သူတော်စင်များ ရောက်ရှိလာခြင်း
Vol. 219 Ch. 3338
သူတော်စင်မင်းသားမင်းသမီး လေးဦးသည် မဟာတာအိုကို ထိန်းချုပ်ပြီး မဟာတာအိုလက်နက်များစွာအဖြစ် ပြောင်းလဲကာ ဆူဇီမိုနှင့် မျောက်ကို တိုက်ခိုက်လိုက်ကြ၏။
ဆူဇီမိုသည် အဝီစိဓားနှင့် တမလွန်ဓားကို ကိုင်စွဲထားပြီး ခရမ်းရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် သူ၏ မျက်လုံးများက သူတော်စင်မင်းသားမင်းသမီးလေးဦး ထိန်းချုပ်ထားသည့် မဟာတာအိုများကို ထွင်းဖောက်မြင်နေရပြီဖြစ်၏။
မဟာတာအိုလေးခု၏ အားနည်းချက်များနှင့် ဟာကွက်များအားလုံးက ဆူဇီမိုရှေ့မှာ ပေါ်ထွက်နေ၏။
ချွင်... ချွင်... ချွင်...
ဆူဇီမိုသည် အဝီစိဓားနှင့် တမလွန်ဓားကို လွှဲယမ်းပြီး ခွန်အားများစွာ စိုက်ထုတ်ခြင်း မရှိဘဲ သူတော်စင်မင်းသားမင်းသမီးလေးဦး၏ တာအိုလက်နက်များကို ဖြတ်တောက်လိုက်လေသည်။
ဓားချက်တစ်ချက်ချင်းစီသည် တာအိုလက်နက်များ၏ အားအနည်းဆုံးအမှတ်များကို ထိခတ်သွားပေလိမ့်မည်။
အဝီစိဓားနှင့် တမလွန်ဓား၏ ထက်ရှမှုနှင့်အတူ သူတော်စင်မင်းသားမင်းသမီးလေးဦး၏ တိုက်ခိုက်မှုများသည် ဆူဇီမိုရှေ့မှာ စက္ကူရွက်များကဲ့သို့ဖြစ်နေပြီး ခုတ်ချက်တစ်ချက်စီဖြင့် လဲပြိုကျသွား၏။
“ဘာလဲဟ”
သူတော်စင်မင်းသားမင်းသမီး လေးဦးက တုန်လှုပ်သွား၏။
တစ်ခဏချင်းမှာပင် နှစ်ဦးနှစ်ဖက်စလုံးက နီးကပ်လာကြပြီဖြစ်သည်။
သူတော်စင်မင်းသားမင်းသမီး လေးဦးသည် ဆူဇီမိုထံမှ လူချင်းခွာလိုပြီး ထိတ်လန့်တကြားဖြင့် အလောတကြီး ဆုတ်ခွာလိုက်ကြ၏။
ထိုစဉ်မှာပင် ဆူဇီမို၏ မျက်လုံးထဲကနေ အနက်နှင့်အဖြူ ဂမ္ဘီရအလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်ပြီး လေထဲမှာ ရောထွေးယှက်ဖြာကာ ဧရာမယင်ယန်ငါးများကားချပ်ကို ချက်ချင်းပေါ်ထွက်လာစေ၏။
ငါးနှစ်ကောင်က ဖြည်းဖြည်းချင်း ပြေးလိုက်နေပြီး သူတော်စင်မင်းသားမင်းသမီးလေးဦး၏ ထွက်ပြေးရာ လမ်းကြောင်းများကို ပိတ်ဆို့ထားသည့် သိပ်သည်းပြင်းထန်ကြီးမားသော စုပ်ယူအားတစ်ခုကို ထုတ်ဖော်လိုက်၏။
“ကြေမွစမ်း”
သူတော်စင်မင်းသားမင်းသမီးလေးဦး၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူတို့၏ မျိုးဆက်သွေးနယ်မြေများအဖြစ် ပြောင်းလဲသွားလေသည်။ သူတို့သည် သူတို့၏ သူတော်စင်သွေး၏စွမ်းအားကို ၎င်း၏ အကန့်အသတ်အထိ လှည့်ပတ်ပြီး ယင်ယန်ငါးများကားချပ်ကို ပူးပေါင်းဖျက်ဆီးလိုက်ကြ၏။
