← Chapters

သူတော်စင်အရှင်ပေါ်ထွက်လာခြင်း

Vol. 219 Ch. 3340

သူတော်စင်အရှင်ပေါ်ထွက်လာခြင်း

Vol. 219 Ch. 3340

“ဦးလေးကူ…”

သူတော်စင်ကူယောင်သည် သူမရှေ့မှ ခါးသက်သောအမူအရာနှင့် ဆံဖြူအဖိုးအိုကို ကြည့်ကာ သူမ၏ရင်ထဲတွင် စူးရှသောဝေဒနာတစ်ခုကို ခံစားလိုက်ရ၏။ သူမသည် တစ်စုံတစ်ရာကို ပြောချင်သော်လည်း တုံ့ဆိုင်းနေ၏။

အရင်တုန်းက ကြော့ရှင်းသန့်ပြန့်၍ စိတ်အားမာန်တက်ကြွသောပညာရှင်သည် ယခု ဤကဲ့သို့သောပုံစံဖြစ်သွားလေပြီ။

ဤနှစ်များမှ ဤလူအိုကြီး ကြိတ်မှတ်ခံစားနေခဲ့ရသည့် နာကျင်မှုသည် သူမထက် အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင်လောက်ပိုသည်ကို သူမသိရှိထား၏။

သူမ၏ စိတ်ခံစားချက်က မတည်မငြိမ်ဖြစ်သွားသည့်ခဏမှာပင် သူမ၏ မဟာတာအိုက တန်ပြန်ရိုက်ခတ်သည့် လက္ခဏာများ စတင်ပြသပြီး သူမ၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးသွား၏။

သူတော်စင်ကူယောင်က သူမ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။

သူမ၏ မျက်လုံးနှစ်ဖက်ကို ပြန်လည်ဖွင့်လိုက်သည့်အချိန်မှာ သူမ၏ အမူအရာက ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး သူမ၏ မျက်လုံးများက မည်သည့်အတက်အကျမှမရှိဘဲ တည်ငြိမ်သောရေတွင်းတစ်တွင်းကဲ့သို့ ဖြစ်သွား၏။

တောင်အကြီးအကဲက ပြုံးပြလိုက်၏။

“ကူယောင်… ပြန်သွားတော့ တခြားသူတွေ ငါ့ကို အဖိုးကြီးလို့ခေါ်တာ ရတယ်… ဘာမှမဖြစ်ဘူး… ငါက တကယ်လည်းအိုနေပြီ ဆက်ပြီးတော့ ဂရုမစိုက်တော့ဘူး”

“ဒါပေမဲ့ ကျွန်မကတော့ ဂရုစိုက်တယ်”

သူတော်စင်ကူယောင်က ပြောလိုက်၏။

“အမေကလွဲရင် ကျွန်မတို့ငယ်ငယ်တုန်းက ကျွန်မနဲ့ယန်ကျိကို မကြာခဏအဖော်ပြုပေးခဲ့တဲ့ တစ်ဦးတည်းသောသူက ရှင်ပဲ… ရှင်က ကျွန်မတို့ညီအစ်မပေါ် အကောင်းဆုံးပဲ”

“ကျွန်မတို့ဘယ်လောက်ပဲ ပြဿနာရှာရှာ ရှင်က စိတ်ဆိုးဒေါသထွက်တာ မရှိခဲ့ဘူး… ကျွန်မတို့ကို အမြဲတမ်း ပြုံးပြိးကြည့်နေတတ်တယ်”

“အမေက ကျွန်မတို့ကို အပြစ်ပေးတဲ့အချိန်မှာ ကျွန်မတို့က ပုန်းရှောင်ဖို့အတွက် ရှင့်ဆီကို ရောက်လာတတ်တယ်… ရှင်က ကျွန်မတို့ကို တစ်ချိန်လုံးကာကွယ်ပေးခဲ့တယ်… ဘယ်တော့မှ စိတ်ထိခိုက်မခံစားစေခဲ့ရဘူး”

