← Chapters

ခမ်းနားသော ပြိုင်ပွဲကြီး၏ လှိုင်းထန်မှု ၃

Vol. 18 Ch. 267

ခမ်းနားသော ပြိုင်ပွဲကြီး၏ လှိုင်းထန်မှု ၃

Vol. 18 Ch. 267

နဝမအဆင့်ပညာရှင်တစ်ဦး၏ အရှိန်အဟုန်ကပင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို လှုပ်ခါသွားစေရန် လုံလောက်နေခဲ့သည်။

အနီရောင်ဆံပင်နှင့် လူကြီးကဲ့သို့ပင်၊ အတွေးတစ်ချက်ဖြင့်ပင် သူသည် ကမ္ဘာကြီး၏ အပူချိန်ကို မြင့်တက်လာအောင် လုပ်နိုင်နေခဲ့သည်၊ ထိုကဲ့သို့သော နတ်စွမ်းရည်မျိုးသည် မသေမျိုးနတ်ဘုရားတို့၏ စွမ်းအားများသာ ဖြစ်သည်။

ထိုအချိန်တွင် စင်ပေါ်ရှိ ကွေ့မူမှ စကားစပြောလာခဲ့သည် “ အားလုံးရောက်နေကြပြီဆိုတော့ ပွဲကို စလိုက်ကြတာပေါ့ “

ဝုချင်းရှန်မှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ ချက်ချင်းထရပ်ကာ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ ဌာနနှစ်ခုကြားက ပြိုင်ပွဲကို ရှုံးထွက်ပုံစံမျိုးနဲ့ ကျင်းပမယ်၊ အနိုင်ရတဲ့သူနဲ့ တစ်ဖက်ချင်းစီက အောင်ပွဲအရေအတွက်အပေါ် မူတည်ပြီးတော့ နောက်ဆုံးရလဒ်ကို ဆုံးဖြတ်မယ် “

“ တစ်ကျော့ချင်းစီတိုင်းမှာ မဲနှိုက်ပြီးတော့ ပြိုင်ဘက်ရွေးရမယ် “

ပြိုင်ပွဲ၏ စည်းမျဥ်းစည်းကမ်းများသည် အတော်လေး ရိုးရှင်းနေခဲ့သည်။

၎င်းသည် အသင်း၏အောင်မြင်မှုကို ဆောင်ကြဥ်းပေးသည့် နောက်ဆုံးအနိုင်ရသူကိုသာလျှင် မဟုတ်ဘဲ အဖွဲ့သားအားလုံးတို့၏ အောင်ပွဲရ အရေအတွက်ကိုပါ ထည့်တွက်ထားခြင်းဖြစ်သည်။

သို့သော် အကယ်၍ လူတစ်ဦးဦးသာ အောင်နိုင်သူအဖြစ် ကျန်နေခဲ့မည်ဆိုပါက ၎င်းသည် နောက်ဆုံးရလဒ်အတွက် အမှတ်အကဲဖြတ်မှုကို ကောင်းကောင်းကြီး အလေးသာသွားစေမည် ဖြစ်သည်။

ထို့နောက်တွင် ဝုချင်းရှန်သည် စကားလုံးများကို ဖြုန်းတီးမနေတော့ဘဲ ကျယ်လောင်စွာ ကြေညာလာတော့သည် “ ဌာနနှစ်ခုကြားက ပထမအဆင့်နယ်ပယ်တွေရဲ့ တိုက်ပွဲစပြီလို့ ကျွန်တော်ကြေညာတယ် !!! “

“ နှစ်ဖက်စလုံးက ပြိုင်ပွဲဝင်အားလုံး စင်ပေါ်ကို တက်လာကြပါ “

သူ၏စကားများ ပြီးဆုံးသွားသည့်နောက်တွင် ရှုကျိုးနှင့် ဝမ်ချောင်ခုန်းတို့သည် သူတို့၏ သက်ဆိုင်ရာ အဖွဲ့များကို ဦးဆောင်ကာ စင်ပေါ်သို့ တက်လာကြသည်။

