← Chapters

ဧကရာဇ်မှ ကောင်းချီးပေးသည်၊ မသေမျိုးအဆင့်ကို ရောက်သွားပြီ ၂

Vol. 18 Ch. 260

ဧကရာဇ်မှ ကောင်းချီးပေးသည်၊ မသေမျိုးအဆင့်ကို ရောက်သွားပြီ ၂

Vol. 18 Ch. 260

ချင်ဖုန်းသော်လည်းကောင်း၊ ချန်းရှင်သော်လည်းကောင်း၊ တစ်ခြားလူများသော်လည်းကောင်း ဤနေရာတွင် ရှိနေကြသည့် လူတိုင်း အံ့ဩမှင်သက်သွားကြသည်၊ သူတို့သည် ဤမျှ အံ့ဖွယ်ကောင်းသည့် မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးပေ။

ဌာနမှူးဖြစ်သည့် ရှန့်ဝမ်ချန်းကမူ နေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့သည်။

“ ဧကရာဇ်ရဲ့ ကောင်းချီး၊ ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်လား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? “

“ ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်လား? “

ချင်ဖုန်းသည် ရှန့်ဝမ်ချန်း၏ စကားလုံးများကို ကြားသွားပြီး၊ နိုးနိုးကြားကြား ဖြစ်သွားတော့သည် “ တစ်ယောက်ယောက်က နိယာမ တစ်ခုခုကို ချိုးဖျက်လိုက်လို့ ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်ပေါ်လာတာလား? “

ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလာခဲ့ကာ ရေရွတ်ပြောဆိုနေတော့သည် “ တစ်ခါတုန်းက ရှေးဟောင်းဒဏ္ဍာရီလာစာပေတွေထဲမှာ ဖတ်ခဲ့ဖူးတယ်၊ နယ်ပယ်တစ်ခုရဲ့ အကန့်အသတ် ကျိုးပျက်သွားရင် ကောင်းကင်နဲ့ မြေပြင် အရောင်ပြောင်းလဲသွားပြီးတော့ သားရဲတွေ ဟိန်းဟောက်လာကြမယ်တဲ့၊ ရောင်စုံအလင်းတန်းတွေကလည်း မိုင်တစ်သောင်းအထိ ပျံ့နှံ့ဖုံးလွှမ်းနေမယ်တဲ့ “

“ ဧကရာဇ်ကောင်းချီးက ဘာကိုဆိုလိုတာလဲဗျ? “

“ ဧကရာဇ်ကောင်းချီး၊ မသေမျိုးတွေကြားက နေရာတစ်ခု !! “

ရှန့်ဝမ်ချန်းသည် မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ဒါပင်မဲ့ အဲ့တာတွေက ဒဏ္ဍာရီတွေပဲ၊ နောက်ပိုင်းမျိုးဆက်တွေက အဲ့ကိစ္စကို အတည်မပြုနိုင်ခဲ့ဘူး။ အဲ့တာတွေက တကယ်ကြီး မှန်နေတာများလား? “

သူသည် ဆက်လက်၍ ရေရွတ်ပြောဆိုနေခဲ့သည် “ အဲ့ဒီမှာ ရှေးခတ်သိုင်းပညာရှင်တစ်ယောက်ယောက် ရှိနေတာများလား? ကျင့်ကြံရေး ကမ္ဘာက လွန်ခဲ့တဲ့ နှစ်၃၀၀လောက်တုန်းကမှ စခဲ့တာ မဟုတ်ဘူးလား? အဲ့ဒီအချိန်မတိုင်ခင်တုန်းက ဘာကျင့်ကြံရေးနည်းစနစ်မှ မရှိခဲ့ဘူးလေ “

ဘေးဘက်ရှိ ချင်ဖုန်းသည် ရှန့်ဝမ်ချန်း ရေရွတ်ပြောဆိုနေသည့် စကားများကို နားထောင်ရင်းဖြင့် ကျောချမ်းသွားခဲ့သည်။

၎င်းမှာ သူက လျှို့ဝှက်ချက်တစ်ချို့ကို သိလိုက်ရသည်နှင့် တူညီနေခဲ့သည်။

သူ့အရှေ့ရှိ မြင်ကွင်းသည် ဌာနမှူးပြောထားသကဲ့သို့ ရောင်စုံအလင်းတန်းများဖြင့် ပြည့်နှက်မနေခဲ့သော်လည်း၊ ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်ဆိုသည်ကိုတော့ ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ပေ။