သူတော်စင်ကူယောင်က အမူအရာကင်းမဲ့နေပြီး သူမ၏ လေသံက တည်ငြိမ်နေလေသည်။ သူမသည် သူမနှင့် သက်ဆိုင်မှုမရှိသော တစ်စုံတစ်ရာကို ပြောဆိုနေသည့်အလားပင်။

သို့သော်လည်း ထိုစကားလုံးများမှာပါဝင်သည့် စိတ်ခံစားချက်များကို လူတိုင်းက ပြောနိုင်ကြသည်။

တောင်အကြီးအကဲက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူကလည်း အနည်းငယ် စိတ်ခံစားချက်မြင့်တက်လာ၏။ သူ၏ မျက်လုံးများက နီရဲလာပြီး သူက တီးတိုးရေရွတ်လိုက်၏။

“အဲဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီ… အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီပဲ”

“ဦးလေးကူ… ရှင်က ကျွန်မအလေးစားရဆုံး မိသားစုဝင်ပဲ”

သူတော်စင်ကူယောင်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“ကျွန်မအသက်ရှင်နေသရွေ့ ဘယ်သူကမှ ရှင့်ကို မလေးမစားလုပ်လို့မရဘူး… ဘယ်သူကမှ ရှင့်ကိုစော်ကားလို့မရဘူး”

နောက်ဆုံးစကားသည် တစ်စုံတစ်ရာကို သိသိသာသာရည်ညွှန်းနေ၏။ ကောင်းကင်ဘုံကိုးလွှာသူတော်စင်များက ထိုစကားကိုကြားသောအခါ သူတို့က တိတ်တဆိတ်မျက်မှောင်ကြုတ်လိုက်ကြ၏။

သူတော်စင်စွမ်းအာကောင်းကင်ဘုံက ညင်သာစွာချောင်းဟန့်လိုက်၏။

“တာအိုရောင်းရင်းကူယောင်… ကျုပ်တို့ကလည်း တောင်အကြီးအကဲကို လေးစားမှုရှိပါတယ်… ကျုပ်တို့က သူ့ကို ဟိုလူသားတွေနဲ့ ထွက်ခွာခွင့်ပေးပြီးသွားပြီ… ကျုပ်တို့ သူ့ကို အခက်တွေ့အောင်မလုပ်ခဲ့ဘူး”

“အမှန်ပဲ”

သူတော်စင်အပြာရောင်ကောင်းကင်ဘုံက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်က လူသားမျိုးနွယ်ကမဟုတ်ဘူး… နောက်ပြီး အထွတ်အမြတ်ခိုလှုံရာငါးခုရဲ့ ကောင်းကင်ဘုံချိပ်စည်းကို ချိုးဖျက်ဖို့ သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လမ်းလေးသွယ်က အရှင်တွေနဲ့ပူးပေါင်းခဲ့တယ်”

“အခုချိန်မှာ မဟာကမ္ဘာတစ်ထောင်လောကမှာ ဆိုးယုတ်မိစ္ဆာနဲ့ တမလွန်တစ္ဆေတွေ ပြန်ပြီးပေါ်ထွက်လာတာက အဲဒီလူကြောင့်ပဲ… ကျုပ်တို့ အဲဒီလူကိုတော့ သတ်ချင်တယ်”

ထိုစကားလုံးများသည် ကျိုးကြောင်းဆီလျော်မှုရှိလေသည်။

သူတော်စင်ကူယောင်သည် တောင်အကြီးအကဲအတွက် ရပ်တည်ပေးလိုသော်လည်း ကောင်းကင်ဘုံသူတော်စင်ကိုးဦးက အလျှော့ပေးထားပြီဖြစ်ပြီး တောင်အကြီးအကဲနှင့် အခြားသောလူသားအဓိပတိသာလွန်သူများ ထွက်ခွာသွားမည်ကို တားဆီးခြင်းမရှိပေ။

“အဲဒါလည်းမရဘူး”

သူတော်စင်ကူယောင်က မှင်သေသေဖြင့်ပြောလိုက်၏။

“ဘာလို့လဲ…”