မကြာခင်မှာပင် အဖွဲ့နှစ်ဖွဲ့စလုံးသည် စင်ပေါ်တွင် မတ်တပ်ရပ်နေကြတော့သည်။

ဝုချင်းရှန်မှ လက်ဝေ့ယမ်းလာခဲ့ရာ အနက်ရောင် သံသေတ္တာနှစ်လုံးသည် အဖွဲ့နှစ်ဖွဲ့ဆီသို့ ပျံသန်းရောက်ရှိလာခဲ့သည်။

“ မဲနှိုက်ပြီးတော့ ဆက်လုပ်ကြပါ “

ရှုကျိုးနှင့် ဝမ်ချောင်ခုန်းတို့သည် တစ်ပြိုင်နက် ရှေ့တက်လာကြပြီး၊ လက်ဆန့်ထုတ်ကာ မဲနှိုက်နေကြပြီး တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူတို့၏ မဲနံပါတ်များကို ဆွဲထုတ်လာကြသည်။

“ နံပါတ်၂လား? “ ရှုကျိုးသည် သူ၏နံပါတ်ကို ဖျတ်ခနဲကြည့်လိုက်သည်။

မကြာခင်မှာပင် တစ်ခြားလူများမှာလည်း ထိုအတိုင်းပြုလုပ်လာကြပြီး၊ မဲနှိုက်ခြင်းပြီးဆုံးသွားတော့သည်။

နတ်သိုင်းဌာနအဖွဲ့၌

ချန်းခယ်အာသည် လင်းရွှယ်ကို ကြည့်လာခဲ့သည် “ နင်က ဘယ်နံပါတ်ရခဲ့လဲ? “

“ နံပါတ်၂ “ လင်းရွှယ်မှ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ပြန်ဖြေလာခဲ့သည်။

ချန်းခယ်အာသည် အံ့ဩတကြီးဖြင့် အော်ပြောမိသွားခဲ့သည် “ ငါခုနကမြင်လိုက်တယ်၊ ရှုကျိုးရဲ့နံပါတ်ကလည်း နံပါတ်၂ဖြစ်နေတဲ့ပုံပဲ “

အဝေးရှိ ရှုကျိုးကို ငေးကြည့်ရင်းဖြင့် လင်းရွှယ်၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။

“ နင်ယုံကြည်ချက်ရှိလား? “ ချန်းခယ်အာမှ စိုးရိမ်ပူပန်စိတ်ဖြင့် မေးမြန်းလာခဲ့သည်။

လင်းရွှယ်သည် တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးမှ ပြန်ဖြေလာခဲ့သည် “ လွန်ခဲ့တဲ့နှစ်လတုန်းက ငါ့ရဲ့တိုက်ခိုက်ရေး နည်းစနစ်တွေက ကြီးကြီးမားမား အဆင့်တက်သွားခဲ့တယ်၊ သွေးကြောမှတ် ၁၆၀နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ်၊ အဲ့တော့ အရင်တစ်ခေါက်ကလိုမျိုး ဆိုးရွားနေမှာတော့ မဟုတ်ဘူး “

ချန်းခယ်အာမှ ဆက်ပြောလာခဲ့သည် “ ငါတို့က ရှုကျိုးနဲ့ ဘာရန်ငြှိုးမှ မရှိဘူး၊ သူနဲ့ သေတဲ့အထိ မတိုက်ခိုက်နဲ့ “

“ စိတ်ချပါ၊ ငါထိန်းနိုင်ပါတယ် “

လင်းရွှယ်သည် ရှုကျိုးကို ကြည့်နေခဲ့ပြီး၊ သူမ၏လှပသော မျက်လုံးလေးများထဲတွင် စိတ်လှုပ်ရှားမှုလှိုင်းလုံးလေးတစ်ခု ဖြစ်တည်လာခဲ့သည်။

