← Chapters

လူသားတို့၏ မူလဇစ်မြစ်၊ ရှေးဟောင်းရတနာများ ၃

Vol. 18 Ch. 264

လူသားတို့၏ မူလဇစ်မြစ်၊ ရှေးဟောင်းရတနာများ ၃

Vol. 18 Ch. 264

“ ရှေးဟောင်းမှတ်တမ်းတွေအရတော့ လွန်ခဲ့တဲ့နှစ်ဆယ်သန်းလောက်တုန်းက ကြယ်ပြာဂြိုဟ်က မရေမတွက်နိုင်လောက်အောင် များပြားလွန်းတဲ့ မျိုးနွယ်စုတွေရဲ့ အိမ်ဖြစ်ခဲ့တယ်တဲ့၊ အစွမ်းထက်ပုဂ္ဂိုလ်တွေကလည်း တိမ်တွေလို ပေါများခဲ့တယ်ဆို့ ပြောကြတယ်။ ကောင်းကင်ဘုံနဲ့ မြေပြင်ကြားမှာ ပြိုင်ဘက်ကင်းတဲ့ ဖြစ်တည်မှုတစ်ခုရှိခဲ့တယ်၊ သူ့ကို မှော်ဧကရာဇ်လို့ခေါ်ကြတယ်၊ သူ့ရဲ့ စွမ်းအားက ကောင်းကင်နဲ့ မြေပြင်ကို လွှမ်းမိုးထားပြီးတော့ မျိုးနွယ်စုပေါင်းတစ်သောင်းကို ချုပ်ကိုင်နိုင်ခဲ့တယ်တဲ့ “

ရှန့်ဝမ်ချန်းမှ ဖြည်းဖြည်းချင်း ပြောပြလာခဲ့သည် “ ဒါပင်မဲ့ အဲ့တာတွေက ရှေဟောင်းစာအုပ်ထဲက အကြောင်းအရာတွေချည်းပဲ၊ အထဲမှာရှိတဲ့ အရာအားလုံးကို ဘာတစ်ခုမှ သက်သေမပြနိုင်ခဲ့ဘူး၊ ဒီနေ့ခေတ်မှာတော့ အဲ့ကိစ္စတွေကို ဘယ်သူကမှ မယုံကြတော့ဘူး “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ နိုးထခြင်းဖြစ်ရပ်က လွန်ခဲ့သော နှစ်၃၀၀ခန့်ကသာ ဖြစ်ပွားခဲ့ပြီး၊ ထိုအချိန်မတိုင်ခင်အချိန်အထိ မည်သည့်ကျင့်ကြံရေး နည်းလမ်းမှ မရှိခဲ့ဘူးဆိုသည်ကို သူသိနေခဲ့သည်။

အစွမ်းအထက်ဆုံးသော ပုဂ္ဂိုလ်မျာကပင် ကျည်ဆံတို့၏ တိုက်ခိုက်မှုများကို တောင့်မခံနိုင်သောကြောင့် သေမျိုးတို့၏ အကန့်အသတ်များဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။

လွန်ခဲ့သော နှစ်သုံးရာခန့်က ထူးခြားသော ဗီဇပြောင်းလဲမှုဖြစ်ပေါ်လာခဲ့ပြီးသည့်နောက်မှပင် ၎င်းသည် လူသားတို့၏ သဘာဝလွန်ခရီးစဥ်တစ်ခုကို ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ဆယ်သန်းအတွက်ကား?

လူသားတို့၏ မူလအစကနဦးသည် လွန်ခဲ့သော နှစ်သုံးသန်းကျော်ကစတင်ခဲ့ခြင်းဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ဆယ်သန်းက လူသားမျိုးနွယ်စု ရှိ၊ မရှိဆိုသည်ကမူ အတည်ပြုနိုင်ရန် ခဲယဥ်းလွန်းနေခဲ့သည်။

“ ဒါပင်မဲ့ ဒီဧကရာဇ်ကောင်းချီးကတော့ တော်တော်လေးကို ထူးခြားနေတာကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေနိုင်တယ် “ ရှန့်ဝမ်ချန်းမှ လေးလေးနက်နက် ပြောလာခဲ့သည်။

ရှုကျိုး အံ့ဩသွားတော့သည်၊ ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည် “ ရှေးဟောင်း ဧကရာဇ်က တကယ်ကြီး ရှိနေခဲ့တာလား? “

ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အစကတော့ ရှေးဟောင်း ဧကရာဇ်က ဒဏ္ဍာရီလာ ပုံပြင်တစ်ခုဖြစ်ခဲ့တာ၊ အခုတော့ အဲ့တာက တကယ်ရှိခဲ့တယ်ဆိုတာကို သက်သေပြလာနိုင်လောက်ပြီ။ ဖြစ်နိုင်ခြေက နည်းပင်မဲ့ အဲ့တာက လူတော်တော်များများရဲ့ အတွေးအမြင်တွေကို ပြောင်းပြန်လှန်သွားလိမ့်မယ် “

“ အဲ့တာက လူသူမရှိတဲ့ နယ်မြေအကြီးကြီးတွေနဲ့ အဆုံးမဲ့ တားမြစ်နယ်မြေတွေက ကြယ်ပြာဂြိုဟ်ပေါ်မှာ ရှိနေပြီးတော့ ရှေးဟောင်းရတနာတွေပါ ရှိနိုင်တယ်လို့ ဆိုလိုနေတာပဲ “

လွန်ခဲ့သော နှစ်သုံးရာခန့်က ကြယ်ပြာဂြိုဟ်၏ ပထဝီဝင်အနေအထားသည် အဆတစ်ရာကျော်အထိ ကြီးမား ကျယ်ပြန့်လာခဲ့သည်။

သုတေသီတို့သည် ၎င်းတို့က အသစ်ဖြစ်တည်လာသော နယ်မြေများ မဟုတ်ဘဲ၊ ကြယ်ပြာဂြိုဟ်၏ မူလကနဦး အစိတ်အပိုင်းများသာ ဖြစ်သည်ဟု ရှာတွေ့ခဲ့ကြသည်။

ရှေးဟောင်း ဧကရာဇ်၏ ကိစ္စနှင့် တွဲစပ်လိုက်မည်ဆိုပါက အဆိုပါ နယ်မြေများက ရှေးဟောင်းရတနာများတည်ရှိရာ အိမ်များဖြစ်သည်ဟု မှန်းဆရလွယ်ပေသည်။

ရှုကျိုး၏ စိတ်ထဲတွင် အကြံတစ်ခုပေါ်လာခဲ့ပြီး၊ သူသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ လူသားတွေရဲ့ အဆင့်မြင့်ပညာရှင်တွေက အဲ့နယ်မြေတွေမှာ သွားမရှာရသေးဘူးလား? “

“ နေရာတော်တော်များများကို အဆင့်မြင့် နတ်သားရဲတွေက သိမ်းပိုက်ထားတယ် “

ရှန့်ဝမ်ချန်းမှ ခေါင်းခါပြလာခဲ့သည် “ လူသားတွေနဲ့ သားရဲမျိုးနွယ်စုတွေက မဟာမိတ်တွေဆိုတော့ အဲ့နယ်မြေတွေကို ထိလို့မရခဲ့ဘူး၊ ဒါပင်မဲ့ အခုကတော့ ……………………. “

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ လူသားတွေက အဲ့တာလေးအတွက်နဲ့တော့ မဟာမိတ်စာချုပ်ကို မဖျက်လောက်ဘူးလေ၊ ဟုတ်တယ်မလား? “

“ လူသားမျိုးနွယ်စုရဲ့ ခေါင်းဆောင်တွေကတော့ သေချာပေါက် လုပ်မှာ မဟုတ်ဘူး “ ရှန့်ဝမ်ချန်းမှ ခေါင်းခါပြလာခဲ့သည် “ ဒါပင်မဲ့ လနတ်ဘုရား ဂိုဏ်းက အဲ့သူခိုးဂျပိုးတွေကတော့ ……. ဘယ်သူက သိမှာလဲ? “

ရှုကျိုး၏ စိတ်နှလုံးသား တုန်လှုပ်သွားခဲ့သည်။

လနတ်ဘုရားဂိုဏ်းဝင်များကိုလည်း လူသားအဖြစ် သတ်မှတ်၍ရပေသည်။

အကယ်၍ သူတို့ကသာ အဆိုပါ သားရဲကြီးတို့၏ ပိုင်နက်များထဲသို့ ခိုးဝင်သွားကာ ရတနာများ တူးဖော်ကြမည်ဆိုပါက အစွမ်းထက် သားရဲကြီးများသည် ဒေါသထွက်သလွန်းသဖြင့် မဟာမိတ်စာချုပ်ကိုပင် ရုတ်သိမ်းလာနိုင်ပေသည်။

