လူသားတို့၏ မူလဇစ်မြစ်၊ ရှေးဟောင်းရတနာများ ၂
Vol. 18 Ch. 263
“ ဘာလို့လဲဗျ? “ ရှုကျိုးသည် ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့သည်။
ရှန့်ဝမ်ချန်းမှ စကားပြောလာခဲ့သည် “ အစွမ်းထက်တဲ့ တစ်ချို့ ပုဂ္ဂိုလ်ကြီးတွေဆီမှာ အချိန်စီးဆင်းမှုကို အာရုံခံနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တွေရှိတယ်၊ တကယ်လို့ မင်းကသာ အချိန်ကို လွှမ်းမိုးနေနိုင်မယ်ဆိုရင် သတိပြုမိဖို့ လွယ်သွားလိမ့်မယ် “
“ ဒါပင်မဲ့ အခုလက်ရှိ နည်းလမ်းကိုတော့ အလွယ်တကူ ထောက်လှမ်းလို့မရဘူး “
တစ်နည်းဆိုရသော် ၎င်းအား ဝှက်ဖဲအဖြစ် အသုံးပြုနိုင်လေသည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ၎င်းသည် အမှန်တကယ်ကောင်းမွန်သည့် အရာတစ်ခုဖြစ်သည်။
ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ အချိန်ရပ်တာအပြင် တစ်ခြားပြောင်းလဲမှုတွေရော ရှိသေးလား? ခန္ဓာကိုယ်ပြန်တည်ဆောက်တာတို့၊ စိတ်ဝိညာဥ်စွမ်းအား တိုးတက်လာတာမျိုးတွေရော? “
ယခင်ဌာနမှူး၏ ပြောစကားများအရ သွေးကြောမှတ် လည်ပတ်မှုကို ဖွင့်နိုင်ခြင်းသည် အမြင့်ပိုင်းအဆင့်လမ်းကြောင်းအတွက် အုတ်မြစ်တည်ဆောက်ခြင်းနှင့် ညီမျှသည်ဟု သိခဲ့ရသည်။
ခန္ဓာကိုယ်တွင် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်မှာ သေချာပေသည်။
“ ရှိပါတယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ဒါပင်မဲ့ ခန္ဓာကိုယ်ရဲ့ စွမ်းအားကတော့ တိုက်ပွဲထဲရောက်မှ သိရမှာပါ။ ကျွန်တော်ရဲ့ အုတ်မြစ်ကလည်း ……. ပြောင်းလဲသွားလောက်ပါတယ် “
ရှန့်ဝမ်ချန်း၏ အမူအရာ ပြောင်းလဲသွားတော့သည် “ မင်းရဲ့ သိုင်းပညာအခြေခံအုတ်မြစ်က ပြောင်းလဲသွားတာလား? “
သိုင်းပညာ အခြေခံအုတ်မြစ်ဟု ခေါ်ဆိုသော အရာသည် မရေရာ မသေချာသော အယူအဆတစ်ခုသာလျှင် ဖြစ်သည်။
လူတစ်ဦး၏ စွမ်းရည်ကို အကဲဖြတ်ရာ၌ ယခုလက်ရှိ အချိန်တွင် အသုံးတည့်နေသည့် အဓိက နည်းလမ်းသည် နိုးထလာသော စွမ်းရည်အပေါ်တွင် မူတည်၍ တွက်ချက်ခြင်းဖြစ်သည်။
သို့သော် လူအများစုသည် အသပ်၁၅နှစ်အရွယ်တွင် စွမ်းရည်များ နိုးထလာလေ့ရှိသည်။
နိုးထခြင်းမဖြစ်ပေါ်ခင် အချိန်တွင် လူသားများကြားထဲတွင် စွမ်းရည်ကွဲပြားမှုများ ရှိနေခဲ့ပြီး၊ အဆိုပါ ကွဲပြားမှုသည် သိုင်းပညာ အုတ်မြစ်ကို ညွှန်းဆိုနေခြင်းပင်ဖြစ်သည်။
ထို့ကြောင့်သာလျှင် တူညီသော Sအဆင့်စွမ်းရည်များရှိကြသော်လည်း လူတစ်ချို့က သူတို့၏ ဒုတိယနှစ်မှာပင် ဒုတိယအဆင့်နယ်ပယ်သို့ ရောက်ရှိသွားကြပြီး၊ တစ်ချို့ကမူ ပထမနှစ်(သို့) ဒုတိယနှစ်သို့ ရောက်ရှိသည့် အချိန်မှာပင် အဆင့်မတက်နိုင်ကြခြင်း ဖြစ်သည်။