သူမသည် နောက်ဆုံးတစ်ကြိမ်က ရှုကျိုးကို ရှုံးနိမ့်ခဲ့ခြင်းကို လက်မခံနိုင် ဖြစ်နေခဲ့သည်။

လွန်ခဲ့သောနှစ်လအတွင်း၌ သူမသည် တိုးတက်လာရန်အတွက် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့သည်။

သူမသည် သူမက ယခုလက်ရှိရှုကျိုးနှင့် ယှဥ်နိုင်မည်လားဆိုသည်ကို သိချင်နေလျက်ရှိသည်။

…

အဖွဲ့နှစ်ခုစလုံး၏ မဲနှိုက်ခြင်း ပြီးဆုံးသွားသောကြောင့် ဝုချင်းရှန်သည် မည်သည့်စကားမှ ဖြုန်းတီးမနေဘဲ အေးစက်စွာ ကြေညာလာခဲ့သည် “ နှစ်ဖွဲ့စလုံးက နံပါတ်၁ ပြိုင်ပွဲဝင်တွေ စင်ပေါ်ကို တက်လာကြပါ၊ ကျန်တဲ့လူတွေက နောက်ဆုတ်ကြ “

ရှုကျိုးနှင့် တစ်ခြားလူအားလုံး စင်ပေါ်မှ ဆင်းသွားကြသည်။

ရှုကျိုးသည် စင်ပေါ်သို့ ထပ်မံ၍ လှမ်းကြည့်လိုက်ကာ မှင်သက်သွားတော့သည်။

စင်ပေါ်၌ ကျိုးယွမ်နှင့် ဝမ်ချောင်ခုန်းတို့ မတ်တပ်ရပ်နေကြသည်။

“ ကျိုးယွမ်၊ ဒီလူက ပထမဦးဆုံးပွဲမှာပဲ ဝမ်ချောင်ခုန်းနဲ့ တွေ့သွားတယ်ပေါ့ “ ရှုကျိုး၏ အမူအရာသည် အနည်းငယ် ထူးဆန်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် စင်ပေါ်ရှိ ကျိုးယွမ်၏ အမူအရာမှာလည်း အနည်းငယ် ဆိုးရွားသွားတော့သည်။

“ ချီးပဲ၊ မျှတတဲ့ မဲခွဲမှုက ဘာဖြစ်သွားတာလဲ? “

ကျိုးယွမ်သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ အစတည်းက သူဌေးကြီးနဲ့ လာတွေ့နေတယ်ပေါ့၊ ငါက ဘယ်လိုသွားချရတော့မှာလဲ? “

တစ်ဖက်ရှိ ဝမ်ချောင်ခုန်းမှာလည်း သူ့အား စူးစူးရဲရဲ စိုက်ကြည့်ကာ

“ လွန်ခဲ့တဲ့ သုံးရက်တုန်းက ဧကရာဇ်ကောင်းချီးပေးတာကို ခံခဲ့ရတဲ့လူက မင်းလား? “ ဟုမေးမြန်းလာခဲ့သည်။

ကျိုးယွမ် ခေါင်းမော့လာခဲ့သည်၊ သူသည် စိတ်နှလုံးသားတင်းကြပ်သွားခဲ့သော်လည်း တည်ငြိမ်ယောင်ဆောင်ကာ အေးစက်စွာ လှောင်ပြောင်လိုက်သည် “ ငါဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ဒီနေ့တော့ မင်းကို အမှောက်သိပ်မယ် “

“ မောက်မာတယ် “

ဝမ်ချောင်ခုန်းသည် အေးစက်စွာ ပြန်ပြောလာခဲ့သည်၊ သူသည် ဧကရာဇ်ကောင်းချီးအကြောင်းကို တွေးတောနေစဲပင် ဖြစ်သည်။

ပထမအဆင့်အထွတ်အထိပ်၊ ဧကရာဇ်၏ ကောင်းချီး၊ ၎င်းတို့သည် သူ၏ပိုင်ဆိုင်မှုများသာ ဖြစ်သင့်ပေသည်။

