← Chapters

ဧကရာဇ်မှ ကောင်းချီးပေးသည်၊ မသေမျိုးအဆင့်ကို ရောက်သွားပြီ

Vol. 18 Ch. 259

ဧကရာဇ်မှ ကောင်းချီးပေးသည်၊ မသေမျိုးအဆင့်ကို ရောက်သွားပြီ

Vol. 18 Ch. 259

ပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ အမြဲလိုလို တိတ်ဆိတ်နေတတ်သည့် အစစ်အမှန် သိုင်းပညာဌာနမှာလည်း အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။

ထိုအချိန်၌ အစစ်အမှန် သိုင်းပညာဌာန၏ ပြိုင်ပွဲဝင်အားလုံး ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရှုကျိုးကမူ တံခါးပိတ်ကျင့်ကြံနေစဲသာဖြစ်သည်။

လူတော်တော်များများ ဇဝေဇဝါဖြစ်သွားကြသည် “ ရှုကျိုး ဘယ်မှာလဲ? သူက အခုထိ လေ့ကျင့်နေတုန်းပဲလား? “

“ ပြိုင်ပွဲစဖို့ ရက်နည်းနည်းပဲ ကျန်တော့တယ်လေ၊ သူက အများကြီး မတိုးတက်နိုင်တော့ဘူးလေ၊ ဟုတ်တယ်မလား? “

ပထမအဆင့်နယ်ပယ်၌ တစ်ခြားသော ကျောင်းမှ ပြိုင်ပွဲဝင်များကလည်း အနည်းငယ် စိုးရိမ်ပူပန်လာကြပြီဖြစ်သည်။

ယခင်ကစီစဥ်ထားမှုများအရ ရှုကျိုးသည် ပထမအဆင့်နယ်ပယ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။

ပြိုင်ပွဲစတင်ရန် သုံးရက်သာ လိုတော့သည့်အချိန်တွင် ခေါင်းဆောင်ဖြစ်သူကို မမြင်ရခြင်းမှာ သူတို့ကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။

ကျိုးယွမ်သည် သူတို့ကို အာမခံလိုက်သည် “ အေးအေးဆေးဆေးနေကြပါ၊ ရှုကျိုးက တော်တော်ကြီးကို စွမ်းတယ်။ ပထမအဆင့်နယ်ပယ် ပြိုင်ပွဲမှာ ငါတို့ကပဲ အနိုင်ရလိမ့်မယ်လို့ အာမခံတယ် “

တစ်ခြားကျောင်းမှ လူငါးဦးက ခေါင်းငြိမ့်ပြလာခဲ့သည်၊ သို့သော် သူတို့၏ စိတ်ထဲတွင်မူ သူတို့သည် ၎င်းကို မယုံကြည်နိုင်ဖြစ်နေလျက်ရှိသည်။

အကယ်၍ သူကသာ အမှန်တကယ် သန်မာနေမည်ဆိုပါက မည်သည့်အတွက်ကြောင့် နောက်ဆုံးအချိန်အထိ လေ့ကျင့်နေမည်နည်း?

အစစ်အမှန် သိုင်းပညာဌာနက အဆင့်တူတွင် ပြိုင်ဘက်ကင်းသည်ဟု ပြောကြသော်လည်း၊ ကြောက်ခမန်းလိလိ တိုးတက်လာသည့် နတ်သိုင်းဌာနနှင့် ယှဥ်လိုက်မည်ဆိုပါက အနည်းငယ် နိမ့်ကျနေစဲဖြစ်သည်။

အထူးသဖြင့် သူတို့လိုလူများဖြစ်ပြီး၊ သူတို့ထဲတွင် Sအဆင့်စွမ်းရည်ပိုင်ရှင် တစ်ဦးမှ မပါဝင်ပေ၊ အမြင့်ဆုံးအနေဖြင့် Aအဆင့်စွမ်းရည်ပိုင်ရှင်သာ ရှိနေခဲ့သည်။

