← Chapters

ဧကရာဇ်မှ ကောင်းချီးပေးသည်၊ မသေမျိုးအဆင့်ကို ရောက်သွားပြီ ၃

Vol. 18 Ch. 261

ဧကရာဇ်မှ ကောင်းချီးပေးသည်၊ မသေမျိုးအဆင့်ကို ရောက်သွားပြီ ၃

Vol. 18 Ch. 261

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်မှာပင် စိတ်တည်ငြိမ်သွားရန် ခက်ခဲနေခဲ့သည်။

သူ့ဘေးနားရှိ အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးဖြစ်သည့် ချန်းရိမှ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနက ဖြစ်နေလိမ့်မည်လို့ ငါမထင်ထားခဲ့မိဘူး၊ အဲ့မှာက ရှုကျိုးလို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်မလား? “

“ အဲ့လူက အစစ်အမှန် သိုင်းပညာဌာနရဲ့ တကယ့်ဝှက်ဖဲဖြစ်သင့်တယ်။ နောက်သုံးရက်အကြာမှာ လုပ်မဲ့ပြိုင်ပွဲမှာ သူက အစ်ကိုဝမ်နဲ့ ရင်ဆိုင်လာရနိုင်တယ် “

ဝမ်ချောင်ခုန်း၏ မျက်လုံးများ အေးစက်သွားတော့သည် “ ငါက သူနဲ့ တိုက်ခိုက်ပြီး သူ့ကို အနိုင်ယူမယ် “

သူက ခြေတစ်လှမ်းနောက်ကျနေသော်လည်း၊ ကွာဟချက်ကို ဖာထေးနိုင်လေသည်။

အဘယ့်ကြောင့်ဆိုသော် သူ၏စွမ်းရည်သည် ပြင်းထန်သည့် စွမ်းအားများကို ထုတ်လွှတ်နိုင်သည့် သမိုင်းတွင် မြင်တွေ့ရခဲသော တိုက်ခိုက်ရေးစွမ်းရည်ဖြစ်နေသောကြောင့်ဖြစ်သည်။

သူသည် သွေးကြောမှတ် ၁၆၁ခု ဖွင့်ထားသည့်လူကတောင် သူ၏ ပြိုင်ဘက် မဖြစ်နိုင်ဘူးဟု ယုံကြည်နေလျက်ရှိသည်။

ဝမ်ချောင်ခုန်း၏ မျက်လုံးများထဲတွင် အေးစက်မှုများ ပေါ်ထွက်လာခဲ့သည်၊ သူက ဧကရာဇ်ရဲ့ ကောင်းချီးကို ရထားတယ်ဆိုရင်တောင်မှ ဘာဖြစ်လဲ?

ငါ၊ ဝမ်ချောင်ခုန်းကပဲ ပထမအဆင့်နယ်ပယ်မှာ ပြိုင်ဘက်ကင်းတယ် !!!

တစ်ဖက်ရှိ လင်းရွှယ်မှာလည်း ကောင်းကင်ယံကို ငေးကြည့်နေခဲ့သည်။

“ ပထမအဆင့်ရဲ့ အကန့်အသတ်လား? “

မေ၏လှပ‌သော မျက်နှာလေးပေါ်တွင် သံယဝင်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ အဲ့တာက ရှုကျိုးလား? “

သို့သော် မကြာခင်မှာပင် သူမသည် သူမ၏ဦးခေါင်းလေးကို ခါယမ်းနေတော့သည်။

လွန်ခဲ့သော နှစ်လက ရှုကျိုးနှင့်တိုက်ခိုက်ခဲ့သည့် အချိန်တွင် သူသည် သွေးကြောမှတ် အခု၉၀မျှသာ ဖွင့်ထားရသေးသည်။

တကယ်လို့ ရှုကျိုးက ဉာဏ်အလင်းဆေးတွေကို အစားအသောက်တွေလို စားနေမယ်ဆိုရင်တောင်မှ သူက နှစ်လအတွင်းမှာ ဒီလောက်ကြီး မတိုးတက်လာနိုင်ဘူး။

လင်းရွှယ်သည် ကောင်းကင်ယံကို ကြည့်ကာ သိလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်သွားခဲ့သည်။

ဘယ်သူက ဒီလို ကောင်းကင်နဲ့မြေပြင်ကို လှုပ်ခါသွားစေတဲ့ ဖြစ်ရပ်မျိုးကို နှိုးဆွခဲ့တာလဲ?