ထိုအချိန်၌ ကျိုးယွမ်ကို စိုက်ကြည့်နေသည့် သူ၏အကြည့်ထဲတွင် အမုန်းတရားများပင် ပါဝင်လာခဲ့ပြီဖြစ်သည်၊ သူသည် သူက ဧကရာဇ်ကောင်းချီးနှင့် ထိုက်တန်သည်ဆိုသည်ကို လူတိုင်းကို သက်သေပြချင်နေလျက်ရှိသည်။

…

“ ပြိုင်ပွဲစပြီ “

ဝုချင်းရှန်ကြေညာလာခဲ့သည့် အချိန်တွင် စင်ပေါ်ရှိ လူနှစ်ဦးသည် ချက်ချင်း လှုပ်ရှားလာကြတော့သည်။

“ ဝုန်းးး !! “

ကျိုးယွမ်၏ ခန္ဓာကိုယ်အတွင်း၌ သွေးကြောမှတ် အခု၁၂၀လုံး တစ်ပြိုင်နက် လင်းလက်လာခဲ့ပြီး၊ အစွမ်းထက် အရှိန်အဝါတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။

“ သတ် !!! “

ဒေါသတကြီး ကြုံးဝါးကာ သူသည် ရှေ့တစ်လှမ်းတိုးလာခဲ့ကာ ဆေဘာကို မြှောက်၍ ဝမ်ချောင်ခုန်းပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ခုတ်ချလိုက်သည်။

အဆိုပါခုတ်ချက်နှင့်အတူ အရှိန်အဟုန်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ကျိုးယွမ်သည် မည်သည့်အရာကိုမှ ထိန်ချန်မထားဘဲ သူ၏စွမ်းအားကို အကုန်အစင်ထုတ်သုံးကာ သူ၏ ပွဲသိမ်းတိုက်ကွက်ဖြစ်သော “ကြယ်တာယာဆေဘာသိုင်း ” ထုတ်သုံးလိုက်ခြင်းဖြစ်သည်။

သို့သော် ဝမ်ချောင်ခုန်း၏ မျက်လုံးများထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

သူသည် သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး၊ မည်သည့်နည်းစနစ်မှ အသုံးမပြုဘဲ၊ ရိုးရိုးရှင်းရှင်းသာ လွှဲရမ်းလိုက်သည်။

အဆိုပါ တိုက်ကွက်ဖြင့်ပင် သူသည် ကျိုးယွမ်၏ ပွဲသိမ်းတိုက်ကွက်ကို ချေဖျက်နိုင်ခဲ့သည်။

ကျိုးယွမ်၏ မျက်လုံးများ နီရဲသွားတော့သည်၊ သူ၏ချီ-သွေးများ မြင့်တက်လာခဲ့ပြီး၊ သူ့ကို အထင်သေးသည့်အတွက် ဝမ်ချောင်ခုန်းကို ပေးဆပ်ရအောင် ပြုလုပ်ရန် ကြံရွယ်ကာ ဆေဘာကို လက်နှစ်ဖက်စလုံးဖြင့် ဆွဲကိုင်၍ တောင်ပေါ်မှ ဆင်းလာသည့် ကျားတစ်ကောင်ကဲ့သို့ ခုတ်ချလိုက်သည်။

“ ဝုန်းးး !! “

ဓားနှင့် ဆေဘာတို့ ထိတွေ့မိသွားသည့် အချိန်တွင် ချီ-သွေးစွမ်းအင်များ ပေါက်ကွဲထွက်သွားတော့သည်။

ကျိုးယွမ်၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ဝမ်ချောင်ခုန်းကို ဖုံးလွှမ်းသွားသည့်ပုံပင်။

သို့သော် လက်တွေ့တွင်မူ ဝမ်ချောင်ခုန်းသည် အဆိုပါ ခုတ်ချက်ကို ကာဆီးကာ လက်သီးဖြင့် ထိုးရန်ပင် စွမ်းအားများ ကျန်နေသေးသည်။

ရိုးရှင်းသော လက်သီးတစ်ချက် !!!

