← Chapters

သွေးကြောမှတ် လည်ပတ်မှု၊ ခန္ဓာကိုယ်မှ ဝိညာဥ်ထွက်ခွာခြင်း ၂

Vol. 18 Ch. 257

သွေးကြောမှတ် လည်ပတ်မှု၊ ခန္ဓာကိုယ်မှ ဝိညာဥ်ထွက်ခွာခြင်း ၂

Vol. 18 Ch. 257

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲရှိ မသေမျိုးနတ်နဂါးသားရဲကြီးသည် ဆေးလုံးများကို ရရှိခဲ့ပြီး၊ ၎င်းတို့အားလုံးကို တစ်ပြိုင်နက် မျိုချလိုက်သည်။

ချက်ချင်းဆိုသလိုပင် သန့်စင်သော စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး၊ မူလကိုယ်ထံသို့ အကျိုးအမြတ်များ ပြန်လည်ရောက်ရှိလာခဲ့ကာ၊ အခု၃၆၀မြောက် သွေးကြောမှတ်ဆီသို့ အပြေးအလွှားတိုးဝင်လာကြသည်။

…

အချိန်များ ကုန်ဆုံးသွားခဲ့သည်။

နာရီဝက်

တစ်နာရီ

သုံးနာရီ

…

“ ဇွီ !! “

ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့သည်။

အခု ၃၆၀မြောက် သွေးကြောမှတ် ပွင့်သွားခဲ့ပြီဖြစ်ကာ တံခါးပေါက်တစ်ခု ပေါ်လာခဲ့သည်။

ကျယ်လောင်သော အသံနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများသည် အဆိုပါ သွေးကြောမှတ် တံခါးပေါက်ဆီမှ ထွက်လာခဲ့ပြီး၊ ရှုကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့ရောက်ရှိသွားကာ သန့်စင်ပေးနေတော့သည်။

အဆိုပါ သန့်စင်မှုနှင့်အတူ နာကျင်မှုများပါ လိုက်ပါလာခဲ့သည်။

သို့သော် ရှုကျိုးသည် ၎င်းကို တောင့်ခံနေနိုင်ခဲ့သည်။

ဖောက် !!

ဖောက် !!

ဖောက် !!

ရှုကျိုး၏ ခန္ဓာကိုယ်အတွင်းပိုင်း၌ အလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီး၊ သွေးကြောမှတ် အခု၃၆၀လုံး တစ်ပြိုင်နက် လင်းလက်လာခဲ့သည်။

မည်သည့်အညစ်အကြေးမှ မပါဝင်သော သန့်စင်သည့် အဖြူရောင် ကြာပန်းတစ်ခုသည် ကမ္ဘာ၏ ပထမဦးဆုံးနှင်းကဲ့သို့သော ဖြည်းညှင်းစွာ ပွင့်လန်းလာခဲ့သည်။

ကြာပန်း၏ အပေါ်တွင် ပွင့်ဖတ် ဆယ့်နှစ်ခုပူးကပ်တည်ရှိနေခဲ့သည်၊ ပွင့်ဖတ်တစ်ခုချင်းစီတိုင်းသည် အပြစ်အနာအဆာ မရှိသည့် အဖြူရောင် ကျောက်စိမ်းကဲ့သို့ ဖြစ်နေကာ သိမ်မွေ့ကာ ခမ်းနားထည်ဝါသည့် အငွေ့အသက်များကို ထုတ်လွှင့်နေခဲ့သည်။

ပွင့်ဖတ်ဆယ့်နှစ်ခုကြားတွင် ပွင့်ဖတ်တစ်ခုသည် မှိန်ဖျော့ဖျော့ ဖြစ်နေခဲ့သည်၊ သို့သော် အခု ၃၆၀မြောက် သွေးကြောမှတ် လင်းလက်လာသည်နှင့်အမျှ အဆိုပါ မှိန်ဖျော့ဖျော့ ပွင့်ဖတ်မှာလည်း ရုတ်တရက် တောက်ပလာခဲ့သည်။

ပျောက်ဆုံးနေသည့် နောက်ဆုံးသော အစိတ်အပိုင်းကိုပါ ရှာတွေ့သွားသကဲ့သို့ ကြာပန်းသည် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါ၍၊ လင်းလက်တောက်ပလာခဲ့သည်။

ပွင့်ဖတ်ဆယ့်နှစ်ခုသည် ဟိုဟိုဒီဒီ ယိမ်းနွဲ့လှုပ်ရှားနေပြီး၊ ဆယ့်နှစ်ရာသီခွင်ပုံစံကွက်များအဖြစ် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာခဲ့သည်။

