← Chapters

ရှုကျိုး၏ စွမ်းအား

Vol. 18 Ch. 268

ရှုကျိုး၏ စွမ်းအား

Vol. 18 Ch. 268

ရှုကျိုးမှ စင်ပေါ်သို့ တက်လာသည်နှင့်တစ်ပြိုင်နက် မျက်လုံးအားလုံးသည် သူ့အပေါ်သို့ ရောက်ရှိလာခဲ့သည်။

လူတော်တော်များများသည် နတ်သိုင်းဌာနမှ ပါရမီရှင်ဆယ်ဦးကို တစ်ကိုယ်တည်း အနိုင်ယူခဲ့သည့် သူ့ကို မှတ်မိနေကြသည်။

နတ်သိုင်းဌာနဘက်မှ ပထမအဆင့်နယ်ပယ် ပြိုင်ပွဲဝင်တို့၏ အမူအရာများလည်း လေးနက်သွားကြသည်။

“ ရှုကျိုးနဲ့ ဝမ်ချောင်ခုန်းကြားမှာ ဘယ်သူက ပိုသန်မာတာလဲ? “

“ ပြောဖို့ခက်တယ်၊ သူက သူ့ရဲ့ စွမ်းအားကို လုံးဝထုတ်မပြထားဘူး၊ လင်းရွှယ်က အဲ့တာကို စမ်းသပ်ကြည့်ဖို့ အချိန်ကျပြီ “

“ … “

ထိုအချိန်၌ လူတော်တော်များများက အာရုံစူးစိုက်လာကြသည်။

ရှုကျိုးသည် အပြင်ဘက်တွင် လေးနက်နေသည့် အမူအရာများဖြင့် မတ်တပ်ရပ်နေကြသော ကျန်းလန်၊ ရှားဟောက်ချန်းနှင့် လီရို့ရှီတို့ကဲ့သို့ ရင်းနှီးနေသည့် မျက်နှာများကို မြင်လိုက်ရသည်။

လူအုပ်ထဲ၌ လျူတျန်မုမှာလည်း စောင့်ကြည့်နေခဲ့သည်။

ရှုကျိုး၏ ပြိုင်ဘက်ဟောင်းဖြစ်သည့် လျူတျန်မုသည် ဤတိုက်ပွဲကို တစ်ခြားလူများထပ်ပို၍ အာရုံစိုက်နေခဲ့သည်၊ သူသည် ရှုကျိုးက ဤနှစ်လအတွင်းတွင် မည်မျှအတိုင်းအတာအထိ ကြီးထွားတိုးတက်လာမလဲဆိုသည်ကို အလွန်သိချင်နေလျက်ရှိသည်။

သူသည် ရှုကျိုး၏ကြီးထွားတိုးတက်မှု အမြန်နှုန်းက ကြောက်ခမမ်းလိလိ မြန်ဆန်လွန်းလှသည်ဆိုသည်ကို သိနေသည့် လူနည်းစုထဲမှ လူတစ်ဦးဖြစ်သည်။

“ အဲ့ကလေးက ငါ့ထပ်တောင် ပိုစွမ်းနေပြီလား? “

လျူတျန်မု၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ သို့သော် မကြာခင် အချိန်မှာပင် သူသည် ခေါင်းတခါခါဖြင့် အဆိုပါ အတွေးကို ပယ်ဖျက်လိုက်သည်။

သူသည် တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်နေပြီဖြစ်ကာ၊ ၎င်းမှာ လုံးဝမဖြစ်နိုင်သော အရာဖြစ်သည်။

…

စင်ပေါ်၌

လင်းရွှယ်သည် မည်သည့်စကားလုံးကိုမှ ဖြုန်းတီးမနေဘဲ သူမ၏ဓားရှည်ကို ဆွဲထုတ်ကာ လှပသော မျက်လုံးလေးများဖြင့် ရှုကျိုးကို စိုက်ကြည့်နေလျက်ရှိသည်။

သူမသည် သူမနှင့် ရှုကျိုးကြားရှိ ကွာဟချက်က မည်မျှ ကျဥ်းမြောင်းလာလဲဆိုသည်ကို အလွန်သိချင်နေသည်။

“ ပြိုင်ပွဲစပြီ “

ဝုချင်းရှန်၏ စကားလုံးများ ကျဆင်းလာသည့် အချိန်၌

ဝှစ် !!!