သိုင်းပညာ အုတ်မြစ်က ပိုကောင်းလေလေ၊ မွေးရာပါအားသာချက်က ပိုအားကောင်းလေလေပင် ဖြစ်သည်။
ရှန့်ဝမ်ချန်းသည် တောက်ပနေသော မျက်လုံးများဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည် “ သေချာလား? သိုင်းပညာ အုတ်မြစ်က ပြောင်းလဲသွားတာလား? “
“ သိပ်မသဲကွဲတဲ့ ခံစားချက်လေးတစ်ခုပါပဲဗျာ “
ရှုကျိုးမှ ပြောလာခဲ့သည် “ သွေးကြောမှတ် လည်ပတ်မှုကို ဖွင့်ခဲ့ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ ချီ-သွေးစီးဆင်းမှုက ပိုပြီးတော့ ချောမွေ့သွားတယ်၊ ဘာအတားအဆီးမှ မရှိတော့ဘူး “
“ အဲ့အချိန်မတိုင်ခင်ကတော့ ဒါဇင်နဲ့ချီတဲ့ ပြောင်းလဲမှုတွေကြောင့် ကျွန်တော်ရဲ့ ချီ-သွေးစွမ်းအားက ပိုကောင်းလာလေလေ ခွန်အားက တိုးတက်လာလေလေပဲ၊ ဒါပင်မဲ့ စီးဆင်းမှုကတော့ အခုလောက်ထိ ချောမွေ့မနေခဲ့ဘူး၊ အဆင်မပြေသလို ခံစားခဲ့ရတယ် “
“ အခုမှပဲ ကျွန်တော်က ပြန်လည်မွေးဖွားလာသလိုမျိုး ခံစားနေရတယ်၊ ကျွန်တော် ခံစားနေရတဲ့ အရာအားလုံးက သဘာဝအတိုင်းပဲလို့ ခံစားနေရတယ် “
“ ကျွန်တော်ကတော့ အဲ့တာက သိုင်းပညာ အုတ်မြစ် ပြောင်းလဲသွားတာကြောင့်လို့ပဲထင်တယ် “
ရှန့်ဝမ်ချန်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် လေးလေးနက်နက် ပြောလာခဲ့သည် “ သိုင်းပညာအုတ်မြစ်က ပိုကောင်းလေလေ၊ ချီ-သွေးလည်ပတ်မှုရဲ့ အကျိုးသက်ရောက်မှုက ပိုမြင့်လေလေပဲ၊ ဆယ်ဆသာလွန်တဲ့ အကျိုးသက်ရောက်မှုကို ရလိမ့်မယ် “
သူသည် ရှုကျိုးကို ကြည့်နေရင်းဖြင့် မျက်လုံးများ တလက်လက် တောက်ပလာခဲ့သည်။
သွေးကြောမှတ် လည်ပတ်မှုကို ဖွင့်ခြင်းနှင့် သိုင်းပညာ အုတ်မြစ်ပြောင်းလဲခြင်း၊ ကောင်းချီးများ တစ်ခုပြီးတစ်ခု ရောက်လာခဲ့ခြင်းသည် သူ့အား အပျော်လွန်သွားစေခဲ့သည်။
အထူးသဖြင့် ဤကဲ့သို့သော ခက်ခဲနေသည့် အချိန်အခါမျိုးတွင်ဖြစ်ပြီး၊ ရှုကျိုး၏ သတင်းသည် စိတ်တည်ငြိမ်သွားစေသည့် ဆေးလုံးကဲ့သို့ သူ၏စိတ်နှလုံးသားကို များစွာတည်ငြိမ်သွားစေခဲ့သည်။
“ ဟားဟားဟား “
ရုတ်တရက်ဆိုသလိုပင် ရှန့်ဝမ်ချန်းသည် ကျယ်ကျယ်လောင်လောင် ရယ်မောလာကာ သူ၏မုတ်ဆိတ်ကို ပွတ်သပ်နေတော့သည် “ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ် “
“ ရှုကျိုး၊ မင်းက လူကောင်းလေးပဲ၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ ဂုဏ်ယူစရာ၊ လူသားမျိုးနွယ်စုရဲ့ ဂုဏ်ယူစရာပဲ “
