← Chapters

လောကကြီးကို တိုက်ပွဲတစ်ပွဲတည်းဖြင့်ဆုံးဖြတ်လိုက်ခြင်း

Vol. 94 Ch. 1396

လောကကြီးကို တိုက်ပွဲတစ်ပွဲတည်းဖြင့်ဆုံးဖြတ်လိုက်ခြင်း

Vol. 94 Ch. 1396

ထိုအခါမှသာ ဝေ့ဝူယသည် အင်ပါယာကြီးတစ်ခုကို စီမံရသည်က မည်မျှဒုက္ခများကြောင်း နားလည်သွားတော့သည်။ ယခင်က ပြင်ဆင်ထားခဲ့သည့်အရာအားလုံးသည် ဟာသသက်သက်သာ ဖြစ်သွားရသည်။ အရင်က ခေါ်လာခဲ့သူ့သူများ၊ အကူအချို့နှင့် မိမိကိုလျှို့ဝှက်ကူညီပေးကြသူများသည်လည်း ၎င်းတို့အတွက် မြို့တစ်မြို့လောက်စီမံပေးလိုက်သည်က မဆိုးလှပေ။ ဒါဇင်ချီသည့်မြို့အချို့က အပေါ်ယံတွင်သာ အညံ့ခံကြသည်။ မြို့စောင့်တပ်သည်ပင် လူတစ်စုစာသာကျန်တော့သည်။ ချူးယွင်ဖန်းကို ကြောက်၍သာ အညံ့ခံကြခြင်းဖြစ်သည်။

နန်းတွင်းညီလာခံ၏တပ်ကလည်း အတော်လေးဝေးသော်လည်း ချူးယွင်ဖန်းကမူ လက်တစ်ကမ်းအကွာတွင်သာ ရှိသည်။ ခုခံရန်ကြိုးစားသည့်မြို့ မရှိခြင်းမျိုး မဟုတ်သော်လည်း ချူးယွင်ဖန်းက စစ်သည်ထောင်ချီကို ဓားချက်တစ်ချက်တည်းဖြင့် ရှင်းပစ်လိုက်သောအခါတွင် အားလုံးက ကြောက်လန့်တကြားဖြင့် အညံ့ခံခဲ့ကြသည်။ အခြားသောမြို့များကလည်း အညံ့ခံခဲ့ကြပြီး အဝေးကသာ စောင့်ကြည့်နေကြသည်။ သို့သော်လည်း ထိုမြို့များက အပေါ်ယံဟန်ပြသာ အညံ့ခံကြခြင်းဖြစ်သည်။

ထိုသူများက သတင်းဘယ်‌လောက်များများကို မြောက်ပိုင်းသို့ လျှို့ဝှက်ပို့ပေးနေတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ?

ဝေ့ဝူယက ထိုအကြောင်းကို သိလျှင်ပင် ရွေးချယ်စရာမရှိပေ။ ထိုအကြောင်းကို ဂရုစိုက်သည့်သူများများစားစားလည်းမရှိပေ။ မြို့များစွာကကြီးကြပ်စီမံသူများသည် အစကတည်းက မြင့်မြတ်သူများ ဖြစ်ကြသည်။ သူ၏ပိုင်နက်များက ကျယ်ပြန့်လာသည်ဟု ထင်ရခြင်းတစ်ခုသာ ပြန်ရလိုက်ပြီး မြို့မျိုးစုံက စစ်သည်များဖြင့် ပြန်လည်ဖွဲ့စည်းနိုင်ပေမည်။ ခုန်းလုံတစ်ခုတည်းမှ စစ်သည်ထောင်ချီသောင်းချီဖြင့် ပြန်လည်ဖွဲ့စည်းလိုပါလျှင် စဉ်းစားစရာအများကြီးရှိနေသည်။

ထိုကိစ္စက ပြဿနာ၏အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်။ စစ်သားထောင်သောင်းချီသည် လူမျိုးစုံရောထွေးနေသောအုပ်စုတစ်စုသာဖြစ်သည်။ လွန်ခဲ့သောလဝက်ခန့်ကမှ ဖွဲ့စည်းထားခြင်း ဖြစ်၏။ လေနှင့်တိုက်လျှင်ပင် နိုင်မနိုင်က ပြောရန်ခက်ခဲလှသည်။ အနည်းငယ်မှားယွင်းသောအခြေအနေမျိုးဖြစ်သည်နှင့် ချက်ချင်းပင် လဲပြိုသွားနိုင်သည်။

