ကြောက်စရာကောင်းခြင်း
Vol. 53 Ch. 783
“မင်း ငါ့ကို လုံးဝ ဒေါသထွက်အောင် လုပ်လိုက်တာပဲ”
ဇိုကာဝါသည် ရဲ့လင်းချန်ကို စိုက်ကြည့်ပြီး ရှေ့သို့ ကိုင်းက အေးစက်စွာ ပြောသည်။
ရဲ့လင်းချန်၏ အမူအရာ မပြောင်းလဲဘဲ သူသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“အဲ့လိုဖြစ်သွားလား၊ တောင်းပန်ပါတယ်”
“မလိုဘူး။ တောင်းပန်ဖို့ အကောင်းဆုံး နည်းလမ်းက မင်းကို လုံးဝ ဒုက္ခိတ ဖြစ်သွားအောင် လုပ်တာပဲ”
ဇိုကာဝါက အော်ဟစ်လိုက်သည်။
ရဲ့လင်းချန် ရယ်မောလိုက်သည်။
“ဒါဆိုရင် ငါ ကူညီနိုင်တာ ဘာမှမရှိဘူး ထင်တယ်၊ အဲ့လိုလုပ်လို့ လုံလောက်တာထက် အများကြီး လိုနေသေးတယ်”
“ဟမ်”
ဇိုကာဝါ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
“မင်းက အရမ်း ယုံကြည်မှု ရှိနေတဲ့ပုံပဲ၊ ငါ နောက်ဆုံး အကျော့တုန်းက ရှုံးခဲ့တာက ငါ့ရဲ့ ပေါ့ဆမှုကြောင့်ပဲ။ အမှန်တော့ ငါ အဆင့်တူ သိုင်းပညာရှင် ဘယ်သူ့ကိုမဆို ချေမှုန်းနိုင်တယ်”
“အားနည်းသူတွေကပဲ သူတို့ရဲ့ ရှုံးနိမ့်မှုအတွက် ဆင်ခြေ ရှာကြမှာ”
ရဲ့လင်းချန်က ပခုံးတွန့်လိုက်သည်။
“အမှန်တော့ မင်းနဲ့ တိုက်ဖို့ ငါ အရမ်း ပျင်းနေတာ၊ ဘာလို့လဲဆိုတော့ မင်းက အရမ်း အားနည်းနေလို့ပဲ”
“မင်း အရမ်း မာနကြီးတယ်”
“မာနကြီးတာ မဟုတ်ဘူး၊ ယုံကြည်မှု ရှိတာ”
…
ပရိသတ်များထဲတွင် အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင်တစ်ဦးက ရုတ်တရက် ရယ်မောလာသည်။
“လူအိုကြီးကျိုး၊ မင်းရဲ့ တရုတ်က ကလေးလေးတွေက အရမ်း မောက်မာနေတယ်နော်”
ကျိုးကျန့်က အေးအေးလူလူ ပြောလိုက်သည်။
“အရင်ပွဲရဲ့ ရလဒ်တွေအရ အဲဒါ မာနကြီးတာလို့ မထင်ဘူး”
“ဇိုကာဝါကို အားနည်းတယ်လို့ သူ ဘယ်လို ပြောနိုင်မလဲ ငါ ကြည့်ချင်မိသား”
…
စင်ပေါ်တွင် ရဲ့လင်းချန်က ဆက်ပြောနေသည်။
“မင်း စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ်ကို ပိုင်တာ မဟုတ်ဘူးလား၊ အရင်ပွဲတုန်းက မိန်းကလေးတွေကို တူတွေနဲ့ပဲ ထုနေခဲ့တာ၊ ဒီတစ်ခါ ဒဲ့တိုး ထိပ်တိုက် ရင်ဆိုင်ရအောင်၊ ဘယ်လိုလဲ”
ဇိုကာဝါ ရယ်မောပြီး ပြောလိုက်သ်ည။
“မင်းက အဲ့လို လိုချင်တယ်ဆိုရင် ငါ ပျော်ပျော်ကြီး လက်ခံတာပေါ့”
“ကောင်းပြီ၊ ဒါဆို လုပ်ကြတာပေါ့”
ရဲ့လင်းချန် စကား မဆုံးခင်မှာပင် သူ၏ လက်ထဲရှိ လှံရှည်သည် လေထဲတွင် ရောက်ရှိနေလေပြီ။
“ဝှစ်”
