သွေးကြောမှတ် လည်ပတ်မှု၊ ခန္ဓာကိုယ်မှ ဝိညာဥ်ထွက်ခွာခြင်း ၃
Vol. 18 Ch. 258
ရှုကျိုးသည် သူ့ခြေထောက်အောက်ရှိ မြစ်ကို ကြည့်နေခဲ့သည်။
တကယ်လို့ ဒီဟာက အချိန်မြစ်မဟုတ်ဘူးဆိုရင် ဘာကြီးလဲ?
ပြီးတော့ ခုနက ငါတွေ့ခဲ့ရတဲ့ လက်ချောင်းကြီးကရော၊ အဲ့တာက အတိတ်တုန်းကလား အခုလက်ရှိလား ဒါမှမဟုတ် နောင်အနာဂတ်မှာ ဖြစ်လာမဲ့ဟာလား?
သူသည် ကြယ်ပြာဂြိုလ်၏ အသွင်အပြင်ကို ငေးမောကြည့်ရှုနေရန် အချိန်မရပေ။
ထိုအချိန်၌ သူသည် ၎င်းက အတိတ်လား၊ အနာဂတ်လားဆိုသည်ကို ဝေခွဲမရဖြစ်နေခဲ့သည်။
တွေးတောစဥ်းစားနေရင်းဖြင့် ရှုကျိုးသည် အရှေ့ဘက်ရှိ ပုံရိပ်တစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။
ထိုလူသည် ရွှေရောင်နဂါး ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ခရမ်းရောင် သရဖူကို ဝတ်ဆင်ထားကာ ထည်ဝါသော အရှိန်အဝါကို ထုတ်လွှင့်၍ ရှုကျိုးထံသို့ လျှောက်လှမ်းလာနေခဲ့သည်။
ရှုကျိုးသည် သေချာအာရုံစိုက်၍ ကြည့်လိုက်သော်လည်း ထိုလူ၏ ပုံပန်းသွင်ပြင်ကို လုံးဝမပိုင်းခြားနိုင်ခဲ့ပေ။
ရွှေရောင်ဝတ်စုံနှင့်လူ၏ ပုံရိပ်သည် ခမ်းနားထည်ဝါနေခဲ့ပြီး၊ သူ၏အရှိန်အဝါသည် မြစ်ကို ဖိနှိပ်ထားခဲ့ကာ၊ ခြေလှမ်းတစ်ခုစီတိုင်းသည် အရှင်မြတ်တစ်ပါး ပြန်လည်ရှင်သန်နိုးထလာသကဲ့သို့ ပိုမိုကြည်လင်လာခဲ့သည်။
အရှေ့ဘက်သို့ သူလမ်းလျှောက်လာသည်နှင့်အမျှ မြစ်သည် ပြိုကွဲသွားတော့အတိုင်း တုန်ခါလာခဲ့သည်။
အဆိုပါမြင်ကွင်းကို ကြည့်ကာ ရှုကျိုး၏ စိတ်နှလုံးသားတစ်ခုလုံး တုန်ရင်သွားခဲ့သည်။
ရွှေရောင်ဝတ်စုံနှင့် လူ၏မျက်နှာကို ခွဲခြားပုံဖော်၍ မရပေ။
“ နတ်သွေးကြောမှတ် လည်ပတ်မှုကို အသက်သွင်းခဲ့တယ်၊ ဒီကမ္ဘာကြီးရဲ့ အုပ်စိုးသူဖြစ်ဖို့ ကံပါလာခဲ့တာပဲ၊ သင့်ရဲ့အမည်နာမကို အချိန်မြစ်ထဲတွင် ရေးထိုးထားမည်၊ သင့်ရဲ့အရိပ်က အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တွေထဲမှာ ထင်ရှားနေမည် “
သူသည် လက်ညှိုထိုးလာခဲ့ရာ၊ ရွှေရောင်အလင်းတန်းတစ်ခုသည် ရှုကျိုး၏ ရှေ့နဖူး အလယ်တည့်တည့်သို့ တိုးဝင်လာခဲ့သည်။
ရှုကျိုး၏ ခန္ဓာကိုယ် လှုပ်ခါသွားခဲ့သည် “ အဲ့တာက မှတ်ဉာဏ်အမွေဆက်ခံမှုလား? “
သူသည် သူ့စိတ်ထဲတွင် ပေါ်လာသည့် လူသားဧကရာဇ် စည်းတံဆိပ်ဟူသည့် ကျင့်ကြံရေးနည်းစနစ်တစ်ခုကို အာရုံခံမိသွားခဲ့သည်။
လူသားဧကရာဇ် စည်းတံဆိပ်၊ ပြိုင်ဘက်ကင်းသော ရှေးဟောင်းထိပ်တန်းနည်းစနစ်တစ်ခု !!!