( တရုတ်zodiacပါ မျောက်၊ မြင်း၊ ယုန်၊ နဂါး …….. )

ဝတ်ဆံဖို၏ အလယ်ဗဟို၌ ယင်ယန်ငါးသည် အသက်ဝင်လာပုံရပြီး၊ ရေကူးခတ်နေတော့သည်။

အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး၊ ကြီးမားသော မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် ရှုကျိုး၏ စိတ်ဝိညာဥ်မှာလည်း သူ၏ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်ခွာလာခဲ့ပြီး၊ ဘုံကိုးဆင့် ကောင်းကင်ဘုံပေါ်သို့ တက်လှမ်းသွားသကဲ့သို့ ကောင်းကင်ယံမှ အဆိုပါမြစ်နှင့် ပေါင်းစည်းသွားခဲ့သည်။

…

“ ဘာတွေဖြစ်နေတာလဲ? ငါ့ရဲ့ဝိညာဥ်က ငါ့ရဲ့ခန္ဓာကိုယ်ထဲကနေ ထွက်လာတာလား? “

ရှုကျိုး၏ ဝိညာဥ်သည် အပေါ်သို့ ဆက်တိုက်မျောလွင့်သွားခဲ့ပြီး၊ လျင်မြန်စွာ မှုန်ဝါးလာသည့် မြေပြင်ကို ကြည့်ကာ သူစိတ်ရှုပ်ထွေးသွားတော့သည်။

သူ၏ခြေထောက်အောက်၌ တောက်ပသော မြစ်တစ်စင်းရှိနေခဲ့သည်၊ သို့သော် အဆိုပါမြစ်ထဲတွင် ရေရှိမနေခဲ့ပေ၊ ၎င်းသည် အမျိုးအမည် မသိရသော ဒြပ်စင်တို့ဖြင့် ဖွဲ့စည်းထားသည့် မြစ်တစ်စင်းဖြစ်ပြီး၊ ရှုကျိုးကို အပေါ်သို့ ခေါ်ဆောင်ပေးနေလျက်ရှိသည်။

အမြင့်သည် ပိုပို၍ မြင့်မားလာခဲ့သည်။

“ ပေါ့ ~~~ “

ရုတ်တရက်ဆိုသလိုပင် ပါးလွှာသော အမြှေးပါးတစ်ခု အဖောက်ခံလိုက်ရသကဲ့သို့ ရှုကျိုးရှေ့ရှိ မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ယံတွင် သွေးနီရောင်ပင်လယ်တစ်ခုပေါ်လာခဲ့ပြီး၊ ၎င်းနှင့်အတူ မီတာ ထောင်နှင့်ချီ၍ ရှည်လျားသော အလောင်းများ လွင့်မျောနေလျက်ရှိသည်။

အထင်ရှားဆုံးအရာမှာ ပင်လယ်ပြင် မျက်နှာပြင်ထက်တွင် လွင့်မျောနေသည့် ကျိုးပဲ့ပျက်စီးနေသော လပင်ဖြစ်သည်။

လသည် ပုံမှန်လမဟုတ်ဘဲ၊ ကြီးမားသော မျက်လုံးကြီးတစ်လုံးနှင့် တူညီနေခဲ့ပြီး၊ သွေးကြောများနှင့် ပြည့်နှက်နေကာ နေနှင့်ကောင်းကင်ကို ဖုံးလွှမ်း၍ သွေးပင်လယ်အထက်တွင် မျောလွင့်နေခဲ့သည်။

“ ဒါက တကယ့်ကောင်းကင်လား? “

ရှုကျိုးသည် ၎င်းကို သေချာကြည့်ရှု၊ စဥ်းစားရန် အချိန်မရဘဲ မြစ်ကို အဖော်ပြုကာ ကောင်းကင်ပေါ်သို့ ထပ်တက်သွားတော့သည်။

ပို၍ပင် မြင့်မားလာခဲ့သည်။

မကြာခင်မှာပင် ကြယ်ပြာဂြိုလ်သည် သူ့ခြေထောက်အောက်သို့ ရောက်ရှိလာခဲ့သည်။

သူသည် ကြယ်ပြာဂြိုလ်တစ်ခုလုံးကို မြင်တွေ့သွားခဲ့သည်။

ကြီးမားသော လက်တစ်ခုသည် ကြယ်ပြာဂြိုလ်ကို ကိုင်ထားပြီး၊ အဆိုပါလက်နောက်တွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခု ရှိနေခဲ့သည်။

“ ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားတော့သည် “ အဲ့တာက ဘာကြီးလဲ? “

ကြယ်ပြာဂြိုလ်ကို ဆုပ်ကိုင်ထားခြင်း !!! အဆိုပါ လက်ပိုင်ရှင်သည် မည်မျှအစွမ်းထက်နေလိမ့်မည်နည်း???