ယခုတစ်ခေါက်တွင် လေသည် ပိုပြီး ပြင်းထန်စွာ တုန်ခါခဲ့ပြီး ပေါက်ကွဲသံကို ဖြစ်ပေါ်စေခဲ့သည်။ လှံရှည်ကို ရင်ဆိုင် နေရသော စင်၏ ရှေ့ဆုံးတန်းမှ လူများသည် ချက်ချင်း စူးရှသော အေးစက်မှုကို ခံစားလိုက်ကြရသည်။
“ပြင်းလိုက်တဲ့ လှံချီစွမ်းအင်၊ ဘယ်လိုတောင် လွှမ်းမိုးနိုင်တဲ့ လှံသိုင်းလဲ”
ဝူထျန်းပေါင် ထိတ်လန့်သွားပြီး တအံ့တဩ ပြောလိုက်သည်။
“ရဲ့လင်းချန်ရဲ့ လှံသိုင်းက တကယ်ကို သန်မာလွန်းတာပဲ”
ဤလှံချက်မှ ထုတ်လွှတ်လိုက်သော စွမ်းအားသည် မူလ စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်နှင့် တော်တော်လေး နီးကပ်နေလေပြီ။
လှံဖျား မရောက်ခင် ဇိုကာဝါသည် ပြင်းထန်သော ခြိမ်းခြောက်မှုနှင့် မယှဉ်နိုင်သော ဖိအား ကို ခံစားနေရလေသည်။
“ယား”
သူ ကြွေးကြော်လိုက်ပြီး လက်ထဲရှိ လေးလံသော တူကို မြှောက်ကာ လျင်မြန်စွာ အပြင်သို့ ဝှေ့ယမ်းလိုက်သည်။
နောက်ဆုတ်ရန် မဖြစ်နိုင်ပေ။
သူ ရဲ့လင်းချန်ကို ထိပ်တိုက် ရင်ဆိုင်မည်ဟု ပြောထားသောကြောင့် သူ အဆုံးထိ တိုက်ခိုက်ရမည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင် ပြိုင်ဆိုင်မှုတွင် မည်သူ့ကိုမှ မကြောက်ခဲ့ပေ။
“ဘန်း”
လှံရှည်သည် လေးလံသော တူကို ရိုက်ခတ်သောအခါ ကျယ်လောင်သောအသံ ကြားရသည်။ နှစ်ခုကြား ပွတ်တိုက်မှုမှ မီးပွားများ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်စွမ်းအင်သည် အပြင်းအထန် ပျံ့နှံ့သွား
ဇိုကာဝါသည် အော်ဟစ်လိုက်သည်။ သူ၏ ခြေထောက်များသည် တစ်ဝက် ကွေးညွှတ်နေပြီး သူ၏ မျက်နှာက နီမြန်း နေသည်။ သူ၏ ခန္ဓာကိုယ်သည် နည်းနည်းချင်းစီ နောက်ပြန် အတင်း တွန်းပို့ခံနေရသည်။
“ကြောက်စရာ ကောင်းလိုက်တဲ့ ခွန်အားပါလား၊ ရဲ့လင်းချန်ရဲ့ ခွန်အားက ဇိုကာဝါကို ကျော်သွားပြီလား”
ဝူထျန်းပေါင်သည် ဒိုင်လူကြီးများ ထိုင်ခုံမှ ထရပ်လိုက်ပြီး အလွန် အံ့အားသင့်နေသည်။
ဇိုကာဝါ၏ ခန္ဓာကိုယ် အရွယ်အစားသည် ရဲ့လင်းချန်နှင့် လုံးဝ အချိုးမညီပေ။ သူသည် ဆင်တစ်ကောင်နှင့် တူသည်။ သူ၏ စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ်နှင့်ပါဆိုလျှင် သူ၏ ခွန်ားသည် သေချာပေါက် ထူးခြားသည်။ သို့သော်... သူသည် တကယ်တမ်း၌ ရဲ့လင်းချန်၏ ဖိနှိပ်မှုကို ခံနေရသည်။
မျက်လုံးပြူးစရာပင်။
မယုံနိုင်စရာ ကောင်းလှသည်။
“ဒါက ခံနိုင်ရည် လေ့ကျင့်ရေးပဲ၊ ရဲ့လင်းချန်မှာ အစွမ်းထက်တဲ့ ခံနိုင်ရည် လေ့ကျင့်ရေး ရှိနေပြီး သူ့ရဲ့ ကျင့်ကြံမှု ကလည်း အဆင့်မြင့်မှာ ရှိနေတယ်”
