တိုက်ပွဲ
Vol. 219 Ch. 3333
သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးက ပေါ်ထွက်လာပြီး အဝီစိဓားနှင့် တမလွန်ဓားကို ဝါးမျိုဖိနှိမ်ရန် သူတော်စင်သွေး ဝိညာဉ်အောင်လံတံခွန်ကို ဆင့်ခေါ်ကာ မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများကို စိတ်သက်သာရာရစေ၏။
သူတို့သည် တမလွန်ဓားနှင့် အဝီစိဓား၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို သူတို့မျက်လုံးနှင့် ယခုတင် မြင်တွေ့ထား၏။ ဆူဇီမိုက ထိုဓားနှစ်လက်ကို ကိုင်စွဲထားဦးမည်ဆိုလျှင် ဘယ်သူက ရှေ့ကိုတက်ရဲမှာလဲ။
ယခုအချိန်မှာ သူတော်စင် မင်းသားမင်းသမီး ၁၂ ပါး၏ အမိန့်အောက်မှာ နေရာတိုင်းမှာ စောစောကတင် ပြန်ကြဲနေသည့် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများက နောက်တစ်ဖန် ပြန်လည်စုစည်းလာကြ၏။
ဆူဇီမို၏ အမူအရာက တည်တံ့နေသည်။
သူသည် အဝီစိဓားနှင့် တမလွန်ဓားအပေါ် သူ၏ အာရုံခံအသိစိတ်ကို ဆုံးရှုံးသွားပြီဖြစ်၏။ ဤကဲ့သို့သော အခြေအနေသည် အရင်ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။
ဤသည်မှာ သွေးအောင်လံတံခွန်က ဘယ်လောက်စွမ်းအားကြီးမားသလဲ သက်သေပြပေးနေ၏။
အဝီစိဓားနှင့် တမလွန်ဓား မရှိဘဲ သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း သိသိသာသာ လျော့ကျသွားပေလိမ့်မည်။ သူ့အနေဖြင့် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများကို တစ်ယောက်တည်း တိုက်ခိုက်ဖို့က မဖြစ်နိုင်တော့သလောက်နီးပါးပင်။
ဒါ့အပြင် သူတော်စင် မင်းသားမင်းသမီး ၁၂ ပါးသည် ဘေးကနေ စောင့်ကြည့်နေကြပြီဖြစ်၏။
သူတော်စင်မင်းသား ချွေးထျန်နှင့် အခြားသူများ၏ အမိန့်များအောက်မှာ အမျိုးမျိုးသော မျိုးနွယ်စုများမှ အဓိပတိသာလွန်သူပညာရှင်များသည် အတူတကွစုစည်းပြီး ကမ္ဘာပျက်ရေစီးကြောင်းများကဲ့သို့ လူသားအဓိပတိသာလွန်သူများထံ ပြေးဝင်လာကြပြီဖြစ်၏။
သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးက ဆူဇီမိုကို ဝိုင်းပတ်ပြီး တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြ၏။
အဓိပတိသာလွန်သူပညာရှင်များသည် ထိုသည်ကို တွေ့မြင်သောအခါ တိတ်တဆိတ် ဆွံ့အသွားကြ၏။