အဆိုပါ စည်းတံဆိပ်သည် ဤကမ္ဘာကြီးထဲတွင် ပေါ်လာခဲ့ပြီး၊ ကြီးမားသော ကြယ်မြစ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲကာ ရောင်စုံရောစပ်ပါဝင်နေသည့် နတ်အလင်းတန်းတစ်ခုအဖြစ် ဖွဲ့စည်းသွားခဲ့သည်။
၎င်း၏ စွမ်းအားသည် လူသားဧကရာဇ်တစ်ပါးဆင်းသက်လာပြီး သတ္တဝါအားလုံးကို စောင့်ကြည့်နေသကဲ့သို့ အဆုံးမဲ့အချိန်နှင့် အာကာသတို့ကို ဖောက်ထွင်းနိုင်သည်။
“ ဤစည်းတံဆိပ်တော်ကို ကိုင်ဆောင်ထားလျှင် မျိုးနွယ်စုပေါင်း ထောင်ပေါင်းများစွာကို အမိန့်ပေးနိုင်ပြီး၊ ရှေးဟောင်းအမှောင်ထုနယ်မြေကို ဖိနှိပ်နိုင်မယ် “
ဤအမွေဆက်ခံမှုသည် အလွန်ကြီးမားနေခဲ့ပြီး အပြည့်အဝ မပြီးဆုံးသွားသေးပေ။
ရှုကျိုးသည် အဆိုပါ မှတ်ဉာဏ်များကို စုပ်ယူနေရင်းဖြင့် တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။
ပို၍ နားလည်လာလေလေ သူပို၍အံ့ဩသွားရလေလေပင်ဖြစ်သည်၊ ၎င်းမှာ တကယ့်ပြိုင်ဘက်ကင်းအမွေဆက်ခံမှု ဖြစ်သည်။
“ ဝုန်းးး !! “
ထိုအချိန်၌ မြစ်အထက်တွင် ကြီးမားသော အနက်ရောင် လက်တစ်ဖက်ပေါ်လာခဲ့သည်၊ ၎င်း၏ သတ်ဖြတ်လိုစိတ်သည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို လှုပ်ခါသွားစေခဲ့သည်။
အဆိုပါလက်မည်းကြီးသည် အချိန်နှင့် အာကာသတို့ကို ကျော်ဖြတ်နိုင်ပုံရပြီး၊ ရွှေရောင်ဝတ်စုံနှင့်လူကို ဆွဲကိုင်လိုက်သည်။
ကျယ်လောင်သောအသံနှင့်အတူ ရွှေရောင်ဝတ်စုံနှင့်လူသည် ချေမွဖျက်စီးခံလိုက်ရသည်၊ သူ၏အသွေးနှင့်အသားတို့သည် ကြွေကျလာသည့် ကြယ်များကဲ့သို့ မြစ်ထဲသို့ တိုးဝင်သွားတော့သည်။
ချေမွမခံလိုက်ရခင် နောက်ဆုံးသော အခိုက်အတန့်တွင် ရွှေရောင်ဝတ်စုံနှင့်လူမှ လက်ဝါးဖြင့် ရိုက်ချလာခဲ့ကာ အချိန်မြစ်ကို ပိုင်းခြားလိုက်သည်။
ရှုကျိုး၏မျက်လုံးများထဲတွင် ကြောက်လန့်မှုများဖြင့်သာ ပြည့်နှက်နေခဲ့ပြီး၊ သူသည် မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ပေ။
မြစ်သည် ရှုကျိုးကို သယ်ဆောင်ကာ ယခင်ကထပ် အဆပေါင်းသန်းနှင့်ချီ၍ မြန်ဆန်သော အရှိန်မျိုးဖြင့် နောက်ပြန်စီးဆင်းသွားခဲ့သည်။
မြစ်၏အထက်၌ အေးစက်စက် အကြည့်တစ်ခု ပေါ်လာခဲ့သည်၊ ၎င်းသည် ရှုကျိုးကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရရန်အတွက် အချိန်နှင့် အာကာသတို့ကို ကျော်ဖြတ်ချင်နေသည့် သည့်ပုံပင်။