“ မင်းရဲ့ အနာဂတ်က ငါရော၊ အရင်ကဌာနမှူးထပ်ရော ပိုပြီးတော့ မြင့်နေမှာပဲ “
ရှုကျိုးသည် ချောင်းတဟန့်ဟန့်ဖြင့် ရိုးရိုးကုပ်ကုပ်ပြောလာခဲ့သည် “ အရင်တုန်းက လူတွေရဲ့ ပခုံးပေါ်မှာ ရပ်နေရုံလေးတင်ပါပဲဗျာ “
ရှန့်ဝမ်ချန်းမှ လက်ဝေ့ယမ်းပြလာခဲ့သည် “ အရင်ဌာနမှူးကတောင် သွေးကြောမှတ် လည်ပတ်မှုကို ဖွင့်ဖို့အတွက် သွေးကြောမှတ် အခု၃၆၀ဖွင့်ရမယ်ဆိုတာကို မသိခဲ့ဘူး “
တစ်နည်းဆိုရသော် ရှုကျိုးသည် တစ်ကြိမ်တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသော အရာတစ်ခုကို ပြုလုပ်ခဲ့လေသည်။
သို့သော် ရှုကျိုးသည် ထိုကဲ့သို့ မတွေးခဲ့ပေ။
အထူးသဖြင့် လူသားဧကရာဇ် စည်းတံဆိပ်၏ အမွေအနှစ်ကို ကြုံတွေ့ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တစ်စုံတစ်ဦးက ဤလမ်းကြောင်းကို လျှောက်ခဲ့ပြီးပြီဟု သံသယဝင်သွားခဲ့သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ရွှေရောင်ဝတ်စုံနှင့်လူသည် သွေးကြောမှတ် လည်ပတ်မှု၏ အယူအဆကို သိနေလိမ့်မည် မဟုတ်ပေ။
၎င်းကို တွေးရင်းဖြင့် ရှုကျိုးသည် သွေးကြောမှတ် လည်ပတ်မှုကို ဖွင့်ခဲ့ပြီးသည့်နောက်တွင် သူကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို အမှတ်ရသွားခဲ့သည်။
သူသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ဆရာဘိုးဘိုး၊ ကမ္ဘာ့အပြင်ဘက်ကို ရောက်ဖူးလား? “
“ ရောက်ဖူးတယ်လေ၊ ဘာဖြစ်လို့လဲ? “
“ ကြယ်ပြာဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်မှာ သွေးပင်လယ်ကြီးရှိနေတာလား? “ ဟုရှုကျိုးမှ မေးမြန်းလာခဲ့သည်။
“ သွေးပင်လယ်လား? “ ရှန့်ဝမ်ချန်းသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ထို့နောက်တွင် ခေါင်းခါပြလာခဲ့သည် “ အဲ့လောက်ကြီး မဟုတ်ပါဘူး။ အဲ့ဒီအချိန်တုန်းက အာကာသထဲမှာက သာမန်လူတွေကို မျက်နှာသာမပေးချင်တဲ့ အရာတစ်ချို့ကြောင့် ကောင်းကင်က ပိုင်းဖြတ်ခံလိုက်ရတယ်၊ ဒါပင်မဲ့ သွေးပင်လယ်တော့ မရှိဘူး “
“ ဘာကြီးလဲဗျ? “
“ အဲ့တာက ကမ္ဘာ့ကြယ်က လူတွေနဲ့ဆိုင်တယ်၊ နောင်မှာ မင်းအဲ့ကိုရောက်သွားရင် သိလာပါလိမ့်မယ် “
ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူသည် ကြယ်ပြာဂြိုဟ်က အလောင်းများနှင့် သွေးပင်လယ်ပြင်တို့၏ ဖုံးလွှမ်းခြင်းကို ခံနေခဲ့ရပြီး၊ ကြီးမားသော အလောင်းကြီးများကလည်း အာကာသထဲတွင် လွင့်မျောနေသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။
အဲ့တာက အခုလက်ရှိ ပစ္စုပ္ပန် မဟုတ်တာများလား?
