လူသားတို့၏ မူလဇစ်မြစ်၊ ရှေးဟောင်းရတနာများ
Vol. 18 Ch. 262
“ အချိန်ရပ်သွားတာလား? “
ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။
၎င်းမှာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် စွမ်းရည်တစ်မျိုးဖြစ်သည်။
သို့သော် မကြာခင်မှာပင် သူသည် ရုတ်တရက် ထိုးထွင်းသိမြင်သွားခဲ့သည်၊ ၎င်းမှာ အချိန် ရပ်သွားခြင်း မဟုတ်ဘဲ၊ သွေးကြောမှတ် လည်ပတ်မှု၏ အကျိုးသက်ရောက်မှုအောက်တွင် သူ၏ အာရုံငါးပါးနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တို့က တူညီသော ကြိမ်နှုန်းဖြင့် ပဲ့တင်ထပ်သွားကာ တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဖူးသော အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
ထိုအချိန်၌ ကမ္ဘာပေါ် အရာအားလုံးသည် သူ၏မျက်လုံးများထဲတွင် အလွန်နှေးကွေးနေခဲ့သည်။
အချိန်ရပ်တန့်ခြင်းကဲ့သို့ ဖြစ်လုနီးပါး အကျိုးသက်ရောက်မှု တစ်ခုဖြစ်သည်။
သို့ရာ၌ သေခြင်းရှင်ခြင်း တိုက်ပွဲများတွင်မူ အဆိုပါ တစ်ခဏလေးကပင် ရန်သူ့ကို ဆယ်ကြိမ်တိတိ အဆုံးသတ်ပေးရန် လုံလောက်နေမည် ဖြစ်သည်။
ရှုကျိုးသည် ၎င်းကို ဂရုတစိုက် လေ့လာနေခဲ့ပြီး၊ ပိုခံစားရလေလေ၊ ပို၍ နိုးနိုးကြားကြား ဖြစ်သွားလေလေဖြစသည်။
အဆိုပါ စွမ်းရည်သည် သူ၏ စိတ်ကူးစိတ်သန်းများထပ်ပင် သာလွန်နေခဲ့သည်။
“ အဲ့တာက သွေးကြောမှတ် လည်ပတ်မှုလား? “ ရှုကျိုး၏ မျက်လုံးများတွင် သဘောပေါက်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
သွေးကြောမှတ် လည်ပတ်မှုသည် အာရုံငါးပါးနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တို့ကို ပဲ့တင်ထပ်သွားစေရုံတင် မဟုတ်ဘဲ၊ ခန္ဓာကိုယ်၏ စနစ်ဆယ့်နှစ်ခုလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးနိုင်လေသည်။
၎င်းမှာ ရှုကျိုးက သူ၏ ကိုယ်ပိုင်စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖမ်းဆုပ်ထိန်းချုပ်နိုင်မည်ဟု ဆိုလိုနေခြင်းပင်ဖြစ်သည်။
သူအသုံးပြုလိုက်သည့် ချီ-သွေးစွမ်းအားသည် ယခင်ကထပ် ဆယ်ဆပိုစွမ်းနေမည်ဖြစ်သည်။
ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၂၂၄၅.၅ ကယ်လိုရီ
စိတ်ဝိညာဥ်စွမ်းအား : 175 Hz
ကိုယ်ပွား : မသေမျိုး နတ်နဂါးသားရဲ
အဆင့် : ဒုတိယအဆင့် အဆင့်၂ ( ၅၅% )
အသားတင် အလေးချိန် : ၁၄၆၂၈.၅ ကီလိုဂရမ်
စွမ်းရည် : နေ့စဥ် ကီလိုဂရမ် ၃၀၀ ရရှိခြင်း ( အကန့်အသတ် ) အရာအားလုံး ဝါးမျိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း( ac )၊ ခုန်ဆင်းခြင်း(pas )၊ ဟင်းလင်းပြင်၊ အင်မော်တယ်
ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ကုဗမီတာ ၁သန်း
…
