ရှုကျိုး၏ စွမ်းအား ၃
Vol. 18 Ch. 270
နောက်လာမည့် ပွဲစဥ်များ၌ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ခက်ခဲကြမ်းတမ်းမှုများ စတင်လာတော့မည် ဖြစ်သည်။
…
စင်မြင့်ထက်၌
ဝုချင်းရှန်သည် ကျယ်လောင်စွာကြေညာလာခဲ့သည် “ ပထမအဆင့်နယ်ပယ်ရဲ့ ပဏာမပြိုင်ပွဲတွေ ပြီးသွားပါပြီ၊ ရလဒ်ကတော့ ၅မှတ် : ၅မှတ်စီပါပဲ “
“ နောက်ပိုင်းကတော့ မကြေပွဲတွေ စပါမယ် “
“ မဲနှိုက်ပြီးပဲ ဆုံးဖြတ်ပါမယ်၊ နှစ်ဖွဲ့လုံး စင်ပေါ်ကို တက်လာကြပါ “
အပိုစကားလုံးများ ပါဝင်မနေခဲ့ပေ၊ ဝုချင်းရှန်၏ လေသံသည် တိုက်တွန်းနှိုးဆော်နေသည့် လေသံမျိုးဖြစ်နေခဲ့သည်။
ရှုကျိုးသည် ပဏာမအဆင့် ပွဲစဥ်များကို အနိုင်ရခဲ့သည့် အဖွဲ့ဝင်လေးဦးကို ဦးဆောင်ကာ စင်ပေါ်သို့ တက်လာခဲ့သည်။ ဝမ်ချောင်ခုန်းမှာလည်း သူ့လူလေးဦးကို ဦးဆောင်၍ စင်ပေါ်သို့ တက်လာခဲ့သည်။
ယခင်က အတိုင်းသာ ဖြစ်သည်၊ သို့သော် ဤတစ်ကြိမ်တွင် မဲနံပါတ် ၅ခုအထိသာ ကျန်နေတော့သည်။
ရှုကျိုးသည် နံပါတ်၁မဲကို ဆွဲထုတ်မိသွားခဲ့သည်။
“ စင်ပေါ်ကို အရင်ဦးဆုံး တက်ရမှာလား? “ ရှုကျိုးသည် မလှမ်းမကမ်းရှိ ဝမ်ချောင်ခုန်းကို လှမ်းကြည့်လိုက်သည်။
သူသည် ဤတစ်ကြိမ်ပြိုင်ဘက်က သူဖြစ်နေပါစေဟု အမှန်တကယ် မျှော်လင့်မိနေတော့သည်။
သူကသာ ဝမ်ချောင်ခုန်းကို အနိုင်ယူလိုက်မည်ဆိုပါက သူ၏အဖွဲ့သားများအတွက် ပို၍လွယ်သွားမည်ဖြစ်သည်။
သို့သော် ကံဆိုးစွာဖြင့်ပင် သူ၏ ပြိုင်ဘက်သည် သွေးကြောမှတ် ၁၅၉ဖွင့်ထားသည့် လင်းတုန်ဟုအမည်ရသော လူငယ်လေးတစ်ဦး ဖြစ်နေခဲ့သည်။
နတ်သိုင်းဌာနရှိ လင်းတုန်၏ အမူအရာ ဆိုးရွားသွားတော့သည်။
သွေးကြောမှတ် ၁၅၉ခု ဖွင့်ထားသည့် ပါရမီရှင်တစ်ဦးအနေဖြင့် သူသည် ပါဝင်ယှဥ်ပြိုင်သူများကြားထဲတွင် ထိပ်တန်းအဆင့်ဝင်လေသည်။
ရှုကျိုးနှင့်သာ မတွေ့သေးသရွေ့ သူသည် အစစ်အမှန် သိုင်းပညာဌာနဘက်မှ ပါရမီရှင်အားလုံးကို အမှောက်သိပ်နိုင်ပေသည်။
သို့သော် ကံဆိုးစွာဖြင့်ပင် သူ၏ပြိုင်ဘက်မှာ ရှုကျိုး ဖြစ်နေခဲ့သည်။
“ စိတ်မပူနဲ့ “
သူ့နောက်ရှိ ဝမ်ချောင်ခုန်းမှ အေးအေးဆေးဆေး ပြောလာခဲ့သည် “ ရှုကျိုးက မင်းတို့ထင်ထားသလောက် ကြောက်ဖို့မကောင်းဘူး၊ သူ့ရဲ့လှုပ်ရှားမှု နည်းစနစ်ကိုပဲ သေချာသတိထား၊ ပြီးတော့ သူ့ရဲ့ပွဲသိမ်းတိုက်ကွက်က ကောင်းကင်ဖြိုခွင်း ဆေဘာနည်းစနစ်ပဲ၊ သူ့ကို ထိပ်တိုက်မရင်ဆိုင်နဲ့၊ သူ့ရဲ့ဝှက်ဖဲအားလုံး ပေါ်လာအောင် ကြိုးစားကြည့် “