သို့သော် မြစ်၏ ခွဲထွက်သွားမှုကြောင့် ၎င်း၏ဆန္ဒ မပြည့်ဝသွားဘဲ စိတ်ပျက်လက်ပျက်သာ ဖြစ်သွားခဲ့ရသည်။
…
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်
ပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ များသောအားဖြင့် ငြိမ်သက်နေတတ်သည့် ကျောင်းဝန်းသည် တဖြည်းဖြည်း လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။
ပြိုင်ပွဲမတိုင်ခင် သုံးရက်အလိုတွင် အမျိုးမျိုးသော သိုင်းပညာတက္ကသိုလ်များမှ ကျောင်းသူကျောင်းသားများသည် ကွန်ဟန်သိုင်းပညာ တက္ကသိုလ်သို့ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာခဲ့သည်။
နတ်သိုင်းဌာန
ပြိုင်ပွဲကျင်းပမည့် နေရာကို ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ဟု သတ်မှတ်ထားသောကြောင့် ပါဝင်ယှဥ်ပြိုင်သူ၏ ၃၀%သည် ကွမ်ဟန် သိုင်းပညာတက္ကသိုလ်၏ နတ်သိုင်းဌာနမှ လူများဖြစ်ပြီး၊ ကျန်၇၀%မှာ နိုင်ငံတစ်ဝှမ်းရှိ တစ်ခြားသော တက္ကသိုလ်များဆီမှ ဖြစ်သည်။
နိုင်ငံတစ်ဝှမ်းလုံးမှ ရွေးချယ်မှုဟု ပြောထားခဲ့သော်လည်း လူတော်တော်များများသည် တော်ဝင်သိုင်းပညာ တက္ကသိုလ်မှ လူများသာလျှင် ဖြစ်သည်။
တော်ဝင်သိုင်းပညာ တက္ကသိုလ်မှ လူများ၏ စွမ်းအားသည် အတော်လေး ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ ပထမအဆင့် နယ်ပယ်မှ နေရာဆယ်ခုတွင် သူတို့သည် နေရာငါးခုအထိ သိမ်းပိုက်ထားခဲ့သည်။
ဝမ်ချောင်ခုန်းသည် ထိုလူများ၏ ခေါင်းဆောင်ဖြစ်သည်။
ခန်းမတစ်ခုအတွင်း၌
နောက်လိုက်လိုက်ပါများ၏ ဝိုင်းရံခြင်းကို ခံထားရသည့် ရွှေရောင်ချပ်ဝတ်တန်ဆာနှင့် လူငယ်လေးတစ်ဦးသည် ထူးခြားသော အရှိန်အဝါတစ်ခုကို ထုတ်လွှင့်ကာ မတ်တပ်ရပ်နေလျက်ရှိသည်။
သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် ပတ်ပတ်လည်ရှိ ကျောင်းသားကျောင်းသူတိုင်းကို တအံ့တဩဖြစ်သွားစေခဲ့သည်။
“ တော်ဝင်သိုင်းပညာတက္ကသိုလ်က ဝမ်ချောင်ခုန်း “
“ သူက သွေးကြောမှတ် ၁၆၀လုံးဖွင့်ထားတယ်လို့ ကြားခဲ့ရတယ်၊ သူက အကန့်အသတ်တွေကို ချိုးဖျက်ပြီးတော့ လူတွေ တစ်ခါမှ မရောက်ဖူးတဲ့ နယ်ပယ်ဆီကို သွားဖို့ကြံနေတာလို့ ပြောကြတယ် “
တစ်ချို့သော ကျောင်းသူကျောင်းသားများသည် လေးစားအားကျမှုများဖြင့် ကြည့်ကာ တီးတိုးပြောဆိုနေကြသည်။
ဝမ်ချောင်ခုန်း !!