သို့သော် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်များကို သယ်ဆောင်ထားခဲ့သည်။

ကျိုးယွမ်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားတော့သည်၊ သူသည် ၎င်းကို ရှောင်ရှားချင်နေခဲ့သည်၊ သို့သော် လေထဲတွင် ရှိနေသောကြောင့် အချိန်မှီ မလှုပ်ရှားနိုင်ခဲ့ပေ၊ ပြိုင်ဘက်၏ အမြန်နှုန်းသည် သူ့ထပ်အဆပေါင်းများစွာ သာလွန်နေခဲ့သည်။

ကျယ်လောင်သော အသံနှင့်အတူ ဝမ်ချောင်ခုန်း၏ လက်သီးသည် ကျိုးယွမ်၏ ရင်ဘတ်ပေါ်သို့ ကျဆင်းလာခဲ့ရာ အရိုးများ ကျိုးပဲ့ပျက်စီးသွားသည့် အသံများ ပေါ်ထွက်လာခဲ့သည်။

“ ဖူးးး ~~~ “

ကျိုးယွမ်သည် ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရသည်၊ သို့သော် သူသည် နောက်မဆုတ်သွားဘဲ ဆေဘာကိုကိုင်ကာ ရှေ့သို့ထပ်တက်လာခဲ့သည်။

ဝမ်ချောင်ခုန်းမှ သူ့ကို ထိုးလာသည့်အချိန်တွင် သူ၏ကိုယ်ပိုင်အားနည်းချက်များကို ဖော်ထုတ်ပြသမိသွားခဲ့သည်။

ထိုအချိန်တွင် ကျိုးယွမ်သည် သူ၏ခွန်အားကို အကုန်အစင် အသုံးပြုကာ ဝမ်ချောင်ခုန်းနှင့် တိုက်ကွက်များ ဖလှယ်ရန် ကြံရွယ်လိုက်သည်။

ဆေဘာအလင်းတန်းသည် လေထုကိုကျော်ဖြတ်လာခဲ့သည်။

သို့သော် ဝမ်ချောင်ခုန်း၏ မျက်လုံးများထဲတွင်မူ လှောင်ပြောင်နေသည့် အရိပ်အငွေ့များသာ ရှိနေခဲ့သည်။

“ ခလမ်း !! “

ကျိုးယွမ်၏ ဆေဘာက သူ့အပေါ်သို့ ကျရောက်လာသည့်အချိန်တွင် သံမဏိများထိခတ်သွားသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

သူ၏အမူအရာ ပြောင်းလဲသွားရတော့သည် “ ခန္ဓာကိုယ်သန့်စင်မှု ကျင့်ကြံရေး နည်းစနစ်လား? “

“ အားနည်းလွန်းတယ်၊ မင်း‌က ဧကရာဇ်ကောင်းချီးနဲ့ ထိုက်တန်နေမှာလား? တစ်ခြားတစ်ယောက်ယောက် ဖြစ်နေတဲ့ပုံပဲ “

ဝမ်ချောင်ခုန်းသည် လှောင်ပြောင်ပြောဆိုလာခဲ့ပြီး၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ဓားဖြင့် အရှေ့သို့ ထိုးသွင်းလာခဲ့သည်။

ဆွစ်ရှ် !!!

