ရှုကျိုး၏ စွမ်းအား ၂
Vol. 18 Ch. 269
“ ရှောင်ကျုံး “
( ငယ်တဲ့လူ၊ ရင်းနှီးတဲ့လူကို ခေါ်ရင် မျိုးရိုးနာမည်ရှေ့မှာ ရှောင်တပ်ခေါ်လေ့ရှိပါတယ်၊ ကျွန်တော်နားလည်ထားသလောက်ပြောတာပါ၊ မှားယွင်းနေရင်တော့ ကျွန်တော်ပညာ မပြည့်ဝသေးလို့ပါ )
ကွေ့မူသည် တော်ဝင်သိုင်းပညာ တက္ကသိုလ်၏ ကျောင်းအုပ်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ ဝမ်ချောင်ခုန်းနဲ့ ယှဥ်လိုက်မယ်ဆိုရင် ရှုကျိုးကို ဘယ်လိုထင်လဲ? “
ကျုံးချန်သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ခေါင်းငြိမ့်ပြကာ ပြန်ဖြေလာခဲ့သည် “ ရှုကျိုးက တကယ်ကို ထူးခြားပါတယ်၊ တိုက်ခိုက်နိုင်မဲ့ ခွန်အားရှိတယ် “
“ တိုက်ခိုက်နိုင်မဲ့ ခွန်အားရှိတာလား? “
ကွေ့မူသည် အသာအယာပြုံးကာ ပြောလိုက်သည် “ ငါ့အမြင်မှာတော့ ဝမ်ချောင်ခုန်းက ရှုကျိုးရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး “
“ အို့? “ ကျုံးချန်သည် အနည်းငယ် မှင်သက်သွားတော့သည်။
အကြီးအကဲကွေ့က အဲ့ကလေးရှုကျိုးကို ပိုပြီးတော့ သဘောကျနေတာလား?
၎င်းသည် သူ့အား အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
ယခုလေးတင် ရှုကျိုးပြသသွားခဲ့သည့် တိုက်ခိုက်မှုသည် လှည့်ကွက်တစ်ခုသာသာမျှသာ ဖြစ်ပြီး၊ သူ၏တကယ်တိုက်ခိုက်ရေး စွမ်းအား မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဝမ်ချောင်ခုန်းသည် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကာ၊ သူ၏ပြိုင်ဘက်ဖြစ်သူကို အပြည့်အဝဖိနှိပ်ပြခဲ့သည်။
ကျုံးချန်သည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားကာ လျင်မြန်စွာ သဘောပေါက်သွားခဲ့သည် “ အရင်ရက်တွေတုန်းက ဧကရာဇ်ကောင်းချီးပေးတာကို ခံခဲ့ရတဲ့လူက ရှုကျိုးလား? “
အဲ့တာကြောင့်ပဲ အကြီးအကဲကွေ့က ရှုကျိုးနဲ့ပတ်သက်ပြီးတော့ အကောင်းမြင်နေတာပဲဖြစ်ရမယ် !!!
သို့သော် သိပ်မကြာခင် အချိန်မှာပင် ကျုံးချန်သည် ခေါင်းတခါခါဖြစ်သွားခဲ့သည် “ တကယ်လို့ ဝမ်ချောင်ခုန်းကသာ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အသက်သွင်းလိုက်မယ်ဆိုရင်၊ ရှုကျိုးက ပထမအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်ကို ချိုးဖျက်ထားမယ်ဆိုရင်တောင်မှ အသာစီးရမှာ မဟုတ်ဘူး “
ဝမ်ချောင်ခုန်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် တစ်နှစ်လျှင် တစ်ကြိမ်သာ အသက်သွင်းနိုင်သည်။
တစ်ကြိမ်မျှ အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် သူသည် အဆင့်ကြီးတစ်ခုကို ကျော်ဖြတ်ကာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် ဝမ်ချောင်ခုန်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလယ်အလတ် ဒုတိယအဆင့်အထိ ရောက်ရှိသွားမည် ဖြစ်သည်။
ရှုကျိုးထံတွင် ထိုကဲ့သို့သော စွမ်းရည်မျိုးမရှိဘူးဆိုပါက သူသည် ဝမ်ချောင်ခုန်း၏ ပြိုင်ဘက်ဖြစ်နေလိမ့်မည် မဟုတ်ပေ။
ထိုအချိန်၌ ကျုံးချန်သည် အလွန်ယုံကြည်မှုရှိနေခဲ့သည်။
ကွေ့မူသည် အပြုံးဖြင့် ခေါင်းခါယမ်းလိုက်ပြီး မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