သူတော်စင်စွမ်းအားကောင်းကင်ဘုံက မျက်မျောင်ကြုတ်ပြီး မေးခွန်းထုတ်လိုက်၏။

“အထီးကျန်သိုင်းသခင်က လမ်းလေးသွယ်ရဲ့ဘက်မှာ သိသိသာသာရှိနေတာပဲ… နောက်ပြီး သူက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရဲ့အမွေကို ဆက်ခံရရှိထားတယ်.. ကျုပ်တို့ သူ့ကို ထွက်ခွာခွင့်ပေးလိုက်မယ်ဆိုရင် သူက အနာဂတ်မှာ ကြီးမားတဲ့ပြဿနာတစ်ခု သေချာပေါက်ဖြစ်လာလိမ့်မယ်”

သူတော်စင်ကူယောင်က ပြောလိုက်၏။

“တောင်အကြီးအကဲက သူ့ကို ခေါ်ထုတ်သွားချင်တယ်ဆိုရင် ဘယ်သူကမှ သူ့ကိုမတားနိုင်ဘူး”

ထိုအကြောင်းပြချက်မှာ မည်သည့်မှားယွင်းမှုမှမရှိဟု ထင်ရသော်လည်း တစ်နည်းတစ်ဖုံမှားယွင်းနေပုံရလေသည်။

တျဲယွဲ့က ဆူဇီမိုကို အဓိပ္ပါယ်ပါပါလှည့်ကြည့်လိုက်၏။

သူတော်စင်ကူယောင်သည် တောင်အကြီးအကဲကို ကူညီပေးလိုသည်မှာ အမှန်ပင်ဖြစ်၏။

သို့သော်လည်း သူမ၏ ကူညီပေးလိုပုံက အနည်းငယ်လွန်ကဲရာကျမနေဘူးလား။

သူတော်စင်အပြာရောင်ကောင်းကင်ဘုံက ဒေါသထွက်လွန်းသော်လည်း သူက ရယ်မောပြီး အော်ပြောလိုက်၏။

“တာအိုရောင်းရင်းကူယောင်.. ခင်ဗျား ဘာပြောတာလဲ… အထီးကျန်သိုင်းသခင်က ကောင်းကင်ဘုံခုံရုံးကိုချိုးဖျက်ခဲ့ပြီး လမ်းလေးသွယ်နဲ့ ပတ်သက်ငြိစွန်းနေတယ်… သူ့ရဲ့ပြစ်မှုတွေကို ခွင့်လွှတ်လို့မရဘူး… သူတော်စင်အရှင် ဘိုးဘေးမီးရောက်လာမယ်ဆိုရင်တောင် သူကျုပ်တို့ကို တားနိုင်မှာမဟုတ်ဘူး”

“ဟမ့်…”

သူတော်စင်ကူယောင်က သူ့ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီး သူ့ကိုအေးစက်စွာပြောလိုက်၏။

“နင်က ငါ့ကို ဖိနှိမ်ဖို့ သူ့ကို အသုံးချချင်တယ်ပေါ့လေ”

ထိုသို့သူမပြောလိုက်သည့်ခဏမှာပင် သူတော်စင်ကူယောင်က ရုတ်တရက်တိုက်ခိုက်လိုက်ပြီဖြစ်၏။ သူမ၏ သူတော်စင်စွမ်းပကားသည် အကန့်အသတ်မဲ့ပြီး မဟာတာအိုက ပေါ်ထွက်လာကာ သူတော်စင်အပြာရောင်ကောင်းကင်ဘုံကို ဖိနှိမ်လိုက်၏။

“ခင်ဗျား…”

သူတော်စင်အပြာရောင်ကောင်းကင်ဘုံက တုန်လှုပ်သွား၏။

သူ၏ စကားလုံးများသည် သူတော်စင်ကူယောင်ထံမှ တိုက်ခိုက်မှုတစ်ရပ်ကို ပေါ်ထွက်လာစေမည်ဟု ထင်မှတ်မထားခဲ့ပေ။