လင်းရွှယ်သည် ချက်ချင်းလှုပ်ရှားလာခဲ့သည်၊ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် လျှပ်စီးတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ရှုကျိုးထံသို့ အပြေးအလွှားရောက်ရှိလာခဲ့သည်။

သူမ၏ သွေးကြောမှတ် ၁၅၉ခုသည် တစ်ခုပြီးတစ်ခု တောက်ပလာခဲ့သည်၊ သွေးကြောမှတ်တို့၏ လျှို့ဝှက်စွမ်းအားများသည် အစွမ်းထက် ချီ-သွေးစွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ သူမ၏ဓားရှည်ထဲသို့ တိုးဝင်သွားခဲ့သည်။

“ ကောင်းကင်ကိုးခု မိုးကြိုးဓား !! “

လင်းရွှယ်မှ တိုးညှင်းစွာ ကြုံးဝါးလာခဲ့ရာ၊ ခရမ်းရောင် ဓားအလင်းတန်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး၊ ဒေါသတကြီးဖြစ်နေသည့် မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်၊ ၎င်း အရှိန်အဟုန်သည် စင်ကိုပင် လှုပ်ခါသွားစေခဲ့သည်။

သူမသည် ရှုကျိုးကို လေးစားကြောင်း ပြသသည့်အနေဖြင့် အစကတည်းက သူမ၏ ပွဲသိမ်းတိုက်ကွက်ကို ထုတ်သုံးလာခဲ့သည်။

“ ဝုန်းးးး !!! “

မိုးကြိုးနဂါးသည် ကြမ်းတမ်းကာ ပြိုင်ဘက်ကင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်ထားခဲ့သည်။

လင်းရွှယ်တိုက်ကွက်၏ စွမ်းအားသည် လွန်ခဲ့သော နှစ်လကထပ် အဆပေါင်းများစွာ အားကောင်းလာခဲ့ပြီး၊ နယ်ပယ်အသစ်တစ်ခုထဲသို့ လုံးဝရောက်ရှိသွားသည့်ပုံပင်။

ဓားအလင်းတန်းဖြင့် ပြုလုပ်ထားသော မိုးကြိုးနဂါးသည် ရှုကျိုးကို ချက်ချင်း အုပ်မိုးလာခဲ့သည်။

အဆိုပါ အကွက်အား သွေးကြောမှတ် ၁၅၉ခုဖွင့်ထားသည့် အဆင့်တူပြိုင်ဘက်များကပင် အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

“ ခွမ်းးး !! “

ရှုကျိုးသည် သူ၏ဓားကို ဓားအိမ်ထဲမှ ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်သည်။

သူသည် ပေါ့ပေါ့ပါးပါး လှုပ်ရှားကာ မိုးကြိုးနဂါး၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်၊ ထို့နောက်တွင် သူသည် လင်းရွှယ်၏ အနောက်ဘက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ပြန်ပေါ်လာခဲ့ပြီး၊ ဓားကို အသာအယာ လွှဲရမ်းလာခဲ့သည်။

ဟင်းလင်းပြင်စွမ်းရည်၊ တည်နေရာ ကူးပြောင်းခြင်း !!!

မည်သည့်သွေးကြောမှတ်မှ မပေါ်လာသကဲ့သို့ မည်သည့်နည်းစနစ်ကိုမှ မပြသခဲ့ပေ။

အဆိုပါ ဓားချက်ကပင် လင်းရွှယ်၏ နောက်ကျောကို ထိမှန်သွားခဲ့သည်။

ထပ်ဟူသော အသံနှင့်အတူ လင်းရွှယ်သည် သူမ၏နောက်ကျောပေါ်သို့ ကျရောက်လာသည့် ကြီးမားသော အားတစ်ခုကို ခံစားလိုက်ရကာ အရှေ့သို့ တွန်းပို့ခံလိုက်ရပြီး၊ ပလက်ဖောင်းပေါ်မှ တိုက်ရိုက်ပြုတ်ကျသွားတော့သည်။

“ ဖူးးး ~~ “

သူမက စင်ပေါ်မှ လွင့်ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံရှိ မိုးကြိုးနဂါးကြီးမှာလည်း လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားတော့သည်။

လင်းရွှယ်သည် ရပ်တန့်သွားသည့်အချိန်တွင် မယုံကြည်နိုင်ဖြစ်နေသော မျက်လုံးများဖြင့် နောက်သို့ပြန်လှည့်ကြည့်လာခဲ့သည်။

ငါက ဒီလိုမျိုး မောင်းထုတ်ခံလိုက်ရတာလား?