“ သွေးကြောမှတ် လည်ပတ်မှုကို ဖွင့်ခဲ့ပြီးတဲ့နောက်မှာ ချီ-သွေးစွမ်းအားက ၁၀၀ကယ်လိုရီ နီးပါး တိုးတက်လာခဲ့တယ် “
ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းမိသွားခဲ့သည်။
သူ့အတွက် ချီ-သွေးစွမ်းအင် တိုးတက်လာခြင်းဆိုသည်မှာ နေသားကျပြီးသား အရာတစ်ခုဖြစ်သော်လည်း၊ ဤတစ်ကြိမ် တိုးတက်မှုသည် သူ့အား အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
“ ချီ-သွေးစွမ်းအား တစ်ခုတည်းနဲ့တင် “
ရှုကျိုးမှ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ငါ့ရဲ့ အခုလက်ရှိ ချီ-သွေးစွမ်းအားအဆင့်က Sအဆင့် စွမ်းရည်ပိုင်ရှင် အလယ်အလတ် ဒုတိယအဆင့် ပညာရှင်တစ်ချို့နဲ့ တူနေပြီ “
အကယ်၍ သူက အလယ်အလတ် ဒုတိယအဆင့် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုပါက ရှုကျိုးသည် သူ၏ ဟင်းလင်းပြင်စွမ်းရည်ကို မှီခိုကာ ထိုလူ့ကို အနိုင်ယူနိုင်မည် ဖြစ်သည်။
ထို့အပြင် သူ့ထံတွင် ပွဲသိမ်းတိုက်ကွက်ဖြစ်သည့် အချိန်ရပ်တန့်ခြင်းလည်း ရှိနေခဲ့သည်။
“ အခုဆိုရင် ငါက ဒုတိယအဆင့်ကို သွားလို့ရနေပြီ “
ရှုကျိုးသည် ဒုတိယအဆင့်သို့ ဝင်ရောက်နိုင်မည့် တံခါးပေါက်က သူ့အရှေ့တွင် ရှိနေပြီဆိုသည်ကို အာရုံခံမိနေခဲ့ပြီဖြစ်သည်၊ သူကသာ သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သရွေ့ ချက်ချင်း အဆင့်တက်သွားမည် ဖြစ်သည်။
“ ဒုတိယအဆင့်က သွေးကြောမှတ်တွေကို ပေါင်းစပ်ရတာပဲ “
ရှုကျိုးသည် သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကိုကြည့်ကာ တွေးတောစဥ်းစားနေလျက်ရှိသည် “ တကယ်လို့ ငါက ဒီတာအိုပွင့်ဖတ် ဆယ့်နှစ်ခုကို သွေးကြောမှတ် လည်ပတ်မှုထဲ ပေါင်းစည်းလိုက်မယ်ဆိုရင်၊ ငါက ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်သွားမှာလား? “
သူထိတ်လန့်သွားခဲ့သည်။
တကယ်လို့ အဲ့လိုသာ ဖြစ်နေမယ်ဆိုရင်တော့ ရှယ်ပဲဟေ့ !!!
ဒုတိယအဆင့်နယ်ပယ်တွင် ယခုလက်ရှိ အသန်မာဆုံးဖြစ်သည့် ယန်တျန်ဒုံက သွေးကြောမှတ်များကို လေးကြိမ်သာ ပေါင်းစည်းထားပြီး၊ သွေးကြောမှတ် ၁၀ခုကျန်နေသေးသော်လည်း မည်သို့မျှ မတိုးတက်လာဘူးဆိုသည်ကို အမှတ်ရကြရမည်ဖြစ်သည်။
ရှုကျိုးက သူ၏သွေးကြောမှတ် အခု၃၆၀လုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်မည်ဆိုပါက အံ့မခန်း တုန်လှုပ်ဖွယ်ကောင်းသွားမည် ဖြစ်သည်။
“ ကြည့်ရတာတော့ အဲ့ဒီ ပွင့်ဖတ်တွေက စပြီးတော့ ပေါင်းစည်းနေတဲ့ပုံပဲ “
ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ တကယ်လို့ အဲ့လိုသာဖြစ်နေမယ်ဆိုရင်တော့ ဒုတိယအဆင့်ကို တက်လာခဲ့ပြီးနောက် သိပ်မကြာခင် အချိန်မှာပဲ ငါက ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်သွားမှာမလား? “