သူသည် တော်ဝင်သိုင်းပညာ တက္ကသိုလ်၏ ပထမအဆင့်နယ်ပယ်တွင် အတောက်ပဆုံးသော ပါရမီရှင်တစ်ဦးဖြစ်ပြီး၊ ယန်တျန်ဒုံမှအပ ဤမျိုးဆက်များထဲတွင် သွေးကြောမှတ် ၁၆၀ဆိုသည့် အကန့်အသတ်သို့ ရောက်ရှိခဲ့သည့် တစ်ဦးတည်းသောလူဖြစ်သည်။
သိပ်မဝေးသောနေရာ၌ လင်းရွှယ်၊ ချန်းခယ်အာနှင့် တစ်ခြားလူများသည် လေးနက်နေသော အမူအရာများဖြင့် ဝမ်ချောင်ခုန်းကို ကြည့်နေကြသည်။
သူမတို့သည် ကွမ်ဟန်သိုင်းပညာတက္ကသိုလ်၏ ပထမအဆင့်နယ်ပယ်မှ အစွမ်းအထက်ဆုံး ပါရမီရှင်များဖြစ်သည်။
သို့သော် ဝမ်ချောင်ခုန်းနှင့် ယှဥ်လိုက်မည်ဆိုပါက သူမတို့သည် အနည်းငယ် နိမ့်ကျနေခဲ့သည်။
ဝမ်ချောင်ခုန်းသည် ထိုအကြည့်များကို အာရုံခံမိသွားသည်၊ သူ၏မျက်နှာအမူအရာတွင် စိတ်ခံစားချက်များ ကင်းမဲ့နေသော်လည်း သူ၏နှုတ်ခမ်းထောင့်များကမူ အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
“ အစ်ကိုဝမ် “
ထိုအချိန်တွင် သူ့ဘေးနားရှိ မြင်းမျက်နှာကဲ့သို့သော လူငယ်တစ်ဦးမှ ရယ်မောလာခဲ့သည် “ ကျွန်တော်ကြားတာတော့ နောက်ဆုံးတစ်ခေါက် ပြိုင်ပွဲတုန်းက လင်းရွှယ်က အစ်ကိုနဲ့ ယှဥ်တိုက်နိုင်ခဲ့တယ်ဆို။ အဲ့တာက အမှန်ပဲလား? “
“ ပေါက်ကရတွေ “ တစ်ခြားသော အဖြူဝတ်လူငယ်တစ်ဦးမှ အေးစက်စွာ ဝင်ပြောလာခဲ့သည် “ ငါကြားတာတော့ လင်းရွှယ်က အစစ်အမှန် သိုင်းပညာဌာနကို ရှုံးသွားခဲ့တယ်တဲ့။ သူမရဲ့စွမ်းအားသာမန်ပါပဲ၊ သူက အစ်ကိုဝမ်ကို ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ? “
ဝမ်ချောင်ခုန်းသည် သူ၏လက်ကို ဝေ့ယမ်း၍ အေးအေးလူလူ ပြောလာခဲ့သည် “ လွန်ခဲ့တဲ့တစ်နှစ်တုန်းက လင်းရွှယ်က ငါနဲ့ယှဥ်တိုက်နိုင်ခဲ့တယ် “
“ ဒါပင်မဲ့ အခုဆိုရင်တော့ ……. အဲ့တာက မသေချာတော့ဘူး “
သူသည် လင်းရွှယ်ကို လှည့်ကြည့်ကာ ပေါ့ပေါ့ပါးပါး ရယ်မောနေတော့သည်။
လင်းရွယ်မှ ရှုကျိုးကို ရှုံးနိမ့်သွားခဲ့သည့် အချိန်မှစ၍ သူမသည် သူ့ပြိုင်ဘက်ဖြစ်လာရန် မထိုက်တန်တော့ပေ။
မြင်းမျက်နှာလူငယ်လေးသည် တဟားဟား ရယ်မောရင်းဖြင့် “ သူမက လင်းမိသားစုရဲ့ မျိုးဆက်ခွဲကလူပဲလေ။ သူမက ခဏလောက်တော့ တောက်ပခဲ့ပင်မဲ့၊ အစ်ကိုဝမ်နဲ့ ဘယ်လိုမှ ယှဥ်နိုင်မှာ မဟုတ်ဘူး “
သူ့ဘေးနားရှိ အဖြူဝတ်လူငယ်လေးမှာလည်း ထပ်မံ၍ စကားဝင်ပြောလာခဲ့သည် “ အဲ့အကြောင်းကို ပြောမှပဲ၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ ဒီမျိုးဆက်ထဲမှာ ထူးချွန်တဲ့ ပါရမီရှင် တကယ်မရှိဘူးပဲ “
ဝမ်ချောင်ခုန်းမှ အေးအေးလူလူ ပြောလာခဲ့သည် “ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ ဒီမျိုးဆက်က တကယ်ကို ကျရှုံးနေတယ်။ ပထမနဲ့ ဒုတိယအဆင့်နယ်ပယ်နှစ်ခုစလုံးက အစစ်အမှန် သိုင်းပညာဌာနကို မဖိနှိပ်နိုင်တော့ဘူး။ အဆုံးမှာတော့ အဲ့တာဝန်က ငါတို့ တော်ဝင်သိုင်းပညာ တက္ကသိုလ်ဆီကိုပဲ ရောက်လာခဲ့တယ် “