ကျုံးချန်၊ မင်းငယ်ပါသေးတယ်ကွာ။
…
စင်အောက်၌
ရှုကျိုးသည် သူ၏အဖွဲ့ဆီသို့ ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး၊ ကျောက်ဟုန်ရင်၊ ကျိုးယွမ်နှင့် တစ်ခြားလူများသည် လေးစားအားကျနေသည့် အကြည့်များဖြင့် သူ့ကိုကြည့်လာကြသည်။
“ ရှုကျိုး၊ နင်က အရမ်းတော်တာပဲ “
“ ခေါင်းဆောင်ရေ၊ မိုက်တယ်ဗျို့ !!! “
ကျောက်ဟုန်ရင်နှင့် တစ်ခြားလူများသည် အလွန်စိတ်လှုပ်ရှားနေကာ အော်ဟစ်ခုန်ပေါက်နေကြတော့သည်၊ ယခင်က ကျိုးယွမ်၏ ရှုံးနိမ့်မှုသည် သူမတို့ကို စိတ်ပျက်အားလျော့သွားစေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမတို့၏ အဖွဲ့ထဲတွင် ဝမ်ချောင်ခုန်းကဲ့သို့ အစွမ်းထက်သည့် လူတစ်ဦးရှိနေခဲ့သည်။
အဆိုပါ တိုက်ပွဲနှင့်အတူ အစစ်အမှန် သိုင်းပညာဌာနမှ ပထမအဆင့်နယ်ပယ် ပြိုင်ပွဲဝင်တို့၏ စိတ်ဓာတ်များ တက်ကြွလာတော့သည်။
မလှမ်းမကမ်းရှိ ချန်းရှင်မှာလည်း တအံ့တဩဖြစ်သွားခဲ့သည် “ ငါ့ရဲ့ ဂျူနီယာမောင်လေးက အဲ့လောက်တောင် စွမ်းတာလား? “
အစောပိုင်းအချိန်တုန်းက ရှုကျိုးပြောခဲ့သည့် စကားများကို အမှတ်ရသွားသောအခါတွင် သူမသည် ပို၍စိုးရိမ်ပူပန်သွားတော့သည် “ သူက ယန်တျန်ဒုံကို တကယ်ကြီးစိန်ခေါ်ဖို့ ကြံနေတာလား? အဲ့လောက်လေးပဲဆိုရင် မလုံလောက်သေးဘူး “
ရှုကျိုးကမူ ချန်းရှင်၏ အတွေးများကို မသိပေ၊ သူသည် လူတိုင်းကို ဖျတ်ခနဲလှည့်ကြည့်ကာ သူ၏နေရာဆီသို့သာ ပြန်သွားလိုက်သည်။
“ နှစ်လလေ့ကျင့်ခဲ့ပြီးတဲ့နောက်မှာ ငါ့ရဲ့ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းက စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီ “
ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ဟင်းလင်းပြင်စွမ်းရည်ကိုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် ငါက မီတာ ၁၀၀အတွင်းမှာ အလိုရှိသလို တည်နေရာကူးပြောင်းလို့ရပြီ “
သူသည် ဤနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြု၍ လင်းရွှယ်၏ တိုက်ခိုက်မှုကို ရှောင်ရှားကာ သူမအနောက်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
ဤတိုက်ပွဲပြီးသည့်နောက်တွင် ရှုကျိုးသည် သူ၏ကိုယ်ပိုင်စွမ်းအားကို အနည်းငယ် နားလည်သွားခဲ့သည်။
သူ၏လှုပ်ရှားမှုနည်းစနစ်တစ်ခုတည်းဖြင့် ပထမအဆင့်နယ်ပယ်တွင် ပြိုင်ဘက်ကင်းနေမည် ဖြစ်သည်။
ဒုတိယအဆင့်နယ်ပယ်က လူများကပင် ၎င်းကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ၊ တတိယအဆင့်မှ ပညာရှင်များကသာလျှင် သူ၏လှုပ်ရှားမှုနည်းစနစ်နှင့် ယှဥ်ပြိုင်နိုင်မည် ဖြစ်သည်။
ထို့အပြင် အကယ်၍ ရှုကျိုးကသာ အချိန်ရပ်တန့်ခြင်းကို အသုံးပြုလိုက်မည်ဆိုပါက၊ သူသည် တတိယအဆင့် ပညာရှင်များကိုပင် တိုက်ခိုက်နိုင်လောက်မည် ဖြစ်သည်။
၎င်းတို့အားလုံးမှာ ရှုကျိုး၏မှန်းဆချက်များသာဖြစ်ပြီး၊ အမှန်တရားကမူ အမှန်တကယ် တိုက်ခိုက်ကြည့်မှသာလျှင် သိရမည် ဖြစ်သည်။
…
ပြိုင်ပွဲကို ဆက်လက်၍ ကျင်းပနေတော့သည်။