“ အဲ့တာတွေက မင်းနဲ့ ဘာမှ မဆိုင်ပါဘူး “

ရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည် “ မင်းက အားနည်းနေတုန်းပဲ၊ မင်းမြင်ခဲ့ရတဲ့ဟာတွေအတွက်တော့ ငါလည်း အကြောင်းအရင်းကို မသိဘူး၊ ဒါပင်မဲ့ အဲ့တာတွေကို အတည်မယူလိုက်နဲ့။ မင်းအတွက် အရေးအကြီးဆုံးက ပိုသန်မာဖို့ပဲ “

“ တကယ်လို့ မင်းက ကြယ်ပြာဂြိုဟ်ဖျက်စီးခံလိုက်ရတာကို မြင်ခဲ့မယ်ဆိုရင်တောင်မှ အခုလက်ရှိမင်းက ဘာအပြောင်းအလဲတွေ လုပ်ပေးနိုင်လို့လဲ? “

“ တစ်ခါတစ်လေမှာ လျစ်လျူရှုထားလိုက်ရတာကလည်း ကောင်းတဲ့ကိစ္စတစ်ခုပဲ “

“ မင်းရဲ့ သန်မာအားကောင်းလိုတဲ့စိတ်ကို ဘယ်အရာကမှ မတားဆီးနိုင်ဘူး။ စိတ်ကို တည်ငြိမ်အောင် ထားပြီးတော့ ရှေ့ကိုပဲ ဆက်လျှောက်နေ၊ အဲ့လိုမှပဲ မင်းက ကြောက်ဖို့ကောင်းတဲ့ အင်အားစုတစ်ခု ဖြစ်လာလိမ့်မယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် ဌာနမှူး၏ ရည်ရွယ်ချက်ကို နားလည်နေခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက ရှုကျိုး၏ ကြီးထွားတိုးတက်မှု ခရီးစဥ်သည် သူကလေးဘဝကအချိန်နှင့် လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

သူ၏လမ်းကြောင်းသည် တိုက်ခိုက်ရေးစွမ်းအားနယ်ပယ်တွင် ပြိုင်ဘက်ကင်းနေခဲ့သော်လည်း၊ နာကျင်စရာများဖြင့် ပြည့်နှက်နေခဲ့သည်။

ချီ-သွေးပေါက်ကွဲခြင်းသည် လူတော်တော်များများကို ပေါက်ကွဲထွက်သွားစေခဲ့ပြီး၊ တစ်ခြားလူများက ထိုကဲ့သို့ ပြုလုပ်ခြင်းမှ တားဆီးခဲ့သည်။

စိတ်ပိုင်းဖြတ်ထားမှသာလျှင် ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ကာ သန်မာသူတို့၏ လမ်းကြောင်းကို လျှောက်လှမ်းနိုင်မည် ဖြစ်သည်။

ရှုကျိုးမှာလည်း ထိုကဲ့သို့သော လမ်းကြောင်းမျိုးကိုသာ လျှောက်လှမ်းနေခဲ့ခြင်းဖြစ်သည်။

…

“ ဆရာဘိုးဘိုး၊ ဒုတိယအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်ကို သိလား? “ ရှုကျိုးမှ ရုတ်တရက် မေးမြန်းလိုက်သည်။

“ ဒုတိယအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်လား? “ ရှန့်ဝမ်ချန်းသည် ဇဝေဇဝါဖြစ်သွားခဲ့သည် “ မင်းက အဲ့တာကို ဘာလို့ မေးရတာလဲ? “

ရှုကျိုးမှ ပြောလာခဲ့သည် “ အချိန်ကျလာရင် ဧကရာဇ်ရဲ့ကောင်းချီးက ထပ်ရောက်လာဦးမလားဆိုတာကို သိနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့အတွက် နားလည်ထားချင်လို့ပါ “

သူသည် လူသားဧကရာဇ်၏ စည်းတံဆိပ်အကြောင်းကို မပြောပြလိုက်ပေ။

ဒုတိယအဆင့်၏ အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့မည်ဆိုပါက လူသားဧကရာဇ်၏ စည်းတံဆိပ် အမွေဆက်ခံမှုကို ထပ်မံ၍ ရရှိလာနိုင်လေသည်။