ကျိုးယွမ်၏ ရင်ဘတ်ထိုးဖောက်ခံလိုက်ရသည်။

ကန်ချက်တစ်ခုနှင့်အတူ ကျိုးယွမ်သည် အနောက်သို့ လွင့်ထွက်သွားခဲ့ပြီး၊ ကောင်းကင်ကို သွေးများဖြင့် ဆေးခြယ်သွားခဲ့သည်။

ရှန့်ဝမ်ချန်းသည် ကျိုးယွမ်ကို လျင်မြန်စွာ ဖမ်းယူလိုက်သည်။

ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ကျောင်းသူကျောင်းသားတော်တော်များများသည် ပြိုင်ကွင်းထဲမှ လွင့်ထွက်သွားသည့် ကျိုးယွမ်ကို အံ့ဩတကြီးဖြင့် ကြည့်နေကြသည်။

သူတို့သည် ဝမ်ချောင်ခုန်းက သန်မာသည်ဆိုသည်ကို သိနေကြသော်လည်း ဤမျှလောက်ထိ စွမ်းနေလိမ့်မည်ဟု မထင်မှတ်ထားကြချေ။

အစမှအဆုံးအထိ ဝမ်ချောင်ခုန်းသည် မည်သည့် တိုက်ခိုက်ရေး နည်းစနစ်ကိုမှ မသုံးသွားဘဲ၊ ရိုးရှင်းသော ဓားချက်နှင့် လက်သီးချက်တို့ဖြင့် ကျိုးယွမ်ကို အနိုင်ယူခဲ့သည်။

ထိုကဲ့သို့သော စွမ်းအားမျိုး …………

တတိယနှစ်မှ ကျောင်းသူကျောင်းသားတစ်ချို့ကပင် မျက်နှာများ ဖြူဖျော့သွားကြသည်။

…

ထိုင်ခုံများနေရာ၌

ဝုချင်းရှန်သည် ခေါင်းတခါခါဖြင့် သက်ပြင်းချနေတော့သည် “ ဒီဝမ်ချောင်ခုန်းက ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်ကိုတောင် လေ့ကျင့်ထားတာပဲ၊ ကျိုးယွမ်က ဘာအခွင့်အရေးမှ မရခဲ့ဘူး “

သူသည် ကျိုးယွမ်၏ နောက်ဆုံးတိုက်ချက်က ဒဏ်ရာအတွက် ဒဏ်ရာနှင့်လဲယူရန် ပြင်ဆင်ထားသည်ဆိုသည်ကို မြင်နေခဲ့သည်။

ကျိုးယွမ်၏ စွမ်းအားသည် အမှန်တကယ် သန်မာလွန်းလှသည်။

အကယ်၍ နတ်သိုင်းဌာနမှ သွေးကြောမှတ် ၁၅၀ဖွင့်ထားသည့် ပါရမီရှင်တစ်ဦးဦးသာဆိုပါက အဆိုပါ တိုက်ကွက်ကို ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်ကို လေ့ကျင့်ထားခဲ့သည့် ဝမ်ချောင်ခုန်းကမူ ခံနိုင်ရည်အား မြင့်မားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့ပြီး၊ မထိမခိုက်ကျန်ရှိနေခဲ့သည်။

ထိုအချိန်၌ ဝုချင်းရှန်သည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

ဝမ်ချောင်းခုန်းထံ၌ ပြိုင်ဘက်ကင်းစွမ်းအားအပြင် ခန္ဓာကိုယ်သန့်စင်မှုပါ ရှိနေခဲ့သည်၊ ၎င်းတို့သည် သူ့အား မည်သည့်အားနည်းချက်မှ မရှိအောင် ဖာထေးပေးနေခဲ့သည်။

တော်ဝင်သိုင်းပညာ တက္ကသိုလ်၏ ကျောင်းအုပ်၊ ကျုံးချန်သည် ရွှင်လန်းစွာ ရယ်မောနေတော့သည် “ အဲ့ကလေး ဝမ်ချောင်ခုန်းက ပိုပြီးတော့ သန်မာလာတာပဲ၊ ငါတောင် အဲ့တာကို သတိမထားခဲ့မိဘူး “