ချင်ဖုန်းသည် ရေတံခွန်ကဲ့သို့ ဆင်းသက်လာကာ ရွှေရောင်နဂါးတစ်ကောင်၏ အရိပ်မျိုး ထင်ဟပ်နေသည့် ရွှေရောင်အလင်းတန်းတည်ရှိရာ ကောင်းကင်ယံကို ငေးကြည့်နေတော့သည်။

“ ဟမ်? “

ချင်ဖုန်းသည် သူ၏မျက်လုံးများကို ပွတ်၍ ထပ်ကြည့်လိုက်ရာ မည်သည့်ရွှေရောင်နဂါးကိုမှ ထပ်မတွေ့ရတော့ပေ။

“ ငါအမြင်မှားသွားတာများလား? “

ဘေးနားရှိ ချန်းရှင်မှာလည်း လမ်းလျှောက်လာ၍ စကားဝင်ပြောလာခဲ့သည် “ ဌာနမှူး၊ ဂျူနီယာမောင်လေးက ပထမအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်ကို ချိုးဖျက်လိုက်တာလား? “

ထိုစကားကို ကြားလိုက်ရသည့်အချိန်မှသာလျှင် ရှန့်ဝမ်ချန်း သတိပြန်ဝင်လာခဲ့သည် “ ဟုတ်တယ်၊ အစစ်အမှန် သိုင်းပညာဌာနမှာ အဲ့လိုလုပ်နိုင်တဲ့လူက ဘယ်သူရှိလို့လဲ? အဲ့ကလေးပဲ နေမှာပေါ့ “

“ ဝှစ် !!! “

ရှန့်ဝမ်ချန်း၏ ပုံရိပ်သည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

…

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၌ တစ်ကျောင်းလုံး ထူးထူးခြားခြား ပွက်လောရိုက်နေလျက်ရှိသည်။

အားလုံးသည် ကောင်းကင်ယံကို ကြည့်ကာ တအံ့တဩဖြစ်နေကြသည်၊ ဆဌမအဆင့်နှင့် သတ္တမအဆင့်မှ နည်းပြဆရာ၊ ဆရာမများကပင် တအံ့တဩဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။

သူတို့သည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့ပြီးပြီဖြစ်သော်လည်း ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။

“ တစ်ယောက်ယောက်က ကန့်သတ်ချက်တစ်ခုကို ချိုးဖျက်လိုက်ပြီးတော့ ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်ကို နှိုးဆွမိသွားတာလား?

“ ဧကရာဇ်ကောင်းချီး၊ အဲ့တာက ဒဏ္ဍာရီထဲက ပုံပြင်တွေ မဟုတ်ဘူးလား? “

“ ဘယ်ကျောင်းသူကျောင်းသားလဲ? သူတို့ဆီမှာ သူတော်စင်တစ်ယောက်ရှိနေတယ် !!! “

တစ်ချို့သော နည်းပြဆရာ၊ ဆရာမများသည် တအံ့တဩဖြင့် ရေရွတ်ပြောဆိုနေကြသည်။

ရှေးခေတ်ဒဏ္ဍာရီများအရ လူတစ်ချို့ မွေးလာသည့်အချိန်တွင် ကောင်းကင်ဘုံ သဘာဝဖြစ်စဥ် ပေါ်လာခဲ့ပြီး၊ မိုင်ထောင်နှင့်ချီ၍ ဖုံးလွှမ်းနေသည့် ထင်ရှားသော နမိတ်လက္ခဏာများ ပေါ်လာခဲ့ဖူးသည်။

တစ်ချို့သော နယ်ပယ်များ ထိုးဖောက်ခြင်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို လှုပ်ခါသွားစေတတ်သည်။

ဒဏ္ဍာရီမှတ်တမ်းများအရ မသေမျိုးအဆင့်ထဲသို့ ရောက်ရှိသွားသည့်လူများကို သူတော်စင်အဖြစ် တစ်သက်တာမှတ်တမ်းတင်ခဲ့ကြသည်။

နတ်သိုင်းဌာန၌

ပုံရိပ်အများအပြားသည် အံ့ဖွယ်ကောင်းသည့် အရှိန်အဝါများကို ဖြန့်ကျက်ကာ ကောင်းကင်ယံသို့ တက်လာကြသည်။

“ ကန့်သတ်ချက်ကို ချိုးဖျက်သွားတာလား? တစ်ယောက်ယောက်က သွေးကြောမှတ် ၁၆၁ခုအထိ ဖွင့်နိုင်ခဲ့တာလား? “

“ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနကလား? အဲ့တာက ဘယ်သူလဲ? “

နတ်သိုင်းဌာနမှ ပညာရှင်များ၏ အမူအရာများသည် တစ်ဦးပြီးတစ်ဦး မည်းမှောင်သွားကြသည်။

ဧကရာဇ်ကောင်းချီးနှင့် ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်တို့က အစစ်အမှန် သိုင်းပညာဌာနဘက်တွင် ပေါ်ထွက်လာခြင်းမှာ သူတို့အတွက် သတင်းကောင်း မဟုတ်ပေ။

ပညာရှင်တော်တော်များများသည် တိတ်တဆိတ် စူးစမ်းလေ့လာရန် ကြိုးပမ်းလိုက်သော်လည်း၊ ရွှေရောင်အလင်းတန်း၏ ပိတ်ဆို့ခြင်းကိုသာ ခံခဲ့ရသည်။

သူတို့သည် အဆိုပါ ဧကရာဇ်ကောင်းချီး၏ ပိုင်ရှင်က မည်သူဖြစ်နေမလဲဆိုသည်ကို အချိန်အတိုင်းအတာတစ်ခုအထိ မသိခဲ့ကြပေ။

…

ရှေးကျကာ ရိုးရှင်းသည့် ခြံဝန်းတစ်ခုအတွင်း၌

တင်ပျဥ်ခွေထိုင်နေသည့် ဝုချင်းရှန်သည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားပြီး၊ ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်ဘက်သို့ လှမ်းကြည့်လာခဲ့သည်။

“ ဧကရာဇ်ကောင်းချီး၊ တစ်ယောက်ယောက်က အကန့်အသတ်ကို ချိုးဖျက်သွားတာလား? “

ဝုချင်းရှန်၏ မျက်လုံးများသည် တလက်လက် တောက်ပသွားခဲ့ပြီး၊ နတ်သိုင်းဌာနရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

“ ထူးဆန်းတယ်၊ ငါဘာမှမမြင်ရဘူး ……. အဲ့ကလေး ရှုကျိုးများလား? “

သူသည် ရှန့်ဝမ်ချန်းနှင့် အဆက်အသွယ်ရှိနေခဲ့ပြီး၊ ရှုကျိုး၏ အခြေအနေ အတိအကျကို မသိခဲ့သော်လည်း၊ ရှုကျိုး၏ ကျင့်ကြံရေး အမြန်နှုန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်နေသည်ဆိုသည်ကိုတော့ သိနေခဲ့သည်။

“ တကယ်လို့ သူသာ ဖြစ်နေမယ်ဆိုရင်တော့၊ အဲ့ကလေးက တော်တော်ကြီးကို ထူးခြားတာပဲ၊ သွေးကြောမှတ် ၁၆၁ခု ဖွင့်နိုင်ခဲ့တာလား? ”

ဝုချင်းရှန်သည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး မျက်ခုံးများ မြင့်တက်သွားခဲ့သည်။

“ ဧကရာဇ်ရဲ့ ကောင်းချီး၊ မသေမျိုးအဆင့်ထဲက နေရာတစ်နေရာ ……… ဒဏ္ဍာရီထဲက ရှေးဧကရာဇ်က တကယ်ကြီး တည်ရှိနေတာလား? “

ဝုချင်းရှန်သည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်၊ အကယ်၍ ၎င်းကသာ မှန်ကန်နေခဲ့မည်ဆိုပါက ရုတ်ရုတ်သဲသဲဖြစ်သွားစေမည်မှာ မလွဲမသွေပင်။

ရုတ်တရက်ဆိုသလိုပင် သူ၏အမူအရာပြောင်းလဲသွားခဲ့သည်။

ဝှစ် !!

သူ၏ပုံရိပ်သည် သူထိုင်နေသည့် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူသည် လက်နောက်ပစ်ထားသော အမူအရာဖြင့် ကွမ်ဟန် သိုင်းပညာတက္ကသိုလ်အထက်တွင် ပေါ်လာခဲ့ကာ လေဟာနယ်ထဲတွင် မတ်တပ်ရပ်နေတော့သည်။

“ ထွက်သွားစမ်း !!! “

ဝုချင်းရှန်မှ အေးစက်စွာ အော်ပြောလာခဲ့သည်၊ သူ၏အကြည့်ပင် အေးစက်နေခဲ့ကာ အသံလှိုင်းသည် နေရာအနှံ့အပြားသို့ ရောက်ရှိသွားခဲ့သည်။

ဝုန်းးး ဝုန်းးးး !!!