၎င်းမှာ အရေးကြီးကိစ္စတစ်ခုဖြစ်သည်၊ ရှုကျိုးမှာ ဌာနမှူးကို မယုံမကြည်ဖြစ်နေခြင်း မဟုတ်ပေ၊ သို့သော် လူသားဧကရာဇ်စည်းတံဆိပ်ကို ကိုင်ထားရခြင်းသည် ဧကရာဇ်ကိုယ်တိုင် တည်ရှိနေသကဲ့သို့ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောကြောင့် ဖြစ်သည်။

ရှန့်ဝမ်ချန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ စကားပြောလာခဲ့သည် “ သိုင်းပညာမှာ ဒုတိယအဆင့်နယ်ပယ်က သွေးကြောမှတ်တွေကို ပေါင်းစည်းရတာပဲ။ ဒါက အစစ်အမှန် သိုင်းပညာဌာနနဲ့ နတ်သိုင်းဌာနနှစ်ခုစလုံးအတွက် အတူတူပဲ။ သွေးကြောမှတ် ပေါင်းစည်းတဲ့ နည်းလမ်းတွေကပဲ ကွဲပြားသွားတာ “

“ အစစ်အမှန် သိုင်းပညာဌာနရဲ့သွေးကြောမှတ် ပေါင်းစည်းခြင်းအကန့်အသတ်က သွေးကြောမှတ် ၁၂၀ကို သွေးကြောမှတ် ငါးခုအဖြစ် ပေါင်းစည်းတာပဲ၊ အရေအတွက်အနေနဲ့ဆိုရင်တော့ လေးကြိမ်ပေါ့ ”

“ အရင်ကတော့ နတ်သိုင်းဌာနက သုံးကြိမ်ပဲ ပေါင်းစည်းနိုင်ခဲ့တယ်၊ ဒါပင်မဲ့ ယန်တျန်ဒုံကတော့ သွေးကြောမှတ် ၁၆၀ကို ၁၀ခုအဖြစ်ပြောင်းပြီးတော့ လေးကြိမ်တိတိ ပေါင်းစည်းနိုင်ခဲ့တယ် “

အစစ်အမှန် သိုင်းပညာဌာနမှာ ပါဖက်စနစ်ကို တည်ဆောက်ထားသောကြောင့်၊ နည်းလမ်းနှစ်ခုလုံး၏ တိုက်ခိုက်ရေးစွမ်းအားမှာ သာတူညီမျှသာလျှင် ဖြစ်သည်။

ရှုကျိုးမှ သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ သွေးကြောမှတ်အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ရော ဖြစ်နိုင်လားဗျ? “

“ ဖြစ်နိုင်တယ် “ ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အရင်ဌာနမှူးကလည်း အဲ့လိုလုပ်နိုင်ခဲ့တယ်၊ ဒါပင်မဲ့ အဲ့ဒီအချိန်တုန်းက သူက အဠမအဆင့်ကို ရောက်နေခဲ့ပြီ၊ ပြီးတော့ သူက သွေးကြောမှတ် လည်ပတ်မှုကို ရှာဖွေစမ်းသပ်ချင်နေခဲ့တာ “

၎င်းကို ကြားလိုက်ရသောအခါ၌ ရှုကျိုး၏မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အရင်ဌာနမှူးကလည်း အဲ့လိုလုပ်နိုင်ခဲ့တာလား?

ယခင်ဌာနမှူးသည် ထိုအချိန်က ဧကရာဇ်၏ ကောင်းချီးကို မရခဲ့သည်မှာ သိသာလွန်းလှသည်။

အဲ့တာက သူက ဒုတိယအဆင့်နယ်ပယ် မဟုတ်လို့များလား? ဒါမှမဟုတ် ဒုတိယအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်ကို မရောက်ခဲ့လို့လား?

ရှုကျိုးသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားတော့သည်၊ ဒါဆိုရင် ဒုတိယအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်က ဘာလဲ?

