ရွေအမတေလုပ်ကြံသူများအားနှိမ်နင်းခြင်း
Vol. 94 Ch. 1397
ဝေ့ဝူယတစ်ယောက် ဖြစ်ပျက်နေသည်များကို သဘောမပေါက်ခင်တွင် ချူးယွင်ဖန်း၏အသံကို ကြားလိုက်ရသည်။ ရုတ်တရက်ဆိုသလိုပင် လေထုထဲ၌ ကြောက်စရာကောင်းသောတည်ရှိမှုတစ်ခုကို ခံစားလိုက်မိပြီး စပ်ဖျဉ်းဖျဉ်းဝေဒနာကိုပါ ခံစားလိုက်ရသည်။ ထို့နောက်တွင် ကြောက်စရာကောင်းသော ဓားပုံစံအလင်းတန်းက လေထုထဲ၌ ပေါ်ထွက်လာပြီး ချူးယွင်ဖန်းရှိရာသို့ ဦးတည်လာသည်။ အလင်းတန်းက ပေါ့ပါးပြီး သေစေနိုင်ကာ ထိုအလင်းတန်းထဲ၌ အနက်ရောင်းအလင်းပါနေသည်။
ချွမ်....
ထိုရိုက်ချက်က ချူးယွင်ဖန်း၏ခန္ဓာကိုယ်ပေါ်သို့ ထိမှန်သွားသည်။ ထိုသို့ထိမှန်သွားချိန်၌ ချူးယွင်ဖန်းခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်နဂါးတစ်ကောင်ပေါ်လာပြီး ဓားပုံစံအလင်းကို တားလိုက်တော့သည်။ များမကြာခင်တွင်ပင် နှစ်ယောက်ရှေ့၌ ပုံရိပ်တစ်ခုပေါ်လာလေ၏။ ခန္ဓာကိုယ်အတော်အသင့်တောင့်တင်းသော အနက်ရောင်ဝတ်ထားသည့်လူတစ်ယောက်ပင် ဖြစ်လေသည်။
'စောနက လေထဲမှာပုန်းနေတာ သူပဲ။'
စိတ်ထဲတွင် ထိုသို့တွေးမိလိုက်ပြီး ဝေ့ဝူယတစ်ယောက် ချက်ချင်းပင် ချွေးပြန်လာတော့၏။ တစ်ဖက်သူ၏တည်ရှိမှုကို လုံးဝအာရုံခံ၍မရခဲ့ပေ။ ကျင့်စဉ်က အထွတ်အထိပ်တွင် မဟုတ်သော်လည်း သူသည် နတ်စွမ်းအားအဆင့်သတ္တမမြောက်အဆင့်တွင်ရှိသည်။ တစ်ဖက်သူ၏ကြောက်စရာကောင်းသောဖိအားက ဝေ့ဝူယကို အသက်ရှုပင် ကျပ်သွားစေသည်။
'သူက ရွှေအမတေအဆင့်ပဲ။ ရွှေအမတေအဆင့်လုပ်ကြံသူပဲ။'
ထိုအတွေးကြောင့် ဝေ့ဝူယတစ်ယောက် ဆံချည်မျှင်မွေးများပင် ထောင်သွားသည်။ ရွှေအမတေလုပ်ကြံသူများက သာမန်ရွှေအမတေများထက် ကြောက်စရာကောင်းသည်ကို သိပေသည်။ ရွှေအမတေအဆင့်လုပ်ကြံသူက ပစ်မှတ်ထားပါလျှင် သာမန်ရွှေအမတေအဆင့်ပင် မလွတ်နိုင်ပေ။ ထိုသို့ထိပ်တန်းလုပ်ကြံသူမျိုးက