သို့သော်လည်း ထိုကြန့်ကြာမှုနှင့်အတူ ဓားနှစ်လက်ကို ကိုင်စွဲထားသည့် ဆူဇီမိုက သူတို့လေးယောက်၏ ရှေ့ကို ရောက်ရှိလာပြီဖြစ်၏။
ဇီ…
ဓားတေးသံ ထွက်ပေါ်လာသည်။
အဝီစိဓားသည် လွန်ကဲထက်ရှမှုတစ်ခုနှင့်အတူ ခုတ်ပိုင်းကျဆင်းလာပြီး သူတော်စင်မင်းသားတစ်ပါး၏ လက်ကို ဖြတ်တောက်လိုက်လေသည်။ ချက်ချင်းပင် သွေးများက ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာ၏။
သူတော်စင်မင်းသားသည် စူးစူးဝါးဝါး တစ်ချက်သာ အော်လိုက်နိုင်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဓား၏ ကိုယ်ထည်ထဲမှာ မဟာအဝီစိဖြင့် ဝါးမျိုခြင်းခံရပြီး သူက အထဲမှာ သေဆုံးသွားလေသည်။
တမလွန်ဓားသည် သူတော်စင်မင်းသမီးတစ်ပါး၏ အဝတ်စကို ဆုတ်ဖြဲပြီး သူမ၏ ဖြူဖွေးသော ကျောထက်တွင် ခပ်ဖျော့ဖျော့ သွေးအမှတ်အသားတစ်ခုကို ကျန်ရစ်ခဲ့စေ၏။
ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူမ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် တလိပ်လိပ်တိုးဝင်ပြီး သူမ၏ အသိစိတ်ထဲသို့ ချဉ်းနင်းဝင်ရောက်ကာ သူတော်စင်မင်းသမီး၏ အမြုတေစိတ်ဝိညာဉ်ကို ဖျစ်ညှစ်လိုက်လေသည်။
သူတော်စင်မင်းသားနှင့် သူတော်စင်မင်းသမီးက နေရာမှာတင် သေဆုံးသွား၏။
သူတော်စင်မင်းသားတစ်ပါးသည် မျောက်၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံနေရ၏။ နှစ်ဦးနှစ်ဖက်စလုံးက တစ်ကြိမ်တိုက်ခိုက်ဖလှယ်လိုက်ကြ၏။ မျောက်က ဒဏ်ရာအပြင်းအထန် ရရှိပြီး ထိုတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဘဲ အဆက်မပြတ် နောက်ဆုတ်ပေးရ၏။
သို့သော်လည်း သူတော်စင်မင်းသားကလည်း ထွက်ပြေးလွတ်မြောက်ဖို့ သူ၏နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားရလေသည်။
သူ့ကို ပြေးဝင်လာသည့် ဆူဇီမိုက လိုက်မီသွားပြီး ဓားချက်များအောက်မှာ သေဆုံးသွားလေသည်။
သူတော်စင်မင်းသားမင်းသမီးလေးဦးက အရမ်းကို လျင်မြန်စွာ ရှုံးနိမ့်သွားကြ၏။
တစ်ကြိမ်တိုက်ခိုက်ဖလှယ်ရုံဖြင့် သူတို့ထဲမှ သုံးယောက်က သေဆုံးသွားလေသည်။
တိုက်ပွဲ၏ ဤအခြေအနေအရောက်မှာ သူတော်စင်မင်းသားမင်းသမီး ၁၂ ဦးထဲမှ တစ်ဝက်က သေဆုံးသွားကြပြီဖြစ်သည်။