ဘုရင်အဆင့် သိုင်းပညာရှင်တစ်ဦးသည် ရဲ့လင်းချန်၏ လက်မောင်းပေါ်ရှိ ကြွက်သားများ၏ လှုပ်ရှားမှုကို သတိထားမိ သွားသောကြောင့် သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး တအံ့တဩ ပြောလာသည်။
ဝူထျန်းပေါင်က အလျင်အမြန် ပြောလာသည်။
“ခံနိုင်ရည် လေ့ကျင့်ရေး၊ ဒါက တကယ် ခံနိုင်ရည် လေ့ကျင့်မှုရေးပဲ၊ ပါရမီရှင်၊ အခုအချိန်မှာ သူ့ကို ဖော်ပြဖို့ ဘယ်စကားလုံးမှ မစဉ်းစားနိုင်တော့ဘူး”
အခြားသူများနှင့် နှိုင်းယှဉ်လျှင် ဇိုကာဝါက အများဆုံး ထိခိုက်ခဲ့သည်။ သူ၏ မျက်နှာသည် အငြိုးအတေးနှင့် အံ့အားသင့်မှုဖြင့် ပြည့်နေသည်။
သို့သော်လည်း သူ လှံချက်ကို ပိတ်ဆို့လိုက်ပြီဟု ထင်လိုက်ချိန်တွင် ရဲ့လင်းချန်သည် သူ၏ လှံကို ပြန်သိမ်းလိုက်သည်။ သို့သော် ခဏလေးသာ ဖြစ်ပြီး ရှေ့သို့ ပြန်ထိုးလာ၏။
အစက ထိုသို့သော သေးငယ်သော အကွာအဝေးသည် စွမ်းအား စုဆောင်းရန်ပင် မလုံလောက်သောကြောင့် လှံချက်၏ စွမ်းအားသည် အလွန် သေးငယ်သင့်သည်။ သို့သော် ထူးဆန်းစွာပင် ဤလှံချက်၏ စွမ်းအားသည် ယခင် လှံချက်ထက် မနိမ့်ခဲ့ပေ။
ဝူထျန်းပေါင် ထပ်မံ ထိတ်လန့်သွားပြီး တုန်ယင်သော အသံဖြင့် ပြောသည်။
“ဒါက နှစ်ချက် ထိုးခြင်းပဲ”
“ဒါက လျှို့ဝှက် လှံပေါင်းစပ်သိုင်း”
လျှို့ဝှက်သိုင်းဟု ခေါ်ဆိုသော အရာကို ဝှက်ဖဲအဖြစ်လည်း နားလည်နိုင်သည်။ တိုက်ပွဲတွင် ၎င်းသည် အဆင့်တူထက် များစွာ သာလွန်သော စွမ်းအားဖြင့် ပေါက်ကွဲနိုင်ပြီး တိုက်ပွဲ၏ ရလဒ်ကို ချက်ချင်း ဆုံးဖြတ် နိုင်သည်။
ပုံမှန်အားဖြင့် ၎င်းကို သင်ယူရန် အလွန် ခက်ခဲပေသည်။ သို့သော် ကျွမ်းကျင်သွားသည်နှင့် တစ်ပြိုင်နက် ခွန်အားက အလွန် ပြင်းထန်ပေလိမ့်မည်။
“ဒါက ဖီးနစ်လှံသိုင်းထဲက ဖီးနစ် ထိုးဆိတ်ခြင်းပဲ”
စွန်းဟုန်ထောင် တအံ့တဩ ပြောလိုက်သည်။
“သူ ဒီလှံသိုင်းကို အခုမှ သင်ခဲ့တာ မဟုတ်ဘူးလား? သူ ဒီအကွက်ကို ကျွမ်းကျင်သွားပြီလား”
ဖီးနစ် ထိုးဆိတ်ခြင်းသည် ငှက် တစ်ရာက သစ်သားကို ထိုးဆိတ်သကဲ့သို့ ဖြစ်သည်။ အကြိမ်ရေသည် အလွန် မြင့်မားသည်။ အမြင့်ဆုံး အဆင့်အထိ လေ့ကျင့်လိုက်သောအခါ တစ်ခဏချင်းအတွင်း ကိုးကြိမ်အထိ ထိုးနိုင်ကြောင်း ကောလာဟလ ရှိသည်။ ယင်းက တကယ်ကို ကြောက်စရာပင်။
ဇိုကာဝါသည် ဤလှံ၏ ကြောက်မက်ဖွယ်ကို ခံစားလိုက်ရသော်လည်း တုံ့ပြန်ချိန် မရခဲ့ပေ။
လေးလံသော တူ၏ မာကျောမှုသည် ဤအခိုက်အတန့်တွင် ပေါ်လွင်လာသည်။ ၎င်းသည် လှံ၏ တိုက်ရိုက် ပစ်မှတ်ထား ခံလိုက်ရသည်။
“ဒင်”