ကောင်းကင်ဘုံ၏ အမျက်ဒေါသကဲ့သို့သော မိုးချိန်းသံများပေါ်ထွက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အပြင်ဘက်မှ ချောင်းကြည့်နေသည့် မျက်လုံးပေါင်းများစွာသည် လုံးဝပျောက်ကွယ်သွားခဲ့သည်။

ဝုချင်းရှန်သည် အေးစက်စွာ စိုက်ကြည့်နေခဲ့ပြီး၊ ထိုမျက်လုံးများ ပျောက်ကွယ်သွားသည့်နောက်မှ သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

နည်းပြဆရာတစ်ဦး ပျံသန်းလာခဲ့သည် “ ကျောင်းအုပ်ကြီး၊ ဘာဖြစ်လို့လဲဗျ? “

“ ဘာမှမဟုတ်ပါဘူး၊ တစ်ချို့ကြွက်လေးတွေက အလင်းရောင်ကို ကြောက်နေလို့ပါ “ ဝုချင်းရှန်မှ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့သည်။

ထိုလူ နားလည်သွားခဲ့သည်၊ ၎င်းမှာ လနတ်ဘုရားဂိုဏ်းမှ လူများကို ညွှန်းဆိုနေခြင်းဖြစ်သည်။

ဧကရာဇ်ကောင်းချီးနှင့် ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်တို့သည် လူတော်တော်များများ၏ အာရုံများကို ဆွဲဆောင်ထားခဲ့ပြီဖြစ်သောကြောင့် တစ်ချို့သော ပိုးကောင်လေးများ ရောက်လာသည်မှာ ပုံမှန်သာဖြစ်သည်။

ဝုချင်းရှန်သည် စိုးရိမ်ပူပန်နေသည့်မျက်လုံးများနှင့်အတူ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဧကရာဇ်ကောင်းချီး၏ ကောင်းကင်ဘုံ သဘာဝဖြစ်စဥ်သည် အလွန်းကြီးကျယ်ခမ်းနားလွန်းနေခဲ့သည်၊ အဆိုပါ သတင်းက နေရာအနှံ့သို့ တစ်ခဏလေးအတွင်းပျံ့နှံ့သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

၎င်းသည် တစ်ချို့သော ဒဏ္ဍာရီများက မှန်ကန်သည်ဟု သက်သေပြသွားခဲ့သည်။

ဤအကျိုးသက်ရောက်မှုမှာ အလွန်ကြီးမားထင်ရှားနေခဲ့သောကြောင့် မုန်တိုင်းကြီးတစ်ခုကို ဖြစ်ပေါ်လာစေလိမ့်မည် ဖြစ်သည်။

…

နတ်သိုင်းဌာန၏ ခန်းမတစ်ခုအတွင်း၌

လင်းရွှယ်၊ ဝမ်ချောင်ခုန်းနှင့် တစ်ခြားလူများသည်လည်း ကောင်းကင်ယံရှိ မြင်ကွင်းကို ကြည့်ကာ အံ့ဩတုန်လှုပ်နေလျက်ရှိသည်။

အထူးသဖြင့် ဝမ်ချောင်ခုန်းဖြစ်ပြီး၊ သူ၏ အမူအရာသည် အနည်းငယ် မှုန်မှိုင်းနေခဲ့ပြီဖြစ်သည်။

“ တစ်ယောက်ယောက်က သွေးကြောမှတ် ၁၆၁ခု ဖွင့်နိုင်ပြီးတော့ ငါ့ရှေ့ကို ရောက်သွားတာလား? “

ဝမ်ချောင်ခုန်းသည် ကောင်းကင်ယံရှိ မြင်ကွင်းကို ကြည့်ကာ လက်သီးဆုပ်နေရင်းဖြင့် ရေရွတ်ပြောဆိုနေတော့သည် “ ဧကရာဇ်ကောင်းချီး၊ အဲ့တာက ငါ့ဟာပဲ ဖြစ်သင့်တယ် “

သူသည် ပတ်ဝန်းကျင်ကို ငေးကြည့်လိုက်ပြီး၊ လူအများ၏ အာရုံကို ဖမ်းစားထားသည့် မြင်ကွင်းကို ကြည့်ကာ ရင်ဘတ်တစ်ခုလုံး နိမ့်လိုက်မြင့်လိုက် ဖြစ်သွားခဲ့သည်။

All Chapters