ညဝိညာဉ်၊ အဓိပတိသာလွန်သူ ချန်ချင်း၊ အဓိပတိသာလွန်သူ ဆိုးယုတ်ဖျက်ဆီးခြင်းနှင့် အခြားသူများနှင့်အတူ တိုက်ခိုက်နေသည့် သူတော်စင်မင်းသား ကျိုးယင်နှင့် အခြားသူများသည် ထိုအခြင်းအရာကို တွေ့မြင်သောအခါ တုန်လှုပ်၍ ကြောက်ရွံ့လာကြ၏။
ဆူဇီမိုကို ဆက်လက်၍ သတ်ဖြတ်ခွင့်ပေးထားမည်ဆိုလျှင် သူတို့ခြောက်ယောက်ကလည်း ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။
“အထီးကျန်သိုင်းသခင်... မင်းက ကောင်းကင်ဘုံခုံရုံးကို မှောက်လှန်ပြီး ဆိုးယုတ်မိစ္ဆာတွေကို လွှတ်ပေးခဲ့တယ်... အဲ့ဒါပြီးတာတောင် မင်းက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းလာပြီး ငါတို့ အထွတ်အမြတ်ခိုလှုံရာက လူတွေကို သတ်ဖြတ်ရဲသေးတယ်ပေါ့... မင်းရဲ့ ပြစ်မှုတွေက တကယ်ကို ခွင့်လွှတ်လို့ မရတော့ဘူးပဲ”
ရုတ်တရက်ဆိုသလို…
ခန့်ညားသော အသံတစ်သံက လေဟာနယ်အချိန် တားမြစ်ကုန်းမြေကနေ ထွက်ပေါ်လာပြီး အဆက်မပြတ် ပဲ့တင်ထပ်သွား၏။
နောက်ခဏ၌ လူကိုးယောက်က လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှာ တစ်ချိန်တည်း ပေါ်ထွက်လာကြ၏။ သူတို့၏ ခန္ဓာကိုယ်များက ကျိန်းစပ်နေသော အလင်းရောင်တစ်ခုဖြင့် တောက်ပပြီး သူတို့၏ နတ်ဘုရားစွမ်းပကားက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံကာ မျိုးနွယ်စုတစ်သောင်းကို ခြိမ်းခြောက်ထားလေသည်။
သူတော်စင်များ ရောက်ရှိလာကြလေပြီ။
လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှာ ရှိသော စစ်ပွဲမီးတောက်များက ချက်ချင်းပင် ငြိမ်းသေသွား၏။
ဤအဆင့်မှာရှိသော တည်ရှိမှုများကို မည်သူကမှ လျစ်လျူမရှုနိုင်ပေ။
ဆူဇီမိုကလည်း မော့ကြည့်လိုက်၏။ ဤသူတော်စင်ကိုးဦးသည် တစ်ခါတုန်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကောင်းကင်ဘုံကိုးလွှာကို ပူးပေါင်းတည်ဆောက်ခဲ့ကြသော ကောင်းကင်ဘုံခုံရုံး၏ အရှင်ကိုးပါး ဖြစ်လေသည်။
သူသည် ဤကဲ့သို့ ဖြစ်ပျက်လာမည်ကို စိုးရိမ်သောကြောင့် အထီးကျန်သိုင်းသခင်အဖြစ် သူ၏သရုပ်သကန်ကို ဖုံးကွယ်ထားလိုခဲ့ခြင်းဖြစ်၏။