“ တကယ်တော့ ငါ့ဆီမှာ သွေးကြောမှတ်တွေကို ပေါင်းစည်းတာနဲ့ ပတ်သက်ပြီးတော့ အတွေးတစ်ခု ရှိခဲ့ဖူးတယ် “ ရှန့်ဝမ်ချန်းမှ ရုတ်တရက် ပြောလာခဲ့သည်။

ရှုကျိုး၏ မျက်လုံးများ ချက်ချင်း တောက်ပသွားခဲ့သည် “ ဆရာဘိုးဘိုး၊ ဆက်ပြောပြပါ “

ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ ဒုတိယအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်က သွေးကြောမှတ်တွေကို ဘယ်နှကြိမ်ပေါင်းစည်းထားလဲဆိုတာ မဟုတ်လောက်ဘူး၊ ဒါပင်မဲ့ မင်းရဲ့ သွေးကြောမှတ်တွေအားလုံးကို မင်းရဲ့ခန္ဓာကိုယ်ထဲမှာ တစ်ခုတည်းအဖြစ် အပြည့်အဝ ပေါင်းစည်းပေးရမယ် “

“ သွေးကြောမှတ်တွေရဲ့ လျှို့ဝှက်စွမ်းအား အသက်ဝင်လာရင် အဲ့တာကို နားလည်လာလိမ့်မယ်၊ ဒါပင်မဲ့ တကယ်လို့ အဲ့ဒီသွေးကြောမှတ်တွေက မင်းနဲ့ ပေါင်းစည်းနေမယ်ဆိုရင် မင်းက အဆုံးမဲ့ လျှို့ဝှက်စွမ်းအားတွေကို ပိုင်ဆိုင်ပြီးတော့ မမောမပန်းတိုက်ပွဲဝင်နိုင်လောက်တယ် “

ရှုကျိုး ဇဝေဇဝါဖြစ်နေသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ရှ့န်ဝမ်ချန်းမှ ဆက်လက်၍ ရှင်းပြလာခဲ့သည် “ အဲ့ဖြစ်ရပ်ရဲ့ အဓိကအချက်က မင်းရဲ့ သွေးကြောမှတ်တွေက မင်းနဲ့မဆိုင်ဘူး “

“ ငါတို့ဖွင့်ထားတဲ့ သွေးကြောမှတ်တွေက ချီ-သွေးပေါက်ကွဲခြင်း ဒါမှမဟုတ် သားရဲအူတိုင်စသည်ဖြင့် နည်းလမ်းအမျိုးမျိုးသုံးပြီးတော့ ဖွင့်ထားကြတာပဲ “

“ ဒါပင်မဲ့ ပြင်ပပစ္စည်းတွေသုံးပြီးတော့ သွေးကြောမှတ်တွေကို အတင်းအကြပ်ဖွင့်လိုက်မယ်ဆိုရင်၊ အဲ့တာတွေနဲ့ ခန္ဓာကိုယ်ကြားထဲမှာ ချိတ်ဆက်မှု မရှိတော့ဘူး “

“ တကယ်လို့ အချိန်တော်တော်ကြာကြာအထိ မသုံးဘူးဆိုရင်လည်း သွေးကြောမှတ်တွေက ထပ်ပြီးတော့ ပျောက်သွားလိမ့်မယ် “

“ ပြီးတော့ ဒုတိယအဆင့်နယ်ပယ်ရဲ့ ကျင့်ကြံမှုက မင်းနဲ့ မင်းရဲ့သွေးကြောမှတ်တွေကြားမှာ ဆက်နွယ်မှုတစ်ခု ဖြစ်လာအောင် တည်ဆောက်ဖို့ပဲ “

“ … “

ရှုကျိုး၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပသွားခဲ့သည်။

သူသည် ထိုကဲ့သို့သော သဘောတရားမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့မိချေ၊ ၎င်းသည် သူ၏မျက်လုံးများကို ပွင့်သွားစေခဲ့သည်။

သို့ရာတွင် ဌာနမှူးသည် အဆိုပါ အတွေးအခေါ်က မရေရာမသေချာပဲ အတွေးအခေါ်တစ်ခုမျှသာ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ရှုကျိုးသည် အတော်လေး စိတ်ကျေနပ်သွားခဲ့သည်၊ အနည်းဆုံးအနေဖြင့် သူ့အတွက် ဦးတည်ချက်တစ်ခု ရှိလာခဲ့ပြီဖြစ်ပြီး၊ ဒုတိယအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် သူသည် ၎င်းကို ကြိုးစားကြည့်မည်ဖြစ်သည်။