…

နတ်သိုင်းဌာန၏ စံအိမ်တစ်ခု အတွင်း၌

ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ယန်တျန်ဒုံသည် စံအိမ်၏ ဒုတိယအထပ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်။

သူသည် အံ့အားသင့်နေသည့် အမူအရာနှင့်အတူ အစစ်အမှန် သိုင်းပညာဌာနရှိရာဘက်သို့ မျှော်ကြည့်နေခဲ့သည်။

“ အစစ်အမှန် သိုင်းပညာဌာနရဲ့ ပထမအဆင့်နယ်ပယ်မှာ ဒီလိုရှားပါးတဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “

“ ကံမကောင်းစွာနဲ့ ပထမအဆင့်ပဲ ရှိနေသေးတယ် “

ယန်တျန်ဒုံသည် သက်ပြင်းတချချ ဖြစ်သွားတော့သည်၊ သူသည် ထိုလူ့ကို မတိုက်ခိုက်နိုင်သည့်အတွက် နှမြောတသဖြစ်သွားသည့်ပုံပင်။

“ တော်တော်လေး ပျင်းဖို့ကောင်းတယ် “ သူသည် ခေါင်းတခါခါဖြင့် ပြန်လည်တွေးတောစဥ်းစားနေတော့သည် “ အစစ်အမှန် သိုင်းပညာဌာနတစ်ခုလုံးမှာ ချန်းရှင်တစ်ယောက်တည်းကပဲ ငါ့နဲ့ကစားဖို့ အရည်အချင်းနည်းနည်းရှိတယ် “

“ တစ်ခြားလူတွေကတော့ ……….. အမှိုက်တွေချည်းပဲ “

ယန်တျန်ဒုံသည် သူ၏အကြည့်ကို ပြန်ရုတ်သိမ်းသွားတော့သည်။

အဆိုပါ ပြိုင်ပွဲသည် သူ့အတွက် အတော်လေး လွယ်ကူလွန်းနေခဲ့သည်။

…

အထူးပြုဌာန၏ လေ့ကျင့်ရေးခန်းမ၌

လီရို့ရှီသည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေလျက်ရှိပြီး၊ သူမ၏မျက်နှာလေးပေါ်တွင် ရှားပါးသော အပြုံးတစ်ခု ဖြစ်ပေါ် လာခဲ့သည် “ ပထမအဆင့် အကန့်အသတ်လား? သူလား? “

ထိုရွှေရောင်အလင်းတန်း ကောင်းချီးမဂ်လာ၏ ပိုင်ရှင်က မည်သူလဲဆိုသည်ကို သူမ မသိသော်လည်း သူမ၏အတွေးထဲတွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

“ အဲ့တာက တစ်ခြားတစ်ယောက်ပဲ ဖြစ်ရမယ် “

ချန်းယ လျှောက်လှမ်းလာခဲ့ပြီး၊ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည် “ လွန်ခဲ့တဲ့ နှစ်လတုန်းက ရှုကျိုးက သွေးကြောမှတ် အခု၉၀ပဲ ဖွင့်ထားရသေးတယ်။ သွေးကြောမှတ်တွေက ပိုပွင့်လာလေလေ၊ ဖွင့်ရပိုခက်လေလေပဲ။ သူက သွေးကြောမှတ် ၁၆၁ခုကို နှစ်လအတွင်းဖွင့်နိုင်မှာ မဟုတ်ဘူး “

လီရို့ရှီမှ ခေါင်းငြိမ့်ပြလိုက်သည်။

သူမ၏အသိစိတ်မှာ ၎င်းက ရှုကျိုးဖြစ်သည်ဟု သူမကို ပြောနေခဲ့သော်လည်း သူမသည် အကယ်၍ ရှုကျိုးက မြန်မြန်ဆန်ဆန် တိုးတက်လာမည်ဆိုလျှင်တောင်မှ ရှုကျိုးက ထိုအဆင့်သို့ မရောက်နိုင်ဘူးဆိုသည်ကို ကောင်းစွာသိနေခဲ့သည်။

ပထမနှစ်ဝက်သာလျှင် ရှိသေးသည်။ လူသစ်အများစုသည် သွေးကြောမှတ် အခု၅၀ ဝန်းကျင်မျှသာ ဖွင့်နိုင်ကြသည်။

လီရို့ရှီသည် လူသစ်များကြားထဲတွင် ထိပ်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး၊ သွေးကြောမှတ် ၇၈ခုဖွင့်ထားသည်။

ရှုကျိုးကား?