ကောင်းကင်ဘုံခုံရုံးမှ အရှင်ကိုးပါးက သူတော်စင်များ ဖြစ်ကြလေသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့သည် ကောင်းကင်နှင့်မြေကြီးနိယာမများဖြင့် ကန့်သတ်ခံရပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို မထုတ်ဖော်နိုင်ကြပေ။
သူတို့သည် သူ၏ လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ဖိနှိမ်ခံရပြီး ရှုံးနိမ့်စွာဖြင့် လှည့်ပြန်ကာ မျက်နှာအားလုံးပျက်ခဲ့ရ၏။
သူတော်စင်များကို အရှက်ခွဲ စော်ကားလို့ မရနိုင်ပေ။
အထွတ်အမြတ်ခိုလှုံရာငါးခုမှ သူတော်စင်ကိုးဦးသည် သူ၏သရုပ်သကန်ကို သိရှိသွားသည်နှင့် သူတို့က ထိုကိစ္စကို သေချာပေါက် ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
“ထွက်သွားကြတော့”
ဆူဇီမိုက သူဘေးမှာရှိသော ညဝိညာဉ်နှင့် မျောက်ထံ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“အစ်ကိုကြီး... ငါတို့ ဒီနေ့ ဒီကိုရောက်လာပြီဆိုမှတော့ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ စိတ်ကူးမရှိဘူး”
သူတော်စင်များနှင့် ရင်ဆိုင်ရချိန်မှာပင် မျောက်က အရိုင်းဆန်နေဆဲဖြစ်၏။ သူက သူ၏ခေါင်းကို မော့ပြီး မည်သည့် ရိုသေလေးစားမှုမှ မရှိဘဲ သူတော်စင်များကို မော့ကြည့်နေ၏။
ညဝိညာဉ်က တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ခေါင်းသာ ညိတ်ပြလိုက်၏။
“ငါက မင်းတို့တွေနဲ့ မတူဘူး”
ဆူဇီမိုက အသံတစ်ခုကို ဆက်လက်၍ ပို့လွှတ်လိုက်၏။
“ငါ့ရဲ့ ဒီအစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ သေသွားမယ် ဆိုရင်တောင် ငါက အမှန်တကယ် သေသွားမှာ မဟုတ်ဘူး... ငါ့ရဲ့ သိုင်းတာအိုပင်မခန္ဓာက ရှိနေသေးတယ်”
ထိုစကားကို ကြားသောအခါ မျောက်နှင့် ညဝိညာဉ်က နောက်ဆုံးမှာ တွေဝေတုံ့ဆိုင်းလာကြ၏။
ဆူဇီမိုက ဆက်ပြောလိုက်သည်။
“မင်းတို့တွေ ထွက်ပြေးလွတ်မြောက်သွားမယ်ဆိုရင် ငါတို့ အနာဂတ်မှာ ပြန်ပြီးတွေ့ဆုံရလိမ့်မယ်... မင်းတို့တွေက ငါ့ကို အဖော်ပြုပေးနေမယ်ဆိုရင်တော့ မင်းတို့ရဲ့ သေဆုံးမှုက အချည်းနှီးဖြစ်သွားရလိမ့်မယ်”
သူတော်စင်ကိုးပါး၏ ပထမဆုံးပစ်မှတ်က သူဖြစ်လေသည်။
အခြားသူများသည် သူတော်စင်ကိုးပါးကို စတင်၍ မဆန့်ကျင်သရွေ့ တစ်ဖက်လူသည် တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်ကောင်း ရရှိလိမ့်မည် မဟုတ်ပေ။
ရွှမ်ဖျင်တောင် အနီးအနားမှာ...