တတိယမြောက်ပွဲစဥ်၌ ကျောက်ဟုန်ရင်သည် သွေးကြောမှတ် ၁၅၅ခု ဖွင့်ထားသည့် ချန်းလေ့ဟု အမည်ရသော လူတစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည်။
တော်ဝင်သိုင်းပညာ တက္ကသိုလ်အတွက်ဆိုလျှင်တောင်မှ သွေးကြောမှတ် ၁၅၅ခုကျော် ဖွင့်ထားသည့်လူမှာ အနည်းငယ်မျှသာ ရှိနေသည်။
သွေးကြောမှတ် ၁၆၀အထိဖွင့်ထားသည့် ဝမ်ချောင်ခုန်းကမူ ချွင်းချက်တစ်ခုဖြစ်သည်။
“ ဝုန်းးး !! “
စင်မြင့်ထက်၌ တိုက်ပွဲသည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
ချန်းလေ့၏ ပုံရိပ်သည် အမြှောက်ဆံတစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီး၊ တောင်ဖြိုခွဲဟုအမည်ရသည့် နည်းစနစ်ကို အသုံးပြုကာ ကျောက်ဟုန်ရင်ကို ဒေါသတကြီး တိုက်ခိုက်နေခဲ့သည်။
ကျောက်ဟုန်ရင်မှ အသာအယာ ကြုံးဝါး၍ သူမ၏ဓားရှည်ကို လွှဲရမ်းလိုက်ရာ တောက်ပသော ဓားအလင်းတန်းများ ပေါ်ထွက်လာခဲ့သည်၊ အဆိုပါ ဓားအရိပ်များသည် မိုးကြိုးများ ဆက်တိုက်ပစ်ခတ်နေသကဲ့သို့ ချန်းလေ့ထံသို့ တိုးဝင်သွားတော့သည်။
ခလွမ် ခွမ်း ခလွမ် ခွမ်း ခွမ်း ~~~~
ပြင်းထန်သော သတ္တုထိခတ်မှု အသံများ ပေါ်ထွက်လာခဲ့သည်။
“ ဖူးးး ~~~ “
ပြင်းထန်သော တိုက်ကွက်တစ်ချို့ကို ဖလှယ်ခဲ့ပြီးသည့်နောက်တွင် ကျောက်ဟုန်ရင်သည် နောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်သွားခဲ့ရကာ ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ရပြီး၊ သူမ၏မျက်နှာလေးပင် နီရဲသွားခဲ့သည်။
“ နောက်ဆုံးတော့ တောင့်မခံနိုင်တော့ဘူးပေါ့? အဆုံးသတ်ဖို့ အချိန်ကျပြီ “
တစ်ဖက်ရှိ ချန်းလေ့မှ လှောင်ပြောင်ပြောဆိုလာခဲ့သည်၊ သူ၏ခန္ဓာကိုယ်အပေါ်ယံတွင် အနက်ရောင် အလွှာတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ပုံရိပ် လှုပ်ရှားသွားခဲ့ပြီး၊ မိုးကြိုးသွားတစ်ခုကဲ့သို့ ကျောက်ဟုန်ရင်ဆီသို့ ပြေးဝင်လာခဲ့သည်။
“ ဓားအလင်းတန်းရောက်လာရင် နတ်ဆိုးအားလုံး ပျောက်မယ် “
ရုတ်တရက်ဆိုသလိုပင် နားဝင်ချိုသော အသံတစ်သံ ဖြစ်တည်လာခဲ့သည်။
အံ့ဖွယ်ကောင်းသည့် ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်လာခဲ့ပြီး၊ ကမ္ဘာမြေကို ဖျက်စီးပစ်နိုင်သည့် အရှိန်အဟုန်မျိုးကို သယ်ဆောင်ကာ ချန်းလေ့ကို ခုတ်ပိုင်းလာခဲ့သည်။
“ ဘာကြီး? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?? “
ချန်းလေ့၏ အမူအရာ ပြောင်းလဲသွားတော့သည်၊ တစ်ဖက်ရှိ ကျောက်ဟုန်ရင်၏ မျက်လုံးများထဲတွင်မူ လှောင်ပြောင်နေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။
သူမသည် ချန်းလေ့၏ ဟာကွက်ကို ဆွဲထုတ်ရန်အတွက် သူမ၏ အားနည်းချက်ကို တမင်တကာ ချပြခဲ့ခြင်းဖြစ်သည်၊ ပြိုင်ဘက်သည် အဆိုပါထောက်ချောက်ထဲသို့ အမှန်တကယ် ကျရောက်လာခဲ့သည်။
ကြီးမားသော ဓားချီတစ်ခုသည် ချန်းလေ့ကို ခုတ်ပိုင်းသွားပြီး၊ ကျယ်လောင်သော အသံတစ်သံကို ဖြစ်ပေါ်စေကာ စင်တစ်ခုလုံးကို အနည်းငယ် လှုပ်ခါသွားစေခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှ အကြာတွင် ချန်းလေ့၏ ပုံရိပ် လွင့်ထွက်သွားတော့သည်။
ကျောက်ဟုန်ရင်မှာ အောင်နိုင်သူပင် !!!