တစ်ခြားသော အဠမအဆင့် ပညာရှင်များသည် သူ့ကိုကြည့်ကာ ဆွံ့အသွားတော့သည်။

ဆံနီလူကြီးကပင် ခေါင်းငြိမ့်၍ ပြောလာခဲ့သည် “ အဲ့ဒီဝမ်ချောင်ခုန်းက တကယ်လို ကောင်းချီးပေးခံထားရတဲ့ ကလေးပဲ၊ နောင်အနာဂတ်မှာ အမြင့်ပိုင်းအဆင့်တွေကို ရောက်နိုင်တဲ့ သူ့ရဲ့အခွင့်အလမ်းက တော်တော်မြင့်တယ် “

“ ဒါပင်မဲ့ သူ့ရဲ့ အခုလက်ရှိ တိုက်ခိုက်ရေးစွမ်းအားက ပထမအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်တွေကိုတောင် ကျော်နေပြီ၊ အစစ်အမှန် သိုင်းပညာဌာနမှာက သူ့ကိုကိုင်တွယ်နိုင်တဲ့ လူရှိပါ့မလား? “

ဆံနီလူ၊ ချီဟောက်ထံတွင် သိလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။

…

ဝမ်ချောင်ခုန်းသည် စင်ပေါ်မှ ဆင်းသွားခဲ့ကာ အေးစက်စက် အကြည့်တစ်ခုဖြင့် ရှုကျိုးကို ဘုကြည့်ကြည့်သွားခဲ့သည်။

ထိုအကြည့်သည် မင်းရဲ့ကံကြမ္မာက ကျိုးယွမ်နဲ့အတူတူပဲဟု ပြောနေသကဲ့သို့ပင် ဖြစ်နေခဲ့သည်။

စင်အောက်ရှိ အစစ်အမှန် သိုင်းပညာဌာနဘက်မှ ပထမအဆင့်အဖွဲ့ဝင်တို့၏ အမူအရာများ မည်းမှောင်သွားတော့သည်။

ပထမဦးဆုံးတိုက်ပွဲသည် လုံးဝကို ရှုံးနိမ့်သွားခဲ့သည်။

အဆိုပါ တိုက်ပွဲ၏ သက်ရောက်မှုသည် အတော်လေး ကြီးမားနေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ကျိုးယွမ်၏ ရှုံးနိမ့်မှုက သူအားနည်းနေသောကြောင့် မဟုတ်ဘဲ၊ ပြိုင်ဘက်က စွမ်းလွန်းနေသောကြောင့်ဆိုသည်ကို သူတို့အားလုံး သိနေသောကြောင့် ဖြစ်သည်။

ငါတို့ထဲမှာ ဝမ်ချောင်ခုန်းကို ကိုင်တွယ်နိုင်မဲ့လူ ရှိပါ့မလား???

“ နှစ်ဖက်စလုံးက နံပါတ်၂ ပြိုင်ပွဲဝင်တွေ စင်ပေါ်ကို တက်လာကြပါ “

ထိုအချိန်၌ ဝုချင်းရှန်၏ အသံသည် ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်။

သိုင်းပညာရှင်တို့၏ တိုက်ပွဲများမှာ ထိုကဲ့သို့ပင် ဖြစ်ပြီး၊ အနှောင့်အယှက်မရှိဘဲ မြန်မြန်ဆန်ဆန် စတင်ကြရသည်။

သိုင်းပညာရှင်တို့၏ အချိန်ဇယားများကြောင့်သာလျှင် မဟုတ်ဘဲ ကျင့်ကြံရန် အချိန်ရှိ‌သေးသောကြောင့် ဖြစ်သည်။

တိုက်ပွဲကွင်းပြင်ထဲသို့ ရောက်ရှိနေသည့် အချိန်၌ စက္ကန့်ပိုင်းအတွင်းလုပ်ဆောင်ကြရမည် ဖြစ်သည်။

ဝုချင်းရှန်၏ စကားများ ပြီးဆုံးသွားသည့်နောက်တွင် လူအုပ်ထဲရှိ ရှုကျိုးနှင့် လင်းရွှယ်တို့သည် စင်ပေါ်သို့ တစ်ပြိုင်နက် တက်လာကြသည်။

All Chapters