ဖြစ်လေသည်။

သို့သော်လည်း သူတို့ကျင့်ကြံသည့် မဟာတာအိုများကို သူတော်စင်များက သိမ်းပိုက်ထားပြီဖြစ်သောကြောင့် သူတို့သည် ဤနှစ်များမှာ သူတော်စင်များ ဖြစ်မလာနိုင်ကြပေ။

“သခင်…”

သူတော်စင်မျိုးနွယ် အဓိပတိသာလွန်သူများ ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ အထွတ်အမြတ်ခိုလှုံရာငါးခုမှ အဓိပတိသာလွန်သူများသည် သူတို့၏ ကယ်တင်ရှင်များကို တွေ့မြင်သွားပုံရပြီး သူတို့ ၁၂ ယောက်ကို ဝန်းရံလိုက်ကြ၏။

“ဒါက ခွန်ဖန်းမျိုးဆက်သွေးနဲ့ သူတော်စင်မင်းသား ချွေးထျန်ပဲ”

“သူတော်စင်မင်းသားမုချီက အသက်ဓာတ် မဟာတာအိုကို ကျင့်ကြံတဲ့ အရမ်းကို ရှားပါးတဲ့ သစ်သားချီလင် ဖြစ်တယ်လို့ဆိုတယ်... သူက ဘယ်လောက် ပြင်းထန်တဲ့ ဒဏ်ရာကိုမဆို ပြန်ပြီး ကုသနိုင်တယ်”

“သူတော်စင်မင်းသမီး ပီလောလည်း ရောက်လာပြီ”

“ဘုရားရေ... သူတို့တွေ အားလုံးက အရင်တုန်းက လောကကို ကိုင်လှုပ်ခဲ့တဲ့ အနှိုင်းမဲ့အဓိပတိသာလွန်သူတွေပဲ… သူတော်စင်တွေ ပေါ်ထွက်မလာသရွေ့ အဲ့ဒီပညာရှင်တွေက မျိုးနွယ်စုတစ်သောင်းမှာ ကင်းလှည့်ပြီး ကောင်းကင်ဘုံကိုယ်စား အပြစ်ဒဏ်ကို စီရင်လိမ့်မယ်”

မဟာကမ္ဘာတစ်ထောင်လောကမှာ သူတော်စင်များ ပေါ်ထွက်မလာသရွေ့ သူတော်စင်မျိုးနွယ် အဓိပတိသာလွန်သူများသည် အသန်မာဆုံးနီးပါး တည်ရှိမှုများ ဖြစ်ကြလေသည်။

ဤသူတော်စင်မျိုးနွယ် အဓိပတိသာလွန်သူများသည် အကြောင်းအရင်းအမျိုးမျိုးကြောင့် သူတော်စင်နယ်ပယ်ကို မတက်လှမ်းနိုင်သော်လည်း မျိုးနွယ်စုတစ်သောင်း သက်ရှိများအတွက်တော့ သူတို့သည် ထိပါးစော်ကား၍ မရနိုင်သော စွမ်းအားကြီးမားသည့် တည်ရှိမှုများ ဖြစ်နေကြဆဲပင်။

ထိုသို့ဖြင့် မျိုးနွယ်စုတစ်သောင်း သက်ရှိများသည် လေးစားမှုထားသည့်အနေဖြင့် သူတို့ကို သူတော်စင်မင်းသားများ သို့မဟုတ် သူတော်စင်မင်းသမီးများဟု ခေါ်ဆိုကြလေသည်။

အထွတ်အမြတ်ခိုလှုံရာငါးခုနှင့် လမ်းလေးသွယ်က ကောင်းကင်ဘုံ ၃၃ ခုမှာ တိုက်ခိုက်ခဲ့စဉ်က မဟာတိုက်ပွဲကလွဲလျှင် သူတော်စင်မင်းသားမင်းသမီး ၁၂ ပါးက တစ်ချိန်တည်းမှာ ပေါ်ထွက်လာသည့် အခြေအနေတစ်ရပ် ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