“ တကယ်လို့ မင်းရှုံးသွားမယ်ဆိုရင်တောင်မှ ငါမင်းအတွက် လက်စားချေပေးမယ် “
ဝမ်ချောင်ခုန်းသည် လင်းတုန်၏ ပခုံးကို ပုတ်လာခဲ့သည်။
လင်းတုန်မှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ ဆုံးဖြတ်ချက်များ ခိုင်မာနေသည့် အကြည့်ဖြင့် ရှုကျိုးကို လှမ်းကြည့်လိုက်သည်။
သူသည် လင်းရွှယ်မဟုတ်ပေ၊ အကယ်၍ သူက ရှုကျိုးကို ရှုံးနိမ့်သွားမည်ဆိုလျှင်တောင်မှ သူသည် ရှုကျိုးကို သွေးထွက်အောင် ပြုလုပ်မည် ဖြစ်သည်။
…
“ မကျေပွဲတွေ စပြီ !!! နံပါတ်၁ ပြိုင်ပွဲဝင်တွေ စင်ပေါ်ကို တက်လာပါ “
ဝုချန်းရှန်၏ အမိန့်ပေးမှုအောက်တွင် ရှုကျိုးနှင့် လင်းတုန်တို့ နှစ်ဦးစလုံးသည် စင်ပေါ်သို့ တစ်ပြိုင်နက်တက်လာကြသည်။
လင်းတုန်သည် ရှုကျိုးကို ကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ ရှုကျိုး၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ အသန်မာဆုံး ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့၊ မင်းက ငါနဲ့ထိပ်တိုက်ရင်ဆိုင်ရဲလား? “
ရှုကျိုးသည် ရယ်မောကာ အေးအေးလူလူ ပြောလိုက်သည် “ စစ်ပွဲကျမှ ဘာလို့မတောင်းဆိုရတာလဲဟ? မင်းရဲ့ ရန်သူတွေကရော မင်းကို မျှမျှတတ တိုက်ခိုက်ချင်ကြတာပဲလား? “
လင်းတုန် မျက်မှောင်ကြုတ်သွားကာ အေးစက်စွာ လှောင်ပြောင်လာခဲ့သည် “ မင်းက ငါနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့တောင် သတ္တိမရှိဘူးပေါ့? မင်းက ပုန်းတဲ့နေရာမှာပဲ တော်နေတာလား? “
“ ငါ့ကို စော်ကားနေတာက အသုံးမဝင်ဘူး ”
ရှုကျိုးမှ ပေါ့ပေါ့ပါးပါး ပြန်ပြောလာခဲ့သည် “ ဒီတိုက်ပွဲက ဌာနနှစ်ခုစလုံးရဲ့ ရှင်သန်မှုနဲ့ သက်ဆိုင်နေတယ်၊ တကယ်လို့ မင်းက ထိပ်တိုက်ရင်ဆိုင်ချင်တယ်ဆိုရင်လည်း ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တယ် “
“ ကောင်းပြီလေ၊ မင်းပြောသလိုပဲပေါ့ “
လင်းတုန်၏ စကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် သူ၏ပုံရိပ် လှုပ်ခတ်သွားခဲ့သည်။
“ ဘုမ်းးးးး !! “
ကျယ်လောင်သော အသံတစ်သံပေါ်ထွက်လာခဲ့ပြီး၊ လင်းတုန်ခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ် ၁၅၉ခုလုံး ချက်ချင်း အသက်ဝင်လာခဲ့ပြီး၊ ချီ-သွေးသည် မီးတောင်တစ်ခုကဲ့သို့ ပွက်ပွက်ဆူလာခဲ့သည်။