သမိုင်းတစ်လျှောက်မှာ သူတော်စင် မင်းသား မင်းသမီး ၁၂ပါး ဝိုင်းပတ်ပိတ်ဆို့ခြင်း ခံရလောက်အောင် ဤကဲ့သို့သော ပြုမူဆက်ဆံမှုကို လက်ခံရရှိခဲ့သည့် အဓိပတိသာလွန်သူတစ်ဦး မရှိခဲ့လောက်ပေ။
ဒါ့အပြင် ကစဉ့်ကလျားအရှင်သည် အဓိပတိသာလွန်သူတစ်ဦးပင် မဟုတ်ပေ။ သူသည် တာအိုကြီးစိုးမှုနယ်ပယ်တွင် စဦးကျွမ်းကျင်မှု ရရှိထားသည့် တာအိုသာလွန်သူတစ်ဦးမျှသာ ဖြစ်သည်။
ဤသူတော်စင် မင်းသားမင်းသမီးများ အားလုံးသည် သူတို့နှင့် အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းနေသည့် အန္တိမတည်ရှိမှုများ ဖြစ်ကြသည်။ သမိုင်းတစ်လျှောက်မှာ သူတို့သည် အမြဲတမ်း အောင်မြင်ကျော်ကြားခဲ့သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ယခု သူတော်စင် မင်းသားမင်းသမီး ၁၂ ပါးက အတူပူးပေါင်းထားကြပြီး အဲ့ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။
မဟာတာအို ၁၂ ခုက ပေါ်ထွက်လာပြီး သူတော်စင်မင်းသား မင်းသမီးများ၏ လက်ထဲမှာ မရေမတွက်နိုင်သော နတ်ဘုရားလက်နက်များအဖြစ် ပြောင်းလဲကာ ဆူဇီမိုရှိရာသို့ ပစ်ဝင်လာ၏။
အဝီစိဓားနှင့် တမလွန်ဓားကို ဆုံးရှုံးသွားပြီးလျှင်တောင် ဆူဇီမိုက အကြောက်အလန့် မရှိပေ။
ယခုအချိန်မှာ သူသည် ဖန်တီးခြင်း အစိမ်းရောင်ကြာပန်း၊ ကြမ္မာမီး အနီရောင်ကြာပန်းနှင့် ကုသိုလ်ရွှေကြာပန်းတို့နှင့် ပေါင်းစည်းထားပြီဖြစ်၏။
အဝီစိဓားနှင့် တမလွန်ဓား မရှိလျှင်တောင် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် မည်သည့်အဓိပတိသာလွန်သူထက်မှ နိမ့်ကျမနေပေ။
လောကနှင့် ချိတ်ဆက်ထားသော ကြာပင်သုံးပင်က မတူညီသော အရောင်များနှင့် တောက်ပနေပြီး ညင်သာစွာ ယိမ်းနွဲ့လာ၏။ ကစဉ့်ကလျားအလင်းက ဖြန့်ကြက်ပြီး အဘက်ဘက်ကို တိုက်ခိုက်သွားသည့် ဝဲဂယက်အလွှာများအဖြစ် အသွင်ပြောင်းလဲသွားလေသည်။
သူ၏ ခေါင်းသုံးလုံး လက်ခြောက်ဖက် အခြေအနေမှာ ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားသည် ၎င်း၏ အကန့်အသတ်အထိ မြင့်တက်လာပြီး သူသည် သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးနှင့် ဆန့်ကျင်တိုက်ခိုက်လိုက်၏။
ဝုန်း... ဝုန်း... ဝုန်း...