၎င်းသည် အစစ်အမှန် သိုင်းပညာဌာန၏ ယခုလက်ရှိ အနေအထားပင်ဖြစ်သည်။

တစ်ခြားတစ်ဘက်၌ ချင်ဖုန်းသည် ရှန့်ဝမ်ချန်းနှင့် ဆွေးနွေးညှိနှိုင်းနေလျက်ရှိသည်။

“ အလယ်အလတ် တတိယအဆင့်ကို ရောက်သွားပြီလား? “

“ ဟုတ် “

“ မင်းမှာ ယုံကြည်ချက်ရှိလား? “ ရှန့်ဝမ်ချန်းသည် ချင်ဖုန်းကို ကြည့်လာခဲ့သည်။

ချင်ဖုန်းသည် ယုံကြည်မှုအပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည် “ ကျွန်တော်က နတ်တံတားရဲ့ ရှေ့ပြေးပုံစံကိုတောင် တည်ဆောက်ပြီးသွားပြီ၊ တတိယအဆင့်က ထိပ်တန်း စစ်သည်တော်တွေကို ရင်ဆိုင်ရမယ်ဆိုရင်တောင် ကျွန်တော် မရှုံးနိုင်ဘူး “

တတိယအဆင့်နယ်ပယ်သည် နတ်တံတား နယ်ပယ်ဟုလည်း လူသိများလေ့ရှိသည်။

သွေးကြောမှတ်များနှင့် ကလီစာငါးခုကြားတွင် တံတားတစ်ခုတည်ဆောက်ခြင်းသည် စတုတ္ထအဆင့်သို့ ရောက်ရှိသွားသည့်နောက်တွင် ကလီစာငါးခု၏ ကျင့်ကြံရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။

တတိယအဆင့်သို့ ရောက်လာပါက နတ်တံတားကို တည်ဆောက်နိုင်သရွေ့ တိုက်ခိုက်ရေးစွမ်းအားက တည်ငြိမ်သွားမည် ဖြစ်သည်။

ထို့ကြောင့် ချင်ဖုန်းမှ သူက တတိယအဆင့် ထိပ်တန်းစစ်သည်တော်များနှင့် ယှဥ်ပြိုင်နိုင်သည်ဟု ပြောဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

အလယ်အလတ် တတိယအဆင့်တွင် နတ်တံတား၏ ရှေ့ပြေးပုံစံကို တည်ဆောက်ခဲ့ပြီးသည့်နောက်တွင် ရှေ့ဆက်လုပ်ရမည့် တာဝန်မှာ အဆိုပါတံတားကို ခိုင်မာသွားအောင် ပြုလုပ်ခြင်းဖြစ်သည်၊ တစ်နည်းဆိုရသော် ၎င်းသည် တတိယအဆင့်မှ ထိပ်တန်းပါရမီရှင်များနှင့် များစွာကွာခြားနေတော့မည် မဟုတ်ပေ။

ချင်ဖုန်းမှ တဟားဟားရယ်မောနေတော့သည် “ စိတ်မပူပါနဲ့၊ ဌာနမှူး၊ အချိန်ကျလာရင် အဲ့ဒီခွေးသားတွေကို ကျွန်တော်က ဘယ်လိုချေမွမလဲဆိုတာကို စောင့်ကြည့်နေလိုက်ပါ “

ရှန့်ဝမ်ချန်းသည် သူ့အား မျက်စောင်းထိုးကြည့်လာတော့လေသည်၊ ဒီကလေးက တကယ်ကို မယုံရတာပဲ။

သို့ရာ၌ ချင်ဖုန်း၏ စကားကို ကြားခဲ့ပြီးသည့်နောက်တွင် ရှန့်ဝမ်ချန်းသည် အတော်အတန် စိတ်သက်သာရာရသွားခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက သူသည်လည်း ပြိုင်ပွဲကြောင့် ဖိအားများ ခံစားနေခဲ့ရသည်။

ချင်ဖုန်းနှင့် တစ်ခဏခန့် စကားပြောနေခဲ့ပြီးသည့်နောက်တွင် ရှန့်ဝမ်ချန်းသည် ချန်းရှင်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

“ ချန်းရှင်၊ မင်းရဲ့ ဒဏ်ရာတွေရော အပြည့်အဝ ကောင်းသွားပြီလား? “

ချန်းရှင်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ပျောက်လုနီးပါး ဖြစ်နေပါပြီ “

ရှန့်ဝမ်ချန်းသည် ကိုယ့်ကိုကိုယ့် အပြစ်တင်နေသည့် အကြည့်များဖြင့် သူမကို ကြည့်နေခဲ့သည်။

ထိုနေ့က သူသာ အချိန်မှီ ရောက်သွားခဲ့မည်ဆိုပါက ချန်းရှင်သည် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုအချိန်က သူသည် သွေးကြောမှတ် လည်ပတ်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေခဲ့ပြီး၊ ရှုကျိုးကိုသာ အလေးပေးနေခဲ့မိသည်။

အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် သူရောက်သွားသည့် အချိန်တွင် အရာအားလုံး နောက်ကျနေခဲ့ပြီဖြစ်သည်။