“အားလုံးပဲ နားထောင်ကြ”

သူတော်စင်မင်းသား ချွေးထျန်က ဘေးပတ်လည်ကို အကဲခတ်ကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဆူဇီမိုကို ငါတို့အတွက် ထားလိုက်... ကျန်တဲ့ မင်းတို့တွေက မင်းတို့ရဲ့ အစွမ်းကုန်နဲ့ လူသားအဓိပတိသာလွန်သူတွေကို သတ်ဖြတ်ကြ... ဘယ်သူ့မှ အသက်ရှင်လျက် မကျန်ခဲ့စေနဲ့”

အဓိပတိသာလွန်သူ ချွေးထျန်သည် ထိုစကားလုံးများကို အထွတ်အမြတ်ခိုလှုံရာများမှ လူများကိုသာ ပြောနေခြင်း မဟုတ်ဘဲ သူသည် ဘေးပတ်လည်မှာ ပြန့်ကျဲနေသည့် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများကိုပါ အမိန့်ပေးနေခြင်းဖြစ်၏။

တကယ်တမ်းမှာ အမျိုးမျိုးသော မျိုးနွယ်စုများမှ အဓိပတိသာလွန်သူများသည် စောစောက သွေးသံရဲရဲတိုက်ပွဲအပြီးမှာ ဆူဇီမိုကို ကြောက်ရွံ့နေကြပြီဖြစ်၏။

သို့သော် ယခု သူတော်စင် မင်းသား မင်းသမီး ၁၂ပါးက ဆင်းသက်လာပြီး ဤကဲ့သို့ အမိန့်တစ်ခုကို ပေးလာသောအခါ သူတို့က မနာခံဘဲ မနေရဲကြပေ။

ဒါ့အပြင် သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးက ဆူဇီမိုကို ဖိနှိမ်လိုက်သည်နှင့်အမျှ လူသားအဓိပတိသာလွန်သူရာချီကို ကြောက်နေစရာ ဘာမှမရှိပေ။

“သတ်ကြ…”

သူတော်စင်မင်းသား ချွေးထျန်က အမိန့်ပေးလိုက်သည့် ချက်ချင်းနီးပါးမှာပင် ဆူဇီမိုကလည်း ဟိန်းဟောက်လိုက်၏။ သူသည် ခေါင်းသုံးလုံး လက်ခြောက်ဖက် အခြေအနေမှာ အဝီစိဓားနှင့် တမလွန်ဓားကို ထိန်းချုပ်ပြီး သူတော်စင် မင်းသား မင်းသမီး ၁၂ ပါး ရှိရာသို့ ပြေးဝင်သွား၏။

သူတို့ ၁၂ယောက်ကို သတ်ဖြတ်နိုင်သည်နှင့်အမျှ ကျန်လူများက တိုက်ခိုက်စရာမလိုဘဲ လဲပြိုကျသွားပေလိမ့်မည်။

ပြေးဝင်လာသော ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်မှာ သူတော်စင်မင်းသား ချွေးထျန်က တည်တံ့နေပြီး မည်သည့် အထင်အမြင်သေးမှုကိုမှ မပြသပေ။

အဝီစိဓားနှင့် တမလွန်ဓား၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို သူတို့သည် အမျိုးမျိုးသော အထွတ်အမြတ်ခိုလှုံရာများကနေ ယခုတင် မြင်တွေ့ထားခဲ့၏။

သူတို့ ဤနေရာကို ရောက်ရှိလာသည့်အချိန်မှာ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်၏။

“သွားတော့”

သူတော်စင်မင်းသား ချွေးထျန်က နီညိုရောင်အလင်းတစ်ခုကို ထုတ်ယူပြီး လေထဲသို့ ပစ်တင်လိုက်၏။ ၎င်းသည် ခပ်ဖျော့ဖျော့ သွေးရနံ့ဖြင့် ပြည့်နှက်နေသည့် သွေးနီရောင် အောင်လံတံခွန်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