နှစ်ဦးနှစ်ဖက်စလုံး၏ သွေးချီ၊ မဟာတာအို၊ ကိုယ်ကာယနှင့် စိတ်ဝိညာဉ်ရတနာတို့က လေထဲမှာ အဆက်မပြတ် ထိတွေ့ရိုက်ခတ်ပြီး ကမ္ဘာတုန်လောက်ဖွယ်ရာ မြည်ဟည်းသံများ ထွက်ပေါ်လာသည်။
ဤကျင့်ကြံမှုနယ်ပယ်မှာ ရှုပ်ထွေးပွေလီသော နတ်ဘုရားစွမ်းအားများ၊ တဗူးနည်းစနစ်များ သို့မဟုတ် သဘောကျစရာကောင်းသော လှုပ်ရှားကွက်များ ဆက်လက်၍ မရှိတော့ပေ။
လှုပ်ရှားကွက် တစ်ကွက်ချင်းစီက မဟာတာအိုများအကြား ထိတွေ့ရိုက်ခတ်မှု ဖြစ်လေသည်။
သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးသည် တိတ်တဆိတ် ထိတ်လန့်ကာ ကြောက်လန့်သွား၏။
အစကတော့ အဝီစိဓားနှင့် တမလွန်ဓားကို ဖိနှိမ်ထားနိုင်သည်နှင့်အမျှ လူတိုင်းက အတူပူးပေါင်းပြီး ဆူဇီမိုကို အလွယ်တကူ သတ်ဖြတ်နိုင်မည်ဟု သူတို့က တွေးထင်ထားကြ၏။
သို့သော်လည်း သူတို့၏ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုမှာ ဆူဇီမိုသည် ရှုံးနိမ့်တော့မည့် လက္ခဏာများ မပြသရုံသာမက သူက တိုက်ခိုက်ရင်း ပို၍ပင် ရဲဝံ့လာ၏။
အဝီစိဓားနှင့် တမလွန်ဓားသာ ရှိနေမည်ဆိုလျှင် ဤလူ၏ တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်ထိ ကြောက်စရာကောင်းလာမလဲ သူတို့က စဉ်းစားမကြည့်ရဲပေ။
သူတို့ ၁၂ ဦးပင်လျှင် ဤနေရာမှာ သေဆုံးသွားရနိုင်သည်။
သူတို့မှာ ဘိုးဘေးဗီဇမျိုးဆက်သွေး ရှိနေ၏။
ထိုသို့ဆိုလျှင်တောင် သူတို့သည် ဆူဇီမို၏ သွေးချီကို မဖိနှိမ်နိုင်ကြပေ။
မည်သို့ပင်ဆိုစေ ဤသည်မှာ သူတော်စင် မင်းသား မင်းသမီး ၁၂ ပါး၏ ပူးပေါင်းတိုက်ခိုက်မှု ဖြစ်သည်။ ဆူဇီမိုအနေဖြင့်လည်း လက်ရှိအခြေအနေကနေ ရုန်းထွက်ပြီး အခြေအနေကို ပြောင်းလဲဖို့က အင်မတန် ခက်ခဲနေ၏။
လက်ရှိအခြေအနေသည် သူတို့ဘက်မှာ အခိုင်အမာရှိနေဆဲဖြစ်သည်။
ဒါ့အပြင် အခြားသော တိုက်ပွဲနယ်မြေမှာ လူသားအဓိပတိသာလွန်သူများသည် သိပ်ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ဆူဇီမိုကလည်း ထိုဘက်မှာရှိသော အခြေအနေကို သိသိသာသာ သတိထားမိနေပြီး သူ၏တိုက်ခိုက်ခြင်းကို မရပ်တန့်ပေ။ သို့သော်လည်း သူ၏ အမူအရာက ပိုမိုအေးစက်လာပြီး သူ၏ မျက်လုံးများက သုန်မှုန်နေသော အလင်းဖြင့် တောက်ပလာ၏။
“ဆူဇီမို... လက်လျှော့လိုက်တော့”
“ဆက်ပြီး တိုက်ခိုက်နေလည်း အဓိပ္ပာယ်မရှိဘူး... မင်းက သေဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”
“သူတော်စင်မျိုးနွယ်ကို ဆန့်ကျင်တဲ့ ဘယ်သူမဆို တစ်ယောက်တည်း အထီးကျန်လာရမယ်... မျိုးနွယ်စုတစ်သောင်းထဲ ဘယ်သူကမှ မင်းကို ကူညီပေးရဲမှာ မဟုတ်ဘူး”
သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးက ဆူဇီမိုကို ဆက်လက်၍ ဖိအားပေးနေကြဆဲဖြစ်၏။
“တိုက်...”
ထိုစဉ်မှာပင် လောကကနေ ဒေါသတကြီး ဟိန်းဟောက်သံက ထွက်ပေါ်လာ၏။ ထိုအသံက မိုးကြိုးပစ်ချလိုက်သလို ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
ဝုန်း...