ဌာနမှူးနှင့် မခွဲခွာခင် အချိန်တွင် ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည် “ ဒါနဲ့ ကျွန်တော်ကြားတာတော့ ဧကရာဇ်ကောင်းချီးပေးတာကို ခံရရင် ရွှေစင်တစ်သောင်း ဆုရမယ်ဆို၊ အဲ့တာက ဟုတ်လားဗျ? “

“ အဟွတ်၊ အဟွတ်၊ အဟွတ် !!! “

ရှန့်ဝမ်ချန်းသည် မနေနိုင်တော့ဘဲ အပြင်းအထန် ချောင်းဆိုးမိသွားတော့သည်။

“ အဲ့တာက ရှေးဟောင်း ဧကရာဇ်ရှိခဲ့တဲ့ အရင်ခေတ်တုန်းက ဆုလဒ်ဖြစ်သင့်တယ်။ အခုတော့ သူမရှိတော့ဘူးလေ၊ အဲ့တော့ မင်းကို အဲ့တာပေးလို့မရဘူး “

ရှန့်ဝမ်ချန်းသည် ရှုကျိုး စိတ်ပျက်သွားမည်ကို စိုးရိမ်သွားကာ ထပ်ဖြည့်ပြောလာခဲ့သည် “ အဲ့ဒီကောင်းချီးက အကျုံးဝင်သေးလားဆိုတာကို အမြင့်ပိုင်း အဆင့်ပုဂ္ဂိုလ်တွေကို ငါမေးပေးမယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် ၎င်းကို စိတ်မပျက်သွားခဲ့ပေ။

ယခုလက်ရှိ အချိန်၌ သူ့ထံတွင် ငွေကြေးပြတ်လပ်မနေခဲ့ပေ၊ ယခင်က ရခဲ့သည့် အကျိုးပြုအမှတ် ၁သောင်းကို အကုန်အစင် အသုံးမပြုရသေးပေ။

သို့သော် အကယ်၍ သူက ရွှေစင်တစ်သောင်းရရှိမည်ဆိုပါက သူသည် ၎င်းးကိုလည်း ဝမ်းသာအားရ လက်ခံလိုက်မည် ဖြစ်သည်။

လောက၌ ငွေမလိုချင်သည့် လူရှိပါဦးမည်လား?

ရှန့်ဝမ်ချန်း ထွက်သွားသည်ကို မြင်လိုက်ရပြီးသည့်နောက်တွင် ရှုကျိုးသည် ထပ်မံ၍ တင်ပျဥ်ခွေထိုင်နေတော့လေသည်။

ဤတစ်ကြိမ်၌ သူသည် ထပ်မံ၍ ကျင့်ကြံမနေတော့ပေ၊ ထို့အစား နောက်သုံးရက်အကြာတွင် ပြုလုပ်မည့် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ကြံရွယ်နေတော့သည်။

ထို့အပြင် သူ့အတွေးထဲတွင် ရှိနေသည့် လူသားဧကရာဇ်၏ စည်းတံဆိပ်အမွေအနှစ်ကိုလည်း နားလည်အောင် ပြုလုပ်ရဦးမည် ဖြစ်သည်။

“ ဟူးးးးး ~~~ “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ သူ၏စိတ်အခြေအနေကို တည်ငြိမ်စေလိုက်သည်။

ပြိုင်ပွဲနှင့်ပတ်သက်၍ သူ၏စိတ်အခြေအနေမှာ အတော်လေး ပေါ့ပါးသွက်လက်နေခဲ့သည်။

အရေးအကြီးဆုံး အရာမှာ သူသည် သူ၏ ယခုလက်ရှိ တိုက်ခိုက်ရေးစွမ်းအားက မည်သည့်အဆင့်သို့ ရောက်ရှိနေလဲဆိုသည်ကို သိချင်နေခဲ့သည်။

သူသည် ပြိုင်ပွဲထပ် ဒုတိယအဆင့်နယ်ပယ်၏ အကန့်အသတ်က မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို ပို၍သိချင်နေလျက်ရှိသည်။

“ ပြိုင်ပွဲ၊ ဒုတိယအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်၊ လူသားဧကရာဇ် စည်းတံဆိပ် …….. “ ရှုကျိုး ပြုံးသွားတော့လေသည်၊ ဘဝက ပိုပိုပြီးတော့ ပျော်စရာကောင်းလာတာပဲ။

All Chapters