သူတော်စင်အပြာရောင်ကောင်းကင်ဘုံသည် စောစောက သူတော်စင်ကူယောင်ကို ဖိနှိမ်ဖို့အတွက် သူတော်စင်အရှင် ဘိုးဘေးမီး၏ဘွဲ့ကို တကယ်ပင်အသုံးချလိုခဲ့၏။

မည်သို့ပင်ဆိုစေ သူတော်စင်အရှင်ဘိုးဘေးမီးက သူတော်စင်ကူယောင်၏ အဖေဖြစ်လေသည်။ သို့သော်လည်း အဖေနှင့်သမီးကြားမှာ စိတ်ဝမ်းကွဲမှုတစ်ခုဖြစ်ပေါ်ပြီး သူတို့က တစ်ယောက်ကိုတစ်ယောက်ခေါ်ပြောခြင်းမရှိတော့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။

သူတော်စင်အရှင်ဘိုးဘေးမီး၏ နာမည်ကို သူတော်စင်အပြာရောင်ကောင်းကင်ဘုံက ထုတ်ဖော်ပြောဆိုလိုက်သည့်ချက်ချင်းမှာပင် သူတော်စင်ကူယောင်က အတိတ်ကာလ၏ တစ်စိတ်တစ်ပိုင်းကို အမှတ်ရသွား၏။ ထိုအတိတ်သည် သူမ၏ ရင်ထဲရှိ အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို နှိုးဆွပေးလိုက်လေသည်။

ဝုန်း…

သူတို့နှစ်ဦးကြား သူတော်စင်စွမ်းအားက ကျယ်လောင်သောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်ပြီး လေဟာနယ်အချိန်တားမြစ်ကုန်းမြေတစ်ခုလုံးကပင် စတင်၍ အနည်းငယ်တုန်ခါသွား၏။

သူတော်စင်အပြာရောင်ကောင်းကင်ဘုံသည် သူမကိုမယှဉ်နိုင်ဘဲ ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိသွေးချီက ကသောင်းကနင်းဖြစ်ပြီး သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။

သူတော်စင်ကူယောင်၏ တိုက်ခိုက်ရည်ခွန်အားသည် သူတွေးထင်ထားသည်ထက် များစွာပိုမိုသန်မာနေသည်။

သူတော်စင်စွမ်းအားကောင်းကင်ဘုံ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး သူ၏ သူတော်စင်စွမ်ပကားနှင့်အတူ ဆင်းသက်စေကာ အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့ပြင်လိုက်၏။ သို့သော်လည်း သူတော်စင်ကူယောင်က တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။ သူမသည် သူတော်စင်စွမ်းအားကောင်းကင်ဘုံနှင့် အပြာရောင်ကောင်းကင်ဘုံကို တစ်ယောက်တည်း လက်ခံရင်ဆိုင်လိုက်၏။

ဝုန်း… ဝုန်း… ဝုန်း…

နှစ်ဦးနှစ်ဖက်က အဆက်မပြတ်တိုက်ခိုက်ဖလှယ်ပြီး သူတို့၏ သူတော်စင်စွမ်းအားက ထိပ်တိုက်ရင်ဆိုင်နေကြ၏။

ရန်သူနှစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် သူတော်စင်ကူယောင်က ပကတိအသာစီးရရှိထား၏။

“ငါတို့ သူ့ကိုတားပြီး အရင်ဆုံး… အထီးကျန်သိုင်းသခင်ကို သတ်ရမယ်”

သူတော်စင်စွမ်းအားကောင်းကင်ဘုံက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဘယ်သူလုပ်ရဲမလဲ”

သူတော်စင်ကူယောင်က ညင်သာစွာအော်ငေါက်လိုက်ပြီး သူမ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ သူမကို မီးတောက်များက လွှမ်းခြုံထားပြီး သူမ၏ လက်နှစ်ဖက်ကို အဆက်မပြတ်လွှဲယမ်းနေ၏။ သူတော်စင်စွမ်းအားက တလိပ်လိပ်ထိုးတက်ပြီး ကောင်းကင်ဘုံသူတော်စင်လေးဦးကို လွှမ်းခြုံသွားလေသည်။

သူတော်စင်ကူယောင်သည် စီးပိုးခြယ်လှယ်မှုရှိလွန်းပြီး သူမသည် သူတို့ကိုးဦးကို တစ်ယောက်တည်း လက်ခံရင်ဆိုင်နေ၏။

ဝေါ….