သူသည် သွေးကြောမှတ် အခု၁၀၀ကိုပင် ကျော်သွားလောက်ပြီဖြစ်သည်၊ သို့သော် ပထမအဆင့်နယ်ပယ်၏ အကန့်အသတ်အတွက်ကား ဖြစ်နိုင်ခြေ နည်းပါးလွန်းလှသည်။

“ ငါကြားတာတော့ သူကလည်း ပြိုင်ပွဲမှာ ပါတယ်တဲ့၊ သူပြဿနာမဖြစ်စေဖို့ မျှော်လင့်ပါတယ် “

လီရို့ရှီ၏ လှပသော မျက်လုံးလေးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ ရှိနေခဲ့သည်။

…

စံအိမ်အတွင်း၌

ရှုကျိုး၏ ဝိညာဥ်သည် အချိန်မြစ်နှင့်အတူ သူ၏မူလခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

“ ဆွစ်ရှ် !!! “

သူသည် အံ့ဩတုန်လှုပ်နေသည့် အမူအရာနှင့်အတူ မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။

အချိန်မြစ်ကိုတောင် နောက်ပြန်စီးဆင်းစေနိုင်တဲ့ ရွှေရောင်ဝတ်စုံနဲ့လူက ဘယ်လောက်တောင် စွမ်းလိုက်လဲ!!! သူ့ရဲ့ အရှိန်အဝါတွေက ကမ္ဘာကြီးရဲ့ အုပ်စိုးသူလိုမျိုး ခေတ်အဆက်ဆက်ကို လွှမ်းမိုးထားတယ်။

အဲ့ဒီလို တည်ရှိမှုမျိုးက လက်မည်းကြီး ဖိချေတာကို ခံလိုက်ရတာလား?

ရွှေရောင်ဝတ်စုံနှင့်လူသည် သူကိုယ်တိုင် ရှိနေခြင်းမဟုတ်ဘဲ၊ သူ၏စိတ်ဆန္ဒပုံရိပ်မျှသာ ရှိနေခဲ့ခြင်းဖြစ်သည်၊ သို့သော် လက်မည်းကြီး၏ ပိုင်ရှင်ကမူ လွန်စွာအစွမ်းထက်သည့် တည်ရှိမှုတစ်ခု ဖြစ်နေလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ၎င်းသည် အချိန်မြစ်အထိ ရောက်လာခဲ့လိမ့်မည် မဟုတ်ပေ။

“ တကယ်လို့ ငါက အဲ့လက်ကြီးဖမ်းတာကို ခံလိုက်ရမယ်ဆိုရင်၊ သေသွားမှာလား? “

ရှုကျိုး၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်၊ သူသည် လက်တစ်ဖက်ကြောင့် သေခြင်းရှင်ခြင်း အကြပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။

သူသည် အသက်ကို အကြိမ်ကြိမ်အခါခါ ရှူသွင်း၍ ကိုယ့်ကိုကိုယ် စိတ်တည်ငြိမ်သွားစေလိုက်သည်။

ဤခရီစဥ်တစ်လျှောက်လုံးတွင် ကြုံတွေ့ခဲ့ရသည့် အရာများမှာ အတော်လေး ထူးဆန်းနေခဲ့သည်၊ ပထမဦးဆုံးအနေဖြင့် ကြယ်ပြာဂြိုဟ်ကို ဆုပ်ကိုင်ထားသည့် ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုဖြစ်သည်၊ ထို့နောက်တွင် နေအဖွဲ့အစည်းကို ဖျက်စီးချင်နေသည့် လက်ညှိုးတစ်ချောင်းကို မြင်တွေ့ခဲ့ရသည်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုး၏ စိတ်နှလုံးသား လေးလံသွားတော့သည် “ အဲ့တာက အတိတ်က ဖြစ်ရပ်လား ဒါမှမဟုတ် အနာဂတ်ကဟာလား? “

အကယ်၍ အတိတ်ကသာဆိုပါက ၎င်းသည် အကြပ်အတည်းက ဖြေရှင်းပြီးသွားပြီဟု ဆိုလိုနေမည်ဖြစ်သည်၊ သို့သော် အနာဂတ်သာဖြစ်နေမည်ဆိုပါက အန္တရာယ်ရှိနေပြီဖြစ်သည်။