အနည်းငယ်သာရှိသော်လည်း တစ်ယောက်ချင်းစီ၏တည်ရှိမှုက ပုံရိပ်ယောင်ဆန်သည့် တည်ရှိမှုမျိုးသာ ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယသည် တဝေ၌ ထိုသို့လုပ်ကြံသူအဖွဲ့အစည်းမျိုးမရှိဟုသာ သိထားသည်။ ယခင်က တိုင်းပြည်ရှိ လုပ်ကြံသူအဖွဲ့အစည်းများကို ရှင်းပစ်ခဲ့ပြီးဖြစ်သည်။ ထိုစဉ်က အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပြီး ထိုအဖွဲ့အစည်းသည်လည်း ရူးလောက်စရာကောင်းသည့်နှိပ်ကွပ်ခြင်းမျိုးကို ခံစားခဲ့ရသည်။ တဝေက ထိုအဖွဲ့အစည်းကို ရှင်းရန် တန်ဖိုးကြီးကြီး ပေးလိုက်ရသော်လည်း နန်းတွင်းညီလာခံမှအရေးပါသောအရာရှိများသည်လည်း ကပ်ဘေးကြီးများကို ခံစားလိုက်ရ၏။ ထိုအချိန်မှစ၍ တဝေ၌ လူသတ်သမားအဖွဲ့အစည်းဟူ၍မရှိတော့ပေ။ အားလုံးက ထိုသို့သာသိထားသည်။ အခြားသောရွှေအမတေလုပ်ကြံသူများရောက်လာသော်လည်း နန်းတွင်းညီလာခံက မြန်မြန်ဆန်ဆန်ပင် တွေ့သွားပြီး ထိုသူများကို သတ်ပစ်လိုက်ကြသည် မဟုတ်လျှင် တဝေနယ်စပ်သို့ ထွက်ပြေးသွားကြရသည်။
ဝေ့ဝူယက တဝေ၏မင်းသားတစ်ပါးဖြစ်သောကြောင့် အခြားသူများထက် ပိုသိထားသည်။ သူသည် ချက်ချင်းပင် ဖြစ်နိုင်ခြေရှိသောအကြောင်းရင်းတစ်ခုကို စဉ်းစားလိုက်မိသည်။ ယခုတစ်ခေါက်တွင် ချူးယွင်ဖန်းကို လုပ်ကြံချင်သူသည် တဝေသာ ဖြစ်ရပေမည်။
'ဒီလူက တကယ်ပဲ ရွှေအမတေအဆင့်လုပ်ကြံသူပဲ။ ကြည့်ရတာ နန်းတွင်းညီလာခံက ဒီလူကို အပြင်ဘက်နယ်မြေကနေ ရှာတွေ့လာတာပဲဖြစ်ရမယ်။'
နန်းတွင်းညီလာခံက ချူးယွင်ဖန်းကိုတိုက်ခိုက်ရန်အတွက် ကြီးကြီးမားမား လှုပ်ရှားလာတော့သည်။ သာမန်ရွှေအမတေများက ချူးယွင်ဖန်းအတွက် ပြိုင်ဘက်မဟုတ်ပေ။ ထိုသူများကိုလွှတ်လိုက်လျှင် သေတွင်းပို့လိုက်သည်နှင့်အတူတူသာ ဖြစ်သည်။ ချူးယွင်ဖန်း၏တိုက်ကွက်များကို တားနိုင်မည်မဟုတ်ပေ။ ရွှေအမတေအဆင့်လုပ်ကြံသူများကိုသာ ပို့လိုက်လေတော့သည်။