သွေးကြောမှတ် လည်ပတ်မှု၏ လွှမ်းမိုးမှုအောက်တွင် တာအိုပွင့်ဖတ် ဆယ့်နှစ်ခုသည် ကြီးမားကျယ်ပြန့်ကာ ကျုံ့ဝင်လာကြပြီး၊ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြမည့် လက္ခဏာများ ပြသလာခဲ့သည်။
သွေးကြောမှတ် လည်ပတ်မှု၏ တည်ရှိမှုကြောင့် ပေါင်းစည်းခြင်းမှာ များစွာခက်ခဲနေလိမ့်မည် မဟုတ်ပေ။
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် မနေနိုင်တော့ဘဲ သူက ဒုတိယအဆင့် အထွတ်အထိပ်သို့ တန်းရောက်သွားမည်လားဆိုသည်ကို သိရရန်အတွက် ဒုတိယအဆင့်သို့ ထိုးဖောက်ရန် စိတ်အားထက်သန်သွားသည်အထိ အဆွဲဆောင်ခံလိုက်ရသည်။
ထိုအချိန်၌ လူတိုင်း အံ့ဩတုန်လှုပ်သွားကြမည် ဖြစ်သည်။
သို့ရာတွင် ရှုကျိုးသည် ထိုကဲ့သို့ မလုပ်ခဲ့ပေ။
သူသည် ပထမအဆင့်နယ်ပယ်တိုက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ရဦးမည် ဖြစ်သည်။
အကယ်၍ သူသာ အဆင့်တက်လိုက်မည်ဆိုပါက ပထမအဆင့်နယ်ပယ်ပြိုင်ပွဲတစ်ခုလုံး မြောင်းထဲရောက်သွားမည် ဖြစ်သည်။
ရှုကျိုးသည် သူ၏စိတ်ကူးများကို ဖိနှိပ်ကာ တွေးတောစဥ်းစားနေတော့သည် “ ဒုတိယအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်က ဘာများဖြစ်နေမလဲ? အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ရတာလား? “
ဒါပင်မဲ့ အဲ့လိုပဲဆိုရင် တော်တော်ကြီးကို လွယ်နေမှာပဲ၊ ဒါမှမဟုတ် ဒုတိယအဆင့်နယ်ပယ်မှာလည်း လျှို့ဝှက်ချက်လေးတွေ ရှိနေတာများလား?
ရှုကျိုးသည် သူက ဒုတိယအဆင့်နယ်ပယ်၏ အကန့်အသတ်ကို ချိုးဖျက်သည့်အချိန်တွင် လူသားဧကရာဇ်စည်းတံဆိပ်အား အပြည့်အစုံ ထပ်ရမည်လားဆိုသည်ကို သိရရန်အတွက် အလွန်သိချင်နေလျက်ရှိသည်။
“ တီ တောင် ~~~ “
သူတွေးတောစဥ်းစားနေသည့်အချိန်တွင် သူ့ဘေးနားရှိ ဖုန်းမှာ ရုတ်တရက် အော်မြည်လာခဲ့သည်။
ကောက်ကိုင်လိုက်ရာ သူသည် ၎င်းက ကျောင်းအုပ်ကြီးထံမှ ပေးပို့လာခဲ့သည့် စာကို မြင်တွေ့သွားခဲ့သည်။
“ ကျင့်ကြံနေတာ ဆယ်ရက်ကျော်နေပြီ၊ ဌာနမှူးဆီ သွားလည်ဖို့ အချိန်ကျပြီ “ ရှုကျိုးမှ တွေးတောနေတော့သည် “ မေးခွန်းတစ်ချို့ကို မေးဖို့ အချိန်ကျပြီ “
သွေးကြောမှတ်လည်ပတ်မှုကို ဖွင့်လှစ်ခဲ့ပြီးသည့်နောက်တွင် ဖြစ်ပေါ်လာခဲ့သည့် ဖြစ်ရပ်များမှာ အတော်လေး ထူးဆန်းလွန်းနေခဲ့သည်။
ရှုကျိုးသည် ဌာနမှူးက ထိုကဲ့သို့သော ကိစ္စများနှင့်ပတ်သက်၍ သိနေလိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။
ထို့နောက်တွင် သူသည် မတ်တပ်ထရပ်ကာ စံအိမ်ထဲမှ ထွက်သွားတော့သည်။
…
တံခါးဖွင့်ပြီး အပြင်ဘက်သို့ ထွက်လာသည့်အချိန်မှာပင် ရှုကျိုးသည် သူ့အိမ်တံခါးရှေ့တွင် ရပ်နေသည့် ဌာနမှူးကို မြင်တွေ့သွားခဲ့သည်။
ရှန့်ဝမ်ချန်းသည် အပြင်သို့ ထွက်လာသည့် ရှုကျိုးကို ကြည့်ကာ ဝမ်းသာအားရ ပြုံးနေတော့သည်၊ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော သူ၏မျက်နှာပေါ်တွင် နုပျိုလန်းဆန်းမှုတစ်ချို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
