← Chapters

ကပ်ဘေးဆိုးကြီးမလွတ်မြောက်နိုင်ပြီ

Vol. 94 Ch. 1403

ကပ်ဘေးဆိုးကြီးမလွတ်မြောက်နိုင်ပြီ

Vol. 94 Ch. 1403

ဘုန်း

ဘုန်း

ဘုန်း

ကောင်းကင်၌ ရုတ်တရက်ထွက်ပေါ်လာသော ဓားအလင်းတန်း (၃၆) ခုသည် လူ (၃၆) ယောက်ကို ခုတ်ပိုင်းသွားပြီး ချက်ချင်းပင် သတ်ပစ်လိုက်တော့၏။ ရွှေအမတေမဲ့အဆင့် (၃၆) ယောက်သည် အခင်းအကျင်းကို ဖျက်ဆီးခံလိုက်ရသည်နှင့် ချူးယွင်ဖန်းထံမှတစ်ချက်လေးပင် ခံနိုင်ရည်မရှိကြတော့ပေ။ တစ်ဖက်သူ၏အင်အားက မိမိတို့စိတ်ကူးထားသည်ထက် အတော်လေးသာလွန်နေ၏။

"မဖြစ်ဘူး...."

တိုက်ပွဲမြေပြင်ရှိယဲ့ဖေးက ဒေါသတကြီးဖြင့် အော်လိုက်သည်။ သူသည ချူးယွင်ဖန်းလက်ချက်ဖြင့် ရွှေအမတေအားလုံးသေသွားသည်ကို ကြည့်နေရသည်။ စိတ်ထဲမှ ဒေါသက မြင့်တက်လာပြီး ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။

တစ်ချိန်တည်းတွင်ပင် စိတ်ထဲ၌ အတော်လေးကျောချမ်းသွားမိသည်။ မိမိဘက်က ဂရုတစိုက်ပြင်ဆင်ထားသော်လည်း အဆုံးသတ်တွင်မူ ချူးယွင်ဖန်းကို မတားနိုင်ပေ။ သူသည် အခင်းအကျင်းသခင်(၃၆)ယောက်လုံးကို သတ်ပစ်လိုက်၏။ ဆုံးရှုံးမှုက စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။ ချူးယွင်ဖန်းသည် တဝေ၌ ကျွမ်းကျင်သူတစ်ယောက်နှစ်ယောက်မက သတ်ဖူးသည်။ ယဲ့ဖေးသည် ထိုအကြောင်းကို စဉ်းစားရင်းဖြင့်ပင် လုံးဝပေါက်ကွဲထွက်မတတ်ဖြစ်လာ၏။

ဘုန်း....

လက်ထဲမှလှံတံက ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းပင် လှံအရိပ်ပေါင်းများစွာထွက်လာပြီး လေထဲတွင်ပေါက်ကွဲသွားတော့၏။ အားလုံး၏မျက်လုံးထဲ၌ လှံအလင်းတန်းများကို ဖျပ်ခနဲမြင်လိုက်ကြရပြီး ချက်ချင်းပင် ချူးယွင်ဖန်းရှိရာသို့ ဒီရေလှိုင်းလုံးနှယ် ဦးတည်သွားတော့သည်။

လှံအလင်းတန်းက ချူးယွင်ဖန်းကိုချက်ချင်းပင်ဖုံးအုပ်သွားသည်။ ကြောက်စရာကောင်းသောဒီရေလှိုင်းအလင်းက ရှိသမျှအရာအားလုံးကို တိုက်စားသွား‌တော့မည့်ဟန်ပေါ်သည်။

"အလုပ်ဖြစ်ပါ့မလား။"

တစ်ယောက်ယောက်က အော်ပြောလိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောတပ်နှစ်ခုသည် ခံစားချက်မတူကြပေ။ နန်းတွင်းစစ်တပ်က အတော်လေးစိတ်လှုပ်ရှားနေကြသည်။ ချူးယွင်ဖန်းက မိမိတို့ဘက်ကို ဖိနှိပ်ထားနိုင်သဖြင့် စိတ်လှုပ်ရှားနေကြပြီး ယခုတွင်မူ အခြေအနေက ပြောင်းပြန်ဖြစ်သွား၏။

ဝေ့ဝူယဘက်ကမူ ပျာယာခတ်သွားသောမျက်နှာများဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့သည် လန့်ဖျပ်သွားသောယုန်သူငယ်လေးများနှင့်တူသည်။ ရုတ်တရက်ပင် ပြင်းထန်သောစွမ်းအားလှိုင်းလုံးမှ လက်ကြီးတစ်ဖက်ထွက်ပေါ်လာကာ ဝေ့ဝူယတို့ရှိရာသို့ ဦးတည်လာတော့၏။

"သေစမ်း..."