တစ်ချိန်တည်းမှာပင် သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးက သူတို့၏ လျှာများကို ညင်သာစွာ ကိုက်ပြီး တစ်ချိန်တည်းမှာ အမြုတေသွေးများကို ထွေးထုတ်လာကြ၏။

သူတို့၏ အမြုတေသွေးများက အောင်လံတံခွန်အပေါ် ဖြန်းပက်ကျဆင်းပြီး ၎င်းကို သူတို့၏ ဝိညာဉ်များထဲသို့ ထိုးသွင်းလိုက်လေသည်။

နောက်ခဏ၌ သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးသည် တစ်ချိန်တည်းမှာပင် သွေးအောင်လံတံခွန်နှင့် ချိတ်ဆက်မှုတစ်ခု တည်ဆောက်လိုက်ကြ၏။

သွေးအောင်လံတံခွန်ကနေ ထူးဆန်းသော သွေးနံ့နှင့် မနှိုင်းယှဉ်သာအောင် အင်အားကြီးမားသော စွမ်းအားတစ်ခု ပေါ်ထွက်လာလေသည်။

သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးက သွေးအောင်လံတံခွန်ကို တစ်ချိန်တည်းမှာ ထိန်းချုပ်ပြီး ၎င်းကို ဆူဇီမို၏ရှေ့မှာ အဆက်မပြတ် လွှဲခါလိုက်၏။ ချက်ချင်းပင် သွေးချီက တလိပ်လိပ် ထိုးတက်လာလေသည်။

လောကမှာ သွေးမြစ်တစ်စင်း ပေါ်ထွက်လာပြီး ဆူဇီမို ရှိရာသို့ တစ်ရှိန်ထိုး တိုးဝင်ကာ သူ့ကို ဝါးမျိုပစ်ချင်နေသည့်အလားပင်။

ဆူဇီမိုသည် သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိလိုက်၏။

သွေးမြစ်ထဲမှာ ပါဝင်နေသော စွမ်းအားသည် သူခုခံနိုင်သည့် တစ်စုံတစ်ရာ သေချာပေါက် မဟုတ်ပေ။

ဤသည်မှာ တာအိုကြီးစိုးမှုနယ်ပယ် ပညာရှင်များ ထိန်းချုပ်ဖို့ မဖြစ်နိုင်သော တစ်စုံတစ်ရာဖြစ်သည်။

ဤစွမ်းအားသည် သူတော်စင်နယ်ပယ်ကနေ လာခြင်းဖြစ်လောက်သည်။

ဆူဇီမိုသည် အလိုအလျောက် ရပ်တန့်ပြီး ဓားနှစ်လက်ကို သူ့ရှေ့မှာ ကာ၍ တစ်ချိန်တည်းမှာ နောက်သို့ဆုတ်ခွာလိုက်၏။

သို့သော်လည်း သွေးမြစ်က အဆက်မပြတ် အော်မြည်ပြီး ပို၍ပင် မြန်ဆန်လာ၏။ ချက်ချင်းပင် ၎င်းက အနားကို ချဉ်းကပ်ပြီး ဆူဇီမိုကို ဝါးမျိုပစ်ချင်နေ၏။

မြစ်ရေက တလိပ်လိပ် ထိုးတက်ပြီး အဝီစိဓားနှင့် တမလွန်ဓားကို ဝါးမျိသွားပြီ ဖြစ်သည်။

ဂမ္ဘီရဓားနှစ်လက်သည် ဆူဇီမို၏ ပိုင်ဆိုင်မှု ဖြစ်လာပြီးကတည်းက သူတို့သည် ဤကဲ့သို့သော ဖိနှိမ်မှုနှင့် ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ရဖူးပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သွေးမြစ်နှင့် ရင်ဆိုင်ရချိန်မှာ အဝီစိဓားနှင့် တမလွန်ဓား၏ ထက်ရှမှုက အနည်းငယ်ဖျော့တော့သွားပုံရပြီး တုန်ခါနေသော ဓားကိုယ်ထည်များက ငြိမ်သက်သွားလေသည်။