ရှန့်ဝမ်ချန်းမှ လေးလေးနက်နက် ပြောလာခဲ့သည် “ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့က အရေးအကြီးဆုံးဆိုတာကို မှတ်ထားရမယ်၊ နားလည်လား? “

သူသည် ပြိုင်ပွဲအနိုင်ရရန်အတွက် အသက်ကို မစွန့်စားသင့်ဘူးဟု ဆိုလိုနေခြင်း ဖြစ်သည်။

ချန်းရှင်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကျွန်မသိပါတယ်၊ မဆင်မခြင်လုပ်မှာ မဟုတ်ပါဘူး “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်း စိတ်သက်သာရာရသွားခဲ့သည်၊ ကောင်မလေး၏ မျက်လုံးများထဲတွင် ရှိနေသည့် စိတ်ပိုင်းဖြတ်ထားမှုကို သူသတိမပြုမိခဲ့ချေ။

ဒုတိယအဆင့်နယ်ပယ်မှ ပြိုင်ပွဲဝင်များကြားရှိ လေထုကမူ အတော်လေး မှိုင်းပြနေခဲ့သည်။

“ ယန်တျန်ဒုံကို ဘယ်သူက တိုက်နိုင်မှာလဲ? “

“ အင်း၊ အဲ့လူရှိနေရင်တော့ ပွဲက ပြီးသလောက်ဖြစ်နေပြီ “

“ ယန်တျန်ဒုံက ချန်းရှင်ရဲ့ ခြေထောက်တွေကို ဖြတ်ခဲ့တယ်လို့ ငါကြားခဲ့ရတယ်၊ အဲ့တာက အမှန်ပဲလား? “

“ အမှန်ဖြစ်ဖို့ များတယ်၊ ချန်းရှင်ရဲ့ အခြေအနေက သိပ်မကောင်းဘူး “

လူတစ်ချို့သည် ချန်းရှင်ကို တိတ်တဆိတ် ငေးကြည့်ကာ သက်ပြင်းတချချဖြစ်သွားပြီး၊ အမူအရာများ မည်းမှောင်သွားတော့သည်။

ချန်းရှင်သည် ဒုတိယအဆင့်နယ်ပယ်တွင် အစွမ်းအထက်ဆုံး ပြိုင်ပွဲဝင်ဖြစ်ပြီး၊ ဒုတိယအဆင့်နယ်ပယ်အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။

သူမ၏ ရှုံးနိမ့်မှုသည် အဖွဲ့အပေါ်သို့ ကြီးကြီးမားမား ရိုက်ခတ်သွားခဲ့သည်။

“ အားလုံးပဲ !! “

ရှန့်ဝမ်ချန်းမှ လည်ချောင်းကို ရှင်းကာ လူအုပ်ကြီးကို ငြိမ်ကျသွားစေခဲ့သည်။

“ ကျုပ်က ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်က အစစ်အမှန် သိုင်းပညာဌာနရဲ့ ဌာနမှူးပါ “

“ လူတစ်ချို့က လာမဲ့ပြိုင်ပွဲအတွက် စိုးရိမ်တကြီးဖြစ်နေကြတာကို ကျုပ်သိပါတယ်၊ ကျုပ်လည်းပဲ ဖိအားတွေ ဝင်နေတာပါပဲ “

“ ဒါပင်မဲ့ ခွန်အားအတွက်တော့ ဖိအားတွေက နှောင်ကြိုးမဟုတ်ပါဘူး၊ အဲ့တာတွေက အလားအလာတွေကို နှိုးဆွပေးမဲ့ လောင်စာပါပဲ။ ဖိအားပိုကြီးလေလေ၊ ပုန်းကွယ်နေတဲ့ အစွမ်းတွေက ပိုးအိမ်ထဲက ထွက်လာတဲ့ လိပ်ပြာလို ပိုပြီးတော့ အားကောင်းလေလေပါပဲ “

“ မင်းတို့အားလုံးက အစစ်အမှန် သိုင်းပညာဌာနရဲ့ ဂုဏ်ယူစရာတွေပါ၊ မင်းတို့တွေထဲမှာ အားနည်းတဲ့လူ တစ်ယောက်မှ မပါဘူးဆိုတာကို ကျုပ်ယုံကြည်တယ် “

“ … “

ဌာနမှူး၏ စကားလုံးများနှင့်အတူ အားလုံး၏ ခါးများ ဖြောင့်တန်းလာကြပြီး၊ ခေါင်းငုံ့နေခဲ့သည့် လူများမှာလည်း ယုံကြည်မှုအပြည့်ဖြင့် ခေါင်းပြန်မော့လာကြသည်။