သို့ရာ၌ ၎င်းတို့အားလုံးသည် ယခုလက်ရှိ ရှုကျိုးအတွက် အတော်လေး အလှမ်းဝေးနေသေးသည်။

“ လူသားဧကရာဇ်ရဲ့ စည်းတံဆိပ် …….. “

ရှုကျိုးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားခဲ့သည်၊ မကြာခင်မှာ သူ၏အမူအရာသည် အနည်းငယ် မည်းမှောင်သွားခဲ့သည် “ အမွေအနှစ်က မပြည့်စုံဘူး “

အမွေအနှစ်ဆက်ခံနေရင်း လမ်းတစ်ဝက်အရောက်တွင် ရွှေရောင်ဝတ်ရုံနှင့်လူ ချေမွခံလိုက်ရပြီး၊ အချိန်မြစ်ပေါ်မှ ပျောက်ကွယ်သွားရန် အတင်းအကြပ် တွန်းအားပေးခံခဲ့ရသည်။

၎င်းသည် ရှုကျိုးစိတ်ထဲတွင် ရှိနေသည့် လူသားဧကရာဇ် စည်းတံဆိပ်အား အပိုင်းပိုင်း အစစ ဖြစ်သွားစေခဲ့သည်။

“ ပျောက်သွားသည့် အပိုင်းတွေက အရေးကြီးတဲ့ပုံပဲ။ ငါရခဲ့တဲ့ အမွေအနှစ်က ပုံစံရှိပင်မဲ့ အနှစ်သာရမပါဘူး၊ ငါက အဲ့ဒီစွမ်းအားရဲ့ တစ်ရာခိုင်နှုန်းလောက်ကိုပဲ ထုတ်သုံးနိုင်မှာ “

ရှုကျိုးသည် ၎င်းကို အာရုံခံမိပြီး သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

နှမြောစရာကြီးကွာ !!!

စွမ်းအား၏ တစ်ရာခိုင်နှုန်းဆိုလျှင်တောင်မှ အဆိုပါ နည်းစနစ်သည် ယခုလက်ရှိသူ့အတွက် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။

“ ဟမ်? “

ထိုအချိန်၌ ရှုကျိုးသည် သူ့အပေါ်တွင် မျောလွင့်နေသည့် ရွှေရောင်အလင်းတန်းကြီးကို သတိပြုမိသွားသည်။

ခမ်းနားထည်ဝါသော အသံတစ်ခုသည် သူ၏နားများအတွင်းသို့ ရောက်ရှိလာခဲ့သည်။

“ ပထမအဆင့်အကန့်အသတ်၊ လူသားဧကရာဇ်ရဲ့ ကောင်းချီးလား? “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

ရွှေရောင်အလင်းတန်းသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီး၊ သေးငယ်သော ရွှေရောင်နဂါးလေးက သူ၏ခန္ဓာကိုယ်အား သန့်စင်ပေးနေသည်ကို မှုန်ပျပျ မြင်တွေ့နေခဲ့ရသည်။

သို့သော် မကြာခင်မှာပင် အဆိုပါနဂါးငယ်လေးသည် လက်ဗလာဖြင့် ပြန်လာခဲ့ရသည်။

အကြိမ်ပေါင်းဒါဇင်နှင့်ချီ၍ ဆင့်ကဲပြောင်းလဲခဲ့ပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်သည် ကြည်လည်သန့်ရှင်းနေပြီး၊ အရေပြားတိုင်းမှာ ကြည်လင်နေလျက်ရှိကာ မွှေးရနံ့တစ်ခုပင် ထုတ်လွှတ်နေခဲ့ပြီး၊ သန့်စင်စရာ မလိုတော့ပေ။

အဆိုပါ နဂါးငယ်လေးသည် သူ၏ခန္ဓာကိုယ်ကို နှစ်သက်ပုံရပြီး၊ ပျော်ရွှင်စွာ လည်ပတ် သွားလာနေခဲ့သည်။

ရှုကျိုးသည် ၎င်းကို အာရုံစိုက်မနေခဲ့ပေ။

သူသည် သူ့နားထဲသို့ တိုးဝင်လာသည့် စကားလုံးများကိုသာ တွေးတော စဥ်းစားနေခဲ့သည် “ သွေးကြောမှတ် လည်ပတ်မှုကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ ပထမအဆင့် အကန့်အသတ်ကို ချိုးဖျက်ခဲ့လို့ လူသားဧကရာဇ်ရဲ့ အမွေအနှစ် ပေါ်လာခဲ့တာလား? “