လလို့ခေါ်နေတဲ့ဟာက သူ့ရဲ့ မျက်လုံးဖြစ်နေတဲ့ပုံပဲ။

သွေးပင်လယ်ကလည်း အဲ့ပုံရိပ်နဲ့ဆိုင်နေမှာပဲ။

အဆိုပါ ပုံရိပ်သည် သေဆုံးသွားခဲ့ပြီးဖြစ်ပုံရကာ ဒူးတစ်ဖက်ထောက်လျက်သား အနေအထားဖြင့် သေဆုံးပြီးသည့်အချိန်မှာ ကြယ်ပြဂြိုလ်ကို ဆုပ်ကိုင်ထားစဲဖြစ်ပြီး၊ ၎င်း၏ အနောက်ဘက်တွင် အဆုံးမဲ့အမှောင်ထုရှိနေခဲ့သည်။

ရှုကျိုးသည် အနည်းငယ် မိန်းမောသွားခဲ့သည်၊ အဆိုပါမြင်ကွင်းသည် အတော်လေး ရင်သပ်ရှုမောဖွယ်ကောင်းနေခဲ့သည်။

သေဆုံးပြီးသည့်နောက်မှာပင် အေးစက်သော ဤစကြာဝဠာထဲတွင် ဒူးထောက်၍ ကြယ်ပြာဂြိုလ်ကို ဆုပ်ကိုင်ထားခြင်း၊ ထိုလူသည် မည်သူနည်း၊ ထို့အပြင် သူသည် မည်ကဲ့သို့သော အရာများကို ရင်ဆိုင်ခဲ့ရသနည်း?

အမြင့်သည် ဆက်လက်၍ မြင့်တက်နေစဲပင်ဖြစ်သည်။

မြစ်သည် တလက်လက်တောက်ပနေခဲ့ပြီး၊ ပုံရိပ်ယောင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရှုကျိုးသည် အဆိုပါမြစ်နှင့်အတူ လိုက်ပါ၍ မြင့်တက်သွားလျက်ရှိသည်။

အမြန်နှုန်းသည် ပိုပို၍ မြန်ဆန်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နေအဖွဲ့အစည်းတစ်ခုလုံးသည် သူ့အရှေ့တွင် ပေါ်လာခဲ့သည်။

သို့သော် ရှုကျိုးသည် အံဖွယ်ကောင်းသည့် မြင်ကွင်းကြောင့် မိန်းမောမသွားခဲ့ဘဲ၊ ဦးတည်ချက်တစ်ခုကိုသာ စူးစူစိုက်စိုက် ကြည့်ရှုနေခဲ့သည်။

ကြီးမားသော ဧရာမ လက်ညှိုးကြီးတစ်ချောင်းသည် အဆုံးမဲ့ အချိန်နှင့် အာကာသတို့ကို ကျော်ဖြတ်နိုင်ပုံရပြီး၊ အဆုံးမဲ့ အမှောင်ထု၏ အရှိန်အဝါကို ထုတ်လွှင့်ကာ အောက်ဘက်သို့ ဖိနှိပ်ထားလျက်ရှိသည်။

မည်သည့်အသံမှ မပေါ်ထွက်လာခဲ့ဘဲ နေအဖွဲ့အစည်း၏ အစွန်းဘက်ရှိ ဂြိုဟ်တစ်လုံးသည် ထုတ်ချင်းပေါက်သွားခဲ့ပြီး၊ အမှောင်ထုထဲသို့ ကျရောက်သွားခဲ့သည်။

အဆိုပါ အနက်ရောင် လက်ချောင်းကြီးသည် ဆက်လက်၍ ဖိချလာခဲ့သည်၊ ဤတစ်ကြိမ်၌ နေလုံးကြီးကို ပစ်မှတ်ထားလာခဲ့လေသည်။

ရှုကျိုး၏ စိတ်နှလုံးသား တင်းကြပ်သွားတော့သည်၊ တကယ်လို့ နေပေါက်ကွဲသွားမယ်ဆိုရင် ကြယ်ပြာဂြိုလ်က ဘာဖြစ်လာမှာလဲ?