ဆူဇီမိုက တန်ပြန်တိုက်ခိုက်ပြီး သူတော်စင်မင်းသားမင်းသမီးများနှင့် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများကို ဆက်တိုက်သတ်ဖြတ်လိုက်သည်ကို တွေ့မြင်သည့်ခဏမှာ လူသားများစွာက စိတ်အားထက်သန်စွာဖြင့် အော်ဟစ်အားပေးလိုက်ကြ၏။
သို့သော်လည်း တစ်ခဏချင်းမှာပင် အားပေးအော်ဟစ်သံများက သူတော်စင်ကိုးပါး ပေါ်ထွက်လာသည့် အချိန်မှာပင် တဖြည်းဖြည်း စဲသွားလေသည်။
ဘေးပတ်ဝန်းကျင်က နောက်တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွား၏။
သူတော်စင်များ ပေါ်ထွက်လာကြလေပြီ။
ဤကိစ္စသည် နောက်ထပ်အဆင့်တစ်ခုသို့ အရှိန်အဟုန်မြင့်တက်သွားပြီဟု ဆိုလိုလေသည်။
“ငါတို့လူသားတွေမှာလည်း သူတော်စင်တွေ ရှိတာပဲ... အထီးကျန်သိုင်းသခင်ကို သူတို့သတ်မှာကို ငါတို့ ခွင့်ပြုမပေးနိုင်ဘူး”
“ဒါပေမဲ့ ငါတို့လူသားမျိုးနွယ်မှာ သူတော်စင်နှစ်ပါးပဲ ရှိတယ်... တိုက်ပွဲတစ်ခု ဖြစ်ပွားလာတာနဲ့ ငါထင်တာ…”
“ဒါပေမဲ့ သူတော်စင်တွေက အထီးကျန်သိုင်းသခင်ကို ဖိနှိမ်မှာကို ငါတို့က ဒီတိုင်းပဲ စောင့်ကြည့်နေရမှာလား”
လူအုပ်ကြားထဲမှာ ဆွေးနွေးပြောဆိုသံများက တဖြည်းဖြည်း ထွက်ပေါ်လာ၏။
ကျင့်ကြံသူများစွာသည် သူတော်စင်ကျန်းချောင်နှင့် သူတော်စင်ဟွေ့မင်ကို အလိုလိုလှည့်ကြည့်လိုက်ကြ၏။
စောစောက အဓိပတိသာလွန်သူများကြားတိုက်ပွဲမှာ သူတော်စင်နှစ်ပါးသည် စည်းမျဉ်းစည်းကမ်းကို ချိုးဖျက်မိမည်ကို စိုးရိမ်ပြီး မတိုက်ခိုက်ခဲ့ကြပေ။
သို့သော် ယခု အထွတ်အမြတ်ခိုလှုံရာငါးခုက စည်းမျဉ်းစည်းကမ်းကို အရင်စတင် ချိုးဖျက်လိုက်၏။
သူတော်စင်ကိုးပါးက ဆင်းသက်လာပြီး ဆူဇီမိုကို တိုက်ခိုက်ချင်နေကြသည်။
သူတော်စင်ကျန်းချောင်နှင့် သူတော်စင်ဟွေ့မင်၏ အမူအရာများက ပြောင်းလဲသွားကြ၏။ သူတို့က နှုတ်ဆိတ်နေသော်လည်း သူတို့၏ ရင်ထဲမှာ ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရ၏။
“အာ…”
အစက နှုတ်ဆိတ်နေသော တောင်အကြီးအကဲက ရုတ်တရက် လေးတွဲ့စွာ သက်ပြင်းချပြီး လေထဲရှိ အာကာသဆုံမှတ် ရှိရာသို့ လျှောက်လှမ်းသွားလေသည်။
တောင်အကြီးအကဲသည် လေဟာနယ်အချိန် တားမြစ်ကုန်းမြေသို့ ဝင်ရောက်တော့မည်ဖြစ်သည်။
ထိုသည်ကို တွေ့မြင်သောအခါ သူတော်စင်ကျန်းချောင်နှင့် သူတော်စင်ဟွေ့မင်က စိတ်ပိုင်းဖြတ်ပြီး ဆက်လက်၍ တုံ့ဆိုင်းမနေကြတော့ပေ။ သူတို့က တောင်အကြီးအကဲ၏ နောက်ကနေ အလောတကြီးလိုက်ပါပြီး လေဟာနယ်အချိန် တားမြစ်ကုန်းမြေသို့ ဝင်ရောက်လိုက်ကြ၏။