ယဲ့ဖေးက ချက်ချင်းပင် ပြန်ဆုတ်လိုက်သည်။ ကြောက်စရာကောင်းသောဖိအားကို ခံစားမိပေသည်။ သူ့နောက်ရှိ စစ်သည်သန်းချီက တိုက်ပွဲစွမ်းအားများကို စုတ်ယူလိုက်ပြီး စစ်သည်များကို ကောင်းကင်ထက်၌ လှိမ့်တက်လာသည့် ကြောက်စရာကောင်းသောလှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲလိုက်တော့သည်။ လျှို့ဝှက်သိုင်းကျမ်းတစ်ခုဖြင့် စစ်သည်သန်းချီ၏တိုက်ပွဲစွမ်းအားများကို ငှားရမ်းလိုက်ခြင်းသာ ဖြစ်၏။ ထို့နောက်တွင် လှံကို တစ်ဖန်ပြန်ထုတ်၍ ထိုလက်ကြီးဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်တော့၏။

ဘုန်း....

ကြောက်စရာကောင်းလွန်းသောတိုက်ခိုက်မှုက နေရာတွင်ပင် ဖြစ်ပေါ်လာပြီး ပြင်းထန်သောလေက လူများစွာကို နေရာတွင် မွှေနှောက်သွားလေသည်။ ချူးယွင်ဖန်း၏ပုံရိပ်က နောက်ဆုံးတွင် ပေါက်ကွဲမှုထဲမှ ထွက်လာသည်။ နည်းနည်းလေးမှထိခိုက်မှုမရှိပေ။ အဝတ်လေးပင် မပြဲပေ။ ထို့နောက်တွင် ချူးယွင်ဖန်းက အားဖြင့် ဖနောင့်ပေါက်ချလိုက်၏။

ဘုန်း...

ခြေထောက်အောက်မှလေက ပေါက်ကွဲသွားပြီး ကောင်းကင်ကြီးပင် တုန်လှုပ်သွားတော့သည်။

"နောက်တစ်ခေါက်..."

ယဲ့ဖေးက အရှုံးကိုဝန်ခံရန် ငြင်းဆန်နေ၏။ ရှိသမျှနတ်စွမ်းအားများကို ထုတ်သုံးပြီး လှံတွင်စုလိုက်ကာ ချူးယွင်ဖန်း၏ခြေဖဝါးဖြင့် ရင်ဆိုင်လိုက်ပြန်သည်။

ဘုန်း

ဘုန်း

ဘုန်း

အဆက်မပြတ်သောပေါက်ကွဲသံများကို ရန်သူစစ်တပ်အတွင်း၌ ကြားနေရသည်။ တိုက်ပွဲအတိုင်းအတာက သန်းချီသောစစ်တပ်ကိုလည်း သက်ရောက်မှုရှိသည်။ ယဲ့ဖေးသည်ပင် ထိုတိုက်ခိုက်မှုကြောင့်ဒဏ်ရာပြင်းနိုင်သဖြင့် စစ်တပ်သည်ပင် မတိုက်ခိုက်ရဲတော့ပေ။ ချူးယွင်ဖန်းအတွက်မူ ဘာမှမဟုတ်သည့်အတိုင်းပင်။ သို့သော်လည်း ယဲ့ဖေးသည်မူ ချူးယွင်ဖန်းကဲ့သို့ ထိုတိုက်ခိုက်မှုများကို လျစ်လျူရှုထားရန်က မဖြစ်နိုင်ပေ။ ထို့ကြောင့် ချူးယွင်ဖန်းကို ဝိုင်းပြီးသတ်မည့်အစီအစဉ်ကို လက်လျှော့လိုက်ရတော့၏။

ထိုတိုက်ပွဲသည် သူတို့သည် ပရိတ်သတ်များသာဖြစ်ပြီး ဝင်မပါနိုင်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုနှစ်ဦးကြားမှတိုက်ပွဲက ခြေထောက်အောက်ရှိသမျှလူအားလုံးကို ရှင်းပစ်လိုက်တော့၏။ မည်မျှပင်မြန်ပါစေရှောင်ချိန်မရလိုက်ပေ။ ချူးယွင်ဖန်းထက် ပိုမမြန်နိုင်ကြပေ။ လူတစ်သန်းပါသောစစ်တပ်သည် ကြောက်လန့်သွားကြပြီး မြင်းများဖြင့် ပြန်ပြေးကြတော့၏။ နန်းတွင်းစစ်တပ်၏လက်ရွေးစင်တစ်သိန်းလောက်ကသာ လက်ရွေးစင်များဖြစ်ကြသည်။ စစ်တပ်နေရာယူထားသည့်နေရာကသူတို့၏ ကိုယ်ပိုင်တိုက်ပွဲမြေပြင်ဖြစ်သည်။ ထွက်ပြေးရန်ပင် မခုခံနိုင်ကြတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ဝန်းရံထားခြင်းခံရသောကြောင့်ဖြစ်၏။ သူတို့အတွက် လွတ်ရန် နေရာမရှိပေ။ တိုက်ပွဲက ပြင်းထန်စွာဖြစ်ပေါ်နေ၏။