သို့သော် သူ့ရှေ့ရှိအရာများကို ထပ်မမြင်ရသေးခင်မှာပင် မြစ်၏အရှိန်သည် ရုတ်တရက် တိုးမြင့်လာခဲ့ပြီး၊ သူ့အား နေအဖွဲ့အစည်းထဲမှ မြန်ဆန်စွာ ဆွဲထုတ်သွားခဲ့သည်။

အမြန်နှုန်းသည် ပိုပို၍ မြင့်မားလာခဲ့ပြီး၊ ပတ်ပတ်လည်ရှိ ပုံရိပ်များပင် မှုန်ဝါးဝါးဖြစ်လာခဲ့သည်။

သူသည် စကြာဝဠာခုန်ကူးကာ အမျိုးအမည်မသိရသော နေရာတစ်ခုဆီသို့ ဦးတည်နေလျက်ရှိသည်။

ရှုကျိုး၏ စိတ်နှလုံးသား တင်းကြပ်သွားခဲ့သည်၊ ဒီနေအဖွဲ့အစည်းက တကယ်ကြီး ဖျက်စီးခံလိုက်ရမှာလား?

အဲ့ဒီအမည်းရောင် လက်ချောင်းက ဘယ်ကနေရောက်လာတာလဲ?

ငါကရော ကြယ်ပြာဂြိုလ်ကို ပြန်နိုင်ပါ့မလား?

ရှုကျိုးသည် သူက မည်သည့်အတွက်ကြောင့် ဤမြင်ကွင်းများကို မြင်တွေ့နေရလဲဆိုသည်ကို မသိပေ၊ သို့သော် ယခင်က မြင်ကွင်းတစ်ခုသည် အတော်လေး စစ်မှန်နေပုံရပြီး၊ သူ၏အရှေ့မှာပင် အမှန်တကယ် ဖြစ်ပျက်သွားသကဲ့သို့ ခံစားနေခဲ့ရသည်။

“ ဗွီ !! “

ထိုအချိန်၌ သူ့အောက်ရှိ မြစ်သည် ရုတ်တရက် နှေးကွေးသွားသည်။

ရှုကျိုးသည် ပတ်ပတ်လည်ရှိ အရာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့လာခဲ့ရပြီဖြစ်သည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် သူမှင်သက်သွားရတော့လေသည်။

“ ဒါက ကမ္ဘာလား? “

သူ့အရှေ့ရှိ ဂြိုလ်သည် ကမ္ဘာဂြိုလ်နှင့် အတော်လေး တူညီနေခဲ့သည်။

သို့သော် ရှုကျိုးသည် ၎င်းက ကမ္ဘာဂြိုလ် မဟုတ်ဘူးဆိုသည်ကို လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။ ခြားနားချက်တစ်ချို့ ရှိနေခဲ့သည်။

ကမ္ဘာဂြိုလ်ထပ် ၎င်းသည် ဗီဇပြောင်းခြင်း မဖြစ်ပေါ်လာခင် အချိန်က ကြယ်ပြာဂြိုလ်နှင့် ပိုတူနေလျက်ရှိသည်။

“ ဘာလို့ငါက ကြယ်ပြာဂြိုလ်ပေါ်မှာပဲ ရှိနေရသေးတာလဲ? “ ရှုကျိုး အံ့ဩသွားတော့သည်။

သူသည် မြစ်က သူ့အား အတော်ဝေးလံလွန်းလှသော နေရာတစ်ခုဆီသို့ သယ်ဆောင်လာသည်ဆိုသည်ကို ထင်ထင်ရှားရှား မှတ်မိနေခဲ့သည်၊ ငါက နေအဖွဲ့အစည်းထဲမှာပဲ ဘယ်လိုလုပ် ရှိနေရသေးတာလဲ?

“ ဒီမြစ်က …… “ ရှုကျိုးသည် သူ့အောက်ရှိ တောက်ပသော မြစ်တစ်စင်းကို ကြည့်ကာ တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သည်။

ဒါက အချိန်မြစ်များလား?

သူသည် အချိန်မြစ်နှင့်ပတ်သက်သည့် ဒဏ္ဍာရီလာ ရှေးဟောင်းစာပေများကို ဖတ်ရှုလေ့လာခဲ့ဖူးသည်။

ဤကမ္ဘာကြီးထဲတွင် အာကာသကို မကျော်ဖြတ်နိုင်သော်လည်း အချိန်ကို ကျော်ဖြတ်နိုင်သည့် မြစ်တစ်စင်းရှိနေခဲ့သည်။

သို့သော် မည်သူကမှ အဆိုပါ မြစ်ကို မမြင်ဖူးကြပေ၊ ၎င်းသည် ဒဏ္ဍာရီလာ ယုံတမ်းပုံပြင်တစ်ခုအဖြစ်သာ တည်ရှိနေခဲ့သည်။

All Chapters