စင်မြင့်၏ အရှေ့ဘက်တွင် ရှိနေကြသည့် ကျောင်းသူကျောင်းသားတစ်ချို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။
လင်းတုန်မှ ဆေဘာကို လွှဲရမ်းလာခဲ့ရာ၊ ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအားများသည် မီတာပေါင်းများစွာ ရှည်လျားသည့် သွေးနီရောင် ဆေဘာအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အောက်ဘက်ရှိ ရှုကျိုးကို ပိုင်းဖြတ်လာခဲ့သည်။
“ လင်းတုန်ရဲ့ ပွဲသိမ်းတိုက်ကွက်၊ သွေးလခုတ်ချက် !!! “
“ ဒီကောင်က ဘေးဘက်မှာရှိနေခဲ့တဲ့ အချိန်ကတည်းက သူ့ရဲ့တိုက်ကွက်ကို အသက်သွင်းထားတာပဲဖြစ်ရမယ် “
လူတော်တော်များများ၏ အမူအရာများ ပြောင်းလဲသွားကြသည်၊ အဆိုပါ ချီ-သွေးစွမ်းအင်များ၏ စွမ်းအားသည် သွေးကြောမှတ် ၁၅၉ခု၏ အကန့်အသတ်ကိုပင် အနည်းငယ် ကျော်လွန်နေခဲ့သည်။
အဆိုပါ သွေးနီရောင် ဆေဘာအလင်းတန်း၏ စွမ်းအားသည် ပထမအဆင့်နယ်ပယ်ကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး၊ ဒုတိယအဆင့် နယ်ပယ်မှ ပညာရှင်တစ်ဦးကပင် ၎င်းကို ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
ကွင်းပြင်ထဲရှိ ရှုကျိုးကမူ အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သည်၊ သူ့နောက်ကျောရှိ ဆေဘာရှည်သည် ဓားအိမ်ထဲမှ ရုတ်တရက် ခုန်ထွက်လာခဲ့သည်။
“ ဝုန်းးးး !!! “
သူမှ ဆေဘာကို မြှောက်လိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး၏ ချီ-သွေးစွမ်းအင်များသည် သူ၏ဆေဘာရှည်ထဲသို့ တိုးဝင်ရောက်ရှိသွားခဲ့သည်၊ ထို့နောက်တွင် သူသည် ဆေဘာကို ပေါ့ပေါ့ပါးပါး လွှဲရမ်းလိုက်သည်။
လင်းတုန်ပြောထားခဲ့သည့်အတိုင်းပင် သူမရှောင်ရှားခဲ့ပေ။
ဆေဘာခုတ်ချက်သည် မီတာပေါင်းများစွာ ရှည်လျားသည့် သွေးနီရောင် အလင်းတန်းနှင့် တိုက်မိသွားတော့သည်။
ခွမ်းးး !!!!
ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်များ ပေါက်ထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သွေးနီရောင်အလင်းတန်းသည် အပိုင်းပိုင်း အစစ ဖြစ်သွားတော့သည်။
“ ဘာကြီး?? “ လင်းတုန်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ရှုကျိုးရဲ့ ပေါ့ပေါ့ပါးပါး ခုတ်လိုက်တဲ့ ဓားချက်က ငါ့ရဲ့ ပွဲသိမ်းတိုက်ကွက်ကို ဖြေရှင်းသွားတာလား???