…
တတိယမြောက် ပွဲစဥ်၏ ဖြစ်စဥ်သည် အတော်လေး ကြမ်းတမ်းနေခဲ့ပြီး၊ ကြည့်ရှုသူပရိတ်သတ်များကို ရိုလာကိုစတာ စီးနေရသကဲ့သို့ ခံစားသွားရစေခဲ့သည်။
နောက်တက်ဆွဲ စတုတ္ထနှင့် ပဥ္စမပွဲစဥ်တို့မှာ အခြေခံအားဖြင့် တူညီနေခဲ့သည်။
ဝမ်ချောင်ခုန်းနှင့် ရှုကျိုးတို့ကဲ့သို့ ပြိုင်ဘက်ကို အလွယ်တကူ ချေမှုန်းနိုင်ခြင်းမှာ မမြင်ရသလောက်နီးပါး ဖြစ်ခဲ့သည်။
အဆိုပါ တိုက်ပွဲများတွင် အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနနှစ်ခုလုံးသည် အောင်ပွဲနှင့် ရှုံးနိမ့်မှုတို့ကို ကိုယ်စီကိုယ်စီ ရင်ဆိုင်နေခဲ့ရသည်။
စတုတ္ထပွဲစဥ်တွင် နတ်သိုင်းဌာနမှ အနိုင်ရသွားခဲ့သည်။
ပဥ္စမပွဲတွင်မူ အစစ်အမှန် သိုင်းပညာဌာနမှ ပြန်လည်အနိုင်ရရှိခဲ့သည်။
ဆဌမမြောက်ပွဲတွင်မူ နတ်သိုင်းဌာနက အောင်ပွဲဆင်သွားခဲ့သည်။
…
နေ့ခင်း ၁နာရီအချိန်တွင် ပဏာမပွဲစဥ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
နတ်သိုင်းဌာနှင့် အစစ်အမှန် သိုင်းပညာဌာနှစ်ခုစလုံးသည် ငါးပွဲစီအနိုင်ရခဲ့ကာ ရလဒ်များ တူညီနေခဲ့သည်။
အဆိုပါ ရလဒ်သည် လူတော်တော်များများကို အံ့ဩသွားစေခဲ့သည်။
“ အစစ်အမှန် သိုင်းပညာဌာနက စွမ်းနေသေးတာပဲဟ၊ သွေးကြောမှတ် ၁၂၀တည်းနဲ့ နတ်သိုင်းဌာနက သွေးကြောမှတ် ၁၅၀ကျော်တဲ့ ပါရမီရှင်တွေကို ယှဥ်တိုက်နိုင်ခဲ့ကြတယ် “
“ ပထမအဆင့်နယ်ပယ်လေးပါပဲကွာ၊ မလောပါနဲ့၊ ဒုတိယအဆင့်နဲ့ တတိယအဆင့်တွေရဲ့ တိုက်ပွဲတွေ ကျန်နေပါသေးတယ် “
“ အတူတူပါပဲကွာ၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ စွမ်းအားကို တကယ်မထင်ထားခဲ့ဘူးဟေ့ “
ပရိတ်သတ်များသည် ဆွေးနွေးပြောဆိုမှုများ ပြုလုပ်နေခဲ့ကြသည်။
ရလဒ်က တူညီနေပုံရသော်လည်း၊ နတ်သိုင်းဌာနမှ အနိုင်ရသူများသည် သွေးကြောမှတ် ၁၅၅ခုကျော်လွန်သူများသာ ဖြစ်နေခဲ့သည်။