စစ်ထွက်ရန်အတွက် ထိုသို့တပ်မျိုးကိုသာ အားကိုးပါလျှင် လူများကိုခြောက်လှန့်ရန်အတွက်က လုံးဝမဖြစ်နိုင်ပေ။ နန်းတွင်းညီလာခံတပ်၏စစ်သည်တစ်သန်းက စစ်မှန်သောစစ်သည်တော်များဖြစ်ပြီး နန်းစောင့်တပ်သားတစ်‌သိန်းက ထိုစစ်သည်များထဲမှရွေးထားသော လက်ရွေးစင်များဖြစ်ပေသည်။

သူတို့ဘက်တွင် ဝေ့ဝူယ၏မူလအဖွဲ့မှ လူတစ်သိန်းသည်သာ ဒုတိယအဆင့်ကိုယ်ရံတော်များဖြစ်ကြသည်။ မဟုတ်လျှင် ထိုသူများကို အလွယ်တကူအဖွဲ့ဖွဲ့ရမည်မဟုတ်ပေ။

အစက ထီးနန်းအတွက် ဝေ့ဝူယကို ကူညီပြီးတိုက်ခိုက်ပေးနေသည်ဟု ထင်ကြသည်။ ပုန်ကန်ရန်အတွက် စစ်တပ်တစ်ခုကိုဖွဲ့စည်းနေသည်ဟု မည်သူကထင်မှာလဲ?

ချူးယွင်ဖန်း၏တိုက်ပွဲအောင်မြင်မှုကြောင့်သာမဟုတ်လျှင် နေရာတွင်ပင် တပ်တွင်းပုန်ကန်မှုဖြစ်သွားနိုင်သည်။ အားလုံးက ရှုပ်ထွေးလို့နေသည်။ ခုန်းလုံတစ်ခုတည်းသာ ထိန်းချုပ်ထား၍ရသည်ဟု ဆိုနိုင်သည်။ ချူးယောင်ဝေနှင့်အတူ ဒေသခံမင်းဆိုးတစ်ပါးနှင့် ခုန်းလုံမှ ချူးမျိုးနွယ်စု၏အချိတ်အဆက်များအားလုံးနှင့်အတူ မြို့ကိုအမြန်ပင် ထိန်းချုပ်လိုက်နိုင်သည်။ သူတို့သည် ပွင့်ပွင့်လင်းလင်းသဘောတူလိုက်သည့်အခြားမြို့များကဲ့သို့မဟုတ်ဘဲ တိတ်တဆိတ်မနာခံဘဲရှိကြ၏။

အမှန်တွင် အဓိကအကြောင်းရင်းမှာ ချူးယွင်ဖန်းက ခုန်းလုံတွင် ရှိနေခြင်းသာ ဖြစ်သည်။ ခုန်းလုံမှာ မြင့်မြတ်သည့်မျိုးနွယ်ဝင်များသည် ထင်မရာမစိုင်းရဲကြပေ။ ဘာမှပင်မပြောရဲကြဘဲ နာခံလျက်သားဖြင့်သာ ပူးပေါင်းပေးကြလေ၏။

သို့သော်လည်း ထိုသူများက သဘောတူလိုက်လျောပြီး ပူးပေါင်းရသည့်အကြောင်းမှာ ချူးယွင်ဖန်းကြောင့်သာမက ဝေ့ဝူယကပါ တဝေ၏မင်းသားတစ်ပါးဖြစ်သောကြောင့်ဖြစ်သည်ကို သူက ကောင်းစွာသိထားသည်။ သူသည် တောကနေပုန်ကန်သည့် လယ်သမားတစ်ယောက်မဟုတ်ပေ။ ဝေ့ဝူယသာ နန်းတက်လျှင် တဝေ၏မြင့်မြင့်သည့်စနစ်ကိုလည်း ဆက်၍အမွေဆက်ခံနိုင်မည်ဖြစ်သည်။ အကုန်လုံးက မြင့်မြတ်သည့်မျိုးရိုးများဖြစ်သဖြင့် ဆုံးရှုံးမှုကြီးကြီးမားမားမဖြစ်ပေ။ အများဆုံး၌ နောက်ထပ်ဧကရာဇ်တစ်ပါးကို သစ္စာခံလိုက်ရုံသာဖြစ်၏။