“ အဲ့တာကို ရုတ်တရက်ကြီး ဘာလို့မေးလာရတာလဲ? “ ရှန့်ဝမ်ချန်းသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလာခဲ့သည်။
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် သူကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို ချက်ချင်း ပြောပြလာတော့လေသည်။
“ သွေးကြောမှတ် လည်ပတ်မှုကို ဖွင့်ခဲ့ပြီးနောက်မှာ ကျွန်တော်ရဲ့ ဝိညာဥ်က ခန္ဓာကိုယ်ထဲကနေ ထွက်သွားပြီးတော့ ကြယ်ပြာဂြိုဟ်အထက်က ကောင်းကင်ပေါ်ကို တက်သွားတယ်လို့ ခံစားခဲ့ရတယ်၊ ပြီးတော့ ဧရာမလက်ကြီးတစ်ခုက ကြယ်ပြာဂြိုဟ်ကို ကိုင်ထားတာကို မြင်ခဲ့ရတယ် …………. “
ရှုကျိုး၏ စကားလုံးများကို နားထောင်ရလေလေ၊ ရှန့်ဝမ်ချန်း ပို၍ အံ့ဩတုန်လှုပ်သွားလေလေပင်ဖြစ်သည်။
ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည် “ ဆရာဘိုးဘိုး၊ အဲ့အကြောင်းကို သိလား? “
ရှန့်ဝမ်ချန်းသည် သူ့ကို ကြည့်၍ ပြောလာခဲ့သည် “ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ လနတ်ဘုရားဂိုဏ်းက လူတွေကပါ အဲ့ကိစ္စကို သိကြတယ် “
“ လနတ်ဘုရားဂိုဏ်းလား? “ ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ရှန့်ဝမ်ချန်းမှ လေးလေးနက်နက် ပြောလာခဲ့သည် “ မင်းပြောခဲ့တဲ့ဟာတွေက လနတ်ဘုရားဂိုဏ်းက လနတ်ဘုရားမအကြောင်းကို ပြောခဲ့တာတွေနဲ့ တော်တော်ကြီးတူတယ် “
“ လနတ်ဘုရားဂိုဏ်းက လနတ်ဘုရားမက ကြယ်ပြာဂြိုဟ်ကို ကိုင်ထားတယ်လို့ ယုံကြည်နေကြတယ်၊ မိခင်နတ်ဘုရားမက ကြယ်ပြာဂြိုဟ်ကို ပျိုးထောင်းပေးနေတာတဲ့ “
“ ဒါပင်မဲ့ အာကာသထဲကို ငါရောက်ခဲ့တဲ့ အချိန်ကတုန်းကတော့ ဘာမှကို မတွေ့ခဲ့ဘူး “
ရှုကျိုး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်၊ ငါမြင်ခဲ့ရတဲ့ဟာက လနတ်ဘုရားဂိုဏ်းရဲ့ အယူအဆနဲ့ သွားတူနေတာလား?
အဲ့တာက တိုက်ဆိုင်မှုပဲလား၊ ဒါမှမဟုတ် ယုတ္တိမရှိတဲ့ ဟာကြီးလား?
သို့သော် ရှုကျိုးသည် သူမြင်တွေ့ခဲ့ရသည့် အရာများက သေချာပေါက် စစ်မှန်နေလိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။
လူသားဧကရာဇ်၏ စည်းတံဆိပ် အမွေဆက်ခံမှုသည် သူ့ခေါင်းထဲတွင် ထင်ထင်ရှားရှားရှိနေစဲပင် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်၊ ငါ့ရဲ့ အာရုံတွေက လနတ်ဘုရားဂိုဏ်းက ဟာတွေနဲ့ သွားတူနေတာလား? ငါ့ကို အမှောင်သိုင်းပညာရှင်လို့ အထင်မှားသွားကြမှာလား?
ထိုအချိန်တွင် ရှန့်ဝမ်ချန်းမှ စကားထပ်ပြောလာခဲ့သည် “ အေးအေးဆေးဆေးပဲ နေပါ၊ အဲ့တာတွေကို အတည်မမှတ်လိုက်နဲ့ “
“ မင်းမြင်ခဲ့ရတဲ့ဟာတွေကတော့ ရှေးဟောင်းဧကရာဇ်တစ်ပါးက မင်းကို မြင်တွေ့ခွင့်ပြုလိုက်လို့ ဖြစ်နိုင်တယ် “
“ ရှေးဟောင်း ဧကရာဇ်လား? “