ကြည်လင်သော အသံနှင့်အတူ ဇိုကာဝါ၏ ခပ်ဝဝ ခန္ဓာကိုယ်သည် လျင်မြန်စွာ နောက်ပြန် လွင့်စဉ်သွားသည်။ နောက်ဆုံးတွင် သူသည် မြေပြင်ပေါ်တွင် ဒုန်းခနဲ ထိုင်ချလိုက်သည်။ သူ၏ လက်ကောက်ဝတ်သည် ထုံသွားပြီး လေးလံသော တူသည် သူ၏ လက်မှ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သည်။
“ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး လျင်မြန်စွာ ဆုတ်ခွာတယ်၊ သင့်လျော်တဲ့ အတိုင်းအတာနဲ့ ထိုးစစ်နှင့်ခံစစ်ကို လုပ်ဆောင်တယ်၊ တောင်လို မာကျောငြိမ်သက်ပြီး မိုးကြိုးလို ပစ်ခတ်တယ်၊ ရဲ့လင်းချန်က သူ့လှံသိုင်းမှာ ဒီလို ကြီးမားသော စွမ်းဆောင်နိုင်မှု ရှိနေတာပဲ၊ သူ အရင်ပွဲစဉ်တွေ လှည့်ကွက်တွေကို ဖုံးကွယ်ထားခဲ့တာပဲ”
ဝူထျန်းပေါင်က ပြောလာသည်။
ရဲ့လင်းချန်သည် သူ၏ လှံရှည်ကို ပခုံးပေါ်တွင် ထမ်းထားပြီး အောင်ပွဲကို ဆက်လက် လိုက်ခြင်း မပြုခဲ့ပါ။ သူက လှောင်ပြောင်၍ ပြောလိုက်သည်။
“ဒီတစ်ခါ မင်းကို ကယ်ဖို့ ဘယ်သူမှ မလာရင် မင်း ငါ့လှံနဲ့ အထိုးခံရလိမ့်မယ်”
“မင်း သေချင်နေတာပဲ”
ဇိုကာဝါသည် ရုတ်တရက် ထရပ်ပြီး ကြီးမားသော သားရဲတစ်ကောင်လို ရဲ့လင်းချန်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင် လာသည်။ သူသည် သူ၏ လက်ထဲရှိ လေးလံသော တူကို မြင့်မြင့်မြှောက်၍ ကြွေးကြော်လိုက်သည်။
“တောင် ချေမှုန်းသူ”
တူဖြင့် တောင်တစ်ခုကို ချေမှုန်းခြင်း။ ကာကွယ်ခြင်းထက် တိုက်ခိုက်ရန် ဦးဆောင် တိုက်ခိုက်ခြင်းက ပိုကောင်းပေသည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအင်သည် ပင်လယ်ကဲ့သို့ လှိုင်းထန်နေသည်။
“အစွမ်းကုန် တိုက်ခိုက်မှု၊ ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းတဲ့ ဝိညာဉ်စွမ်းအင်လဲ”
ဝူထျန်းပေါင်သည်လည်း ထိတ်လန့်သွားသည်။ ဤလူနှစ်ယောက်က အလွန် သန်မာနေကြသည်။
ရဲ့လင်းချန် လှံကို မြှောက်လိုက်သည်။ သူ၏ လက်ကောက်ဝတ်ကို လှုပ်လိုက်သည်နှင့် လှံတစ်ခုလုံးကို ပါးလွှားသော စိတ်ဝိညာဉ်စွမ်းအင်က ဖုံးလွှမ်းသွားသည်။ ၎င်းသည် ဇိုကာဝါ၏ စွမ်းအားလောက် မရှိသော်လည်း ၎င်းသည် ပုံမှန်ထက် ခိုင်မာသည်။ လူအများအား ယင်းက အရာအားလုံးကို ထိုးဖောက်နိုင်သည်ဟု ခံစားရစေသည်။
“စိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်မှုက ပြီးပြည့်စုံလုနီးပါးပဲ။ သူ အဆင့်တူတွေထဲမှာ အောင်ပွဲခံနိုင်မှာ သေချာတယ်”
ကျိုးကျန့်က ရယ်မောလိုက်သည်။
“ချွမ်”