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ အရှိန်အဟုန်သည် မည်သို့မျှ လျော့ကျမသွားခဲ့ဘဲ လင်းတုန်၏ နဖူးထံသို့ ဦးတည်လာခဲ့သည်။
လင်းတုန်မှ အလောတကြီး ရှောင်ရှားလိုက်သည်။
ဘုန်းဟူသော အသံနှင့်အတူ မြေပြင်ပေါ်တွင် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ရှုကျိုးသည် ရိုးရှင်းသော ခုတ်ချက်ဖြင့်ပင် ထပ်မံ၍ တိုက်ခိုက်လာပြန်သည်။
လင်းတုန်မှ ထပ်မံ၍ ရှောင်ရှားလိုက်ရာ၊ မြေပြင်ပေါ်တွင် ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ထပ်ပေါ်လာခဲ့ပြန်သည်။
“ မင်းက ဘယ်လိုရှောင်ရမလဲဆိုတာကိုပဲ သိတာလား? ငါနဲ့ထိပ်တိုက်မရင်ဆိုင်ရဲဘူးလား? “ ဟု ရှုကျိုးမှ ပြောလာခဲ့သည်။
လင်းတုန်၏ မျက်နှာပေါ်၌ အရှက်တရားတို့ဖြင့် ပြည့်နှက်လာခဲ့သည်။
ယခင်ကသူသည် ရှုကျိုးက ရှောင်တိမ်းရုံသာ တတ်သည်ဟု လှောင်ပြောင်ပြောဆိုခဲ့သည်၊ သို့သော် ယခု၌ သူကသာ ရှောင်တိမ်းနေခဲ့ရသည်။
ရှုကျိုးသည် သူ့အား စကားပြောရန်အခွင့်အရေး မပေးချေ။ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ဆေဘာအလင်းတန်းတစ်ခု တလက်လက် တောက်ပလာခဲ့သည်။
ဝုန်းးးး !!!
ဤတစ်ကြိမ်တွင် လင်းတုန်သည် ရှောင်ရှားမနေတော့ဘဲ၊ ဆေဘာကို လွှဲရမ်းကာ ရှုကျိုးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးပမ်းလာခဲ့သည်။
ခွမ်းးး !!!
ခရက် !!
ကျယ်လောင်သော အသံတစ်သံနှင့်အတူ လင်းတုန်၏လက်နက် ကျိုးပဲ့ပျက်စီးသွားတော့သည်။
“ ဝုန်းးးး !!! “
လင်းတုန်သည် ဧရာမဘီးကြီးတစ်ခု၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပုံရသည်၊ ကြီးမားသော အားတစ်ခုမှ သူ့ကို တိုက်ချလာခဲ့ရာ နောက်သို့ လွင့်ထွက်သွားတော့သည်။
သူသည် မီတာ ၁၀၀ကျော်အထိ လွင့်ထွက်သွားကာ ရင်ပြင်အပြင်ဘက်ရှိ မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ ဖူးးး ~~~ “
လင်းတုန်သည် မြေပြင်ပေါ်တွင် လှဲလျောင်းကာ ရင်ဘတ်ကို ဆုပ်ကိုင်နေရင်းဖြင့် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်၊ သူ၏မျက်နှာတွင်မူ အံ့ဩတုန်လှုပ်နေသည့် အမူအရာတစ်ခု ဆင်မြန်းထားခဲ့သည်။
“ မဖြစ်နိုင်ဘူး !!! “ သူသည် မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် ရှုကျိုးကို ကြည့်လိုက်သည်။
သူ့ရဲ့ခွန်အားက ဘယ်လိုလုပ် ဒီလောက်တောင် ကြီးနေတာလဲ?
မည်သည့်သွေးကြောမှတ် စွမ်းအားကိုမှ အသုံးပြုဘဲ ချီ-သွေးစွမ်းအင်သပ်သပ်ဖြင့်သာ သူ၏လက်နက်ကို ဖျက်စီးကာ သူ့အား မီတာ ၁၀၀ကျော် လွင့်ထွက်သွားစေခဲ့သည်။
အဲ့တာက ပထမအဆင့်ရော ဟုတ်သေးရဲ့လား?
ဒုတိယအဆင့်က ပညာရှင်တစ်ယောက်ရဲ့ ချီ-သွေးစွမ်းအားကတောင် အဲ့လောက်ကောင်းနေမှာ မဟုတ်ဘူး!!!