သူတော်စင်ဆယ်ဦးကြားမှာ ကြီးမားသောတိုက်ပွဲတစ်ခု ပေါ်ထွက်လာပြီး လောကကို တုန်ခါစေကာ ရာသီဥတုကို ပြောင်းလဲသွားစေ၏။

သူတို့၏ သူတော်စင်စွမ်းပကား ဖြန့်ကြက်သွားစဉ် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများက တုန်ယင်လာကြ၏။

အဓိပတိသာလွန်သူပညာရှင်တစ်ဦးက ဤအဆင့်တိုက်ပွဲမှာ ပါဝင်ပတ်သက်မိလျှင် သူက ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။’

သူတို့ထိန်းချုပ်ထားသည့် မဟာတာအိုသည် သူတော်စင်များ၏ ရှေ့မှာ ကလေးကစားစရာကဲ့သို့ ဖြစ်နေပေလိမ့်မည်။

“မြန်မြန်ထွက်သွားတော့…”

တောင်အကြီးအကဲက ထိုသည်ကိုတွေ့မြင်သောအခါ သူက လျင်မြန်စွာတုံ့ပြန်ပြီး ဆူဇီမို၊ ညဝိညာဉ်နှင့် အခြားသူများနှင့်အတူ အနီးဆုံးအာကာသဆုံမှတ်ရှိရာသို့ ပြေးထွက်သွား၏။

ကောင်းကင်ဘုံသူတော်စင်ကိုးဦးက ထိုသည်ကိုတွေ့မြင်သောအခါ သူတို့က စိတ်ဆိုးဒေါသထွက်လာပြီး သူတို့၏ တိုက်ခိုက်မှုများက ပို၍ပင် ပြင်းထန်ကြမ်းတမ်းလာသည်။

သို့သော်လည်း သူတို့ကိုးဦးပူးပေါင်းထားစဉ်မှာတောင် သူတို့သည် အချိန်တိုအတွင်းမှာ သူတော်စင်ကူယောင်၏ အဟန့်အတားကို ချိုးဖျက်နိုင်ခြင်းမရှိသေးပေ။

တစ်ဘက်မှာတော့ သူတော်စင်ကူယောင်၏ တိုက်ခိုက်ရည်ခွန်အားသည် တကယ်ပင်စွမ်းအားကြီးမားပြီး ကောင်းကင်ဘုံသူတော်စင်ကိုးဦး၏ အထက်မှာ ရှိနေ၏။

တစ်ဘက်မှာတော့ သူတော်စင်ကူယောင်သည် မည်သို့ပင်ဆိုစေ သူတော်စင်အရှင်ဘိုးဘေးမီး၏ သမီးတော်ဖြစ်ပြီး ကောင်းကင်ဘုံသူတော်စင်ကိုးဦးက သတိထားရလေသည်။

သူတော်စင်မီးတောက်ကောင်းကင်ဘုံက သူမ၏ ရှေ့မှာ ပို၍ပင် ချုပ်တည်းထားရ၏။

“ဘယ်လိုတွေတောင် ဖြစ်ပျက်နေကြတာလဲ”

ထိုစဉ်မှာပင် ခံ့ညားထည်ဝါသောအသံတစ်သံက လောကမှာ ပဲ့တင်ထပ်ထွက်ပေါ်ပြီး ကျယ်လောင်ခက်ထန်သောပုံစံဖြင့် လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ ပဲ့တင်ထပ်သွား၏။

လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှ ပညာရှင်များကိုမပြောနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ တိုက်ပွဲကိုစောင့်ကြည့်နေသည့် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများပင်လျှင် အာကာသဆုံမှတ်ကနေတစ်ဆင့် ဖြန့်ကြက်ထွက်ပေါ်လာသည့် ထိုအသံကိုကြားသောအခါ သူတို့က ဆတ်ခနဲတုန်ယင်သွား၏။

နောက်ခဏ၌ မွန်းကျပ်ဖွယ်ရာကောင်းသော စွမ်းပကားတစ်ခုသည် လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ ပေါ်ထွက်လာ၏။

တိုက်ခိုက်နေသည့် ကောင်းကင်ဘုံသူတော်စင်ကိုးဦးအပါအဝင် လောကမှာရှိသော သက်ရှိများအားလုံးသည် ထိုစွမ်းအားဖြင့် ဖိနှိမ်ခံရပြီး မလှုပ်ရှားနိုင်တော့ပေ။

ကောင်းကင်ဘုံသူတော်စင်ကိုးဦးက တုန်လှုပ်သွားကြ၏။

မဟာသူတော်စင်…။

မဟာသူတော်စင်ပညာရှင်များသာ ဤကဲ့သို့သော အင်အားနှင့် စွမ်းပကားကို ထုတ်ဖော်နိုင်လေသည်။

ထိုစွမ်းပကားသည် သူတော်စင်ကူယောင်၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထားပုံမရပေ။

သူတော်စင်ကူယောင်က မလှမ်းမကမ်းမှာရှိသော မလှုပ်မယှက်ဖြစ်နေသည့် သူတော်စင်ကိုးဦးကို မှင်သေသေဖြင့်ကြည့်ပြီး ထိန်ချန်ထားဖို့ စိတ်ကူးမရှိဘဲ နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။

“တော်တော့…”

ညင်သာသော ခပ်ပေါ့ပေါ့ အော်ဟစ်သံတစ်သံနှင့်အတူ မီးတောက်များဖြင့်လောင်ကျွမ်းနေသည့် အမျိုးသားတစ်ဦးက သူတော်စင်ကူယောင်၏ ရှေ့မှာ ရုတ်တရက်ပေါ်ထွက်လာ၏။ သူ၏ဆံပင်များက နီရဲနေလေသည်။ ခံ့ညားထည်ဝါသော အမူအရာတစ်ခုနှင့်အတူ သူက သူ၏လက်ကိုညင်သာစွာမြှောက်ပြီး သူမကို ဖိချလိုက်၏။

“မင်း.. ဘယ်အချိန်ထိ ဒီလိုပုံစံဆက်ဖြစ်နေဦးမှာလဲ”

ဆံနီအမျိုးသားက သူတော်စင်ကူယောင်ကိုကြည့်ပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။

“ရှင့်မှာ ကျွန်မကို ထိန်းချုပ်ပိုင်ခွင့်မရှိဘူး”

သူတော်စင်ကူယောင်၏ လေသံက အေးစက်နေ၏။

“ငါက မင်းအဖေပါ”

ရုတ်တရက် ဆံနီအမျိုးသား၏ မျက်လုံးထဲတွင် မီးတောက်လုံးနှစ်လုံးလောင်ကျွမ်းလာပြီး သူက အော်ငေါက်လိုက်၏။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားကြ၏။

သူတော်စင်အရှင်ဘိုးဘေးမီးက ပေါ်ထွက်လာလေပြီ။

“အဲတော့ ဘာဖြစ်လဲ”

သူတော်စင်ကူယောင်၏ အမူအရာက အေးစက်နေဆဲဖြစ်၏။ သူမက မည်သည့်စိတ်ခံစားချက်မှမရှိဘဲ သူတော်စင်အရှင်ဘိုးဘေးမီးကိုကြည့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“ရှင်တို့တွေ… အမေ့ကို သေအောင် ဖိအားပေးလိုက်တဲ့အချိန်ကစပြီး ရှင့်မှာ ကျွန်မကို ထိန်းကျောင်းပိုင်ခွင့်မရှိတော့ဘူး။”

All Chapters