နောက်ခဏ၌ ရွှေရောင်အလင်းဖြင့် ပြည့်နှက်နေသည့် တုတ်ခိုင်သော တောင်ဝှေးတစ်ချောင်းက လေထဲကနေ ဆင်းသက်ပြီး လူအုပ်ကြားထဲသို့ ပစ်ကျသွား၏။ မြေပြင်က တသိမ့်သိမ့် လှုပ်ခါသွားလေသည်။
အဓိပတိသာလွန်သူတချို့သည် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ တောင်ဝှေးအောက်မှာ ပြားကပ်သွားလေသည်။
သူက ရင်းနှီးနေသော အသံကို ကြားရသောအခါ ဆူဇီမို၏ မျက်လုံးများက ဝင်းလက်တောက်ပပြီး စိတ်အားမာန်တက်ကြွလာ၏။
မျောက်က ဤနေရာကို ရောက်လာလေပြီ။
“မျိုးနွယ်စုတစ်သောင်းမှာ ဘယ်သူကမှ သူ့ကို ကူညီမပေးရဲဘူးလို့ ဘယ်ကောင်ပြောတာလဲ”
အရပ်အမောင်း မြင့်မားသော ပုံရိပ်တစ်ခုက တောင်ဝှေးထိပ်မှာ မတ်တတ်ရပ်နေ၏။ သူသည် ရှည်လျားသော သားမွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ လက်တံများက အလွန်တရာ ရှည်လျားလေသည်။ သူ၏ မျက်လုံးနှစ်ဖက်က နီရဲနေပြီး သိပ်သည်းပြင်းထန်သော အော်ရာကို ထုတ်ဖော်ထား၏။ သူက မောက်မာဝင့်ကြွားသော အမူအရာနှင့်အတူ အောက်ဘက်မှာရှိသော တိုက်ပွဲနယ်မြေကိုကြည့်ပြီး အော်ပြောလိုက်၏။
“ငါ သူ့ကို ကူညီပေးမယ်”
“ဟမ်...”
သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးက မျောက်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြ၏။
“အဲ့ဒါ သူလား...”
ဤသူသည် ကစဉ့်ကလျားမိစ္ဆာမျောက်မျိုးနွယ်မှာ ဟိုအရူးမျောက် ဖြစ်လေသည်။
သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးသည် ထိုမျောက်ကို ကြားဖူးထားကြ၏။
ကစဉ့်ကလျားမိစ္ဆာမျောက်သည် မျိုးနွယ်စုတစ်သောင်းကြားမှာ တစ်မူထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်လေသည်။ အစကတော့ ဤလောကမှာ ကစဉ့်ကလျားမိစ္ဆာမျောက် တစ်ကောင်တည်းသာ ရှိခဲ့လေသည်။
ထိုကစဉ့်ကလျားမိစ္ဆာမျောက်ကတော့ သူသည် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာအဖြစ် ကျော်ကြားလေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီကာလက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ ဒုတိယမြောက် ကစဉ့်ကလျားမိစ္ဆာမျောက်တစ်ကောင် တက်လှမ်းလာပြီး သူ့ကို မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက လမ်းညွှန်ပေးခဲ့သည်ဟု ဆိုလေသည်။
မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာသည် တကယ့်ကို အရိုင်းဆန်ပြီး အမြဲတမ်း တစ်ယောက်တည်း အထီးကျန်နေခဲ့၏။ အထွတ်အမြတ်ခိုလှုံရာငါးခုမှ သူတော်စင်များပင် သူ့ကို ရိုသေလေးစားရလေသည်။
ယခု မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာသည် နိုးထလာသော မျိုးဆက်သွေးနှင့်အတူ အရိုက်အရာဆက်ခံသူတစ်ယောက်ကို နောက်ဆုံးမှာ ရရှိသွားလေပြီ။ သူက ဤအရိုက်အရာဆက်ခံသူကို ဘယ်လောက်တန်ဖိုးထားမလဲ ပြောစရာမလိုအောင်ပင်ဖြစ်လေသည်။
ဤအရိုက်အရာဆက်ခံသူက တိုက်ပွဲမိစ္ဆာမျောက်ဟု နာမည်ရသည်ကို အထွတ်အမြတ်ခိုလှုံရာငါးခုက ကြားဖူးထားသော်လည်း သူ့ကို အရင်ဘယ်တုန်းကမှ မတွေ့မြင်ဖူးပေ။
ဤသည်မှာ သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်သည်။
သူတော်စင် မင်းသား မင်းသမီး ၁၂ ပါးက တိုက်ပွဲမိစ္ဆာမျောက်ကို ကြောက်ရွံ့မနေပေ။
သို့သော်လည်း တိုက်ပွဲမိစ္ဆာမျောက်ကို အမှန်တကယ် သတ်ဖြတ်လိုက်မည်ဆိုလျှင် ထိုလုပ်ရပ်သည် သူ့ကိုနောက်ခံပေးထားသည့် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာကို သေချာပေါက် သတိထားမိသွားစေပေလိမ့်မည်။
မရေမတွက်နိုင်သော နှစ်များတစ်လျှောက်မှာ ကစဉ့်ကလျားမိစ္ဆာမျောက်မျိုးနွယ်တွင် သူတို့နှစ်ဦးသာ ရှိကြလေသည်။
ဤတိုက်ပွဲမိစ္ဆာမျောက်က သူတို့လက်ထဲမှာ သေဆုံးသွားမည်ဆိုလျှင် ကျန်ရှိနေသော မဟာသူတော်စင်က သေချာပေါက် ရူးသွပ်ပေါက်ကွဲသွားပေလိမ့်မည်။
မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက ရူးသွပ်ပေါက်ကွဲလာမည်ဆိုလျှင် သူ့ကို ဖိနှိမ်နိုင်မည့်သူများက သူတော်စင်အရှင်များသာ ဖြစ်ပေလိမ့်မည်။
“အဓိပတိသာလွန်သူ တိုက်ပွဲ... ငါ မင်းနဲ့ ရန်သူမဖြစ်ချင်ဘူး”
သူတော်စင်မင်းသား ချွေးထျန်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ငါ့မျက်နှာကို ထောက်ထားပြီး ဒီနေ့ကိစ္စမှာ ဝင်ရောက်မစွက်ဖက်ပါနဲ့”
“မင်းအမေမျက်နှာကို ငါက ထောက်ရမှာလား”
မျောက်က အထင်အမြင်သေးသော အမူအရာဖြင့် အော်ပြောလိုက်၏။
“မင်းတို့တွေက အရေအတွက်အားကိုးနဲ့ အနိုင်ကျင့်ဖို့ ကြိုးစားနေတဲ့ ကောင်စုတ်တွေပဲ... မင်းတို့ကိုယ်မင်းတို့ သူတော်စင် မင်းသား မင်းသမီးတွေလို့ ခေါ်ဆိုရဲတယ်ပေါ့... တကယ့်ကို သောက်ရှက်မရှိတာပဲ”
ထိုစကားလုံးများက အလွန်တရာ ကြမ်းတမ်းလေသည်။
သူတော်စင် မင်းသား မင်းသမီး ၁၂ ပါး၏ အမူအရာများက ချက်ချင်းပင် သုန်မှုန်သွား၏။