စင်မြင့်ထက်၌
ရှုကျိုးသည် ဓားကို သိမ်းကာ ပရိတ်သတ်များဘက်သို့ အသာအယာ အရိုအသေပြု၍ လွတ်လပ်ပေါ့ပါးသော အမူအရာဖြင့် စင်ပေါ်မှ ဆင်းသွားတော့သည်။
…
ရင်ပြင်တစ်ခုလုံး ကြောက်မခမ်းလိလိ တိတ်ဆိတ်သွားခဲ့သည်။
အဠမအဆင့် ပညာရှင်တစ်ချို့ကပင် အမူအရာများ ပြောင်းလဲသွားကြသည်၊ သူတို့၏မျက်လုံးများထဲတွင် တအံ့တဩဖြစ်နေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။
ချီဟောက်၏ အမူအရာပင် လေးနက်သွားခဲ့သည်၊ နဝမအဆင့် ပညာရှင်ဖြစ်သည့်သူကပင် ရှုကျိုး၏ ခွန်အားကြောင့် အနည်းငယ် အံ့ဩသွားခဲ့သည်။
“ ချီ-သွေးစွမ်းအားကိုပဲ အားကိုးပြီးတော့ လင်းတုန်ကို အပြတ်အသတ် အနိုင်ပိုင်းလိုက်တယ်ပေါ့? “
“ ရှုကျိုးရဲ့ ချီ-သွေးစွမ်းအားက အလယ်အလတ် ဒုတိယအဆင့်ကိုတောင် ရောက် ….. မဟုတ်ဘူး၊ သွေးကြောမှတ်တွေရဲ့ စွမ်းအားကို မသုံးဘူးဆိုရင်တောင်မှ သူ့ရဲ့ တကယ့်ချီ-သွေးစွမ်းအားက အဲ့တာထပ်တောင် ပိုနေနိုင်တယ် “
သန့်စင်သော ချီ-သွေးစွမ်းအား !!!
ရှုကျိုးသည် သွေးကြောမှတ်တို့၏ လျှို့ဝှက်စွမ်းအားကို လုံးဝ အသုံးမပြုခဲ့ပေ၊ ချီဟောက်သည် ၎င်းကို သေချာနေခဲ့သည်။
သွေးကြောမှတ်တို့၏ လျှို့ဝှက်စွမ်းအားသည် ပထမအဆင့် ပညာရှင်တို့ကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်သည်၊ ရှုကျိုးကမူ ၎င်းကို အသုံးမပြုခဲ့သော်လည်း ထိုကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်နေခဲ့ပြီဖြစ်သည်။
( ရှုပ်သွားမှာစိုးလို့ ရှင်းပေးပါမယ်၊ သွေးကြောမှတ်တွေရဲ့ စွမ်းအားကို မသုံးတာတောင်မှ သွေးကြောမှတ်တွေရဲ့ စွမ်းအားကို သုံးလိုက်တဲ့ အချိန်မှသာ ရနိုင်မဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားတာကို ပြောတာပါ )
သူ့ရဲ့ ချီ-သွေးစွမ်းအားကို အသက်သွင်းလိုက်တာနဲ့ သူ့ရဲ့စွမ်းအားက ဘယ်အခြေအနေအထိ ရောက်သွားမှာလဲ???
ချီဟောက် မျက်မှောင်ကြုတ်သွားတော့သည်၊ ထိုအချိန်တွင် သူသည် ဧကရာဇ်၏ ကောင်းချီးကို ခံယူခဲ့ရသည့်လူက ရှုကျိုးဆိုသည်ကို သေချာသွားခဲ့သည်။
ဒါပင်မဲ့ ပထမအဆင့်နယ်ပယ်ရဲ့ အထွတ်အထိပ်၊ သွေးကြောမှတ် ၁၆၁ခုဆိုရင်တောင်မှ သူ့ရဲ့စွမ်းအားက အဲ့လိုအဆင့်မျိုးထိ ရောက်မနေသင့်ဘူးလေ???
သူက အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ!!!!
သူက ……
သွေးကြောမှတ် ၁၆၁ခုထပ် ပိုဖွင့်ထားတာများလား???