သူသည် ခေါင်းတခါခါဖြစ်သွားခဲ့သည်။
၎င်းမှာ ယန်တျန်ဒုံ၏ ဖြစ်ရပ်ကို ညွှန်းဆိုနေခြင်းဖြစ်သည်။
အစစ်အမှန် သိုင်းပညာဌာန၏ ဒုတိယအဆင့်နယ်ပယ်မှ အစွမ်းအထက်ဆုံး ပါရမီရှင်သည် သုံးကွက်အတွင်းမှာပင် ယန်တျန်ဒုံကို ရှုံးနိမ့်သွားခဲ့သည်။
ထိုကဲ့သို့သော မျိုးဆက်များကိုပင် အနိုင်မယူနိုင်သည့် ကွမ်ဟန် သိုင်းတက္ကသိုလ်၏ နတ်သိုင်းဌာနမှာ မည်မျှပင် အခြေအနေဆိုးရွားနေသနည်း?
ထိုစကားများကို ကြားလိုက်ရသောအခါတွင် လင်းရွှယ်၊ ချန်းခယ်အာနှင့် တစ်ခြားလူတို့၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။
လင်းရွှယ်ကမူ တိတ်တဆိတ်သာ ဖြစ်နေခဲ့သည်၊ သို့သော် ချန်းခယ်အာကမူ မည်သို့မျှ အောင့်မထားနိုင်ခဲ့ပေ။
“ ဝမ်ချောင်ခုန်း!! “ ချန်းခယ်အာသည် ရှေ့သို့တက်၍ အေးစက်စွာ ပြောလိုက်သည် “ နင့်စကားတွေကို ဆင်ခြင်ထား၊ ဒါက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ဆိုတာကို မမေ့နဲ့ “
ဝမ်ချောင်ခုန်းသည် သူမကို ကြည့်ကာ အသာအယာ ပြုံးသွားခဲ့သည် “ နင်က ချန်းခယ်အာပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား? နင်က သွေးကြောမှတ် ဘယ်နှခုဖွင့်ထားလဲ? “
“ ၁၅၈ခု “ ချန်းခယ်အာမှ လှောင်ပြောင်လိုက်သည်၊ သူမသည် သူမ၏ စွမ်းအားက ပါဝင်ယှဥ်ပြိုင်သူများကြားထဲတွင် သာမန်ထပ်ပိုသည်ဟု မှတ်ယူထားခဲ့သည်။
“ အားနည်းလွန်းတယ်၊ ရှုကျိုးက မနိုင်တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “
ဝမ်ချောင်ခုန်းသည် တဟားဟားရယ်မော၍ ပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ သူ့ကို ငါဘယ်လို အနိုင်ယူမလဲဆိုတာကို စောင့်ကြည့်နေလိုက်ကြ “
ထိုအချိန်၌ သူသည် ကြီးမားသော ယုံကြည်ချက်များ ရှိနေခဲ့သည်။
သူသည် လင်းရွှယ်နှင့် ချန်းခယ်အာတို့ လူစုအား သူမတို့က ပြိုင်ဘက်ကင်းသည်ဟု ထင်နေသည့် လူက သူ့အရှေ့တွင် ဟာသတစ်ခုသာဖြစ်ကြောင်းကို ပြသချင်နေခဲ့သည်။
ချန်းခယ်အာ၏ အမူအရာ မည်းမှောင်သွားပြီး၊ အေးစက်စွာ လှောင်ပြောင်လိုက်သည် “ နင့်သဘော်ကိုသာ မြောင်းထဲ မကျသွားစေနဲ့ “
ဝမ်ချောင်ခုန်းသည် အပြုံးဖြင့် ခေါင်းခါကာ အေးအေးဆေးဆေး ပြောလာခဲ့သည် “ စကားလုံးတွေက အချည်းနှီးပါပဲ။ နောက်သုံးရက်အကြာမှ ငါနဲ့ ရှုကျိုးကြားမှာရှိတဲ့ ကြီးမားတဲ့ကွာဟချက်ကို နင်တို့အားလုံး တွေ့ရလိမ့်မယ် “
“ ရှုကျိုးက ငါ့ရဲ့ခြေနင်းတုံးဖြစ်ဖို့ ကံပါလာခဲ့တာ “
ချန်းခယ်အာသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။
ထိုအချိန်၌ သူမသည် ရှုကျိုးက ထိုလူကို ဆုံးမနိုင်ပါစေဟုပင် မျှော်လင့်မိသွားခဲ့သည်။
တော်တော် မောက်မာတဲ့ကောင် !!!