သူတို့သည် အစစ်အမှန် သိုင်းပညာဌာန၏ အထူးချွန်ဆုံးသော ပါရမီရှင်များဖြစ်ပြီး၊ အဆင့်တူတွင် ပြိုင်ဘက်ကင်းသည့် ယုံကြည်မှုကို သက်သေပြရန်အတွက် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

ယန်တျန်ဒုံ၏ လွှမ်းမိုးမှုကသာလျှင် အနည်းငယ် ကြီးစိုးနေခဲ့ပြီး၊ သူတို့ကို ဖိအားဝင်သွားစေခြင်းဖြစ်သည်။

သို့သော် အဆိုပါ ဖိအားသည် သူတို့၏ တိုက်ပွဲဝင်လိုစိတ်များကို မရပ်တန့်နိုင်ခဲ့ပေ။

သို့ရာတွင် တစ်ခြားကျောင်းတစ်ခု၏ ပထမအဆင့်နယ်ပယ်မှ ကျောင်းသားတစ်ဦးသည် မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ဌာနမှူးရှန့်၊ ရှုကျိုးက တံခါးပိတ်လေ့ကျင့်နေတုန်းပဲလားဗျ? “

ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလိုက်သည် “ ရှုကျိုးက အရေးအကြီးဆုံး အခိုက်အတန့်ကို ရောက်နေတာ “

“ သူက ဝမ်ချောင်ခုန်းကို အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်လားဗျ? “

လူတိုင်း အာရုံစိုက်လာကြသည်၊ သူတို့သည် ၎င်းကို အတော်လေး သိချင်နေကြသည်။

ပထမအဆင့် နယ်ပယ်၏ အဖွဲ့ခေါင်းဆောင်ရှုကျိုးက ဝမ်ချောင်ခုန်းကို ယှဥ်တိုက်နိုင်မည်လား?

အကယ်၍ သူသာ မတိုက်နိုင်ဘူးဆိုပါက ပထမအဆင့်နယ်ပယ်ပြိုင်ပွဲမှာလည်း ပြီးဆုံးသွားလိမ့်မည် ဖြစ်သည်။

ရှန့်ဝမ်ချန်း၏ အကြည့်မှာလည်း လေးနက်သွားခဲ့ပြီး၊ စကားပြောရန် ပြင်လာခဲ့သည်။

“ ဂျိန်းးး !!!! “

ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာခဲ့ပြီး၊ အစစ်အမှန် သိုင်းပညာဌာနအတွင်းရှိ စံအိမ်နယ်မြေဆီသို့ ဦးတည်လာခဲ့သည်။

“ ပထမအဆင့် အထွတ်အထိပ်၊ ဧကရာဇ်၏ ကောင်းချီးဆင်းသက်လာပြီ၊ ရွှေစင်တစ်သောင်း ရရှိမည်၊ နဂါးအရှိန်အဝါဖြင့် သန့်စင်မည်၊ ဧကရာဇ်၏ မြင့်မြတ်ရောင်ဝါနှင့် လွှမ်းခြုံကာ သင်၏အနာဂတ် ခရီးလမ်းကြောင်းကို ကောင်းချီးပေးမည် “

ခမ်းနားထည်ဝါသော အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။

အစစ်အမှန် သိုင်းပညာဌာနရှိ လူတိုင်း မှင်သက်သွားကြသည်။

ရွှေရောင်အလင်းတန်းသည် ရှေးဟောင်းအရှိန်အဝါတစ်ခုကို သယ်ဆောင်ကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ချိတ်ဆက်ပေးထားသည့် တံတားတစ်စင်းကဲ့သို့ တလက်လက် တောက်ပနေလျက်ရှိပြီး၊ အစစ်အမှန် သိုင်းပညာဌာနအပေါ်သို့ ကျရောက်လာခဲ့သည်။

“ မင်းမေ*%##$$ ဘာတွေဖြစ်နေတာလဲ? “

“ ငါတို့ဌာနက တစ်ယောက်ယောက်က ပထမအဆင့်ရဲ့ အကန့်အသတ်တွေကို ချိုးဖျက်သွားတာလား? “

“ ဧကရာဇ်ရဲ့ ကောင်းချီးဆိုတာက ဘာစကားကြီးတုန်းဟ? “

ချက်ချင်းဆိုသလိုပင် လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။

All Chapters