ဝေ့ဝူယသည် ဆိုးဝါးသောအခြေအနေတွင်ရှိသည်ဟု ဆိုနိုင်သည်။ ပို၍ဒုက္ခများရသည်မှာ လျှို့ဝှက်ချက်အဖွဲ့အစည်း၏သူလျှိုများက နေရာတိုင်း၌ ရှိနေခြင်းပင်။ လဝက်အတွင်း၌ပင် လုပ်ကြံသတ်ဖြတ်ခြင်းဒါဇင်ခန့်ကို ခံစားလိုက်ရ၏။ ဖခင်ဖြစ်သူက သူ့ကိုသတ်၍ ပုန်ကန်ခြင်းကိုအဆုံးသတ်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

ပုန်ကန်ခြင်း၌ ရွှေအမတေအဆင့်နှစ်ယောက်ပါသည်။တစ်ဦးက ချူးယွင်ဖန်းဖြစ်ပြီး တစ်ဦးက ဝေ့ဝူယဖြစ်သည်။ ချူးယွင်ဖန်းကို လုပ်ကြံသတ်ဖြတ်ရန်က အတွေးသက်သက်မျှသာဖြစ်သည်။ ထိုသို့လုပ်ချင်လျှင်ပင် အဖွဲ့အစည်း၌ လုပ်နိုင်သောသူတစ်ယောက်မှရှိမည်မဟုတ်ပေ။ ချူးယွင်ဖန်း၏ကျင့်စဉ်နှင့်သာဆိုလျှင် သာမန်လုပ်ကြံသတ်ဖြတ်သူများက အနားပင် ကပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ချူးယွင်ဖန်းက ဘာမှမဖြစ်သော်လည်း ဝေ့ဝူယမှာ ဒုက္ခရောက်နေသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဝေ့ဝူယသည် ကျုံးရှင်းမြို့တော်ဝန်အိမ်သို့ ပြောင်းနေရတော့၏။ ချူးယွင်ဖန်းတာဝန်ယူပေးသဖြင့် ဘယ်သူကမှ အရိုအသေမမဲ့ရဲပေ။

"ချူးသခင်လေး မြောက်ပိုင်းနဲ့လျှို့ဝှက်ဆက်သွယ်နေတဲ့သူတွေ အများကြီးရှိသေးတယ်။ ကျွန်တော်တို့သာ ပုန်ကန်စစ်တပ်ရောက်လာတဲ့အထိ စောင့်နေမယ်ဆိုရင် တိုက်ဖို့မလိုလောက်တော့ဘူး။"

ဝေ့ဝူယက ခါးသက်စွာပြုံး၍ ပြောလိုက်သည်။

"ဒါက ခင်ဗျားရဲ့ နောက်ဆုံးခိုကိုးရာဆိုတာ သိပါတယ်။ ဒါက ခင်ဗျားတတ်နိုင်တဲ့အတိုင်းအတာပဲလေ။"

ချူးယွင်ဖန်းက အလေးအနက်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

ဝေ့ဝူယက ထိုအကြောင်းများကို သူ့အား ပြောပြနေရန် မလိုပေ။ ပြန်၍ဖွဲ့စည်းထားသောလူများသည် လူအုပ်လောက်သာမဟုတ်ဘဲ မတူညီသည့်ပြင်းပြသောဆန္ဒရှိသူများဖြစ်ကြသည်။ တိုက်ရိုက်တိုက်ခိုက်ကြလျှင် ချက်ချင်းပင် အလဲလဲအပြိုပြိုအခြေအနေမျိုး ဖြစ်သွားရပေမည်။ အခြေအနေက မျက်နှာသာမပေးလျှင် အညံ့ခံကြသောမြို့ဒါဇင်ချီက ချက်ချင်းပင် သစ္စာဖောက်ကြမည်သာ။

ထို့ကြောင့် ချူးယွင်ဖန်းက မနှောင့်ယှက်နိုင်သကဲ့သို့ ဝေ့ဝူယကိုလည်း ထိုမြို့များအားစီမံရန် လူများစေလွှတ်မည်ကို ခွင့်မပြုနိုင်ပေ။ အနည်းဆုံးတွင် နန်းတွင်းညီလာခံ၏အာရုံကို ဆွဲဆောင်နိုင်ရန်အတွက် မိမိဘာသာ ပွဲတိုးအောင် နေရပေဦးမည်။ စစ်သားတစ်သိန်းနှစ်သောင်းကို သေတွင်းသို့ မပို့လိုက်နိုင်ပေ။ ထိုအချိန်မှစပြီး လောကကြီးသည် တိုက်ပွဲတစ်ပွဲတည်းဖြင့် အခြေကျသွားပေတော့မည်။