သွေးမြစ်ကနေ စွမ်းအားကြီးမားသော ဝါးမျိုစွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်ပြီး ဆူဇီမိုနှင့် အဝီစိဓားနှင့် တမလွန်ဓားကို အတူတကွ ဝါးမျိုပစ်ချင်နေ၏။

ဆူဇီမိုသည် ၎င်းကို မခုခံနိုင်ဘဲ သူ၏ လက်များကို လွှတ်ပေးလိုက်ရ၏။ သွေးမြစ်က အဝီစိဓားနှင့် တမလွန်ဓားကို ဝါးမျိုသွားသည်ကို သူက ခွင့်ပြုပေးလိုက်ရလေသည်။

သို့သော်လည်း ဓားနှစ်လက်ကို ဝါးမျိုပြီးနောက် သွေးမြစ်သည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး သွေးအောင်လံတံခွန်၏ ပုံစံအဖြစ် လေထဲမှာ လွင့်မျောနေ၏။

သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးက ဘယ်လိုပင် ထိန်းချုပ်သည်ဖြစ်စေ၊ သွေးအောင်လံတံခွန်က မလှုပ်မယှက် ငြိမ်သက်သွား၏။

သွေးအောင်လံတံခွန်သည် အဝီစိဓားနှင့် တမလွန်ဓားကို ဝါးမြိုဖို့အတွက် ၎င်းသည်လည်း ကြီးမားသော အင်အားကို သုံးစွဲရလေသည်။ ထိုအခိုက်အတန့်မှာ ၎င်းသည် အဝီစိဓားနှင့် တမလွန်ဓားကို ဖိနှိမ်ဖို့ ကြိုးစားနေသည့်အလား စိတ်အာရုံပျံ့လွင့်မခံနိုင်ပေ။

သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးက အကြည့်ချင်းဖလှယ်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

သူတို့အတွက်တော့ အကြီးမားဆုံး ခြိမ်းခြောက်မှုသည် တမလွန်ဓားနှင့် အဝီစိဓား ဖြစ်လေသည်။

သူတို့သည် ဂမ္ဘီရဓားနှစ်လက်ကို ချုပ်ထိန်းနိုင်သည်နှင့်အမျှ ဆူဇီမိုကို ကြောက်စရာ မရှိပေ။

ရွှမ်ဖျင်တောင် အနီးအနားမှာ…

လူတိုင်းသည် တွေ့မြင်ရသော အခြင်းအရာမှာ နောက်တစ်ဖန် စိုးရိမ်ပူပန်လာကြ၏။

“သူတော်စင် မင်းသား မင်းသမီး ၁၂ ပါး…”

“အဲ့ဒီသွေးအောင်လံတံခွန်က ဘယ်လိုရတနာမျိုးလဲ... အဲ့ဒါက သူ့ကို အသက်သွင်းဖို့ သူတော်စင်မင်းသားမင်းသမီး ၁၂ ပါးကို တစ်ချိန်တည်းမှာ လိုအပ်ရအောင် စွမ်းအားကြီးမားနေတာလား”

“ကြည့်ရတာတော့ အဲ့ဒီသူတော်စင် မင်းသားမင်းသမီးတွေက အဲ့ဒီဓားနှစ်လက်ကို အတော်လေး စိုးရိမ်ပူပန်နေတဲ့ပုံပဲ”

လူတိုင်းဆွေးနွေးပြောဆိုနေစဉ် သူတော်စင်ကျန်းချောင်နဲ့ သူတော်စင်ဟွေ့မင်က သွေးအောင်လံတံခွန်ကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကြ၏။