တိုက်ပွဲသည် မျှော်မှန်းထားသလောက် ကြမ်းတမ်းမနေသကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းမနေခဲ့ချေ။

သူမသည် ရှုကျိုးက သူမ၏တိုက်ခိုက်မှုကို အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ရှောင်ရှားသွားသည်ကိုသာ မြင်တွေ့ခဲ့ရပြီး၊ သူမမတုံ့ပြန်ခင်အချိန်မှာပင် သူမသည် စင်ပေါ်မှ ပြုတ်ကျသွားခဲ့ပြီဖြစ်သည်။

သူက အဲ့လောက်ကြီးအထိ ဘယ်လိုလုပ်အောင်မြင်သွားရတာလဲ?

စင်ပေါ်ရှိ ရှုကျိုးသည် လက်သီးဆုပ်ကာ အသာအယာ အရိုအသေပြုလာခဲ့သည် “ အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “

လင်းရွှယ်သည် တိတ်ဆိတ်နေခဲ့ပြီးမှ အပြုံးတစ်ခုကို ရုတ်တရက် ထုတ်ဖော်ကာ ပြန်ပြောလိုက်သည် “ ကျေးဇူးတင်ပါတယ် “

သူမသည် သူမနှင့် ရှုကျိုးကြားရှိ ကွာဟချက်ကို နားလည်သွားခဲ့ပြီဖြစ်သည်။

နှစ်လကုန်ဆုံးသွားခဲ့သော်လည်း ကွာဟချက်မှာ မကျဥ်းမြောင်းလာခဲ့ဘဲ ချောက်နက်တစ်ခုကဲ့သို့ ပို၍ပင် ကြီးမားသွားခဲ့လေသည်။

ယနေ့မှစ၍ ရှုကျိုးသည် သူမနှင့် ပထမအဆင့်နယ်ပယ်မှ တစ်ခြားလူများက မော့ကြည့်ရမည့် လူတစ်ဦးဖြစ်လာတော့မည် ဖြစ်သည်။

ရှုကျိုးသည် ဝမ်ချောင်ခုန်းကဲ့သို့ သူမကို ဒဏ်ရာအပြင်းအထန် ရရှိသွားအောင် ပြုလုပ်နိုင်ပေသည်၊ သို့သော် သူမအား စင်ပေါ်မှ ဖယ်ထုတ်လိုက်ခြင်းကသာလျှင် သူမကို အတော်လေး လေးစားရာရောက်နေခဲ့ပြီဖြစ်သည်။

…

ထိုအချိန်၌ ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

တိုက်ပွဲက ဤကဲ့သို့ ပြီးဆုံးသွားလိမ့်မည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ချေ။

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ နတ်သိုင်းဌာနမှ ပထမအဆင့်နယ်ပယ်ထဲတွင် အစွမ်းဆုံးဖြစ်သည့် ပါရမီရှင်တစ်ဦးသည် တိုက်ကွက်တစ်ခုတည်းဖြင့် အနိုင်ပိုင်းခံလိုက်ရသည် !!!!

၎င်းမှာ လွန်စွာယုတ္တိမဲ့နေသည့်ပုံပင် !!

လူအုပ်ထဲရှိ ဝမ်ချောင်ခုန်း၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ ဤတိုက်ပွဲသည် သူ့ကိုလည်း တအံ့တဩဖြစ်သွားစေခဲ့သည်။

လင်းရွှယ်က အဖွဲ့ဆီသို့ ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါတွင် သူသည် အေးစက်စက် စိုက်ကြည့်ကာ လှောင်ပြောင်ပြောဆိုလိုက်သည် “ နင်က နတ်သိုင်းဌာနကို တကယ်ကြီး အရှက်ခွဲလိုက်တာပဲ “

တော်ဝင်သိုင်းပညာ တက္ကသိုလ်မှ ပြိုင်ပွဲဝင်များကလည်း လှောင်ပြောင်နေသော အကြည့်များဖြင့် သူမကို ကြည့်လာကြသည်။

နတ်သိုင်းဌာနမှ ပါရမီရှင်များဖြစ်ကြသော်လည်း ဝမ်ချောင်ခုန်းနှင့် လင်းရွှယ်တို့၏ စွမ်းဆောင်မှုသည် အလွန်ကွာခြားနေခဲ့သည်။

ကြည့်လိုက်၊ အဲ့တာကကွမ်ဟန်သိုင်းပညာ တက္ကသိုလ်နဲ့ တော်ဝင်သိုင်းပညာ တက္ကသိုလ်ကြားက ကွာဟချက်ပဲ !!!