ချူးယွင်ဖန်း၏အင်အားက ယှဉ်၍ပင်မရပေ။ သူသည် မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ခြေဆောင့်သည်၊ လက်သီးဖြင့်ထိုးသည်၊ ဓားဖြင့်ခုတ်ပိုင်းသည်။ အကွက်များကလည်းမထပ်ပေ။ ထိသို့ဖြင့် ချူးယွင်ဖန်းသည် ယဲ့ဖေးကို ပြန်မတိုက်နိုင်အောင်ထိ အနိုင်ယူလိုက်နိုင်လေ၏။ သို့သော်လည်း ယဲ့ဖေးက သာမန်လူမဟုတ်ပေ။ သူ၏ကျင့်စဉ်က ချူးယွင်ဖန်းအတွက် ပြိုင်ဘက်မဟုတ်ပေ။ စစ်သည်သန်းချီ၏အကူအညီကြောင့်သာ ချူးယွင်ဖန်းကို ခုခံနေနိုင်ခြင်းဖြစ်သည်။ နှစ်ဖက်ကြားကတိုက်ပွဲက ကောင်းကင်မှမြေပြင်အထိ ပျံ့နှံ့လာသည်။ ယဲ့ဖေးက ချူးယွင်ဖန်းကို သွေးဆောင်ဖြားယောင်းသည်။ နှစ်ဖက်ကြားကတိုက်ပွဲသည် ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်စေသော်လည်း ချူးယွင်ဖန်းကမူ သူ၏ပစ်မှတ်က ယဲ့ဖေးသာဖြစ်သဖြင့် ကျန်သည့်အရာများကို ဂရုမစိုက်ပေ။

"သွားကြ။ သူပုန်တွေကို နှိမ်နှင်းကြ။"

ချူးယွင်ဖန်းတစ်ယောက် မြှားခေါ်ခံရချိန်တွင် စစ်သည်သန်းချီသည် ဆူနာမီလှိုင်းလုံးကဲ့သို့ တက်လာတော့၏။

"အားလုံးပဲ သခင်လေးချူးပြန်လာတဲ့အထိ တောင့်ခံထားကြ။ အဲ့ဒါမှပဲ ငါတို့ဘက်က မျှော်လင့်ချက်ရှိမယ်။ မဟုတ်ရင် အားလုံးသေရလိမ့်မယ်။"

ဝေ့ဝူယက အော်ပြောလိုက်၏။

ဝေ့ဝူယဘက်မှ စစ်သည်သန်းချီက လက်နက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကြသည်။ အဆုံးထိတောင့်ခံနိုင်မှသာ အသက်ရှင်မည်ကိုသိကြလေသည်။ မိမိတို့၏အနိုင်မျှော်လင့်ချက်က တစ်ယောက်ဖြင့်လူတစ်သန်းကိုသတ်နိုင်သည့်ချူးယွင်ဖန်းသာ ဖြစ်၏။

ဘုန်း....

စစ်တပ်နှစ်ခုလုံးသည် ကြောက်စရာကောင်းသောဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ ထိပ်တိုက်ရင်ဆိုင်ကြရသဖြင့် သွေးချောင်းစီးရတော့သည်။ လူတစ်သန်းကျော်ထိပ်တိုက်ရင်ဆိုင်ခြင်းက အတော်လေးကြောက်စရာကောင်းလှသည်။ တိုက်ပွဲစွမ်းအားနှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များက ကောင်းကင်ထိပင် မြင့်တက်လာကာ တိမ်များကိုပင် ထိုးခွင်းသွားနိုင်သည်။

နန်းတွင်းစစ်တပ်က အရေအတွက်များရုံသာမက လက်ရွေးစင်များလည်း ပိုများသည်။ သူတို့၏အဟုန်က အံ့ဩစရာကောင်းလွန်းလှသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူပုန်စစ်တပ်က အံကြိတ်၍ တင်းခံထားရသည်။ ချူးယွင်ဖန်းက ရွေအမတေ (၃၆)ယောက်ကို တစ်ပြိုင်နက်တည်းသတ်လိုက်သည်ဟုသောအချက်က ၎င်းတို့ကို သတ္တိဖြစ်စေပြီး မျှော်လင့်ချက်ရောင်ခြည်သန်းသွား‌စေလေသည်။

All Chapters