သူသည် ထိုကိစ္စများ၏ နောက်ကွယ်တွင် ရွှေရောင်ဝတ်စုံနှင့်လူ ရှိနေသည်ဟု သံသယဖြစ်သွားခဲ့သည်။

အဲ့လိုသာဆိုရင် တကယ်လို့ ငါက နယ်ပယ်တွေရဲ့ အကန့်အသတ်တိုင်းကို ချိုးဖျက်နိုင်ရင် အဲ့မြင်ကွင်းက ထပ်ပေါ်လာဦးမှာလား?

“ တကယ်လို့ ငါက ဒုတိယအဆင့်နယ်ပယ်ရဲ့ အကန့်သတ်ကို ချိုးဖျက်နိုင်ခဲ့မယ်ဆိုရင်၊ လူသားဧကရာဇ် စည်းတံဆိပ်ကို အပြည့်အစုံ ပြန်ရမှာလား? “ ရှုကျိုးသည် တွေးတောဆင်ခြင်နေတော့သည်။

လူသားဧကရာဇ် စည်းတံဆိပ်၏ တန်ဖိုးမှာ အလွန်တန်ဖိုးကြီးနေသောကြောင့် သူသည် အမွေအနှစ် မပြည့်စုံခြင်းနှင့် ပတ်သက်၍ မ‌ကျေမနပ်ဖြစ်နေခဲ့သည်။

“ ဒီနည်းစနစ်နဲ့ဆိုရင် ငါက မျိုးနွယ်စုပေါင်း ထောင်ပေါင်းများစွာကို အမိန့်ပေးနိုင်ပြီးတော့၊ ရှေးခတ်က အမှောင်နယ်မြေကို ဖိနှိပ်နိုင်တယ် “

ရှုကျိုးသည် ရွှေရောင်ဝတ်စုံနှင့်လူ၏ စကားလုံးများကို ပြန်လည်တွေးတောစဥ်းစားနေတော့သည် “ အမှောင်နယ်မြေဆိုတာက ဘာကြီးလဲ? လက်မည်းကြီးနဲ့ ဆိုင်နေတာလား? “

“ အဲ့လက်မည်းကြီးက လူသားဧကရာဇ် စည်းတံဆိပ် အမွေအနှစ်ဆက်ခံမှုကို တားဆီးဖို့ ပေါ်လာခဲ့တာလား? “

“ တကယ်လို့ အဲ့လိုသာ ဖြစ်နေမယ်ဆိုရင်တော့ လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ အရေးပါမှုက ပိုပြီးတော့ တန်ဖိုးကြီးလောက်တယ် “

ပိုတွေးလေလေ ပို၍ အံ့ဩတုန်လှုပ်ရလေလေပင်ဖြစ်သည်။

လူသားဧကရာဇ် စည်းတံဆိပ်ကို ကိုင်ထားရခြင်းသည် လူသားဧကရာဇ်ကိုယ်တိုင် ရောက်လာခြင်းနှင့် တူညီနေပြီး၊ မျိုးနွယ်စုတစ်သောင်းကို ဦးညွတ်စေမည်ဖြစ်သည်။

ထိုအချိန်၌ ရှုကျိုးသည် သူက ဒုတိယအဆင့်နယ်ပယ်၏ အကန့်အသတ်အား ချိုးဖျက်နိုင်မည့် အချိန်နှင့် အဆိုပါဖြစ်စဥ်များ ထပ်ပေါ်လာကာ ပြီးပြည့်စုံသည့် အမွေအနှစ်အား ဆက်ခံနိုင်မည်လားဆိုသည်ကို မြင်တွေ့ရရန်အတွက် မစောင့်နိုင်လောက်တော့သည်အထိ ဖြစ်သွားခဲ့သည်။

အကယ်၍ ထိုကဲ့သို့ ထပ်ဖြစ်လာမည်ဆိုပါက ရှုကျိုးသည် လက်မည်းကြီးနှင့်ပတ်သက်၍ ထပ်မံ၍ စိုးရိမ်ပူပန်နေရဦးမည်ဖြစ်သည်။