သို့သော်လည်း သူတို့သည် ချူးယွင်ဖန်းကို အထင်သေးခဲ့ကြသည်။ အနားမကပ်နိုင်ခင်တွင်ပင် ချူးယွင်ဖန်းက သူတို့ရှိသည်ကို သိသွားလေသည်။ ချက်ချင်းပင် လုပ်ကြံသူက နောက်ပြန်ပြေးသွားသည်။ လုပ်ကြံသူတစ်ယောက်အနေဖြင့် လုပ်ကြံမှုကျရှုံးလျှင် မိုင်ထောင်ချီ ထွက်ပြေးတတ်သည်။ သို့တိုင် နောက်ကျသွားချေပြီ။
ချူးယွင်ဖန်း၏လက်တစ်ဖက်က ရောက်လာနှင့်ပြီးသားဖြစ်နေပြီး သူ၏ဝိညာဉ်စွမ်းအားဖြင့် လက်ကြီးတစ်ဖက်ကို ဖန်တီးလိုက်လေသည်။ အပြေးမြန်လှသော ရွှေအမတေအဆင့်လုပ်ကြံသူက မိုင်ရာချီအဝေးသို့ ရောက်နှင့်နေပြီဖြစ်သည်။ မြန်သော်လည်း ချူးယွင်ဖန်း၏လက်ကြီးထဲမှ မလွတ်နိုင်ပေ။
"သွားတော့မလို့လား။"
ချူးယွင်ဖန်းက လှောင်ပြောင်လိုက်၏။
အမှန်တွင် ထိုရွေအမတေအဆင့်လုပ်ကြံသူများကို အာရုံခံရသည် ခက်လှသည်။ တစ်ဖက်သူက အနားကပ်လာမှသာ အာရုံခံနိုင်သည်။ သို့သော်လည်းချူးယွင်ဖန်းအတွက်မူ ထိုသို့မဟုတ်ပေ။ သူပိုင်ဆိုင်ထားသော ထူးခြားသည့်စွမ်းအားများက သာမန်သူများ စိတ်ကူးထားသည်ထက်ပင် အတော်လေးသာနေ၏။
မိုးကြိုးစွမ်းအားကို ထိန်းချုပ်ထားနိုင်ခြင်းက ပြီးပြည့်စုံခြင်းအထွတ်အထိပ်သို့ ရောက်နှင့်နေပြီးဖြစ်သည်။ အထူးသဖြင့် မိုးကြိုးလက်ခုပ်ကိုယ်ထည်ပင် ဖြစ်သည်။ ခန္ဓာကိုယ်ပတ်ချာလည်က လျှပ်စစ်သံလိုက်စက်ကွင်းက ချည်းကပ်လာသူမည်သူကိုမဆို အာရုံခံနိုင်ပေသည်။ မည်သူမှ ချူးယွင်ဖန်းထံမှ ပုန်းနေ၍မရပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် အမြင်အာရုံ၊၊ အကြားအာရုံဖြင့် အာရုံခံခြင်းမဟုတ်ဘဲ လျှပ်စစ်သံလိုက်စက်ကွင်းဖြင့် အာရုံခံခြင်းကြောင့်သာ ဖြစ်၏။
ထိုရွှေအမတေအဆင့်လုပ်ကြံသူသည် ချူးယွင်ဖန်းလက်မှလွတ်ရန် အတော်လေးကြိုးစားရုန်းကန်လိုက်ရ၏။
"ဟမ်..."