ထိုအကြည့်များကို ခံယူလိုက်ရသော်လည်း လင်းရွှယ်သည် မည်သို့မျှ ရှက်ရွံ့မသွားခဲ့ပေ၊ ထို့အစား သူမ၏ နှုတ်ခမ်းထောင့်များသည် လှောင်ပြောင်နေသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

သူမသည် ဝမ်ချောင်ခုန်းကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည် “ ဝမ်ချောင်ခုန်း၊ နင်က ရှုကျိုးရဲ့ ပြိုင်ဘက်မဟုတ်တာ လုံးဝသေချာတယ် “

“ ဟက် “

ဝမ်ချောင်ခုန်သည် အေးစက်စွာ ရယ်မောလိုက်သော်လည်း မည်သည့်စကားမှ ထပ်မပြောလာခဲ့ပေ။

သူ၏အမြင်တွင် အနိုင်ပိုင်းခံလိုက်ရသည့် ဤမိန်းမမှာ အလွန်သနားဖွယ်ကောင်းနေခဲ့သည်။

သူသည် ယနေ့တွင် ရှုကျိုးနှင့် သေချာပေါက်တိုက်ခိုက်ရမည်ဖြစ်ပြီး၊ ရှုကျိုးက သူ၏ခြေနင်းတုံးသာ ဖြစ်ကြောင်းကို လူတိုင်းမြင်တွေ့ရအောင် ပြသမည် ဖြစ်သည်။

…

ပရိတ်သတ်ထဲရှိ ဝုချင်းရှန်နှင့် တစ်ခြားလူများ၏ မျက်နှာများပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ယခင်က တိုက်ပွဲသည် သူတို့မျှော်မှန်းထားသည့် အတိုင်းအတာအတွင်းတွင် ရှိနေခဲ့သေးသည်၊ သို့သော် ဤတိုက်ပွဲကမူ သူတို့တွေးထင်ထားသည်ထပ် ကျော်လွန်နေခဲ့သည်။

နဝမအဆင့်ပညာရှင် ကွေ့မူကပင် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ ဟင်းလင်းပြင်စွမ်းရည်လား? “

သူသည် စင်ပေါ်ရှိ ဟင်းလင်းပြင်းလှိုင်းအတက်အကျကို အာရုံခံမိနေခဲ့သည်။

လင်းရွှယ်၏ ဓားချက်က ရှောင်တိမ်း၍မရနိုင်လုနီးပါး ဖြစ်နေခဲ့ပြီး၊ အကယ်၍ ဝမ်ချောင်ခုန်းက ထိုနေရာတွင် ရှိနေမည်ဆိုလျှင်တောင်မှ သူသည် ၎င်းကို တားဆီးလိုက်ရုံသာ တတ်နိုင်မည် ဖြစ်သည်။

သို့သော် ရှုကျိုးကမူ ဟင်းလင်းပြင်စွမ်းရည် ပိုင်ဆိုင်ထားသကဲ့သို့ပင် ချက်ချင်း တည်နေရာ ကူးပြောင်းသွားခဲ့သည်။

“ စိတ်ဝင်စားစရာပဲ “

ကွေ့မူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ သူသည် ရှုကျိုး၏ ကိုယ်ရေးရာဇဝင်ကို မြင်ထားခဲ့ပြီးပြီဖြစ်ပြီး၊ ၎င်းက ရှုကျိုးထံတွင် ဟင်းလင်းပြင်စွမ်းရည် မရှိဘဲ၊ သားရဲစွမ်းရည်သာ ရှိသည်ဟု ဖော်ပြထားလေသည်။

၎င်းမှာ ရှုကျိုး၏ ဝှက်ဖဲ(သို့) ချက်ချင်း တည်နေရာ ကူးပြောင်းသွားရန်အတွက် သူက အထူးနည်းလမ်းတစ်ခုခုကို သုံးခဲ့သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

All Chapters