"စိတ်မပူပါနဲ့။ သူတို့က လူအုပ်လေးတင်ပါ။ နန်းတွင်းညီလာခံအာရုံစိုက်ခံရအောင်အတွက် အသုံးချရုံသက်သက်ပါပဲ။ မဟုတ်ရင် နန်းတွင်းညီလာခံက အဲ့လောက်လူနည်းနည်းလေးကို အာရုံစိုက်မှာတဲ့လား။ သူတို့ကို ဖိနှိပ်ဖို့ လူဘယ်လောက်တောင်ကြာကြာ ပို့မှာတဲ့လဲ။"

ချူးယွင်ဖန်းက မတ်တတ်ရပ်၍ ပြောလိုက်သည်။

သူသည် ထိုသို့နည်းဗျူဟာမျိုးကို စိတ်မဝင်စားပေ။ ပုန်ကန်သည့်အမြင်မှုကြည့်လျှင်မူ ထိုသို့ဗျူဟာမျိုးက တိုးတက်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်၏။

"အဲ့ဒါအပြင် အပြင်ဘက်နယ်မြေမှာ ကျင်းကျန်းဟန်ရှိတာသိမှာပါ။ သူတို့က တဝေထက် ပိုပြီးအားကောင်းကြတယ်။ သူတို့ကို ပထုတ်လိုက်တာကိုသာသိသွားရင် တောင်ပိုင်းကသံမြင်းခွာသန်းချီကို ဘယ်သူတားနိုင်မှာလဲ။"

ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ဝေ့ဝူယကမူ ရလဒ်ကိုတွေးရင်းဖြင့်ပင် ချွေးပြန်လာသည်။ ကျင်ကျန်းဟန်က စစ်သည်အားလုံးကို တောင်ပိုင်းသို့မပို့ဘဲ သုံးသန်းလောက်ပို့လိုက်လျှင်ပင် တဝေအတွက် ကပ်ဘေးကြီးဖြစ်သွားပေမည်။

"အဲ့ဒါကြောင့်မလို့ တိုက်ပွဲတစ်ပွဲတည်းနဲ့လောကကြီးကို ငြိမ်သက်သွားအောင်လုပ်တာက တဝေအတွက် အန္တရာယ်အနည်းဆုံးနည်းလမ်းပဲ။"

ချူးယွင်ဖန်းက ပြောလိုက်၏။

သူတဝေတွင်ရှိသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သည်။ တိုင်းပြည်ကို မပျက်ဆီးလိုသော်လည်း ထိုနေရာ၌ အချိန်မဖြုန်းချင်ပေ။ တစ်ချိန်တည်းတွင်ပင် ထန်စစ်ယုကို ရှာရန် ထိုနေရာမှ တတ်နိုင်သမျှ ထွက်သွားချင်မိသည်။

"ငါနားလည်ပါတယ်။ ဒါပေမဲ့လို့ နန်းတွင်းညီလာခံက မကောင်းဆိုးဝါးလက်အောက်ခံဂိုဏ်းသခင် ယွင်ဟွမ်ဆီကနေ အကူအညီတောင်းမှာကိုပဲကြောက်မိတယ်။"

ဝေ့ဝူယက ချူးယွင်ဖန်း၏တုံ့ပြန်ပုံကို မြင်လိုသဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော်လည်း ချူးယွင်ဖန်း၏အမူအရာကမူ မပြောင်းလဲပေ။ သူက ပြန်ပြောလိုက်သည်။

"ယွင်ဟွမ်က ဘာကြီးပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ သူပေါ်လာတော့ရောဘာဖြစ်လဲ။ သူက အမတေမဲ့အဆင့်လောက်ကို မဖိနှိပ်နိုင်ရင် ကျုပ် သူ့ကို နိုင်ဖို့ ယုံကြည်ချက်ရှိပါတယ်။ ယဲ့ဖေးနဲ့ သူတို့ ပူးပေါင်းသွားမှာကို ကြောက်မနေဘူး။"

ချူးယွင်ဖန်း၏စကားကို ကြားသည်နှင့် ဝေ့ဝူယတစ်ယောက် အားတက်သွားတော့သည်။

"သူငယ်ချင်း မင်းဒီမှာ ရှိနေမှတော့ ဘာလို့ မင်းဘာသာ ကိုယ်ထင်မပြရတာလဲ။"

ချူးယွင်ဖန်းက ရုတ်တရက်ပြောလိုက်လေ၏။

All Chapters