ကျယ်လောင်သောအသံကို ထပ်မံ ကြားလိုက်ရပြန်သည်။ ရဲ့လင်းချန်သည် မဆိုသလောက် နောက်ပြန် ဆုတ်လိုက် ရသော်လည်း ဇိုကာဝါသည် ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်ခဲ့သည်။ သူ၏ ခပ်ဝဝ ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ယင်နေ၏။
ဤတစ်ခေါက်တွင် ရဲ့လင်းချန်သည် လုံးဝ မရပ်ဘဲ ညင်သာသော ခြေလှမ်းဖြင့် သူ၏ ခန္ဓာကိုယ်က ဝါးမျိုသူတစ်ယောက် တူနေကာသူ၏ လှံက နဂါးတစ်ကောင်နှင့် တူနေသည်။ လှံ၏ ပုံရိပ်ယောင်များစွာက ဇိုကာဝါကို လွှမ်းခြုံလာသည်။
“နောက်ဆုတ်ဖို့ မဖြစ်နိုင်ဘူး”
ဝူထျန်းပေါင်က ရှင်းပြသည်။
“ရဲ့လင်းချန်ရဲ့ လှုပ်ရှားမှု နည်းစနစ်က ဇိုကာဝါထက် အများကြီး သာလွန်တယ်။ ဇိုကာဝါက ရှောင်တိမ်းဖို့တောင် မတတ်နိုင်ဘူး။ သူ သတိမထားရင် အပေါက်တစ်ခုလို ထိုးဖောက်ခံရလိမ့်မယ်”
သို့သော်လည်း ရဲ့လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအင်သည်လည်း အလွန် ထိတ်လန့်စရာ ကောင်းလှသည်။ ထိုအချိန်မှာပင် သူ ပင်ပန်းနွမ်းနယ်မှု လက္ခဏာ လုံးဝ မပြခဲ့ပေ။
သူ၏ အစွမ်းထက်သော ခံနိုင်ရည် လေ့ကျင့်ရေးနှင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင်အပေါ် အစွမ်းကုန် ထိန်းချုပ်မှုတို့ ပေါင်းစပ်လိုက်သောအခါ သူ၏ ခံနိုင်ရည်ကို တကယ် တိုးမြင့်လာခဲ့သည်။
“ချွမ်”
သူ ပြောနေစဉ်မှာပင် ရဲ့လင်းချန်သည် လေးလံသော တူကို လှံဖြင့် တစ်ဖန် ထပ်မံ ထိုးသွင်းလိုက်သည်။ ထို့နောက် သူသည် နဂါဖမ်းလက်ကို အသုံးပြုပြီး ၎င်းကို တွန်းထုတ်လိုက်သည်။ လှံသည် လျှပ်စီးကဲ့သို့ ဒုတိယအကြိမ် ထိုးသွင်း လိုက်သည်။
လှံရှည်က ဇိုကာဝါ၏ ပခုံးကို တန်းတန်းမတ်မတ် ထိုးဖောက်သွားပြီး သွေးများ ပန်းထွက်လာ၏။
“အရှုံးပေးတယ်”
ရဲ့လင်းချန်က နောက်တစ်ချက် ထပ်ထိုးရန် စိတ်အား ထက်သန်နေဆဲ ဖြစ်သည်ကို မြင်ပြီး ဂျပန်နိုင်ငံ၏ ခေါင်းဆောင်က အလျင်အမြန် ပြောလိုက်သည်။ သူ့နှလုံးသား နာကျင်နေလေပြီ။
ဇိုကာဝါ၏ ဒဏ်ရာသည် ဤလှံချက် တစ်ချက်တည်းကြောင့် မဟုတ်ပေ။ ရဲ့လင်းချန်၏ တိုက်ခိုက်မှုက အလွန် ကြမ်းတမ်းပြီး ထပ်ခါတလဲလဲ လှံချက်များ၏ ဖိအားက တူကိုင်ထားသော ဇိုကာဝါ၏ လက်ကို ဆိုးဆိုးရွားရွား ဒဏ်ရာ ရစေခဲ့သည်။ ထို့အပြင် သူ၏ ကိုယ်တွင်းအင်္ဂါများသည်လည်း တော်တော်လေး ဆိုးရွားနေပြီ ဖြစ်သည်။ သန်ဘက်ခါ ပြိုင်ပွဲ၌ သူ ပါဝင်နိုင်ဦးမလား ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။