“ ကြွားဝါနေတာက မိုးကြိုးပစ်ခံရတတ်တယ်၊ အရိုက်ခံရဖို့ စောင့်နေလိုက် “ ချန်းခယ်အာသည် စိတ်ထဲတွင် ကြမ်းကြမ်းတမ်းတမ်း ကျိန်ဆဲနေခဲ့သည်။
ဝုန်းးးးးးး ~~!!!
ရုတ်တရက် ဆိုသလိုပင် ကျယ်လောင်သော အသံတစ်သံထွက်ပေါ်လာခဲ့ပြီး၊ လျှပ်စီးများလက်လာခဲ့သည်။
???
ချန်းခယ်အာသည် နေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့သည်၊ တကယ်ကြီးကို အကျိုးသက်ရောက်မှု ရှိနေတာလား?
“ ဂျိန်းးးး ~~~!! “
နောက်ထပ် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ၎င်း၏နောက်တွင် ပြိုးပြိုးပျက်ပျက် တောက်ပနေသည့် ရွှေရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
ထိုအချိန်၌ အားလုံး၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
ဘာတွေ ဖြစ်နေတာလဲဟ???
လူတိုင်းမော့ကြည့်လိုက်ရာ၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ဆီသို့ ဦးတည်လာနေသည့် ရွှေရောင်အလင်းတန်းတစ်ခုကို မြင်တွေ့သွားကြသည်။
ချန်းခယ်အာ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားတော့သည်၊ မဖြစ်နိုင်ပါဘူး၊ ငါက ပေါ့ပေါ့ပါးပါးပြောလိုက်တာလေ၊ တကယ်ကြီးကို မိုးကြိုးပစ်လာတာလား?
သို့သော် သိပ်မကြာခင်မှာပင် သူမသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
အဆိုပါ ရွှေရောင်အလင်းတန်းသည် မိုးကြိုးမဟုတ်ဘဲ၊ အလင်းတန်းတစ်ခုမျှသာ ဖြစ်နေခဲ့သည်၊ ထို့အပြင် ၎င်းသည် နတ်သိုင်းဌာနဆီသို့ ဦးတည်နေခြင်း မဟုတ်ဘဲ အစစ်အမှန် သိုင်းပညာဌာနဘက်သို့သာ ဦးတည်နေခြင်းဖြစ်သည်။
၎င်းနှင့်အတူ ကျယ်လောင်ကာ ခမ်းနားသည့် ရှေးဟောင်းအသံကြီးတစ်သံ ပဲ့တင်ထပ်ပေါ်ထွက်လာခဲ့သည်။
“ ပထမအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်၊ လူသားဧကရာဇ်ရဲ့ကောင်းချီး၊ ရွှေစင်တစ်သောင်းဆုလဒ်၊ နဂါးစွမ်းအင် သန့်စင်ခြင်း၊ သင့်အား လူသားဧကရာဇ်၏ ဩဇာအာဏာကို အပ်နှင်းလိုက်သည်၊ သင်၏အနာဂတ်လမ်းကြောင်းကို ကာကွယ်လော့ “