“ နောက်မှ တွေ့ကြတာပေါ့ကွာ “

ရှုကျိုးမှ ရေရွတ်ပြောဆိုနေတော့သည် “ ဒုတိယအဆင့် အကန့်အသတ်၊ အဝေးကြီး လိုပါသေးတယ် “

သူသည် ကိုယ့်ကိုကိုယ် စိတ်တည်ငြိမ်သွားစေလိုက်ပြီး၊ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်ရှု စစ်ဆေးနေတော့သည်။

ဇွီ ~~~

သွေးကြောမှတ်တို့၏ အလင်းတန်းများ တောက်ပလာခဲ့သည်။

ပွင့်ဖတ်ဆယ့်နှစ်ခုသည် သန့်စင်သော အဖြူရောင်ကြာပန်းအဖြစ် ဖွဲ့တည်ကာ ပွင့်လန်းတောက်ပနေခဲ့သည်။

ကြာပန်း၏ ဝတ်ဆံဖိုနေရာတွင် ယင်ယန်ငါးတစ်ကောင် ပေါ်လာခဲ့ပြီး၊ အမြွှာငါးနှစ်ကောင် ရေကူးခတ်နေသည့်အချိန်တွင် ပွင့်ဖတ်ဆယ့်နှစ်ခုမှာလည်း အလယ်ဗဟိုသို့ ဆွဲခေါ်ခံလိုက်ရသည့်ပုံပင်။

သို့သော် စွမ်းအင် မလုံလောက်မှုကြောင့် မကြာခင်မှာပင် ပွင့်ဖတ်ဆယ့်နှစ်ခုသည် ထပ်မံ၍ ပျောက်ကွယ်သွားခဲ့သည်။

ကြာပန်းသည် ပွင့်လိုက်ဖွင့်လိုက်ဖြစ်နေကာ သင်းပျံ့သော မွှေးရနံ့တစ်ခုကို ထုတ်လွှင့်နေခဲ့သည်။

“ သွေးကြောမှတ် လည်ပတ်မှု ……. “

ရှုကျိုးသည် ယင်ယန်ငါးကို ကြည့်ကာ မေးစေ့ကို ပွတ်ဆွဲနေတော့သည် “ အဲ့တာက ဘယ်လိုသုံးရမှာလဲ? “

သူ၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်၊ သူသည် ချီ-သွေးစွမ်းအင်များကို ယင်ယန်ငါးဆီသို့ သွန်းလောင်းလိုက်သည်။

“ ဗွီ !!! “

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ယင်ယန်ငါးသည် လင်းလက်တောက်ပလာခဲ့သည်။

ဖောက်၊ ဖောက်၊ ဖောက် !!!

သွေးကြောမှတ် ၃၆၀ပါဝင်သည့် ပွင့်ဖတ်ဆယ့်နှစ်ခုသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပုံရသည်။

ပွင့်ဖတ်ဆယ့်နှစ်ခုသည် ဆယ့်နှစ်ရာသီခွင်ပုံစံများအဖြစ် ဖွဲ့တည်သွားပြီး၊ ယင်ယန်ငါး၏ ညင်သာသော လှုပ်ခတ်မှုနှင့်အတူ ပွင့်ဖတ်ဆယ့်နှစ်ခုလုံး လှုပ်ခါသွားခဲ့ပြီး၊ အချိန်မှာလည်း ရပ်တန့်သွားသည့်ပုံပင်။

“ ဖူးးး “

ရှုကျိုး၏ အရှေ့တွင် လိပ်ပြာတစ်ကောင် ပေါ်လာခဲ့သည်။

သို့သော် ထိုအချိန်၌ ၎င်းသည် ဖျားနာနေပုံရကာ ရှုကျိုး၏ မျက်လုံး ရှေ့တွင် ရပ်တန့်နေခဲ့သည်။

လေထုထဲမှ ဖုန်မှုန့်များ ပြုတ်ကျလာပြီး၊ ၎င်းတို့မှာလည်း သူ၏အရှေ့တွင် မျောလွင့်နေခဲ့သည်။

သို့ရာ၌ ၎င်းမှာ တစ်ခဏခန့်သာ ကြာခဲ့ပြီး၊ မကြာခင်မှာပင် အရာအားလုံးသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

လိပ်ပြာ ပျံသန်းသွားကာ ဖုန်မှုန့်များမှာလည်း ကျဆင်းသွားခဲ့သည်။

“ ဒါက …. “

ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားတော့သည် “ အချိန်ရပ်သွားတာလား? “

All Chapters