သူတော်စင်မျိုးနွယ်မှ အဓိပတိသာလွန်သူများအနေဖြင့် သူတို့သည် လောကမှာ စိုးမိုးခြယ်လှယ်ပြီး သူတော်စင်နယ်ပယ်အောက်မှာ ပြိုင်ဘက်ကင်းခဲ့ကြလေသည်။ သူတို့သည် ဤကဲ့သို့သော အရှက်ခွဲမှုနှင့် ဘယ်တုန်းကများ ကြုံတွေ့ခဲ့ရဖူးလို့လဲ။
“အဓိပတိသာလွန်သူ တိုက်ပွဲ…”
ရှင်းယုံက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး အေးစက်စွာ ပြောလိုက်၏။
“ငါတို့က မင်းနဲ့ မတိုက်ခိုက်ချင်ရုံပဲ... ဒါပေမဲ့ မင်းကို ကြောက်နေမှာ မဟုတ်ဘူး... သိပ်ပြီးတော့ လွန်ကျူးမလာနဲ့”
“ငါ မင်းကို အကြံတစ်ခု ပေးလိုက်မယ်... အားအားယားယား ဝင်မပါချင်စမ်းနဲ့”
ကျိုးယင်က စူးရှသော ကလေးအော်သံဖြင့် ပြောလိုက်၏။
“ဟားဟားဟား”
မျောက်က ရယ်မောကာ တောင်ဝှေးပေါ်ကနေ ခုန်ဆင်းပြီး အော်ပြောလိုက်၏။
“မင်းကိုယ်မင်း ဘာကောင်ထင်နေလို့လဲ... မင်းက ငါ့ကို အကြံပေးရအောင် ဘာအဆင့်ရှိလို့လဲ”
မျောက်က လူအုပ်ကြားထဲမှ ဆူဇီမိုကို လှမ်းကြည့်လိုက်၏။
သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် ဝမ်းသာပျော်ရွှင်မှုကို တွေ့မြင်နိုင်လေသည်။
ကမ်းလန်ရိုးမကနေ ထျန်းဟွမ်ကုန်းမြေတိုက်အထိ... အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ မဟာကမ္ဘာတစ်ထောင်လောကအထိ... သူတို့ညီအစ်ကိုနှစ်ယောက်သည် လမ်းတစ်လျှောက်မှာ တစ်ယောက်အတွက်တစ်ယောက် သူတို့၏ အသက်နှင့် စွန့်စားခဲ့ကြလေသည်။
သူတို့ကြားမှာ ပြောစရာစကား များစွာမလိုအပ်ပေ။ သူတို့က စိတ်ချင်းဆက်နေကြပြီးသားဖြစ်၏။
မျောက်၏ မျက်လုံးများက ပိုမိုနီရဲလာပြီး အော်ပြောလိုက်၏။
“အစ်ကိုကြီး... ဒီနေ့ ငါတို့ ဘေးချင်းယှဉ်တိုက်ခိုက်ကြတာပေါ့... ငါတို့ စိတ်ကျေနပ်အားရတဲ့အထိ သတ်ဖြတ်ကြမယ်”
“ရတယ်လေ”
ဆူဇီမိုကလည်း အော်ပြောလိုက်၏။
“ဒီနေ့ ငါတို့ညီအစ်ကိုနှစ်ယောက် စိတ်ကျေနပ်အားရတဲ့အထိ တိုက်ခိုက်ကြမယ်”
ငေးငိုင်စွာဖြင့် သူတို့နှစ်ယောက်သည် ကမ်းလန်ရိုးမသို့ ပြန်လည်ရောက်ရှိသွားပုံရပြီး သူတို့ ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့သည့် အချိန်များကို ပြန်လည်အမှတ်ရလာ၏။
လောကက ပြောင်းလဲသွားခဲ့သည်။
မပြောင်းမလဲကျန်ရှိနေသည့် တစ်ခုတည်းသောအရာမှာ မျိုးနွယ်စု၊ သေခြင်းရှင်ခြင်းနှင့် အခြားအရာများထက် သာလွန်သော သူတို့ တစ်ယောက်ပေါ်တစ်ယောက်ထားသည့် စိတ်ရင်းမှန်ကန်မှုနှင့် ညီအစ်ကိုစိတ်ဓာတ် ဖြစ်လေသည်။