“ ကျိုးလေး၊ တံခါးပိတ်ကျင့်ကြံတာ ပြီးသွားပြီလား? “
ရှန့်ဝမ်ချန်းသည် အနားသို့ အမြန်ကပ်လာခဲ့ကာ စိုးရိမ်တကြီးမေးမြန်းလာခဲ့သည် “ အခြေအနေ ဘယ်လိုလဲ? “
“ အထဲမှာ ပြောကြတာပေါ့ဗျာ “
ရှုကျိုးသည် ရှန့်ဝမ်ချန်းကို သူ၏စံအိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
စံအိမ်အတွင်း၌
ရှုကျိုးသည် ချုံပုတ်ပတ်ရိုက်မနေဘဲ သူ့ကိုယ်တွင်းရှိ သွေးကြောမှတ်များကို ချက်ချင်းနှိုးဆွလိုက်သည်။
“ ဟမ်? “
ချက်ချင်းဆိုသလိုပင် ရှန့်ဝမ်ချန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ရှုကျိုး၏ သွေးကြောမှတ်များသည် တစ်ခုပြီးတစ်ခု လင်းလက်လာခဲ့ခြင်း မဟုတ်ဘဲ၊ အားလုံး တစ်ပြိုင်နက် လင်းလက်လာခဲ့လေသည်။
၎င်းမှာ သူက သွေးကြောမှတ် အခု၃၆၀လုံး၏ စွမ်းအားများကို တစ်ပြိုင်နက်ထိန်းချုပ်နိုင်ပြီး၊ ၎င်းတို့အားလုံးကို တစ်ခုတည်းအဖြစ် ဖွဲ့စည်းနိုင်ပြီဟု ဆိုလိုနေခြင်းပင်ဖြစ်သည်။
“ ဗွီ !!! “
ထိုအချိန်တွင် ယင်ယန်ငါးမှာလည်း သက်ဝင်လှုပ်ရှားလာခဲ့သည်။
ရှုကျိုး၏ အကြည့်သည် ရှန့်ဝမ်ချန်းဆီသို့ ရောက်ရှိလာခဲ့သည်။
ရှန့်ဝမ်ချန်း၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ အဲ့တာက သွေးကြောမှတ် လည်ပတ်မှုလား? “
ရှုကျိုးမှ မေးမြန်းလိုက်သည် “ အချိန်ပြောင်းလဲသွားတာကို ခံစားမိလားဗျ? “
“ နိုး “
ရှန့်ဝမ်ချန်းမှ ခေါင်းခါပြလာခဲ့သည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် ထို့အတွက် မအံ့ဩသွားခဲ့ပေ။
သွေးကြောမှတ် လည်ပတ်မှုသည် အချိန်ကို အကျိုးသက်ရောက်သွားခြင်း မဟုတ်ပေ၊ ထို့အစား သူ၏အာရုံငါးပါးနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တို့ကို ပဲ့တင်ထပ်သွားစေကာ အချိန်ရပ်တန့်ခြင်းကဲ့သို့သော အကျိုးသက်ရောက်မှုကို ရရှိစေခြင်းဖြစ်သည်။
ဘေးနားရှိ ရှန့်ဝမ်ချန်းသည် စိတ်ရှုပ်ထွေးသွားသည့် အမူအရာမျိုးဖြင့် သူ့ကို ကြည့်လာခဲ့သည် “ မင်းပြောခဲ့တဲ့ အချိန်ပြောင်းလဲသွားတယ်ဆိုတာက ဘာကြီးလဲ? “
ရှုကျိုးမှ သူ၏အခြေအနေကို ချက်ချင်း ရှင်းပြလိုက်ရာ ရှန့်ဝမ်ချန်း မှင်သက်သွားတော့သည်။
အချိန်ရပ်တဲ့ အကျိုးသက်ရောက်မှုကို ရသွားတာလား?
ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား?
သူကဲ့သို့သော အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးအတွက်ပင် အဆိုပါစွမ်းရည်က အနည်းငယ် ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။
“ အဲ့တာက အချိန်အပေါ်မှာ အကျိုးသက်ရောက်မှုမရှိတာကို ကျေးဇူးတင်ရမယ် “ ရှန့်ဝမ်ချန်းသည် ရုတ်တရက် သက်ပြင်းချနေတော့သည်။