သူတော်စင်နှစ်ပါးသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရသော်လည်း သူတို့က တပ်အပ်သေချာ မပြောနိုင်ပေ။ သူတို့သည် တောင်အကြီးအကဲကို လှည့်ကြည့်ပြီး မေးလိုက်၏။

“တောင်အကြီးအကဲ... အဲဒီ သွေးအောင်လံတံခွန်ကို ကြည့်ရတာ…”

“အဲ့ဒါ သူတော်စင်သွေးဝိညာဉ် အောင်လံတံခွန်ပဲ”

တောင်အကြီးအကဲ၏ အမူအရာက ခါးသက်နေဆဲဖြစ်ပြီး သူက ပြောလိုက်၏။

“အဲ့ဒီ ဂျူနီယာတွေက သူတော်စင်ဝိညာဉ်ရဲ့ သူတော်စင်လက်နက်ကို ငှားရမ်းလာခဲ့ကြတာပဲ”

လူတိုင်းသည် ထိုစကားကို ကြားသောအခါ တုန်လှုပ်၍ ဒေါသချောင်းချောင်းထွက်လာကြ၏။

“ဒါက ဘာသဘောလဲ”

“အထွတ်အမြတ်ခိုလှုံရာငါးခုက ဘယ်လိုတောင် အရှက်မဲ့ရတာလဲ… တာအိုကြီးစိုးမှုနယ်ပယ် ပညာရှင်တွေကြားက တိုက်ပွဲတစ်ခုမှာ သူတော်စင်တစ်ပါးက ဝင်ပါလာတာလား”

“သူက တိုက်ရိုက်မတိုက်ခိုက်ပေမဲ့ အဲ့ဒါက သွယ်ဝိုက်တဲ့အနေနဲ့ ဝင်ရောက်စွက်ဖက်တာပဲ”

“ငါတို့ လူသားတွေမှာလည်း သူတော်စင်တွေ မရှိတာမှ မဟုတ်တာ”

ကျင့်ကြံသူများစွာက သူတော်စင်ကျန်းချောင်နှင့် သူတော်စင်ဝေ့မင်ကို အလိုလိုလှည့်ကြည့်လိုက်ကြ၏။

သူတော်စင်နှစ်ပါးက အကျပ်ရိုက်နေသော အမူအရာဖြင့် သူတို့၏ ခေါင်းများကို ခါယမ်းပြီး သက်ပြင်းချလိုက်ကြ၏။

သူတို့သည် မကြာသေးခင်ကမှ သူတော်စင်များဖြစ်လာပြီး သူတို့၏ မူပိုင်စိတ်ဝိညာဉ်ရတနာများကို ယခုချိန်ထိ မဟာတာအိုနှင့် ပေါင်းစည်းကာ သူတော်စင်လက်နက်များအဖြစ် ဖိုထိုးရခြင်း မရှိသေးပေ။

ဒါ့အပြင် သူတို့သည် သူတော်စင်လက်နက်များကို ဖိုထိုးထားပြီး ဆူဇီမိုကို ငှားရမ်းပေးမည် ဆိုလျှင်တောင် ဆူဇီမိုအနေဖြင့် ထိုသူတော်စင်လက်နက်များ၏ စွမ်းအားကို ထုတ်ဖော်ဖို့ ခက်ခဲပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူတော်စင်လက်နက်တစ်ခု ပေါ်ထွက်လာရုံမျှနှင့် သူတို့သည် တိုက်ရိုက်ဆင်းသက်ကာ ဝင်ရောက်စွက်ဖက်ဖို့က မဖြစ်နိုင်ပေ။ ထိုလုပ်ရပ်သည် ပို၍ပင် ကြီးမားသော ပြဿနာကို ဆွဲဆောင်မိပေလိမ့်မည်။

All Chapters