ချူးယွင်ဖန်းက နှာခေါင်းရှုတ်၍ အတွင်းအားထုတ်ကာ လေထဲတွင်ပင် ထိုလုပ်ကြံသူကို ချေမှုန်းပစ်တော့၏။
သက်သေထင်ရှားနေပြီဖြစ်သောကြောင့် ချူးယွင်ဖန်းက ဘယ်သူအလုပ်အပ်ခဲ့သည်ကိုပင် မေးမနေတော့ပေ။ နန်းတွင်းညီလာခံသာဖြစ်ရပေမည်။ အခြားဖြစ်နိုင်သည့်သူမရှိပေ။ မိမိသည် ထိုလမ်းကြောင်းကို လျှောက်နေပြီးဖြစ်သောကြောင့် လုပ်ကြံခံရသည့်ကိစ္စမျိုးက အနှေးနှင့်အမြန် ဖြစ်လာနိုင်သည်ကို သိသဖြင့် ဂရုမစိုက်တော့ပေ။
ဝေ့ဝူယတစ်ယောက် စိတ်သက်သာရာရသွားသည်။ လုပ်ကြံသူဆီက ဖိအားက အတော်လေးကြီးသည်ဟု ခံစားမိသည်။ ထိုလုပ်ကြံသူက ချူးယွင်ဖန်းအတွက် ဘာမှမဟုတ်သော်လည်း ဝေ့ဝူယအတွက်မူ ကြောက်စရာကောင်းလှ၏။
ဝေ့ဝူယ အသိပြန်ဝင်လာသောအခါတွင် ချူးယွင်ဖန်းက သူ၏လက်ကြီးကို ထုတ်၍ ဝေ့ဝူယကို ဆွဲခေါ်သွားသည်။ ထို့နောက်တွင် ထို့နောက်တွင်မှ ဝေ့ဝူယသည် မိမိကိုသတ်ရန် ရောက်လာသည့် အားကောင်းသည့်ဓားအလင်းတန်းများကို တွေ့လိုက်ရ၏။
ဘုန်း...
ပြင်းထန်သောပေါက်ကွဲသံထွက်ပေါ်လာပြီး ဝေ့ဝူယက ချူးယွင်ဖန်းဘေးသို့ ရောက်သွားသည်။ သူသည်လည်း လုပ်ကြံသူ၏ပစ်မှတ်ဖြစ်နေသောကြောင့် အံ့အားသင့်သွားမိသည်။ နန်းတွင်းညီလာခံအတွက် ဝေ့ဝူယက ချူယွင်ဖန်းထက် ပို၍စက်ဆုပ်မုန်းတီးစရာကောင်းသည်။ ဝေ့ဝူယ၏သစ္စာဖောက်မှုကြောင့် ပုန်ကန်ခြင်းက ဖြစ်လာရခြင်းဖြစ်သည်။
ချူးယွင်ဖန်း၏ခန္ဓာကိုယ်က လျှပ်စစ်သံလိုက်စက်ကွင်းများ ထွက်နေသည်။ ရုတ်တရက်ဆိုသလိုပင် ကောင်းကင်၌ ပျံသန်းလာသည့်လူငါးယောက်ပေါ်လာသည်။ ထိုလူငါးယောက်က ရွှေအမတေအဆင့်များပင် ဖြစ်ကြသည်။
ဝေ့ဝူယတစ်ယောက်မှာ ကြည့်ရင်းဖြင့်ပင် တုန်နေသည်။ တစ်ဖန် တဝေ၌ လုပ်ကြံသူအဖွဲ့အစည်းမရှိသည်ကို သေချာသိထားသည်။ ရွှေအမတေအဆင့်သို့တက်လှမ်းသွားသော လုပ်ကြံသူရှိလျှင်ပင် ထိုမျှများမည်မဟုတ်ပေ။
ထိုငါးယောက်က ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ဟန်တူသည်။ တိုက်ပွဲအခင်းအကျင်းတစ်ခုကို ပြင်လိုက်ပြီး ချူးယွင်ဖန်းကို လျှပ်တစ်ပြက်တိုက်ခိုက်လာတော့သည်။
ဘုန်း.....
ချူးယွင်ဖန်း ကြည့်ပင်မကြည့်ပေ။ ခန္ဓာကိုယ်မှနဂါးနက်တစ်ကောင်ထွက်ပေါ်လာပြီး ထိုသူများ၏တိုက်ခိုက်မှုကိုတားလိုက်သည်။ ထို့နောက်တွင် သူက သာမန်ကာလျှံကာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ၌ လက်ကြီးအတွင်းမှ အားကောင်းသောမိုးကြိုးလုံးကြီးတစ်လုံးဖြစ်ပေါ်လာပြီး ထိုငါးယောက်ထဲမှတစ်ယောက်ကို ရိုက်ချရန် ပြင်လိုက်တော့၏။