“တာအိုရောင်းရင်းတို့…”
တောင်အကြီးအကဲက လေဟာနယ်အချိန် တားမြစ်ကုန်းမြေသို့ ရောက်ရှိလာပြီး အမြင့်မှာ စွမ်းပကားကြီးမားစွာဖြင့် ရှိနေသည့် သူတော်စင်ကိုးပါးကို ကြည့်လိုက်၏။ သူက လက်နှစ်ဖက်ကို အနည်းငယ်ယှက်ကာ ခါးသက်သော အမူအရာဖြင့် ပြောလိုက်၏။
“ဒီနေ့ကိစ္စက အဓိပတိသာလွန်သူတွေကြားက တိုက်ပွဲတစ်ခုပဲ... အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ပေမဲ့ သူတော်စင်တွေအနေနဲ့ ပေါ်ထွက်လာဖို့ မသင့်လျော်ပါဘူး... အဲ့ဒါအတွက် အကြောင်းပြချက်လည်း မရှိဘူး”
“ဟမ်း…”
သူတော်စင် တမလွန်ကောင်းကင်ဘုံက လှောင်ရယ်လိုက်၏။
“ငါတို့တွေက အဓိပတိသာလွန်သူတွေကြား တိုက်ပွဲတစ်ခုမှာ ကြားဝင်စွက်ဖက်မှာ မဟုတ်ဘူး... ငါတို့ ဒီတစ်ခေါက် ဒီကိုရောက်လာတာက အထီးကျန်သိုင်းသခင်ရဲ့ ကောင်းကင်ဘုံကို ဖီဆန်တဲ့ ပြစ်မှုတွေအတွက်ပဲ”
“သူ့ကြောင့်မဟုတ်ရင် ဆိုးယုတ်မိစ္ဆာတွေနဲ့ တမလွန်တစ္ဆေတွေက ပြန်ရောက်လာပြီး အနောက်မြောက်ဒေသမှာ ရှိတဲ့ ကောင်းကင်ဘုံ ၃၃ ခုက ပြန်ပြီးတော့ ပုန်ကန်ထကြွလာမှာ မဟုတ်ဘူး”
သူတော်စင် အပြာရောင်ကောင်းကင်ဘုံက မှင်သေသေဖြင့် မေးလိုက်၏။
“တောင်အကြီးအကဲ... မင်းတို့ လူသားတွေက မဟာကမ္ဘာတစ်ထောင်လောကမှာ မွှေနှောက်သောင်းကျန်းမယ့် ဆိုးယုတ်မိစ္ဆာတွေနဲ့ တမလွန်တစ္ဆေတွေကို ကူညီပေးချင်လို့လား”
“အားလုံးပဲ... မင်းတို့တွေအားလုံး ဘာလို့ အဲ့လောက်ထိ ရန်လိုခက်ထန်နေကြတာလဲ”
တောင်အကြီးအကဲ၏ အမူအရာက ပို၍ပင် ခါးသီးလာပြီး သူ၏ခေါင်းကို ခါယမ်းလိုက်၏။
“ငါ့ကို ဒီလိုမျိုး ကြီးမားတဲ့ ပြစ်မှုတစ်ခု စွဲချက်တင်စရာ မလိုပါဘူးကွာ... ငါ အဲ့ဒါကို ခံယူဖို့လည်း မတတ်နိုင်ဘူး”
“တာအိုရောင်းရင်းတို့... ငါတို့ရဲ့ အတိတ်ကာလ ဆက်ဆံရေးကို ထောက်ထားပြီး မင်းတို့ ငါ့ကို မျက်နှာသာတချို့ပေးပြီး သူတို့ကို အသက်ရှင်လျက် လွှတ်ပေးလို့ မရဘူးလား”
လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှာ မျိုးနွယ်စုတစ်သောင်းက ပညာရှင်များဖြစ်စေ၊ ရွှမ်ဖျင်တောင်က လူသားကျင့်ကြံသူများဖြစ်စေ၊ သူတို့က တုန်လှုပ်သွားကြ၏။
တောင်အကြီးအကဲသည် အထွတ်အမြတ်ခိုလှုံရာငါးခုမှ သူတော်စင်ကိုးပါးနှင့် အတိတ်ကာလဆက်ဆံရေးတစ်ခု အမှန်တကယ် ရှိနေလေသည်။
ထို့ကြောင့်ပင် တောင်အကြီးအကဲသည် သူ၏ အဓိပတိသာလွန်သူ ကျင့်ကြံမှုနှင့်ပင်လျှင် သူတော်စင်ကိုးပါးကို တာအိုရောင်းရင်းများဟု ခေါ်ဆိုနိုင်ခြင်း ဖြစ်လေသည်။